Koya EPS.topik

Koya EPS.topik

Share

KOREAN EPS & TOPIK

03/04/2025

မြန်မာနိုင်ငံမှ ရင်ဆိုင်ခံစား‌နေရတဲ့ အကြောင်းအရာတွေ ၊သတင်းတွေကို ကမ္ဘာကသိအောင် တင်ဆက်ပေးတဲ့ မီဒီယာတွေကိုလည်း ကျေးဇူးတင်ပါတယ်။၈၈ကာလကနေ ခုချိန်ထိကို သတင်းတွေစုစည်းကာ ရှင်းပြပေးတဲ့ နိုင်ငံရေးဆိုင်ရာ program တွေကြောင့် "jtbc"ကိုလည်း အမြဲ ကျေးဇူးတင်ရပါတယ်

#အားတင်းထားပါတို့မြန်မာ

04/12/2022

🌸*ဆင်တူ+ဆန့်ကျင်+ဆက်စပ်*🌸
စာအုပ်လေးတွေ မှာယူလို့ ရပါပြီရှင့်
Orderလေးတွေ ပြန်လက်ခံပေးနေပါပြီနော်😍 ဈေး‌လျှော့‌ထားတုန်းလေ အမီ message boxကို သာလှမ်းလာခဲ့လိုက်ပါ နော်⛄⛄😘😊
စာအုပ် အရေအတွက် ကန့်သတ်ထားတာကြောင့် လိုချင်သောကျောင်းသားလေးများက စာရင်းလေး ကြိုတင်ပေးထားနိုင်ပါတယ်ရှင့်

🌸Delivery fees ကိုလည်း အသက်သာဆုံးဖြစ်အောင် စီစဉ်ပြီး ပို့ပေးနေတာမို့ စိတ်ချပါနော်
🌸အမြန်လိုချင်သူများ အမြန်စီစဉ်ပို့ဆောင်ပေးပါမည်။
🛻နယ်မှ မှာယူလိုသူများအတွက် ကားဂိတ်မှလည်းပို့ပေး နေပါတယ်ရှင့် 🛻

26/11/2022

အလုပ်လျှောက်လွှာအတွက်က
အရင်ဆုံး မိတ္တူမှာ အကြမ်းဖြည့် ပြီးရင် သေသေသပ်သပ် ပြန်ကူးထည့်ရေးပါရန်၊
အမှားမပါပါစေနဲ့၊ ပါခဲ့သော်√Correction tape သာ သုံးပါရန်နှင့်
မင်ဆို အနက်ရောင်နဲ့က ပိုအဆင်ပြေပါတယ်နော်
လိုအပ်ချက်ပြင်ဆင်ရမှာတွေက အောက်ပါအတိုင်းပါရှင့်🤩🤩

Photos from Koya EPS.topik's post 22/11/2022

ဒီနေရာမှာ အလိုအပ်ဆုံးက အချစ်မဟုတ်တော့ ပါဘူးနော်🙅🙅
👉Passport နဲ့ ဖြေဆိုခွင့်ကတ်ပြားပါ ၊Examမတိုင်မီ တစ်ရက်တည်းက fileအိတ်လေးနဲ့ ကြိုထည့်ပြီး ပြင်ထားကြပါနော် 👈
မီးပြတ်သွားလည်း အရမ်းစိတ်မလှုပ်ရှားစေနဲ့ နော် ဖြစ်တတ်လို့ မှာရတာပါ💪💪ez ez😊

