Orchid Education

Orchid Education စိတ်​ချယုံကြည်​ရ​သော
သင်​ကြား​ရေးအ

Orchid Education consultantမှာ လူကြီးမင်းတို့၏ရင်သွေးလေးတွေအတွက် စိတ်ချယုံကြည်ရသော သင်ကြားရေးအတွေ့အကြုံရှိ
ဝါရင့် ဆရာဆရာမများနှင့် ချိတ်ဆက်ပေးနေပါပြီရှင့်
Ph -09989728202

25/11/2021

29/10/2021

မူလတန်းမိဘများသို့ အကြံပေးချက်
++++++++++++++++++++++++++

၁။ ကလေးအိပ်ရေး၀ပါစေ

ကလေးများ တီဗွီကြည့်တာပဲဖြစ်ဖြစ်၊ အဆော့မက်လို့ ပဲဖြစ်ဖြစ်၊ ကျူရှင်များလို့ ပဲဖြစ်ဖြစ်၊ အိပ်ရေးမပျက်စေသင့်ပါ။ ကလေးတိုင်း တစ်နေ့ ( ၁၀ ) နာရီအိပ်သင့်ပါတယ်။ ကလေးအိပ်ရေး၀မှသာလျင် အားအင်ဖြစ်ထွန်းမှာဖြစ်ပြီး ကိုယ်ရောစိတ်ပါ ပုံမှန်ဖွံ့ဖြိုးနိုင်မယ်ဖြစ်ပါတယ်။

၂။ မနက်စာ ဝအောင်စားပါ။ အဟာရ ရှိအောင်စားပါ။

အခုခေတ်ကလေးတော်တော် များများဟာ မနက်စာကို လောလောစားပြီး ကျောင်းတက်လေ့ရှိပါတယ်။ အချို့ ကလေးများ ကျောင်းသွားတဲ့ ကားပေါ် မှာထမင်းကျွေးတာကို တွေ့ဖူးပါတယ်။ ညက်ညက်ဝါးစားဖို့ မပြောနဲ့၊ ကောင်းကောင်းစားနိုင်ဖို့တောင် အချိန်လုရသလိုဖြစ်နေပါတယ်။ ကလေးများ ၀တစ်လှည့်၊ ငတ်တစ်လှည့် ဖြစ်နေတတ်ပြီး ကျန်းမာရေး အလွန်ထိခိုက်လွယ်ပါတယ်။ မနက်စာဟာ လူတိုင်းအတွက် တစ်နေ့တာ အဓိကအင်အားဖြစ်တာကြောင့် မနက်စာကို ဝအောင်ကျွေးပါ။ ကောင်းအောင်ကျွေးပါ။

၃။ ရေ လုံလုံလောက်လောက် သောက်ခိုင်းပါ။

မူလတန်းအရွယ်ကလေးများဟာ အလွန်အဆော့မက်တတ်ပါတယ်။ ဟိုပြေးဒီပြေးနဲ့ အလွန်လုပ်ရှားပါတယ်။ ကလေးကို ရေအလုံအလောက်သောက်ဖို့ အားပေးသင့်ပါတယ်။

၄။ ခဲဖျက် အလွန်သုံးတဲ့ အကျင့်ကို တစ်ဖြည်းဖြည်း ဖျောက်ပေးပါ။

တစ်ခုခု ရေးမှားရင် ခဲဖျက်ဖျက်တယ်။ ခဲဖျက်သုံးတာ ဘာမှအပြစ်မဟုတ်ပါဘူး။ ဒါပေမဲ့ အသုံးလွန်သွားရင် တစ်ခုခု အားနည်းနေပါပြီ။ အနည်းဆုံးတော့ သူရေးနေတဲ့ စာမှာ သူစိတ်မပါဘူးဆိုတာ ပြသနေပါပြီ။ ခဲဖျက်ကို အကြိမ်ရေ အသုံးနည်းစေခြင်းဟာ ပိုမိုစိတ်၀င်စားအောင် လေ့ကျင့်ပေးခြင်းဖြစ်ပါတယ်။

