Code Hub

Bun ရဲ့ Core Language ဖြစ်တဲ့ Zig ကနေ Rust ကို အချိန်တို အတွင်း ဘယ်လို ပြောင်းရေးခဲ့ကြလဲ ဆိုတာနဲ့ နောက်ကွယ်က ကိစ္စများပြ...
14/07/2026

Bun ရဲ့ Core Language ဖြစ်တဲ့ Zig ကနေ Rust ကို အချိန်တို အတွင်း ဘယ်လို ပြောင်းရေးခဲ့ကြလဲ ဆိုတာနဲ့ နောက်ကွယ်က ကိစ္စများ

ပြီးခဲ့တဲ့ရက်ပိုင်းက Tech လောကမှာ တော်တော်လေး hot ဖြစ်သွားတဲ့ သတင်းတစ်ခုအကြောင်း ပြောပြချင်တယ်။ အဲ့ဒါကတော့ ကျွန်တော်တို့ Web Development မှာ တော်တော်လေး လူသုံးများလာတဲ့ Bun ဟာ သူ့ရဲ့ Core ကို Zig language ကနေ Rust ကို အပြီးအပိုင် ပြောင်းလဲရေးသားလိုက်တဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ဒီအပြောင်းအလဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ AI အသုံးပြုပုံတွေရော၊ creator တွေကြားထဲက အခြေအတင် ပြဿနာတွေရော ပါဝင်နေလို့ အားလုံးအတွက် ဗဟုသုတရစရာလေးတွေ မျှဝေပေးလိုက်ပါတယ်ဗျာ။

ပိုပြီးကောင်းမွန်တဲ့ reading experience အတွက် website ကနေ ဖတ်ရှုနိုင်ပါတယ်။
https://www.codehubmm.com/blogs/how-bun-transitioned-its-core-from-zig-to-rust

စတင်တွေ့ရှိခဲ့တဲ့ အပြောင်းအလဲ
ဒီအပြောင်းအလဲက ပြီးခဲ့တဲ့ မေလလောက်ကတည်းက စတင်ခဲ့တာပါ။ GitHub မှာရှိတဲ့ Bun ရဲ့ Official Repository မှာ "Claude Faza port" ဆိုတဲ့ branch တစ်ခုကို စတွေ့ခဲ့ကြရာကနေ လူတွေ စိတ်ဝင်စားသွားခဲ့ကြတာပေါ့။ အဲ့ဒီ Branch ထဲမှာ Zig ကနေ Rust ကို ဘယ်လိုပြောင်းမလဲဆိုတဲ့ ညွှန်ကြားချက်တွေပါတဲ့ porting.md ဖိုင်တစ်ခု ပါဝင်နေခဲ့ပါတယ်။

အံ့သြစရာအကောင်းဆုံးကတော့ မေလ ၁၄ ရက်နေ့မှာ တက်လာတဲ့ PR (Pull Request) အကြီးကြီးတစ်ခုပါပဲ။ Code line ပေါင်း ၁ သန်းကျော် အသစ်ထည့်သွင်းထားပြီး၊ Commit ပေါင်း ၇၀၀၀ နီးပါးလောက်နဲ့ Bun ရဲ့ Codebase တစ်ခုလုံးကို Rust အဖြစ် တစ်ခါတည်း Merge လုပ်သွားတာပါပဲ။ ဒီလောက်များပြားတဲ့ Code တွေကို လူကိုယ်တိုင် Review လုပ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် AI ကိုပဲ အဓိက အားကိုးပြီး လုပ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

Memory Management ပြဿနာနဲ့ Unsafe Rust
ဒီနေရာမှာ dev တွေကြားထဲ အငြင်းပွားစရာဖြစ်သွားတာက အဲ့ဒီ Rust Code တွေဟာ သာမန် Rust Developer တွေ ရေးတဲ့ ပုံစံမျိုး (Idiomatic Rust) မဟုတ်ဘဲ၊ Zig ကို တိုက်ရိုက်ဘာသာပြန်ထားသလို ဖြစ်နေလို့ပါပဲ။ ပုံမှန်အားဖြင့် Rust ရဲ့ အကြီးမားဆုံး အားသာချက်က Ownership လို့ခေါ်တဲ့ Memory Management စနစ်ပါပဲ။ Garbage Collector မလိုဘဲ Memory Leak မဖြစ်အောင် ထိန်းချုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ Zig လို ဘာသာစကားမျိုးမှာတော့ C လိုမျိုးပဲ Memory ကို ကိုယ်တိုင် (Manual) ခွဲဝေတာ၊ ရှင်းလင်းတာတွေ လုပ်ပေးရပါတယ်။ အခု AI ကနေ ပြောင်းလိုက်တဲ့အခါ Rust ရဲ့ Ownership စနစ်ကို အပြည့်အဝမသုံးဘဲ unsafe ဆိုတဲ့ keyword တွေကို အများကြီး သုံးသွားခဲ့ပါတယ်။ ဒါပေမဲ့ Bun team ကတော့ ဒါဟာ အစပြုခြင်းသာဖြစ်ပြီး နောက်ပိုင်းမှာ unsafe တွေကို တဖြည်းဖြည်း လျှော့ချသွားမယ်လို့ ဆိုထားပါတယ်။

AI ကို အသုံးပြုသွားတဲ့ အမိုက်စား နည်းဗျူဟာ (Fable 5)
ဒီနေရာမှာ အိတ်ကပ်ထဲကနေ အလွယ်တကူထုတ်သုံးလိုက်တဲ့ AI အကြောင်း ပြောရအောင်။ Bun ဟာ Anthropic ရဲ့ လက်အောက်မှာရှိတာမို့လို့ Claude ရဲ့ မဖြန့်ချိရသေးတဲ့ Fable 5 Model တွေကို အကန့်အသတ်မရှိ အခမဲ့ သုံးခွင့်ရခဲ့ပါတယ်။

ဒီ Porting လုပ်ငန်းစဉ်ကြီးကို ဘယ်လိုလုပ်ခဲ့လဲဆိုတော့...

Claude ကို "ဒီ Code တွေကို Rust ပြောင်းပေး" ဆိုပြီး ဗမာလိုကြီး ရိုက်ထည့်လိုက်တာမျိုး မဟုတ်ပါဘူး။

Main Agent တစ်ခုထားတယ်။ ပြီးရင် အဲ့ဒီ Agent ရဲ့ အလုပ်တွေကို စစ်ဆေးမယ့် Review Agents နှစ်ခုထားတယ်။ အမှားတွေ့ရင် ပြင်ဖို့ Fixer Agent ဆိုပြီး စနစ်တကျ တည်ဆောက်ခဲ့တာပါ။

ဒီ Agent တွေ အချင်းချင်း အပြန်အလှန် Loop ပတ်ပြီး Workflow ပေါင်း ၅၀ ကျော်နဲ့ ၁၁ ရက်တိတိ အလုပ်လုပ်ခိုင်းခဲ့တာ ဖြစ်ပါတယ်။

အကယ်၍သာ သာမန်ကုမ္ပဏီတစ်ခုက API Token တွေဝယ်ပြီး သုံးမယ်ဆိုရင် ဒေါ်လာ ၁ သိန်း ၆ သောင်း ($160,000) လောက် ကုန်ကျမယ့် ပမာဏဖြစ်ပါတယ်။ တကယ့်ကို ရူးခါလောက်တဲ့ ပမာဏပါပဲ။

Bun နဲ့ Zig Creator တွေကြားက ပြဿနာ
ဒီလို ပြောင်းလဲလိုက်တဲ့အပေါ်မှာ Zig ရဲ့ ဖန်တီးရှင် Andrew Kelly ကတော့ သိပ်သဘောမကျပါဘူး။ အစပိုင်းမှာ တော်တော်လေး ဒေါသတကြီးနဲ့ Blog post တစ်ခုရေးခဲ့ပါတယ်။ Bun ရဲ့ မူလ Zig code တွေက Quality မကောင်းလို့သာ အခုလို ပြဿနာတွေတက်ပြီး Rust ကို ပြောင်းရတာပါဆိုပြီး ပုဂ္ဂိုလ်ရေးအရပါ ဝေဖန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Post ကို နည်းနည်းပြန်ပြင်ခဲ့ပေမဲ့ အငွေ့အသက်ကတော့ ပြင်းထန်နေတုန်းပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီဖြစ်ရပ်ကြောင့် Bun ရဲ့ creator Jared နဲ့ Zig ရဲ့ creator Andrew တို့ကတော့ ရှေ့လျှောက် အချစ်တော် သူငယ်ချင်းတွေ ဖြစ်လာစရာအကြောင်း မရှိတော့ပါဘူး။

