Excellent Guide

Excellent Guide

Share

Education

24/08/2022

မဂ်လာပါရှင်

ကျွန်မတို့ excellent guideပညာရေးဝန်ဆောင်မှုနှင့်
လက်တွဲလုပ်ဆောင်ရန်
မူကြိုမှ Grade 11အထိ သင်နိုင်သော
ဆရာဆရာမများ အား ဖိတ်ခေါ်ချင်ပါတယ်ရှင်...

အသေးစိတ်အချက်အလက်များကို
Page messenger မှ ဆက်သွယ်လို့ရပါတယ်ရှင်

Excellent Guide Education

24/08/2022

တက္ကသိုလ်ဝင်တန်း_(စနစ်ဟောင်း)
ပြင်ပဖြေများ
စက်တင်ဘာ(၁)ရက်နေ့မှ စ၍
ဖြေဆိုခွင့်လျှောက်လွှာများ တင်သွင်းနိုင်ပါပြီ ရှင်

Photo Crd ;

17/05/2022

𝐈𝐆𝐂𝐒𝐄 အကြောင်းအမေးများတဲ့အတွက် တစ်နေရာတည်းမှာ တစ်စုတစ်ဝေးတည်းဖတ်လို့ရအောင် ရှာပေးထားပါတယ်။ ဖတ်ကြည့်ပေးပါဦးနော် 🍀

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

𝐖𝐡𝐚𝐭 𝐢𝐬 𝐈𝐆𝐂𝐒𝐄❓

🔰 IGCSE ရဲ့အဓိပ္ပါယ်အပြည့်အစုံက “International General Certificate of Secondary Education“ ဖြစ်ပါတယ်။ English ဘာသာအခြေပြုဖြစ်ပြီး မြန်မာနိုင်ငံမှာ 𝗖𝗮𝗺𝗯𝗿𝗶𝗱𝗴𝗲 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗘𝘅𝗮𝗺𝗶𝗻𝗮𝘁𝗶𝗼𝗻𝘀 (𝗖𝗜𝗘) နှင့် 𝗣𝗲𝗮𝗿𝘀𝗼𝗻 𝗘𝗱𝗲𝘅𝗰𝗲𝗹 ဆိုပြီး 𝗰𝘂𝗿𝗿𝗶𝗰𝘂𝗹𝘂𝗺 နှစ်ခုဖြင့်သင်ကြားပေးနေပါတယ်။

🔰 𝗰𝘂𝗿𝗿𝗶𝗰𝘂𝗹𝘂𝗺 ၂ ခုဟာ ဘာသာရပ် အခေါ်အဝေါ်တစ်ချို့၊စာမေးပွဲစစ်ချိန်၊စာမေးပွဲမေးခွန်း စသဖြင့် အနည်းငယ်သာ ကွာခြားချက်ရှိပြီး exam board (2) လုံးက UK အခြေစိုက် နိုင်ငံတကာအသိအမှတ်ပြု exam board ဖြစ်ပါတယ်။
_________________________

𝐈𝐆𝐂𝐒𝐄 ရဲ့စံသတ်မှတ်ချက်များ -

🔻IGCSE စာမေးပွဲမှာ ဘာသာစကားများအပါအဝင် ဘာသာရပ်ပေါင်း ၄၀ ကျော်ကို ဖြေဆိုနိုင်ပါတယ်။

🔻ကမ္ဘာ့တက္ကသိုလ်များသို့ ဝင်ခွင့်ရရန်အတွက် ကျောင်းသားများအနေဖြင့် (𝗘𝗻𝗴𝗹𝗶𝘀𝗵,𝗦𝗰𝗶𝗲𝗻𝗰𝗲 𝗮𝗻𝗱 𝗠𝗮𝘁𝗵𝘀) တို့ကိုအဓိကထားပြီး အနည်းဆုံး (၅)ဘာသာ/ (၆) ဘာသာ ဖြေဆိုအောင်မြင်ရန်လိုပါတယ်။