၅။ ကလေးကိုယ့်၀န်ကို နိုင်အောင် လေ့ကျင့်ပေးခြင်း

ကလေးကျောင်းတက်ပြီဆိုရင် အချို့ ကိစ္စရပ်တွေမှာ ကိုယ့်၀န်ကို ထမ်းရပါတော့မယ်။ ဥပမာ အပေါ့ အလေးသွားတာမျိုး၊ ကိုယ့်စာအုပ်ခဲတန်ကို လွယ်အိပ်ထဲသိမ်းဆည်းတာမျိုး၊ ချမ်းတဲ့အခါမှာ အနွေးထည်၀တ်ပြီး ပူတဲ့အခါမှာ ပြန်ချွတ်တတ်တာမျိုး၊ ကိုယ့်အ၀တ်အစား၊ ရေးဗူး၊ ထ္မင်းကျိုင့်၊ ထီး စသည်တို့ကို ကျောင်းမှာ မမေ့ကျန်ခဲ့တာမျိုး မိဘများစတင်လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။

၆။ အ၀တ်အစားမှာ အပြိုင်အဆိုင်ကင်းပါစေ

တကယ်လို့ ကျောင်း၀တ်စုံရှိရင် ကျောင်း၀တ်စုံပဲ ၀ယ်၀တ်ပါ။ ပိတ်စမကောင်းဘူးဆိုပြီး အပြင်ဆိုင်မှာ အထူးချုပ်သွားချုပ်တာမျိုး၊ ကျောင်းက ဖိနပ်မစီးပဲ ၊ အရောင်တူ Brand ၀ယ်စီးခိုင်းတာမျိုး၊ မပြုလုပ်သင့်ပါ။ အပြိုင်အဆိုင်၀င်သွားရင် ကလေးအတွက် ဘာမှမကောင်းပါ။

၇။ ကလေးရဲ့ ဖေါ် ပြတတ်မူကို အလေးထားပါ။
အကြောင်းအရာ တစ်ခုကို သူ့အရွယ်နဲ့သူ ဖြောင့်အောင် ပြောပြတတ်ရဲ့လား၊ အခက်အခဲတစ်ခု တွေ့လာရင် မိဘကို ရှင်းအောင်ပြောပြတတ်ရဲ့လား၊ ပြောရဲဆိုရတာမျိုး ဖြစ်ရဲ့လား၊ စသည်တို့ကို မိဘများဂရုစိုက်ပေးဖို့လိုပါတယ်။ ဖုန်းတို့၊ ဂိမ်းတို့၊ အိုင်ဘက်တို့ အရမ်းဆော့တဲ့ ကလေးများဟာ ဖေါ်ပြတတ်မူမှာ အားနည်းရုံမက စဉ်းစားဥာဏ်ပါ နောင့်နှေးစေတတ်ပါတယ်။

၈။ အိမ်သာမှန်မှန်တက်တာလည်း အရေးကြီးတယ်ဆိုတာ ကလေးကိုပြောပေးပါ။

ကလေးတော်တော်များများဟာ ဆော့လို့ ပျော်လို့ ကောင်းတဲ့ အချိန်မှာ အိမ်သာတက်ဖို့ မေ့နေတတ်ပါတယ်။ အချို့ ကလေးများဟာ တက်ဖူးနေကျ အိမ်သာမဟုတ်ရင် ဘယ်လောက်ပဲ အလျင်စလိုဖြစ်ဖြစ်၊ အောင့်ထားတတ်ပါတယ်။ ကျန်းမာရေးအတွက်လည်းမကောင်း၊ စိတ်ဓါတ်ရေးရာ အတွက်လည်း မကောင်းတတ်တာမို့ ကလေးကို နားလည်အောင် ဖြောင်းဖြ ပေးသင့်ပါတယ်။

၉ ။ ကလေးရဲ့ အမြင်အာရုံကို ကာကွယ်ပေးပါ။

စာကျက်နေတဲ့ အချိန်မျိုးမှာ အလင်းရောင် အပြည့်အ၀ ရပါစေ။ စာကျက်တဲ့အခါ ဖြစ်ဖြစ်၊ စာရေးတဲ့ အခါဖြစ်ဖြစ်၊ ထိုင်နည်းမှန်ကန်ပါစေ။ ထိုင်နည်းမမှန်ကန်ရင်လည်း မျက်စိထိခိုက်တတ်ပါတယ်။ တီဗွီကားတွေ အကြာကြီးကြည့်တာ၊ အင်တာနက်ကို အကြာကြီးသုံးတာ၊ လက်ကိုင်ဖုန်း၊ အိုင်ဘက် ဆော့တာတွေ အားလုံး မျက်စိအလွန်ထိခိုက်လွယ်ပါတယ်။

