23/04/2026
နှစ်ဦး ပညာ ဒါန
===========
💻Informations ဆိုတာ AI ခေါတ်မှာ ဘယ်နေရာကရှာရှာ
ရှာဖွေလေ့လာသင်ယူလို့ရနေပါပြီ။ ဒါကြောင့် အတွေးအခေါ် ကို
ဖြစ်စေတဲ့ သင်တန်း ကိုသာ ရွေးချယ် သင်ယူ ဖို့အတွက်
တိုက်တွန်းလိုက်ပါရစေ။
📚BMI က Certified Human Resource Professional ကို
၂၀၂၆ နှစ်ဦး ပညာဒါန အနေနဲ့ မည်သူမဆို ၅၀ % Discount နဲ့
သင်ကြားပေးသွားမှာဖြစ်ပါတယ်။ (ကျောင်းသားဟောင်းများအ
တွက် အခမဲ့ ပြန်လည်တတ်ရောက်ခွင့် ကိုလည်းပေးထားပါတယ်)
ဆိုတာ ပန္နက်ရိုက်သလိုပါပဲ။
အခြေမခိုင်ရင် Operation ယိုင်ပါတယ်။
မသိရင်လဲရေရှည်မကြည့်တတ်ပါဘူး။
တွေရဲ့ လက်တွေ့အနှစ်သာရ စာအုပ်တွေထဲမှာမပါပါဘူး။
ဆိုတဲ့ Human Resource Management ရဲ့အတွေးအခေါ်တွေကို
စနစ်တကျ သင်ကြားပေးမှာဖြစ်တဲ့အတွက် HR တစ်ယောက်ရဲ့စစ်မှန်တဲ့
အတွေးအခေါ်၊ စစ်မှန်တဲ့လုပ်ငန်းခွင်အသုံးချနည်းတွေကို ဒီ
Foundation Course မှာလေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့်
HR Professional တယောက်အနေနဲ့
Human Resources Management ရဲ့
🏆Concept ကိုသင်ယူဖို့လိုပါတယ်။
📖Strategy သင်ဖို့လိုပါတယ်၊
👨💻Functions တွေရဲ့လက်တွေ့အနှစ်သာရ သင်ဖို့လိုပါမယ်၊
🏠Organizational Behavior အကြောင်းသိရပါမယ်။
📈Performance Management System သိဖို့လိုပါမယ်။
❤️Succession Plan သိဖို့လိုပါမယ်။
📦အခုလိုမျိုး HR ရဲ့ တကယ့် အတွေးအခေါ်နဲ့ Applicable
ဖြစ်တဲ့အပိုင်းတွေကိုလေ့လာသင်ယူချင်တယ်ဆိုရင်တော့
BAGAN Management institute ကနေ
Foundation Of Human Resource Management ကို
2, 3, May ( Sat, Sun Only ), 2026 မှာ
09: 30 Am က နေ 04:30 Pm အထိ
12 ကြိမ်မြောက်ဖွင့်လှစ်ပေးသွားပါမယ်……။🏆🏆🏆
📖သင်ယူရမယ့်အကြောင်းအရာတွေကတော့
📝Understanding Organizational Objectives
📝Applicable Management In Action
📝Theories and Practices Of Leadership
📝Human Resource Management Concept and Application
တွေပဲဖြစ်ပါတယ်။
📦နောက်ထက် Benefit အနေနဲ့ အခု On Campus သင်တန်း
တတ်ရောက်သူတွေက BMI ကပြုလုပ်မယ့် မည်သည့် HR
သင်တန်းကိုမဆို 50% Discount ရရှိမှာဖြစ်ပြီးတော့ online
Learning Management System ရဲ့ Access ကိုလည်း အခမဲ့
ရရှိမှာဖြစ်ပါတယ်။
📍သင်ယူရမယ့်နေရာကတော့
သွားရလာရလွယ်ကူ
အေးအေးဆေးဆေး
သက်တောင့်သက်သာရှိပြီး
Modern Classroom ရှိတဲ့
🏠အခန်း (၃၀၆)၊ တိုက် (၃)၊
အောင်မြေသာစည် (၁) လမ်း၊
အောင်မြေသာစည်အိမ်ရာ၊
ကမာရွတ်မြို့နယ် (ဆင်ရေတွင်းမှတ်တိုင်အနီး)
မှာပဲဖြစ်ပါတယ်။
👨🏫 သင်ကြားပေးမယ့်ဆရာကတော့
Corporate လောက ထဲမှာ (18)နှစ်ကျော်ကျော်
💎Group Chief People Officer
💎HR Director
💎HR General Manager
💎Head Of HR
💎Group HR Manager
💎Head of Talent Development
💎Strategic Human Resource Manager အစရှိတဲ့
C Level နဲ့ Management Level တွေမှာ
လုပ်ငန်းခွင်အတွေ့အကြုံရှိပြီး
Corporate Training
သင်ကြားရေးအတွေ့အကြုံပြည့်ဝတဲ့
“ ဆရာ နေဇော်အောင် “ ပဲဖြစ်ပါတယ်။
📖တက်ရောက်သင့်သူများကတော့
👩💼🧑💼HR ပညာစိတ်ဝင်စားတဲ့လူငယ်တွေ
