10/09/2020
ကလေးတွေအတွက်လည်း ခက်ခဲပါတယ်
________________________________________
It’s hard for them, too.
ညတာကရှည်နေပြီ မိုးတောင် လင်းတော့မလားပဲ။ ဘယ်နှစ်ပုဒ်မှန်း ဘယ်နှစ်ခါမှန်း မသိတော့တဲ့ သားချော့တေးကို နားထောင်နေရင်း သူက ခေါင်းထကြည့်ပြန်တယ်။
"ရေ ရေ"
အခန်းထဲမှာ ရေဘူးရှိမနေမှန်းသိလျက်နဲ့ ခေါင်းတချက်ရမ်းကြည့်လိုက်ပြီး
"ရေမရှိဘူး သား အိပ်စရာရှိတာ အိပ်"
"ရေ ရေ"
"ရေ မရှိဘူး သားလေး"
"ရေ ရေ"
ဒီတခါကတော့ အတော်လေးကျယ်တယ်။
အိပ်ရေးပျက်တာတွေ ပင်ပန်းတာတွေရယ်နဲ့ ကျွန်တော့်ဒေါသက ထိန်းမရတော့။
မျက်နှာက နီလာပြီ။ အသက်ရှူသံက ပြင်းလာပြီ။ ခန္ဓာကိုယ်ကလည်း ဆတ်ခနဲ တောင့်တင်းလာပြီ။ အံတွေတောင် ကြိတ်မိသလားပဲ။
ဒေါသကို မပေါက်ကွဲမိအောင် ထိန်းလိုက်နိုင်ပေမယ့်လည်း သားကတော့ ဒေါသအရှိန်ကို သိလိုက် ခံစားလိုက်ရပုံပဲ။
သူကိုယ်လေးသေးသေးလေးနဲ့ ကျွန်တော့်ကို အတင်းဖက်လိုက်ရင်း ရှိုက်နေပြီ။ ဒီကမ္ဘာပေါ်မှာ သူရဲ့အချစ်ဆုံး အားအကိုးဆုံးလူက သူရေလေးတောင်းမိတာနဲ့ အဲဒီလို ဖြစ်သွားတယ်ဆိုပြီး ဝမ်းနည်းရှာမှာပေါ့။
အိပ်ယာမဝင်ခင်က ရေမသောက်ရသေးလို့ ရေဆာနေတာကို သားဟာ မပြောတတ်သေးရှာဘူး။ သူ့ဟာသူလည်း ယူမှ မသောက်တတ်သေးတာ။
.....
ကျွန်တော်တို့တွေဟာ မိဘနေရာမှာ ဘယ်လို ပင်ပန်းကြောင်း ဘယ်လိုခက်ခဲကြောင်း ပြောတတ်ကြတယ်။ ကလေးတွေ နေရာက စဉ်းစားပြီး သူတို့ဘယ်လောက်ခက်ခဲကြောင်းကိုရော အသိအမှတ်ပြုမိကြပါရဲ့လား။ အပေါ်က ဖြစ်ရပ်ကလေးတခုကိုပဲ စဉ်းစားကြည့်ပါ။
ကလေးတွေနေရာမှာ ကျွန်တော်တို့သာဆိုရင် ဘယ်လိုမှ သည်းမခံနိုင်ပါဘူး။
တခါမှ မမြင်ဖူးတဲ့အရာတခုကို စားခိုင်းတာတွေ ဟိုဟာလုပ် ဒီဟာမလုပ်နဲ့ဆိုတာတွေက အချိန်တိုင်း။ မရိုင်းရဘူးနော်တဲ့(ရိုင်းတယ်ဆိုတာ ဘာလဲဖေဖေ မေးမှာပေါ့) တနေရာရာ သွားပြန်ရင်လည်း နောက်ကျနေပြီဆိုပြီး မြန်မြန်လုပ်ခိုင်း(နောက်ကျတာတွေ အချိန်ဇယားတွေ သားဘယ်သိပါ့မလဲ)
သားမလုပ်နိုင်သေးတဲ့ အရာတွေဟာ တကယ်ကို မလုပ်နိုင်သေးတာပါ။ သူချော်မလဲချင်ပဲ လဲတာပါ။ နို့တွေ ဖိတ်ကျတာလည်း သူတမင်လုပ်တာ မဟုတ်ပါဘူး။ စကားလုံးတွေ အများကြီး မတတ်သေးတဲ့ အချိန်မှာ အရာတိုင်းကို လူကြီးတွေ နားလည်အောင် မပြောပြတတ်ပါဘူး။ အဲ့ဒါတွေဖြစ်တိုင်း ဘေးကလူတွေက စိတ်မရှည်ဖြစ်မယ် ဒေါသထွက်နေမယ်ဆိုရင် ကျွန်တော်သာဆို ခံနိုင်မှာလား။
ဒါပေမယ့် ကလေးလေးတွေဟာ ခံနိုင်ကြရှာပါတယ်။ သူတို့လေးတွေဟာ ကြိုးစားပြီးရင်း ကြိုးစားကြတယ်။ အပြုံးလေးတွေနဲ့ နှုတ်ဆက်ကြတယ်။ အကောင်းမြင်စိတ်လေးတွေ အရာတိုင်းကို စိတ်လှုပ်ရှားစွာ ပေါ့ပါးစွာနဲ့ပေါ့။ ကျွန်တော်တို့ရဲ့ အမှားတွေ မမျှတတဲ့ဒေါသတွေ စိတ်မရှည်မှုတွေကို သူတို့အပြစ်မယူကြပါဘူး။
အဲ့ဒီတော့ သူတို့လေးတွေက တခါတလေမှာ ဒေါသဖြစ်စရာလေးတွေ လုပ်မိကြရင် ကျွန်တော်တို့ကလည်း သူတို့ကို အမြဲ တွန်းအားပေးနေကြတယ်ဆိုတာ မမေ့ကြပါနဲ့လို့....
“Everyday everywhere babies are loved. For trying so hard, for traveling so far, for being so wonderful, just as they are.”
..................
ဖတ်မိတဲ့ ဆောင်းပါးလေး မျက်ရည်ကျမိလို့ ဝေမျှပါတယ်။ အဆင်ပြေသလို ဘာသာပြန်ပါတယ်။ မူရင်းကတော့ အောက်မှာပါ။ ပိုဖတ်လို့ကောင်းပါတယ် ဖတ်ကြည့်ပါ။
Ref : https://boston.citymomsblog.com/motherhood/its-hard-for-them-too/
Manages MyanKids Store
We talk a lot about how hard it is to be a mom. But this week is "The Week of the Young Child," and I'd like to acknowledge how hard it is to be a child.