27/03/2026
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ အင်မတန် ရိုးရှင်းတဲ့ အင်္ဂလိပ်စာ အသုံးအနှုန်းတွေပဲ သုံးတတ်တဲ့လူတစ်ယောက်ပါ။ သိပ်မကြာသေးခင်ကမှ ဘယ်သူက သင်ပေးလိုက်သလဲ မသိဘူး စကားလုံးတစ်လုံး သုံးလာပါတယ်။ အဲ့စကားလုံးကတော့ "Obliterated" ဆိုတဲ့ စကားလုံးပါ။ မြန်မာလို အလုံးစုံ ပျက်သုန်း တယ်ဆိုတဲ့ သဘောပါ။ ဖျောက်ဖျက်ပစ်လိုက်တဲ့သဘောပါ။ ၂၀၂၅ ခုနှစ် မှာ အီရန်က နူကလီးယား ထုတ်တဲ့ စက်ရုံနေရာကို ဗုံးကြဲတိုက်ခိုက်လိုက်အပြီးမှာ "Obliterated" လုံးဝ ပျောက်ထွက်သွားပြီ မရှိတော့ဘူး လို့ ကြေငြာလိုက်တာပါ။
ပြဿနာက ၂၀၂၆ မှာ အစ္စရေးနဲ့ အီရန်ကို တိုက်တဲ့နေရာမှာ ဝင်ကူတော့လည်း "Obliterated" ဆိုတဲ့ စကားကို တွင်တွင် ပြန်သုံးပါတယ်။ စကားလုံးရဲ့ အဓိပ္ပါယ်အရ မရှိတော့ဘူး ပျက်သုန်းသွားပြီဆိုရင် တိုက်စရာ ကုန်သွားပြီ ဆိုတဲ့ သဘောမဟုတ်ပါလား။ ဒါဟာ နောက်ဆုံး ဘာမှ လုပ်စရာမကျန်တော့တဲ့ အခြေအနေကို ညွှန်းရမှာမဟုတ်ပါလား။ ဒီတော့ အဓိပ္ပါယ်က မပျက်သုန်းသေးတာကို လုံးဝဖျက်စီးပစ်လိုက်ပြီလို့ လိမ်ညာတာလား ဒါမှမဟုတ် စကားလုံးအဓိပ္ပါယ်ကို နားမလည်တာလားလို့တောင် သံသယဖြစ်စရာပါပဲ။
နောက်ဆုံးတစ်လုံးကတော့ "ရာဇသံ" ပေးတယ်ဆိုတဲ့ Ultimatum ပါပဲ။ ဒါကို အိမ်ဖြူတော်ရုံးအဖွဲ့ကလည်းသုံးပါတယ်။ ရာဇသံဆိုတာ a final demand or statement of terms, the rejection of which will result in retaliation or a breakdown in relations. နောက်ဆုံး ယတိပြတ် တောင်းဆိုတာဖြစ်ပြီး ညှိစရာမရှိတော့တာပါ။ အမေရိကားက အီရန်ကို မလိုက်လျောရင် ၄၈ နာရီအတွင်း အပြတ်တိုက်မယ်ဆိုပြီး ၂ ရက်ကနေ ၅ ရက်၊ ၅ ရက်ကနေ ၁၀ ရက်ကို ရွှေ့ရွှေ့လာလိုက်တာ ultimatum ဆိုတဲ့ စကားလုံးဟာ အသုံးမဝင်လှတော့ပဲ ငုတ်စိကြီး ငုတ်တိုကြီးဖြစ်နေတော့တာပါပဲ။
#စကားလုံးများ
19/03/2026
လက်ရှိ အီရန် နဲ့ အမေရိကန် စစ်ပွဲမှာ အမေရိကန် ကာကွယ်ရေးက ပိဟက်ဆက် ရဲ့ စကား တခွန်းဟာ အတော်လေး အငြင်းပွားစရာ ဖြစ်နေပါတယ်။ အီရန်ကို တိုက်ရာမှာ ကာကွယ်ရေး အတွင်းဝန်တစ်ယောက်အနေနဲ့ "No quarter" လို့ ခြိမ်းခြောက်ပြောဆိုလိုက်တာဖြစ်ပါတယ်။
