07/12/2023
"(၁၀၃)နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြေပြင်သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့"
၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်၊ အကလ(မြေပြင်)
ယနေ့ ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက် (၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ၇ရက်) တွင် ကျရောက်သည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် လူထုဒေါ်အမာ၏ အဆိုအမိန့်ဖြစ်သည့် "အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်မထွက်ဘူး" ဟူသော စာသားပါ ဘန်နာကို အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-မြေပြင်) ရဲဘော်များက အာဏာလုစစ်ကောင်စီတပ်မှ လုံခြုံရေးတင်းကြပ်ထားသည့် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တစ်နေရာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုံ့ဆော်မှုအနေဖြင့် ချိတ်ဆွဲခဲ့သည်။ ထိုမြေပြင်လှုပ်ရှားမှုကို Youth Scout for Democracy (YSD) မှလည်း ကင်းထောက်ပံ့ပိုးမှုဖြင့် ပါဝင်ကူညီအားဖြည့်ပေးခဲ့သည်။
#၁၀၃နှစ် #အမျိုးသားအောင်ပွဲနေ့ #လူထုဒေါ်အမာ #အာဏာရှင်ဆိုတာဘယ်တော့မှအရှင်မထွက်ဘူး #အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး ြေပြင်
06/08/2023
ရန်ကုန်တွင် "ရုန်းထွက်တော်လှန်၊ကျောင်းသားထုအားမာန်" စာသားပါ ဘန်နာအား အကလရဲဘော်များမှချိတ်ဆွဲ
သြဂုတ်၊၆၊အကလ(ရန်ကုန်)
ရန်ကုန်တွင် အ.ထ.က(၂) အရှေ့ဒဂုံမြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) နှင့် မရမ်းကုန်းမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(မရမ်းကုန်း-အကလ)တို့ ပူးပေါင်း၍
"ရုန်းထွက်တော်လှန်၊ ကျောင်းသားထုအားမာန်"
ဆိုသောစာသားအားချိတ်ဆွဲကာ ခေတ်အဆက်ဆက်ရှိ တော်လှန်သောကျောင်းသားထုအားဂုဏ်ပြုပြီး ၈၈၈၈ လူထုအရေးတော်ပုံ နှစ်ပတ်လည်အကြို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှူအဖြစ် ပြုလုပ်ခဲ့ကြသည်။
#မရမ်းကုန်းမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
#အထက၂အရှေ့ဒဂုံမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
#ရုန်းထွက်တော်လှန်ကျောင်းသားထုအားမာန်
12/05/2023
"မုန်တိုင်းအန္တရာယ်နှင့်နာဂစ်ထဲမှပြည်သူ့ဘဝ" စာစောင်အားဖြန့်ဝေ
မေ၊၁၂
မရမ်းကုန်းမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(မရမ်းကုန်း-အကလ)နှင့် အ.ထ.က(၂) အရှေ့ဒဂုံမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) တို့ပူးပေါင်းကာ မုန်တိုင်းအသိပညာပေးနှင့်စစ်အာဏာရှင်များ၏ လစ်လျူရှုမှုများအကြောင်းပါဝင်ရေးသားထားသည့်
"မုန်တိုင်းအန္တရာယ်နှင့်နာဂစ်ထဲမှပြည်သူ့ဘဝ"
လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြသည်။
မုန်တိုင်းအန္တရာယ်နှင့်နာဂစ်ထဲမှပြည်သူ့ဘဝလက်ကမ်းစာစောင်အပြည့်အစုံဖတ်ရှုလိုပါက Ebook link- https://drive.google.com/file/d/1THaRNhdpSCRXv0nARVDnk2b2tB6H474P/view?usp=sharing
#မုန်တိုင်းအန္တရာယ်နှင့်နာဂစ်ထဲမှပြည်သူ့ဘဝ
#မရမ်းကုန်းမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
#အထက၂အရှေ့ဒဂုံမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
01/05/2023
အ.ထ.က(၁)မရမ်းကုန်းမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)ပြန်လည်ထူထောင်ဖွဲ့စည်းခြင်းအတွက်အခြေခံပညာCDMကျောင်းသားလူငယ်များအားအလိုရှိပါသည်။
ထို့ကြောင့်အ.ထ.က(၁)မရမ်းကုန်းမြို့နယ် အခြေခံပညာ