ဒီကနေ ဘာသင်ခန်းစာယူရမလဲ?
ဒီဖြစ်ရပ်ကနေ ကျွန်တော်တို့ မြင်တွေ့ရတာကတော့ AI ဟာ Legacy Code တွေကို Language တစ်ခုကနေ နောက်တစ်ခုကို ပြောင်းတဲ့နေရာမှာ ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာပါပဲ။ AI ကို အသစ်ကနေ Code တွေ ရေးခိုင်းတာထက်၊ ရှိပြီးသား Code တွေ၊ Test Suite တွေကို အခြေခံပြီး ဘာသာပြန်ခိုင်းတာက ပိုပြီး ထိရောက်မှုရှိပါတယ်။ အထူးသဖြင့် Rust ရဲ့ တိကျတဲ့ Compiler ကြီးက AI Generate လုပ်တဲ့ Code တွေမှာပါတဲ့ Memory အမှားတွေကို ဖမ်းပေးနိုင်တဲ့အတွက် AI ခေတ်မှာ Rust က တော်တော်လေး အရေးပါတဲ့ နေရာကို ရောက်လာပါတယ်။



web development နဲ့ သက်ဆိုင်တဲ့ blog တွေနဲ့ သင်တန်းတွေကို တက်ရောက်ဖို့ official website ကနေတစ်ဆင့် လေ့လာနိုင်ပါတယ်။

Official website
https://www.codehubmm.com

Telegram Community
https://t.me/+8-aRTo3GbQs2Y2U1

Developer တွေအနေနဲ့ Code တွေကို က်ိုယ်တိုင် ဖတ်နေသေးလား?ဒီမေးခွန်းကို ရိုးရိုးရှင်းရှင်း Yes သို့မဟုတ် No လို့ ဖြေဖို့က ...
09/07/2026

Developer တွေအနေနဲ့ Code တွေကို က်ိုယ်တိုင် ဖတ်နေသေးလား?

ဒီမေးခွန်းကို ရိုးရိုးရှင်းရှင်း Yes သို့မဟုတ် No လို့ ဖြေဖို့က သိပ်မလွယ်ဘူးဗျ။ ဒီအကြောင်းကို မပြောခင် ပထမဆုံး ကိုယ့်ကိုယ်ကိုယ် ပြန်မေးရမယ့် မေးခွန်းတစ်ခုရှိတယ်။ အဲဒါက "မင်း ကိုယ်တိုင်ရော Code တွေ ရေးနေသေးလား" ဆိုတာပါပဲ။

ပိုပြီးကောင်းမွန်တဲ့ reading experience အတွက် website ကနေတဆင့်ဖတ်ရှုနိုင်ပါတယ်။

https://www.codehubmm.com/blogs/time-to-let-ai-write-and-read

ကိုယ်တိုင် Code ရေးနေသေးလား?
ကိုယ်တိုင် Code တွေ အကုန်ရေးနေသေးတယ်ဆိုရင်တော့ ကိုယ်ရေးတဲ့ Code ကို ကိုယ်ဖတ်နေရဦးမှာပဲလေ။ မျက်လုံးမှိတ်ရေးလို့မှ မရတာ :3။ ဒါပေမယ့် ကျွန်တော်အပါအဝင် Developer တော်တော်များများက အခုဆိုရင် Code တွေကို ကိုယ်တိုင် 100% အကုန်မရေးကြတော့ဘူး။ လွန်ခဲ့တဲ့ နှစ်ကစပြီး AI Model တွေက အရမ်းကို တိုးတက်လာတယ်။ အထူးသဖြင့် ကျွန်တော်တို့ ခိုင်းတဲ့ Instruction တွေကို သေချာနားလည်ပြီး လိုက်လုပ်ပေးနိုင်လာတယ်။

အဲဒီတော့ Code ရေးရတဲ့အပိုင်းမှာ အရင်ကလောက် ပျော်စရာမကောင်းတော့ဘဲ၊ Product တစ်ခုကို တည်ဆောက်ရတဲ့ (Building) အပိုင်းမှာပဲ ပိုပြီး အရသာတွေ့လာကြတယ်။ အဲဒီတော့ ပထမမေးခွန်းဖြစ်တဲ့ "Code ကိုယ်တိုင်ရေးသေးလား" ဆိုတဲ့ နေရာမှာ လူတစ်ယောက်နဲ့ တစ်ယောက် 0% ကနေ 100% ကြား ကွာခြားသွားနိုင်ပါတယ်။

Code တွေကိုရော ဖတ်နေသေးလား?
ဒီနေရာမှာ ကျွန်တော်က "Code ဖတ်ခြင်း" နဲ့ "Code ကို ဂရုစိုက်ခြင်း" ဆိုပြီး နှစ်ပိုင်းခွဲချင်တယ်။ အဲဒီနှစ်ခုကို တွဲကြည့်လိုက်ရင် စိတ်ဝင်စားစရာ အခြေအနေ (၄) ခု ထွက်လာတယ်ဗျ။

Code လည်းမဖတ်ဘူး၊ ဂရုလည်းမစိုက်ဘူး - ဒါကိုတော့ ကျွန်တော်က Live Coding လို့ သတ်မှတ်ချင်တယ်။ Product အလုပ်လုပ်ရင် ပြီးရော၊ error တက်ရင် AI ကို "ဒီနေရာလေး အလုပ်မလုပ်ဘူး ပြင်ပေး" လို့ ခိုင်းလိုက်တယ်။ Code ကိုလည်း ဝင်မဖတ်ဘူး၊ ဘယ်လိုအလုပ်လုပ်သွားလဲ ဂရုလည်းမစိုက်ဘူး။ Product ထွက်လာဖို့ကိုပဲ အဓိကထားတဲ့ ပုံစံမျိုးပေါ့။

Code တော့ဖတ်တယ်၊ ဒါပေမယ့် ဂရုမစိုက်ဘူး - ဒါကတော့ နည်းနည်း ထူးဆန်းတယ်။ အလုပ်တစ်ခုမှာ လစာရလို့သာ ထိုင်ပြီး Code တွေ လိုက်ဖတ်နေရတယ်၊ တကယ်တမ်း ဘာဖြစ်နေလဲဆိုတာကို ဂရုမစိုက်တဲ့ အချိန်ဖြုန်းနေတဲ့ ပုံစံမျိုးပါ။

Code လည်းဖတ်တယ်၊ ဂရုလည်းစိုက်တယ် - ဒါကတော့ အခုလက်ရှိ ကျွန်တော်တို့ သွားနေတဲ့ AI-powered Software Engineer ပုံစံပေါ့။ Code တွေကို AI ကို ရေးခိုင်းပေမယ့် ကိုယ်က ဒီ Project အတွက် တာဝန်ယူထားရတာဖြစ်လို့ AI ရေးပေးလိုက်တဲ့ Code တွေကို သေချာလိုက်ဖတ်တယ်၊ စစ်ဆေးတယ်။

Code မဖတ်တော့ဘူး၊ ဒါပေမယ့် ဂရုစိုက်တယ် - ဒါက ဖြစ်ရောဖြစ်နိုင်ပါ့မလားလို့ တွေးစရာရှိတယ်။ ဒါပေမယ့် အနာဂတ်မှာ ဖြစ်လာနိုင်ခြေရှိပါတယ်။ ကိုယ်က AI ကို Code ရေးခိုင်းရုံတင်မကဘူး၊ Code Review လုပ်တာ၊ Codebase တစ်ခုလုံးကို Audit လုပ်တာတွေကိုပါ AI Agents တွေနဲ့ပဲ အဆင့်ဆင့် စစ်ဆေးခိုင်းလိုက်တာမျိုးပါ။

