Arido Beauty House - လူသုံးကုန် နှင့် အလှကုန် လက်လီလက်ကား

Arido Beauty House - လူသုံးကုန် နှင့် အလှကုန် လက်လီလက်ကား

Share

WELCOME From Beauty House Online Shop .

22/05/2025
Photos from Arido Beauty House - လူသုံးကုန် နှင့် အလှကုန် လက်လီလက်ကား's post 23/03/2025
11/03/2025
Photos from Arido Beauty House - လူသုံးကုန် နှင့် အလှကုန် လက်လီလက်ကား's post 01/09/2024

လူပြောများလာတဲ့ Chia Seed အကြောင်းသိကောင်းစရာ

Chia Seed တစ်အောင်စ (28 grams) မှာ ဆိုရင်
1. 137 ကယ်လိုရီ
2. ကာဗိုပိာုကဒြရိတြ 12 ဂရမျ
3. အသားဓါတ် 4.4 ဂရမ်
4. အဆီဓါတ် 8.6 ဂရမ်
5. အမျှင်ဓါတ် 10.6 ဂရမ်
6. မဂ္ဂနိစ် 0.6 မီလီဂရမ်
7. ဖော့စ်ဖောရပ် (Phosphorus)256 မီလီဂရမ်
8. ကယ်လ်ဆီယမ် (ထုံးဓါတ်) 177 မီလီဂရမ်
9. သွပ်ဓါတ် 1 မီလီဂရမ်
10. ကော့ပါး 0.1 မီလီဂရမ်
11. ပိုတက်ဆီယမ် 44.8 မီလီဂရမ်ပါဝင်ပါတယ်။

Chia seed မှာ ခန္ဓာကိုယ် အတွက် အရေးကြီးတဲ့ Linoleic Acid အပြင် ဗီတာမင် A,B,E,D နှင့် သတ္တုဓါတ် တွေ ဖြစ်တဲ့ ဆာလဖာ၊ သံဓါတ်၊ အိုင်အိုဒင်း၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနိစ် တွေပါဝင်ပါသေးတယ်။

ကျန်းမာရေး ကို ဘယ်လို အထောက်အကူ ဖြစ်စေနိုင်သလဲ????

1. Chia seed မှာ ပါဝင်တဲ့ Phenolic က ဓါတ်တိုးဆန့်ကျင် သတ္တိ ရှိတဲ့ အတွက် ရေပြား ဆဲလ်လေးတွေ ပျက်ဆီးတာ ကို ကာကွယ်ပေးတဲ့ အပြင် ပျက်ဆီးသွားတဲ့ ဆဲလ်တွေကို လည်း ပြန်လည်ပြုပြင်ပေးနိုင်တဲ့ အသွမ်းသတ္တိ ရှိတဲ့ အတွက် ကျန်းမာတဲ့ အသားအရေ ရရှိနိုင်ပါတယ်။

2. အစာအိမ်နှင့် အူလမ်းကြောင်း အတွက်ကောင်းမွန်ခြင်း - Chia Seed မှာ အမျှင်ဓါတ်များစွာပါဝင်တဲ့ အတွက် ဝမ်းမှန်စေပါတယ်။ ဒီ့အပြင် ဆီးချိုရောဂါသည်တွေ မှာဆိုရင် လည်း အင်ဆူလင် ပမာဏကို ထိန်းညှိပေးနိုင်တဲ့ အတွက် သကြားဓါတ် ကို အတိုင်းအတာဂတစ်ခု အထိ ထိန်းညှိပေးနိုင်ပါတယ်။ စားလိုက်တာ နဲ့ အစာအိမ်ထဲ မှာ gelatin (ဂျဲလ်) ပုံစံပြောင်းသွားတဲ့ အတွက် prebiotic အနေနဲ့ အလုပ်လုပ် ပြီး အူလမ်းကြောင်း မှာ probiotics တွေ များလာအောင် လုပ်ပေးတံ့အတွက် ဝမ်းမှန်စေပါတယ်။

3. နှလုံးကျန်းမာရေး အတွက် အထူးကောင်းမွန်ခြင်း - အမျှင်ဓါတ် များစွာပါဝင်တဲ့ အတွက် သွေးတွင်း ကိုလက်စထရော ကို ကျစေပါတယ်။ အိုမီဂါ သရီး ပါဝင်တဲ့ အတွက်ကြောင့် လည်း ရောင်ယမ်းခြင်းကို ကာကွယ်ပေးခြင်း၊ မကောင်းတဲ့ ကိုလက်စထရော တွေ ကို လျှော့ချပေးနိုင်ခြင်း၊ သွေးပေါင်ချိန်လျှော့ချပေးနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများ ရှိပါတယ်။ သွေးတွင်းကိုလက်စထရော နှင့် ရောင်ယမ်းခြင်းကို လျှော့ချပေးတဲ့ အတွက် နှလုံးသွေးကြောကျဉ်းရောဂါ ကို လည်း တဖက်တလမ်း ကနေ ကာကွယ်ပေးနိုင်ပါတယ်။

