Baby Phaung

Directions

Baby Phaung Phaung Family✌🏻

14/10/2026

🤭🤭🤭



သူ့မှာ အိပ်ဖို့အရေးသူ့ကားတွေကိုအရင်နေရာချရတာကလဲအိပ်ခါနီး အလုပ်တစ်လုပ်🤭မေမေတို့ကလေးတွေရော အိပ်ရင်ဘာအရုပ်တွေယူကြလဲ😁 အိမ်မှ...
14/10/2026

သူ့မှာ အိပ်ဖို့အရေး
သူ့ကားတွေကိုအရင်နေရာချရတာကလဲ
အိပ်ခါနီး အလုပ်တစ်လုပ်🤭

မေမေတို့ကလေးတွေရော အိပ်ရင်ဘာအရုပ်တွေယူကြလဲ😁 အိမ်မှာတော့ ယောက်ျားလေးမို့လို့ထင်ပါတယ် ကားမှ ကားပဲ😆



“ငါ့သားလေးက ဆရာဝန်ကြီး""ငါ့သားလေးက အင်ဂျင်နီယာကြီး" ဆိုပြီးကြွားရတာထက်...“ငါ့သားလေးက သူဖြစ်ချင်တဲ့ဘဝကိုပျော်ပျော်ကြီးဖြတ...
07/10/2026

“ငါ့သားလေးက ဆရာဝန်ကြီး"
"ငါ့သားလေးက အင်ဂျင်နီယာကြီး" ဆိုပြီး
ကြွားရတာထက်...

“ငါ့သားလေးက သူဖြစ်ချင်တဲ့ဘဝကို
ပျော်ပျော်ကြီးဖြတ်သန်းနေတယ်” လို့
ပြောရတာကိုပဲ မာမီ ပိုဂုဏ်ယူချင်တယ်💜

မာမီ့အတွက်တော့
သားလေးရဲ့ အောင်မြင်မှုဆိုတာ
သားလေး ပျော်ရွှင်နေတာပါပဲ🥹💜

သားလေးကြီးလာတဲ့အခါ သိဖို့✨



ဒီနေ့ည ပွဲဈေးထဲမှာကိုကိုဖောင်းတို့ အရမ်းပျော်ခဲ့ပါတယ်🤭
03/10/2026

ဒီနေ့ည ပွဲဈေးထဲမှာ
ကိုကိုဖောင်းတို့ အရမ်းပျော်ခဲ့ပါတယ်🤭


ဝမ်းရောဂါတွေ အဖြစ်များနေကြလို့သားအမိနှစ်ယောက် အိမ်တွင်းအောင်း😁တခြားနေရာတွေတော့မသိဘူး။ ဒီမှာတော့ ဝမ်းမလျှောတဲ့သူခပ်ရှားရှ...
27/09/2026

ဝမ်းရောဂါတွေ အဖြစ်များနေကြလို့
သားအမိနှစ်ယောက် အိမ်တွင်းအောင်း😁

တခြားနေရာတွေတော့မသိဘူး။ ဒီမှာတော့ ဝမ်းမလျှောတဲ့သူခပ်ရှားရှားဆိုတော့ အပြင်တောင်သိပ်မထွက်ရဲဘူး။ အိမ်တွင်းအောင်းရင်း အကျိုးရှိသွားတာကတော့ ကိုကိုဖောင်းကို potty train တာအောင်မြင်သွားတာပဲ😁
ဘာပဲဖြစ်ဖြစ် မေမေ‌တို့လဲ ဝမ်းရောဂါဂရုစိုက်ကြပါအုံးရှင်💜

သားဖောင်းလေးမေမေ💜



Potty train တာ ၅ ရက်မြောက်နေ့မှာအောင်မြင်သွားခဲ့ပါပြီ🥰၂ နှစ် ၃ လကျော်မှ potty train တာမို့ နောက်ကျနေပြီဆိုပေမယ့် ၅ ရက်ထဲ...
26/09/2026

Potty train တာ ၅ ရက်မြောက်နေ့မှာ
အောင်မြင်သွားခဲ့ပါပြီ🥰

၂ နှစ် ၃ လကျော်မှ potty train တာမို့ နောက်ကျနေပြီဆိုပေမယ့် ၅ ရက်ထဲနဲ့ အဆင်ပြေသွားတာမို့ တော်တော်လေးကိုပျော်နေရတဲ့အချိန်ပါ😁

