16/10/2023
Stockတွေအကုန်ရောင်းထွက်သွားပြီမို့လို့ Varsity jacket project အောင်မြင်စွာပြီးဆုံးသွားပါပြီ🌟
GUSTO Varsity Jacket pageကိုအခု project တစ်ခုအတွက်ပဲရည်ရွယ်ထားတဲ့အတွက် project အသစ်တွေကို ဒီpageလေးကနေထပ်ပြီးပြုလုပ်သွားတော့မှာမဟုတ်ပါဘူး☑️
အခု varsity jacket project လေးလုပ်ရတာငွေကြေးအနေနဲ့အမြတ်အစွန်းတွေမရှိခဲ့ပေမယ့် ဒီ project ကိုအစကနေအဆုံးလုပ်လိုက်ရတဲ့အတွက် experience အသစ်တွေအများကြီးရခဲ့ပါတယ်✨
ဝယ်ယူအားပေး၊ supportလုပ်ပေးခဲ့တဲ့ GUSTO University သူငယ်ချင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်🩵
01/10/2023
ADDITIONAL ARRIVAL FROM MANUFACTURER‼️
Size တစ်ခုစီကိုတစ်ထည်စီထပ်ရောက်ပါတယ်✨
ဒီသုံးထည်ပြီးရင် ထပ်ရောင်းသွားမှာမဟုတ်တော့ပါဘူးခဗျာ‼️
SIZES
Small : 1 (Still Available✅)
Large : 1 (Sold out❎)
Medium : 1 (Sold out❎)
Quantity: 3 available
Size available: S, M, L
Price: 36OOOks
Material: Cotton, Elastic bands, Metal buttons, Insulated inner liner
ဝယ်ယူလိုပါက page messengerမှာလာရောက်မေးမြန်းနိုင်ပါတယ်✅
Manufacturing Errorပါတဲ့ size Smallတစ်ထည်ကိုလဲဈေးသက်သက်သာသာနဲ့ရောင်းသွားမှာမို့လို့စိတ်ဝင်စားသူများလာရောက်မေးမြန်းနိုင်ပါတယ်✨
31/08/2023
Hello GUSTO University friends 💙
GUSTO Varsity Jacketရဲ့ Final releaseအနေနဲ့အထည် 15ထည်ထုတ်လိုက်ပါပြီ🥳
First release တုန်းကရောင်းထွက်သွားလို့မရလိုက်တဲ့သူငယ်ချင်းတွေ၊ Student projectလေးကိုအခုမှသိတဲ့သူငယ်ချင်းအသစ်တွေရော ဝယ်ယူအားပေးလို့ရပါပြီ✨
ကျွန်တော်တို့ Batchရဲ့ University year လည်းပြီးတော့မှာဖြစ်တဲ့အတွက် အခုတစ်ခေါက်က Final releaseဖြစ်ပြီး အခု pageလေးမှာနောက်ထပ် GUSTOနဲ့ပတ်သက်တဲ့ပစ္စည်းတွေကို ထပ်ပြီး ရောင်းချသွားမှာမဟုတ်တော့ပါဘူး⚠️🔚
အခုလို Projectလေးပြီးမြောက်ဖို့အတွက် ကျွန်တော်တို့ကျောင်းသူ၊ကျောင်းသားတွေကိုယ်တိုင် အများကြီးကြိုးစားထားကြတာမို့လို့ ဝယ်ယူအားပေး၊ supportပေးခဲ့သူအားလုံးကိုအထူးကျေးဇူးတင်ပါတယ် 💙
Quantity: 15 available (ကျန်ရှိသေးတဲ့အထည်အရေအတွက်ကိုပြောပြပေးသွားပါမယ်)
Size: S, M, L, XL
Price: 36OOOks