Code မဖတ်ဘဲ ဂရုစိုက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ?
တကယ်လို့ အနာဂတ်မှာ Code တွေကို လိုက်မဖတ်တော့ဘူးဆိုရင်တောင်၊ ကျွန်တော်တို့က စာလုံးဝမဖတ်တော့ဘူးလို့ ဆိုလိုတာမဟုတ်ဘူး။ အဲဒီအစား System Architecture တွေ၊ Plan တွေ၊ Specification (Specs) တွေကို ပိုပြီး အချိန်ပေး ဖတ်လာရလိမ့်မယ်။ AI ကို သေချာတဲ့ Plan တွေဆွဲပေးမယ်၊ ပြီးရင် AI ကို Implement လုပ်ခိုင်းမယ်။

"ဒါပေမယ့် ပြဿနာတစ်ခုက ကိုယ်တိုင် Code ကို ဝင်မဖတ်ဘဲနဲ့တော့ ကိုယ့်ရဲ့ Codebase ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ 100% သေချာပေါက် မသိနိုင်ဘူးဗျ။ စာချုပ်တစ်ခုကို မဖတ်ဘဲ လက်မှတ်ထိုးလိုက်သလိုမျိုးပဲ။"

ကျွန်တော့်ရဲ့ လက်ရှိ အတွေ့အကြုံအရဆိုရင်...
ကျွန်တော်ကတော့ အခုချိန်ထိ Code တွေကို ဖတ်နေတုန်းပဲ။ ဒါပေမယ့် AI ရေးပေးလိုက်တဲ့ လိုင်းတိုင်းကိုတော့ လိုက်မဖတ်တော့ဘူး။ Software Engineer တစ်ယောက်အနေနဲ့ ဘယ်အပိုင်းတွေက အရေးကြီးတဲ့ Core Blocks တွေလဲဆိုတာ သိတဲ့အတွက် အဲဒီ Critical ဖြစ်တဲ့ အပိုင်းတွေကိုပဲ သေချာဝင်ဖတ်တယ်။

နောက်ပြီး AI တွေက တစ်ခါတလေ အရမ်း Defensive ဖြစ်လွန်းတဲ့ Code တွေ (မလိုဘဲ အထပ်ထပ် စစ်ထားတဲ့ Code တွေ) ရေးတတ်လို့ အဲဒီလို နေရာမျိုးတွေကို ဝင်စစ်တယ်။ သိပ်အရေးမကြီးတဲ့ နေရာတွေဆိုရင်တော့ အပေါ်ယံလောက်ပဲ ကြည့်လိုက်တော့တယ်။

ရှေ့ဆက်ပြီး ဘာတွေ အရေးကြီးလာမလဲ?
အနာဂတ်မှာ Code တွေကို ဖတ်တာရော၊ ရေးတာရော နည်းသွားနိုင်ပေမယ့် "ဂရုစိုက်ဖို့" ကတော့ လိုအပ်နေတုန်းပါပဲ။

အရင်ကလို Code Style တွေ၊ Readability တွေက သိပ်အရေးမပါတော့ပေမယ့် အောက်ပါအချက်တွေက ပိုပိုပြီး အရေးကြီးလာပါတယ်။

Security

Reliability

Performance

System Architecture

အထူးသဖြင့် Banking၊ Healthcare နဲ့ Defense လို အမှားအယွင်း လုံးဝခံလို့မရတဲ့ လုပ်ငန်းတွေမှာဆိုရင် ပိုပြီးတောင် ဂရုစိုက်ရဦးမှာပါ။

Developers still read code and offers four scenarios for engaging with AI-generated code.

AI ခေတ်မှာ Native App တွေရေးရတာလွယ်လာပေမဲ့ ဘာလို့ React Native ကိုပဲ ဆက်ရွေးချယ်နေသေးတာလဲ?ပိုပြီးကောင်းမွန်တဲ့ reading e...
28/06/2026

AI ခေတ်မှာ Native App တွေရေးရတာလွယ်လာပေမဲ့ ဘာလို့ React Native ကိုပဲ ဆက်ရွေးချယ်နေသေးတာလဲ?

ပိုပြီးကောင်းမွန်တဲ့ reading experience အတွက် website က တဆင့်ဖတ်ရှုနိုင်ပါတယ်။
https://www.codehubmm.com/blogs/two-codebase-tax-and-the-power-of-react-native

အခုဆိုရင် Prompt ရေးလိုက်ရုံနဲ့ Code တွေအများကြီးရေးစရာမလိုဘဲ Android App တစ်ခုကို Android Studio က Gemini သုံးပြီး ရေးလို့ရသလို iOS အတွက်ကိုလည်း Xcode ထဲမှာ Claude ကိုသုံးပြီး ရေးလို့ရ‌နေပြီ။ ရလဒ်တွေကတော့ တကယ်ကို မြန်ဆန်ပြီး သေသပ်တာကို တွေ့ရတယ်။ အဲ့ဒီမှာ ကျွန်တော့်ခေါင်းထဲ မေးခွန်းတစ်ခု ဝင်လာတယ်။ "AI တွေက Native App တွေကို ဒီလောက်မြန်မြန်ဆန်ဆန် ရေးပေးနိုင်နေပြီဆိုရင်၊ ဘာလို့ React Native ကို ဆက်သုံးနေဦးမှာလဲ" ဆိုတာပဲ။

The Two-Codebase Tax (The Reason)
အခုဆိုရင် Tool တွေက တော်တော်ကောင်းလာသလို AI ကြောင့် Skill Gap ကလည်း တော်တော်လေး ကျဉ်းမြောင်းသွားပြီ။ ကိုယ်တိုင် Android Studio ဒါမှမဟုတ် Xcode ထဲဝင်ထိုင်ပြီး တကယ့် App တစ်ခုကို အလွယ်တကူ ဖန်တီးလို့ရနေပြီ။ ဒါပေမဲ့ ဒီနေရာမှာ ကျွန်တော်တို့ သတိမထားမိတဲ့ အချက်တစ်ခုရှိတယ်။

Google က Android App အသစ်တွေကို Jetpack Compose နဲ့ရေးဖို့ တွန်းအားပေးနေသလို၊ Apple ကလည်း SwiftUI အတွက် Feature အသစ်တွေ အမြဲချပေးနေတယ်။ ကုမ္ပဏီကြီးနှစ်ခုလုံးက သူတို့ရဲ့ ကိုယ်ပိုင် Framework တွေအတွက်ပဲ အပြိုင်အဆိုင် လုပ်နေကြတာပါ။ ပြဿနာက ကိုယ်က Platform နှစ်ခုလုံးအတွက် App လိုချင်တဲ့အခါမှာ စပေါ်တာပါပဲ။

Native ကိုရွေးမယ်ဆိုရင် Platform တစ်ခုတည်းကိုပဲ ရွေးပြီး ကျန်တဲ့တစ်ခုကို လှည့်မကြည့်ဘဲထားမလား၊ ဒါမှမဟုတ် လုံးဝမတူညီတဲ့ Codebase နှစ်ခုကို maintain မလား ဆိုတာ ရွေးရပါတော့မယ်။

Codebase နှစ်ခုဖြစ်သွားပြီဆိုတာနဲ့ Language နှစ်ခု၊ Framework နှစ်ခု၊ Team နှစ်ခု ဖြစ်သွားပြီလေ။ ဒါက ရေရှည်မှာ တော်တော်လေး ဘာလုပ်လုပ် double task - double cost ဖြစ်စေမှာပါ။

Power of React Native & Expo

ဒီလို နှစ်ခါအလုပ်လုပ်ရတဲ့ ဒုက္ခကနေ ကင်းဝေးချင်ရင်တော့ React Native နဲ့ Expo က လက်ရှိမှာ အကောင်းဆုံး နဲ့ ကျွန်တော်အကြိုက်ဆုံးပါပဲ။

Codebase တစ်ခုတည်းနဲ့ iOS ရော Android အတွက်ပါ ရေးလို့ရတယ်။

အခုဆိုရင် Expo UI ကြောင့် လိုအပ်ရင် SwiftUI နဲ့ Jetpack Compose က View တွေကိုပါ ကိုယ့် App ထဲ တိုက်ရိုက်ထည့်သွင်းလို့ ရပြီ။

တကယ်လို့ Native အပိုင်းက အရေးတကြီး လိုအပ်လာပြီဆိုရင်လည်း Custom Expo Module တွေရေးပြီး ချိတ်ဆက်နိုင်ပါတယ်။