၁၀။ တီဗွီ အစီအစဉ်ကို ရွေးချယ်ကြည့်ခိုင်းပါ။
မိဘများအနေနဲ့ မိမိကလေးများရဲ့ စိတ်၀င်စားမူ ပေါ် မူတည်ပြီး ကာတွန်းကား၊ တောရိုင်းတိရစ္ဆာန်ကားများ၊ Discovery လိုကားများ၊ အကျိုးရှိမယ်ထင်တဲ့ကားများ အားလုံးကို အကန့်အသတ်နဲ့ ကလေးကို ပြပေးလို့ ရပါတယ်။

၁၁။ ကလေးများ အိမ်စာကို ကူညီပေးပါ။

မူလတန်းကလေးများ၊ အထူးသဖြင့် ပထမတန်းကလေးများဟာ မိမိဖာသာ စာမလုပ်တတ်သေးပါ။ မိဘများအထိုက်အလျှောက်ကူညီနိုင်ရင် ပိုအကျိုးဖြစ်ထွန်းပါတယ်။ မိဘများကူညီတယ်ဆိုတာ မျက်စိတောက်ထောက်ကြည့်တာမျိုး မဟုတ်ပါ။ ကျူရှင်ဆရာမ အများကြီးခေါ် ပေးခိုင်းတာမျိုးလည်း မဆိုလိုပါ။ သူတို့ ကိုယ်စား မိဘက ၀င်လုပ်ပေးတာမျိုးကို ပိုမို ရှောင်ရှားသင့်ပါတယ်။ ကလေးအခြေအနေပေါ် မူတည်ပြီး လမ်းညွန်သင့်တာလမ်းညွန်၊ သင်ကြားပေးသင့်တာကို သင်ကြား၊ သူတို့ သူငယ်ချင်းတွေထံ ဖုန်းဆက်မေးမြန်းသင့်တာတွေကို မေးမြန်းစေတာမျိုးကို ဆိုလိုပါတယ်။
ဖြစ်နိုင်ရင်တော့ ကလေးကို ဘယ်လိုစဉ်းစားသင့်သလဲ၊ အဖြေရအောင် ဘယ်လိုချဉ်းကပ်သင့်သလဲ စသည်ဖြင့် တစ်ဆင့်ချင်း လမ်းပြသွားနိုင်ရင် ပိုမိုထိရောက်တတ်ပါတယ်။

၁၂။ လုံခြုံ မူအသိ ကြွယ်ဝစေခြင်း

လုံခြုံ မူအသိဆိုတာ ကလေးတွေအတွက် အလွန်အရေးကြီးပါတယ်။ အသက်ငယ်လေ၊ စိုးရိမ်ရလေ ဖြစ်ပါတယ်။ တံခါးအ၀င်အထွက်၊ လှေခါး အတက်အဆင်း၊ စူးစမ်းလိုစိတ်နဲ့ ဝါယာ ဆော့ကက့် ပေါက်နဲ့ အထိအတွေ့၊ ကားလမ်း အဖြတ်အကူး၊ လူစိမ်းနဲ့ ထိတွေ့တဲ့အခါ၊ အမြင့်တက်ခြင်း၊ ရေကစားခြင်း၊ မီးကစားခြင်း စသည့်စသည့် တို့မှာ အထူးဂရုစိုက် သင်ကြားပေးဖို့ လိုပါတယ်။

၁၃။ ဆက်ဆံရေး ချောမွေ့ အောင် ပျိုးထောင်ပေးခြင်း

ဆက်ဆံရေးကောင်းမွန်အောင် ငယ်စဉ်ကတဲက စတင်ပျိုးထောင်ပေးလို့ ရပါတယ်။
အရေးကြီးဆုံးကတော့ လူကိုလေးစားတတ်အောင်အရင်သင်ပေးရပါတယ်။ လေးစားခြင်းဟာ ဆက်ဆံရေးရဲ့ အခြေခံအုပ်မြစ်ဖြစ်ပါတယ်။
သူများပြောစကားကို စိတ်၀င်တစား နားထောင်တတ်အောင် ပျိုးထောင်ပေးထားရပါမယ်။
ကိုယ့်ပြောချင်နေတဲ့အကြောင်းအရာ၊ ကိုယ်စဉ်းစားနေတဲ့ အကြောင်းအရာ တွေကို ရှင်းရှင်းလင်းလင်း ဖေါ်ပြတတ်ဖို့၊ ပြောရဲဆိုရဲအောင် အရင်သတ္တိမွေးပေးရပါတယ်။
ဂတိတည်ရမယ်။ ရိုးသားမယ်။ စဉ်းစားတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းပြောမယ်။ ဒီအဆင့်အထိဆိုရင် လူချစ်လူခင်ပေါဖို့ မဝေးတော့ပါဘူး။

