My Way

My Way ❤️Mai’s way of teaching and learning English❤️
(1)

19/08/2026

အချိန်တိုင်းကို ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းကြနော် 🌿🫶 အခက်အခဲတွေ ရှိပေမယ့် ပြုံးထားကြမယ်😊

လန်ဒန်မြို့အနှံ့ အလည်အပတ်ခရီးထွက်ကြမယ် 🇬🇧✈️
19/08/2026

လန်ဒန်မြို့အနှံ့ အလည်အပတ်ခရီးထွက်ကြမယ် 🇬🇧✈️

English လို သိနေရင် ကုန်တိုက်မှာ လမ်းမပျောက်တော့ဘူးပေါ့နော် 🫣🤗
19/08/2026

English လို သိနေရင် ကုန်တိုက်မှာ လမ်းမပျောက်တော့ဘူးပေါ့နော် 🫣🤗

July နောက်ဆုံးအပတ်နဲ့ August ပထမအပတ်မှာ ပြီးဆုံးခဲ့တဲ့ Group Classes လေးတွေပါရှင်။ 🌷
19/08/2026

July နောက်ဆုံးအပတ်နဲ့ August ပထမအပတ်မှာ ပြီးဆုံးခဲ့တဲ့ Group Classes လေးတွေပါရှင်။ 🌷

July နောက်ဆုံးအပတ်နဲ့ August ပထမအပတ်မှာ ပြီးဆုံးခဲ့တဲ့ One-on-One & Private Classes လေးတွေပါရှင်။ 🌷
19/08/2026

July နောက်ဆုံးအပတ်နဲ့ August ပထမအပတ်မှာ ပြီးဆုံးခဲ့တဲ့ One-on-One & Private Classes လေးတွေပါရှင်။ 🌷

18/08/2026

Tr. တွေက အရမ်းတော်ပြီး သေချာဂရုစိုက်ပေးကြတာမို့ သေချာလေး လိုက်ကြိုးစားဖို့ဘဲ လိုမယ်နော်😍🫶 တစ်ခုခုလိုအပ်တာလေးတွေ ရှိရင်လည်း အချိန်မရွေးပြောလို့ ရပါတယ်💕✨️

Level 4 ကို Free ဆက်တက်ခွင့်ရတဲ့ July 100% scholarship ကိုဆွတ်ခူးရရှိသွားတဲ့ Class 196, Level 3 အတန်းက ကျောင်းသူလေး Nue ...
18/08/2026

Level 4 ကို Free ဆက်တက်ခွင့်ရတဲ့ July 100% scholarship ကိုဆွတ်ခူးရရှိသွားတဲ့ Class 196, Level 3 အတန်းက ကျောင်းသူလေး Nue Pri ရဲ့ ရင်တွင်းစကားသံလေးပါရှင် 💞✨ 💎

"ပထမဆုံးရဖူးတဲ့ scholarship မို့အရမ်းပျော်ပါတယ်ရှင့် 😭

အရင်က ကိုယ်တိုင်က speaking ပိုင်းမှာအားနည်းတော့ speaking သင်တန်းရှာရင်း My Way ကိုတွေ့လို့ join ဖြစ်တဲ့နောက်ပိုင်းမှာ အရင်ကထက်ပိုပြီး speaking ပိုင်းမှာပြောရဲလာတယ် တိုးတက်လာတယ်ရှင့်၊ သင်ခဲ့ရတဲ့ level 2 ခုလုံးက Tr တွေနဲ့ရော အဆင်ပြေပြီး တကယ်ကို နွေး"ထွေး" နဲ့ဘဲဆက်ဆံပေးတာပါ၊ Admin ​တွေ​ရော အဆင်​ပြေပါတယ်ရှင့် သင်ခဲ့အတန်း၂ခုလုံးမှာပါ ​ကျောင်းသား​တွေရဲ့လိုအပ်ချက်​တွေကိုအချိန်မှန်​မေး​ပေးတာ​လေးကိုတကယ်သ​ဘောကျပါတယ်ရှင့်🫶"