ဆိုလိုတာက ကိုယ်က Native ရဲ့ အားသာချက်တွေကို လုံးဝလက်လွှတ်လိုက်ရတာ မဟုတ်ဘဲ၊ တကယ်လိုအပ်တဲ့ အချိန်ကျမှသာ Native ကို လှမ်းသုံးလိုက်ရုံပါပဲ။ AI ကလဲ Native ကို လွယ်ကူစေသလို၊ Cross-platform ရေးရတာကိုလည်း ပိုပြီး လွယ်ကူစေပါတယ်။

Aera of AI
ဒီနေရာမှာ AI က App စရေးဖို့ အတားအဆီးတွေကို သုညနီးပါးအထိ လျှော့ချပေးလိုက်တာ အမှန်ပါ။ ဒါပေမဲ့ အတားအဆီးတစ်ခုလုံးကို ဖယ်ရှားလိုက်တာတော့ မဟုတ်ဘူးနော်။ အတားအဆီးကို နည်းနည်းလျှော့ချပေးလိုက်ရုံပါပဲ။

တကယ်လို့ ကိုယ့်မှာ Technical Background သေချာမရှိဘူး၊ ဘာလုပ်နေမှန်း သေချာမသိဘူး plan တခုမရှိဘူး ဆိုရင် တစ်ချိန်ချိန်မှာ အဲ့ဒီအတားအဆီးကို ဝင်တိုက်မိမှာပါပဲ။ ဘာလို့လဲဆိုတော့ AI ကို ဘာမေးရမလဲ ဘာပြီးရင် ဘာကိုဆက်လုပ်ရမလဲ ဆိုတာကို ကိုယ်တိုင်က မသိလို့ပါ။ AI က အဖြေပေးတဲ့နေရာမှာ ဆရာကြီးဆိုပေမဲ့၊ ဘယ်မေးခွန်းက တကယ်အရေးကြီးလဲ ဘာဆက်လုပ်ဖို့က အရေးကြီးလဲ ဘယ်လိုအရာတွေကို တကယ်လိုအပ်နေတာလဲကိုတော့ မသိပါဘူး။ အဲ့ဒါက ကိုယ်တိုင်ဆုံးဖြတ်ရမယ့် အပိုင်းပါ။

အချုပ်အနေနဲ့ ပြောရရင်တော့ ... ကျွန်တော်ကတော့ React Native ကိုပဲ ဆက်ပြီး သုံးဖြစ်နေဦးမှာပါ။ လက်ရှိမှာ Expo နဲ့ React Native Ecosystem က ပိုပိုပြီး ကောင်းမွန်လာသလို၊ Native နဲ့ ကွာဟချက်တွေကလည်း တဖြည်းဖြည်း ကျဉ်းမြောင်းလာနေပါပြီ။

web development နဲ့ သက်ဆိုင်တဲ့ blog တွေနဲ့ သင်တန်းတွေကို တက်ရောက်ဖို့ official website ကနေတစ်ဆင့် လေ့လာနိုင်ပါတယ်။

Official website
https://www.codehubmm.com

Telegram Community
https://t.me/+8-aRTo3GbQs2Y2U1

Discover why React Native remains a top choice for mobile app development in 2026

CI/CD ဆိုတာ ဘာလဲ ဘယ်လို ပြဿနာတွေကို ဖြေရှင်းပေးလဲ?ဒီနေ့တော့ Developer တွေကြားမှာ ရေပန်းစားလှတဲ့ CI/CD အကြောင်းကို စာအုပ်...
27/06/2026

CI/CD ဆိုတာ ဘာလဲ ဘယ်လို ပြဿနာတွေကို ဖြေရှင်းပေးလဲ?

ဒီနေ့တော့ Developer တွေကြားမှာ ရေပန်းစားလှတဲ့ CI/CD အကြောင်းကို စာအုပ်ကြီးအတိုင်း မဟုတ်ဘဲ လက်တွေ့ လုပ်ငန်းခွင်နဲ့ ယှဉ်ပြီး sharing လုပ်ပေးချင်ပါတယ်။

အရင်ဆုံး အဖွဲ့လိုက် Project တစ်ခုရေးနေတယ်ဆိုပါတော့။ Application ရဲ့ ပထမဆုံး Version ပြီးသွားပြီဆိုရင် Server ပေါ်ကို Deploy လုပ်ဖို့ အချိန်ရောက်လာပြီပေါ့။ အဲဒီအချိန်မှာ ကိုယ့် Code တွေကို Main Branch ဆီ Merge လုပ်ဖို့ ကြိုးစားလိုက်တဲ့အခါ တခြားသူတွေရဲ့ Code တွေနဲ့ ငြိပြီး Merge Conflicts တွေ တက်လာပါတော့တယ်။ အဲဒါတွေကို ကိုယ်တိုင် Manually လိုက်ရှင်း၊ နောက်ပြီး tool ကနေ Test တွေ Run လိုက်တဲ့အခါ Main Branch ကြီးတစ်ခုလုံး Error တွေ တက်သွားတာမျိုး ကြုံဖူးကြမှာပါ။

sprint အဆုံးမှာ အားလုံးက ကိုယ့် Code တွေကို Main Branch ထဲ စုထည့်ကြတဲ့အခါ Code Freeze လုပ်ပြီး အရင်လုပ်ဆောင်ချက်တွေရော၊ အသစ်တွေပါ အလုပ်လုပ်ရဲ့လားဆိုတာကို အသေအလဲ လိုက် Test ကြရပါတယ်။ အချိန်ကလည်း ကပ်နေပြီဆိုတော့ Error တွေ့တာနဲ့ ပြာယာခတ်ပြီး လိုက်ပြင်ရတော့တာပေါ့။

ကဲ... ပြင်ပြီး Deploy လုပ်မယ့်အချိန် ရောက်ပြီဆိုပါစို့။ အဖွဲ့ထဲက Senior က Code တွေကို ဆွဲချ၊ Version အသစ်ချိန်း၊ Docker Image တွေ Build၊ ပြီးရင် Kubernetes Cluster ထဲကို ဝင်ပြီး Manifest File တွေ Manually သွားပြင်၊ သွား Run ပေးပြီဆိုပါ‌တော့။ ဒီလို လူကိုယ်တိုင် အစအဆုံး လိုက်လုပ်နေရတဲ့ အခြေအနေဟာ အချိန်လည်းကုန်သလို အမှားလည်း အရမ်းများပါတယ်။

CI (Continuous Integration)
ဒီလို ရှုပ်ထွေးနေတဲ့ ပြဿနာတွေကို ရှင်းဖို့အတွက် Continuous Integration (CI) ဆိုတာ ပေါ်လာတာပါ။ စဉ်းစားကြည့်ပါ၊ Code တွေကို Main Branch ထဲ ရောက်မှ Test လုပ်မယ့်အစား ကိုယ်ရေးနေတဲ့ Feature Branch ထဲမှာတင် ကြိုပြီး Test လုပ်လိုက်ရင် ပိုမကောင်းဘူးလား?

ရက်ပေါင်းများစွာ ရေးထားတဲ့ Code အများကြီးကို တစ်ခါတည်း Push လုပ်မယ့်အစား၊ နည်းနည်းချင်းစီ ခွဲပြီး ခဏခဏ Commit လုပ်မယ်၊ Push လုပ်မယ်။

Push လုပ်လိုက်တိုင်းမှာ Test တွေကို အလိုအလျောက် Run ပေးမယ်။

ဒီလိုလုပ်ခြင်းအားဖြင့် Error တွေကို စောစောစီးစီး သိရပြီး ချက်ချင်း ပြင်နိုင်မယ်။ အကုန်လုံး စုပုံပြီးမှ ရှင်းရတဲ့ ပြဿနာ ကင်းသွားမယ်။

"CI ဆိုတာ ကိုယ့်ရဲ့ Code အပြောင်းအလဲလေးတွေကို အမြဲတမ်း ပုံမှန် Test လုပ်ပြီး Main Branch ထဲကို ပေါင်းထည့်နေတဲ့ လုပ်ငန်းစဉ်ပါပဲ။"