Material: Cotton, Elastic bands, Metal buttons, Insulated inner liner
ဝယ်ယူလိုပါက page messengerမှာလာရောက်မေးမြန်းနိုင်ပါတယ်✅
ဝယ်ယူထားတဲ့အင်္ကျီလေးတွေကို အိမ်အရောက် Deliveryဖြင့်အပ်နှံပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်🚚
🔺သူငယ်ချင်းတို့ဝယ်ယူပြီးအင်္ကျီများကို ပြန်လဲဖို့အခြေအနေအဆင်မပြေတာကြောင့် jacket size and descriptionလေးတွေကိုသတိထားပြီးမှဝယ်ယူစေချင်ပါတယ်🔺
22/06/2023
User Description Notice ⚠️
Varsity jacketလေးရဲ့ ကြယ်သီးအဖြုတ်အတပ်နဲ့ပတ်သက်ပြီး GUSTO သူငယ်ချင်းတို့ကိုတောင်းဆိုအသိပေးစရာလေးရှိပါတယ်🙋♀️‼️
GUSTO jacketလေးကို manufacturingလုပ်တဲ့အခါမှာ အင်္ကျီရဲ့လှပမူနဲ့ ခိုင်ခံ့မှုကိုထည့်သွင်းစဉ်းစားခဲ့ပြီး သုံးထားတဲ့ကုန်ကြမ်းတွေကိုလည်း Myanmar supply marketထဲက qualityရော priceအတွက်ပါ အသင့်တော်ဆုံးဖြစ်တဲ့ ပစ္စည်းများကိုသာ ရွေးချယ်အသုံးပြုထားပါတယ်✅
သူငယ်ချင်းတို့ သတိထားရမယ့်အချက်ကတော့ အင်္ကျီအသားရဲ့သဘောတရားအရ ပျော့ပြောင်းပြီးဆွဲဆန့်နိုင်တဲ့အသားဖြစ်တာကြောင့် ကြယ်သီးကို အားသုံးပြီးဆွဲဖြုတ်လိုက်ရင် အင်္ကျီအသားကိုထိခိုက်စေပြီး ကြယ်သီးပြုတ်ထွက်သွားနိုင်ချေများပါတယ်‼️
အဲ့ဒါကြောင့် GUSTO Varsity Jacketလေးကို ကြယ်သီးအဖြုတ်၊အတပ်လုပ်တဲ့အခါ ညင်သာစွာဖြုတ်ဖို့ GUSTO သူငယ်ချင်းတို့ကိုတောင်းဆိုအသိပေးလိုပါတယ်✨
Side note: Varsity Jacketဆိုရင်ကြယ်သီးမတပ်ပဲဝတ်ကြတဲ့ styleပဲမို့လို့ casual wearအနေနဲ့ဆင်ပြေပြေဝတ်နိုင်ပါတယ်နော်💙
GUSTO Varsity Jacket
21/06/2023
GUSTO Varsity Jacketရဲ့ First release အထည်၂၀ကို postတင်ပြီး ခဏအတွင်းမှာပဲ သူငယ်ချင်းတို့ကအပိုင်သိမ်းသွားလိုက်ပြီဖြစ်ပါတယ် 🔥💯
Frist releaseမှာမရလိုက်တဲ့ သူငယ်ချင်းတွေအတွက်လည်း Second releaseကို Julyလအတွင်းမှာ ဆက်လတ်ထုတ်သွားမှာဖြစ်တဲ့အတွက် GUSTO Varsity Jacketကိုပိုင်ဆိုင်နိုင်ဖို့နောက်တစ်ကြိမ်အခွင့်အရေးရလာမှာဖြစ်ပါတယ်✨
အခု GUSTO Jacketလေးကိုလက်ခံရရှိခဲ့တဲ့သူငယ်ချင်းတွေလည်း ကိုယ့်ရဲ့ကိုယ်ပိုင် Varsity Jacketလေးမပျက်စီးသွားအောင် user descriptionမှာဖော်ပြပေးထားတဲ့အတိုင်း ကြယ်သီးအဖြုတ်အတပ်လေးကိုသတိထားပြီး အမြတ်တနိုးနဲ့ဝတ်ပေးကြပါလို့တောင်းဆိုချင်ပါတယ် 🤗✅
