27/06/2022
Facebook ကထုတ်ပြန်လိုက်တဲ့ Policy အသစ်တွေ သိပြီးပြီလား❓🚨
ဒါတွေ မလိုက်နာဘူးဆိုရင် Page ဝါတာ၊ နီတာကစလို့
Page ဖျက်ခံရတဲ့အထိ ဖြစ်သွားနိုင်လို့ Page Admin တိုင်း သိထားသင့်ပါတယ်❗️
ဇူဇူက ထုတ်ပြန်ထားတဲ့ Page Admin တွေဆောင်ရ/ ရှောင်ရမယ့် Policy တွေကတော့👇🏻
💢Page မှာတင်မယ့်စာတွေကို ကိုယ်တိုင်မရေးဘဲ သူများဆီက Copy ကူးတင်တာမျိုး မရတော့ပါဘူး
ဘယ်လောက်ထိ တင်းကြပ်လိုက်လဲဆို ကိုယ့် Page မှာပဲအရင်တုန်းက တင်ဖူးတဲ့ စာတွေကို ပြန် Copy ကူးတင်တာမျိုးလည်း လက်မခံပါဘူး တဲ့။
(ပြန်တင်မယ်ဆိုရင်လည်း spacing ခြားပေးတာမျိုး/ စာလုံးရေ အတိုးအလျှော့ လုပ်တာမျိုးတွေ လိုအပ်ပါတယ်)
💢နောက်ပြီး စာအရှည်ကြီးတွေ ရေးတင်တာလည်း မရတော့ပါဘူးတဲ့ဗျ
💢ပုံတွေဆိုရင်လည်း Website ကပုံတွေSave ပြီး ပြန်တင်တာထက် ကိုယ်တိုင်ရိုက် အပြင်ပုံတွေကို သုံးပေးရပါမယ်
💢ကိုယ့် Page က Post တွေကို Admin Role ယူထားတဲ့ Acc နဲ့ Facebook Group တွေထဲ ခဏခဏ လိုက်Shareတာကိုလည်း ရှောင်ပေးပါဗျ
💢Video တွေမှာဆိုရင်လည်း အရင်လို Tiktok ကသီချင်းတွေ သုံးလို့မရတော့ပါဘူး Copyright အပိုင်းကို တော်တော်လေး တင်းကြပ်ထားပါတယ်
(Video သမားတွေအတွက် Facebook Creator Studio ရဲ့ Song Collection ထဲက ယူသုံးတာ အကောင်းဆုံးပါ)
💢နောက်တစ်ခုက Post တွေမှာ အရင်ကလို "ဒီLink လေး ဝင်ကြည့်ပေးပါ" ဆိုပြီး Post Link/ Page Link/ Video Link တွေ ထည့်တာမျိုးလည်း မရတော့ပါဘူး
ကဲ ဒီနေ့ကစပြီး ဇူဇူနဲ့မငြိဖို့ ဒီအချက်တွေကိုသာ
သတိထားပေတော့ဗျို့😉
မိတ်ဆွေတို့အနေနဲ့ရော
Policy အသစ်နဲ့ ပတ်သက်ပြီး ကိုယ့်အတွက် ဘာတွေ ခက်ခဲလာနိုင်မလဲ❓
ဘယ်လို ပြဿနာတွေ ရှိလာနိုင်လဲ❓ဆိုတာ 💬Comment မှာ ဝင်ဆွေးနွေးခဲ့ပါဦး
#၆လ၂ဆ