Easy Learning Japanese with KiKi

Easy Learning Japanese with KiKi

Share

Easy Learning Japanese

01/09/2025

12လပိုင်းJLPTအတွက်အခုကစပြီးဘာတွေဘယ်လိုပြင်ဆင်ထားသင့်လဲ⏰❓

လာမဲ့12လပိုင်းမှာJLPTဖြေဖို့ဖောင်တင်ထားပြီးတဲ့သူတွေအတွက်ပြင်ဆင်ချိန်က3️⃣လတည်းပဲကျန်တော့မာမို့အခုကစပြီးဘာတွေဘယ်လိုပြင်ဆင်ထားရမလဲဆိုတာကိုယ့်အတွေ့အကြုံနဲ့ယှဉ်ပြီးပြောပြပေးချင်ပါတယ်

3️⃣လဆိုတာပျှမ်းမျှအားဖြင့်ရက်ပေါင်း(၉၀)လောက်ပဲရှိတာမို့ပြဌာန်းသင်ခန်းစာတွေလေ့လာဖို့
အသာထားexamအနီးကပ်old question လေ့ကျင့်ဖို့အချိန်1️⃣လကတော့ထားကိုထားရမယ်ဆိုတာသိထားဖို့လိုပါတယ် 📍
ဒါကြောင့်အခုအပိုင်းလေးတွေအလိုက်scheduleလုပ်ဖို့ခွဲပြမယ်နော်

📌Tip no(1)- စာမေးပွဲကိုအောင်အောင်ဖြေမယ်ဆိုတဲ့စိတ်ကနေ့ရက်တိုင်းပြင်းပြနေပါစေ လူတွေဆိုတာကအနောက်ကတွန်းအားပေးတာမရှိရင်ငြိမ်နေတတ်သူတွေမို့exam ဆိုတဲ့pressure သာတွန်းနေရင်ကျိန်းသေပေါက်စာလဲလုပ်ဖြစ်ပြီးအောင်ဖို့ဖြစ်နိုင်ချေ%အများဆုံးမို့ဒီအချက်ကိုအရင်ခေါင်းထဲရိုက်သွင်းပြီးနှလုံးသွင်းထားပါ

📌Tip no(2)-ကိုယ့်အတွက်လေ့လာဖို့အကောင်းဆုံးအထိရောက်ဖြစ်မဲ့သင်ခန်းစာအုပ်ကိုသေချာရွေးချယ်ဆုံးဖြတ်ပါ စာအုပ်reviewတွေလိုက်ဖတ်ရင်းဟိုဟာလဲကောင်းနေဒီဟာလည်းကောင်းနေဟိုလေ့လာဒီလေ့လာမဖြစ်ဖို့အရေးကြီးဆုံးပါ
ဥပမာ-vocabulary အတွက်ဆိုTango/Mimikaraကောင်းတယ်ဆိုပါစို့ ဒါမဲ့ကိုယ်နဲ့အဆင်ပြေဆုံးတစ်အုပ်(သို့)အရင်levelတုန်းကလေ့လာဖူးတဲ့seriesကိုရွေးရင်မမှားပါဘူး
(ဒီအချက်မှာကိုယ်ကသင်တန်းတက်ပြီးလေ့လာနေသူ&self-studyလေ့လာနေသူကတော့ကွာခြားသွားလောက်မှာပါ)

📌Tip No(3)-စာလုပ်ဖို့schedule သေချာဆွဲပါ ဒါကစာကျက်ရပျင်းတဲ့သူတွေအတွက်အထောက်ကူဖြစ်ဆုံးနည်းလမ်းတစ်မျိုးပါ ဒီနေ့ဘာလေ့လာရမလဲမသိဘူးဆိုပြီးတွေးရင်းအချိန်ဖြုန်းတဲ့သူကပိုများနေလို့ဒီလိုschedule နဲ့ဒီနေ့ဘာလေ့လာမယ် နောက်ရက်ဘာမှတ်မယ်ပြင်ဆင်ထားတာအကောင်းဆုံးပါ စာလဲမြန်မြန်အချိန်နဲ့ကိုက်ပြီးပြီးမြောက်စေမှာပါ