၁၄။ ကလေးစိတ်ကျန်းမာရေးကို ဂရုစိုက်ပေးပါ။

ကလေးလုံလောက်တဲ့ တက်ကြွမူ ရှိရဲ့လား၊ အကောင်းမြင်တဲ့ အကျင့်ရှိသလား၊ အရွယ်နဲ့ မလိုက်ပဲ ဒေါသအရမ်းကြီးနေသလား၊ အမြဲတမ်းပဲ တစ်ခုခု စိုးရိမ်နေတတ်သလား၊ ကလေး ဖိအားအရမ်းများနေသလား၊ စသည်ဖြင့် ကလေးများရဲ့ အပြုအမူကို မိဘများက ဂရုတစိုက် လေ့လာသင့်ပါတယ်။ တကယ်လို့ တစ်ခုခု မူမမှန်ဘူးဆိုရင် စိတ်ဆရာ၀န်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ မိဘများတစ်ခု လုံး၀လက်ခံထားရမှာက စိတ်ဆရာ၀န်ပြသခြင်းဆိုတာ စိတ္တဇ ရောဂါမဟုတ်ပါ။ နိုင်ငံခြားမှာ လုပ်ရိုးလုပ်စဉ် ဖြစ်ပါတယ်။

Ref: WeChat
;Sayar Aung Ko Latt

29/10/2021

ကလေးကို
👉 မိဘလိုထိန်းမလား?
👉 ဆရာလိုထိန်းမလား ?

အတူတူပဲမဟုတ်ဘူးလား၊ ဟုတ်ကဲ့မတူပါဘူး။ မိဘတစ်ယောက်အတွက် သားသမီးမျက်ရည်စက်ဆိုတာ ထိရောက်တဲ့ လက်နက်တစ်ခုပါ။

သားသမီးမျက်ရည်စက်မြင်လိုက်တာနဲ့ ဘာမှမမြင်တော့ပါဘူး။

စိတ်ဆိုး စိတ်ကောက်လိုက်ရင်တော့ အရာအားလုံး အလိုလိုလိုက်လျောမိသွားပြီးသားဖြစ်နေပါပြီ။

ဆရာတွေအတွက်ကတော့ ဖြေရှင်းတည့်မတ်ပေးရမယ့် လမ်းကြောင်းတစ်ခုမျှသာပါ။

ဥပမာတစ်ခုနဲ့ရှင်းပါရစေ။
ကလေးက စာမရေးချင်လို့ ဒါမှမဟုတ် ပစ္စည်းတစ်ခုခုကိုလိုချင်လို့ ငိုတယ်ဆိုပါစို့။

မိဘအနေနဲ့က ပထမဆုံးစဉ်းစားတာက အငိုတိတ်ဖို့နဲ့ လိုက်လျှောဖို့ပါ။
(ငိုလို့လိုက်လျောလိုက်ရင် နောက်နောင်လည်း ငိုပြပါလိမ့်ဦးမယ်)

လေ့ကျင့်ပြုစုပျိုးထောင်သူ ဆရာတစ်ယောက်အနေနဲ့ကျတော့ လိုက်လျှောဖို့ဆိုတာထက် လက်ခံနိုင်အောင် ဆောင်ရွက်ပေးဖို့အားသန်ပါတယ်။
(အစကတည်းကလည်း ကလေးနဲ့တန်တဲ့ လုပ်ငန်းမျိုး ရွေးချယ်ပြီးဖြစ်ရပါမယ်)

စာမရေးချင်ရင် -
- ဘာကြောင့်ရေးသင့်ကြောင်း
ရှင်းပြရင်း ရေးဖြစ်အောင်ကြပ်မတ်ရင်း ပြီးဆုံးသည်အထိ ဆောင်ရွက်စေပါလိမ့်မယ်။
လုပ်သင့်တယ်။ လုပ်ကိုလုပ်ရမယ်။ ဆိုတဲ့ စည်းကမ်းမျိုးပါ။

ဒီလိုပါပဲ လိုချင်တာမရလို့ ငိုနေတဲ့ကလေးကိုလည်း ဘာကြောင့်မပေးကြောင်းပြောပြရင်း နှစ်သိမ့်ပေးပါလိမ့်မယ်။
ဘာလို့ မရတာကိုလည်း ကလေးလက်ခံနိုင်သည်အထိ သေချာပြောပါလိမ့်မယ်။

👉 စိတ်ဆိုးစိတ်ကောက်ခြင်းကို ဆရာများက လက်မခံပါ။
( #လက်မခံရပါ)

