12/11/2021
ဟိုတယ်အလုပ်အကိုင်ကောင်းကောင်းလိုချင်သူများသာဖတ်ရန်
အခုအချိန်မှာပြည်တွင်းနဲ့ ပြည်ပရှိဟိုတယ်များမှအလုပ်ခေါ်စာတွေများလာပေမဲ့ အလုပ်လိုချင်သူ အလုပ်လျှောက်သူ တွေကလဲအများကြီးရှိနေတာမို့လို့ ကိုယ့် CV ကိုယ့်အလုပ်လျှောက်လွှာကို အင်တာဗျူးအတွက်အရွေးချယ်ခံရဖို့နဲ့ အင်တာဗျူးမှာအဆင်ပြေစေဖို့အောက်ပါအချက်တွေကို ဂရုစိုက်ဖို့လိုပါတယ်
၁။ အရမ်းအရေးကြီးတဲ့အချက်တခုက ခေါ်ယူတဲ့ရာထူးအတွက် မရှိမဖြစ်လိုအပ်တဲ့အချက်တွေ အရည်အချင်းတွေ ကိုယ့်မှာရှိကြောင်း ကိုယ့် CV ကိုယ့်အလုပ်လျှောက်လွာကပေါ်လွင်အောင်ဖေါ်ပြနိုင်ဖို့လိုပါတယ်။ CV ၊ အလုပ်လျှောက်လွှာ စသည်တို့ဟာသပ်သပ်ရပ်ရပ်နဲ့ အချက်အလက်အမှား စာလုံးပေါင်းအမှားကင်းဖို့လိုပါတယ်။ ဒါကြောင့်အလုပ် ကောင်းကောင်းရလိုသူတွေဟာ မိတ္တူကူးဆိုင်တွေမှာအဆင်သင့်ပြုလုပ်ထားပြီးရောင်းချလေ့ရှိတဲ့ CV ဖောင်ကို၀ယ် ပြီးလက်ရေးနဲ့ဖြည့်ပြီးအလုပ်လျှောက်တာမျိုးမလုပ်သင့်ပါ။ CV နဲ့ အလုပ်လျှောက်လွှာ ကို ကွန်ပျူတာနဲ့ နည်းလမ်းတကျစာစီရေးသားပြီး print ထုတ်ဖို့လိုပါတယ်။ ပြီးတော့ CV ကို pdf file အနေနဲ့ ဖုန်းပေါ်မှာလဲသိမ်းထားသင့်ပါ တယ်။ တချို့ကတော့ မိတ္တူကူးဆိုင်တွေမှာ အဆင်သင့်ပြုလုပ်ထားပြီးရောင်းချလေ့ရှိတဲ့ CV ဖောင်ကို၀ယ်၊ လက်ရေးနဲ့ဖြည့်ပြီး စားပွဲခင်း(သို့)ကြမ်းခင်းပေါ်ချပြီး ဖုန်းနဲ့ဓာတ်ပုံရိုက်ပြီးပို့လိုက်တာတွေတွေ့ဖူးပါတယ်။ CV ကို Viber (သို့) messenger ကပို့ခိုင်းတယ်ဆိုရင်လဲ pdf file အနေနဲ့ပို့တာကပိုကောင်းပါတယ်။ ဖုန်းနဲ့ဓာတ်ပုံရိုက်ပို့ရင်လဲ စားပွဲခင်း (သို့)ကြမ်းခင်းတွေပါပေါ်နေတာ ဝါးနေပြီးကြည်လင်ပြတ်သားမှုမရှိတာ စသည်တို့မဖြစ်အောင် ဂရုစိုက်ဖို့လိုပါတယ်။
ပြည်တွင်းနဲ့ ပြည်ပရှိ 4-star, 5-star hotel ကြီးတွေမှာအလုပ်လျှောက်ရင် CV နဲ့ အလုပ်လျှောက်လွာ (cover letter) ကို အင်္ဂလိပ်လိုရေးပြီး များသောအားဖြင့် email နဲ့ပို့ရတာဖြစ်လို့ CV နဲ့ cover letter ကိုအင်္ဂလိပ်လိုကောင်းကောင်းရေးတတ်ဖို့ လိုပါတယ်။ ကိုယ်ပိုင် email တခုရှိလည်းရှိသင့်ပါတယ်။ gmail တခုကိုအလွယ်တကူလုပ်လို့ရပါတယ်။ ကိုယ့် ဘွဲ့လက်မှတ်၊ အောင်လက်မှတ်၊ ထောက်ခံစာ၊ ပတ်စ်ပို့ စသည်တို့ကို ကွန်ပျူတာဆိုင်မှာ scan ဖတ်ပြီး scanned copies တွေကို CV (in MS Word format & pdf format) တွေနဲ့အတူ google drive မှာသိမ်းထားရင် အလုပ်လျှောက်တဲ့အခါ အဲဒီ စာရွက်တွေကို email နဲ့အလွယ်တကူတွဲပြီးပို့လို့ရပါတယ်။