🔻ဘာသာရပ်များရွေးချယ်ရာတွင် 𝗢𝗻𝗲 𝗦𝗰𝗶𝗲𝗻𝗰𝗲/ 𝗠𝗮𝘁𝗵𝗲𝗺𝗮𝘁𝗶𝗰𝘀/ 𝗘𝗻𝗴𝗹𝗶𝘀𝗵 အတွဲရှိဘာသာများကို အနည်းဆုံး (၇) ဘာသာ မှ (၉) ဘာသာအထိ ရွေးချယ်သင်ယူနိုင်ပါတယ်။

🔻IGCSE ဖြေဆိုရန် ပြင်ဆင်ချိန်သည် အနည်းဆုံးအချိန် ၁ နှစ် သို့မဟုတ် ၁ နှစ်ခွဲကြာမြင့်နိုင်ပါတယ်။

🔻ဘာသာရပ် (၆) ခုထပ်ပိုမိုဖြေဆိုထားပါက scholarship လျှောက်ရာတွင်လည်းကောင်း၊Top Ranked University သို့တက်ရောက်ရန် လျှောက်ထားရာတွင်လည်းကောင်း အသုံးဝင်ပါတယ်။

🔻ဒါပေမယ့် ရလဒ်မှာ Grade D,E များရလျှင်တော့ ဘာသာရပ်များပိုမိုဖြေဆိုထားခြင်းအတွက် အကျိုးသက်ရောက်မှုမရှိနိုင်ပါ။

_________________________

𝐈𝐆𝐂𝐒𝐄 ဖြေဆိုဖို့အတွက် ဘာသာရပ်တွေဘယ်လိုရွေးချယ်ရမလဲ❓

(Credit to : Institute of International Professionalism )

ဘာသာရပ် (၄၀) ကျော်ကို Groups အနေဖြင့် ပြောရလျှင် ~

𝗚𝗿𝗼𝘂𝗽 𝗜 : 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲
𝗜𝗜: 𝗛𝘂𝗺𝗮𝗻𝗶𝘁𝗶𝗲𝘀 𝗮𝗻𝗱 𝗦𝗼𝗰𝗶𝗮𝗹 𝗦𝗰𝗶𝗲𝗻𝗰𝗲𝘀
𝗜𝗜𝗜: 𝗦𝗰𝗶𝗲𝗻𝗰𝗲𝘀
𝗜𝗩: 𝗠𝗮𝘁𝗵𝗲𝗺𝗮𝘁𝗶𝗰𝘀
𝗩: 𝗖𝗿𝗲𝗮𝘁𝗶𝘃𝗲 𝗮𝗻𝗱 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 တို့ပဲဖြစ်ပါတယ်။

ဘာသာရပ်တွေကိုဘယ်လိုရွေးချယ်ရမလဲဆိုတာမသိတဲ့သူများအတွက် 𝗥𝗲𝗰𝗼𝗺𝗺𝗲𝗻𝗱𝗲𝗱 𝗦𝘂𝗯𝗷𝗲𝗰t choices တွေကိုပြောပြပေးပါ့မယ်။

👉𝙁𝙤𝙧 𝙀𝙣𝙜𝙞𝙣𝙚𝙚𝙧𝙞𝙣𝙜 𝙞𝙣 𝙎𝙘𝙞𝙚𝙣𝙘𝙚
Recommended subjects (Biology, Chemistry, English as second Language, Mathematics B, Further Pure Mathematics, Physics)

👉𝙁𝙤𝙧 𝙈𝙚𝙙𝙞𝙘𝙞𝙣𝙚
Recommended subjects (Biology, Chemistry, English as a second Language, Human Biology, Mathematics B, Further Pure Mathematics, Physics)

👉𝙁𝙤𝙧 𝘽𝙪𝙨𝙞𝙣𝙚𝙨𝙨 𝙖𝙣𝙙 𝘼𝙧𝙩𝙨
Recommended subjects (Chemistry, English as a second Language, Mathematics B, Further Pure Mathematics, Physics, Business (or) Art and Design)

