Popcorn English

Popcorn English Make yourself a popcorn here!

တစ်ခါတစ်လေကျ ကျနော်တို့ အားလုံးမှာ ဘာကိုမှ မလုပ်ချင်တဲ့အချိန်တွေ ရှိကြတယ်မလား။ “Today I don’t feel like doing anything…....
24/01/2022

တစ်ခါတစ်လေကျ ကျနော်တို့ အားလုံးမှာ ဘာကိုမှ မလုပ်ချင်တဲ့အချိန်တွေ ရှိကြတယ်မလား။
“Today I don’t feel like doing anything…..” ဒီလိုနေ့ရက်တွေပေါ့။
ဒီလိုမျိုး ပျင်းရမှာတောင် ပျင်းတယ်ဆိုတာမျိုးကို ပြောချင်ရင်

🔺Bored stiff
🔺Bored to death or Bored to tears လို့ ပြောလို့ရပါတယ်။

Informal idioms တွေ ဖြစ်ပါတယ်။
“အရည်ထွက်အောင်ပျင်းတယ်” လို့အဓိပ္ပာယ်ရပါတယ်။

ဒါတွေကို ဘယ်လိုသုံးထားလဲ တစ်ချက်ကြည့်ရအောင်။

🥕You talked for so long that all your audience were bored stiff.
မင်းလေကြောရှည်နေတာနဲ့ ပရိသတ်က ပျင်းသွားပြီကွ။
🥕Yesterday’s philosophy lecture bored me stiff.
မနေ့က ဖီလောဆိုဖီ လက်ချာရိုက်တာလေ ငါတော့ ရေလည်အီသွားတာပဲ။
🥕The movie bored me to death so I fell asleep in the cinema.
အဲ့ကားကြီး ပျင်းစရာကောင်းလိုက်တာမှ ရုပ်ရှင်ရုံထဲမှာတင် အိပ်ပျော်သွားကောပဲ။
🥕She's been doing the same job day after day after day. She's bored to tears with work.
သူက တစ်ရက်ပြီး တစ်ရက် ဒီအလုပ်ကြီးကိုပဲ ထပ်ခါ ထပ်ခါ လုပ်နေရတော့ အလုပ်လုပ်ဖို့ဆို အရည်ထွက်မတတ် ပျင်းနေပြီလေ။

🔺So tell us, what bore you to tears?



ဒီနေ့တော့ အာလုံးစိတ်ဝင်စားမယ်ထင်တဲ့ sexy ဆန်ဆန်စကားလုံးလေးတခုကို မျှဝေပေးချင်ပါတယ်😍လူတိုင်းနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ “Ju...
15/01/2022

ဒီနေ့တော့ အာလုံးစိတ်ဝင်စားမယ်ထင်တဲ့ sexy ဆန်ဆန်စကားလုံးလေးတခုကို မျှဝေပေးချင်ပါတယ်😍

လူတိုင်းနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ “Juicy “ ဆိုတဲ့စကားလုံးလေးကို များသောအားဖြင့် အစားအသောက်၊အသီးအနှံတွေနဲ့တွဲသုံးကြပြီး “အရည်ရွှမ်းသော” လို့အဓိပ္ပာယ်ရတာ သိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် “juicy” လေးကို စကားပြောမှာ ထည့်သုံးတဲ့အခါ ဘယ်လိုဖြစ်သွားမလဲ 🤔

ဒီစကားလုံးလေးကို Emily In Paris မှာ သတိထားမိခဲ့တာဖြစ်ပြီး အလန်းစားစကားလုံးလေးမို့ မျှဝေချင်စိတ် တဖွားဖွားဖြစ်ပေါ်ခဲ့တာပါ😂

🔺Usage- juicy (adj) + N တွဲသုံးပေးရပါတယ်။
🔺Meaning and synonyms- very interesting, exciting, hot , entertaining, fascinating .