CD (Continuous Delivery & Deployment)
CI ကြောင့် Code တွေ မှန်ကန်သွားပြီဆိုရင် Deploy လုပ်တဲ့ အပိုင်းကို ဆက်ပြီး Developer တွေ ကိုယ်တိုင် Docker Image တွေ Build လုပ်၊ Server ထဲကို SSH ဝင်ပြီး Manually လုပ်နေရတဲ့ အလုပ်တွေအစား Automation နဲ့ အစားထိုးလိုက်လို့ ရပါတယ်။

Jenkins, GitLab CI ဒါမှမဟုတ် GitHub Actions ဒီလို Tool တွေကို သုံးပြီး automate လုပ်ခိုင်းလို့ရပါတယ်။

Test တွေ အကုန်အောင်မြင်သွားရင် Docker Image ကို အလိုအလျောက် Build လုပ်

Image ကို Docker Registry ထဲကို Push လုပ်

Dev ဒါမှမဟုတ် Staging Environment ထဲကို အလိုအလျောက် သွားပြီး Deploy လုပ် စသဖြင့်

လူကိုယ်တိုင် လိုက်စမ်းသပ်ရတဲ့ Manual Testing တွေအစား Automated End-to-End Tests တွေ၊ Integration Tests တွေနဲ့ Security Tests တွေကိုပါ Pipeline ထဲမှာ တစ်ခါတည်း ထည့်ရေးထားလို့ ရပါတယ်။ ဒီလို အဆင့်ဆင့် Test တွေ အောင်မြင်ပြီး Staging Environment အထိ အလိုအလျောက် ရောက်သွားတာကို Continuous Delivery လို့ ခေါ်ပါတယ်။

Deployment Strategies
Staging မှာ အကုန်အဆင်ပြေပြီဆိုရင် Production ကို တင်ဖို့ပဲ ကျန်ပါတော့တယ်။ Production ကို တင်တဲ့အခါမှာ ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ အလိုအလျောက် ရောက်သွားတာကိုတော့ Continuous Deployment လို့ ခေါ်ပါတယ်။

ဒါပေမယ့် Test တွေ ဘယ်လောက်ပဲ လုပ်ထား" Production ရောက်မှ ထင်မထားတဲ့ Error တွေ တက်လာနိုင်ပါသေးတယ်။ ဒီလို Risk တွေကို လျှော့ချဖို့အတွက် Deployment Strategy တွေကို သုံးလို့ရပါတယ်။

Canary Deployment: User အားလုံးဆီကို တစ်ပြိုင်နက် update မပေးဘဲ ၁ ရာခိုင်နှုန်းလောက်ကိုပဲ အရင်ပေးသုံးကြည့်တာမျိုးပါ။ တစ်နာရီလောက် စောင့်ကြည့်လို့ အဆင်ပြေမှ ၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း စသဖြင့် တဖြည်းဖြည်းချင်း အားလုံးဆီကို ဖြန့်ချိတဲ့ နည်းလမ်းဖြစ်ပါတယ်။

Blue-Green Deployment: Environment အတူတူ နှစ်ခု (Blue နဲ့ Green) ကို တည်ဆောက်ထားတာပါ။ အဟောင်း (Blue) က အလုပ်လုပ်နေတုန်းမှာ အသစ် (Green) ကို Deploy လုပ်ပြီး အားလုံး အဆင်ပြေမှ Traffic ကို Green ဘက် လှည့်ပေးလိုက်တာပါ။ တကယ်လို့ Green မှာ ပြဿနာတက်ရင် Blue ဘက်ကို ချက်ချင်း ပြန်ပြောင်းလိုက်ရုံပါပဲ။

ပြောရရင်တော့ ... CI/CD ဆိုတာ Code ရေးတာကနေစလို့ Test လုပ်တာ၊ Deploy လုပ်တာ၊ Monitor လုပ်တာတွေ အားလုံးကို အလိုအလျောက်စနစ် (Automation) တွေနဲ့ ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။ ဒါကို သေချာတည်ဆောက်ထားမယ်ဆိုရင် Team တွေအနေနဲ့ Manual လုပ်ရတဲ့ အလုပ်တွေ လျော့သွားမယ်၊ Error တွေ နည်းသွားပြီး အရင်ထက် အချိန်ကုန် သက်သာမှာ ဖြစ်ပါတယ်။

Project တွေမှာရော CI/CD ကို ဘယ်လို အသုံးပြုနေကြလဲ ? CI/CD ကို Code Hub နဲ့ အတူတူ လေ့လာသင်ကြားချင်လား ? comment မှာ မန့်ခဲ့ကြပါဦး။

web development နဲ့ သက်ဆိုင်တဲ့ blog တွေနဲ့ သင်တန်းတွေကို တက်ရောက်ဖို့ official website ကနေတစ်ဆင့် လေ့လာနိုင်ပါတယ်။

Official website
https://www.codehubmm.com

Telegram Community
https://t.me/+8-aRTo3GbQs2Y2U1

21/06/2026

Web Developer ကနေ DevOps ဒါမှမဟုတ် Cybersecurity ဘက်ကို ပြောင်းသင့်ပြီလား?

AI တွေ တအားခေတ်စားလာတော့ Web Developer တွေကြားမှာ ခဏခဏ ကြားနေရတဲ့ မေးခွန်းတစ်ခုရှိတယ်။ "AI တွေ နေရာယူလာပြီဆိုတော့ Web Development ကို စွန့်လွှတ်ပြီး DevOps ဘက်ပဲ ပြောင်းရမလား၊ Cybersecurity ဘက်ပဲ သွားရမလား၊ ဒါမှမဟုတ် လယ်ပဲသွားလုပ်ရတော့မလား" ဆိုတာမျိုးပေါ့။ လယ်လုပ်ချင်တယ်ဆိုရင်တော့ သွားလုပ်ပေါ့လေ။ ဒါပေမဲ့ IT လောကထဲမှာပဲ ဆက်နေမယ်ဆိုရင် ဒီအခြေအနေကို ဘယ်လိုမြင်လဲဆိုတဲ့ personal vision လေးကို sharing လုပ်ပေးချင်ပါတယ်။

Web Development က တကယ်ပဲ အဆုံးသတ်သွားပြီလား?
အမှန်တိုင်းပြောရရင် အရင်ကလောက်တော့ အလုပ်အကိုင် အခွင့်အလမ်းတွေ မလွယ်တော့တာ အမှန်ပဲ။ ဒါပေမဲ့ အရမ်းကြီး စိတ်ဓာတ်ကျစရာတော့ မလိုပါဘူး။ Data တွေအရဆိုရင် အခုနောက်ပိုင်း Software Development အလုပ်ခေါ်စာတွေ တဖြည်းဖြည်း ပြန်တက်လာတာကို တွေ့ရတယ်။ AI က ခြိမ်းခြောက်မှုတစ်ခုလို ထင်ရပေမဲ့ တကယ်တမ်း ကုမ္ပဏီတော်တော်များများက AI ကို 'လူကို အစားထိုးမယ့်အရာ' ထက် 'အလုပ်ပိုတွင်စေမယ့် Tool' တစ်ခုအနေနဲ့ပဲ မြင်လာကြပြီ။ ရှေ့ဆက်ပြီးတော့လည်း ငါတို့ Web Developer တွေ လိုအပ်နေဦးမှာပါ။ ဒါပေမဲ့ အလုပ်လုပ်ပုံတော့ ပြောင်းသွားမယ်။ Code တွေကို ကိုယ်တိုင်ရေးတာနဲ့ AI အကူအညီယူတာကို ပေါင်းစပ်ပြီး လုပ်လာရမယ်။ Code Review လုပ်ဖို့၊ Requirement တွေ သေချာချဖို့က လူတွေပဲ ဆက်လုပ်ရမှာလေ။ ဒါကြောင့် Web Developer အနေနဲ့ ဆက်ရပ်တည်တာက ဆိုးတဲ့ ရွေးချယ်မှုတော့ မဟုတ်ဘူးလို့ မြင်ပါသေးတယ်။