ကျောင်းသားလူငယ်များအစည်းအရုံး(အကလ)ပြန်လည်ဖွဲ့စည်းခြင်းအတွက်စိတ်အားတက်ကြွစွာပါဝင်လိုသောကျောင်းသားလူငယ်များအနေဖြင့်page cbတွင်လာရောက်လျှောက်တင်နိုင်ပါပြီခင်ဗျာ။
လိုအပ်သည့်infoများကတော့
Name
Age
CDM
လုံခြုံရေးဂရုစိုက်နိုင်မှု
တော်လှန်ရေးအတွေ့အကြုံ
#အ.ထ.က(၁)မရမ်းကုန်းမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
12/04/2023
မရမ်းကုန်းမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(မရမ်းကုန်း-အကလ) နှင့် အ.ထ.က (၂) အရှေ့ဒဂုံမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) တို့ပူးပေါင်းပြီး
"တော် လှန် သ င်္ကြန်"
ဆိုသောစာသားနှင့် "ကန့် ဘ လူ" ဆိုသော စာသားပါဝင်သည့် အတာအိုးများအား ရန်ကုန်မြို့၊ ကန်တော်ကြီးတွင် ပြသာကာ စစ်ကောင်စီမှပြုလုပ်သည့် အတာသင်္ကြန်အား ပြည်သူအပေါင်းမှမပါဝင်ရန်၊ တော်လှန်သင်္ကြန်အားပူးပေါင်းကြရန်နှင့် ယမန်နေ့က အစုလိုက်အပြုံလိုက်၊ လေကြောင်းမှသတ်ဖြတ်ခံခဲ့ရသော ကန့်ဘလူမြို့နယ် ၊ ပဇီကြီးကျေးရွာမှ ပြည်သူအပေါင်းတို့အတွက်ဝမ်းနည်းကြောင်းထုတ်ဖော်ခဲ့ကြသည်။
#မရမ်းကုန်းမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
#အထက၂အရှေ့ဒဂုံမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
#ကန့်ဘလူ
#တော်လှန်သင်္ကြန်
10/04/2023
"ပျော်ရန်သင်္ကြန်မဟုတ်၊တော်လှန်သင်္ကြန်"
April 10, 2023
မရမ်းကုန်းမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(မရမ်းကုန်း-အကလ)နှင့် အ.ထ.က(၂) အရှေ့ဒဂုံအခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) တို့ပူးပေါင်း၍ "ပျော်ရန်သင်္ကြန်မဟုတ်၊တော်လှန်သင်္ကြန်"စာသားပါဘန်နာအားချိတ်ဆွဲပြီး စစ်ကောင်စီမှပြုလုပ်သည့်သင်္ကြန်ပွဲများအား သပိတ်မှောက်ကြရန် လှုံ့ဆော်ခဲ့ကြသည်။
#မရမ်းကုန်းမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
#အထက၂အရှေ့ဒဂုံအခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
#သတင်းနှင့်ပြန်ကြားရေး
12/02/2023
(၇၆) ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အနေနဲ့ ကျွန်တော်တို့ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ) က ကျောင်းပေါင်းစုံ အွန်လိုင်းကမ်ပိန်းတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ ပြည်သူများအနေနဲ့လဲ ဖက်ဆစ်ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် သပိတ်မှောက်ကြဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စုသစ်ကြီးကို ရဲရဲဝံ့ဝံ့ဖော်ဆောင်ကြဖို့ရာ တိုက်တွန်းလိုက်ရပါတယ်။
#ဖက်ဆစ် ရွေးကောက်ပွဲကို သပိတ်မှောက်
ဖယ်ဒရယ်လမ်းကိုရဲရဲလျောက်
#အ.ထ.က ၁ မရမ်းကုန်းမြို့နယ် အခြေခံပညာကျောင်းသားလူငယ်များ အစည်းအရုံး
11/02/2023
မရမ်းကုန်းမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(မရမ်းကုန်း-အကလ)နှင့် အ.ထ.က(၂)အရှေ့ဒဂုံအခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)တို့ပူးပေါင်း၍
"စစ်မှန်တဲ့ဖက်ဒရယ်စနစ်ဆီဦးတည်ကြ" စာတန်းပါဘန်နာအား ရန်ကုန်မြို့တစ်နေရာတွင် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ်အနေဖြင့် ချိတ်ဆွဲခဲ့ကြသည်။
#မရမ်းကုန်းမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
#အထက၂အရှေ့ဒဂုံအခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
#စစ်မှန်တဲ့ဖက်ဒရယ်စနစ်ဆီဦးတည်ကြ
21/01/2023
စစ်ဘေးရှောင် ပြည်သူတွေကို လှူဖို့ ကျွန်တော်တို့..