👉𝙁𝙤𝙧 𝙂𝙚𝙣𝙚𝙧𝙖𝙡 (𝙬𝙞𝙩𝙝𝙤𝙪𝙩 𝙠𝙣𝙤𝙬𝙞𝙣𝙜 𝙬𝙝𝙖𝙩 𝙨𝙥𝙚𝙘𝙞𝙖𝙡𝙞𝙨𝙖𝙩𝙞𝙤𝙣 𝙮𝙤𝙪 𝙬𝙞𝙡𝙡 𝙘𝙝𝙤𝙤𝙨𝙚)
Recommended subjects (Business, Chemistry, Economics, English as a second Language, Mathematics B, Physics)

_________________________

ဆင်တူယိုးမှားဘာသာရပ်တွေကဘယ်လိုကွဲပြားသလဲ❓

𝗘𝗦𝗟 𝗩𝘀 𝗘𝗙𝗟

- Eng as Second Language (စာမေးပွဲတွင် Four Skills ဖြေဆိုရပြီး Language Skill ကို အလေးထား သင်ကြားသည်)
- Eng as First Language (Language Skill အပြင် ကျောင်းသား/သူများ၏ တွေးခေါ်စွမ်းရည်..သုံးသပ်စွမ်းရည် [Critical & Analytical Skill] တို့ကိုအလေးထားသင်ကြားသည်)

EFL ဘာသာရပ်သည် ပိုမိုခက်ခဲပြီး English အခြေခံကောင်းပြီး စဉ်းစားတွေးခေါ်ရခြင်းကို စိတ်ဝင်စားသော ကျောင်းသား/သူ များ တက်ရောက်သင့်ပါတယ်။

𝗔 𝗠𝗮𝘁𝗵𝘀 𝗩𝘀 𝗘 𝗠𝗮𝘁𝗵𝘀
- E Maths သည်ငယ်စဥ်ကတည်းက သင်ကြားခဲ့သော သင်ခန်းစာများနှင့် များစွာ ဆက်စပ်မှုရှိပါတယ်။

- A Maths သည် အနည်းငယ် ပိုမိုခက်ပြီး Maths Foundation ကောင်းသူများ ရွေးချယ်သင်ယူလေ့ရှိပါတယ်။
University တက်ရောက်တဲ့အခါမှာ Mathematics ဘာသာရပ်ကို ပိုမို လွယ်ကူစေပါတယ်။

- IGCSE ပြီးလျှင် A level ဆက်လက်တက်ရောက်ရန် ရည်ရွယ်ပါက A Maths သည် မဖြစ်မနေ ယူသင့်သည့် ဘာသာရပ်ဖြစ်ပါတယ်။

𝗜𝗖𝗧 𝗩𝘀 𝗖𝗼𝗺𝗽𝘂𝘁𝗲𝗿 𝗦𝗰𝗶𝗲𝗻𝗰𝗲
- ICT Subjects တွင် Computer ၏ အစိတ်အပိုင်းများ. Email & Internet, Networking အနည်းငယ်, Microsoft Office Suite (Word, Excel, PPT, စသည် အကြောင်းအရာများ), Website ရေးနည်း အခြေခံများကို သင်ကြားပေးပါတယ်။

- Computer Science ဘာသာရပ်ကို Software Engineering, Networking Engineering, Information Analysis စသည့် အကြောင်းအရာများကို စိတ်ဝင်စားသည့် ကျောင်းသား/သူ များ ရွေးချယ်နိုင်ပါတယ်။

𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗦𝘁𝘂𝗱𝗶𝗲𝘀 𝗩𝘀 𝗘𝗰𝗼𝗻𝗼𝗺𝗶𝗰𝘀 𝗩𝘀 𝗔𝗰𝗰𝗼𝘂𝗻𝘁𝗶𝗻𝗴