4. Chia Seed မှာ Alpha Linolenic Acid နှင့် အမျှင်ဓါတ် ကြွယ်ဝတဲ့ အတွက် သွေးတွင်း ကိုလက်စထရော ကျစေသည့်အပြင် အင်ဆူလင် ပမာဏ ကိုပါ ထိန်းညှိပေးတဲ့ အတွက် ဆီးချိုရောဂါ ဖြစ်ပွားမှု့ကို ကာကွယ်ပေးပါတယ်။ ဒီအာနိသင် ရဖို့အတွက် ၃ ပါတ်တော့ အနည်းဆုံး စားပေးဖို့တော့လိုပါတယ်။

5. ဇီဝကမ္မ ဖြစ်စဉ် ကို မြှင့်တင်ပေးခြင်း - chia Seed မှာ ပါဝင်တဲ့ ကောင်းတဲ့ ကိုလက်စထရော တွေက မကောင်းတဲ့ ကိုလက်စထရော တွေ ကို ဖယ်ရှားပေးပြီး ဝမ်းဗိုက်အတွင်းရှိ အဆီတွေ ကို လျှော့ချပေးတဲ့အတွက် အဆီပမာဏ လျော့ကျပြီး ဇီဝကမ္မ ဖြစ်စဉ်ကို တက်လာစေပါတယ်။

6. အရိုးကျန်းမာရေး အတွက် အသုံးဝင်ခြင်း - Chia Seed တစ်အောင်စမှာ တစ်နေ့တာစားသင့်တဲ့ ကယ်ဆီယမ် 18 ရာခိုင်နှုန်းပါဝင်တဲ့ အတွက် အရိုးကြံခိုင်ဖို့ အတွက် တဖက်တလမ်း က ကူညီပေးပါတယ်။ ဒီ့အပြင် မဂ္ဂနီဆီယမ်၊ မဂ္ဂနိစ်၊ ဖော့စ်ဖောရပ် တွေပါ ဝင်သေးတဲ့ အတွက် အရိုး နှင့် ကြွက်သား အတွက် အထောက် အကူ ဖြစ်စေပါတယ်။

7. ကြွက်သားတက်စေခြင်း - တစ်အောင်စ မှာ အသားဓါတ် ၄.၄ ဂရမ် ပါတဲ့လအတွက် မဆိုးဘူးလို့ဆိုနိုင်ပါတယ်။ muscle Gain ကစားနေသူများလည်း စားလို့ အဆင်ပြေနိုင်ပါတယ်။

8. ဝိတ်ကျစေခြင်း - သွပ် ဓါတ် (Zinc) ပါဝင်တဲ့ အတွက် Leptin hormone ထွက်တာကို အားပေးပါတယ်။ Leptin hormone ပာာ ကျွန်တော်တို့ ဗိုက်ဆာတာ ကို ထိန်းချုပ်ပေးပါတယ်။

9. Alpha Lipoic Acid (ALA) က ရင်သားကင်ဆာ နှင့် သားအိမ်ခေါင်းကင်ဆာ ဆဲလ်တွေ ပွားနှုန်း ကို ပာန့်တားပေးပါတယ် ဆိုပြီး Journal of Molecular Biology ကနေ ဖော်ပြထားပါတယ်။

10. ကယ်ဆီယမ်၊ ဖော့စ်ဖောရပ် ၊ ဇင့် ပါဝင်တဲ့ အတွက် သွားများကို ကျန်းမာကြံခိုင်စေပြီး ဇင့်ဓါတ် က ဘတ်တီးရီးယား ပိုးမွှားများကို သေစေတဲ့အတွက် ခံတွင်း အနံ့ ဆိုးများကို သက်သာစေပါတယ်။

မှတ်ချက်- chia seed တမျိုးတည်းသောက်ပြီး ဝိတ်ချတာ၊ chia seed ပဲ စားပြီး ဘာမှ မစားခြင်းက အာဟာရ မပြည့်ဝတဲ့ အတွက် အဲ့လိုလုပ်ရင် ကျန်းမာရေးနှင့် လုံးဝ မသင့်တော်ပါ။

တခါတလေ စားဖို့ပါသာ ရည်ရွယ်ပါတယ်
တနေ့ ဘယ်လောက် ဆိုရယ်ဆိုပြီး မရှိပါ
သူ့ဆီ က အာဟာရ ဓါတ် တွေ က သူ့မစားလဲ တခြားစားစရာတွေ ကနေ ရပါတယ်