လိုလေသေးမရှိဘူးဆိုတဲ့ July 100% scholarship ကိုဆွတ်ခူးရရှိသွားတဲ့ Class 236, Foundation အတန်းက ကျောင်းသူလေး Nan Shwe Yee...
18/08/2026

လိုလေသေးမရှိဘူးဆိုတဲ့ July 100% scholarship ကိုဆွတ်ခူးရရှိသွားတဲ့ Class 236, Foundation အတန်းက ကျောင်းသူလေး Nan Shwe Yee Win ရဲ့ ရင်တွင်းစကားသံလေးပါရှင် 💞✨ 💎

"အခုလို scholarship 100% ရတဲ့အတွက် ညီမအရမ်းဝမ်းသာရတယ် အတိုင်းမသိကျေးဇူးတင်ပါတယ်ရှင့်။

My Way သင်တန်းကျောင်းကို ညီမ TikTok မှာ Tr. Mai ရဲ့ video ကနေစသိခဲ့ပြီး Viber ကနေ သင်တန်းစအပ်ခဲ့တာပါ စစချင်းအဆင်ပြေပါ့မလား စိုးရိပ်ခဲ့ပေမဲ့ သင်တန်းအပ်တဲ့ အချိန်ကနေစလို့ Tr. Nwe Ni , Tr. Alpha တို့နဲ့ အတန်းတက်တဲ့အချိန်ကော အခုလို scholarship 100% ရတဲ့အချိန်အထိ My way သင်တန်းကျောင်းဘက်က ဘားမှလိုလေသေးမရှိ အကုန်အဆင်ပြေခဲ့ပါတယ်ရှင့်။

သင်တန်းမတက်ခင်ကဆို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိခဲ့ဘူး သင်တန်းတက်တဲ့အချိန်အတွင်းမှာတင် ငါဒီလိုပိုကောင်းအောင်လုပ်နိုင်တာပဲ ဆိုပြီး ယုံကြည်မှုပိုရှိတယ် အခုလေ့လာမှုကပိုထိရောက်တယ်လို့ ခံစားရတယ် အဲ့ဒီအတွက် ကိုယ့်ရဲ့တိုးတက်မှုကို ကျေနပ်အားရမှုရှိပါတယ်ရှင့်☘️💕"


Canva Editingပါ လေ့လာဖြစ်ခဲ့တဲ့ July 90% scholarship ကိုဆွတ်ခူးရရှိသွားတဲ့ Class 224, Level 2 အတန်းက ကျောင်းသူလေး Seng N...
16/08/2026

Canva Editingပါ လေ့လာဖြစ်ခဲ့တဲ့ July 90% scholarship ကိုဆွတ်ခူးရရှိသွားတဲ့ Class 224, Level 2 အတန်းက ကျောင်းသူလေး Seng Nu Pan ရဲ့ ရင်တွင်းစကားသံလေးပါရှင် 💞✨ 💎

"Scholarship ရတယ်ဆိုတာသိတုန်းက စိတ်လှုပ်ရှားပြီး လက်တွေတောင်တုန်တယ်။ဆက်လက်ပြီးကြိုးစားခွင့်ရတဲ့အတွက် လွန်စွာမှ အတိုင်းမသိဝမ်းမြှောက်ဝမ်းသာဖြစ်မိပါတယ်ရှင့်။

သင်တန်းကျောင်းကိုတော့ TikTokကနေတွေ့ပြီး တက်ဖြစ်တာ၊သင်တန်းစတက်တုန်းကတော့ သင်တန်းမှာ တစ်ခြားသူတွေနဲ့အတူဖြစ်တဲ့အတွက် ဒီလိုဘဲပြီးသွားမယ်ဆိုပြီး တွေးထားလိုက်တယ်၊ဒါပေမဲ့သင်တန်းထဲမှာ သင်တန်းတက်သူတွေအားလုံးကို ပါဝင်အောင်ဆရာမတွေက သေချာပါဝင်စေတယ်၊သင်တန်းမှာလဲ Tr. Nweni နှင့် Tr. Hmweက သင်တန်းမစခင် စိတ်ကိုသင်တန်းတက်ရတော့မယ်ဆိုတဲ့ဝန်ပိတဲ့ စိတ်တွေမဖြစအောင် ဂိမ်းလေးတွေ ကစားခြင်းနှင့်ပေါ့ပါးမှုနဲ့စတင်တာကြောင့်သင်တန်းချိန်မပျက်ကွက်မိအောင် ကြိုးစားတက်ရောက်ဖြစ်တယ်၊။