DevOps ဘက်ကို ပြောင်းတာကရော ပိုအဆင်ပြေမလား?
DevOps ဆိုတဲ့ နေရာမှာ Server တွေ manage လုပ်တာ၊ CI/CD၊ Docker၊ GitHub တွေ အသုံးပြုတာတွေ ပါဝင်တယ်။ အမှန်တော့ ဒီ Skill တွေက အစထဲက Web Developer တိုင်း အခြေခံအနေနဲ့ သိထားသင့်တဲ့ အရာတွေပါ။ဒါပေမဲ့ Career တစ်ခုလုံးကို DevOps ဘက် ပြောင်းဖို့ဆိုရင်တော့ အရေးကြီးဆုံးက "မင်း တကယ် ဝါသနာပါရဲ့လား" ဆိုတာပါပဲ။ ပိုက်ဆံရလို့၊ AI ရန်က လွတ်မယ်ထင်လို့ ပြောင်းတာမျိုးဆိုရင် ရေရှည်မခံပါဘူး။ နောက်တစ်ခု စဉ်းစားရမှာက AI ကသာ Developer တွေကို အစားထိုးနိုင်လောက်တဲ့အထိ တော်လာခဲ့မယ်ဆိုရင် DevOps အလုပ်တွေကိုလည်း အစားထိုးနိုင်မှာပဲလေ။ ဒါကြောင့် DevOps က AI ရန်ကနေ ၁၀၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တဲ့ နေရာလို့တော့ ပြောလို့မရနိုင်ဘူး။

Cybersecurity ဆိုရင်ရော ဘယ်လိုနေလဲ?
Cybersecurity ဘက်ကို ပြောင်းမယ်ဆိုရင်တော့ နည်းနည်း ပိုစိတ်ဝင်စားစရာ ကောင်းတယ်။ ဒါပေမဲ့ Web Dev ကနေ DevOps ကို ပြောင်းတာထက် စာရင် Cybersecurity ကို ပြောင်းရတာ ပိုခက်ခဲမယ်လို့ ထင်မိတယ်။ "cybersecurity မှာကကျ Computer တွေ၊ Software တွေ အောက်ခြေမှာ ဘယ်လို အလုပ်လုပ်လဲဆိုတာကအစ သေချာ နက်နက်နဲနဲ နားလည်ဖို့ လိုအပ်တယ်။ Ethical Hacking တွေ၊ လုံခြုံရေး အားနည်းချက် (Vulnerabilities) တွေကို ရှာဖွေဖော်ထုတ်တာတွေက အချိန်ပေးပြီး လေ့လာရမယ့် အရာတွေပါ။"ဒါပေမဲ့ အလားအလာကို ကြည့်မယ်ဆိုရင်တော့ တော်တော်လေး ကောင်းပါတယ်။ AI ကြောင့်ပဲ Cyber Attack တွေက ပိုများလာသလို၊ အားနည်းချက်တွေကိုလည်း ပိုမြန်မြန် ရှာတွေ့လာနိုင်တယ်။ ဒါကြောင့် Cybersecurity Expert တွေ ပိုပြီး လိုအပ်လာဖို့လဲ ရှိတယ်။ ဒီနေရာမှာလည်း AI က Bug တွေရှာတဲ့နေရာမှာ ကူညီပေးနိုင်ပေမဲ့ လူတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ကျွမ်းကျင်မှုက မရှိမဖြစ် လိုအပ်နေဦးမှာပါ။

အချုပ်အနေနဲ့ ပြောရရင်...
ဘယ် Career ကိုပဲ ပြောင်းပြောင်း အရေးကြီးဆုံးက ကိုယ် တကယ် နှစ်သက်တဲ့ အလုပ် ဖြစ်ဖို့ပါပဲ။ AI တွေ ဘယ်လောက်ပဲ တော်လာပါစေ၊ ကိုယ်တကယ် ဝါသနာပါပြီး စိတ်နှစ်ထားတဲ့ အလုပ်တစ်ခုမှာ လူတွေရဲ့ ဖန်တီးနိုင်စွမ်းကို AI က ဘယ်တော့မှ မီမှာမဟုတ်ဘူးလို့ ပဲ ပြောချင်ပါတယ်။

web development နဲ့ သက်ဆိုင်တဲ့ blog တွေနဲ့ သင်တန်းတွေကို တက်ရောက်ဖို့ official website ကနေတစ်ဆင့် လေ့လာနိုင်ပါတယ်။

Official website
https://www.codehubmm.com

Telegram Community
https://t.me/+8-aRTo3GbQs2Y2U1

App တစ်ခုကို Launch မလုပ်ခင်မှာ သိထားသင့်တဲ့ အချက် (၅) ခုApp တစ်ခုရေးပြီးတာနဲ့ user တွေသုံးဖို့ အဆင်သင့်ဖြစ်ပြီဆိုပြီး p...
21/05/2026

App တစ်ခုကို Launch မလုပ်ခင်မှာ သိထားသင့်တဲ့ အချက် (၅) ခု

App တစ်ခုရေးပြီးတာနဲ့ user တွေသုံးဖို့ အဆင်သင့်ဖြစ်ပြီဆိုပြီး production ပေါ် တန်းတင်နေရင်တော့ မှားသွားမယ်နော် ညိုကီတို့။

AI ရေးထားတဲ့ app လေး အဲ…မဟုတ်ပါဘူး ကိုယ်ကြိုးစားထားတဲ့ app လေး production ရောက်သွားတဲ့ အခါမှာ rating ကောင်းကောင်းနဲ့ user များများကို အချိန်တိုအတွင်းရရှိဖို့ အတွက် ဒီအချက်လေးတွေကို အချိန်တစ်မိနစ်လောက်ပေးပြီး သေချာမှတ်ထားသင့်ပါတယ်။

ပိုပြီးကောင်းမွန်တဲ့ reading experience အတွက် website ကနေ တိုက်ရိုက်ဖတ်ရှုနိုင်ပါတယ်။
https://www.codehubmm.com/blogs/td0efy5y5jis49ix26ga4i6p

နံပါတ်တစ်ကတော့ နာမည်ပေးပုံပေးနည်းပါ။ app ကြီး popular ဖြစ်အောင် ဗေဒင်တွက်ပြီး ပေးခိုင်းတာမျိုးမဟုတ်ပါဘူး။ store တွေရဲ့ search engine ကို နားလည်ဖို့ကို ပြောချင်တာပါ။ အဓိအားဖြင့် သူ့ရဲ့ အလုပ်လုပ်ပုံကို နှစ်ပိုင်းခွဲလို့ရတယ်။

ပထမအပိုင်းက unique နာမည်နဲ့ ရှာပေးတာ။ နောက်တစ်ပိုင်းကကျ similar app တွေကို ရှာပေးတာ။

ဥပမာ ကျတော်တို့က play store ထဲသွားပြီး တရားတော်များ ရိုက်ရှာလိုက်ရင် သက်ဆိုင်ရာ app တွေကို ပြပေးမယ်။ ဒီနေရာမှာ rating ကောင်းတာနဲ့ ကို့ထက်အရင် တင်ထားတဲ့ app တွေကို ပြပေးမှာပါ။ ဒီနေရာမှာ ကိုရဲ့ “တရားတော်များ” ဆိုတဲ့ app လေးက ဟိုးအောက်မှာ ရောက်နေမှာပါ။ ဆိုတော့ ဘယ်သူမှ အောက်ဆုံးထိဆွဲကြည့်မနေဘူး။ အရင်တွေ့တာကို rating ကြည့်ပြီး download ကြမှာပါပဲ။

unique နာမည်ကကျ ဘယ်အချိန်မှာ အသုံးဝင်မလဲဆိုရင် ဥပမာ ကိုက အသိတွေပဲ ဖြစ်ဖြစ် product launch လုပ်ပြီဆိုရင် ဖြစ်ဖြစ် ဘယ်မှာရပါပြီဆိုပြီး ကြော်ငြာတဲ့ အခါမှာ unique နာမည်မရှိရင် “တရားတော်များ” လို့ရိုက်ရှာပြီး download ဆွဲနိုင်ပါတယ် ဆိုရင် user က ရိုက်ရှာရုံနဲ့ app ကိုတန်းပြီးတွေ့မှာ မဟုတ်ပါဘူး။ တော်တော်များများကလဲ တကူးတက ရှာနေမှာ မဟုတ်ဘူး။

ဒါကြောင့် နာမည်ပေးတဲ့ အခါမှာ app name - subtitle ပုံစံပေးတာက အကောင်းဆုံးပါပဲ။

App Name ပေးတဲ့ အခါမှာလဲ မှတ်ရလွယ်တဲ့ တိုတိုတုတ်တုတ်ပေးပါ။ နောက်ပြီး ပေးထားတဲ့ နာမည်အတွက် Domain ရှိမရှိ စစ်ပါ။