- Business Studies ဘာသာရပ်သည် Management , Marketing, HR, Operations & Production, Finance နှင့် နိုင်ငံများအကြား ကူးသန်းရောင်းဝယ်ရေး အခြေခံများကို လေ့လာရမည့် ဘာသာရပ်ဖြစ်ပါတယ်။

- Economics ဘာသာရပ်သည် Business Studies ထက်ပိုမိုအသေးစိတ်ပြီး ၂ ဘာသာလုံးသည် ကျက်စာ ဘာသာရပ်များဖြစ်ပါတယ်။

- Accounting မှာ ကျက်စာရော တွက်စာပါ ပါဝင်ပြီး LCCI level 2 အဆင့်ရှိ သင်ခန်းစာများကို လေ့ကျင့်သင်ယူရမှာဖြစ်ပါတယ်။

_________________________

𝐈𝐆𝐂𝐒𝐄 𝐆𝐫𝐚𝐝𝐢𝐧𝐠 𝐒𝐲𝐬𝐭𝐞𝐦❓

IGCSE စာမေးပွဲရမှတ်များကို 9-1 Grading System ဖြစ်သတ်မှတ်ပေးပါတယ်။ A*- G grading system လို့လည်းခေါ်ပါတယ်။

🖊𝗚𝗿𝗮𝗱𝗲 𝟵-𝟳 သည် 𝗔*-𝗔
🖊𝗚𝗿𝗮𝗱𝗲 𝟲-𝟰 သည် 𝗕-𝗖
🖊𝗚𝗿𝗮𝗱𝗲 𝟯-𝟮 သည် 𝗗-𝗚 စသဖြင့် ညီမျှပါတယ်။

🚨𝗺𝗲𝗱𝗶𝗰𝗶al 𝗽𝗮𝘁𝗵𝘄𝗮𝘆 ကိုရွေးချယ်ချင်သူများအတွက်တော့ စာမေးပွဲရလဒ်တွင် 𝗚𝗿𝗮𝗱𝗲 𝗕 ထပ်မနည်းသော အမှတ်များရရန်လိုအပ်ပါတယ်။

အောင်မှတ် သတ်မှတ်နှုန်း (Pass Grade) သည် "C" Grade ဖြစ်ပြီး စုစုပေါင်း အမှတ်၏ ၆၀% မှ ၆၅% အတွင်း ရရှိရန် လိုအပ်ပါတယ်။
_________________________

𝗜𝗚𝗖𝗦𝗘 ကိုဘယ်သူတွေတက်လို့ရလဲ? 𝗜𝗚𝗖𝗦𝗘 ပြီးရင် ဘာဆက်လုပ်လို့ရမလဲ❓

(Credit to : Acumen International College)

📣IGCSE ကို ၈တန်း,၉တန်း,၁၀တန်း စတဲ့အထက်တန်းကျောင်းသားကျောင်းသူများအပြင် တက္ကသိုလ်ကျောင်းသားကျောင်းသူများ,ဘွဲ့လွန်များနဲ့ လုပ်ငန်းခွင်ဝင်နေသူများပါ ဖြေဆိုနိုင်ပါတယ်။

📣IGCSE ဖြေဆိုအောင်မြင်ပြီးရင်တော့ နိုင်ငံတကာတက္ကသိုလ်တွေမှာ ဆက်လက်တက်ရောက်လို့ရပါတယ်။

🇬🇧 𝗨𝗞 မှာ ဆက်လက်ပညာသင်ချင်တယ်ဆိုရင်
✔️𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 (𝟵) 𝗠𝗼𝗻𝘁𝗵𝘀 တက်ပြီး 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗬𝗲𝗮𝗿 𝗢𝗻𝗲
✔️ 𝗔-𝗟𝗲𝘃𝗲𝗹 (𝟮) 𝗬𝗲𝗮𝗿𝘀 တက်ပြီး 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗬𝗲𝗮𝗿 𝗢𝗻𝗲
✔️𝗜𝗕 တက်ပြီး 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗬𝗲𝗮𝗿 𝗢𝗻𝗲