၂။ အလုပ်ရှာတဲ့အခါ Agency နဲ့ ရှာလို့ရသလို ကိုယ်တိုင်ရှာလို့လဲရပါတယ်။ ကိုယ်တိုင်ရှာတာက agent fees မပေးရဘူး၊ အလုပ်ရှင်နဲ့တိုက်ရိုက်ဆက်သွယ်ပြောဆိုခွင့်ရတယ် စတဲ့ကောင်းကျိုးတွေရှိပါတယ်။ Facebook ပေါ်မှာလည်း ဟိုတယ်အလုပ်ခေါ်စာတင်ပေးတဲ့ Group တွေအများကြီးရှိသလို ပြည်ပ Hotel & restaurant အလုပ်တွေရှာချင်ရင် www.catererglobal.com, www.hozpitality.com, www.naukri.com စတဲ့ website တွေမှာရှာလို့လဲရပါတယ်။ အဲဒီလိုရှာမယ်ဆိုရင် အင်္ဂလိပ်လိုတတ်ကျွမ်းဖို့တော့လိုပါတယ်။ ပြည်ပရှိ 4-star, 5-star hotel ကြီးတွေက 4-star, 5-star hotel တခုခုမှာလုပ်ငန်းအတွေ့အကြုံရှိပြီး အင်္ဂလိပ်လိုတတ်ကျွမ်းသူတွေကိုဘဲ အလုပ်ခေါ်လေ့ရှိပါတယ်။
၃။ အင်တာဗျူးအတွက် ကြိုတင်ပြင်ဆင်ပါ။ မေးလေ့ရှိတဲ့အင်တာဗျူးမေးခွန်းများရှိပါတယ်။ အဲဒီမေးခွန်းတွေမေး လာရင်ဘယ်လိုပြန်ဖြေမယ်ဆိုတာကိုကြိုတင်လေ့ကျင့်ထားသင့်ပါတယ်။ ကောင်းကောင်းပြင်ဆင်ထားတယ်ဆိုရင် အင်တာဗျူးမှာ သင်မိမိကိုယ်ကိုပိုမိုယုံကြည်မှုရှိပြီး သက်တောင့်သက်သာရှိပါလိမ့်မယ်။
၄။ အင်တာဗျူးအတွက်သွားတဲ့အခါ အချိန်နောက်မကျဖို့၊ တကိုယ်ရည်သန့်ရှင်းမှုရှိဖို့၊ သပ်ရပ်ယဉ်ကျေးစွာ ၀တ်စားဖို့၊ ယဉ်ကျေးစွာပြောဆိုဖို့၊ အင်တာဗျူးဖြေနေစဉ်ဖုန်းကို silent လုပ်ထားဖိူ့ လိုတယ်ဆိုတာ လူတိုင်းလိုလိုသိပြီးဖြစ်ပေမဲ့ အင်တာဗျူးလာဖြေသူထံမှ ချွေးနံ့တွေထွက်နေတာ၊ ဆေးလိပ်နံ့၊ အရက်နံ့ထွက်နေတာ၊ သွားတွေမှာ ကွမ်းကျိူးတွေတက်နေတာတွေကို တွေ့ကြုံဖူးပါတယ်။
၄။ စိတ်ဓာတ်မကျပါနဲ့။ အလုပ်ရှာဖွေမှုတိုင်းမှာ No ၏နောက်တွင် Yes ဖြစ်သည် ဟု ဆိုကြသည်။ "No" တစ်ခုစီသည် အလုပ်ရှင်က Yes ဟုပြောသောနေ့ကိုရောက်ရန် ခြေတစ်လှမ်းပိုနီးကပ်စေပါသည်။ အကောင်းမြင်စိတ်ထား ထားရှိကာ ရရှိခဲ့တဲ့ အတွေ့အကြုံများမှသင်ခန်းစာယူပြီး နောက်တကြိမ်တွင် ပိုကောင်းအောင်လုပ်ပါ။
ပြည်တွင်း/ပြည်ပရှိ Hotel (သို့) Restaurant ကြီးများမှာ အလုပ်ရဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ လုပ်ငန်ခွင်သုံးအင်္ဂလိပ် ဘာသာစကားကျွမ်းကျင်မှုကိုရရှိစေရန် ၊ CV နဲ့ cover letter ကိုအင်္ဂလိပ် လိုကောင်းကောင်းရေးတတ်စေရန်နဲ့ အင်တာဗျူးမှာအင်္ဂလိပ်လိုကောင်းစွာဖြေဆိုနိုင်ရန် သင်ယူလိုပါက Aung Online Hospitality Training တွင် Hospitality English Course (Intermediate Level) ကိုတက်ရောက်သင်ယူနိုင်ပါတယ်။ Facebook Private Group တွင် သင်ခန်းစာ ဗီဒီယိုဖိုင်များ အသံဖိုင်များ၊ မှတ်စုနှင့်လေ့ကျင့်ခန်းလုပ်ရန် PDF ဖိုင်များတင်ထားပေးပြီး Online မှသင်ကြားပေး မည်ဖြစ်ပါသည်။ Telegram Group မှသင်လိုသူများကိုလည်း Telegram Group ကို join နိုင်ရန်စီစဉ်ပေးပါမည်။ အသေးစိတ်ကိုအောက်ပါ video တွင်ရှင်းပြထားပါသည်။