AATC Air-conditioning Training Center

AATC Air-conditioning Training Center

Share

Our Course provides a simple understanding of Air-conditioning fundamentals for you.

06/06/2025

𝙄𝙣𝙩𝙚𝙧𝙣𝙨𝙝𝙞𝙥 𝙋𝙧𝙤𝙜𝙧𝙖𝙢

Tᴀsᴀᴋɪ Aɪʀᴄᴏɴ Mʏᴀɴᴍᴀʀ နှင့်
Aɪʀᴛᴇᴍᴘ Eɴɢɪɴᴇᴇʀɪɴɢ Cᴏ., Lᴛᴅ.တို့က
𝙋𝙤𝙡𝙮𝙩𝙚𝙘𝙝𝙣𝙞𝙘 𝙐𝙣𝙞𝙫𝙚𝙧𝙨𝙞𝙩𝙮 (𝙈𝙖𝙪𝙗𝙞𝙣)မှ
လာရောက် အလုပ်သင်ကြသော ကျောင်းသား၊
ကျောင်းသူများအတွက် အလုပ်သင်ကာလကို
အကျိုးရှိစွာ ကောင်းမွန်သော အတွေ့အကြုံနှင့် အရည်အသွေးမြင့် ကျွမ်းကျင်မှုများ ရရှိစေရန်
𝐈𝐧𝐭𝐞𝐫𝐧𝐬𝐡𝐢𝐩 𝐏𝐫𝐨𝐠𝐫𝐚𝐦 ကိုစီစဉ်ဆောင်ရွက်
ပေးခဲ့ပါသည်။

လက်တွေ့ကျသော အလုပ်သင်မှု အတွေ့အကြုံများ
အပြင် မရှိမဖြစ်လိုအပ်သော Skills များကိုလည်း
ပေးနိုင်ရန် အလေးထားဆောင်ရွက်ပါသည်။

ထို့အပြင်၊ ကျောင်းသား၊ ကျောင်းသူများသည်
သက်ဆိုင်ရာ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများကို
သာမက၊ လုပ်ငန်းခွင်တွင် လိုအပ်သော
လုပ်ငန်းဆိုင်ရာ အပြုအမူ၊ အဖွဲ့အစည်းဆိုင်ရာ
အသိဉာဏ်၊ နှင့် လုပ်ငန်းခွင်တိုးတက်မှုများကိုလည်း
သင်ကြားပေးပါသည်။

လိုအပ်သည့် လမ်းညွှန်မှု၊ ဆရာ/ဆရာမ၊ မန်နေဂျာ၊
ကြီးကြပ်မှုးများဖြင့် လူငယ်များ၏ Professional Development အတွက် အဓိကဦးစားပေးချက်အဖြစ်
Internship Program ကို လက်ခံပို့ချသင်ကြားပေးပြီး၊
သင်တန်းပြီးဆုံးသွားသော ကျောင်းသား၊ ကျောင်းသူ
များ၏ အနာဂတ် ကောင်းမွန်ဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

အလုပ်သင်ကာလ အောင်မြင်စွာ ပြီးဆုံးမှုအတွက်
Internship Certificate ကိုလည်း အမှတ်တရနှင့်
အနာဂတ်အတွက် အထောက်အထားအဖြစ်
ပေးအပ်လိုက်ပါသည်။

23/03/2025

R-32 နှင့် မီးဘေးအန္တရာယ်

R-32 ကို အနည်းငယ် မီးလောင်လွယ်သော
ဓါတ်‌ငွေ့ရည် (Slightly Flammable refrigerant)
အဖြစ် သတ်မှတ်ပါတယ်။

ဒါ့ကြောင့် အိမ်ရှင်‌တော်‌တော် များများက
R-32 Air Con တွေကို အိမ်မှာတပ်ဆင်ဖို့
ဝန်လေးကြပါတယ်။

အိမ်ရှင်‌တွေ စိုးရိမ်သလို တကယ်အန္တရာယ်ရှိ/မရှိ တွက်ချက်ကြည့်ပါမယ်။

Air con တပ်ဆင်ထားတဲ့ အခန်းတစ်ခန်းဟာ အနည်းဆုံး ၁၀ပေပတ်လည် အမြင့် နဲ့ ၈ပေရှိကြပါတယ်။

ဒါ့ကြောင့် အခန်း ၁၀၀စတုရန်းပေ အနည်းဆုံးရှိပါတယ်။

Air Con indoor ကိုအမြင့် ၇‌ ပေလောက်မှာ
ထားရင် indoor အောက်မှာရှိတဲ့ အခန်းလေထုရဲ့
ထုထည် (volume) ဟာ ၇၀၀ကုဗပေ ဖြစ်ပါတယ်။

မီတာနဲ့တွက်ရင် 20m3 (20 ကုဗမီတာ)
အနည်းဆုံးရှိပါမယ်။

အိမ်သုံး Air Con တွေကို အများအားဖြင့်
Refrigerant 0.7kg (2 lb) ဝန်းကျင် နဲ့
လည်ပတ်ကြရပါတယ်။

အဲ့ဒီ Refrigerant (ဓါတ်‌ငွေ့ရည်) အားလုံး
ယိုစိမ့်သွားမယ်ဆိုရင် အခန်းထဲမှာ ဓါတ်‌ငွေ့
သိပ်သည်းဆဟာ 0.7 kg/20m2 (သို့မဟုတ်)
0.035kg/m3 ရှိပါမယ်။

R-32 ဓါတ်ငွေ့ မီးလောင်ဖို့အတွက် သိပ်သည်းဆဟာ အနည်းဆုံး 0.306 kg/m3 ရှိရပါမယ်။

ဒါ့ကြောင့် ၁၀ပေပတ်လည်အခန်းတစ်ခန်း
R-32 ဓါတ်‌ငွေ့ ကြောင့် မီး‌လောင်ဖို့ဆိုတာ
Air Con ၉လုံးစာလောက် ဓါတ်ေငွ့ ယိုစိမ့်ဖို့
လိုအပ်ပါတယ်။

ဒါ့ကြောင့် R-32 Air Con အသုံးပြုတဲ့အတွက်
မီးဘေးအန္တရာယ် ‌ဖြစ်ဖို့ဆိုတာ အလွန်တရာ
ခဲယဥ်းလှပါတယ်။



🏢Airtemp Air-conditioning Training Center
No.28, Ayarwon Road,
Mya Khwar Nyo Housing (AKK),
Tharkayta Township,
Yangon, Myanmar.

