Cherripod

Cherripod The English Hub is dedicated to fostering student success by providing
a solid academic foundation a

Long time no see~ကြာကြီးနေမှ pageပြန်run တဲ့အတွက် activity လေးတစ်ခုလာပါပြီ။အဲ့တာကတော့ drum roll.....Conversation class လ...
07/07/2023

Long time no see~
ကြာကြီးနေမှ pageပြန်run တဲ့အတွက် activity လေးတစ်ခုလာပါပြီ။
အဲ့တာကတော့ drum roll.....

Conversation class လေးဖြစ်ပါတယ်။

စာမေးပွဲဖြေဖို့တော့ဟုတ်ဘူး၊ english လဲအသင့်အသင့်ပြောတတ်တယ်၊ ဒါပေမယ့်သိပ်မရဘူးဆိုတဲ့သူတွေအတွက်ကွက်တိအတန်းလေးပါ။

B1/B2/C1 သမားတွေ enroll ကြည့်လို့ရပါတယ်။

For now, we will only be accepting 3 students,and the good news is "this course will be 100% free"

ဆိုတော့ winner ဖြစ်ဖို့ကိုအောက်မှာ mention 2 friends, share and tag our page.
ပြီးရင် chat box မှာ screenshots လေးပို့ပေးထားနော်။

We will announce the final winners on sunday.

Good luck, xoxo.

09/09/2021

Everyone !!!!
Accent is a very personal thing. Correct and clear pronunciation is what you should be aiming for!!

မြန်မာမှာလူတွေအဆွဲတစ်ခုရှိတယ်
ဘိုလေသံအရမ်းပေါက်ချင်တာ
british accent လေ ဟိုကအဲ့မှာနေရင်း အဲ့ပတ်ဝန်းကျင်မှာနေရင်း
ဒါပဲနားထောင်ရင်း ဒီလေသံပဲထွက်နေတာလေ
ကိုယ်ကငါးပိစားပြီး ငါးခြောက်ဖုတ်တဲ့နားနေတော့
ပေါင်မုန့်နဲ့ ခရိုစန့်စားတဲ့ ဘိုလိုအသံဘယ်ထွက်မလဲ??
ဒီvideo ကိုနားထောင်ကြည့် ဒါspeed ကိုအများကြီးလျော့ထားတာ
နားလည်လား???အက်မင်လဲနားမလည်ဘူးနော်
သူဆိုတာကိုဘိုတွေလဲနားလည်မှာမဟုတ်ဘူး
အဲ့လိုပြောတတ်လို့ဟိုရောက်သွားရင်ဖြစ်ဖြစ်
ဘိုနဲ့ပြောရင်ဖြစ်ဖြစ်ကိုယ်ပြောတာကိုတစ်ဖက်သူနားမလည်ရင်ဘယ်လိုလုပ်မလဲ
ကိုယ်ကတော့ British accent လိုက်တာပဲ American accent လိုက်တာပဲ
သူများနားမလည်ရင် သင်ထားတတ်ထားကျင့်ထားကျက်ထားတာအားလုံးအလကားပဲနော်အရပ်တို့ ..

I stood out like a sore thumb.အဖွဲ့ထဲမှာငါအရမ်းထင်းနေတယ် သူများနဲ့မတူဘဲကွဲထွက်နေတယ်..အဲ့လိုပြောချင်တဲ့အခါကျရင်သုံးလို့ရတ...
25/06/2021

I stood out like a sore thumb.

အဖွဲ့ထဲမှာငါအရမ်းထင်းနေတယ်
သူများနဲ့မတူဘဲကွဲထွက်နေတယ်..
အဲ့လိုပြောချင်တဲ့အခါကျရင်သုံးလို့ရတယ်နော်..

I am different from others လို့လဲသုံးလို့ရပေမယ့်
ဒီလိုပြောရင်နည်းနည်းမောက်မာတဲ့ vibe မျိုးပေးနိုင်တာမို့
I stood out like a sore thumb လို့ပြောရင်
ပိုပြီး personal လဲဖြစ်သလို
ပိုပြီးလှတဲ့အသုံးအနှုန်းတစ်ခုလဲဖြစ်တယ်နော်

PS: I stood out လို့ပဲသုံးလဲရပါတယ်..