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

10/08/2024

🎈 ကိုယ်ခက်ခဲနေတဲ့အချိန်မှာ 75% သောလူတွေက လုံးဝစိတ်မဝင်စားပါဘူး ၊ အကူအညီပေးဖို့လည်း အစီအစဉ်မရှိပါဘူး ။

🎈 24% သောလူတွေကတော့ ကိုယ် ခက်ခဲနေတာကိုမြင်ပြီး ပျော်ရွှင်နေကြပါတယ် ။

🎈 1% သာလျင် ကိုယ့်ရဲ့အခက်အခဲတွေပေါ်မှာ စိတ်ဝင်စားတယ် ။ ကူညီဖို့အတွက်လည်း အဆင်သင့်ဖြစ်နေတယ် ။

☘️ ဒီတော့ ကျွန်တော်တို့က ကိုယ်ခက်ခဲနေတဲ့အချိန်မှာ ဘယ်သူတွေ ကိုယ့်ကို ဂရုမစိုက်ဘူးလဲ ? ဘယ်သူတွေ ပျော်နေသလဲ ? ဘယ်သူတွေကိုယ့်ကို အကူအညီပေးသလဲဆိုတာကို ကောင်းကောင်းနားလည် သဘောပေါက်ထားဖို့လိုပါတယ် ။

- crd to original

Photos from Arido Beauty House - လူသုံးကုန် နှင့် အလှကုန် လက်လီလက်ကား's post 06/08/2024

ပစ္စည်းလေးတွေ In stock ရနေပါပီနော်

Photos from Arido Beauty House - လူသုံးကုန် နှင့် အလှကုန် လက်လီလက်ကား's post 03/08/2024

တြိဂံအဝတ်လှန်းစင်(ဘီးပါ)

Price - 25500 ks

အခန်းတွင်းထားလို့ အဆင်ပြေတဲ့ဆိုဒ်လေးပါ

နေရာလဲ အများကြီးမယူ။ ချိတ်ဆွဲအပြင် စင်လေးပေါ်မှာ ခေါက်ပြီးလဲ တင်လို့ရတော့ အဝတ်များများတင်လို့ရတာပေါ့နော်။

Photos from Arido Beauty House - လူသုံးကုန် နှင့် အလှကုန် လက်လီလက်ကား's post 03/08/2024

🍓 ရေခဲလုံးခွက် ရေခဲခွက် ရောက်ပါတယ်ရှင့်

Price... 4000 ks



📌ကဲ နွေရောက်လာပြီဆိုတော့ ရင်ထဲကို အေးမြသွားမယ် ရေခဲရေ သောက်မလားကို အယ်မှားလို့ ရေခဲခွက် moldလေးတော့ လိုအပ်နေပြီပေါ့လို့😁

📌 Quality ကောင်း designသစ်နဲ့ထုတ်လုပ်ထားတဲ့
ရေခဲခွက် အလုံးပုံစံ mold လေးပါရှင်။

📌 ရေခဲခွက်ထဲကို ရေအပြင် ကိုယ်ကြိုက်နှစ်သက်ရာ အသီးအနှံလေးတွေစိတ်ပြီး ခဲထားလို့လည်းရ ကော်ဖီ၊နို့၊miloဖျော်ပြီး ခဲထား အပြင်က ပြန်လာချိန် ခဲထားတာလေးတွေ ပြန်ထုတ်ပြီး အဆင့်သင့် စားရုံ/သောက်ရုံပဲဆိုတော့ မင်မင်အတွက်တော့ မရှိမဖြစ်လေးပဲ။

📌 ဘေဘီလေးတွေကိုလည်း လတ်ဆတ်တဲ့ အသီးအနှံလေးတွေခွဲစိတ်ပြီး ရေနဲ့အတူခဲထားပြီးကျွေးရင် အမြင်လည်းလှ စားချင်စရာပုံစံလေးမို့ အသီးအနှံသိပ်မကြိုက်တတ်တဲ့ ဘေဘီလေးတွေတောင် ငြင်းမှာမဟုတ်ပါဘူးရှင်။

🍓🍒အိမ်မှာနေရင်း သားသားမီးမီးတို့အတွက် ရောင်စုံရေခဲလေးတွေ လုပ်ပေးကြမယ်

မိမိကြိုက်နှစ်သက်ရာ 🧃🧃🥤အချိူရည်ဗူးမျိူးစုံနဲ့ ရောင်စုံရေခဲလုံးလေးတွေ လုပ်လို့ရပြီနော်။

ရေခဲမှ မဟုတ်ဖူးနော် ။ကိုယ်စားချင်တာမှန်သမျှ အကုန် ခဲ အောင်လုပ်ပြီးလဲ စားလို့ရပါသေးတယ်ရှင့်