ဒီ စကားလုံးလေးက informal ဖြစ်ပြီးတော့ ရင်းနှီးသူတွေနဲ့ ပြောတဲ့အခါမှာသုံးပါတယ်။အထူးသဖြင့်အတင်းတုတ်တဲ့အခါပေါ့😂

ဆိုတော့ အသုံးပြုပုံလေးကို example လေးနဲ့ပြောပြမယ်။

📍Eg: 1 . I’ve got some really juicy gossip for you.
“ကမရေ ငါ့မှာ သတင်းထူးပါလာတယ်ဟဲ့”

📍Eg:2. This movie/project is so juicy.
“ဒီဇာတ်ကား/ပရောဂျက် က အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်”

Emily In Paris မှာတော့ “So I’ll start at the beginning because it’s so juicy” ဆိုပြီး သုံးထားတာဖြစ်ပါတယ်။

ကဲ… We’ll make juicy contents for u all ပါ။ နောက်နေ့ကျ ပြန်ဆုံကြမယ်ဗျာ။



ဒါလေးပြန်ဖတ်ကြည့်ပါ♥️♥️
12/01/2022

ဒါလေးပြန်ဖတ်ကြည့်ပါ♥️♥️

Speaking တိုးတက်ဖို့ ဇာတ်ကားကြည့်တာထက် ပိုကောင်းတဲ့နည်းလမ်းလေးက ဘာဖြစ်မလဲ။ 👀-----အဲ့ဒီနည်းလမ်းလေးကတော့…..အင်္ဂလိပ်စကားပြ...
10/01/2022

Speaking တိုးတက်ဖို့ ဇာတ်ကားကြည့်တာထက် ပိုကောင်းတဲ့နည်းလမ်းလေးက ဘာဖြစ်မလဲ။ 👀
-
-
-
-
-
အဲ့ဒီနည်းလမ်းလေးကတော့…..
အင်္ဂလိပ်စကားပြော Vlog လေးတွေကြည့်တာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်တွေ ကြည့်တာထက် Vlog ကြည့်တာက ဘာကြောင့်ပိုကောင်းတာလဲဆိုတာ ပြောပြပေးမယ်နော်။

1.Real-Life Conversations
Vlog တွေမှာက ဇာတ်ညွှန်းထဲက စာသားတွေ မဟုတ်ဘဲ လက်တွေ့မှာ ဖြစ်နေ၊ ပြောနေတာတွေပါတာမို့ ပိုပြီးသဘာဝကျတဲ့ အသုံးအနှုန်း၊ အသံထွက်တွေကို သင်ယူနိုင်ပါတယ်။ နောက်ပြီးတော့ နေ့စဥ်အသုံးပြုနေတဲ့ ဗန်းစကားတွေ၊ အသုံးများတဲ့ စကားစုတွေကို သပ်သပ်ကြီး ကျက်စရာမလိုဘဲ ရင်းနှီးသွားနိုင်ပါတယ်။

2. Comparatively Short
ဒုတိယတစ်ချက်ကတော့ ရုပ်ရှင်တွေနဲ့စာရင် vlog လေးတွေကတိုပါတယ်။ ရုပ်ရှင်တစ်ကားဆို မိနစ် 90လောက်အနည်းဆုံးအချိန်ပေးရပေမဲ့ vlogဆို 15မိနစ် မိနစ် 20 ၀န်းကျင်ပဲရှိပါတယ်။ ရုပ်ရှင်ကြည့်တာလိုအချိန်သပ်သပ်ကြီးပေးစရာမလိုဘဲ ကိုယ်အားရင် အားတဲ့အချိန်လေးမှာ ကြည့်လို့ရပါတယ်။

3. Variety
vlog အများစုဟာ နေ့တိုင်းမဟုတ်ရင်တောင် အပတ်တိုင်း၊ လတိုင်း အချိန်သတ်မှတ်ပြီး တင်ကြတာမို့ ကြည့်စရာလည်း ပိုများ၊ ရွေးချယ်စရာလည်းများ ပါတယ်။ Vlog မှာတောင်မှ travel vlog, study vlog, business vlog, daily life vlog, Family vlog စသဖြင့် အမျိုးအစား အများကြီးရှိတာမို့ ကိုယ်စိတ်ဝင်စားတာလေးတွေအလိုက် သေချာရှာပြီး ကြည့်လို့ရပါသေးတယ်။

Vlog မကြည့်ဖူးသေးဘူး၊ ဘာကြည့်ရမလဲဆိုရင်တော့ အက်မင်တို့ကြည့်နေကြ Vlog လေးတချို့ ညွှန်းပေးပါမယ်နော်။ 👇