☎️09 881 888 939, 09 881 888 909

25/02/2025

Air Con ကို အပူချိန်ဘယ်လောက်ထားသင့်သလဲ။
~~~~~~~~~~~~~~~~~~~~~~~~
ကိုယ့်အိမ်က Air Con ကို setting လုပ်ထားသင့်တဲ့ အပူချိန် အကြောင်းဆွေးနွေးချင်ပါတယ်။
ပညာရှင်တွေက လူသားတယောက်ရဲ့ သက်တောင့်သက်သာ နေထိုင်နိုင်တဲ့ အပူချိန် (comfort temperature) က 22°C ကနေ 27°C အကြားမှာ ရှိပြီး လေထုထဲမှာ ရေငွေ့ပါဝင်မှု RH( relative humidity ) ကတော့ 40%ကနေ 60%အကြား ရှိတယ်ဆိုပြီးသတ်မှတ်ထားကြပါတယ်။
ဒါ့ကြောင့် အိမ်ကလေအေးပေးစက်ကို အပူချိန် setting ထားရင် 22°C ကနေ 27°Cအကြားထားသင့်ပါတယ်။
ဒါပေမယ့် ဝတဲ့သူနဲ့ ပိန်တဲ့သူအတွက် အသင့်တော်ဆုံးအပူချိန် (comfort temperature) တွေကတူကြမှာတော့မဟုတ်ပါဘူး။
ဝတဲ့သူကပိုပြီးအအေးကြိုက်ပါတယ်။ ပိန်တဲ့သူကတော့ အအေးဒဏ်သိပ်မခံနိုင်ပါဘူး။
နေထိုင်တဲ့အရပ်ဒေသကွဲရင် လည်း comfort temperature ကွဲပါတယ်။
တောင်ပေါ်သားတွေက အအေးကြိုက်ပြီး အညာသားတွေကတော့ အအေးဒဏ်သိပ်မခံနိုင်ပါဘူး။
အခန်းအမျိုးအစားပေါ်လိုက်ပြီးတော့လည်း comfort temperature ကွဲပါတယ်။ငြိမ်ငြိမ်လေးထိုင်ပြီးအလုပ်လုပ်ရတဲ့ ရုံးခန်းတွေ Library တွေမှာ comfort temperature မြင့်ပါမယ်။
လှုပ်ရှားမှုများတဲ့ ကပွဲခန်းမတွေ နဲ့ အပူထွက်ရှိမှုများတဲ့ စားသောက်ဆိုင်တွေ မှာ comfort temperature နိမ့်ပါမယ်။
setting temperature ကို 22°C အောက်ထားမယ်ဆိုရင် ကြာရှည်မထားသင့်သလို 27°C အထက် အချိန်ကြာကြာ ထားရင်လည်း ကျန်းမာရေးအတွက် မကောင်းပါဘူး။
အဲကွန်း အပူချိန်ကို 22°C နဲ့ 27°C အကြား မိမိနဲ့ အသင့်တော်ဆုံး တခုကိုရွေးချယ်ထားတာဟာ အကောင်းဆုံးဖြစ်ပါမယ်။
ဖတ်ရှုပေးတာကျေးဇူးတင်ရှိပါတယ်။
××××××××××××××××××××
Air con ပညာရပ်ကိုအခြေခံကျကျ သင်ယူတတ်မြောက်လိုပါက AATC အဲကွန်းသင်တန်းကိုတက်ရောက်နိုင်ပါသည်။

သင်တန်းတည်နေရာ
~~~~~~~~~~~~~
အမှတ် (၂၈)၊ ဧရာဝဏ်လမ်း၊
သာကေတမြို့နယ်၊ ရန်ကုန်။

☎️09 881 888 939
09 881 888 909

Photo - credit

13/02/2025

ကွန်ပရက်ဆာ အပူကာ
Compressor Insulation Jacket
~~~~~~~~~~~~~~~~~~~~~~~~~
မြန်မာပြည်ထဲဝင်ရောက်လာတဲ့အချို့သော အဲကွန်းတွေမှာ
compressor ကိုပတ်ထားတဲ့ အပူကာ jacket ပါရှိတတ်ပါတယ်။
အဲဒီ့ insulation jacket ရဲ့ အကျိုးနဲ့အပြစ်ကို ဆွေးနွေးလိုပါတယ်။

အကျိုးကျေးဇူးများ(advantages)
~~~~~~~~~~~~~~~~~~~~~~~
(1) အသံဆူညံမှု နည်းသွားပါတယ်။

(2) အေးသောဒေသများတွင် ကွန်ပရက်ဆာရဲ့ အပူချိန်ကို ထိန်းထားနိုင် တဲ့အတွက် Air Con ရဲ့ စွမ်းဆောင် ရည် (efficiency) တက်လာပါတယ်။
တနည်းပြောရင် မီတာခ သက်သာသွားပါတယ်။

အားနည်းချက်များ
~~~~~~~~~~~~~
(1) ပူသောဒေသများတွင် ကွန်ပရက်ဆာ overheat ဖြစ်ဖို့ အလားအလာများပါတယ်။
ကွန်ပရက်ဆာ အပူလွန်ကဲမှုကြောင့် ကွန်ပရက်ဆာ လောင်မည့် အလားအလာ ပိုများလာပါတယ်။

(2) အဲကွန်း ဆေးကြောတဲ့အဖွဲ့တွေ ဂရုမစိုက်မိလျှင် Jacket ရေစိုတာမျိုး ဖြစ်နိုင်ပါတယ်။
အဲဒီ့လို ရေစိုခဲ့လျှင် ကကွန်ပရက်ဆာ သံချေးတက်ပြီး ကွန်ပရက်ဆာပေါက်တာ ဖြစ်နိုင်ပါတယ်။

အကြံပြုချက်
~~~~~~~~~
ပူအိုက်ပြီး မိုးများတဲ့ဒေသ တွေမှာ အကျိုးထက် အပြစ်က ပိုများပါတယ်။
ဒါ့ကြောင့် insulation jacket ပါလာခဲ့ရင် ဖြုတ်ထားသင့်ပါတယ်။
×××××××××××××××××××××××××
Air con ပညာရပ်ကိုအခြေခံမှ စတင်၍ စနစ်တကျ သင်ယူတတ်မြောက်လိုလျှင် AATC air con သင်တန်းသို့အရောက်လာခဲ့ပါ။