*EPS-TOPIK CBT စာမေးပွဲ လမ်းညွှန်*
✅မိမိ စာမေးပွဲ ဖြေဆိုရမည့် နေ့တွင် တတ်နိုင်သမျှ စောစောသွားပါ။ (ဥပမာ- နံနက် ၁၀နာရီ ဖြေဆိုရမည် ဆိုလျှင် 8:30 လောက်ကတည်းက အရောက်သွားပါ။ စာမေးပွဲ မဖြေဆိုခင် ရှင်းလင်း ဆွေးနွေးချိန် မမှီလျှင် စာမေးပွဲ ဖြေဆိုခွင့် ရမည်မဟုတ်ပါ။ မိမိက စောရောက်နေ၍ ပြဿနာမရှိပါ။ နောက်ကျမှသာ ပြသနာရှိပါသည်။)
✅စာမေးပွဲ ဖြေဆိုခွင့်ကဒ်ပြား၊ Passport စာအုပ် စသည်တို့ကို လုံးဝ မမေ့ပါနှင့်။ Passport သက်တမ်းတိုးထားသူများ Observation တံဆိပ်တုံးပါမပါ သတိထားပါ။ တစ်ခါတစ်ရံ Passport ရုံးက သက်တမ်းတိုး Passport စာအုပ်တွေကို Observation တံဆိပ်တုံး မထုပေးလိုက်တတ်ပါဘူး။ (မှတ်ပုံတင်ကတော့ မစစ်ပါဘူး)
✅Corona Virus ရောဂါ ကာကွယ်ရန် Mask မြဖစ်မနေ တပ်ဆင်သွားပါ။ စာမေးပွဲ ခန်း ကြီးကြပ်သူမှ စစ်ဆေးချိန် ခဏ Mask ချွတ်ပြရပါမယ်။ ပြီးရင် ပြန်တပ်ထားရမှာပါ။
✅ဥပမာ- မိမိ စာမေးပွဲ ဖြေဆိုရမည့် အချိန်က နံနက် (၁၀)နာရီဆိုပါစို့။ (၉)နာရီခန့်ဆိုလျှင် မိမိ ပုံနှင့် နံပါတ်တွေကို ကြည့်ပြီး Room-1 မှာ ဖြေရမှာလား Room-2 မှာ ဖြေရမှာလား သိနိုင်မှာ ဖြစ်တာကြောင့်ပါ။
✅Room-1 ဖြေဆိုရမည့်သူ တစ်တန်း/ Room -2 ဖြေဆိုရမည့်သူ သက်သက်တစ်တန်းစီ တန်းစီ တစ်ယောက်ခြင်းစီ အခန်းပေါက်ဝကို တက်သွားရမှာ ဖြစ်ပြီး Passport ထဲက ဓါတ်ပုံနဲ့ အခန်းထဲက နံရံမှာ ကပ်ထားတဲ့ ဓါတ်ပုံ စသည်တို့ကို တိုက်စစ်မှာ ဖြစ်ပြီး Mask ခဏ ချွတ်ပြရပါမည်။
✅(9:40) ပတ်ဝန်းကျင်မှာ စာမေးပွဲခန်းအတွင်းသို့ ဝင်ရမှာ ဖြစ်ပြီး မိမိခုံနံပါတ်နဲ့ စက်နံပါတ်ကို ရှာရပါမည်။ ကွန်ပျူတာပေါ်မှ မိမိ၏ အချက်အလက်များ မှန်ကန်မူ ရှိ/မရှိ စစ်ဆေးခြင်းနှင့် အသုံးပြုပုံ ရှင်းလင်းခြင်း/ အစမ်းလေ့ကျင့် ဖြေဆိုခြင်းတို့ကို စာမေးပွဲခန်း ကြီးကြပ်သူမှ ညွှန်ကြားသည့်အတိုင်း လိုက်လုပ်ဆောင်လျှင် ရပါပြီ။ ပြီးရင် ကြီးကြပ်သူက အချိန်စမှတ်ပေးပြီး ဖြေလို့ရပါပြီ။
✅읽기 မေးခွန်းတွေဟာ သတ်မှတ်ချိန် မပြည့်သေးလျှင် Previous/Next အစရှိတဲ့ ရှေ့/ နောက် ပြန်သွားလို့ရတာကြောင့် မိမိအတွက် အရမ်း ခက်ခဲမယ် ဆိုရင် ကျော်ခဲ့ပြီး အချိန်မပြည့်ခင် ပြန်ဖြေလို့ရပါတယ်။ 듣기 မေးခွန်းကတော့ ရှေ့/နောက် သွားလို့ရတဲ့ ခလုတ်တွေ မပါပါဘူး။ နှစ်ကြိမ် ဖွင့်ပြပြီးတဲ့နောက် အဖြေမှန်တစ်ခုကို ရွေးပေးရမှာပါ။ မရွေးပါက နောက်တစ်ပုဒ်ကို ပြောင်းသွားရင် ပြန်ဖြေဆိုလို့ ရမည် မဟုတ်ပါဘူး။
✅အပေါ်ထပ် ဖြစ်စေ အောက်ထပ်ဖြစ်စေ ရမှတ် ၁၁၀ ရပါက Skill -Test ဖြေဆိုခွင့်ရရှိမှာ ဖြစ်ပါတယ်။ လိုင်းပေါ်မှာ ပြန့်နေသလို အပေါ်ထပ်က ၁၃၀ ရမှ Skill -Test ဖြေဆိုခွင့်ရရှိတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူးလို့ သေချာစွာ ရှင်းပြပါလိမ့်မယ်။
ဘာတွေလေ့လာထားရမလဲ?
——————————————————
Part-1/ Part-2 သာ ပိုင်အောင် ကြည့်ပါ။ တိုက်ရိုက်မလာဘူးဆိုပေမယ့် Part-1/Part-2 ထဲက သွယ်ဝိုက်တဲ့ မေးခွန်းတွေဘဲ လာပါတယ်။ YouTube က ခက်ခဲလွန်းတဲ့ မေးခွန်းတွေ လိုင်းပေါ်က ခက်ခဲလွန်းတဲ့ မေးခွန်းတွေ အပေါ်မှာ အချိန်ကုန် မခံပါနဲ့။ Part-1/Part-2 သာပိုင်ရင် မေးခွန်းက သင်ထင်ထားထက် အများကြီး ပိုလွယ် ပါလိမ့်မယ်။
Skill -Test အတွက်
—————————————————————
✅Skill -Test ဖြေဆိုရမှာ ဖြစ်တဲ့အတွက် ကွမ်းကြိုက်သူများ တတ်နိုင်ရင် စာမေးပွဲ ဖြေတဲ့နေ့ စားမသွားပါနဲ့ ပါးစပ်ကြီး နီရဲပြီး ကွမ်းချေးတက်နေတဲ့ သွားတွေကိုမြင်ရင် ဘာကောင်းကျိုးမှ ဖြစ်မယ် မထင်ပါဘူး။ (ရိုးရာဘဲကွာ စားတော့ ဘာဖြစ်လဲ ဆိုပြီး ကြိုက်ပါက စားလိုကစားစေ အကြံပေးတာ ဖြစ်ပါတယ်။
✅ သပ်သပ်ရပ်ရပ်နဲ့ ယုံကြည်မူ ရှိတဲ့ ပုံစံကိုဘဲ ပြပါ။ ကုတ်ချောင်း ကုတ်ချောင်းမလုပ်ပါနဲ့။ တက်တူးရှိပါက လက်ရှည်ဝတ်သွားပါ။ တက်တူး မကြွားချင်ပါနှင့်။
✅Skill Test မှာ လွယ်ကူတဲ့ ကိန်းဂဏန်းလေးတွေဘဲ မေးတာ ဖြစ်တဲ့အတွက် ယုံကြည်မူ ရှိဖို့ဘဲ အရေးကြီးပါသည်။
စာမေးပွဲတွင် ကိုယ်တိုင် ဝင်ဖြေခဲ့သည့် သင်တန်းသားများ ၏ ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါသည်။ (ရမှတ်များကို နောက်မှ ပေါင်းတင်းပေးပါမည်။)
အောက်ပါကတော့ ဖြေဆိုနည်း နမူနာ လမ်းညွှန်လေး ဖြစ်ပါတယ်။ မသိသေးသူများ လေ့လာနိုင်ရန်အတွက်သာ။ တစ်စုံတစ်ရာ အထောက်အကူ ဖြစ်ဖို့ မျှော်လင့်ပါတယ်‌
crd Eps