📚 Study Vlog

Studytee (https://youtube.com/c/studytee)

fayefilms (https://youtube.com/c/ifilmthis)

studyign (https://youtube.com/c/studyign)

StudywithKiKi (https://youtube.com/c/StudyWithKiki)

WaysToStudy(https://youtube.com/c/WaysToStudy)

👨‍👩‍👦‍👦 Family Vlog

📍Mel Datagun
Mel ဟာ Julian နဲ့ Luca ဆိုတဲ့ သားနှစ်ယောက်အမေ Single Mother ဖြစ်ပါတယ်။(https://youtube.com/user/lifeofmeli)

📍THE MILLER FAM
The Miller မိသားစုမှာ‌တော့ မိသားစု၀င် ၉ယောက်ရှိပါတယ်။ မွေးစားထားတဲ့ သားသမီးတွေက နိုင်ငံမတူ ယဉ်ကျေးမှုမတူတော့ ပိုစိတ်၀င်စားဖို့ ကောင်းပါတယ်။
(https://youtube.com/c/graceforthemillers)

📍Phil and Alex
ချစ်စရာကောင်းတဲ့ သမီးလေးသုံးယောက်ရှိတဲ့ မိသားစုဖြစ်ပါတယ်။
(https://youtube.com/c/PhilandAlex)

[ထူးခြားတာတစ်ခုက ဒီမိသားစု 3စုလုံးမှာ မွေးစားထားတဲ့သားသမီး‌တွေ ရှိပါတယ်။ 💖အက်မင်က Adoptionကိုစိတ်၀င်စားလို့ အဲ့လိုမိသားစုဟာလေးတွေ အကြည့်များတာပါ။]

💼Business Vlog
ဒါအတွက်ကျတော့ channel မဟုတ်ဘဲ videos လေးတွေ ရွေးပေးမယ်နော်။

📍crochet အ၀တ်အစားလေးတွေနဲ့ fashion items တွေကို ရောင်းတဲ့ small business launchစလုပ်တဲ့ အကြောင်းလေးပါ။ (Nat The Label Brand)
https://youtu.be/79Nhi3SV0Lg

📍Hoodie လေး တွေ အဓိကရောင်းတဲ့ small business launch စလုပ်တဲ့ အကြောင်းလေးပါ။ (Reborn Club Brand)
https://youtu.be/Vj1RxxO1FM0

📍ကျောင်းသူလေးတစ်ယောက်ကကြွေထည်ပစ္စည်းလေးတွေရောင်းတဲ့ small business လေးပါ။
https://youtu.be/owQ82Yj09DA

🏝️Travel Vlog

🔺Yes Theory
နိုင်ငံပေါင်းစုံကစိတ်၀င်စားဖွယ်အကြောင်းအရာ‌တွေကို ရိုက်ပြထားတာပါ။
https://youtu.be/Qmi-Xwq-MEc

🔺Mark Wiens
နိုင်ငံပေါင်းစုံက အစားအသောက်တွေကို လိုက်စားကြည့်တဲ့ အကြောင်းတွေ ပါပါတယ်။
https://youtube.com/c/MarkWiens

🔺FunForLouis
ကမ္ဘာပတ်ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့အရာ‌တွေ ကို ကိုယ်တိုင်ကိုယ်ကျ စူးစမ်းကြည့်တဲ့ အကြောင်းတွေ များပါတယ်။
https://youtube.com/Louis

Popcorn လေးတို့ ကြည့်တဲ့ Vlog လေးတွေ ရှိရင်လည်း comment မှာပြောပြပေးသွားဦးနော်။

အင်္ဂလိပ်စာ သင်တန်းတွေ အများကြီးတက်ပြီး တကယ်တမ်း မတိုးတက်တဲ့ထဲ မင်း ပါနေပြီလား။ အားလုံးမြင်နေရတဲ့အတိုင်း ဒီနေ့ခေတ်မှာ En...
08/01/2022