🍷🍹🍸🍺🥃🥂🍻🧋အအေးခွက်လေးထဲ့ထဲ့ဖို့ဆိုလုံး လုံးလုံးလေးတွေ ချစ်စရာလေး

Photos from Arido Beauty House - လူသုံးကုန် နှင့် အလှကုန် လက်လီလက်ကား's post 03/08/2024

အရမ်းဟော့နေတဲ့ ဖိနပ်ဘူး အထူလေးတွေ ရပြီနော်👏

💰 Price- 4500 Kyats(တစ်ဘူး)

ကိုယ်စီးနေတဲ့ဖိနပ်လေးတွေ ဖုန်မတက်အောင် သိမ်းထားချင်လို့ဘဲဖြစ်ဖြစ်
သပ်သပ်ရပ်ရပ် ထားချင်လို့ဘဲ
ဖြစ်ဖြစ် စနစ်တကျ သိမ်းထားလို့ရပီနော်
ရေစိုခံ ပလတ်စတစ်ဘူးလေးတွေပါ

ဖုန်ကပ်နေတာတွေ, ဖိနပ်တွေ ရှုပ်ပွနေတာတွေ လုံးဝမဖြစ်တော့ဘူးနော်..!!!
ပလပ္စတစ်သားကအထူ, အကြည်သားမို့ ကိုယ်ထည့်ထားတဲ့ဖိနပ်ကိုလည်း အလွယ်တကူရှာလို့လွယ်တယ်နော်..!!!!

ဖိနပ်စင်လေးပေါ်မှာ ထားရင်လည်း အဆင်ပြေသလို ဗူးလေးအတိုင်း ထပ်ထားရင်လည်း စင်မလိုတော့ပဲ အဆင်ပြေပါတယ်.

ဖိနပ်တွေ မပျက်ဆီးအောင်လည်း ရေရှည်သိမ်းထားလို့ရပြီး စျေးလည်းသင့်လို့ ဖိနပ်လှလှလေးတွေဆိုချစ်တဲ့သဲတို့တွက်အသုံးဝင်မယ့် ဘူးလှလှလေးတွေပါ...😘

26/04/2024

''လေးစားခြင်းအနုပညာ''

နာမည်ကျော် စာရေးဆရာကြီးတစ်ဦးက
ဒီလိုပြောဖူးပါတယ်။

“ သူများတွေ ကျွန်တော့်ကိုလေးစားတာ ကျွန်တော် ထူးချွန်တဲ့ အတွက်ကြောင့်ဖြစ်တယ်လို့ ထင်ခဲ့ဖူးပါတယ်။

နောက်မှ နားလည်လာတာက
သူများ ကျွန်တော့်ကို လေးစားတာ
သူ ထူးချွန်တဲ့အတွက်ကြောင့်ပါ” တဲ့၊

မှန်ပါတယ်။
ထူးချွန်တဲ့သူများဟာ လူတိုင်းကို
လေးစားဖို့ နားလည်ကြပါတယ်။

#လုပ်ဖော်ကိုင်ဘက်ကို လေးစားခြင်းက အလုပ်ကို ပိုမိုအဆင်ပြေစေပါတယ်။

#အောက်လက်ငယ်သားကို လေးစားခြင်းက
စီမံခန့်ခွဲမှုမှာ ပိုမိုထိရောက်စေနိုင်ပါတယ်။

#စားသုံးသူကို လေးစားခြင်းက
အလုပ်ကို ပိုမိုအောင်မြင်စေနိုင်ပါတယ်။

#ပြိုင်ဘက်ကို လေးစားခြင်းက သဘောထားကြီးခြင်းကို ပြသနိုင်ပါတယ်။

#တော်တဲ့လူကို လေးစားခြင်းက အသိအမှတ်ပြုခြင်းကြောင့်ဖြစ်တယ်။

#အားနည်းသူကို လေးစားခြင်းက
စိတ်ရင်းစေတနာကြောင့်ဖြစ်တယ်။

#ဆရာသမားကို လေးစားခြင်းက
ပညာတန်ဖိုးကြောင့်ဖြစ်တယ်။

#နောင်မျိုးဆက်ကို လေးစားခြင်းက
လောကကို ပိုမိုကောင်းမွန်စေချင်တာကြောင့်ဖြစ်တယ်။

#မိသားစုဝင်ကို လေးစားခြင်းက
သာယာတဲ့မိသားစုကို ပိုင်ဆိုင်လိုတာကြောင့်ဖြစ်တယ်။

#ကျောင်းနေဘက်ကို လေးစားခြင်းက
ရေစက်ကို တန်ဖိုးထားလိုခြင်းကြောင့်ဖြစ်တယ်။

#လူတိုင်းကို လေးစားခြင်းက
လူ့ကျင့်ဝတ်ကြောင့်ဖြစ်ပါတယ်။

လူတိုင်း တစ်ဦးနှင့်တစ်ဦး
လေးစားနိုင်ကြပါစေ ။


Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00