Subtitles မှာတော့ Keyword ကို ထည့်သုံးပါ။ ဥပမာအားဖြင့် “တရားတော်များ” အစား “Dhamma - တရားတော်များ” ဒီလိုပေးထားလိုက်တာက SEO ranking အတွက် အများကြီး အထောက်အကူ ဖြစ်ပါတယ်။

နံပါတ်တူးကတော့ OTA update ကို တခါထဲ setup လုပ်ထားဖို့ပါ။ OTA ဆိုတာက အရှည်ကောက် On the Air လို့ခေါ်ပါတယ်။

မသိသေးတဲ့ dev တွေကို ရှင်းပြရမယ်ဆိုရင်တော့ သာမန်ဆိုရင် app ကို launch လုပ်ပြီးတဲ့ အခါမှာ user တွေက bugs တခုခု ပြင်ပေးဖို့ report လုပ်တဲ့အခါမှာ ကိုက ချက်ချင်း‌ပြင်ပေးလိုက်ပြီး publish လုပ်လိုက်ပေမဲ့ user တွေဆီကို ချက်ချင်းမရောက်ပါဘူး။ သက်ဆိုင်ရာ store က review လုပ်ပြီး တရက် နှစ်ရက် နေမှ update ရတာပါ။

ကို့ရဲ့ app မှာ OTA update ကို ထည့်သွင်းထားမယ်ဆိုရင်တော့ store ကို ကြားခံနေစရာမလိုပဲ ‌user ဆီတိုက်ရိုက် ချက်ချင်း update ပေးနိုင်ပါတယ်။ ဆိုတော့ user တွေ ငြိုငြင်ပြီး app ကို delete တာတွေ rating ချတာတွေကို လျှော့ချနိုင်ပါတယ်။

OTA ထည့်ပေးတာနဲ့ contact support ကိုလဲ ထည့်ပေးပါ။ ဒါမှ user တွေကြုံရတဲ့ bugs တွေကို အချိန်နဲ့ အညီ အမြန် fix ပေးနိုင်မှာပါ။

နံပါတ်သရီးကတော့ Onboarding and Tracking ပိုင်းကို ဂရုစိုက်ဖို့ပါ။ launch လုပ်ပြီးတာနဲ့ ပြီးပြီဆိုပြီး ပစ်ထားလို့ မရပါဘူး။

app ရဲ့ performance ကို တိုးတက်အောင်လုပ်ဖို့နဲ့ user ရဲ့ behavior ကို သိဖို့အတွက် ဒါက အရေးကြီးပါတယ်။

user တွေက ဘယ် screen ကို အကြည့်များလဲ။ loading time ဘယ်လောက်ရှိလဲ။ user ဘယ်နှစ်ယောက်ရှိလဲ။ ဘယ်လို product တွေကို အကြည့်များလဲ။ ဘယ်အချိန်တွေ အသုံးများလဲ။ ဒါမျိုးတွေကို track လုပ်ပြီး နောက်ကွယ်ကနေ လိုအပ်တဲ့ performance အပိုင်းနဲ့ UI UX improvement တွေကို အမြဲတမ်း ပြုလုပ်ပေးနေရမှာပါ။

နံပါတ်ဖိုး ကတော့ Landing Page ဆောက်ဖို့ပါ။ store တေမှာက app နဲ့ ပက်သက်တာတွေ တင်လို့ရတယ်ဆိုပေမဲ့ limitations တွေ ရှိပါတယ်။ ရေးချင်သလောက် ရေးမရပါဘူး။

Landing Page နဲ့ ဆိုရင်တော့ Screenshots, Video Demo, Testimonials, Pricing နဲ့ FAQ ဒါမျိုး အဓိက သိချင်ကြတဲ့ အရာတွေကို ကိုယ့်စိတ်ကြိုက် ရှင်းလင်းပြသထားနိုင်ပါတယ်။

ဒီနိုင်မှာတော့ mail သိပ် မသုံးကြပေမဲ့ overseas မှာဆိုရင် app မထွက်ခင်မှာ landing page ကနေ ကြိုပြီး promote လုပ်ထားပြီး email waitlist ကောက်တာမျိုး လုပ်ကြပါတယ်။ app launch တော့ email ပို့ပြီး လိုအပ်လို့ စောင့်နေတဲ့သူတွေကို အသိပေးရုံပဲပေါ့။ အတော်ထိရောက်တဲ့ နည်းတခုပါပဲ။

နံပါတ်ငါးကတော့ branding အပိုင်းကို ဂရုစိုက်ဖို့ပါ။ app logo ကနေစပြီး theme အထိ ဂရုစိုက်ဖို့ပေါ့။

ဥပမာ အပြာရောင် အဓိကဆိုရင် app logo, app theme, landing page theme ဒါတွေကိုပါ အပြာရောင်ဘက်သွားပြီး ဒီလိုအရောင်မြင်တာနဲ့ ကို့ရဲ့ app ကို memorize ဖြစ်သွားအောင် ဖန်တီးပါ။ ပေါပေါပဲပဲ logo သုံးတာမျိုးတွေကို ရှောင်သင့်ပါတယ်။

အဆုံးသတ်အနေနဲ့ app တစ်ခုလုံးကို production မတိုင်မှီ fresh user တစ်ယောက်အနေနဲ့ ကိုယ်တိုင် test လုပ်ကြည့်ဖို့လဲ မမေ့ပါနဲ့။

အောင်မြင်တဲ့ app တစ်ခုကို ကျွန်တော်တို့နဲ့ အတူ ကိုယ်တိုင်ဖန်တီးချင်တဲ့သူတွေ အနေနဲ့လဲ ခြောက်လပိုင်းမှာ ဖွင့်လှစ်မဲ့ codehub ရဲ့ react native အတန်းကို တက်ရောက်နိုင်ပါတယ်။ မကြာမှီ အသေးစိတ် ကြေညာပေးပါမယ်။

web development နဲ့ သက်ဆိုင်တဲ့ သင်တန်းတွေနဲ့ အခမဲ့ သင်ခန်းစာတွေကို Code Hub ရဲ့ Official Website နဲ့ YouTube Channel တို့ကနေတဆင့် လေ့လာနိုင်ပါတယ်။

Official Website:
https://codehubmm.com

YouTube Channel:
https://www.youtube.com/

သိချင်တာတွေ မေးမြန်းဖို့နဲ့ ဝါသနာတူသူတွေ အချင်းချင်း ဆက်သွယ် (Communicate) လုပ်နိုင်ဖို့အတွက်လည်း Telegram Group ရှိပါတယ်။

Telegram Group:
https://t.me/+qE0L6PqUE3k0OGNl

12/05/2026

🎉 Huge update for the code hub community! The brand new codehubmm.com is officially LIVE!

I've been working hard (with ai :3) behind the scenes to completely overhaul the platform's design.

We’ve stripped away the clutter and brought in a sleek, highly optimized, and developer-centric UI. Whether you are mastering modern web stacks or deep-diving into backend architecture, the new site is built to make your learning experience faster, more intuitive, and visually on point. ⚡️
Drop a comment below and let me know your favorite part of the new design. Which course are you diving into next?