အ.ထ.က (၁) မရမ်းကုန်းအခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)
မှာ စာအုပ်မဲလေးတွေ ရောင်းပေးမှာပါခင်ဗျ..
စာအုပ်လေးတွေကတော့ ..
1-အလောင်းမင်းတရားကြီး ဦအောင်ဇေယျ ရဲ့ သူ၏ရွာကိုဖြီးဖြီးခိုင်ခိုင်ပြုလုပ်နေထိုင်ခြင်း အပြင် အခြားအကြောင်းရာပါ စာအုပ်..
2-မောင်လှမျိုးရဲ့အချစ်ကဗျာ စာအုပ်..
3-အမျိုးသားပညာဝန် ဦးဖိုးကျားရဲ့ မြန်မာ့ဂုဏ်ရည်
စာအုပ်တို့ဘဲ ဖြစ်ပါတယ်..
မဲ အရေးတွက်ကတော့ ၁၀၀ ပါ..
သုံးဦးအားမဲ ဖောက်ပေးမှာ ဖြစ်ပါတယ်ခင်ဗျ..
တစ်မဲအား ၂ထောင် ကျပ်နှုန်းဖြစ် လာရောက်ဝယ်ယူ
လှူဒါန်းပေးနိုင်ပါတယ်ဗျို့...
kpay (or) wave pay တို့ဖြစ် မဲဝယ်ပြီး လှူလို့ရပါတယ်ခဗျ..
#ပြည်သူများအား ကျွန်တော်တို့အ.ထ.က (၁) မရမ်းကုန်းအခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)မှကျေးဇူးအထူးတင်ပါသည်..
#အရေး တော်ပုံအောင်နိုင်ရေးအတွက် ကူညီပါဝင်ပေးကြပါအုံးခင်ဗျ...🙏🙏
#အ.ထ.က(၁)မရမ်းကုန်းအခြေခံပညာ
ကျောင်းသားလူငယ်များ အစည်းအရုံး
30/11/2022
မရမ်းကုန်းမြို့နယ်အတွင်း အချို့သောနေရာများ၌ နေအိမ်များ မတရားဖြိုဖျက်ခံရ၊ ဖမ်းဆီးထိန်းသိမ်းခံရသူများလည်းရှိနေ
13/11/2022
အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)မှ Failed Law လှုပ်ရှားမှူတွင်ပူးပေါင်းပါဝင်
နိုဝင်ဘာ၊ ၁၃
အ.ထ.က(၁)သင်္ဃန်းကျွန်းအခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)နှင့် မရမ်းကုန်းမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(မရမ်းကုန်း-အကလ)တို့ပူးပေါင်း၍
"Failed Law
Failed Education"
ပါဝင်သောဘန်နာအား ချိတ်ဆွဲကာ ဆေးနီမှုတ်ခြင်းများကိုလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် ပြုလုပ်ခဲ့ကြသည်။
#အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
07/11/2022
မရမ်းကုန်းမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(မရမ်းကုန်း-အကလ)မှ မရမ်းကုန်းမြို့နယ်အတွင်းရှိကျောင်းအချို့နှင့် လမ်းများတွင်
"ရဲရဲတောက်စိတ်ဓာတ်နဲ့ဖက်ဒရယ်ဒီမိုကရေစီကိုဦးတည်ကြ"စာတန်းပါပိုစတာများကပ်ခြင်း၊
"မင်းအောင်လှိုင်xီးပဲ"
"စစ်ကျွန်ပညာရေးအလိုမရှိ"
အစရှိသောစာတန်းများဖြင့်ဆေးနီပတ်ခြင်း၊ စာရေးခြင်းများပြုလုပ်ခဲ့ကြသည်။
#သတင်းနှင့်ပြန်ကြားရေးဌာန