👩💼🧑💼HR ဌာနအတွင်းလုပ်ငန်းခွင်ဝင်နေတဲ့လူငယ်တွေ
👩💼🧑💼HR ဌာနအတွင်းရှိ ဝန်ထမ်းများကို ပြန်လည်သင်ကြားပေးလိုသူတွေနဲ့
👩💼🧑💼SME Business လုပ်ငန်းရှင်တွေအပြင်
👩💼🧑💼HR ကိုစိတ်ဝင်စားတဲ့မည်သူမဆို
တတ်ရောက်သင့်ပါတယ်။
💵သင်တန်းစျေးနှုန်းကတော့
မြန်မာငွေ ၁၅၀,၀၀၀ (တသိန်းခွဲ)ကျပ်သာ ကျသင့်ပြီးတော့
နှစ်ဦး ပညာ ဒါန အနေနဲ့ ၅၀% Scholarship Discount
ပေးမှာဖြစ်လို့ (၇၅,၀၀၀ ကျပ်) သာကျသင့်မှာဖြစ်ပြီး
အရင်အပ်နှံသူ ၁၀ ဦးကို လည်း ၅၀,၀၀၀ ကျပ်သာ ထားပေး
မှာဖြစ်လို့အမြန်စာရင်းပေးဖို့လိုပါမယ်နော်။
📝Registration လုပ်မယ်ဆိုရင်တော့
💥 Foundation Of 𝐇𝐑M ကို တက်ရောက်ချင်သူတွေ
အနေနဲ့ စာရင်းပေးသွင်းလိုပါက
Messenger >> m.me/BaganManagementInstitute
Hot-Line >> 𝟎𝟗 𝟒 𝟐𝟐𝟐 𝟖𝟖 𝟕𝟎𝟑/ 𝟎𝟗 𝟒 𝟐𝟐𝟐 𝟖𝟖 𝟕𝟑𝟒 တို့ကိုလည်း
ဆက်သွယ်ပြီး ယခုပဲ စာရင်းပေးသွင်းနိုင်ပါပြီနော်။
21/04/2026
⚖️ KPI vs OKR: ဘာတွေကွာခြားသလဲ?
============================
လုပ်ငန်းခွင်မှာ စွမ်းဆောင်ရည်ကို တိုင်းတာဖို့
စဉ်းစားတဲ့အခါ KPI သုံးရမလား၊ OKR သုံးရ
မလားဆိုတာ လုပ်ငန်းရှင်တော်တော်များများ
ဇဝေဇဝါ ဖြစ်တတ်ကြပါတယ်။ ဒီစနစ်နှစ်ခုလုံးက
ကောင်းမွန်ပေမယ့် သူတို့ရဲ့ ရည်ရွယ်ချက်ကတော့
လုံးဝမတူပါဘူး။သင့်ကုမ္ပဏီအတွက် ဘယ်ဟာက
ပိုကိုက်ညီမလဲဆိုတာ ဆုံးဖြတ်နိုင်ဖို့ ဒီနှိုင်းယှဉ်ချက်
လေးကို ကြည့်ကြည့်ရအောင်... 👇
📈 KPI ဆိုတဲ့ Key Performance Indicators ကတော့
ပုံမှန်လည်ပတ်မှုအတွက် အသုံးပြုပါတယ်။KPI ဆိုတာ
လုပ်ငန်းတစ်ခု ပုံမှန်လည်ပတ်နေဖို့ Business as usual
လိုအပ်တဲ့ စံနှုန်းတွေကို တိုင်းတာတာပါ။ ကားတစ်စီး
မောင်းတဲ့အခါ ဆီလက်ကျန်နဲ့ အရှိန်ကို ပြနေတဲ့ ဒိုင်ခွက်
လိုပါပဲ။လက်ရှိလုပ်ငန်းစဉ်တွေရဲ့ ထိရောက်မှုရှိမရှိကို
တိုင်းတာဖို့ရန်သုံးကြပါတယ်။ နံပါတ်တွေတည်ငြိမ်တယ်၊
ကြိုတင်ခန့်မှန်းလို့ရပါတယ်။ ဥပမာ အနေနဲ့ လစဉ်
ရောင်းအား သိန်း ၁၀၀ ပြည့်ရန်၊ ဝန်ထမ်းအလုပ်ထွက်နှုန်း
၅% အောက် လျှော့ချရန် အစရှိသဖြင့်တိုင်းတာနိုင်ပါတယ်။
OKR ဆိုတဲ့Objectives and Key Results ကတော့ ကြီးမားတဲ့
ပြောင်းလဲမှုအတွက် အသုံးပြုကြပါတယ်။OKR ဆိုတာကတော့
ထူးထူးခြားခြား တိုးတက်မှုတွေ ရလာဖို့ Aggressive Growth
စိန်ခေါ်မှုရှိတဲ့ ရည်မှန်းချက်တွေ ချမှတ်တာပါ။ ကားနဲ့ဆိုရင်
ဘယ်လို ခရီးစဉ်အသစ်ကို သွားမလဲ" ဆိုတဲ့ လမ်းညွှန်မြေပုံနဲ့
တူပါတယ်။ရည်မှန်းချက်ကြီးကြီးထားပြီး ကုမ္ပဏီကို နောက်
တစ်ဆင့် တက်လှမ်းစေရန်အတွက်သုံးကြပါတယ်။စိန်ခေါ်မှု
ရှိတယ်၊ တက်ကြွတယ်၊ အပြောင်းအလဲမြန်ပါတယ်။Objective
မှာ မြန်မာနိုင်ငံရဲ့ ထိပ်တန်း Top 3 HR Platform ဖြစ်လာရန်။
Key Result User ပေါင်း ၁ သန်း ရရှိရန် အစရှိသဖြင့်သုံးကြ
ပါတယ်။
💡ကိုယ့်ကုမ္ပဏီအတွက် ဘယ်ဟာကို ရွေးရမလဲဆိုတော့
လုပ်ငန်းက တည်ငြိမ်တဲ့ လုပ်ငန်းတစ်ခုလား?အလုပ်တွေက
ပုံမှန်အတိုင်း အေးအေးဆေးဆေး လည်ပတ်နေဖို့ပဲ လိုတယ်၊
အမှားအယွင်းမရှိဖို့က အဓိကပဲဆိုရင် KPI က အသင့်တော်ဆုံးပါ။
လုပ်ငန်းက အရှိန်အဟုန်နဲ့ တိုးတက်ဖို့ လိုနေတယ်။လုပ်ငန်းသစ်
Startup ဖြစ်နေလို့ ဒါမှမဟုတ် ဈေးကွက်သစ်ကို ဖောက်ထွင်းချင်လို့
