18/05/2026
Jun 1 စမှာနော် 🥰
သင်ကြားခြင်းနှင့်မျှဝေခြင်း
18/05/2026
Jun 1 စမှာနော် 🥰
22/04/2026
Cambridge Maths ကို အချိတ်အဆက်မိပြီး အခြေခံကပါဆွဲခေါ်ပေးမယ့်သင်တန်းလေး။
သင်္ချာချိန်ကို အိပ်ငိုက်တယ် ပျင်းတယ်လို့ပြောဖို့မေ့သွားရလောက်အောင် ပျော်ဖို့ကောင်းတဲ့စာသင်ခန်းပုံစံမျိုးလေးကို ဖန်တီးချင်သူများအတွက် ❤️
08/04/2026
Maths ကိုမကြောက်တော့အောင်လေ့ကျင့်ပေးဖို့ဆိုရင် ဒီသင်တန်းလေးက မဖြစ်မနေတက်ဖို့လိုအပ်တယ်နော် ❤️
သင်ကြားရေးမှာ ဒီ ၃ ချက် ကြုံနေရလား
၁. Resource ရှာရင် တစ်ရက်လုံးကုန်တယ်
၂. Past paper ရှာရင် ပင်ပန်းတယ်
၃. Digital tool သုံးရင် မရဲဝံ့ဘူး
ဒါဆို ဒီ Workshop က သင့်အတွက်ပါ။
2-Day Online Workshop မှာ
📌 Cambridge Resources အခမဲ့ရှာနည်း
📌 Past Papers ဆွဲထုတ်နည်း
📌 GeoGebra + OpenBoard သုံးနည်း
ကို လက်တွေ့ကျကျ သင်ကြားပေးမယ်။
🎁 Promotion
➤ Public Share + Page Follow = 5,000 MMK လျှော့
➤ သင်တန်းကြေး 30,000 → 25,000 ပဲ ကျသင့်မယ်
📅 2.5.2026 (Sat) & 3.5.2026 (Sun) | 6-8 PM
👥 20 spots only.
Screenshot ရိုက်ပြီး iMaths Institute Chat Box မှာ အခုပဲ စာရင်းပေးလိုက်ပါ။
📚 AI ခေတ်မှာ ကလေးတွေကို ဒီလိုသင်ပေးပါ 🤖
မူလတန်းကျောင်းသားလေးတွေအတွက် AI နည်းပညာကိုအသုံးချပြီး သင်ကြားနည်းနှင့် AI ကိုဘယ်လိုကိုင်တွယ်ပြီးအသုံးချမလဲ ဘယ်တွေလုပ်ရင် ဆိုးကျိုးတွေဖြစ်နိုင်မလဲ စသဖြင့် မူလတန်းအရွယ်ကလေးများအတွက် မျှဝေပေးထားပါတယ်!
ကလေးတွေရဲ့ သင်ယူလိုစိတ်တွေကို ပိုထိရောက်အောင် AI tool တွေက ဘယ်လိုကူညီပေးနိုင်မလဲ?
✅ စိတ်ဝင်စားစရာ သင်ခန်းစာတွေ
✅ ကလေးတွေနဲ့ ကိုက်ညီမယ့် AI အကူအညီတွေ
✅ မိဘများအတွက် လက်တွေ့အသုံးချနည်းများ
ကလေးတွေရဲ့အနာဂတ်အတွက် နည်းပညာကို အကျိုးရှိရှိအသုံးချတတ်ဖို့ ဒီ video လေးကနေ စတင်လိုက်ရအောင်။
်ကြားခြင်း #မူလတန်းပညာရေး
Grade 3 ကျောင်းသားတွေအလွယ်တကူဖြေဆိုရလွယ်ကူတဲ့ Quiz🩵
15/09/2025
"ကလေးလေးတွေ လိမ်ညာတယ်ဆိုတာ... စိတ်မကောင်းစရာကြီးလား"🤔
ဟုတ်ပါတယ်၊ ကလေးတွေဟာ လိမ်ညာတတ်ကြပါတယ်။ ဒါပေမယ့် ဒါဟာ သူတို့ရဲ့ ပုံမှန် ဖွံ့ဖြိုးမှုဖြစ်စဉ်ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ သူတို့လိမ်တဲ့အခါ ဒေါသထွက်မယ့်အစား ဘာကြောင့်လိမ်တာလဲဆိုတဲ့ အကြောင်းရင်းကို နားလည်ဖို့ ကြိုးစားကြည့်ရမယ်။