အခုလို Varsity Jacket projectမှာစိတ်ပါဝင်တစားနဲ့ pageမှာအလုံးအရင်းလာရောက် မေးမြန်းအားပေးခဲ့ကြတဲ့ GUSTOကသူငယ်ချင်းတစ်ဦးတစ်ယောက်ချင်းဆီကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ် 💙
GUSTO Varsity Jacket: Looking forward for the second batch release✨
20/06/2023
Hello GUSTO university Friends 💙
အခုလိုမိုးရာသီအေးအေးလေးမှာ ကျောင်းသွားရင် ကျောင်း uniformမဟုတ်ဘဲ ဘာဝတ်ရမလဲရွေးရခက်နေပြီလား?🤭
ဒါဆို အားလုံးပဲစောင့်မျှော်နေတဲ့ GUSTO Varsity Jacketလေး officiallyထွက်ရှိလာပါပြီ🥳💙
ပထမအကြိမ်အနေနဲ့အထည် 20ကို အထူးလျော့ဈေး 34OOOksနဲ့ရောင်းချသွားမှာမို့လို့ သင့်ရဲ့ကိုယ်ပိုင် GUSTO Varsity Jacketကို မြန်မြန်လေးရယူပိုင်ဆိုင်လိုက်ပါ✨
Quantity: 20 available
Size available: S, M, L, XL
Price: 34OOOks
ဝယ်ယူလိုပါက page messengerတွင်လာယောက်မေးမြန်းနိုင်ပါတယ်✅
Early bird discount က အထည် ၂၀ ပဲမို့ သူများလက်မဦးအောင် အခုပဲ orderတင်လိုက်ကြမယ်နော်🤫😉
❎Jacket လေးရဲ့ materialကြောင့်သတိထားရမယ့်အချက်လေးတွေကိုလဲဖော်ပြထားပါတယ်✅
အခုလိုစိတ်ဝင်တစားမေးမြန်းအားပေးကြတဲ့ major ပေါင်းစုံ batch ပေါင်းစုံမှကျောင်းသားကျောင်းသူနဲ့ ဆရာ၊ဆရာမများကိုအများကြီးကျေးဇူးတင်ရှိပါတယ်💙
11/05/2023
GUSTO ကျောင်းသားကျောင်းသူ သူငယ်ချင်းတို့ မင်္ဂလာပါ✨
ကျွန်မတို့ GUSTO varsity jacketဟာအခုဆိုရင် final stepနားရောက်နေပါပြီ။ အဲ့တာကြောင့် GUSTO varsity jacket နဲ့ပတ်သက်ပြီး ထင်မြင်ချက်လေးတွေကို surveyလေးကောက်ချင်ပါတယ်ရှင်📋📊📈
အခုကောက်တဲ့ surveyကနေရရှိလာမယ့် သူငယ်ချင်းတို့ဆီကအဖြေလေးတွေကို အသုံးပြုပြီးယခု projectမှာရော နောက်လာမယ့် projectတွေမှာပါ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေရရှိလာအောင်ထည့်သွင်းအသုံးပြုသွားမှာပဲဖြစ်ပါတယ်။
https://forms.gle/fP6ET9vtLar5suTF6
အပေါ်က linkလေးထဲမှာ surveyဝင်ဖြေပေးလို့ရပါတယ်✨
10/04/2023
ကျောင်းသားတွေမျှော်နေတဲ့ GUSTO varsity jacketကတော့ အခု့ manufacturing processအဆင့်ကိုရောက်ရှိ့နေပါပြီ။ မကြာခင် promotionအစီအစဥ်တွေနဲ့ ထွက်လာတော့မှာမို့ Stay turned everyone✨
29/03/2023
Hello to all the Gustorians!