သင်တန်းမှာ project activitiesများဆောင်ရွက်ချိန်မှာလဲ canva တို့ editingတို့နဲ့ဆောင်ရွက်ရတဲ့အတွက် Englishစာလေ့လာရင်းလေ့လာဖြစ်သွားတယ်၊Level(2)နောက်ပိုင်းမှာ English speakingကို ယုံကြည်မှုရှိရှိပြောထွက်လာပြီး ပြောထွက်လာအောင်Tr တွေကလဲ သေချာကြပ်မတ်အားပေးလုပ်ဆောင်ပေးတဲ့အတွက်လဲတကယ်ကျေးဇူးတင်မိပါတယ် ကျေနပ်အားရမိပါတယ်ရှင့်။ My Wayမှာ Level (5)အထိပြီးဆုံးအောင်တက်ရောက်မယ်လို့လဲဆုံးဖြတ်ထားပါတယ်ရှင့်🥰"


ပင်ပန်းမှုတွေ မရှိတော့ဘူးဆိုတဲ့ July 90% scholarship ကိုဆွတ်ခူးရရှိသွားတဲ့ Class 236, Foundation အတန်းက ကျောင်းသူလေး May...
16/08/2026

ပင်ပန်းမှုတွေ မရှိတော့ဘူးဆိုတဲ့ July 90% scholarship ကိုဆွတ်ခူးရရှိသွားတဲ့ Class 236, Foundation အတန်းက ကျောင်းသူလေး May July ရဲ့ ရင်တွင်းစကားသံလေးပါရှင် 💞✨ 💎

"အခုလို Scholarship ပေးတဲ့အတွက် အရမ်းလည်း ကျေးဇူးတင်ပါတယ်၊ အရမ်းလည်း ပျော်ပါတယ်။

​တီချယ်တွေကလည်း အရမ်းဖော်ရွေလွန်းလို့ သင်တန်းတက်နေရတာနဲ့တောင် မတူဘဲ၊ တစ်ရက်လုံး ကျောင်းမှာ ပင်ပန်းလာတာတွေကို ဒီသင်တန်းထဲရောက်ရင် အပန်းပြေသွားသလိုပါပဲရှင်။ သင်တန်းသူတစ်ယောက်ချင်းစီတိုင်းကိုလည်း သေချာဂရုတစိုက် သင်ကြားပေးတဲ့အပြင်၊ နားမလည်တဲ့ သင်ခန်းစာတွေကိုလည်း စိတ်ရှည်စွာ ရှင်းပြပေးပါတယ်ရှင်။

​ဒီသင်တန်းကို မတက်ခင်က English လို ပြောချင်ပေမဲ့ ပြောမထွက်ခဲ့ပါဘူး။ အခုတော့ ကိုယ်တောင် မသိလိုက်ခင်မှာ တစ်လုံးစ၊ နှစ်လုံးစ ပြောထွက်နေပါပြီ။ Level 1 ဆက်တက်ဖို့ မုန့်ဖိုးတွေစုထားတာ မပြည့်သေးလို့ ခဏနားဖို့ စဉ်းစားခဲ့ဖူးပေမဲ့၊ အခုလို ဆက်တက်ခွင့်ရလို့ အရမ်းပျော်မိပါတယ်ရှင်။

​အရင်ကထက် အများကြီး ပိုကြိုးစား သင်ယူသွားပါမယ်ရှင်။ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။❤❤"


Address

Yangon

Alerts

Be the first to know and let us send you an email when My Way posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share