အင်္ဂလိပ်စာ သင်တန်းတွေ အများကြီးတက်ပြီး တကယ်တမ်း မတိုးတက်တဲ့ထဲ မင်း ပါနေပြီလား။
အားလုံးမြင်နေရတဲ့အတိုင်း ဒီနေ့ခေတ်မှာ English language သင်တန်းတွေ အများကြီးပဲ ရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ learners တွေကလည်း ဟိုသင်တန်းကောင်းတယ်ဆို ပြေးတက်လိုက်၊ ဒီသင်တန်းကောင်းတယ်ဆိုရင် တက်ကြည့်လိုက် လုပ်ကြတာပေါ့။ ကျွန်တော့်လို ငွေရေးကြေးရေး အခက်အခဲ ရှိတဲ့ သူတွေဆိုလည်း Free course တွေ အကုန် လိုက်joinတာပေါ့ဗျာ။

ဒါပေမဲ့ သိထားသင့်တာက သင်တန်းတက်တိုင်း တိုးတက်လာတာ မဟုတ်ဘူး ဆိုတာပါပဲ။

ဒါဆို အချိန်ကုန်၊ ငွေကုန်ထားရတဲ့ သင်တန်းတက်တဲ့အခါ တကယ် တိုးတက်မှု ရှိချင်ရင် ဘာလုပ်ရမလဲ။ သိချင်ရင် ပုံလေးတွေကိုထောက်ပြီးဆက်ဖတ်လိုက်ပါ။



တလရ အတွက် ကြိုးစားရင်း အင်္ဂလိပ်စာလည်း ဆက်လုပ်နေကြတဲ့ ရင်ဘတ်တူ သူငယ်ချင်းတွေအတွက် 🤩Pronunciation ကောင်းအောင် လေ့ကျင့်လို...
06/12/2021

တလရ အတွက် ကြိုးစားရင်း အင်္ဂလိပ်စာလည်း ဆက်လုပ်နေကြတဲ့ ရင်ဘတ်တူ သူငယ်ချင်းတွေအတွက် 🤩

Pronunciation ကောင်းအောင် လေ့ကျင့်လို့ သိပ်ကောင်းတဲ့ 😍

Elsa premium - 3 months ကို

လက်ဆောင်ပေးချင်ပါတယ်။ 🥳🤩
appအကြောင်းတော့ အများကြီး မပြောတော့ဘူးနော်။ 😁

😊Giveaway မှာ ပါဝင်ဖို့ဆို အချက်လေး ၃ချက် လိုတယ်နော်။

✅ page လေးကို like and follow လေး လုပ်

✅ ဒီ postလေးကို like and share

✅ နောက်ဆုံးအနေနဲ့ Thadin or LattSaung appမှာ point 500နဲ့ အထက် ရထားတာကို ss ယူပြီး
page messengerမှာ ပို့ပေး။ 😎 ဒါလေးက အရေးကြီးဆုံးပါနော်။

၅၀၀မပြည့်သေးတဲ့သူ၊ အခုမှ စလုပ်မယ်ဆိုတဲ့သူတွေလည်း ......😘
၁၇ရက်နေ့အထိ လုပ်လို့ရသေးတယ်နော်။

၁၉ရက်နေ့ မဲဖောက်မယ်ဆိုတော့ မြန်မြန်လေး လုပ်ဖို့ လိုမယ်ဗျို့။ 😌

BTW, Merry Christmas and Be safe all💙




လူတိုင်းမှာ ‘ဒါကြီးပြီးသွားရင်…’ အစချီတဲ့အိပ်မက်လေးတွေကိုယ်စီရှိကြမယ်လို့ ကျွန်တော်ယုံကြည်ထားတယ်။ ကျွန်တော်ကိုယ်တိုင်လဲ ...
10/11/2021

လူတိုင်းမှာ ‘ဒါကြီးပြီးသွားရင်…’ အစချီတဲ့အိပ်မက်လေးတွေကိုယ်စီရှိကြမယ်လို့ ကျွန်တော်ယုံကြည်ထားတယ်။ ကျွန်တော်ကိုယ်တိုင်လဲ အိပ်မက်တွေရှိခဲ့တာပါပဲ။ဆိုတော့ဗျာ….