အပြောင်းအလဲတွေ အများကြီး လုပ်ရမယ်ဆိုရင် OKR က ပိုပြီး
ထိရောက်ပါလိမ့်မယ်။
နှစ်ခုလုံး ပေါင်းသုံးလို့ရမလားဆိုတော့ ရပါတယ်။ ကုမ္ပဏီကြီး
တော်တော်များများမှာ ပုံမှန်အလုပ်တွေအတွက် KPI သုံးပြီး၊
အထူးပရောဂျက်တွေနဲ့ တိုးတက်မှုအသစ်တွေအတွက် OKR ကို
ပေါင်းစပ်အသုံးပြုကြပါတယ်။
KPI က လုပ်ငန်းရဲ့ ပန်းတိုင် လမ်းမချော်အောင် ထိန်းပေးမှာဖြစ်ပြီး၊
OKR ကတော့ သင့်ကို ပန်းတိုင်အသစ်တွေဆီ တွန်းပို့ပေးမှာပါ။
ကုမ္ပဏီရဲ့ လက်ရှိအခြေအနေပေါ် မူတည်ပြီး မှန်ကန်တဲ့ စနစ်ကို
ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။
KPI နဲ့ OKR ကို စနစ်တကျ ဘယ်လိုရေးဆွဲရမလဲဆိုတာကို
လက်တွေ့ဥပမာတွေနဲ့တကွ BMI ရဲ့ Foundation Of HR
Management Course မှာ လေ့လာနိုင်ပါတယ်။ 📩
20/04/2026
HR Career Path
============
HR နယ်ပယ်ဟာ HR Administration ကနေ
လုပ်ငန်းစုကြီးတစ်ခုလုံးရဲ့ ဗျူဟာတွေကို ချမှတ်ပေးရတဲ့
Chief People Officer (CPO) အထိ တက်လှမ်းနိုင်တဲ့
စိတ်လှုပ်ရှားစရာကောင်းတဲ့ Career Path တစ်ခုရှိပါတယ်။
HR လောကမှာ အောင်မြင်ချင်သူတွေအတွက်
လှေကားထစ်အလိုက် ဘာတွေပြင်ဆင်ရမလဲဆိုတာကို
BMI ကနေ မျှဝေပေးလိုက်ပါတယ်။ 👇
ပထမဦးဆုံးအဆင့်ကတော့ Entry Level ပါ။ HR Assistant,
Administrator အစရှိသဖြင့်ပေါ့။ ဒီအဆင့်မှာတော့
အခြေခံအကျဆုံး အလုပ်တွေကို သင်ယူရပါတယ်။
ဝန်ထမ်းမှတ်တမ်းတွေ ထိန်းသိမ်းတာ၊ ခွင့်ရက်တွက်တာနဲ့
ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စတွေကို ကိုင်တွယ်ရပါတယ်။
သင်ယူရမည့်အရာကတော့ အလုပ်သမားဥပဒေ အခြေခံနဲ့
စာရွက်စာတမ်း စနစ်တကျ မှတ်တမ်းတင်နည်းတွေ
ပါဝင်ပါတယ်။
နောက်တစ်ဆင့်ကတော့ Mid-Level ဖြစ်ပြီး HR Generalist
Specialist အစရှိသဖြင့်ပါ။ အတွေ့အကြုံ ၂ နှစ် ကနေ ၅ နှစ်
ရလာတဲ့အခါမှာတော့ Generalist ဒါမှမဟုတ် Specialist အဖြစ်
ပြောင်းလဲလာရပါတယ်။ ဥပမာ - Recruitment Specialist
ဒါမှမဟုတ် C&B Specialist ပေါ့။ဒီ Level မှာ သင်ယူရမည့်အရာ
တွေကတော့ အင်တာဗျူးစစ်ဆေးနည်းတွေ လစာနဲ့ ခံစားခွင့်
တွက်ချက်နည်းတွေနဲ့ ဝန်ထမ်းဆက်ဆံရေးတွေပါပဲ။
Management Level အဆင့်မှာတော့ HR Manager တွေ
Senior Manager တွေဖြစ်လာကြပါပြီ။အဖွဲ့အစည်းတစ်ခုလုံးရဲ့
HR Operation ကို စတင်ကိုင်တွယ်ရတဲ့ အဆင့်ပါ။ လူတွေကို
စီမံရသလို၊ Policy တွေ၊ စည်းကမ်းတွေကိုလည်း ရေးဆွဲရပါတယ်။
သင်ယူရမည့်အရာတွေကတော့ Leadership Skills၊ တွေ
ပဋိပက္ခဖြေရှင်းနည်းတွေနဲ့ HR Budget စီမံခန့်ခွဲမှု၊ HR Planning
အစရှိတာတွေပဲဖြစ်ပါတယ်။
Leadership Level ဖြစ်တဲ့HR Director တို့ Head of HR တို့
အဆင့်မှာတော့ နေ့စဉ်အလုပ် Operational ထက် Strategy
မဟာဗျူဟာ ပိုင်းကို ပိုအာရုံစိုက်လာရပါတယ်။ လုပ်ငန်း
တိုးတက်ဖို့အတွက် လူ တွေကို ဘယ်လိုအသုံးချမလဲဆိုတာ
စဉ်းစားရပါတယ်။ သင်ယူရမည့်အရာတွေကတော့ Organizational
Development OD နဲ့ Change Management တို့ပဲဖြစ်ပါတယ်။
နောက်ဆုံးကတော့ Executive Level ဖြစ်ပြီးတော့ Chief People
Officer (CPO) တို့ CHRO တို့ပဲဖြစ်ပါတယ်။ဒါကတော့ HR လောကရဲ့