ဒီတော့ No quarter ဆိုတာ စစ်အသုံးစကားအနေနဲ့ "အသက်ရှင်ခွင့်မပေးဘူး" “တယောက်မှ အရှင်မထားဘူး” လို့ ပြောလိုက်တာပါ။
ဒါဟာ ၁၉၀၇ သဟိဂ်ကွန်ဗန်းရှင်းရဲ့ နိုင်ငံတကာဥပဒေ အပိုဒ် ၂၃ မှာ တားမြစ်ထားတဲ့ အချက်ဖြစ်တယ်ဆိုပြီး အငြင်းပွားနေကြတာဖြစ်ပါတယ်။ တကယ်လို့သာ ပိဟက်ဆက် ဟာ ဒီစကားလုံးကို ဒီအဓိပ္ပါယ်နဲ့ သေချာပေါက်သုံးတယ်ဆိုရင် တရားစွဲဆို ခံရနိုင်ခြေ ရှိပါတယ်။
စကားလုံး တစ်လုံးဆိုတာ ဘယ်လောက်တာသွားတယ်။ ဘယ်လောက်အရေးကြီးတယ်။ ဒါကြောင့် စကားလုံးတွေဟာ ဆင်ဆင်ခြင်ခြင်သုံးရတယ်ဆိုတဲ့ ဗဟုသုတပေါ့။
23/01/2026
နော်ဝေးဝန်ကြီးချုပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ရေးတဲ့စာ အမှတ်စစ်ရင် D+ ပဲရပါမယ်တဲ့ 🤣
03/04/2025
Aftershave ဆိုတာ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးရိပ်ပြီး သုံးရတဲ့ အမွှေးရည်တစ်ခုဖြစ်ပြီး aftershock ဆိုတာကတော့ ငလျင်ကြီးလှုပ်ပြီး နောက်ဆက်တွဲငလျင်ငယ်များကို ဆိုလိုပါတယ်
After shake ဆိုတာတော့ ကျနော်လည်းမသိဘူးဗျ
19/07/2024
ဒီနေ့ဟာ အာဇာနည်နေ့ပါ။ ဒီစာမှာ ဘာမှားနေသလဲ😂 ကြည့်ရအောင်။ တခြားမှားတာတွေ မပြောပါရစေနဲ့။ အင်္ဂလိပ်စာသင်တဲ့ ပေ့ချ်မို့ အင်္ဂလိပ်စာအမှားပဲပြောပါရစေ
အာဇာနည် ဆိုတာကို အင်္ဂလိပ်လို martyr လို့ရေးတာမမှားပါဘူး။ အာဇာနည်နေ့ဆိုရင်တော့ Martyrs' Day လို့ရေးမှ မှန်ပါတယ်။
နောက်မှ အသေးစိပ်ရှင်းပြတော့မယ် အခုတော့ ဒီလောက်ပါပဲ။
04/06/2024
June လ ၁ ရက်နေ့မှ
စတင်ပြောင်းလဲလိုက်သော သင်တန်းကြေးများ
........................................................
♻️အခြေခံ Grammar (၂လ တန်းခွဲ )
သင်တန်းကြေး ~ 🌀ကြက်ဥ အလုံး ၁၀၀
♻️အင်္ဂလိပ်စကားပြော (၁လ အတတ်)
သင်တန်းကြေး ~ 🌀ဆိတ်သား ၂ ပိသာ
(+ မဆလာ ၅ထုပ်ပါရမည်)
♻️ဖောစကေး English
သင်တန်းကြေး ~ 🌀အမေထွား(၃)ပိဿာ
♻️အိုင်အီးအယ်လတီအက်စ်
(Exam Preparation )
သင်တန်းကြေး ~ 🌀ဆန် ၁ အိတ်
(ပုသိမ်ပေါ်ဆန်းမွှေး)
♻️Job Interview Course
သင်တန်းကြေး ~ 🌀ကော်ဖီမစ်
(၃၀ပါ အထုပ်ကြီး) ၃ထုပ်
မှတ်ချက် - ❌K pay လက်မခံပါ❌
ပစ္စည်းယူလာရမည်
.....................................................
ဆွာဘာတာ
30 May 2024
Cr!