01/09/2025
12လပိုင်းJLPTအတွက်အခုကစပြီးဘာတွေဘယ်လိုပြင်ဆင်ထားသင့်လဲ⏰❓
လာမဲ့12လပိုင်းမှာJLPTဖြေဖို့ဖောင်တင်ထားပြီးတဲ့သူတွေအတွက်ပြင်ဆင်ချိန်က3️⃣လတည်းပဲကျန်တော့မာမို့အခုကစပြီးဘာတွေဘယ်လိုပြင်ဆင်ထားရမလဲဆိုတာကိုယ့်အတွေ့အကြုံနဲ့ယှဉ်ပြီးပြောပြပေးချင်ပါတယ်
3️⃣လဆိုတာပျှမ်းမျှအားဖြင့်ရက်ပေါင်း(၉၀)လောက်ပဲရှိတာမို့ပြဌာန်းသင်ခန်းစာတွေလေ့လာဖို့
အသာထားexamအနီးကပ်old question လေ့ကျင့်ဖို့အချိန်1️⃣လကတော့ထားကိုထားရမယ်ဆိုတာသိထားဖို့လိုပါတယ် 📍
ဒါကြောင့်အခုအပိုင်းလေးတွေအလိုက်scheduleလုပ်ဖို့ခွဲပြမယ်နော်
📌Tip no(1)- စာမေးပွဲကိုအောင်အောင်ဖြေမယ်ဆိုတဲ့စိတ်ကနေ့ရက်တိုင်းပြင်းပြနေပါစေ လူတွေဆိုတာကအနောက်ကတွန်းအားပေးတာမရှိရင်ငြိမ်နေတတ်သူတွေမို့exam ဆိုတဲ့pressure သာတွန်းနေရင်ကျိန်းသေပေါက်စာလဲလုပ်ဖြစ်ပြီးအောင်ဖို့ဖြစ်နိုင်ချေ%အများဆုံးမို့ဒီအချက်ကိုအရင်ခေါင်းထဲရိုက်သွင်းပြီးနှလုံးသွင်းထားပါ
📌Tip no(2)-ကိုယ့်အတွက်လေ့လာဖို့အကောင်းဆုံးအထိရောက်ဖြစ်မဲ့သင်ခန်းစာအုပ်ကိုသေချာရွေးချယ်ဆုံးဖြတ်ပါ စာအုပ်reviewတွေလိုက်ဖတ်ရင်းဟိုဟာလဲကောင်းနေဒီဟာလည်းကောင်းနေဟိုလေ့လာဒီလေ့လာမဖြစ်ဖို့အရေးကြီးဆုံးပါ
ဥပမာ-vocabulary အတွက်ဆိုTango/Mimikaraကောင်းတယ်ဆိုပါစို့ ဒါမဲ့ကိုယ်နဲ့အဆင်ပြေဆုံးတစ်အုပ်(သို့)အရင်levelတုန်းကလေ့လာဖူးတဲ့seriesကိုရွေးရင်မမှားပါဘူး
(ဒီအချက်မှာကိုယ်ကသင်တန်းတက်ပြီးလေ့လာနေသူ&self-studyလေ့လာနေသူကတော့ကွာခြားသွားလောက်မှာပါ)
📌Tip No(3)-စာလုပ်ဖို့schedule သေချာဆွဲပါ ဒါကစာကျက်ရပျင်းတဲ့သူတွေအတွက်အထောက်ကူဖြစ်ဆုံးနည်းလမ်းတစ်မျိုးပါ ဒီနေ့ဘာလေ့လာရမလဲမသိဘူးဆိုပြီးတွေးရင်းအချိန်ဖြုန်းတဲ့သူကပိုများနေလို့ဒီလိုschedule နဲ့ဒီနေ့ဘာလေ့လာမယ် နောက်ရက်ဘာမှတ်မယ်ပြင်ဆင်ထားတာအကောင်းဆုံးပါ စာလဲမြန်မြန်အချိန်နဲ့ကိုက်ပြီးပြီးမြောက်စေမှာပါ
📌Tip no(4)- revision ထပ်ပြန်နေစရာမလိုလောက်အောင်တစ်ခါထဲperfectဖြစ်အောင်လေ့လာနိုင်ရန်ကြိုးစားပါ တစ်ခါထဲအရလေ့လာပါ နောက်မှပြန်နွှေးမယ် ဖတ်မယ်ဆိုအချိန်မမှီနိုင်တော့ပါ ဒီလိုမှအဆင်မပြေသေးဘူးဆိုရင်တော့ကိုယ့်အတွက်ခက်တဲ့အပိုင်းတွေကိုnoteထုတ်ပြီးမှတ်တဲ့အလေ့အကျင့်ခုကစကျင့်ထားလိုက်ဖို့အကြံပြုပါရစေ
📌Tip no(5)- အပေါ်မှာပြောသလိုexamအတွက်old question ပြင်ဆင်ချိန်(1)လဖြစ်အောင်ကိုချန်ထားပါ ဘယ်လောက်ပဲစာတွေလေ့လာပြီးနေပါစေ old question မလေ့ကျင့်ထားရင်တော့ဖြေနည်းtechnique လဲသေချာမသိနိုင်သလို examအတွက်လဲကြိုပြင်ဆင်သလိုသဘောတရားလဲမသက်ရောက်နိုင်တာမို့ပါ ဒီအချက်ကိုသေချာမှတ်သားထားပါ📝
ကဲ ဒီလောက်ဆိုရင်တော့ဘာတွေဘယ်လိုကိုယ့်ဘာသာကိုယ်အချိန်စီမံခန့်ခွဲပြီးexamအတွက်ကြိုပြင်ဆင်ရမလဲဆိုတာreminder ဖြစ်သွားစေလောက်ပြီလို့ထင်မိပါတယ် ဒီပို့စ်လေးကအခုဖတ်နေတဲ့မိနစံတို့အတွက်အထောက်အကူတစ်စုံတစ်ရာဖြစ်စေခဲ့မယ်ဆိုရင်အတိုင်းမသိဝမ်းသာမိမှာပါ ဒါဆိုနောက်ပို့စ်တွေမှာပြန်လည်ဆုံကြမယ်နော်👋🏻
04/08/2025
02/06/2025
01/06/2025
10/05/2025
08/04/2025