Exam

Photos from Koya EPS.topik's post 19/11/2022

*စာမေးပွဲမှာ သေသေချာချာပိုင်‌တဲ့ နံပါတ်တွေများလေ ယုံကြည်မှု ရှိလေမို့ ရမှတ်ကောင်းဖို့ သေချာလေပဲ‌ ပေါ့😎😎*

14ကြိမ်မြောက် EPS examရဲ့Question no:3,4 မှာ ဖြေဆိုရမည့် part1+2အပါအဝင် သေချာပိုင်နိုင်ရန် လိုအပ်သော
ဆန့်ကျင်ဘက် စကားလုံးများ
ဆင်တူစကားလုံးစုများကို သီးသန့် ထုတ်နုတ်ပြီး ပြုစုထားပေးပါတယ်။

မင်မင်တို့ ဈေးအသက်သာဆုံးဖြင့် ရောင်းချပေးနိုင်‌ အောင် လုပ်ထားပြီး ရန်ကုန်မြို့တွင်းဆိုရင် နှစ်ရက်အတွင်း အိမ်အရောက် ပို့ဆောင်ပေးမှာ ဖြစ်လို့
မှာယူချင်ပါက 09-250425870 ဒါမှမဟုတ်
*အခုပဲ Cbလှမ်းခဲ့လိုက်တော့နော်*


question eps

06/11/2022

EPS Topik အတွက် ဖွင့်လိုက်တဲ့ pageအသစ်လေးပါ ခင်ဗျာ။
ညီအစ်ကိုတို့ Exam အတွက် လိုအပ်တဲ့ စာအုပ် စာပေများ အတွက် ဖွင့်ဖြစ်တာမို့လို့ စာအုပ်လေးတွေ တင်ပေးပါမယ်။
Pageလေးကို like & follow လေး လုပ်ထားပေးပါခင်ဗျ

EPS နှင့် ပတ်သက်၍လည်း သိလိုသည်များကို အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျာ

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Yangon