ထိပ်ဆုံး (C-suite) ပါပဲ။ CEO နဲ့အတူ လက်တွဲပြီး ကုမ္ပဏီရဲ့
ယဉ်ကျေးမှုနဲ့ ရေရှည်ရည်မှန်းချက်တွေကို ပုံဖော်ရသူပါ။ ဒီ Level မှာ
သင်ယူရမည့်အရာ တွေကတော့ Business Acumen
စီးပွါးရေးအမြင်တွေ Board Management နဲ့ Strategic Planning
တို့ပဲဖြစ်ပါတယ်။
ဒီလို Strategic HR တစ်ယောက် အဖြစ် မြန်မြန်တက်လှမ်းနိုင်ဖို့
ကတော့ HR နဲ့ ပတ်သက်တဲ့ နိုင်ငံတကာ အသိအမှတ်ပြု
လက်မှတ်တွေ ဥပမာ - SHRM, HRCI ယူထားဖို့လိုပါတယ်။
Data Driven ဖြစ်တဲ့ ကိန်းဂဏန်းတွေနဲ့ စကားပြောတတ်အောင်
လေ့ကျင့်ယူရပါမယ်။Tech Savvy လို နောက်ဆုံးပေါ် HR Software
တွေနဲ့ AI Tool တွေကို ကျွမ်းကျင်အောင် လုပ်ထားရပါမယ်။
HR Career မှာ အောင်မြင်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့
လိုအပ်တဲ့ အရည်အချင်းတွေကို BMI က မကြာခင်မှာဖွင့်လှစ်မယ့်
Foundation Of Human Resource Management မှာ စနစ်တကျ
တက်ရောက်လေ့လာနိုင်ပါတယ်။
📩
09 4 222 88 703, 09 4 222 88 734
17/04/2026
"နှစ်သစ်မှာ ရောဂါဘယတွေ ကင်းဝေးပြီး ကျန်းမာကြံ့ခိုင်တဲ့
ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ပါစေ။ စိတ်၏ချမ်းသာခြင်း၊
ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး လန်းဆန်းတက်ကြွတဲ့
နေ့ရက်တွေကို ဖြတ်သန်းနိုင်ပါစေ။"
16/04/2026
Manager တွေသတိထားရမှာက
======================
Manager တွေကိုယ်တိုင်သတိမထားမိဘဲ
ပြုလုပ်မိနေတဲ့အမှားလေးတွေကို
Bagan Management Institute ကနေ
မျှဝေပေးလိုက်ပါတယ်။
မန်နေဂျာတစ်ယောက်ရဲ့ ပခုံးပေါ်မှာ
အဖွဲ့အစည်းရဲ့ အောင်မြင်မှုတင်မကဘဲ
ဝန်ထမ်းတွေရဲ့ ရှေ့ရေးကပါ တည်ရှိနေပါတယ်။
ဒါပေမဲ့ အတွေ့အကြုံရှိတဲ့ မန်နေဂျာတွေတောင်မှ
မသိလိုက်မသိဘာသာ လုပ်မိနေတတ်တဲ့
အမှားလေးတွေ ရှိပါတယ်။ ဒီအမှားတွေက
လုပ်ငန်းခွင်ရဲ့ စိတ်ဓာတ် Morale ကို
တဖြည်းဖြည်း ကျဆင်းစေတတ်ပါတယ်။
ပထမ တစ်ခုကတော့ Micromanagementပါ။
ဒါက အဖြစ်အများဆုံး အမှားပါ။ ဝန်ထမ်းတွေကို
အသေးစိတ်ကအစ လိုက်ညွှန်ကြားနေတာ၊ သူတို့ရဲ့
ဆုံးဖြတ်ချက်ကို မယုံကြည်တာမျိုးဟာ ဝန်ထမ်းတွေရဲ့
ကိုယ်ပိုင်တီထွင်မှုကို သတ်လိုက်သလိုပါပဲ။
ရလဒ် Outcome ကိုပဲ အာရုံစိုက်ပြီး လုပ်ငန်းစဉ်
Process ကိုတော့ ဝန်ထမ်းတွေကို လွတ်လပ်စွာ
လုပ်ကိုင်ခွင့် ပေးလိုက်ပါ။
Lack of Feedback ဝေဖန်အကြံပြုမှု မရှိခြင်းကလည်း
သတိထားရမှာဖြစ်ပါတယ်။ဝန်ထမ်းတစ်ယောက်
အမှားလုပ်တဲ့အခါမှာဖြစ်ဖြစ်၊ ကောင်းအောင်လုပ်တဲ့
အခါမှာဖြစ်ဖြစ် ဘာမှ ပြန်မပြောဘဲ နေလိုက်တာဟာ
အဆိုးဆုံးပါ။ feedback မရှိတဲ့အခါ ဝန်ထမ်းက
ငါလုပ်နေတာ မှန်ရဲ့လား ဆိုတာ ဝေဝါးသွားတတ်ပါတယ်။
ပုံမှန် တစ်ဦးချင်းတွေ့ဆုံပြီး One-on-One meeting
အပြုသဘောဆောင်တဲ့ Feedback ပေးတဲ့ အလေ့အထကို
မွေးမြူရပါမယ်။
Failing to Delegate အလုပ်လွှဲအပ်ဖို့ ဝန်လေးခြင်း ဆိုတဲ့
ငါကိုယ်တိုင် လုပ်မှ စိတ်ချရမယ် ဆိုတဲ့ အတွေးနဲ့
အလုပ်အားလုံးကို ကိုယ်တိုင်သိမ်းကျုံးလုပ်နေတာမျိုးပါ။
ဒါဟာ မန်နေဂျာကို Burnout ဖြစ်စေသလို
ဝန်ထမ်းတွေကိုလည်း သင်ယူခွင့် ဆုံးရှုံးစေပါတယ်။
သင့်တော်တဲ့သူကို သင့်တော်တဲ့ တာဝန်ခွဲဝေပေးခြင်းက