🔺Dreams beyond crisis ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကျွန်တော်တို့ရဲ့ သင်တန်းသူတစ်ယောက်လဲဖြစ် army တစ်ယောက်လဲဖြစ်တဲ့ ညီမလေးရေးထားတဲ့ essay လေးကို ဖတ်ပြီး လူငယ်တစ်ယောက်ရဲ့အိပ်မက်အကြောင်း ခံစားပေးကြပါဦးဗျာ။




ပေါ့ပေါ့ပါးပါးလေ့လာကြမယ်🤩
01/11/2021

ပေါ့ပေါ့ပါးပါးလေ့လာကြမယ်🤩

အင်္ဂလိပ်စာကို သီးသန့်အချိန်ပေးပြီး လေ့လာတာအပြင် အားလပ်ချိန် တွေမှာ အနားယူရင်းလည်း ပျော်ပျော်ပါးပါး လေ့လာလို့ရပါသေးတယ်နော်..
🥳🤩

📺📺📺ကိုယ်က အားလပ်ချိန်တွေမှာ ရုပ်ရှင်တွေ စီးရီးတွေ ကြည့်ဖြစ်တဲ့သူဆိုရင်တော့ ဘာပဲကြည့်ကြည့် English Subtitles နဲ့ ကြည့်ပါလို့ အကြံပေးပါရစေ...English Subtitles နဲ့ကြည့်နေကျလာတဲ့အခါမVocab အသစ်တွေ အများကြီး လေ့လာလို့ရတဲ့အပြင် Reading Skill အတွက်ပါ အထောက်အကူ ဖြစ်စေမှာပဲ ဖြစ်ပါတယ်🙆🙆🙆

📚📚📚စာဖတ်ဝါသနာ ပါတဲ့သူတွေ အတွက်ဆိုရင်တော့ ကိုယ်ဖတ်နေကျ စာအုပ်တွေအပြင် အင်္ဂလိပ် လိုရေးထားတဲ့ စာအုပ်တွေကိုလည်း ဖတ်ကြည့်သင့်ပါတယ်နော် အင်္ဂလိပ်စာအုပ်တွေ ဖတ်ပြီးတော့ Reading and Writing Skills အတွက် တိုးတက်လာအောင် လေ့လာလို့ရပါတယ်🙆🙆🙆

ကဲ Listening အတွက်ဆိုရင်တော့ အကြိုက်ဆုံး English သီချင်းတွေ နားထောင်ပြီးတော့ ဖြစ်စေ English Movies/ Series တွေက ဖြစ်စေ လေ့လာလို့ရပါတယ်...English လိုပြောတာ၊ ဆိုတာကို အမြဲ နားထောင်နေကျ ဖြစ်လာမယ်ဆိုရင် တဖြည်းဖြည်းနဲ့ သူတို့ အခေါ်အဝေါ် အပြောအဆိုတွေနဲ့ အကျွမ်းဝင်လာပြီး Listening ဘက်မှာ အားကောင်းလာမှာပဲဖြစ်ပါတယ်..😍😍😍

👉Listening တင်မကဘဲ အသုံးဝင်မဲ့ Daily usages လေးတွေ လိုက်မှတ်ရင်း သူတို့ပြောဟန်နဲ့ လိုက်ပြောကြည့်ရင်းနဲ့ပါ Speaking အတွက်ရော ဂရုတစိုက် လေ့လာလို့ရပါသေးတယ်🙆🙆🙆

ခုပြောပြသွားခဲ့တဲ့အတိုင်း အမြဲ အင်္ဂလိပ်စာနဲ့ လွယ်လွယ်ကူကူ ထိတွေ့​မှုရှိမယ်ဆိုရင်တော့
စိတ်အပန်းလဲပြေပြီး
English စာအတွက်ပါ တစ်ပါတည်း တိုးတက်လာမှာဖြစ်လို့ ခုကစပြီး ဖြည်းဖြည်းချင်းစီ Try ကြည့်ကြပါစို့🥰

ကျွန်တော်တို့ပြောပြပေးတဲ့နည်းလမ်းတွေထဲကလို အင်္ဂလိပ်စာကို ချဉ်းကပ်လေ့လာနေတဲ့သူတွေ
ရှိတယ်ဆိုရင် ကြည့်ဖူးတဲ့ ဇာတ်ကား ဒါမှမဟုတ် ဖတ်ဖူးတဲ့ စာအုပ်ထဲက ဘော်ဒါတို့ heart ထိခဲ့တဲ့ စကားလုံးလေးတွေ ကျွန်တော်တို့ကို comment မှာ မျှဝေပေးပါဦးဗျာ..👇👇👇