For example ~
Everyone in my class was so skinny and I was pretty buff, so I stood out like a sore thumb.
အခန်းထဲကကလေးတွေအားလုံးကသေးသေးလေးတွေ, ငါကတော့အကောင်တော်တော်ထွားတာမို့ , ငါတစ်ယောက်ထဲတအားသိသာပြီးထင်းနေတာပေါ့။

CHEATING IS A HABIT!!!I repeat "CHEATING IS A HABIT!!!"And cheaters will always cheat~~~~~ဒါကတစ်ကယ်ပြောတာနော် သမီးရည်းစာ...
25/06/2021

CHEATING IS A HABIT!!!
I repeat "CHEATING IS A HABIT!!!"
And cheaters will always cheat~~~~~

ဒါကတစ်ကယ်ပြောတာနော်
သမီးရည်းစားကိစ္စမှမဟုတ်ဘူး
ဘယ်အပိုင်းမှာမဆို တစ်ခါလိမ်ဘူးရင်
ထပ်လိမ်ဖို့ဝန်မလေးတော့ဘူး

ဆိုတော့စာကျက်တာလဲအဲ့လိုပဲ
နေ့တိုင်းတစ်နေ့ကို ကိုယ်ဘယ်လောက်ပဲလုပ်နိုင်လဲဆိုတဲ့
ကိုယ့်ရဲ့ limit အတိုင်းအတာကိုသိအောင်လုပ်
ပြီးရင်လုပ်မယ်လို့ plan ချ
ပြီးရင်ကိုယ်ချထားတဲ့ plan အတိုင်းမဖြစ်မနေလုပ်
no excuse ဆင်ခြေဆင်လက်မလိုချင်ဘူး

ဒီနေ့မအားလို့သေးမပေါက်တဲ့သူမရှိဘူး
အဲ့လိုပဲ စာလုပ်တာကိုလဲ
ကိုယ့်ဟာကိုပေးထားတဲ့ကတိအတိုင်းတည်ပါစေနော်သူငယ်ချင်းတို့
F**kboi တွေF**kgal တွေက cheat ပေမယ့်
My friend,you are not a cheater!!!
so don't cheat yourself and commit to your goals and plans!!!
AND YOU WILL SUCCEED ONE DAY~

It's raining cats and dogs. Whaaaa???တိုက်ရိုက်ဘာသာပြန်ရင် ကြောင်တွေခွေးတွေရွာနေတယ်ဟားးးရှယ်ပဲ အာ့ဆိုတစ်ကောင်လောက်ကောက်ပ...
25/06/2021

It's raining cats and dogs.
Whaaaa???

တိုက်ရိုက်ဘာသာပြန်ရင်
ကြောင်တွေခွေးတွေရွာနေတယ်
ဟားးးရှယ်ပဲ
အာ့ဆိုတစ်ကောင်လောက်ကောက်ပြီး
မွေးထားလိုက်တော့မယ်

အဲ့လိုပြောတာမဟုတ်ဘူးနော်
It's raining cats and dogs ဆိုတာ
မိုးတွေသည်းကြီးမည်းကြီးရွာတာကိုပြောချင်တာ
တင်စားချက်ပေါ့

ဆိုတော့....
It's raining heavily that day လို့ရေးမယ့်အစား
It's raining cats and dogs လို့
အထာကျကျ ပြောင်းပြောလို့ရပီပေါ့

Learning English under 5 minutes part 2 ဒီနေ့ကတော့အပိုင်းနှစ်လေးပေါ့နော် အပိုင်း၁ မှာပေးထားတဲ့ advice လေးကိုတစ်ကယ်ရောလို...
23/06/2021

Learning English under 5 minutes part 2

ဒီနေ့ကတော့အပိုင်းနှစ်လေးပေါ့နော်
အပိုင်း၁ မှာပေးထားတဲ့ advice လေးကိုတစ်ကယ်ရောလိုက်လုပ်ကြလား
ဒီတိုင်းပဲဖတ်ပြီးကျော်သွားကြသလား သူငယ်ချင်းတို့
မလုပ်ဖြစ်ရင် ဒီနေ့ကစပြီးစလုပ်ဖို့အကြံပေးချင်တယ်နော်