📌Tip no(4)- revision ထပ်ပြန်နေစရာမလိုလောက်အောင်တစ်ခါထဲperfectဖြစ်အောင်လေ့လာနိုင်ရန်ကြိုးစားပါ တစ်ခါထဲအရလေ့လာပါ နောက်မှပြန်နွှေးမယ် ဖတ်မယ်ဆိုအချိန်မမှီနိုင်တော့ပါ ဒီလိုမှအဆင်မပြေသေးဘူးဆိုရင်တော့ကိုယ့်အတွက်ခက်တဲ့အပိုင်းတွေကိုnoteထုတ်ပြီးမှတ်တဲ့အလေ့အကျင့်ခုကစကျင့်ထားလိုက်ဖို့အကြံပြုပါရစေ

📌Tip no(5)- အပေါ်မှာပြောသလိုexamအတွက်old question ပြင်ဆင်ချိန်(1)လဖြစ်အောင်ကိုချန်ထားပါ ဘယ်လောက်ပဲစာတွေလေ့လာပြီးနေပါစေ old question မလေ့ကျင့်ထားရင်တော့ဖြေနည်းtechnique လဲသေချာမသိနိုင်သလို examအတွက်လဲကြိုပြင်ဆင်သလိုသဘောတရားလဲမသက်ရောက်နိုင်တာမို့ပါ ဒီအချက်ကိုသေချာမှတ်သားထားပါ📝

ကဲ ဒီလောက်ဆိုရင်တော့ဘာတွေဘယ်လိုကိုယ့်ဘာသာကိုယ်အချိန်စီမံခန့်ခွဲပြီးexamအတွက်ကြိုပြင်ဆင်ရမလဲဆိုတာreminder ဖြစ်သွားစေလောက်ပြီလို့ထင်မိပါတယ် ဒီပို့စ်လေးကအခုဖတ်နေတဲ့မိနစံတို့အတွက်အထောက်အကူတစ်စုံတစ်ရာဖြစ်စေခဲ့မယ်ဆိုရင်အတိုင်းမသိဝမ်းသာမိမှာပါ ဒါဆိုနောက်ပို့စ်တွေမှာပြန်လည်ဆုံကြမယ်နော်👋🏻

Photos from Myanmar Association of Japan Alumni (MAJA)'s post 04/08/2025

Form တင်ပေးပါတယ်ရှင် 🤎 🙆‍♀️

Photos from Haw Nan Services Co., Ltd's post 02/06/2025
Photos from Clover Essence's post 01/06/2025
10/05/2025

Reading တော့ဖတ်တတ်ပေမယ့် အဖြေမရွေးတတ်ဘူးဆိုရင် ဒီExerciseတွေ လုပ်ကြည့်ပါ။ Reading ဆိုတာ ဒီလို စနစ်တကျလေ့ကျင့်ထားရင် စာလုပ်ရတာပျော်စရာကောင်းတယ်လို့တောင် ထင်လာပါလိမ့်မယ်။

နံပါတ်(၁)
နည်းလမ်းဟောင်းကြီးပါ။ ဘာသာပြန် လေ့ကျင့်တာ။
စာပိုဒ်တခုကို ၀တ္ထု‌စာအုပ်တွေရဲ့ ဘာသာပြန်ရေးသားသူတယောက်လို ချောမွေ့အောင် အသံထွက်ပြီး ဘာသာပြန် ကြည့်တာမျိုးပါ။

နံပါတ်(၂)
မသိတဲ့ စကားလုံးတွေ စာပိုဒ်ထဲပါလာရင် အဓိပ္ပာယ်ကို Dictionary မှာ မရှာကြည့်ဘဲ ခန့်မှန်းကြည့်တာမျိုး။
ကိုယ်မသိတဲ့ စကားလုံးရဲ့ ရှေ့နောက်တွဲထားတဲ့ စကားလုံးတွေကို လိုက်ကြည့်ပြီး ခန့်မှန်းကြည့်တဲ့ Exercise ပါ။
စာမေးပွဲမှာ မသိတဲ့စကားလုံးတွေနဲ့တွေ့ရင် တပန်းသာစေပါတယ်။