Potty train ဖို့လုပ်တော့မယ်ဆိုထဲက ဒီမေမေစိတ်ကူးပေါက်ရာ potty-training suit ဆိုပြီး ချုပ်ပေးထားလိုက်တယ်။ အဲ့တာလေးဝတ်‌ထားပေးပြီး အီအီးပါချင်ရင် အီးအိုးထဲမှာပါရမယ်နော်ဆိုပြီးမှာထားလိုက်ပါတယ်။ ရှူးပေါက်ဖို့ကိုတော့ တစ်ခါတစ်လေ ၁ နာရီခွဲ၊ တစ်ခါတစ်လေ ၁ နာရီ ခြားတစ်ခါ ရှူးတည်ပေးပါတယ်။ ကိုကိုဖောင်းက အီးအိုးထဲမှာမပါတတ်သေးတော့ ပထမ ၂ ရက်မှာ ဘောင်းဘီ သို့မဟုတ် Diaper ဝတ်ပေးတဲ့အချိန်ကိုစောင့်ပြီး အဲ့အချိန်ကြမှ အီးပါချပါတယ်။ အဲ့အချိန်မှာ စိတ်မတိုပဲ "သားသားက အီအီး ပါချလိုက်ပြီပဲ။ နောက်တစ်ခါကြရင် မာမီတို့ အီးအိုးထဲမှာရအောင်ပါကြည့်ကြမယ်နော်" ဆိုပြီးပဲပြောပေးပါတယ်။ ကြားထဲမှာတော့ ခဏခဏ အီးအိုးထဲမှာ အီးအီးပါရတယ်ဆိုတာကို ရှင်းပြပေးနေရပါတယ်။ ၄ ရက်မြောက်နေ့မှာတော့ "အီးအီးပါမယ် အီးအီးပါမယ်" ဆိုပြီး အီးအိုးဆီပြေးသွားတာ မထိန်းနိုင်သေးတော့ လမ်းမှာတစ်ဝက်၊ အီးအိုးထဲမှာတစ်ဝက် ပါလိုက်ပါတယ်🤭 လမ်းမှာထွက်ကျသွားတဲ့ အီးတွေကို သူ့ဘာသာ ပြန်လာကြည့်ပြီး "အီးအီး နံတယ်။ အီးအီးနံတယ်" တဲ့🤣 အဲ့တာကြောင့် အဲ့လိုမနံအောင် အီးအိုးထဲမှာပါနော် ဆိုပြီး သူ့ရဲ့ အီးပုံကိုပြပြီးပြောရပါသေးတယ်🤣 ၅ ရက်နေ့မှာတော့အီးအိုးဘေးနား ဝေ့လည်ကြောင်ပတ်လုပ်နေ‌လို့ "သားဘာလုပ်မလို့လဲ" လို့မေးလိုက်တော့ "No No... No No" ဆိုတာနဲ့ အသာလေးမသိချင်ယောင်ဆောင်နေလိုက်တာ ခဏနေကြတော့ "အီးအီးပါ အီးအီးပါ" ဆိုပြီး အီးအိုးမှာပြေးထိုင်ပြီး အီးပါ ပါတယ်😁 ဒီနေ့ဆိုရင် Potty train တာ ၇ ရက်မြောက်နေ့ပါ။ အီးကိုလဲ အီးအိုးထဲမှာ ပါတတ်နေပါပြီ။ ရှူရှူးပေါက်ရင်လဲ ရေချိုးခန်းထဲပြေးသွားပြီးပေါက်ပါတယ်။ နေ့လည် အိပ်ချိန်နဲ့ ညဘက်အိပ်လို့ Diaper ဝတ်ပေးရင်လဲ Diaper ထဲမှာ သေးလုံးဝပေါက်မချတာ ၃ ရက်ရှိပါပြီ🥰 potty train တာအောင်မြင်သွားတာလဲ မေမေ‌တွေရဲ့ အပျော်ဆုံးအချိန်တစ်ခုဖြစ်မယ်ထင်ပါတယ်😁 ကျွန်မလဲ အရမ်းပျော်ပါတယ် ဟီးဟီးးးးကလေးတစ်ယောက်သူ့ဘာသူ အီးပါတတ်တာ ဒီလောက်ပျော်ဖို့ကောင်းမှန်း အခုမှသိတယ်😁 Diaper လဲပေးရတဲ့ အလုပ်တစ်လုပ်တော့သက်သာပြီ😁

သားဖောင်းလေးမေမေ💜





သူ့ကိုပဲ အသက်ကြီးသွားတယ်ထင်နေတာကိုယ့်ကိုကိုယ်ကြ သူနဲ့စတွေ့‌တုန်းက၁၅ နှစ်အရွယ်ပဲ မှတ်နေတုန်း😝
21/09/2026

သူ့ကိုပဲ အသက်ကြီးသွားတယ်ထင်နေတာ
ကိုယ့်ကိုကိုယ်ကြ သူနဲ့စတွေ့‌တုန်းက
၁၅ နှစ်အရွယ်ပဲ မှတ်နေတုန်း😝

ကိုယ့်ကိုကိုယ် ၁၆ နှစ်သမီးလေးထင်နေတာကလေးအမေဆိုတာ ‌မေ့မေ့သွားတယ်😝
21/09/2026

ကိုယ့်ကိုကိုယ် ၁၆ နှစ်သမီးလေးထင်နေတာ
ကလေးအမေဆိုတာ ‌မေ့မေ့သွားတယ်😝


ငယ်ငယ်တုန်းက သွားမပါပဲရီပြတတ်တဲ့‌ ကောင်လေးကိုလွမ်းလိုက်တာ😝
13/09/2026

ငယ်ငယ်တုန်းက သွားမပါပဲ
ရီပြတတ်တဲ့‌ ကောင်လေးကို
လွမ်းလိုက်တာ😝


Address

Yangon

Website

Alerts

Be the first to know and let us send you an email when Baby Phaung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share