ကျွန်တော်တို့ Varsity Jacket လေးရဲ့ Purpose လေးကို post တင်ပြီး မကြာမှီမှာဘဲ order လေးတွေစဝင်ပါတယ်ခင်ဗျာ၊ သို့သော် ကျွန်တော်တို့ Limited stock အနေနဲ့ ထုတ်မှာဖြစ်တဲ့အတွက် order လေးတော့ လက်မခံသေးပါဘူးခင်ဗျ၊ အချိန်ခနလေးအတွင်းမှာ မထင်မှတ်ထားလောက်အောင် ယုံယုံကြည်ကြည်နဲ့ လာရောက်မှာယူပေးလို့လည်း ကျေးဇူးအထူးတင်ရှိရပါတယ်၊ မကြာခင်အချိန်အတွင်းမှာဘဲ Jacket design အပြင်ပုံလေးနှင့်တကွ စျေးနှုန်းရော release date ပါမကျန် page ကနေဘဲ officially ကြေညာပေးသွားပါမယ်ခင်ဗျ။
Limited stock ဖြစ်တဲ့အတွက် page လေးကို see first ထားဖို့တော့လိုမယ်နော်😉
27/03/2023
"A Varsity Jacket For Your Own University"
PURPOSE💡
International school, college, universityတိုင်းမှာအများသောအားဖြင့် မိမိကျောင်းကိုကိုယ်စားပြု Varsity jacketကိုယ်စီရှိကြတဲ့အတွက် GUSTO Universityမှာလဲ Varsity jacketတစ်ခုရှိသင့်တယ်လို့ယုံကြည်ချက်နှင့် အခုလို GUSTOရဲ့ပထမဆုံး Varsity jacketကိုထုတ်လုပ်ဖို့အတွက် ideaကိုရခဲ့ပြီး ကြိုးစားခဲ့ခြင်းဖြစ်ပါတယ်။ မိမိကျောင်းအတွက် Varsity jacketတစ်ထည်ဖြစ်မြောက်အောင်ဖန်တီးပေးခြင်းက အဓိကရည်ရွယ်ချက်ဖြစ်သည့်အတွက် ရောင်းချရာမှာ product development costကိုပြန်ကာမိရုံဈေးနှုန်းဖြင့် အသက်သာဆုံးထားပြီးရောင်းချပေးသွားမှာဖြစ်ပါတယ်။
PRODUCT DEVELOPMENT PROCESS🔁✅
Idea, Design, Productionမှစ၍ Saleအထိ ကျောင်းသား၊ကျောင်းသူများကိုယ်တိုင်ကြိုးစားထုတ်လုပ်ခဲ့ပြီး GUSTO University logoအသုံးပြုခွင့်ကို Offical approvalလက်ခံရထားတဲ့ Student jacketဖြစ်ပါတယ်။
Varsity Jacket တွေဟာ Stable ဖြစ်တဲ့ Fashion Apparel တစ်ခုဖြစ်တာကြောင့် ဘယ်နေရာကိုဝတ်ဝတ်၊ ဘာနဲ့ပဲဝတ်ဝတ် smart ကျနေစေမှာအမှန်ပါပဲ။ ဒါကြောင့် on campus ဝတ်ဆင်ဖို့ရုံသာမဟုတ်ဘဲ အပြင်သွား hang out လုပ်ရင်လည်းဝတ်ဖို့အဆင်ပြေအောင် ထည့်စဉ်းစားပြီး designဆွဲထားတာပါတယ်။ Jacketတစ်ထည်လုံးကိုလဲ ရှိ့ပြီးသား ready madeပုံစံကိုအသုံးမပြုဘဲ တစ်မူထူးခြားအောင် အင်္ကျီပုံစံ cuttingကအစ အတွင်းပိုင်းအထိပြန်လည် designဆွဲထားချင်းဖြစ်ပါတယ်။ အင်္ကျီအသား materialနှင့်အရောင်ကိုလဲ ဈေးကွက်ထဲမှာရှိ့တဲ့ အသင့်တော်ဆုံး qualityကိုသေချာရွေးချယ်ထားပြီး Double layerဖြင့်အင်္ကျီအတွင်းသားတွင်လည်းတစ်ထပ်ခံထားပါတယ်။Qualityကောင်းမွန်အောင်လက်စည်း၊ ခါးစည်းအထူသားများကိုလည်းအသုံးပြုထားပါတယ်။ Logoနှင့်စာသားအားလုံးကိုလဲ ချည်ဖြင့်ထိုးထားပါတယ်။
Project ideaကို 2022 July 4မှစခဲ့ပြီး အစအဆုံး ရှစ်လကျော်ကြာခဲ့တဲ့ development processအတွင်း designပေါင်းများစွာနှင့် sampleအထည်များချုပ်ခဲ့ပြီး Varsity jacket တစ်ခုရဲ့အင်္ဂါရပ်များနှင့်ညီအောင်ကြိုးစားပြီးထုတ်လုပ်ထားခြင်းဖြစ်တဲ့အတွက် အင်္ကျီလေးထွက်လာရင်အားပေးကြပါအုန်းခဗျ။
⏩ Varsity jacketမှာယူရန်အတွက်အသေးစိတ်အချက်အလက်များကို နောက်လာမယ့် postမှာတင်ပေးပါမယ်။ Stay tuned!⏩