သင်တန်းတည်နေရာ
~~~~~~~~~~~~~~
အမှတ် (၂၈)၊ ဧရာဝဏ်လမ်း၊
သာကေတမြို့နယ်၊ ရန်ကုန်။

☎️09 881 888 939
09 881 888 909

06/11/2024

air con ကွန်ပရက်ဆာ မလည်ပဲ ပန်ကာသာလည်နေခြင်း
~~~~~~~~~~~~~~~~~~~~~~~~
အဲကွန်းရဲ့ ကွနိပရက်ဆာ မလည် ပဲ ပန်ကာပဲလည်နေတာမျိုး တခါတရံဖြစ်တတ်ပါတယ်။
အဲဒီ့လိုဖြစ်ခဲ့ရင် ဘာ့ကြောင့်ဖြစ်တယ်ဆိုတာ အိမ်ရှင်တွေ သိထားရအောင် အဖြစ်များတဲ့အကြောင်းရင်းတွေ ဖော်ပြပေးလိုက်ပါတယ်။

အကြောင်းရင်း(1) shorted or earth wire
~~~~~~~~~~~~
ကွန်ပရက်ဆာသို့ချိတ်ဆက်ထားသော ဝါယာကြိုးများ ရှော့ဖြစ်နေခြင်း(သို့မဟုတ်) အပ်ကျနေခြင်း။

အကြောင်းရင်း(2)
~~~~~~~~~~~~~
Room temperature sensor မကောင်းရင် compressor မလည်ပါဘူး။

အကြောင်းရင်း(3)
~~~~~~~~~~~~~
ကွန်ပရက်ဆာ (Compressor) ရဲ့ capacitor မကောင်းရင်လည်း ကွန်ပရက်ဆာ မလည်ပါဘူး။

အကြောင်းရင်း(4)
~~~~~~~~~~~~
Magnetic contactor မကောင်းရင်လည်း ကွန်ပရက်ဆာ မလည်ပါဘူး။

အကြောင်းရင်း(5)
~~~~~~~~~~~~~
ကွန်ပရက်ဆာကျပ်နေရင်လည်း မလည်ပါဘူး။ ဒါဆိုရင်တော့ compressor လဲရပါမယ်။
××××××××××××××××××××××

air con ပညာရပ်ကိုအခြေခံစနစ်တကျ သင်ယူလိုပါက AATC air conditioning training center သို့အရောက်လှမ်းခဲ့ပါ။

သင်တန်းတည်နေရာ
~~~~~~~~~~~~~~
အမှတ် (၂၈)၊ ဧရာဝဏ်လမ်း၊
သာကေတမြို့နယ်၊ ရန်ကုန်။

☎️09 881 888 939
09 881 888 909

04/11/2024

Air Con အအေးပေါ့နေရင်
~~~~~~~~~~~~~~~~~~~
ကိုယ့်အိမ်(သို့မဟုတ်) ဆိုင်မှာတပ်ဆင်ထားတဲ့ အဲကွန်းတွေဟာ အအေးပေါ့နေတာမျိုးဖြစ်တတ်ပါတယ်။
အဲဒီ့လိုဖြစ်ခဲ့ရင် ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတဲ့အကြောင်းရင်းတွေကို အဲကွန်းနယ်ပယ်မှာ အလုပ်လုပ်နေတဲ့သူတွေ အားလုံးလိုလို သိကြပါတယ်။
ဒါပေမယ့် အဲကွန်းပညာရပ်နဲ့အလှမ်းဝေးတဲ့အိမ်ရှင်တွေအနေနဲ့ မသိကြပါဘူး။ ဒါ့ကြောင့် အနမ်ရှင်အများစုသိရှိစေဖို့ အဖြစ်များတဲ့အကြောင်းရင်းတွေကိုစုစည်း တင်ပြပေးလိုက်ပါတယ်။
×××××××××××××××××××××××××

(1) Air Con တွင် ဓာတ်ငွေ့ရည် (refrigerant) နည်းပါးနေခြင်း
~~~~~~~~~~~~~~~~~~~~~~~
အဲကွန်းမှာ ဓာတ်ငွေ့ရည် နည်းနေရင် အအေးပေါ့ပါတယ်။
ဓာတ်ငွေ့ရည်(အရပ်အခေါ် Gas) နည်း မနည်းဆိုတာ Pressure (ဖိအား) တိုင်းကြည့်ရင် သိနိုင်ပါတယ်။
R-410A အတွက် စံ pressure က 125 Psi ပါ။ R- 32 အတွက် စံ pressure က 115 psi ပါ။ စံ pressure ထက် 5psi လောက် လျော့နေတာ ကိစ္စမရှိပေမယ့် 10 psi လောက်လျော့နေရင်တော့ အအေးနှုန်းကိုထိခိုက်ပါမယ်။
Refrigerant(ဓာတ်ငွေ့ရည်) လျော့နေတာဟာ ဖြစ်နိုင်ခြေ (2) ခုရှိပါတယ်။
ပထမတချက်က ဓာတ်ငွေ့ယိုစိမ့်မှုရှိနေတာပါ။ ဘယ်နေရာမှာ ယိုစိမ့်မှု ရှိနေသလဲ စစ်ဆေးရမှာဖြစ်ပါတယ်။
ဒုတ်ယ အချက်က Servicing ပြုလုပ်ချိန်မှာ refrigerant (ဓာတ်ငွေ့ရည် ) အချို့ အပြင်ထွက်သွားပြီး ပြန်လည်တပ်ဆင်ချိန်မှာ ဓာတ်ငွေ့ရည် ပြန်ထည့်ဖို့ မေ့လျော့သွားတာပါ။

(2) Restricted Liquid Line
(အရည်လိုင်းပိတ်နေခြင်း)
~~~~~~~~~~~~~~~~~~~~~
အဲကွန်း outdoor ကွိုင် ကနေ indoor ကွိုင်ကို ဓာတ်ငွေ့ရည် စီးဆင်းတဲ့ ပိုက်လိုင်းကို Liquid လိုင်းလို့ခေါ်ပါတယ်။
အဲဒီ့ လိုင်းမှာ strainer drier (သို့မဟုတ်) Filter Drier လို့ခေါ်တဲ့ပစ္စည်းတခုရှိပါတယ်။
အဲဒီ့ပစ္စည်းက အမှုန်အမွှားတွေကို စစ်ပေးတဲ့အလုပ်နဲ့ ရေခိုးရေငွေ့တွေကို အခြောက်ခံပေးတဲ့အလုပ် ၂ မျိုးကိုလုပ်ပါတယ်။
အဲဒီ့ Filter ဂျီးကပ်သွားရင် ဓာတ်ငွေ့ရည် စီးဆင်းမှုနည်းသွားပါတယ်။
ဓာတ်ငွေ့ရည် စီးဆင်းမှုနည်းသွားရင် အအေးနှုန်းကျဆင်းသွားပါမယ်။

(3) Dirty Air Filter
(လေစစ် ဖုန်တက်နေခြင်း)
~~~~~~~~~~~~~~~~~~~~
Indoor Unit အဝင်မှာ လေစစ် (air filter) ရှိပါတယ်။
လေစစ်ကို ၂ ပတ်တကြိမ်လောက် ဆေးကြောသန့်စင်ပေးရပါတယ်။
လေစစ်ကိုမဆေးတာကြာရင် လေစစ်မှာဖုံတွေကပ်ပြီး လေစီးဆင်းမှုနှုန်း ကျဆင်းလာပါမယ်။ လေစီးဆင်းမှုနည်းသွားရင် အအေးနှုန်းကျသွားပါမယ်။