----------------------------------------------

🇺🇸 𝗨𝗦𝗔 မှာဆက်လက်ပညာသင်ချင်တယ်ဆိုရင်
📌𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗬𝗲𝗮𝗿 𝗢𝗻𝗲
📌(𝟮) 𝗬𝗲𝗮𝗿𝘀 𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆 𝗖𝗼𝗹𝗹𝗲𝗴𝗲+ (𝟮) 𝗬𝗲𝗮𝗿𝘀 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆
📌𝗜𝗕 (𝗼𝗿) 𝗛𝗶𝗴𝗵-𝘀𝗰𝗵𝗼𝗼𝗹 𝗗𝗶𝗽𝗹𝗼𝗺𝗮 တက်ပြီး 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗬𝗲𝗮𝗿 𝗢𝗻𝗲

----------------------------------------------

🇦🇺 𝗔𝘂𝘀𝘁𝗿𝗮𝗹𝗶𝗮/ 𝗡𝗲𝘄 𝗭𝗲𝗮𝗹𝗮𝗻𝗱 နိုင်ငံတွေမှာပညာသင်ချင်တယ်ဆိုရင်
🔰𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 (𝟵) 𝗠𝗼𝗻𝘁𝗵𝘀 တက်ပြီး 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗬𝗲𝗮𝗿 𝗢𝗻𝗲
🔰𝗔𝘂𝘀𝘁𝗿𝗮𝗹𝗶𝗮 𝗛𝗶𝗴𝗵 𝗦𝗰𝗵𝗼𝗼𝗹 (𝟭 𝘁𝗼 𝟮) 𝗬𝗲𝗮𝗿𝘀 တက်ပြီး 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗬𝗲𝗮𝗿 𝗢𝗻𝗲

----------------------------------------------

🇨🇦 𝗖𝗮𝗻𝗮𝗱𝗮 နိုင်ငံမှာဆက်လက်ပညာသင်ချင်တယ်ဆိုရင်
🔑𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 (𝟵) 𝗠𝗼𝗻𝘁𝗵𝘀 တက်ပြီး 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗬𝗲𝗮𝗿 𝗢𝗻𝗲
🔑( 𝟮) 𝗬𝗲𝗮𝗿𝘀 𝗖𝗼𝗹𝗹𝗲𝗴𝗲 + (𝟮) 𝗬𝗲𝗮𝗿𝘀 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆
🔑𝗖𝗮𝗻𝗮𝗱𝗶𝗮𝗻 𝗛𝗶𝗴𝗵 𝗦𝗰𝗵𝗼𝗼𝗹 / 𝗜𝗕 တက်ပြီး 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗬𝗲𝗮𝗿 𝗢𝗻𝗲

----------------------------------------------

ဒါတွေကတော့ 𝐈𝐆𝐂𝐒𝐄 နဲ့ပတ်သက်ပြီး ဘာသာရပ်ရွေးချယ်ပုံ၊ ကြာမြင့်ချိန်၊ exam board နဲ့ အမှတ်ပေးပုံပေးနည်းများကို တစ်စုတစ်စည်းတည်း ပြောပြပေးထားတာဖြစ်ပါတယ်။

----------------------------------------------

Crd to Intel-Bridge Education

27/04/2022

“စနစ်သစ် ပညာရေး အကြောင်း
ကျောင်းသား/သူများနှင့် မိဘများဂရုပြုမိစေရန်”

Grade 10,11,12 စသည် အတန်း သုံးတန်းစလုံးမှာ

အဆင့်သတ်မှတ်ချက် “Grade A” ရရှိလျှင် ကိုယ်ကြိုက်နှစ်သက်ရာတက္ကသိုလ်ကိုရွေးချယ်လို့ရမှာဖြစ်ပါတယ်။

အဆင့်သတ်မှတ်ချက် “Grade B နှင့် C”ရရှိတဲ့သူက သတ်မှတ်ထားတဲ့ တက္ကသိုလ်သာ ရွေးချယ်ရမှာဖြစ်ပါတယ်။