🚀 Check it out here: https://www.codehubmm.com

08/05/2026

2026 မှာ Survival ဖြစ်မယ့် Developer တစ်ယောက်ဖြစ်ဖို့ ဘယ်လို Strategy မျိုး လိုမလဲ? 🚀

အားလုံးပဲ မင်္ဂလာပါ! Code Hub ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ 👋

အခုတလော AI တွေ တအား powerful ဖြစ်လာတော့ developer တွေအနေနဲ့ "ငါတို့ Coding ဆက်သင်သင့်သေးရဲ့လား" "AI က ငါတို့အလုပ်တွေကို အကုန်သိမ်းသွားတော့မှာလား" ဆိုပြီး တွေးနေရင် ခဏလောက် ရပ်လိုက်ပါဦး။

တကယ်တော့ ၂၀၂၆ မှာ Developer ကောင်းတစ်ယောက်ဖြစ်ဖို့က Coding တစ်ခုတည်း တတ်နေလို့ မရတော့ပါဘူး။ ဒါကြောင့် ခေတ်နဲ့အညီ ပြောင်းလဲရမယ့် Coding & AI Learning Strategy ကို ဒီနေ့မှာ ပြောပြသွားပေးပါမယ်။

၁။ Syntax ထက် Logic ကို ပိုဦးစားပေးလေ့လာပါ။
အရင်ကလို Code line တွေ အလွတ်ရနေဖို့ မလိုတော့ပါဘူး။ Syntax အမှားတွေကို AI က ပြင်ပေးနိုင်ပေမယ့် **"ဒီ System က ဘယ်လို အလုပ်လုပ်ရမလဲ"** ဆိုတဲ့ Logic ကိုတော့ AI က သင့်အစား ဆုံးဖြတ်ပေးမှာ မဟုတ်ပါဘူး။
-Data Structures & Algorithms ကို သေချာနားလည်အောင် လုပ်ပါ။
-System တစ်ခုလုံးရဲ့ Architecture ကို လေ့လာပါ။

၂။ AI Tools တွေကို သေချာအသုံးပြုတတ်အောင် လုပ်ပါ။
AI ကို ရန်သူလိုမမြင်ဘဲ ကိုယ့်ရဲ့ Junior Developer တစ်ယောက်လို သဘောထားပါ။
- Cursor, GitHub Copilot တို့လိုမျိုး AI Code Editors တွေကို ကျွမ်းကျင်အောင် သုံးပါ။
- Prompt Engineering ကို လေ့လာပါ။
AI ဆီက ကိုယ်လိုချင်တဲ့ Code ထွက်လာအောင် ဘယ်လိုခိုင်းရမလဲဆိုတာကလဲ skill တစ်ခု ဖြစ်လာပါပြီ။

၃။ Fundamentals ကို ဘယ်တော့မှ ကျော်မသွားပါနဲ့
AI ထုတ်ပေးတဲ့ Code က အမြဲတမ်း မမှန်ပါဘူး။ AI က မှားနေတဲ့ Code ထုတ်ပေးရင် ပြန်ပြင်နိုင်ဖို့ (Debug လုပ်နိုင်ဖို့) ဆိုရင် ကိုယ်တိုင်က အခြေခံ Foundation နဲ့ Concept တွေကို ပိုင်နိုင်နေဖို့ လိုပါတယ်။

၄။ Problem Solver တစ်ယောက်ဖြစ်အောင် ကြိုးစားပါ
Coding ဆိုတာ ပြဿနာတစ်ခုကို ဖြေရှင်းဖို့ သုံးတဲ့ Tool တစ်ခုပါပဲ။ လုပ်ငန်းခွင်မှာ AI ကို သုံးပြီး အလုပ်ဘယ်လို ပိုတွင်အောင်လုပ်မလဲ၊ Product တစ်ခုကို အမြန်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ဘယ်လို တည်ဆောက်မလဲဆိုတဲ့ Business Value ကို ပေးနိုင်တဲ့သူ ဖြစ်အောင်လုပ်ပါ။

နောက်ဆုံးအနေနဲ့ ပြောရရင်...
၂၀၂၆ မှာ Coding ဟာ AI နဲ့ ပေါင်းစပ်သွားပါလိမ့်မယ်။ AI ကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ပြီး အခြေခံ Logic ကောင်းတဲ့သူတွေအတွက်ကတော့ အခွင့်အလမ်းတွေက ပေါမှပေါပါပဲ။ ဒါကြောင့် အခုကတည်းက စပြီး ပြင်ဆင်ထားကြပါ။

ai က အလုပ်အကိုင်နေရာတွေကို လုယူသွားမှာဆိုရင်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ai ကို သုံးတတ်တဲ့သူတွေက ai မသုံးတတ်တဲ့ သူတွေရဲ့ နေရာကိုလုယူသွားမှာတော့ အသေအချာပါပဲ။

Coder တို့ရော AI ကြောင့် ကိုယ့်ရဲ့ Coding လေ့လာရတဲ့ ပုံစံက အရင်ကထက်စာရင် ပိုမြန်လာတယ်လို့ ခံစားရလား? ဒါမှမဟုတ် AI ကြောင့် ပိုရှုပ်သွားတယ်လို့ ထင်လား? ကွန်မန့်မှာ ဆွေးနွေးသွားကြဦးနော်!

Web development နဲ့ သက်ဆိုင်တဲ့ သင်တန်းတွေနဲ့ အခမဲ့ သင်ခန်းစာတွေကို Code Hub ရဲ့ Official Website နဲ့ YouTube Channel တို့ကနေတဆင့် လေ့လာနိုင်ပါတယ်။

Official Website:
https://codehubmm.com

YouTube Channel:
https://www.youtube.com/

သိချင်တာတွေ မေးမြန်းဖို့နဲ့ ဝါသနာတူသူတွေ အချင်းချင်း ဆက်သွယ် (Communicate) လုပ်နိုင်ဖို့အတွက်လည်း Telegram Group ရှိပါတယ်။

Telegram Group:
https://t.me/+qE0L6PqUE3k0OGNl

🚀 Next.js 16 Full Stack Course (100% Updated)Full Stack Web Development ကို next js framework ကို အသုံးပြုပြီး အခြေခံကနေ...
03/05/2026

🚀 Next.js 16 Full Stack Course (100% Updated)

Full Stack Web Development ကို next js framework ကို အသုံးပြုပြီး အခြေခံကနေ Master Level ထိ ရောက်ချင်သူများအတွက် Next.js 16 Full Course ကို အပ်နှံနိုင်ပါပြီ။

သင်တန်းအစ-အဆုံး ကြာချိန် ၂၄ နာရီရှိပြီး သင်ခန်းစာ lesson ပေါင်း ၁၀၀ ကျော် ပါဝင်မှာ ဖြစ်ပါတယ်။

သင်တန်းအသေးစိတ်ကိုတော့
https://www.codehubmm.com/courses

ကနေ တဆင့်လေ့လာနိုင်ပါတယ်။

တခြားသိချင်တာရှိရင်တော့ (သို့မဟုတ်) Telegram Group မှာ တိုက်ရိုက်မေးမြန်းနိုင်ပါတယ်။

အတန်းထဲမှာ ဆုံကြမယ်ဗျာ။

ဒီနေ့ may 2 ရက်နေ့ဟာ replit ရဲ့ ဆယ်နှစ်ပြည့်ဖြစ်တာမို့ replit agent ကို 24 နာရီ အခမဲ့ အသုံးပြုခွင့် ပေးထားပါတယ်။replit က...
01/05/2026

ဒီနေ့ may 2 ရက်နေ့ဟာ replit ရဲ့ ဆယ်နှစ်ပြည့်ဖြစ်တာမို့ replit agent ကို 24 နာရီ အခမဲ့ အသုံးပြုခွင့် ပေးထားပါတယ်။

replit ကိုတော့ သိတဲ့သူ အတော်များမှာပါ။ မသိသေးတဲ့သူတွေကို ပြောရမယ်ဆိုရင် replit ဆိုတာက bowser ပေါ်မှာ code တွေ project တွေ ရေးခိုင်းရုံသာမကဘဲ Deploy တန်း ပြုလုပ်လို့ရတဲ့ထဲ ‌တော်တော်မိုက်တဲ့ cloud platform တစ်ခုဖြစ်ပါတယ်။

သုံးဖို့က ဘာမှလုပ်စရာမလိုပါဘူး။ website မှာ သွားပြီး အကောင့်ဖွင့်ရုံပါပဲ။

ဒီ link ကနေ တဆင့်အကောင့်ဖွင့်မယ်ဆိုရင် 5$ free credit ထပ်ရပါမယ်။
https://replit.com/refer/dev4rkar

အကောင့်ရှိပြီးသား သူတွေကတော့ ဝင်ဂုန်းဆင်းရုံပဲ။

may 2 ရက်နေ့ပဲ အခမဲ့ သုံးလို့ရမှာပါ။ ကျန်တဲ့ရက်တွေကျရင်တော့ ပေးထားတဲ့ credit တွေထဲက ဖြတ်ပါလိမ့်မယ်။

Address

Insein Road
Yangon
11011

Alerts

Be the first to know and let us send you an email when Code Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Code Hub:

Shortcuts

Share