တစ်ချို့အရာတွေမှာ မိဘမေတ္တာ (အချစ်) ဟာမရှိမဖြစ် အသုံး၀င်သလောက်။

အချို့သောကိစ္စများကိုတော့ သတ်မှတ်စည်းဘောင်အတွင်း၀င်အောင် ဆရာတစ်ယောက်စိတ်မျိုးထားပြီး .... လေ့ကျင့်သင်ကြားပေးခြင်းကသာ သင့်ကလေးအနာဂတ်အတွက် ... အလေ့အကျင့်ကောင်းရရှိစေမှာဖြစ်ကြောင်းပါ။

အခုလို ကျောင်းတွေပိတ်ထားပြီး Stay at HOME ကာလမျိုးမှာ မိဘများအနေနဲ့ ပိုသတိထားသင့်ပါတယ်။

ဒါကြောင့်လည်း ကလေးဟာ #ဆရာ/ဆရာမစကားကို #ပိုနားထောင်တယ်လို့ သတ်မှတ်ကြတာပေါ့။

မျက်ရည်လက်နက် ရှောင်ကွင်းနိုင်ကြပါစေ။

Crdသုတမင်းညို
၂၀၂၀ နို၀င်ဘာလ ၇ရက်။

29/10/2021

Education cannot wait ပါဗျာ

Education can wait လို့ ပြောတာ လက် ကို မခံတာပါ။

Education ≠ schooling ပါ။ ကျောင်း ဆိုတာ ပညာရေး ရဲ့ အစိတ်အပိုင်း တစ်ခု သာ ပါ။ ကျောင်း တက်တက် မတက်တက် ပညာရေး education က ဆက်ပြီး သွားကို သွားနေရမှာပါ။

Education can never wait ပါ။

အိမ်မှာ ကလေးကို ခြံထဲက မြက် နှုတ်ခိုင်းရင်း အပင်တွေအကောင်ငယ်လေးတွေ လေ့လာခွင့်ပေးတာလည်း ပညာရေး ပါ။

မီးဖိုချောင် မှာ ကူခိုင်းရင်း အိမ်မှုကိစ္စ လေ့လာစေတာလည်း ပညာရေး ပါ။

ဘိုးဘွားတွေ ဆွေမျိုးတွေ ဝမ်းကွဲမောင်နှမတွေ သိုက်သိုက်ဝန်းဝန်း နဲ့ ဆော့ရင်းကစားရင်း ပေါင်းသင်းဆက်ဆံရေးတိုးတက်အောင် လေ့ကျင့်တာလည်း ပညာ‎ရေး ပါ။

အိပ်ခါနီး ပုံပြောပြ စာအုပ်ဖတ်ပြတာလည်း ပညာရေး ပါ။

လောကကြီးက လူဆိုးတွေလူကောင်းတွေအကြောင်း မျက်ဝါးထင်ထင် ကြုံရတဲ့အခိုက် ဓမ္မ နဲ့ အဓမ္မအကြောင်း သွန်သင်တာ၊ လောကပါလတရား ပြည်သူ့နီတိတရားတွေ ပြောပြ လက်တွေ့လုပ်ပြတာလည်း ပညာရေး ပါ။

သူတို့နဲ့အတူ ကျား ကစားတာ၊ စစ်တုရင် ကစားတာ မိုနိုပိုလီ (အသံထွက်အမှန်က မနော့ဖလီ ... အများသိတဲ့အတိုင်း မိုနိုပိုလီ လို့ပဲ ထားပါတော့လေ) အတူ ကစားရင်း ဦးနှောက်ကို အလုပ်ပေး၊ စီးပွားရေး သဘောတရား သိစေတာလည်း ပညာရေး ပါ။

ရေကူးသင်ပေး တင်းနစ်ကစားပေးရင်း ခန္ဓာကိုယ် ကြံ့ခိုင်အောင် ပံ့ပိုးပေးတာလည်း ပညာရေး ပါ။

Schooling ဆိုတာက အဲဒီ education တွေ ရအောင် ဖန်တီးထားတဲ့ ဝန်းကျင်တုပါ။

Formal Schooling တက်တက် မတက်တက် Education ကိုတော့ ဘယ်အခြေအနေမှာမှ အပြတ်မခံပါနဲ့။

ကျောင်း မထားဖြစ်တာသက်သက်နဲ့တော့ Education can wait မလုပ်ပါနဲ့။

Schooling may wait, but never can education ပါ။

Address

Yangon
11431

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Orchid Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share