16/03/2025
🍊"အရမ်းကို တာဝန်ကျေခဲ့ပါတယ်"🍊
"폭싹 속았수다"
🌊🍊ဒီစကားလေးကတော့ အခုတစ်လော နာမည်ကြီးနေတဲ့ "When Life Gives You Tangerines" ဆိုတဲ့ ဇာတ်ကားလေးရဲ့ ကိုရီးယားနာမည်လေးဖြစ်ပါတယ်
🌊🍊ဒီနာမည်လေးရဲ့ ထူးခြားချက်ကတော့ ဂျယ်ဂျူဒိုရဲ့ ဒေသိယစကားလေးကို ယူသုံးထားတာဖြစ်ပါတယ်
🌊🍊ရိုးရိုးကိုရီးယားစကားမှာဆိုရင်
"폭싹 속았수다" ဆိုတာက
"매우 수고하셨습니다"
"အရမ်း တာဝန်ကျေခဲ့ပါပြီ" လို့ အဓိပ္ပာယ်ရပါတယ်
🌊🍊ဇာတ်လမ်းလေးကလည်း အရမ်းကောင်းသလို ဇာတ်ကားနာမည်လေးကလည်း အဓိပ္ပာယ်ရှိလွန်းလှပါတယ်
🌊🍊ဂျယ်ဂျူဒိုရဲ့ အခြားဒေသိယစကားလေးတွေကိုလည်း လေ့လာလို့ရအောင် အောက်မှာ ဖော်ပြပေးထားပါတယ်။ ဒီထက်ပိုပြီး စိတ်ဝင်စားတဲ့သူလေးတွေကိုလည်း ကိုယ့်ဘာသာကိုယ် ထပ်ပြီးလေ့လာကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်
#별