အင်္ဂလိပ်စကားပြော ကောင်းချင်တယ် ဆိုသူတွေ ကြည့်ကိုကြည့်သင်တဲ့ Youtube channel တစ်ခု။  ကျွန်တော်တို့ မြန်မာလူငယ်တွေ အများစ...
22/10/2021

အင်္ဂလိပ်စကားပြော ကောင်းချင်တယ် ဆိုသူတွေ ကြည့်ကိုကြည့်သင်တဲ့ Youtube channel တစ်ခု။
ကျွန်တော်တို့ မြန်မာလူငယ်တွေ အများစုဟာ တခြား skillsတွေထက် Speakingမှာ တော်တော်လေး အားနည်းကြပါတယ်။ ဆရာကောင်းတွေနဲ့ မတွေ့ခဲ့တာ၊ စာအုပ်တွေကနေပဲ အင်္ဂလိပ်စကားပြောကို လေ့လာခဲ့ရတာ၊ Pronunciation ကို လေ့လာရမှန်းမသိခဲ့တာ၊ ဘယ်လိုလေ့လာရမှန်း မသိတာ စသဖြင့် အကြောင်းအရင်းတွေ အများကြီး ရှိပါလိမ့်မယ်။
ကံကောင်းစွာနဲ့ပဲ ဒီနေ့မှာတော့

🔺Speaking Tips, Speaking Topics, Speaking Advice

🔺English Pronunciation

🔺IELTS Speaking, Vocabs for IS Speaking

🔺Grammar Guides for Speaking

ဒါတွေအားလုံးကို English Speaking Success ဆိုတဲ့ youtube channel မှာ လေ့လာနိုင်ပါပြီ။
British Accent channel ဖြစ်တာမို့လို့ UK မှာကျောင်းသွားတက်ဖို့ ရည်ရွယ်ထားသူတွေအတွက် ပိုပြီးအဆင်ပြေပါတယ်။

ဒါလေးကတော့ channel link ပါ။ 👇🏻👇🏻

📌 https://youtu.be/MdUkC7Vz3rg

အားလုံးပဲ ကျန်းမာရေး ဂရုစိုက်ပါ။



သင်ကိုယ်တိုင်နိုးထရမယ့်အချိန်ရောက်ပြီ😂😂😂 ’sfanpage
19/10/2021

သင်ကိုယ်တိုင်နိုးထရမယ့်အချိန်ရောက်ပြီ😂😂😂

’sfanpage

04/10/2021

မနက်စာကို အာဟာရရှိပြီး အလွယ်တကူ ကိုယ်တိုင်လုပ်စားချင်လား။‼️

အမယ်လေး ဒို့ကတော့ ကြက်ဥတောင်ကောင်းကောင်းမကြော်တတ်ပါဘူး ယောက္ခမထောင်းတာခံရတော့မှာပဲ လို့ ညည်းနေတဲ့သူတွေ ရှိရင်လဲ စိတ်မပူနဲ့နော်။ ဒီ video လေးက အထောက်အကူဖြစ်မှာပါ။😁

ဒါဆိုရင် ကျွန်တော်တို့ရဲ့ Nyein Nandar Zaw နဲ့ Wai Yan Naing တို့ရဲ့ လက်စွမ်းပြထားတဲ့ menu လေးကို တချက်လောက် ဝင်ရှိုးလိုက်ဗျာ။

ကျွန်တော်တော့ သွားရည်ယိုနေပြီ။



03/10/2021

ဒီနေ့ ညစာကို ငါးကြော်နဲ့စားကြမယ်ဟေ့။🤤🤤

-ငါးကြော်ရင် ဆီပေါက်မှာကြောက်တယ်ဟုတ်‼️

ဒီ video လေးထဲမှာ ကျွန်တော်တို့ရဲ့ သင်တန်းသူလေး Nan Sein က ငါးကြော်လေးကို ဆီမပေါက်အောင် သိုင်းကျမ်းတခုထည့်ပြထားတယ်နော့်။

ကဲ ကြည့်လိုက်ကြရအောင်လားခင်ဗျာ။

Address

Yangon

Telephone

+959976634108

Website

Alerts

Be the first to know and let us send you an email when Popcorn English posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Popcorn English:

Shortcuts

Share

Category