နံပါတ်(၃)
စာပိုဒ်က မေးခွန်းတွေမှာ မေးထားတဲ့အဖြေကို ကိုယ့်ဟာကို ဖြေကြည့်တာ။ မေးခွန်းမှာ ပေးထားတဲ့ အဖြေလေးခုကို လုံး၀မဖတ်ဘဲ၊ စာပိုဒ်ကိုဖတ်ပြီး မေးခွန်းရဲ့အဖြေကို ကိုယ့်ဟာကို စာကြောင်းတည်ဆောက်ပြီး ဖြေတာ။
ဒီလေ့ကျင့်ခန်းက စာပိုဒ်ပေါ်နားလည်နိုင်စွမ်းကို တိုးတက်စေပါတယ်။

နံပါတ်(၄)
Filler wordတွေ ကျော်ဖတ်တာ။ ဒီဟာက နည်းနည်းတော့ခက်တယ်၊ လုပ်ပါများရင် ကျွမ်းလာမယ်။
လုပ်ရမှာက စာပိုဒ်ဖတ်တဲ့အခါ Particle တွေ၊ စကားစပ်တွေကို ကျော်ပြီး အမြန်ဖတ်တတ်တဲ့ အကျင့်မျိုးပါ။ Filler Wordတွေကို မြင်‌တော့မြင်တယ်၊ သေချာမဖတ်ဘဲ အမြန်ကျော်ပစ်တာမျိုးပါ။
စာပိုဒ်တခုမှာ Nounတွေ၊ Adjective တွေ၊ Verbတွေကိုဘဲ ရွေးဖတ်ပြီး Filler word တွေမှာ အချိန်သိပ်မသုံးတဲ့ လေ့ကျင့်ခန်းပါ။
အ့လိုလုပ်နိုင် သွားရင် Reading Speedကို သိသိသာသာ မြန်လာစေမှာပါ။

နံပါတ်(၅)
Keyword တွေ ရှာတတ်ခြင်း။
စာပိုဒ်ရဲ့ Main Themeကို ဖော်ပြပေးတဲ့ Keywordတွေကို တိုက်ရိုက်ရှာတတ်ရင် အဖြေရွေးတဲ့အခါ တိုင်မပတ်တာမျိုးပါ။
ဘယ်လိုလုပ်ရမလဲဆို နှစ်ပိုင်းရှိတယ်။
၁။ စာပိုဒ်တခုလုံးက Keyword ကိုရှာတာ
ဒါက ရိုးရှင်းတယ်၊ စာပိုဒ်တခုလုံးကို လိုက်ကြည့်ပြီး Keyword တွေကို ရွေးဖတ်တာမျိုးပါ။

၂။ မေးခွန်းက Keyword ကိုဖတ်တာ
မေးခွန်းမှာ ပေးထားတဲ့ Keywordတွေကို ဖတ်ပြီး စာပိုဒ်မှာ ပုံစံတူ Keyword တွေရဲ့ နေရာကို လိုက်ရှာတာမျိုးပါ။

ဒီထပ်ပို တိကျပြီး မိုက်တဲ့ Reading ဖြေနည်းတွေကို သိချင်ရင် Old Questions Video Class ထဲမှာ ရှင်းပြပေးထားပါတယ်။
ဒါ့အပြင် Old Questions Video Class မှာ Old Questions 28စုံ(၂၀၁၀-၂၀၂၄)ကို အသေးစိတ်ရှင်းပြထားတဲ့ တသက်စာ Video fileတွေ လေ့လာခွင့်ရမှာမို့
သင်တန်းအပ်လို့ ရတုန်း အပ်ထားကြပါ။
(N2/N3/N4-N5 ရပါပြီ)

Photos from 在ミャンマー日本国大使館/Embassy of Japan in Myanmar's post 08/04/2025
Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon