Brand You Academy - Myanmar

Brand You Academy - Myanmar

Share

Brand You Academy is the online learning portal of Brand You, The Image Training company.

23/05/2026

လုပ်ငန်းခွင်ထဲက Communication ပြဿနာတွေက ဘယ်ကနေစသလဲ။

22/05/2026

Over Communication

တခြားနိုင်ငံတွေ အထူးသဖြင့် နိုင်ငံရော၊ time zone မတူတဲ့ သူတွေနဲ့ အလုပ်တွဲလုပ်ရတဲ့အခါ အလုပ်တွေ ချောမွေ့ဖို့ဆိုရင် communication ကို email, ဖုန်းနဲ့တင်မဟုတ်တော့ဘဲ channel ပေါင်းစုံနဲ့လုပ်ရပါတယ်။ Email ပို့ပြီး ပြန်တာကို မစောင့်နိုင်တာကြောင့် social media apps ပေါင်းစုံ သုံးရပါတယ်။

ကျွန်မတောင် ထိုင်းက သူတွေနဲ့ဆိုရင် Line, မြန်မာ client တွေနဲ့ဆိုရင် viber, messenger, စင်ကာပူနဲ့ဆိုရင် WhatsApp, Wechat, US နဲ့ Korea က client တွေနဲ့ဆိုရင် Slack, Telegram, Signal စတာတွေအပြင် Notion လို project platform တွေ စသဖြင့် အမျိုးစုံအောင် သုံးရပါတယ်။ အဲဒီအခါ တခါတလေ မျက်စိတွေလည်ပြီး မတွေ့လိုက်တာတွေ၊ ကိုယ်က ပြန်ပြီးပြီလို့ ထင်ပေမဲ့ send ကို မနှိပ်မိတာ။ Email ပို့ပြီးပေမဲ့ ပို့ထားကြောင်းကို သွားမပြောမိတော့ email server တွေက security မြှင့်ထားကြတာနဲ့ အော်တို spam box ထဲ ရောက်သွားတာ စသဖြင့် အမျိုးစုံ miscommunication ဖြစ်တာ၊ delay ဖြစ်တာတွေ ခဏခဏကြုံရပါတယ်။

အင်တာနက်ကလည်း ရလိုက် မရလိုက်၊ တစ်ခါတစ်လေ ကိုယ့်ဘက်မှာ အထွက်ပြပေမဲ့ သူများဘက်မှာ မဝင်သွားတာ၊ မသိလိုက်တာ၊ time zone မတူတာတွေကြောင့် နှောင့်နှေးတာတွေကို ကျော်လွှားနိုင်ဖို့ နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ Over communication လုပ်ဖို့ မကြောက်ပါနဲ့။ ကိုယ်က ခဏခဏများသွားပြီး တွန်းနေရာ ရောက်မလားလို့ တွေးပြီး မပြောတာက နှစ်ဖက်လုံးက တစောင့်စောင့်နဲ့ ဖြစ်တတ်ပါတယ်။ ပြောပုံဆိုပုံ ယဉ်ယဉ်ကျေးကျေးနဲ့ပဲ ကိုယ်ပို့လိုက်ပြီဖြစ်ကြောင်း အသိပေးနိုင်ပါတယ်။

၂။ နှစ်ဖက်လုံးရဲ့ expect လုပ်ထားတဲ့၊ မျှော်လင့်ထားတဲ့ timely response ရဲ့ အဓိပ္ပာယ်ကိုလည်း သေချာ သိထားဖို့လိုပါတယ်။ တစ်ယောက်ရဲ့ timely response ဆိုတာက ၂၄ နာရီအတွင်း အကြောင်းပြန်တာကို ဆိုလိုပြီး နောက်တစ်ယောက်က ၁ နာရီအတွင်း ပြန်စေချင်တာမျိုးဖြစ်နေတတ်ပါတယ်။

၃။ Video call တွေမှာ ကိုယ့်ရဲ့ လက်ဟန်ခြေဟန်၊ မျက်နှာအမူအယာ၊ ပြောပုံဆိုပုံကို သတိထားစေချင်ပါတယ်။

၄။ ဘယ်ချိန်မှာ ဖုန်းခေါ်သင့်ပြီး ဘယ်ချိန် email ပို့သင့်တယ်။ ဘယ်ချိန်ကတော့ social media chat မှာ စာပို့ပြီး ဘယ်ချိန်မှာ project website မှာ update သွားလုပ်ရမယ်ဆိုတာကို သိထားသင့်ပါတယ်။

၅။ ကိုယ်ပြောဆို ဆွေးနွေးတဲ့အရာတွေ၊ ပေးတဲ့ မက်ဆေ့တွေက တိုတိုတုတ်တုတ်နဲ့ ရှင်းလင်းပြီး တပြေးညီဖြစ်မယ်ဆိုရင် ကိုယ်နဲ့ အလုပ်တူတူလုပ်နေတဲ့သူတွေရဲ့ ယုံကြည်လေးစားမှုကို ရမှာဖြစ်သလို ဆက်ဆံရေးတွေလည်း ချောမွေ့မှာ ဖြစ်ပါတယ်။

Professionals တွေအတွက် လုပ်ငန်းခွင်မှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ၊ ထိရောက်တဲ့ ဆက်သွယ်ပြောဆိုမှုတွေ တည်ဆောက်နိုင်ဖို့အတွက် ' Workplace Communication Mastery' အတန်းကို Brand You Academy Website မှာလေ့လာနိုင်ပါပြီ။

သင်တန်းအသေးစိတ်ကို page ကို message ပို့ပြီး စုံစမ်းနိုင်ပါတယ်ရှင်။

Brand You Academy Team

20/05/2026

Negative Communication in Workplace

​"သူက ငါပြောတာ နားမထောင်ဘူး..."
"သူ့ကိုမို့လို့ ငါ မပြောတာ..."

​လုပ်ငန်းခွင်မှာ ကြားနေရတတ်တဲ့ ဒီလို ပွတ်တိုက်မှုလေးတွေက အစပိုင်းမှာ သာမန် ပြဿနာအသေးအမွှားလေးတွေလို့ ထင်ရပါတယ်။

အချိန်ကြာလာတဲ့အခါ ​ Negative Communication တွေက အဖွဲ့အစည်းထဲမှာ ဌာနအချင်းချင်း၊ ဝန်ထမ်းအချင်းချင်းကြားမှာ အမြစ်တွယ်လာတဲ့အခါ ဦးဆောင်ရတဲ့ leader တစ်ယောက်အနေနဲ့

- မလိုအပ်တဲ့ ပြဿနာတွေကိုပဲ ရှင်းနေရတဲ့အခါ အချိန်ကုန်ပါတယ်။
- Team မှာရော၊ ကိုယ့်ရဲ့ Productivity ပါကျလာပါတယ်။
- ​အချိန်ယူတည်ဆောက်ထားတဲ့ ဖွဲ့စည်းပုံ structure တွေကိုလည်း ထိခိုက်လာနိုင်ပါတယ်။

▫️Communication ကောင်းကောင်းနဲ့ high performing team တစ်ခု တည်ဆောက်ချင်တဲ့ Business Owners တွေနဲ့ Executive Leaders တွေအတွက် ​Brand You Academy Website မှာ"Workplace Communication Mastery" အတန်းကို စီစဥ်ပေးထားပါတယ်။
သင်တန်းအသေးစိတ်ကို message ကနေ စုံစမ်းနိုင်ပါတယ်ရှင်။

Brand You Academy Team

19/05/2026

Common Mistakes in Listening

လုပ်ငန်းခွင်မှာ တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံတဲ့အခါ နားထောင်ခြင်းက အရေးကြီးတယ်လို့ သိကြပေမဲ့ တကယ်တမ်းကျ နားမထောင်ဖြစ်ကြတာများပါတယ်။

Dale Carnegie က နားထောင်ခြင်းမှာ မှားတတ်တဲ့အမှား ၇ ခုရှိပါတယ်လို့ ဆိုပါတယ်။

၁။ Rehearsing

ကိုယ့်အလှည့်ရောက်ရင် ဘာပြောမယ်ဆိုတာ စဉ်းစားနေတာ။

၂။ Evaluating (Pre-judging the speaker)

ပြောတဲ့သူ မပြောခင်တည်းက ကြိုပြီး ထင်မြင်သုံးသပ်ချက်တွေနဲ့ ဆုံးဖြတ်ထားတာ။ သူကတော့ ဒီလိုလူဖြစ်လို့ ဒါတွေပဲပြောမှာပါကွာ ဆိုတာမျိုး။

၃။ Playing Topper

သူများအတွေ့အကြုံကို ပြောပြနေချိိန် ကိုယ့်အတွေ့အကြုံကို အတင်းဖြတ်ပြောတာ။

၄။ Truth-telling

ရုတ်တရက်ကြည့်လိုက်ရင် အမှန်ပြောတာလို့ တွေးမိနိုင်ပေမဲ့ တကယ့်အဓိပ္ပာယ်က ကိုယ့်ရဲ့ ဥာဏ်ပညာကြွယ်ဝမှု၊ အသိပညာတွေကို အတင်းဝင်ပြောတာကို ဆိုလိုတာပါ တဲ့။

၅။ Fault-finding

သူများပြောတဲ့စကားထဲမှာ အပြစ်၊အမှား လိုက်ရှာနေတာ။

၆။ Placating

တကယ်စိတ်မဝင်စားဘဲ ထောက်ခံတာ။

၇။ Derailing

သူများပြောနေတဲ့ ခေါင်းစဉ်ကိုပြောင်းပစ်တာ။

နားထောင်ခြင်းမှာ မှားလေ့ရှိတဲ့ အမှားလေးတွေကို သတိထားနိုင်ဖို့ဖြစ်ပါတယ်။

လုပ်ငန်းခွင်က Professional Brand ကိုတည်ဆောက်ရာမှာ အရေးပါလှတဲ့ Communication Skills ကို တိုးတက်လိုသူတွေအတွက် 'Workplace Communication Mastery' အတန်းကို Brand You Academy Website မှာလေ့လာနိုင်ပါပြီ။

သင်တန်းအသေးစိတ်ကို page ကို message ပို့ပြီး စုံစမ်းနိုင်ပါတယ်ရှင်။

ကျေးဇူးတင်ပါတယ်။

18/05/2026

✨လုပ်ငန်းခွင်မှာ Communication ကောင်းချင်သူတွေအတွက်

Communication ကောင်းတဲ့လူတိုင်းက စကားပြောကောင်းမယ်လို့ ပြောလို့မရပါဘူး။

စကားပြောကောင်းတိုင်းလည်း Communication ကောင်းမယ်လို့ပြောလို့မရပါဘူး။

ကိုယ်ကစကားပြောတာထက်ကိုရေးသားခြင်းမှာပိုပြီးတော့အားသာနေတာလည်းဖြစ်နိုင်တယ်။

Short Message တွေမှာပိုပြီးအားသာနေတာလည်းဖြစ်နိုင်တယ်။

ကိုယ်နဲ့ personality တူတဲ့သူတွေနဲ့စကားပြောရတဲ့နေရာမှာအားသာတာလည်းဖြစ်နိုင်တယ်။

ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကိုပြောရတဲ့အချိန်မှာ Communication ကောင်းနေတာလည်းဖြစ်နိုင်ပါတယ်။

✨ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်ဖို့လိုပါတယ်။
- ကိုယ်က ဘယ်နေရာမှာ Communication ကောင်းပြီးသားလဲ။
- ဘယ်နေရာမှာတိုးတက်ဖို့ improve လုပ်ဖို့အတွက်လိုအပ်နေတာလဲ။

လုပ်ငန်းခွင်မှာ ကိုယ်က ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ်၊ ဘယ်လိုလူမျိုးနဲ့ဖြစ်ဖြစ်၊ ဘယ်လို medium မျိုးကို သုံးသည်ဖြစ်စေ ကောင်းမွန်စွာ ဆက်သွယ်ပြောဆိုတတ်လိုသူတွေအတွက် "Workplace Communication Mastery" အတန်းလေးကို Brand You Academy Website မှာ လေ့လာနိုင်ပါပြီရှင်။

May လ 30 ရက်နေ့အထိ သင်တန်းအပ်သူတွေအတွက် အထူးစီစဥ်ထားတဲ့ Bundle အစီအစဥ်လေးလည်း ရှိပါတယ်။ Corporate မှာ အလုပ်လုပ်နေတဲ့ professional တစ်ယောက်အတွက် First Impression မြင်မြင်ချင်းလေးစားမှုကို တည်ဆောက်ရာမှာ အရေးပါလှတဲ့ “Personal & Workplace Grooming Course” ကိုပါ လေ့လာခွင့်ရရှိမှာပဲ ဖြစ်ပါတယ်။ တစ်တန်းတက်ရုံနဲ့ တစ်တန်းကိုလက်ဆောင်ရနိုင်မယ့် အထူးအစီအစဥ်လေးဖြစ်ပါတယ်။
သင်တန်းအကြောင်းအသေးစိတ်လေ့လာရန်
https://brandyouacademy.com/course/workplace-communication-mastery-3/descriptions
https://brandyouacademy.com/course/personal-workplace-grooming-3/descriptions

စိတ်ဝင်စားတယ်ဆိုရင် အသေးစိတ်နဲ့ သိလိုတာတွေကို page ကို message ပို့ပြီး စုံစမ်းနိုင်ပါတယ်ရှင်။

Brand You Academy Team

15/05/2026

“Workplace Communication Mastery Program"

Transform Your Professional Presence & Authentic Connection

လုပ်ငန်းခွင်အတွင်းမှာ ကျွမ်းကျင်မှု (Technical Skills) ဆိုတာ ကိုယ့်အတွက် တံခါးတစ်ချပ်ကို ဖွင့်ပေးနိုင်ရုံသာ ရှိပါသေးတယ်။ အဲဒီတံခါးနောက်ကွယ်မှာ ရေရှည်တည်တံ့တဲ့ အောင်မြင်မှုနဲ့ ခိုင်မာတဲ့ Image တစ်ခုကို တည်ဆောက်ဖို့ဆိုရင် "Strategic Communication" က မရှိမဖြစ် လိုအပ်ပါတယ်။

စကားပြောရတာ၊ လူတွေနဲ့ ပေါင်းသင်းရတာတွေကို ကြိုက်စရာမလိုပါဘူး။ သို့သော် ကျွမ်းကျင်ဖို့လိုပါတယ်။

"Workplace Communication Mastery" သင်တန်းဟာ သာမန်စကားပြောဆိုနည်း သင်တန်းတစ်ခု မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အရည်အချင်းနဲ့ ကိုယ်ရည်ကိုယ်သွေးကို အကောင်းဆုံး ပေါင်းစပ်ပြီး လုပ်ငန်းခွင်မှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ထိရောက်တဲ့ ဆက်သွယ်ပြောဆိုမှုတွေ တည်ဆောက်နိုင်ဖို့ ဖြစ်ပါတယ်။

သင်တန်းတွင် လေ့လာရမည့် အဓိက Methodology များ

🔹The Process of Communication: Communication ဖြစ်စဉ်တစ်ခုလုံးကို အခြေခံမှစ၍ နက်နက်နဲနဲ နားလည်စေခြင်း။
🔹Decoding Miscommunication: နားလည်မှုလွဲမှားခြင်းများကို ကျော်လွှားပြီး ပဋိပက္ခများကို အောင်မြင်စွာ ဖြေရှင်းခြင်း။
🔹Elevating Communication Levels: လုပ်ငန်းခွင် အဆင့်အတန်းအလိုက် ယဉ်ကျေးပျူငှာပြီး ဩဇာရှိသော ပြောဆိုဆက်ဆံမှုပုံစံများ။
🔹Cultivating Workplace Relationships: လုပ်ငန်းခွင်အတွင်း ယုံကြည်မှုနှင့် လေးစားမှုအခြေခံသော ခိုင်မာသည့် Relationship များ တည်ဆောက်ခြင်း။
🔹Cross-Cultural Intelligence: မတူကွဲပြားသော ယဉ်ကျေးမှုများနှင့် အလုပ်လုပ်ရာတွင် အဟန့်အတားမရှိဘဲ ချိတ်ဆက်နိုင်မည့် Global Mindset နှင့် Communication Tactics များ။

ဘယ်သူတွေ တက်ရောက်သင့်သလဲ။

✨မိမိရဲ့ Brand Image ကို မြှင့်တင်လိုတဲ့ ခေါင်းဆောင်များ
✨Professional ပီသစွာဖြင့် လုပ်ငန်းခွင်တွင် အောင်မြင်လိုသူများ
✨Team members, leaders, customers တွေကြားထိရောက်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်လိုသူများ
✨Effective communication ကနေ high-level collaboration တွေကို တည်ဆောက်လိုသူများ။

“Your communication is your Brand. Master it to master your career.”

May လ 31 ရက်နေ့အထိ သင်တန်းအပ်သူတွေအတွက် အထူးအစီအစဥ်အနေနဲ့ လုပ်ငန်းခွင်က professional တစ်ယောက်အတွက် First Impression မြင်မြင်ချင်းလေးစားမှုကို တည်ဆောက်ရာမှာ အရေးပါလှတဲ့ Personal & Workplace Grooming Course ကိုပါ လေ့လာခွင့်ရရှိမှာပဲ ဖြစ်ပါတယ်။ တစ်တန်းတက်ရုံနဲ့ တစ်တန်းကိုလက်ဆောင်ရနိုင်မယ့် အထူးအစီအစဥ်လေးဖြစ်ပါတယ်။

သင်တန်းအကြောင်းအသေးစိတ်လေ့လာရန်-
https://brandyouacademy.com/course/workplace-communication-mastery-3/descriptions
https://brandyouacademy.com/course/personal-workplace-grooming-3/descriptions

စိတ်ဝင်စားတယ်ဆိုရင် အသေးစိတ်နဲ့ သိလိုတာတွေကို page ကို message ပို့ပြီး စုံစမ်းနိုင်ပါတယ်ရှင်။

Brand You Academy Team

14/05/2026

"Untying Your KNOTs" Program လေးကို enroll လုပ်ကြတာကျေးဇူးတင်ပါတယ်ရှင်။ Program အတွက် 12 ပါတ်တာ အတူတူအသုံးပြုမယ့် workbook လေး ဖြစ်ပါတယ်။

Design လှလှလေးနဲ့ reflection တွေ၊ exercises တွေအများကြီးကို ချရေးချင်လာအောင်၊ ချရေးပြီးတိုင်းလည်း ကိုယ့်ကိုယ်ကိုယ်ပိုသိလာပြီး ရှေ့ဆက်သွားနိုင်အောင် သေချာဖန်တီးပေးထားပါတယ်။

May 16 မှာ Batch 2 ဖွင့်ပါမယ်ရှင်။

ထက်ရည်

13/05/2026

'Harmonious Living Webinar'

May လအတွက် စီစဥ်ထားတဲ့ Brand You Academy Webinar Series ရဲ့ Free Webinar လေး ဖြစ်ပါတယ်။

ကိုယ်က ဘဝရဲ့ အစိတ်အပိုင်းတစ်ခုခုကို အရေးမကြီးပါဘူး၊ ရပါတယ်ဆိုပြီး ထားလိုက်တယ်ဆိုရင် တစ်နေ့မှာ အဲ့ဒီ ကိစ္စကပဲ ပြဿနာတစ်ခုအနေနဲ့ ပြန်ပေါ်လာတတ်ပါတယ်။ ဒါကြောင့် အခုနောက်ပိုင်းဆိုရင် practical strategy ရော physical, mental, emotional နဲ့ spiritual wellbeing တွေကို ပေါင်းစပ်ထားတဲ့ integrated approach ကို ပိုပြီးသဘောကျမိပါတယ်။ အားလုံးကို မျှမျှတတ တချိန်တည်းမှာ အကုန်တိုးတက်လို့ မရဘူးလားလို့ အမြဲတွေးပါတယ်။

15 ရက်နေ့မှာ လုပ်မယ့် "Harmonious Living Webinar" မှာလည်း ကိုယ့်ကိုယ်ကိုယ် သေသေချာချာ စစ်ဆေးနိုင် သုံးသပ်နိုင်အောင် ဖြေကြည့်ဖို့ မေးခွန်းလေးတွေရော၊ အမှတ်ပေးကြည့်လို့ ရတဲ့ sheets လေးတွေရော ပြင်ဆင်ထားပါတယ်။

ဒီ webinar ကို လာတက်ရောက်တဲ့သူတွေအတွက် လက်ဆောင်အဖြစ် ဆရာမထက်ရည်ရဲ့ “Harmonious Living” စာအုပ်ငယ် booklet လေးကိုပါ download လုပ်နိုင်မှာမို့ တက်ရောက်နိုင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

Register ပြုလုပ်ရန် Link လေးဖြစ်ပါတယ်ရှင်။ https://forms.gle/hJjPBKFjgZQWjkbn9

ထက်ရည်
May 2026

Photos from Brand You Academy - Myanmar's post 12/05/2026

ကိုယ့်ဘဝရဲ့ အထုံးတွေ ဖြည်ဖို့ ဆန္ဒရှိတဲ့သူ၊ စတင်ကြိုးစားနေတဲ့သူတွေအတွက် သိစေချင်တာလေးက..

၁။ မလောပါနဲ့။

လူ့ရဲ့ သဘောသဘာဝက ကောင်းတာပဲလိုချင်ပါတယ်။ မကောင်းတာဆိုရင် မလိုချင်၊ မသိမ်းထားချင်ပါဘူး။ ဒါကြောင့် ငါ့ရဲ့ KNOT တွေကို မြင်ရပြီ။ မြန်မြန်ရှင်းမယ်ဟဲ့ဆိုပြီး တခြားဘာမှမလုပ်နိုင် ဒါကိုပဲ တချိန်လုံးတွေးနေဖို့ မလိုပါဘူး။

ကျွန်မကိုယ်တိုင်တောင် development ကိုလုပ်ခဲ့တာ ၁၂ နှစ်။ တကယ်တမ်း စိတ်အလုပ်တွေ ပြင်းပြင်းထန်ထန်လုပ်ခဲ့တာ ၆ နှစ်ကျော်ပါပြီ။ ဘယ်တော့မှ မကုန်ပါဘူး။ ဘယ်တော့မှလည်း မဆုံးပါဘူး။ ဒီဘဝ KNOT တွေရှင်းလောက်ပြီထင်ရင် အရင်ဘဝတွေက karmic တွေ ပြန်ပေါ်ပါတယ်။ ဒါကတော့ ကျွန်မရဲ့ အတွေ့အကြုံပေါ့နော်

စိတ်ဓါတ်ကျအောင် ပြောတာမဟုတ်ပါဘူး။ မလောစေချင်တာပါ။ ကောင်းတာတွေအများကြီးရှိပါတယ်။ ဖြစ်ကြောတိုလာတယ်။ စိတ်ညစ်ရတဲ့အချိန် victim ဖြစ်ရတဲ့အချိန်ထက် ပျော်ရတဲ့အချိန်က ပိုများလာတယ်။ ကိုယ့်အတွက်မကောင်းတဲ့လူတွေနဲ့ တဖြည်းဖြည်းဝေးလာပြီး စစ်မှန်သော ပဌာန်းဆက်ဆိုတာတွေနဲ့တွေ့ရတယ်။ တနေ့ချင်းစီကို အကောင်းဆုံးကြိုးစားနေထိုင်ဖြစ်လာတယ်။ ပိုပြီး စိတ်ကလေးကြည်၊ ရုပ်ကလေးကြည်လာတယ်။ ကူညီထောက်ပံ့မယ့်လူတွေ များလာတယ်။ လိုအင်ဆန္ဒတော်တော်များများ မတောင်းဘဲ ပြည့်လာတယ်။ ဒါတွေက ကောင်းတဲ့အချက်တွေပါ။

အဲဒီတော့ ကျွန်မတို့ ဘာသာအယူအရ အရိယာမဖြစ်မချင်း ဒီလောကထဲက လောကဓံတွေရဲ့ ကောင်းခြင်းဆိုးခြင်းကို ခံစားကြရဦးမှာမို့လို့ မလောပါနဲ့ လို့ ပြောခြင်းဖြစ်ပါတယ်။ အေးအေးဆေးဆေးနဲ့ ကိုယ့်စိတ်နဲ့ ခန္ဓာကိုယ်မှာ အမှိုက်ရှင်းတဲ့ကိစ္စကို daily lifestyle တစ်ခုလို သဘောထားပြီး ဖြည်းဖြည်းချင်းလုပ်စေချင်တာပါ။

၂။ အကူအညီယူဖို့ မပျင်းပါနဲ့။ မကြောက်ပါနဲ့။ မရှက်ပါနဲ့။

စတင်လုပ်ဆောင်နေတဲ့လူတွေအနေနဲ့ တစ်ယောက်တည်း တချိန်လုံးခံစားကြေကွဲနေလို့ မဖြစ်ပါဘူး။ ဘဝမှာ ကိုယ်လုပ်ရမယ့်တာဝန်တွေရှိပါသေးတယ်။ ဒါကြောင့် support system ရှိဖို့အရမ်းအရေးကြီးပါတယ်။ ကိုယ့်ကို judge မလုပ်ဘဲ နားထောင်ပေးသော မိတ်ဆွေကောင်း၊ မှန်ကန်သော လမ်းကိုပြပေးနိုင်သော ဆရာကောင်း ရှိတယ်ဆိုရင် ကောင်းပါတယ်။ မရှိရင် professional တွေရဲ့ အကူအညီကို ယူစေချင်ပါတယ်။ ငွေကြေးအားဖြင့်တတ်နိုင်၊ အချိန်လည်း ပေးနိူင်တယ်ဆိုရင် counselor တွေ၊ therapist တွေရဲ့ အကူအညီကို ယူစေချင်ပါတယ်။ သူတို့ကို အလုံးစုံအားကိုးဖို့ရာမဟုတ်ပါဘူး။ သူတို့က ကိုယ့်ကို space တစ်ခုနဲ့ မှန်ကန်သော guidance ပေးမယ်။ ကိုယ်တိုင်ပဲ လုပ်ရတာပါ။ သို့သော် တစ်ယောက်တည်းထက်စာရင် အများကြီး ပိုကောင်း ပိုမြန်ပါတယ်။

အချိန်လည်း မအားသေး၊ ငွေကြေးလည်း အဆင်မပြေသေးဘူးဆိုရင် goal တစ်ခုတည်းကို ဦးတည်သွားနေတဲ့၊ ကိုယ့်ကို judge မလုပ်တဲ့ community လေးထဲမှာ sharing တွေလုပ်နိုင်ပါတယ်။ ဒီအတွ

၃။ Self-care ကို လုံးဝ လုံးဝ မမေ့ပါနဲ့။

ဒဏ်ရာကို ပြန်ဆွပြီး ဆေးထည့်တယ်ဆိုတာ တော်ရုံ သတ္တိမျိုးနဲ့ မရသလို တော်ရုံ ခံနိုင်ရည်နဲ့လည်း မရပါဘူး။ ပင်ပန်းပါတယ်။ အားကုန်ပါတယ်။
ကိုယ်က စိတ်ပင်ပန်းမယ့်အလုပ်ကို လုပ်နေပြီး ခန္ဓာကိုယ်ကို ဂရုမစိုက်လို့ မရပါဘူး။ သေချာမစားဘူး၊ မအိပ်ဘူး၊ သူများကိုပဲ အပြစ်တင်လိုက်၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လိုက်၊ အခြေအနေကို အပြစ်တင်လိုက်နဲ့ဆို လည်ထွက်နေမှာပါ။

ဘာမှမလုပ်နိုင်ရင်တောင် တနေ့ကို မနက် အသက်ရှူလေ့ကျင့်ခန်း ၁ မိနစ်၊ ည ၁ မိနစ်တော့ လူတိုင်းလုပ်နိုင်ပါတယ်။ ရေချိုးတဲ့အချိန် တောင်တောင်အီအီတွေးမနေဘဲ ဒီရေသည် ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်က မကောင်းတာတွေ ပါသွားပါစေ။ သန့်သွားပါစေ ဆိုတဲ့ intention နဲ့ ချိုးလို့ရပါတယ်။ ထမင်းစားတဲ့အချိန် တစ်စက္ကန့်လေးပဲ ငါ့ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အားအင်ဖြစ်ပါစေ လို့ ဆုတောင်းလိုက်လို့ရပါတယ်။ တစ်နေ့ ရေ သုံးလီတာလောက်ပဲ သောက်ကြည့်ပေးပါ။

တစ်နေ့တစ်ကြိမ်လောက် ကိုယ့်လက်ကလေး ရင်ဘတ်ပေါ်တင်ပြီး ငါသည် အေးချမ်းပါစေ၊ ကျန်းမာပါစေ ဆိုတာမျိုး ကိုယ့်ကိုယ်ကိုယ် မေတ္တာပို့လို့ရပါတယ်။ ဒါက အလွယ်ဆုံးလေးတွေ ပြောပြတာပါ။ ဘယ်လိုမှ မတွေးတတ်ရင် Finch ဆိုတဲ့ self-care app download လုပ်ပြီး ဆော့ကြည့်ပါ။

Self-care က မခက်ပါဘူး။ အကျင့်မရှိတဲ့အတွက် ဆန်းသလို ခက်သလို ထင်ရတာပါ။ သူများကို မေတ္တာထားဖို့တွေ၊ ကမ္ဘာကြီးကို ပြောင်းလဲဖို့တွေ၊ သူများကို ပြောင်းလဲဖို့တွေကို ခဏထားပါဦး။

ကိုယ့်ကိုယ်ကိုယ် တစ်ရက် ၂ မိနစ်လောက်နဲ့ တစ်လလောက် မပျက်မကွက်လုပ်ကြည့်ပါ။ ပိုပျော်ရွှင်လာတာတွေ့ရပါလိမ့်မယ်။

ခြုံပြောရရင် KNOT ကို ဖတ်ပြီးတဲ့အချိန်ကိုယ့်ရဲ့ KNOT တွေကို တွေ့လာပြီဆိုရင် ကောင်းပါတယ်။ ဖြည်းဖြည်းချင်း ဖြည်ပါ။ မလောပါနဲ့။ စိတ်တူကိုယ်တူရပ်ဝန်းတစ်ခုမှာ နေပါ။ Self-care ကို သေချာလေး ဂရုတစိုက်လုပ်ပေးပါ။

