YLI Young Learners Institute

YLI Young Learners Institute Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YLI Young Learners Institute, Education Website, Yangon.

04/09/2026
01/09/2026

ကျောင်းသားတွေ စာရ/မရ ဘယ်လိုစစ်မလဲ?

“နားလည်လား?”
“ရလား?”

မေးလိုက်ရင် ကျောင်းသားအများစုက
“ရပါတယ် ဆရာမ” လို့ပဲ ဖြေကြမှာပါ 😄

ဒါပေမယ့် “ရတယ်” လို့ပြောတာနဲ့ တကယ်ရတာ မတူပါဘူး။
ကျောင်းသားတွေ တကယ်နားလည်လား စစ်ချင်ရင် ဒီနည်းလေးတွေ သုံးကြည့်ပါ။

1. Explain Back
ကိုယ့်စကားနဲ့ ပြန်ရှင်းပြခိုင်းပါ။
စာအုပ်ထဲကအတိုင်း အလွတ်ပြန်ဆိုတာထက် ကိုယ့်စကားနဲ့ ရှင်းပြနိုင်ရင် နားလည်မှု ပိုရှိပါတယ်။

2.Give an Example
ဥပမာအသစ် ပေးခိုင်းပါ။
ဆရာမပေးထားတဲ့ example ကိုပဲ ပြန်လုပ်ခိုင်းမယ့်အစား “ဒီလိုမျိုး နောက်ထပ် example တစ်ခု ကိုယ်တိုင်စဉ်းစားပါ” လို့ ခိုင်းကြည့်ပါ။

3. Apply It
အသစ်တစ်ခုမှာ အသုံးချခိုင်းပါ။
သင်ခန်းစာထဲမှာ မပါသေးတဲ့ situation/problem အသစ်တစ်ခုပေးပြီး သင်ထားတာကို အသုံးချဖြေရှင်းခိုင်းပါ။ ဒါက “မှတ်မိတာ” နဲ့ “နားလည်တာ” ကို ခွဲကြည့်လို့ကောင်းတဲ့နည်းပါ။

4.Find the Mistake
အမှားရှာခိုင်းပါ။
အဖြေမှားတစ်ခုကို တမင်ပြပြီး
“ဘယ်နေရာမှားလဲ?”
“ဘာကြောင့်မှားတာလဲ?”
“ဘယ်လိုပြင်ရမလဲ?” လို့ မေးကြည့်ပါ။

5. Why?
“ဘာကြောင့်လဲ” ထပ်မေးပါ။
အဖြေမှန်တာတစ်ခုတည်းနဲ့ မရပ်ပါနဲ့။

“ဘာကြောင့် ဒီအဖြေကိုရွေးတာလဲ?”
လို့ ထပ်မေးလိုက်ရင် သူ့ရဲ့ thinking process ကိုပါ သိနိုင်ပါတယ်။

6. Teach Your Friend
သူငယ်ချင်းကို ပြန်သင်ခိုင်းပါ။
Pair လုပ်ပေးပြီး တစ်ယောက်ကိုတစ်ယောက် သင်ခန်းစာကို ပြန်ရှင်းပြခိုင်းပါ။
တစ်ခုခုကို တခြားသူနားလည်အောင် ပြန်ရှင်းပြဖို့ဆို ကိုယ်တိုင်လည်း သေချာနားလည်ဖို့လိုပါတယ်။

7. Quick Quiz
မေးခွန်းတို ၃ ခုလောက် စစ်ပါ။
စာမေးပွဲကြီးလို မလုပ်ဘဲ အတန်းကြားထဲမှာ quick check လေးလုပ်ပါ။

ဥပမာ…
လွယ်တာ ၁ ခု
နားလည်မှုစစ်တာ ၁ ခု
အသုံးချရတာ ၁ ခု

8. Traffic Light
🟢 နားလည်ပြီ။
🟡 နည်းနည်းမသေချာသေးဘူး။
🔴 ပြန်ရှင်းပြပေးဖို့လိုတယ်။

ဆိုပြီး card၊ လက်ဟန်၊ online reaction စတာတွေနဲ့ တစ်တန်းလုံးရဲ့အခြေအနေကို မြန်မြန်စစ်လို့ရပါတယ်။

9. Exit Ticket
အတန်းမပြီးခင် မေးခွန်း ၂ ခုလောက်ပဲ ပေးပါ။
“ဒီနေ့ သင်ယူသွားတာတစ်ခုက ဘာလဲ?”
“မရှင်းသေးတာတစ်ခုက ဘာလဲ?”
နောက်အတန်းမှာ ဘာကို ပြန်ရှင်းပြဖို့လိုလဲ ဆိုတာပါ သိနိုင်ပါတယ်။

တကယ်တော့ ကျောင်းသားတစ်ယောက် စာရတယ် ဆိုတာ အလွတ်ကျက်ပြီး ပြန်ပြောနိုင်တာတစ်ခုတည်း မဟုတ်ပါဘူး။
ကိုယ့်စကားနဲ့ ရှင်းပြနိုင်လား။
ဘာကြောင့်လဲ ပြောနိုင်လား။
အမှားကို ရှာနိုင်လား။
အသစ်တစ်ခုမှာ အသုံးချနိုင်လား။

ဒီလိုမျိုး စစ်ကြည့်မှ သူတို့ရဲ့ တကယ့်နားလည်မှုကို ပိုမြင်ရပါတယ်။

30/08/2026
29/08/2026

Address

Yangon

Website

Alerts

Be the first to know and let us send you an email when YLI Young Learners Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share