(4) Dirty evaporator coil
( indoor coil ဂျီးပိတ်နေခြင်း)
~~~~~~~~~~~~~~~~~~~~~~~~
Indoor Coil(အအေးကွိုင်) ကို ပုံမှန်အားဖြင့် ၆လ တကြိမ်(ဖုံထူတဲ့ဒေသတွေမှာ ၄လ တကြိမ်လောက် ဆေးကြောပေးရပါတယ်။
တနှစ်လောက်မဆေးပဲထားလိုက်ရင် အဲကွန်း indoor coil နဲ့ Fin တွေမှာ ဂျီးကပ်လာပြီး လေစီးဆင်းမှုနည်းသွားပါမယ်။
လေစီးဆင်းမှုနည်းလာရင် အအေးနှုန်းကျသွားပါမယ်။

(5) indoor fan လည်ပတ်နှုန်းနှေးကွေးခြင်း
~~~~~~~~~~~~~~~~~~~~~~~~
Indoor fan(blower) လည်ပတ်မှုနှေးနေရင် လေစီးဆင်းမှုနည်းသွားပါမယ်။ ဒါဆိုရင် အအေးနှုန်းကျသွားပါမယ်။
Fan capacitor မကောင်းရင် ဖြစ်တတ်ပါတယ်။ Fan capacitor ကိုစစ်ကြည့်ဖို့လိုပါမယ်။

(6) Indoor Unit အမြင့်
~~~~~~~~~~~~~~~~~
အဲကွန်းရဲ့ indoor unit ဟာ (ကြမ်းပြင်မှ) အမြင့် ၇ ပေလောက်မှာရှိသင့်ပါတယ်။ တကယ်လို့ ၇ ပေထက် ပိုမြင့်တဲ့နေရာမှာ တပ်ဆင်ထားရင် အအေးနှုန်းကျဆင်းသွားပါမယ်။
Wall mounted type အဲကွန်းတွေမှာ လေဟာ indoor unit အတွင်းကို အပေါ်ဖက်က ဝင်ပါတယ်။
indoor unit နဲ့မျက်နှာကြက်နဲ့ကပ်နေရင် လေစီးဆင်းမှုနည်းပါးသွားပါမယ်။ ဒါဆိုရင် အအေးနှုန်းကျသွားပါမယ်။
ဒါ့ကြောင့် indoor unit ကို မျက်နှာကြက်နဲ့ အနည်းဆုံး ၆ လက်မ ခွာထားသင့်ပါတယ်။

(7) Dirty Condenser Coil
(outdoor coil ဂျီးပိတ်နေခြင်း)
~~~~~~~~~~~~~~~~~~~~~~~~
indoor coil လိုပဲ outdoor coil ဂျီးပိတ်ရင်လည်း အပူစွန့်ထုတ်မှုနည်းပြီး အအေးနှုန်းကျသွားပါတယ်။
outdoor ကွိုင်ဟာ အိမ်အပြင် မှာရှိတဲ့အတွက်ဖုန်တက်ဖို့အခွင့်အလမ်း ပိုများပါတယ်။
ဒါ့ကြောင့် air con တွေကို ၆ လ တကြိမ် လောက် ဆေးကြောသန့်စင်ပေးဖို့က အရေးကြီးပါတယ်။

(8) Outdoor Fan နှေးကွေးစွာလည်ခြင်း။
~~~~~~~~~~~~~~~~~~~~~~~~
Outdoor fan လည်ပတ်မှုနှေးရင် လေစီးဆင်းမှုနှေးပြီး အအေးနှုန်းကျဆင်းပါမယ်။
Fan capacitor ကောင်း မကောင်း စစ်ဆေးရပါမယ်။

(9) outdoor unit တွင်လေစီးဆင်းမှုပိတ်ဆို့နေခြင်း။
~~~~~~~~~~~~~~~~~~~~~~~~~
တိုက်ခန်းတွေမှာတပ်ဆင်ထားတဲ့outdoor unit တွေဟာ
တိုက်၂ လုံးကြားရောက်နေရင် လေစီးဆင်းမှု နှေးကွေးပါတယ်။
ဒါဆိုရင် အအေးနှုန်းကျပါတယ်။
တချို့ outdoor unit တွေကတော့ လေထွက်ပေါက်အရှေ့မှာ သစ်ပင်တွေ၊ ပန်းအိုးတွေ အိမ်သုံးပစ္စည်းတွေရှိနေတတ်ပါတယ်။
တချို့ကလည်း outdoor unit အပေါ်မှာ အဝတ်လှန်း လေ့ရှိပါတယ်။
outdoor unit လေအဝင်အထွက်တွေမှာပစ္စည်းတွေ ပိတ်ဆို့နေရင်လေစီးဆင်းမှုနှေးကွေးပြီး အအေးနှုန်းကျပါမယ်။