တစ်နေ့ထက်တစ်နေ့ မှန်ကြည့်လိုက်လို့ ကိုယ့်ကိုယ်ကိုယ် မှန်ထဲမြင်ရတဲ့အချိန် ပြုံးပြနိုင်ပြီဆိုရင် အရမ်းကို ကျေနပ်စရာကောင်းနေပြီဆိုတာ သိပြီး ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်စေချင်ပါတယ်။

ထက်ရည်


-----
ကိုယ့်ကို ချည်နှောင်ထားတဲ့ KNOTs တွေကို လွှတ်ချခဲ့ချင်တဲ့သူတွေ၊ ပိုပြီးလွတ်လပ်ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်လိုသူတွေအတွက် May 16 ရက်နေ့မှာ 12 ပါတ်တာအတူတူသွားကြမယ့် 'Untying Your KNOTs' Program လေးဖွင့်ဖို့ရှိတာမို့ စိတ်ဝင်စားတယ်ဆိုရင် အသေးစိတ်လေးကို message ပို့ပြီးစုံစမ်းနိုင်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်။

11/05/2026

KNOT Book Club ရဲ့ စာဖတ်သူတွေနဲ့ အတူတူ ပြုလုပ်ခဲ့တဲ့ 7 Days KNOT Challenge ​​​လေးမှာ ပါဝင်ခဲ့တဲ့ participants တွေရဲ့ စကားသံလေးတွေ ဖြစ်ပါတယ်ရှင်။ သေချာလေးပြောပြပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

"Challenge လေး လိုက်လုပ်ရင်းနဲ့ ကိုယ့်အတွက်အချိန်လေး သေချာပေးပြီး KNOTစာအုပ်လေး ပြန်ဖတ် ၊ journaling လေး ရေးရင်းနဲ့ သင်္ကြန်ပိတ်ရက်တွေကို ကုန်ဆုံးခဲ့ရတော့ ကိုယ့်အတွက် အကျိုးရှိခဲ့ပါတယ်။

ကိုယ်တစ်ယောက်ထဲ လုပ်ရတာမဟုတ်ဘဲ community နဲ့ လုပ်ရတာဆိုတော့ ပိုပြီးလဲ အားရှိပါတယ်။

7 ရက်တာ challenge လေး ပြီးတဲ့အခါမှာလည်း ငါ ဒီ challenge လေးကို သေချာလိုက်လုပ်နိုင်တာပဲ ဆိုပြီး self-confidence လဲ နည်းနည်းပြန်ရလာခဲ့တယ်။

KNOTs စာအုပ်လေးမှာလဲ မထက်ရည်က သူကိုယ်တိုင် ဖြတ်သန်းလာခဲ့တဲ့ life experience တွေက ရတဲ့ insights တွေ၊ လက်တွေ့ကျင့်သုံးလာခဲ့တဲ့ practice တွေ အကုန်လုံးကို ရေးပြထားလို့ တကယ်ပဲ လက်တွေ့လုပ်ဆောင်နိုင်ရင် အများကြီး အကျိုးရှိမှာသေချာပါတယ်။"
~~~
ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေပြီး နှောင်ကြိုးတွေကနေလွတ်မြောက်လိုသူတွေအတွက်
KNOT စာအုပ်ကို အခြေခံပြီး ဖန်တီးထားတဲ့ Program လေးဖြစ်တဲ့ 'Untying Your KNOts Program' ကို မေလမှာဖွင့်ဖို့ရှိတာမို့ စိတ်ဝင်စားတယ်ဆိုရင် အသေးစိတ်ကို message ပို့ပြီးစုံစမ်းနိုင်ပါတယ်ရှင်။

Brand You Academy Team

09/05/2026

✨ရလဒ်တွေရနေတယ်။
✨ အောင်မြင်နေတယ်။
✨နေရာတစ်ခုရောက်နေတယ် ဆိုပေမယ့်လည်း
✨ကိုယ်ကပျော်သင့်သလောက် မပျော်ရွှင်ဘူး ဖြစ်နေတယ်ဆိုရင်..

~~~~~

ကိုယ်ကိုယ်ကိုယ် ပြန်ပြီးရှာဖွေလိုသူတွေအတွက် မေလ မှာ 'Untying Your KNOTs' Program လေးဖွင့်ဖို့ရှိတာမို့ စိတ်ဝင်စားတယ်ဆိုရင် အသေးစိတ်လေးကို message ပို့ပြီးစုံစမ်းနိုင်ပါတယ်ရှင်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


No 132, Yeik Thar 3rd Street, Wayzayantar Garden, Thinganyun Tsp. Yangon
Yangon
11072

Opening Hours

19:00 - 20:30