ကယ် ဒီနေ့ကတော့ second tip လေးလာပါပြီ
အဲ့ဒါကတော့လုပ်ရတာသက်သက်သာသာ
ပေါ့ပေါ့ပါးပါးရှိပြီး
လုပ်ရတာလွယ်ကူပြီးတော့
ရေရှည်လုပ်ဖြစ်ဖို့များတဲ့ အလေ့အကျင့်လေးတစ်ခုပါ

ကိုယ်ကြိုက်တဲ့ ENGLISH SONG တစ်ပုဒ်ကို
အရင်ကလိုနားထောင်ပြီးပြီးသွားတာမဟုတ်ဘဲ
သေချာ တစ်ခေါက်နားထောင်
ပြီးရင် စာသားကြည့်ပြီးနားထောင်
ပြီးရင်လိုက်ဆိုကြည့်
ပြီးရင်စာသားတွေထဲကမှ ကိုယ်မသိတာတွေရှာပြီးကျက်ပါ
ပြီးရင် သီချင်းကိုထပ်ခါထပ်ခါနားထောင်ပါ
စာသားကိုနားထဲကကြားရလား နားထောင်ကြည့်ပါ
အစကတစ်လုံးမှနားမလည်တဲ့ LYRICS တွေကို
လိုက်ရွတ်နိုင်ပြီလား
ရွတ်နိုင်ပြီဆိုရင် နောက်တစ်ပုဒ်ကိုပြောင်းနားထောင်လို့ရပါပြီ

ကယ်...ဒီနည်းနဲ့ဆိုကိုယ်ကြိုက်တဲ့သီချင်းတွေလဲ
အမုန်းနားထောင်လို့ရပြီ
သူငယ်ချင်းတွေရှေ့မှာလဲ အမုန်းဆိုနိုင်ပြီ
တစ်ဖက်ကလဲ အကျိုးရှိတဲ့ ENGLISH စာကိုလေ့လာဖြစ်သွားပြီဆိုတော့
တစ်ချက်ခုတ် ၃ ချက် မကပြတ်တဲ့ နည်းလမ်းလေးပဲနော်
တစ်ကယ်လိုက်လုပ်ကြည့်ရင််
တစ်ကယ်ထိရောက်တာကိုတွေ့ရပါလိမ့်မယ်။..။

Tips for Photographic memory (Military graded) You will need 1.a dark room2.no distractions3.a bright lamp 4.a piece of ...
22/06/2021

Tips for Photographic memory (Military graded)

You will need
1.a dark room
2.no distractions
3.a bright lamp
4.a piece of paper

Sit somewhere with easy access to turn on your light without getting up. Get a piece of paper & cut a rectangular hole roughly the size of a standard book paragraph. Cover whatever you're trying to memorize with the paper and expose only one paragraph.

Turn off the light and let your eyes adjust to the dark.
Flip the light on for a split second then off again.
Repeat this while staring at the material.

If you do this right, eventually you'll be able to see the paragraph and read the imprint in your mind.
(Takes Practice!)

အခုအပေါ်မှာ English လိုရေးထားတာကိုအရင်ဖတ်ကြည့်ပါ
မဖတ်ရသေးဘဲဒီအောက်ကိုအရင်လာဖတ်ရင်ခုချက်ချင်းအပေါ်ပြန်တက်ပြီး
ဖတ်ဖို့အကြံပြုပါရစေ။....။

ဒီနေ့ပြောထားတာကတော့
နိုင်ငံခြား စစ်တပ်တွေ လေ့ကျင့်ရေးထဲမှာ
သုံးတဲ့ မှတ်ဉာဏ်လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်
ဖတ်ကြည့်ပါ နားမလည်တာရှိရင် ကော်မန့်မှာရေးပေးပါ
ပြန်ရှင်းပြပေးပါမယ်..

ဒါလေးတွေကတော့ နည်းနည်း ဆန်းပြီး မှတ်ထားလို့ရမှာလေးတွေဖော်ပြထားတာပါ။

1.easy access - လက်တစ်ကန်းစာ / အလွယ်တကူ
2.the size of a standard book paragraph- ပုံမှတ်စာအုပ်ထဲက စာပိုဒ်တစ်ပိုဒ်အရွယ်လောက်
3.expose - show
4.let your eyes adjust - let your eyes get used to လို့လဲသုံးလို့ရတယ်
5.for a split second- ခဏလေး စက္ကန့်ပိုင်းမျှသာ
6.material- ဒီနေရာမှာကိုယ်လေ့လာနေတဲ အကြောင်းအရာကိုဆိုလိုတာ
ဘာမဆိုဖြစ်နိုင်တာမို့ material လို့ရေးတယ်
7.imprint - ဆွဲနေတာ ပုံနှိပ်စက်နဲ့ရိုက်ထားသလိုမျိုးကိုပြောချင်တာ

မသိတာရှိရင်ရေးခဲ့ပေးပါ။
Fighting with your studies!!