အဖွဲ့ကို ပိုမိုခိုင်မာစေပါတယ်။
Emotional Unintelligence စိတ်ခံစားချက်ကို
မထိန်းချုပ်နိုင်ခြင်းကတော့ အဆိုးဆုံးပါ။
စိတ်တိုတဲ့အခါ ဝန်ထမ်းတွေကို အော်ဟစ်ငေါက်ငမ်းတာ၊
ဘက်လိုက်တာ Favoritism မျိုးတွေဟာ လုပ်ငန်းခွင်ရဲ့
ယုံကြည်မှုကို ဖျက်ဆီးပစ်ပါတယ်။
ခေါင်းဆောင်ကောင်းဆိုတာ IQ ထက် EQ
Emotional Intelligence ပိုမြင့်ဖို့ လိုအပ်ပါတယ်။
မန်နေဂျာဆိုတာ အမိန့်ပေးဖို့တင် မဟုတ်ဘဲ အခက်အခဲတွေကို
ဖယ်ရှားပေးသူ Facilitator ဖြစ်ရပါမယ်။ အမှားကို သိရင်
အချိန်မီ ပြုပြင်ပြီး အဖွဲ့သားတွေနဲ့အတူ ရှေ့ဆက်နိုင်ဖို့
ကြိုးစားရမှာဖြစ်ပါကြောင်း BMI ကနေပြီးဆွေးနွေးပေး
လိုက်ပါတယ်။
14/04/2026
Career Advice for Future Leaders
===================
အလုပ်လုပ်နေရုံတင်မကပဲ၊ Career တစ်ခုကို
တည်ဆောက်နေတာလား? လူတော်တော်များများက
အလုပ်လုပ်နေတာပဲ လို့ ထင်ကြပေမယ့် Career
တည်ဆောက်နေတာ နဲ့ အလုပ်တစ်ခု လုပ်နေတ က
မတူပါဘူး။ Career ဆိုတာ ရေရှည်စီမံကိန်းတစ်ခုပါ။
လုပ်ငန်းခွင်သက်တမ်းတစ်လျှောက်မှာ
ပိုမိုတောက်ပလာဖို့အတွက် ဒီအချက် ၄ ချက်ကို
နှလုံးသွင်းထားဖို့ Bagan Management Institute က
အကြံပြုချင်ပါတယ်။
ပထမဦးဆုံးကတော့ T-Shaped Skills ရှိရပါမယ်။
ကိုယ့်ရဲ့ အဓိက အထူးပြုဘာသာရပ်၊ ဥပမာ - Accounting
သို့မဟုတ် Marketing မှာ ကျွမ်းကျင်မှု အပြည့်ရှိရုံတင်
မကဘဲ တခြားသော နယ်ပယ်တွေဖြစ်တဲ့ နည်းပညာ၊
လူမှုဆက်ဆံရေး၊ စီမံခန့်ခွဲမှု ကိုပါ ဗဟုသုတအဖြစ်
သိထားဖို့ လိုပါတယ်။ အခုခေတ်မှာ ဘက်စုံတော်တဲ့
သူတွေက ပိုပြီး အလုပ်အကိုင်အခွင့်အလမ်းရကြပါတယ်။
Generalization အားကောင်းဖို့လိုပါတယ်။
Networking က Net Worth ဖြစ်ဖို့ကြိုးစားရမှာပါ။
ကိုယ် ဘာသိလဲ ဆိုတာထက် ကိုယ်က ဘယ်သူတွေကို
သိလဲ ဆိုတာက တစ်ခါတလေ ပိုအရေးကြီးပါတယ်။
လုပ်ငန်းခွင်ထဲက လူတွေ၊ ပညာရှင်တွေနဲ့ ရင်းနှီးအောင်
ပေါင်းသင်းထားပါ။ ကောင်းမွန်တဲ့ Connection တွေက
အခွင့်အလမ်းသစ်တွေ ယူဆောင်လာပေးနိုင်မှာပါ။
Continuous Learning ဆိုတဲ့ အမြဲတမ်း သင်ယူနေရပါမယ်။
ဘွဲ့ရသွားတာနဲ့ သင်ယူမှုက မပြီးဆုံးသွားပါဘူး။ ခေတ်သစ်
ကမ္ဘာကြီးက အမြဲပြောင်းလဲနေတာကြောင့် ကိုယ့်ရဲ့ Skills တွေ
ကို Update မလုပ်ရင် နောက်ကျကျန်ခဲ့မှာပါ။ အားလပ်ချိန်မှာ
သင်တန်းတက်တာ၊ စာဖတ်တာ၊ Workshop တွေ
တက်တာမျိုးကို အလေ့အကျင့်လုပ်ဖို့လိုပါတယ်။
Soft Skills ကို လျစ်လျူမရှုပါနဲ့။ အရေးကြီးပါတယ်။
သင် ဘယ်လောက်ပဲ နည်းပညာပိုင်း တော်နေပါစေ၊
တခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံတာ၊ ပြဿနာဖြေရှင်းတာ
Problem Solving နဲ့ ဆက်သွယ်ပြောဆိုတဲ့ Communication
အားနည်းရင် ရာထူးတိုးဖို့ ခက်ခဲပါလိမ့်မယ်။ အောင်မြင်တဲ့
ခေါင်းဆောင်တိုင်းဟာ Soft Skills မှာ ထူးချွန်ကြသူတွေပါ။
Career ဆိုတာ လှေကားထစ်တစ်ခုလိုပါပဲ။ တစ်ထစ်ချင်းစီ
တက်လှမ်းဖို့အတွက် လိုအပ်တဲ့ လှေကားထစ် တွေကို အသိပညာ၊
အတတ်ပညာတွေနဲ့ အခိုင်အမာ တည်ဆောက်ထားရပါမယ်။
သင်ယူမှုမှာ ရင်းနှီးမြှုပ်နှံခြင်းက အမြတ်အစွန်းအများဆုံး
ပေးနိုင်မယ့် အရာဖြစ်တာမို့ ဒီနေ့ပဲ စတင်လိုက်ပါတော့နော်!