# Grade 10 (ဒသမတန်း)
-ကျောင်းတွင်းစစ်စာမေးပွဲ

# Grade 11 (ဧကဒသမတန်း)
-ကျောင်းတွင်းစစ်စာမေးပွဲ

# Grade 12 (ဒွာဒသမတန်း)
-ကျောင်းတွင်းစစ်စာမေးပွဲ
-နိုင်ငံတော်အစိုးရစစ်စာမေးပွဲ
စာမေးပွဲ “နှစ်ခု” ရှိပါသည်။

Grade 12 (ဒွာဒသမတန်း)တွင် ကျောင်းတွင်းစစ်စာမေးပွဲဖြေဆိုအောင်မြင်ပါက”အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ်” (High School completion certificate) ရရှိမည်ဖြစ်သည်။

ထိုလက်မှတ်ဖြင့်
-ကောလိပ်များ
-Instituteများ
-ပညာရေးကောလိပ်
-GTI အစရှိသည့်တို့တွင်
ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ရရှိမည်ဖြစ်သည်။

သို့သော် နိုင်ငံတော်အဆင့်အစိုးရစစ်စာမေးပွဲကိုဖြေဆိုအောင်မြင်မှသာလျင် “တက္ကသိုလ်” များတွင် တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

Grade 12 (ဒွာဒသမတန်း) နိုင်ငံတော်အစိုးရစစ်စာမေးပွဲသည် “Grade” အဆင့်သတ်မှတ်ချက်ရလဒ်စာမေးပွဲဖြစ်သည်။

ထိုရလဒ် “Grade” အနေအထားအပေါ်မူတည်ပြီး “တက္ကသိုလ်များ” ကို ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။

ထိုစာမေးပွဲတွင်

# Grade A ရရှိသောကျောင်းသား/သူများသည် ကြိုက်နှစ်သက်ရာ”တက္ကသိုလ်များ”ကို ရွေးချယ်ဖြေဆိုခွင့်ရမည်ဖြစ်သည်။

# Grade B နှင့် C အစရှိသဖြင့် ရရှိသောကျောင်းသား/သူများသည်ထိုGrade များကိုလက်ခံဖြေဆိုခွင့်ပြုသောတက္ကသိုလ်များ၌သာ ဖြေခွင့်ရှိမည်ဖြစ်ပါသည်။

# Grade များသည်လည်း ဘာသာရပ်တိုင်းအတွက်ကောင်းရန်မလိုပါ။

# သို့သော် မိမိ အဓိက ရွေးချယ်မည့်တက္ကသိုလ်တစ်ခုကိုတော့ G10တည်းက သေချာ ဆုံးဖြတ်ထားရန် လိုအပ်ပါသည်။

@ ဆေးတက္ကသိုလ် ဝင်ခွင့်အတွက်ဆိုလျှင်
-English
-Physics
-Chemistry
-Biology စသည့်ဘာသာ လေးဘာသာ၏ Grade ကိုသာကြည့်၍ ဝင်ခွင့်ဖြေဆိုခွင့်ပြု/မပြု ဆုံးဖြတ်မည်ဖြစ်သည်။

@ Engineering နှင့် IT တက္ကသိုလ်များအတွက်ဆိုလျှင်
-English
-Math
-Physics
-Chemistry စသည့်ဘာသာ လေးဘာသာ၏ Grade များကိုသာ ကြည့်၍ ဝင်ခွင့်ဖြေဆိုခွင့်ပြု/မပြု ဆုံးဖြတ်မည်ဖြစ်သည်။