Learning English under 5 Minutes Part 1English စာဘာသာစကားကိုငယ်စဉ်ကတည်းကသင်ခဲ့လေ့လာခဲ့ပါရက်နဲ့ ဘာကြောင့်များမကျွမ်းရသေးတ...
21/06/2021

Learning English under 5 Minutes Part 1

English စာဘာသာစကားကိုငယ်စဉ်ကတည်းကသင်ခဲ့လေ့လာခဲ့ပါရက်နဲ့
ဘာကြောင့်များမကျွမ်းရသေးတာလဲ??
လေ့လာတဲ့နည်းစနစ်လေးတွေလိုနေသေးလို့ပါ
ဒီနေ့ မင်မင်က
ဘာတွေလုပ်လို့ရလဲ
ဘာတွေလုပ်သင့်လဲ
ဘာလို့လုပ်သင့်လဲ
စတာစတာတွေကို တင်ပေးသွားပါမယ်
ဆိုတော့ are you guys ready???

ဟုတ်ပါပြီ
စီးရီးလေးလုပ်ပြီးတင်ပေးမှာဆိုတော့ဒီနေ့ကတော့
part 1 လေးပေါ့နော်
write one or two sentences to wrap up your day (everyday)

နေ့တိုင်းလုပ်ပေးရမှာနော်
ကိုယ်တစ်နေ့တာဘာတွေလုပ်ခဲ့တယ်
သို့မဟုတ်ဒီနေ့ဖြစ်ပျက်ခဲ့တာတွေထဲကအကြောင်းကိုပြောချင်လဲရတယ်
ဘာမဆိုဖြစ်တယ်
နေ့တိုင်းရေးနေဖို့ပဲ
ရေးတာကိုဘာလို့အရင်စလုပ်ခိုင်းရလဲဆိုရင် ရေးတာအချိန်ယူစဉ်းစားလို့ရတယ်
ပြောခိုင်းရင်တော်တော်များများကဝန်လေးတာတစ်ကြောင်း
အတွေးတွေများပြီးမလုပ်ဖြစ်တော့ဘူး
မဟုတ်ဘူး နေ့တိုင်းလုပ်မှတိုးတတ်လာမှာ..
ဒီတစ်ပတ်၂ ကြောင်း
နောက်တစ်ပတ် ၃ ကြောင်း
ဖြည်းဖြည်းချင်းတိုးပြီးရေး
ရေးချင်တဲ့ စာသားလေးတွေမသိရင် dictionary or internet မှာတက်ရှာ
ကိုယ်သိချင်လို့ရှာလာတဲ့စာလုံးလေးလဲဖြစ်တယ်
ကိုယ်လဲချရေးလိုက်တယ်
တစ်ကယ်စာကြောင်းထဲထဲ့သုံးကြည့်လိုက်ရတယ်
ဆရာမသင်ပေးတာကို အလွတ်ကျက်လိုက်တာမဟုတ်တဲ့အတွက်
အများကြီးပိုမှတ်မိတာ မင်မင့်အတွေ့အကြုံပါနော်
အာ့ကြောင့်မင်မင်က အင်တာနက်ပေါ်က စာလုံးတွေရှာပြီးမကျက်ဘူး
ကိုယ့်တစ်နေ့တာကိုနေ့တိုင်းရေးပြီး
သုံးချင်တဲ့စာလုံးလေးတွေရှိတယ်
မသိရင်တက်ရှာတယ် ပိုမှတ်မိတယ်

ကယ်ဒါဆို အားလုံးဒီနေ့ကစပြီးတော့
နေ့တိုင်း အနည်းဆုံးတော့ ၁ ကြောင်း ၂ ကြောင်း
English လိုစရေးပြီး တူတူလေ့လာကြရအောင်နော်...

Address

Bocho
Yangon
1101

Alerts

Be the first to know and let us send you an email when Cherripod posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Cherripod:

Shortcuts

Share

Category