👶 ကလေးတွေ ဘာကြောင့် လိမ်ညာတတ်ကြတာလဲ
စမ်းသပ်ခြင်း 👀 - "ဒီလိုလိမ်လိုက်ရင် ဘာဖြစ်လာမှာလဲ" ဆိုတဲ့ သဘာဝကျတဲ့ စူးစမ်းလိုစိတ်ကနေ စမ်းသပ်ကြတာပါ။
အပြစ်ဒဏ်ကို ရှောင်ရှားလိုခြင်း 🏃♂️ - ကွဲသွားတဲ့ပန်းကန်အကြောင်း မှန်မှန်ပြောမိရင် ဆူပူကြိမ်းမောင်းဒဏ်ခံရမှာစိုးလို့ လိမ်တတ်ကြပါတယ်။
အာရုံစိုက်မှုရယူလိုခြင်း ❤️ - မိဘသို့မဟုတ် သူငယ်ချင်းတွေရဲ့ ဂရုစိုက်မှုကို လိုချင်တဲ့အခါ ဇာတ်လမ်းအတုတွေဖန်တီးပြီး ပြောတတ်ပါတယ်။
စိတ်ကူးယဉ်ခြင်း 🦄 - (အထူးသဖြင့် ၃ နှစ် - ၅ နှစ်) ကလေးတွေမှာ စိတ်ကူးယဉ်ဇာတ်လမ်းတွေနဲ့ လက်တွေ့ကို ရောထွေးတတ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကာကွယ်ခြင်း 🛡️ - ရှက်တဲ့အရာတွေ၊ မိမိကိုယ်ကို ယုံကြည်မှုမရှိတဲ့အရာတွေကို ဖုံးကွယ်ဖို့ လိမ်ညာတတ်ပါတယ်။
🙋♀️ ဒီလိုအချိန်မှာ မိဘတွေအနေနဲ့ ဘယ်လိုတုံ့ပြန်သင့်သလဲ
ဆက်သွယ်ပြောဆိုခြင်း - "ဘာကြောင့် ဒီလိုပြောတာလဲ" လို့ စိတ်ရှည်ရှည်မေးပါ။ ဒေါသမထွက်ပါနဲ့။ မျက်နှာအမူအရာတင်းမာ မနေပါနဲ့။
မှန်ကန်တဲ့ အပြုအမူကို သင်ကြားပေးခြင်း - "မှန်မှန်ကန်ကန်ပြောတာက အကောင်းဆုံးအလေ့အကျင့်၊အပြုအမူ" ဆိုတဲ့ အလေ့အထကို ပျိုးထောင်ပေးပါ။
အပြစ်ဒဏ်ထက် သင်ကြားမှုကို အလေးပေးခြင်း - လိမ်တိုင်း အပြစ်ဒဏ်ပေးတာထက် ဘာကြောင့် မှန်မှန်ပြောသင့်တယ်ဆိုတာ ရှင်းပြပါ။သင်ကြားပေးခြင်း။
စိတ်ချမ်းသာစေတဲ့ ပတ်ဝန်းကျင်ဖန်တီးပေးခြင်း - ကလေးကို မှန်တာပြောရဲအောင်၊ အမှားလုပ်မိရင် ဝန်ခံရဲအောင် မိမိကိုယ်ကိုယ်ယုံကြည်မှုပေးရပါမယ်။
သတိရပေးပါ - ကလေးတိုင်းဟာ ကြီးပြင်းလာတဲ့အခါ၊ မိဘတွေရဲ့ စိတ်ရှည်သည်းခံမှုနဲ့ နားလည်မှုနဲ့အတူ အမှန်တရားကို နားလည်လာကြပြီး လိမ်ညာမှုတွေ သူ့အလိုလို လျော့နည်းသွားတတ်ကြပါတယ်။
"လိမ်တယ်ညာတယ်ဆိုတာရယ်မကောင်းပါဘူးကွယ်"
Kg တေးကဗျာလေးကိုသီဆိုရင်း မှတ်သားလိုက်နာရအောင်😘😘😘
Maths နှင့်ပတ်သက်သည့် quiz လေးဖြေကြည့်ရအောင်။
လှလှပပ ထားကြမယ် KG song
#လှလှပပထားကြမယ်သူငယ်တန်းကဗျာ
❤️
ကော်ဖီသောက်မယ် မမရယ် ကဗျာ KG song
#သူငယ်တန်းကဗျာများ
#ကော်ဖီသောက်မယ်မမရယ်