(10) သေးငယ်သော air con တပ်ဆင်မိခြင်း။
~~~~~~~~~~~~~~~~~~~~~
အိမ်ရှင်အများစုဟာ air con ဆင်တော့မယ်ဆိုရင် air con service အဖွဲ့တွေကို မြင်းကောင်ရေ ဘယ်လောက်ရှိတဲ့စက်ကိုဆင်ရမလဲမေးလေ့ရှိပါတယ်။
အဲကွန်းသမားတွေက များသောအားဖြင့် စတုရန်းပေနဲ့တွက်ချက်ပြီး ပြောလေ့ရှိပါတယ်။ တချို့ကလည်း ၁၀ ပေ ပတ်လည် ၁ကောင်(1 HP) ဆိုပြီးပြောတတ်ပါတယ်။
ဒါပေမယ့် အခန်းအကျယ်နဲ့ တွက်ချက်တာကလည်း တချို့အတွက် အဆင်ပြေပေမယ့် တချို့အိမ်ရှင်တွေအတွက်မပြေလည်ပါဘူး။
ဥပမာပြောရရင် အကျယ်အဝန်းတူညီတဲ့တိုက်ခန်း ၂ ခုမှာ နေရိပ်တဲ့အခန်းက အပူထွက်ရှိမှု နည်းပြီး နေထိုးတဲ့အခန်းက အပူထွက်ရှိမှုများပါမယ်။
လူနေတဲ့တိုက်ခန်းထက် ကော်ဖီဆိုင်ဖွင့်တဲ့တိုက်ခန်းက အပူပိုများပါမယ်။ကော်ဖီဆိုင်ထက် ဟော့ပေါ့ဆိုင်က အပူပိုများပါမယ်။
ဒါ့ကြောင့် အဲကွန်းသမားက စတုရန်းပေနဲ့တွက်ချက် ပြီးတပ်ဆင်ပေးလိုက်တဲ့air con ရဲ့cooling capacity ( အပူစုပ်ယူနိုင်စွမ်း) ဟာ အခန်းကထွက်ရှိတဲ့အပူ cooling load ကိုမမှီရင် အခန်းဟာ အအေးနှုန်းပေါ့နေမှာပဲဖြစ်ပါတယ်။
ဒီလိုဖြစ်ခဲ့ရင်တော့ ဆိုဒ်ကြီးတဲ့air con ကိုပြောင်းတပ်ရင်တပ် ဒါမှမဟုတ် air con အလုံးရေထပ်တိုးရပါမယ်။

(11) ကွန်ပရက်ဆာ ကျလာခြင်း
~~~~~~~~~~~~~~~~~~~~~~
စက်ပစ္စည်တွေဟာ သက်တမ်းရှည်လာရင် စွမ်းရည်ကျသွားစမြဲပါ။
compressor လည်း သက်တမ်းရင့်လာရင် စွမ်းရည်ကျပါတယ်။အမျိုးအစားမကောင်းတဲ့ compressor တွေကပိုပြီးမြန်မြန် စွမ်းရည်ကျပါတယ်။
compressor စွမ်းရည် ကျရင် အအေးနှုန်းကျပါမယ်။

(12) air con စနစ်အတွင်း လေခိုနေခြင်း/ဆီ % များနေခြင်း။
~~~~~~~~~~~~~~~~~~~~~~~~
air con စနစ်အတွင်းပိုင်းမှာ refrigerant ပဲလည်ပတ်နေရပါမယ်။ air con စနစ်ထဲလည်ပတ်နေတဲ့ refrigerant ထဲမှာ ဆီ 1% ထက်ပိုပြီးပါဝင်နေရင် ဒါမှမဟုတ် လေပါနေရင် air con ရဲ့အအေးနှုန်းကျဆင်းပါမယ်။

ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

KTA

21/10/2024

R 410 A ဓာတ်ငွေ့ရည်ကို ဘာ့ကြောင့် အိုးမှောက်ပြီး gas ဖြည့်ရတာလဲ
××××××××××××××××××××××××××

R 410A အပါအဝင် R- 400 အုပ်စုဝင် Refrigerant (ဓာတ်ငွေ့ရည်) တွေဟာ ဓာတ်ငွေ့ ၂ ခုနဲ့ အထက် ရောနှောထားတဲ့ ဓာတ်ငွေ့ရည်တွေပါ။

အဲဒီ့ refrigerant တွေမှာ ပေါင်းစပ်ပါဝင်နေတဲ့ ဓာတ်ငွေ့တွေဟာ pressure( ဖိအား) တခုမှာ Boiling Temperature(အရည်မှ အငွေ့သို့ပြောင်းလဲသောအပူချိန်) မတူညီကြပါဘူး။

အဲဒီ့ refrugerant တွေဟာ အရည်ဘဝမှာ ရှိစဉ် တခုနဲ့တခုရောယှက်ပြီး တသားတည်းဖြစ်နေပေမယ့် အငွေ့ဘဝမှာတော့ သီးသန့်စီဖြစ်သွားကြပါတယ်။

ဒါ့ကြောင့် အဲဒီ့ refrigerant ကို ဓာတ်ငွေ့ဖြည့်သွင်းတဲ့အခါ အငွေ့ဘဝနဲ့ဖြည့်သွင်းရင် refrigetant ထဲမှာ နဂိုမူလရှိနေတဲ့ ဓာတ်ငွေ့ အချိုးအစားအတိုင်းမရနိုင် ပါဘူး။

ဥပမာ ပြောရရင် R410A မှာ R 32 ဓာတ်ငွေ့ 50% နဲ့ R 125 ဓာတ်ငွေ့ 50% ပါဝင်ပါတယ်။

Air Con ကို ဓာတ်ငွေ့ဖြည့်တဲ့နေရာမှာ အငွေ့အနေ နဲ့ဖြည့်တင်းမှု (Gas Charging) ပြုလုပ်ရင် အဲဒီ့ အချိုးအစားအတိုင်းရဖို့မဖြစ်နိုင်ပါဘူး။

ဒါ့ကြောင့် အရည်အနေနဲ့ ဖြည့်သွင်းမှု( Liquid charging) ပြုလုပ်ရပါတယ်။

Liquid Charging ပြုလုပ်ရတဲ့အတွက် ဓာတ်ငွေ့အိုးကို ပြောင်းပြန်ထားရပါတယ်။
(Valve ၂ ခုပါတဲ့ အိုးတွေကတော့ ပြောင်းပြန် ထားစရာမလိုပါ)

R 400 အုပ်စုဝင်မဟုတ်တဲ့ Refrigerant တွေ( ဥပမာ- R 22, R 32, R 134 a) စတဲ့ refrigerant (ဓာတ်ငွေ့ရည်) တွေကတော့ အရည်ဘဝ နဲ့ဖြစ်ဖြစ်၊ အငွေ့ဘဝနဲ့ဖြစ်ဖြစ် ဖြည့်သွင်းလို့ရပါတယ်။

ဒါ့ကြောင့် အဲဒီ့ဓာတ်ငွေ့ရည် တွေကို ဓာတ်ငွေ့အိုးအတည့်ထားပြီးဖြည့်ဖြည့်(Gas Charging)၊ အိုးပြောင်းပြန်ထားပြီး ဖြည့်ဖြည့် (Liquid charging) ဖြည့်လို့ရပါတယ်။

တခုသတိထားရမှာက Liiquid Charging ဖြည့်ရင် တကြိမ်တည်း အများကြီးဖြည့်သွင်းလို့မရပဲ နည်းနည်းချင်းစီဖြည့်သွင်းပေးရပါတယ်။

Liquid Charging မှာ တကြိမ်တည်း အများကြီးဖြည့်သွင်းလိုက်ရင် ကွန်ပရက်ဆာ(compressor) ထိခိုက်ပျက်စီးသွားနိုင်ပါတယ်။

ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။
KTA
×××××××××××××××××××××××

Air Con ပညာရပ်ကို စာတွေ့လက်တွေ့ တတ်မြောက်လိုသူများ AATC air conditioning training center သို့အရောက်လှမ်းခဲ့ပါ။

သင်တန်းတည်နေရာ
~~~~~~~~~~~~~~
အမှတ် (၂၈)၊ ဧရာဝဏ်လမ်း၊
သာကေတ၊ ရန်ကုန်။