# ဘာသာစုံ Grade အမြင့်ဆုံးတွေ ရထားရင်တော့ မိမိကြိုက်နှစ်သက်ရာ တက္ကသိုလ်များကို ရွေးချယ်နိုင်ခွင့်ပိုများပါလိမ့်မည်။

# Grade 12 (ဒွာဒသမတန်း)မှာ Gradeကောင်းဖို့လိုသလို “တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ” ဖြေရာမှာလည်းအဆင်ပြေ အောင်မြင်စေဖို့ Grade 10,11,12 သုံးနှစ်စာသင်ခန်းစာတွေကိုလည်း
ကျွမ်းကျင်ပိုင်နိုင်ခဲ့ဖို့လိုပါတယ်။

# Grade ကောင်းရုံနဲ့လည်း တက္ကသိုလ်တက်ခွင့်ရရှိမည်မဟုတ်ပါ။

# ဝင်ခွင့်ဖြေဆိုခွင့်ပဲ ရဦးမှာဖြစ်ပါတယ်

# ဝင်ခွင့်ပါမှသာ တက္ကသိုလ်တက်ခွင့်ရမှာပါ။

✔️မှတ်ချက် ✔️

✅တတ်မြောက်အောင်သင်ခြင်းသည်

သင့်ကလေးငယ်၏ ဘဝ ဖြစ်သည်✅
မူရင်းတင်သူကို_credit_ပေးပါတယ်။

21/04/2022

# ဝင်ခွင့်ပါမှသာ တက္ကသိုလ်တက်ခွင့်ရမှာပါ.

#မူရင်းတင်သူကို_credit_ပေးပါတယ်ရှင်...

20/04/2022

မဂ်လာပါ ရှင်
ယခုလို နွေ
​ကျောင်းပိတ်ရက်များမှာ ဖေ​ဖေမေမေတို့ရဲ့
သားသားမီးမီးတို့ ပညာရေးမနှောင့်နှေးရအောင်
ကျွန်မတို့ Excellent Guide မှ ကူညီပေး ပါရစေ...😍

ကျွန်မတို့ Excellent Guide တွင် ဆရာဆရာမပေါင်း700ကျော်ရှိပြီး KG တန်းမှစ၍ Grade 10, Grade 11အထိအတန်းများအားလုံး သင်ကြားပေးပါတယ်ရှင့်။
သင်ကြားရာတွင်လည်း စာတွေ့နှင့်လက်တွေ့ချိတ်ဆက်သင်ကြားပေးခြင်း၊ သင်ထောက်ကူများအသုံးပြု၍ ကျောင်းသားဗဟိုပြုနည်းလမ်းများဖြင့်သင်ကြားပေးပါတယ်ရှင်။ ဒါ့အပြင်ထပ်ဆောင်းဘာသာရပ်များဖြစ်တဲ့ Computer၊ Chinese language နှင့် English 4 skill သင် ဆရာ၊ဆရာမများလည်း ရှိလို့မြန်မာပြည်အနှံ့ မှ ဖေဖေမေမေတို့ လာရောက်အပ်နှံနိုင်ပါတယ်....😍😍ူ

ဖေဖေမေမေတို့သားသမီးများပညာရေးအတွက် Excellent Guide ကိုသာရွေးချယ်ကြည့်ပါနော်။
သားသားမီးမီးများ ပညာရေးထူးချွန်လာစေရန် အာမခံပါတယ်..... 😍😍

Photos from Excellent Guide's post 18/04/2022

G-5/G-8 ဗဟိုအဆင့်နည်းပြသင်တန်း
အချိန်ဇယားတွေ့မိတာလေးပါရှင်
Photos

17/04/2022

24 - 4 - 2022 အခြေခံပညာကျောင်းများအားလုံး အောင်စာရင်းကြေငြာပါမည်။

25- 5 - 2022 မှ 31 - 5 - 2022 အထိ
အခြေခံပညာကျောင်းများအားလုံး ကျောင်းအပ်လက်ခံပါမည်။