13/04/2026
Candidate Experience
=================
Bagan Management Institute အနေနဲ့
Management နဲ့ HR ပိုင်းကို လေ့လာနေသူတွေအတွက်
Candidate Experience ဆိုတဲ့ ရှုထောင့်ကနေ
အင်တာဗျုးမှာ Candidateကိုမလေးမစားဆက်ဆံတာက
company image ကိုဘလိုထိခိုက်စေလဲဆိုတာ
ဆွေးနွေးပေးပါမယ်။
အင်တာဗျူးဆိုတာ ကုမ္ပဏီက Candidate ကို
စစ်ဆေးတာတင် မဟုတ်ပါဘူး။ Candidate ကလည်း
ကုမ္ပဏီဟာ သူအလုပ်လုပ်ဖို့ ထိုက်တန်ရဲ့လားဆိုတာကို
ပြန်လည်အကဲဖြတ်နေတဲ့ လုပ်ငန်းစဉ်ပါပဲ။
အင်တာဗျူး လာဖြေတဲ့သူတွေကို မလေးမစား
ဆက်ဆံမိတဲ့အခါ။ ဥပမာ - အချိန်အကြာကြီး စောင့်ခိုင်းတာ၊
ရိုင်းစိုင်းတဲ့ မေးခွန်းတွေမေးတာ၊ ဖုန်းတကိုင်ကိုင်နဲ့
အင်တာဗျူးတာ တွေဟာ ကုမ္ပဏီအတွက် ဘယ်လို
ဆိုးကျိုးတွေ ရှိလာနိုင်မလဲ ဆိုတာ BMI ကမျှဝေပေးပါမယ်။
Employer Brand ထိခိုက်နိုင်ပါတယ်။
အခုခေတ်က Social Media ခေတ်ပါ။
အင်တာဗျူးမှာ မကောင်းတဲ့ အတွေ့အကြုံရသွားတဲ့
Candidate တစ်ယောက်ဟာ LinkedIn လိုနေရာမျိုးမှာ
ဒါမှမဟုတ် Facebook ပေါ်မှာ သူကြုံခဲ့ရတာတွေကို
ရေးလိုက်ရုံနဲ့တင် သင့်ကုမ္ပဏီရဲ့ နာမည်
ဂုဏ်သတင်းက ချက်ချင်း ထိခိုက်သွားနိုင်ပါတယ်။
အဖိုးတန်တဲ့ Talent တွေကို လက်လွတ်ရနိုင်ပါတယ်။
တကယ်တော်တဲ့သူတွေဟာ ရွေးချယ်စရာ အများကြီး
ရှိတတ်ပါတယ်။ အင်တာဗျူးမှာကတည်းက မလေးစားတဲ့
ကုမ္ပဏီမျိုးမှာ သူတို့ ဘယ်တော့မှ အလုပ်ဝင်မှာ
မဟုတ်ပါဘူး။ ဒါဟာ ကုမ္ပဏီအတွက် အရည်အချင်း
ရှိသူတွေကို ကိုယ့်လက်နဲ့ကိုယ် တွန်းထုတ်လိုက်တာပါပဲ။
Customer ဆုံးရှုံးရနိုင်ပါတယ်။Candidate တစ်ယောက်ဟာ
ကုမ္ပဏီရဲ့ ဝန်ထမ်း ဖြစ်မလာနိုင်ပေမယ့်၊ Consumer၊
သို့မဟုတ် Customer တစ်ယောက် ဖြစ်နေနိုင်ပါတယ်။
အင်တာဗျူးမှာ ရခဲ့တဲ့ မကောင်းတဲ့ အထင်အမြင်ကြောင့်
Product ဒါမှမဟုတ် Service တွေကိုပါ အားမပေးတော့တဲ့
အထိ ဖြစ်သွားနိုင်ပါတယ်။
Interviewခန်းထဲမှာ သင့်ကုမ္ပဏီimageမကျစေဖို့အတွက်
Pro Tips လေးတွေကိုလဲ BMIကမျှဝေပေးလိုက်ပါတယ်။
Professionalism ဆိုတဲ့အတိုင်း Candidate တိုင်းကို ကိုယ့်ရဲ့
အရေးကြီးတဲ့ ဧည့်သည်တစ်ယောက်လို ဆက်ဆံရပါမယ်။
Time Management အရ သူတို့ရဲ့ အချိန်ကို လေးစားပါ။
စောင့်ခိုင်းရမယ်ဆိုရင်လည်း ခိုင်လုံတဲ့ အကြောင်းပြချက်နဲ့
ကြိုတင်တောင်းပန်ရပါမယ်။
Constructive Atmosphere ဖန်တီးပေးနိုင်ရပါမယ်။
အင်တာဗျူးခန်းဟာ စစ်ဆေးမေးမြန်းခန်း Interrogation Room
မဟုတ်ဘဲ ပညာရှင်အချင်းချင်း ဆွေးနွေးတဲ့နေရာ
Professional Discussion ဖြစ်နေစေရပါမယ်။
ဝန်ထမ်းဟောင်းတွေက ကုမ္ပဏီအကြောင်းကို အထဲကနေ
ပြောပြကြသလို၊ Candidate တွေကလည်း ကုမ္ပဏီရဲ့
အပြင်ပန်း ပုံရိပ်ကို လူတကာ သိအောင် ပြောပြ