☎️09 881 888 939
09 881 888 909

20/09/2024

အဲကွန်း lindoor နဲ့ outdoorးဘယ်လောက်ဝေးဝေးထားမလဲ
~~~~~~~~~~~~~~~~~~~~~~~~~
အိမ်ရှင်တွေဟာ မိမိအိမ်မှာ Air Con ဆင်တဲ့အခါမှာ indoor နဲ့ outdoor ကို တတ်နိုင်သမျှ အနီးဆုံး ဖြစ်အောင် ထားကြပါတယ်။

အဲဒီ့လိုထားမှ indoor နဲ့ outdoor ဆက်သွယ်တဲ့ကြေးပိုက်တွေ တိုပြီးကုန်ကျစားရိတ် သက်သာမှာပါ။

ဒါပေမယ့် တချို့အိမ်ရှင်တွေက နေရာအခက်အခဲကြောင့် outdoor နဲ့ indoor ခပ်ဝေးဝေးထားဖြစ်ကြတဲ့ အိမ်ရှင်တွေလည်းရှိပါတယ်။

တချို့ဘေးအိမ်တွေနဲ့နီးကပ်လွန်းတဲ့အတွက် outdoor ကိုအိမ်ဘေးမှာမထားပဲ အိမ်ရှေ့ (ဒါမှမဟုတ်) အိမ်နောက်မှာ ထားကြပါတယ်။

တချို့ကလည်းအိမ်ရှေ့မျက်နှာစာမှာ outdoor ကိုမထားချင်တဲ့အတွက် အိမ်ဘေးပို့တာတွေ၊ အိမ်နောက် ပို့တာတွေရှိပါတယ်။

ဒါပေမယ့် အဲဒီ့လို indoor နဲ့ outdoor နေရာအဝေးကြီးထားတာဟာ ဘေးထွက်ဆိုးကျိုးတွေရှိသလို ကန့်သတ်ချက်တွေလည်းရှိပါတယ်။ ဒီ post မှာတော့ အဲဒီ့ဘေးထွက်ဆိုးကျိုးတွေ၊ ကန့်သတ်ချက်တွေကို air con ပညာရပ်နဲ့ စိမ်းတဲ့အိမ်ရှင်တွေအတွက် ပြောပြထားပါတယ်။

(1) indoor နှင့်outdoor နီးကပ်လွန်းခြင်း။
~~~~~~~~~~~~~~~~~~~~~~~~~
indoor နဲ့ outdoor ကြားအကွာအဝေး (သို့) ကြေးပိုက်အရှည် ဟာ အနည်းဆုံး 3 m ( 9.84 ပေ) ရှိသင့်ပါတယ်။

ကြေးပိုက် ဒါ့ထက်တိုရင်
တုန်ခါမှုများပါမယ်။ အသံပုံမှန်ထက်ပိုပြီး ဆူညံပါတယ်။

(2) indoor နှင့် outdoor ဝေးလွန်းခြင်း(သို့) ကြေးပိုက် ရှည်လွန်းခြင်း။
~~~~~~~~~~~~~~~~~~~~~~~~~
ကြေးပိုက် ရှည်လွန်းတဲ့အခါမှာ ဖိအား(pressure) ကျပါတယ်။Pressure ကျတဲ့အတွက် air con စက်ထဲမှာ ဓာတ်ငွေ့ရည် (gas) လည်ပတ်စီးဆင်းနှုံးနှေးသွားပါတယ်။

ဒါ့ကြောင့် (1) အပူစုပ်ယူနိုင်စွမ်းကျသွားပါတယ်။

(2) ကွန်ပရက်ဆာ(compressor) ကပိုရုန်းရတဲ့အတွက် စွမ်းအင်ပိုကုန်ပါတယ်။ တနည်းပြောရရင် မီးအားပိုစားပါတယ်။

(3) သာမန်ထက်ဓာတ်ငွေ့ရည် (gas) ပိုသုံးရပါတယ်။

ဓာတ်ငွေ့ရည် ထပ်ဖြည့်ရခြင်း
~~~~~~~~~~~~~~~~~~~~
အဲကွန်းအသစ်ဝယ်ယူတဲ့အခါမှာ စက်ထဲမှာ ဓာတ်ငွေ့ရည် (gas) တခါတည်းပါလာပါတယ်။

ဒါပေမယ့် ပိုက်ရှည်တဲ့အခါမှာ မူလပါရှိတဲ့ gas နဲ့မလောက်တော့ပါဘူး။Split type အဲကွန်းတွေမှာ ပိုက်အရှည် 10 m(32.8 ပေ) ကျော်ရင် gas ထပ်ဖြည့်ခိုင်းပါတယ်။

410A ဓာတ်ငွေ့ရည်သုံးတဲ့ အဲကွန်း 1HP( ၁ ကောင်အား) ဆိုရင် company တချို့က တမီတာပိုရှည်လာတိုင်းမှာ 20 g ဝန်းကျင်ထပ်ဖြည့်ခိုင်းပါတယ်။ ပိုက်ရှည်လေလေ gas ဖိုးကုန်လေလေပါပဲ။

R410A သုံး 1 HP နှင့် 1.5 HP
~~~~~~~~~~~~~~~~~~~~~~
မြန်မာပြည်အိမ်ခန်းတွေမှာ အသုံးအများဆုံးက 1HP နဲ့1.5 HP (၁ ကောင် နဲ့ ၁ကောင်ခွဲ) ပါ။

အဲဒီ့စက်တွေ အတွက် Company အများစုက ပိုက်အရှည်ကို အများဆုံး 15 m ( 49.2 ပေ) ဝန်းကျင်အထိပဲခွင့်ပြုထားပါတယ်။( company ကွဲလျှင် ခွင့်ပြုပိုက်အရှည် ကွဲလွဲနိုင်ပါတယ်)

ဒါပေမယ့် စမ်းသပ်မှုတွေအရ ပိုက်အရှည် 7.5 m ( 24.6 ပေ) ကျော်သွားရင် အအေးနှုန်းကျသွားပါတယ်။
ပိုက်အရှည် 15 m ရှိရင် မူလ အအေးနှုန်းထက် 3% ဝန်းကျင် ကျသွားပါတယ်။
မီးအားစားနှုန်းကတော့ 2% လောက်တက်လာပါတယ်။

R410A သုံး 2HP နှင့် 3HP
~~~~~~~~~~~~~~~~~~~
2 HP(18000 Btu/h) နဲ့ 3Hp (24000 Btu/h) စက်တွေကတော့ ပိုက်အရှည် ပိုပြီးများများသုံးလို့ရပါတယ်။