2- 6 - 2022 အခြေခံပညာကျောင်းများ
ပုံမှန်ပြန်လည်ဖွင့်လှစ်ပါမည်။

တစ်ခုသတိထားရမှာက
ယခုနှစ်မှစကာ အခြေခံပညာကျောင်းများတွင် . . . .
တက္ကသိုလ်ဝင်တန်း စနစ်ဟောင်း သင်ကြားမှုမရှိတော့ပါပဲ စနစ်သစ်သာသင်ကြားပို့ချပါလိမ့်မည် ။
စနစ်ဟောင်းသမားတွေအနေဖြင့်ပြင်ပဖြေအဖြစ်သာ ဖြေဆိုရပါမည်။

ယခုနှစ်သည် စနစ်ဟောင်းသမားများ၏ နောက်ဆုံးအခွင့်အရေးဖြစ်ပါသည်။
crd #
မူရင်းတင်သူအားcreditပေးပါသည်။

24/03/2022

၈ တန်းဖြေဆိုပြီး Grade 10 တက်ရောက်ရမည့် ကလေးများအတွက် ရွေးချယ်ရမည့် ဘာသာတွဲများ ကို မျှဝေလိုက်ပါတယ် ။

မိမိ အားသာတဲ့ ဘာသာတွဲကို ရွေးချယ်ပါ ။

ရွေးချယ်လိုက်တဲ့ ဘာသာတွဲ အတိုင်း Grade 10 , 11, 12 ,
၃ နှစ်တက်ရောက်ပြီး အထက်တန်းပြီးဆုံးပါမယ် ။

Credit . AUNG Education Centre

22/03/2022

#တက္ကသိုလ်ဝင်တန်းအပြင်ဖြေဖြေကြမဲ့ကလေးတွေအတွက်၊စာဖြေကတ်များကို
မြို့နယ်ပညာရေးမှူးရုံးများနှင့်
မိမိဖြေဆိုရမည့် သက်ဆိုင်ရာ စာစစ်ဌာန၊ တို့တွင်
၃ လပိုင်း ၂၄ ရက်နေ့ မှ ၃၀ ရက်နေ့အတွင်းထုတ်ယူနိုင်ပါသည်။

17/03/2022

မဂ်လာပါ ရှင်
နွေရာသီ​ကျောင်းပိတ်ရက်များမှာ ဖေ​ဖေမေမေတို့ရဲ့
သားသားမီးမီးတို့ ပညာရေးမနှောင့်နှေးရအောင်
ကျွန်မတို့ Excellent Guide မှ ကူညီပေး ပါရစေ...😍

ကျွန်မတို့ Excellent Guide တွင် ဆရာဆရာမပေါင်း700ကျော်ရှိပြီး KG တန်းမှစ၍ Grade 10, Grade 11အထိအတန်းများအားလုံး သင်ကြားပေးပါတယ်ရှင့်။
သင်ကြားရာတွင်လည်း စာတွေ့နှင့်လက်တွေ့ချိတ်ဆက်သင်ကြားပေးခြင်း၊ သင်ထောက်ကူများအသုံးပြု၍ ကျောင်းသားဗဟိုပြုနည်းလမ်းများဖြင့်သင်ကြားပေးပါတယ်ရှင်။ ဒါ့အပြင်ထပ်ဆောင်းဘာသာရပ်များဖြစ်တဲ့ Computer၊ Chinese language နှင့် English 4 skill သင် ဆရာ၊ဆရာမများလည်း ရှိလို့မြန်မာပြည်အနှံ့ မှ ဖေဖေမေမေတို့ လာရောက်အပ်နှံနိုင်ပါတယ်....😍😍

Covid အခြေအနေအရအိမ်အရောက် သင်ကြား၍မရသေးသော သားသားမီးမီးတို့အတွက်လည်း online မှ သင်ကြားပေးပါတယ်ရှင်။

ဖေဖေမေမေတို့သားသမီးများပညာရေးအတွက် Excellent Guide ကိုသာရွေးချယ်ကြည့်ပါနော်။
သားသားမီးမီးများ ပညာရေးထူးချွန်လာစေရန် အာမခံပါတယ်..... 😍😍

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Yangon
Yangon