နေကြသူတွေ ဖြစ်ပါတယ်။
လုပ်ငန်းခွင် စီမံခန့်ခွဲမှုနဲ့ လူသားအရင်းအမြစ်
စီမံခန့်ခွဲမှုဆိုင်ရာ အတတ်ပညာတွေကို အသိပညာတွေကို
အသေးစိတ် လေ့လာလိုပါက Bagan Management Institute သို့
ဆက်သွယ် စုံစမ်းနိုင်ပါတယ်။
09 4 222 88 703, 09 4 222 88 734
13/04/2026
သင်္ကြန်အကြိုဆုတောင်း
=================
"ဒီကနေ့ သင်္ကြန်အကြိုနေ့မှာ နှစ်ဟောင်းက
အညစ်အကြေးတွေ၊ စိတ်ညစ်စရာတွေအားလုံး
အတာရေနဲ့အတူ မျောပါပြီး နှစ်သစ်မှာ စိတ်သစ်၊
လူသစ်နဲ့ ပျော်ရွှင်စရာ ကောင်းသောနေ့ရက်များကို
ဖြတ်သန်းနိုင်ပါစေ။"
10/04/2026
Types Of Interview
==============
အင်တာဗျူးစစ်တော့မယ်ဆိုရင် မေးခွန်းတွေကို
ဘယ်လိုပုံစံနဲ့ မေးမလဲဆိုတာက လူမှန်ရွေးချယ်နိုင်ဖို့
အတွက် အရမ်းအရေးကြီးပါတယ်။ အင်တာဗျူးပုံစံ ၃မျိုး
အကြောင်းကို ၁ မိနစ်အတွင်း နားလည်သွားအောင်
BMI ကနေ ရှင်းပြပေးလိုက်ပါတယ်။ 👇
အင်တာဗျူးပုံစံတွေကို အမျိုးအစားခွဲလိုက်ရင်
အဓိကအားဖြင့် ဒီ (၃) မျိုးကို အတွေ့ရများပါတယ်။
ပထမတစ်မျိုးက Structured Interview ဆိုတဲ့ စနစ်တကျ
မေးမြန်းခြင်းပါ။လျှောက်ထားသူ အားလုံးကို တူညီတဲ့ မေးခွန်းလွှာ
အတိုင်း၊ "တူညီတဲ့ အစီအစဉ်" အတိုင်း မေးမြန်းတာပါ။
အားသာချက် ကတော့ဘက်မလိုက်ဘဲ မျှမျှတတ အကဲဖြတ်
နိုင်တယ်။ အမှတ်ပေးစနစ် Scoring နဲ့ နှိုင်းယှဉ်ရလွယ်ကူပါတယ်။
မေးသင့်တာကတော့ ဝန်ထမ်းအများအပြား ခေါ်ယူတဲ့အခါနဲ့
အခြေခံအရည်အချင်း တိုင်းတာတဲ့အခါ တွေပါပဲ။
ဒုတိယ တစ်မျိုးကတော့ Unstructured Interview ဆိုတဲ့
လွတ်လပ်စွာ မေးမြန်းခြင်းပါ။ မေးခွန်းလွှာ ကြိုတင်မရှိဘဲ
မိတ်ဆွေ သူငယ်ချင်းတွေ စကားပြောသလို ပေါ့ပေါ့ပါးပါး
မေးမြန်းတဲ့ ပုံစံပါ။ တစ်ယောက်နဲ့တစ်ယောက် မေးတဲ့မေးခွန်းတွေ
မတူနိုင်ပါဘူး။ လျှောက်ထားသူရဲ့ စိတ်နေစိတ်ထားနဲ့
လူမှုဆက်ဆံရေး Personality ကို ပိုသိရတယ်။ကုမ္ပဏီ
ယဉ်ကျေးမှုနဲ့ ကိုက်ညီမှု Cultural Fit ရှိ၊ မရှိ စစ်ဆေးတဲ့အခါ
မေးမြန်းနိုင်ပါတယ်။
နောက်ဆုံးတစ်မျိုးကတော့ Behavioral Interview အပြု
အမူအပေါ် အခြေခံပြီး မေးမြန်းခြင်းပါပဲ။အရင်က ဒီလို
အခြေအနေမျိုး ကြုံခဲ့ရင် ဘယ်လိုဖြေရှင်းခဲ့သလဲဆိုတဲ့ အတိတ်က
အတွေ့အကြုံ ကို မေးတာပါ။ အခုခေတ်မှာ အထိရောက်ဆုံးလို့
သတ်မှတ်ကြပါတယ်။ဘာလုပ်မယ် လို့ ပြောတာထက် တကယ်
ဘာလုပ်ခဲ့သလဲ ဆိုတဲ့ လက်တွေ့စွမ်းဆောင်ရည်ကို သိနိုင်ပါတယ်။
အသင့်တော်ဆုံးကတော့ခေါင်းဆောင်မှုအပိုင်းနဲ့ ပြဿနာဖြေရှင်း
နိုင်စွမ်း ကို တိုင်းတာတဲ့အခါမေးမြန်းနိုင်ပါတယ်။
HR တွေအတွက် အကြံပြုချက်ကတော့ဒီ (၃) မျိုးလုံးကို
ပေါင်းစပ်အသုံးပြုခြင်း Mixed Interviewပါ။အခြေခံအချက်
အလက်တွေအတွက် Structured ကိုသုံးပါ။ရင်းနှီးမှုရဖို့