တချို့ company တွေက 30 m(98.4 ပေ) အထိပိုက်အရှည်ကိုခွင့်ပြုပေးပါတယ်။

စက် ၂ ဆလောက်ပိုအားကောင်းလာတဲ့အခါ ပိုက်အရှည်လည်း ၂ ဆလောက်ပိုရှည်ရှည် သုံးလို့ရတဲ့ အခြေအနေမျိုးပါ။

ဒါပေမယ့် ဒီစက်တွေမှာလည်း ပိုက် 7.5 m ထက်ပိုရှည်ရင်အအေးနှုန်းကျပါတယ်။

စမ်းသပ်မှု တချို့အရ အအေးနှုန်း ၁၀ % လောက်အထိ ကျပါတယ်။ မီးအားလည်းပိုများလာပါတယ်။

ကွဲလွဲမှုများ
~~~~~~~~~
အထက်ကဖော်ပြခဲ့တဲ့ အချက်အလက်တွေဟာ Brand အများစုအတွက် ခြုံငုံဖော်ပြထားတာပါ။
air con တပ်ဆင်တဲ့ မြို့ရဲ့ ရာသီဥတု အခြေအနေပေါ်လိုက်ပြီး အနည်းငယ် အပြောင်းအလဲရှိနိုင်ပါတယ်။
air con မှာသုံးတဲ့ compressor အမျိုးအစားနဲ့ အရွယ် အစားပေါ်လိုက်ပြီးလည်းပြောင်းလဲနိုင်ပါတယ်။

သုံးသပ်ချက်
~~~~~~~~~
အချက်အလက်တွေအရ အဲကွန်း indoor နဲ့ outdoor ကို အနည်းဆုံး 3 m ကနေ အများဆုံး 7.5m အတွင်းတပ်ဆင်တာကသာ အကောင်းဆုံးဖြစ်ပြီး ကြေးပိုက် တိုလျှင်ဖြစ်ဖြစ် ရှည်လျှင်ဖြစ်ဖြစ် ဘေးထွက်ဆိုးကျိုးတွေ ရှိလာမယ်ဆိုတာကတော့ အိမ်ရှင်တွေ အနေနဲ့သိထားရပါမယ်။

××××××××××××××××××××××××××

air con ပညာရပ်ကို စာတွေ့လက်တွေ့လေ့လာလိုသူများ
AATC air con သင်တန်းသို့ အရောက်လာခဲ့ပါ။

သင်တန်းတည်နေရာ
~~~~~~~~~~~~~~
အမှတ် (၂၈)၊ ဧရာဝဏ်လမ်း၊
သာကေတ၊ ရန်ကုန်။

☎️09 881 888 939
09 881 888 909

06/09/2024

Air Con အတှကျ မီတာခ
~~~~~~~~~~~~~~~~~~
မီတာခတွေ စျေတက်ပါပြီ။
မီတာခစျေးနှုန်းအသစ်နဲ့ အိမ်က အဲကွန်း အတွက် လစဉ်ဘယ်လောက်ကျမလဲဆိုတာ အိမ်ရှင်တွေ အနေနဲ့သိထားသင့်ပါတယ်။

လစဉ်ကျသင့်သောမီတာခ= 9WH

အပေါ်က formula မှာ
W က အဲကွန်းရဲ့ ပါဝါပါ။ Namep plate မှာ power input ဆိုပြီးရေးထားပါတယ်။

ဥပမာ- 1Hp( မြင်းကောင်ရေ ၁ ကောင်အား)ဆိုရင် 750 W ကနေ 900 W အကြားရှိကြပါတယ်။
အတိအကျသိချင်ရင်တော့ Name Plate မှာကြည့်လို့ရပါတယ်။

H ကတော့ နေ့စဉ် အဲကွန်းဖွင့်တဲ့ နာရီပါ။

ဥပမာ (1)
~~~~~~~~
တာဆာကီ အဲကွန်း (Tasaki) ၁ကောင်အား အတွက် တွက်ပြပါမယ်။
တာဆာကီ ၁ကောင်အား(1 Hp) Cara အမျိုးအစားက 708 W ရှိပါတယ်။ ဒါ့ကြောင့် W=708 ပါ။

တနေ့မှာ အဲကွန်း ပျမ်းမျှ ၁၀ နာရီ ဖွင့်မယ်ဆိုရင် H=10 ပါ။
ဒါ့ကြောင့် လစဉ် ကျသင့်မယ့်မီတာခက 9WH= 9×708×10 = 63720 ကျပ်ပါ။

ဥပမာ (2)
~~~~~~~
တာဆာကီ အဲကွန်း ၁ကောင်ခွဲအတွက် တွက်ပြပါမယ်။
တာဆာကီ ၁ ကောင်ခွဲ Cara အမျိုးအစားက 998 W ရှိပါတယ်။ ဒါ့ကြောင့် W=998 ပါ။
တနေ့ကို အဲကွန်း ၁၂ နာရီ ဝန်းကျင် ဖွင့်မယ်ဆိုရင် H=12 ပါ။
ဒါ့ကြောင့် လစဉ် မီတာခ= 9WH= 9×998×12 = 107784 ကျပ်ပါ။
××××××××××××××××
အပေါ်ကတွက်ပြထားတာတွေက Tasaki တံဆိပ် အတွက်ပါ။ အဲကွန်း အမျိုးအစား ကွာရင် W(watt) ကွာပါတယ်။
တချို့ Brand တွေက
၁ကောင်အားကို 900 W လောက်ရှိတတ်သလို ၁ကောင်ခွဲအား ကိုလည်း 1200 W လောက်အထိ ရှိတတ်ပါတယ်။
ဒါ့ကြောင့် မီတာခ ကွာခြားနိုင်ပါတယ်။

Inverter အမျိုးအစား
~~~~~~~~~~~~~~~~
အပေါ်ကတွက်ပြထားတာကတော့ Non- Inverter အမျိုးအစားအတွက်ပါ။
အင်ဗာတာ အဲကွန်းတွေအတွက်ဆိုရင်တော့ မီတာခ 20% ကနေ 50% အထိသက်သာ နိုင်ပါတယ်။
××××××××××××××××
Air con ပညာရပ်ကိုအခြေခံမှစတင်၍ သင်ယူတတ်မြောက်လိုပါက AATC အဲကွန်းသင်တန်းသို့အရောက်လှမ်းခဲ့ပါ။

သင်တန်းတည်နေရာ
~~~~~~~~~~~~~~
အမှတ် (၂၈)၊ ဧရာဝဏ်လမ်း၊
မြခွာညိုအိမ်ရာ၊(အောင်ကောင်းကျော်)
သာကေတ၊ ရန်ကုန်။

☎️09 881 888 939
09 881 888 909

Photos from AATC Air-conditioning Training Center's post 29/07/2024

Gas မဖြည့်ရတဲ့ air con ဆေးကြောနည်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မြန်မာပြည်မှာ air con အဖွဲ့အများစုက အဲကွန်းကို တစစီဖြုတ်ဆေးကြပါတယ်။ ဆေးပြီးရင်လည်း အတော်များများက gas ပြန်ဖြည့်ကြပါတယ်။

ပြည်ပနိုင်ငံတွေမှာတော့ အဲကွန်းကို ဖြုတ်ပြီးမဆေးကြတော့ပါဘူး။ အဲကွန်း indoor အောက်မှာ အိတ်စွပ်ပြီးတော့ ဆေးကြောလာကြပါပြီ။

အဲဒီ့လိုအိတ်စွပ်ပြီးဆေးကြော လာကြတဲ့အတွက် အဲကွန်းကိုဖြုတ်စရာမလိုသလို gas လည်းလျော့သွားမှာစိုးရိမ် စရာမလိုတော့ပါဘူး။

Air Con ကိုအိတ်စွပ် ဆေးကြောခြင်း
--------------------------------------------

Air Con တလုံးကိုကြာရှည်အသုံးပြုလာတဲ့အခါ ဖုန်မှုန့်တွေကြောင့် indoor နဲ့ outdoor coil တွေပိတ်ပြီး စွမ်းဆောင်ရည်ကျဆင်းတာ(အအေးနှုန်းလျော့တာ) ဖြစ်လေ့ရှိပါတယ်။

ဖုန်ပေါတဲ့ဒေသတွေမှာ ပိုအဖြစ်များပါတယ်။ ဒါ့ကြောင့် Air Con ကို ၆ လ တကြိမ်လောက် ပုံမှန်ဆေးကြော သန့်စင်ပေးဖို့လိုအပ်ပါတယ်။

Air Con ဆေးကြောရာမှာ အရင်ကတော့ အစိပ်အပိုင်းတွေကို ဖြုတ်ပြီး ဆေးကြောသန့်စင်ကြပါတယ်။

အခုနောက်ပိုင်းမှာတော့ တချို့ Service တွေက အိတ်စွပ်ဆေးကြောနည်းကို သုံးလာကြပါတယ်။

အိတ်စွပ်ဆေးကြောနည်းမှာ Air Con indoor ယူနစ်ကို တစီဖြုတ်ဖို့ မလိုတော့ပါဘူး။ Cover တြွေဖုတ်လိုက်ရုံနဲ့ဆေးကြောလို့ရတဲ့အတွက် ‌အချိန်ကုန် သက်သာသွားပါတယ်။

Gas သိမ်းစရာလည်းမလိုအပ်သလို Gas တွေလေလွင့်သွားမှာကိုလည်းပူစရာမလိုတော့ပါဘူး။

မြန်မာပြည်မှာ အသုံးပြုမှု နည်းနေသေးပေမယ့် ပြည်ပနိုင်ငံတွေမှာတော့ အတော်ကလေးတွင်ကျယ်လာပါပြီ။မြန်မာ ပြည်မှာလည်း တဖြည်းဖြည်း အသုံးများလာလိမ့်မယ်လို့ ယူဆပါတယ်။

×××××××××××××××××××××
Air Con ပညာရပ်ကို Theory ရော လက်တွေ့ပါသင်ယူလိုပါက AATC air conditioning training center သို့အရောက်လာခဲ့ပါ။

AATC

သင်တန်းတည်နေရာ
~~~~~~~~~~~~~~
အမှတ် (၂၈)၊ ဧရာဝဏ်လမ်း၊
မြခွာညိုအိမ်ရာ၊(အောင်ကောင်းကျော်)
သာကေတ၊ ရန်ကုန်။

☎️09 881 888 939
09 881 888 909

26/07/2024

အဲကွန်း pressure
~~~~~~~~~~~~~
အဲကွန်း တပ်ဆင်ထားတဲ့အိမ်ရှင်တွေ အနေနဲ့ မိမိတို့ အဲကွန်းရဲ့
pressure ပုံမှန်ဘယ်လောက်ရှိသင့်သလဲဆိုတာ သိထားသင့်ပါတယ်။
တချို့အိမ်ရှင်တွေက သိကြပေမယ့် အများစုကတော့ မသိကြပါဘူး။
မသိသေးတဲ့အိမ်ရှင်တွေအတွက် ရေးသားပေးလိုက်တာပါ။

အိမ်သုံး အဲကွန်းတွေအတွက်ဆိုရင် suction pressure က

R-22 ~~~~ 60 - 70 psi

R-32~~~~ 110 - 120 psi

R -410A ~~~~ 120-130 psi

လောက်ရှိပါမယ်။
ပျမ်းမျှယူမယ်ဆိုရင်တော့

R-22 65 psi
R- 32 115 psi
R- 410A 125 psi ပါ။

မြန်မာပြည်မှာ အသုံးများတဲ့ Refrigerant(Gas) ၃ မျိုးအတွက်ပါ။
Brand တခုနဲ့တခုတော့ နည်းနည်းစီကွဲနိုင်ပါတယ်။
ကိုယ့်စက်ရဲ့ စံ pressure ကို သိထားရင် အဲကွန်း service လုပ်တဲ့အခါ pressure လျော့/မလျော့ သိနိုင်ပါတယ်။

pressure တိုင်းပုံ
~~~~~~~~~~~~
အဲကွန်းမှာ pressure ကို စက်စတင် လည်ပတ်ချိန်မှာတိုင်းရင် pressure နိမ့်နေမှာပါ။ အချိန်ကြာ လာတာနဲ့အမျှ pressure တက်လာပါတယ်။
၁၀မိနစ်၊ ၁၅ မိနစ်လောက်နေမှ ပုံမှန် pressureကိုရောက်ပါတယ်။

ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


No. 28, Mya Khwar Nyo Housing (Aung Kaung Kyaw), Ayarwon Road, Tharkayta Township
Yangon
11231