Unstructured နဲ့ စတင်ပြီးနောက်ဆုံးမှာတော့ သူ့ရဲ့အရည်အချင်းကို
သေချာသိရဖို့ Behavioral Questions တွေကို မဖြစ်မနေ မေးမြန်း
သင့်ပါကြောင်းမျှဝေပေးလိုက်ရပါတယ်။
06/04/2026
Job Description (JD) မှာ မဖြစ်မနေ ပါဝင်ရမယ့်အချက်တွေ။
===========================================
အလုပ်ခေါ်စာ Job Advertisement တင်တဲ့အခါ CV တွေ
ရာနဲ့ချီတက်လာဖို့ထက် ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီတဲ့
အရည်အချင်းရှိသူတွေ တက်လာဖို့က ပိုအရေးကြီးပါတယ်။
အဲဒီလို အရည်အချင်းရှိသူတွေကို ဆွဲဆောင်နိုင်ဖို့ဆိုရင်
Winning JD တစ်စောင် မရှိမဖြစ် လိုအပ်ပါတယ်။
BMI ကနေပြီးတော့ JD တစ်စောင်မှာ ပါဝင်ရမယ့်
အချက်တွေကိုမျှဝေပေးသွားပါမယ်နော်…………။
ပထမ ဦးဆုံးအနေနဲ့ ရှင်းလင်းတိကျတဲ့ ရာထူးအမည်
Clear Job Title ရှိဖို့လိုပါတယ်။ပထမဆုံးမြင်ရတဲ့ ခေါင်းစဉ်က
ဆွဲဆောင်မှုရှိရပါမယ်။ ထူးထူးဆန်းဆန်း နာမည်တွေပေးတာထက်
လူတွေ အရှာများတဲ့ Standard Job Title တွေကို သုံးပါ။
အဓိက တာဝန်ဝတ္တရားတွေဖြစ်တဲ့ Core Responsibilities
တွေကိုပဲဖေါ်ပြပေးပါ။ဒီအလုပ်ဝင်ရင် နေ့စဉ် ဘာတွေလုပ်
ရမလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိပါစေ။ စာမျက်နှာအပြည့်
ရေးတာမျိုးထက် အဓိကလုပ်ရမယ့်အလုပ် Bullet Points
၅ ချက် ကနေ ၁၀ ချက်အတွင်းပဲ ရေးပါ။ ဝန်ထမ်းသစ်အနေနဲ့
သူ့ရဲ့ အောင်မြင်မှုကို ဘယ်လိုတိုင်းတာမလဲဆိုတဲ့ KPI ဆိုတာကိုပါ
အရိပ်အမြွက် ထည့်ရေးပေးရင် ပိုကောင်းပါတယ်။
လိုအပ်သော အရည်အချင်းနဲ့ ကျွမ်းကျင်မှု Required Skills
ကိုတော့ Must-have မရှိမဖြစ်လိုအပ်ချက် နဲ့ Nice-to-have
ရှိရင်ပိုကောင်းမယ့်အချက် ကို ခွဲရေးပါ။Soft Skills ဖြစ်တဲ့
ဆက်ဆံရေးကောင်းမွန်ရမည် စတာတွေကိုပါ ထည့်သွင်းပါ။
ဒါမှသာ မကိုက်ညီတဲ့သူတွေ လျှောက်ထားမှုကို လျှော့ချနိုင်မှာပါ။
ရရှိနိုင်မယ့် အကျိုးခံစားခွင့် Compensation & Benefits ကတော့
Candidate တိုင်း သိချင်ဆုံး အချက်ပါ။ လစာ Salary Range ကို
ပွင့်လင်းမြင်သာစွာ ဖော်ပြနိုင်ရင် အကောင်းဆုံးပါ။ ဒါ့အပြင်
Ferry ရှိသလား၊ ကျန်းမာရေးအာမခံ ပေးသလား၊ သင်တန်းတွေ
တက်ခွင့်ပေးသလား စတဲ့ Benefit တွေကို ထည့်ရေးခြင်းကJD ကို
တခြားကုမ္ပဏီတွေထက် ပိုထူးခြားသွားစေမှာပါ။
BMI က HR တွေအတွက် အကြံပြုချက်ကတော့JD ဆိုတာ အလုပ်ခိုင်းဖို့
စာရင်းပြုစုတာ မဟုတ်ဘဲ ကိုယ့်ကုမ္ပဏီကို ရောင်းချတဲ့ Marketing Tool
တစ်ခုဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ ဖတ်ရတာ ရိုးရှင်းပြီး ဆွဲဆောင်မှုရှိတဲ့
JD တစ်စောင်ဟာ လူမှန်နေရာမှန် ရရှိဖို့အတွက် ပထမဆုံး ခြေလှမ်းပါပဲနော်။