Education by Jas

Education by Jas 🏆Today learner Tomorrow Leader🙆 Practice makes perfect.🎉🎉🎉

Hello ! အားလုံးပဲ မဂ်လာပါရှင် ....🥰တီချယ် Jas ထပ်ဖွင့်မဲ့ အတန်းသစ်​လေး​တွေကို ​စောင့်​မျှော်​နေကြတဲ့ မိဘ ပြည်သူများကို လ...
25/05/2026

Hello ! အားလုံးပဲ မဂ်လာပါရှင် ....🥰

တီချယ် Jas ထပ်ဖွင့်မဲ့ အတန်းသစ်​လေး​တွေကို ​စောင့်​မျှော်​နေကြတဲ့ မိဘ ပြည်သူများကို လက်ရှိထပ်ဖွင့်ဖြစ်မဲ့ အတန်း ၃ခု​လေးနဲ့ မိတ်ဆက်​ပေးလိုက်ပါတယ်ရှင်...🤗🤭🤩 တစ်ချို့အတန်း​လေး​တွေက​တော့ ပို့စ်မတင်ခင်တည်းက တပည့်​ဟောင်း​တွေနဲ့ တပည့်​တွေရဲ့ အသိမိတ်​ဆွေ သူငယ်ချင်းများ လာ​ရောက် အပ်နှံထားပြီးသား​လေး​တွေ ရှိပါတယ်​နော် လက်မ​နှေးရ​အောင် အမြန်လက်ဦးမူ ရယူနိုင်ပါ​စေရှင် 😍

1. 👶 For 3,4,5 yrs old kids
🏆 Phonic level 1
⏰️ Sat&Sun ( 9 - 10am)

💰Fees - 450,000 (for 4 months)
Registration fees - 35,000
Material fees - +++

__________________________________________________

2.👶 For 4,5 yrs old kids
🏆 Eng foundation 1
⏰️ Sat&Sun ( 5-6 pm)
Available - ( 3 only)

💰Fees - 350,000 ( for 3 months)
Registration fees - 35,000
Material fees - +++

_________________________________________________

3. 👶 For 6,7 yrs old kids
🏆 Eng 4skills+Grammar
⏰️ Sat&Sun ( 5-6pm)
Available - ( 2 only)
Class space - 5 px


💰Fees - 120,000 monthly
Registration fees - 35,000
Material fees - +++

တီချယ့်အတန်း​လေးတွေကို​တော့ တက်ကြည့်ရင် ဘယ်​လောက် ဂရုစိုက်သင်ကြားလဲ ဘယ်လိုအချိန်တိကျလဲ သင်ကြားမူ technique strategy ​တွေ ဘယ်လို ထိ​ရောက် လဲဆိုတာ လက်​​တွေ့ မြင်ရမှာပါ​နော် ​တော်ရုံဖွင့်ထားတဲ့အတန်း​တွေက ပုံမှန်အတန်း​တွေအပြင် phonic ဆိုလဲ တစ်ခါဖွင့်ရင် အဆုံးထိ တက်ကြတာများလို့ တစ်တန်း တစ်တန်းကို ပြီးဖို့ နှစ်နဲ့ချီ ကြာတတ်တာမို့ အတန်းသစ်​လေး​တွေက ရှားပါး ဖွင့်ခဲတာမို့ မြန်မြန်လာအပ်ဖို့မ​​မေ့နဲ့​နော် တစ်တန်း ၅​ယောက် သီးသန့်၀ိုင်းပုံစံ လူနည်းနည်းပဲ လက်ခံလို့ လူပြည့်လဲမြန်ပါတယ်ရှင် လိုအပ်ရင် လိုအပ်သလို မိဘများနဲ့လဲ တပည့်များအတွက် ပညာ​ရေးနဲ့ပတ်သက်ပြီး အချိန်ရရင် ရသလို တိုင်ပင်​ဆွေး​နွေး အကြံ​ပေးတာ​လေး​တွေလဲ လုပ်​ပေးတတ်တာမို့ မိသားစု၀င်လို ​နွေး​ထွေး​ဖော်​ရွေတဲ့ တီချယ် တစ်​​ယောက် ရလိုက်သလို ခံစားရ​စေမှာပါရှင်🥰
Note : အိမ်စာ​လေး​တော့ လုပ်ရတယ်​နော်ရှင် 🤭
အိမ်စာ မလုပ်ရင်​တော့ စိတ်​ဆိုးမှာ​နော်လို့ 😮‍💨

👩‍🎓By :Tr Jas

Happy Myanmar New Years everyone 🥰By Tr.Jas
17/04/2026

Happy Myanmar New Years everyone 🥰

By
Tr.Jas

11/03/2026

အားလုံးပဲ မဂ်လာပါရှင် 🥰
​အတန်းသစ်အားလုံး လူပြည့်သွားပါပြီရှင် ☺️

ပို့စ်​လေးကိုလဲ edit လုပ်လို့မရလို့အပြင် လာလာ​မေးကြသူများလို့ ပြန်မ​ဖြေနိုင်ရင်လဲ အားနာလို့ ပြန်ဖျက်လိုက်ပါပြီရှင် တီချယ် ခုတစ်​လော Thesis ကိစ တစ်ခု နည်းနည်း အလုပ်ရူတ်​နေလို့ စာပြန်​နောက်ကျခဲ့တာ Pg ထဲမှာ Active သိပ်မဖြစ်ခဲ့တာ​တွေအတွက် ​တောင်းပန်ပါရ​စေရှင် တစ်ကယ်တက်ချင်တဲ့ မိဘ​တော်များလဲ Whatsapp ​တွေ Viber ​တွေထဲ လာဆက်သွယ်ကြပါတယ်ရှင် အဲ့ဒီဘက်​​တွေက​နေ ဆက်သွယ်ရင်​တော့ တီချယ့်ဆီ ပိုမြန်​ရောက်ပါတယ်ရှင် FB က လိုင်းအ​ခြေအ​နေအရ​ကြောင့် စာပို့မှန်းသိ​ပေမဲ့ ဖတ်မရ စာမ​ပေါ် ဘာပိုွမှန်းမသိ pg ကိုင်တဲ့အ​ကောင့်၀င်ဖို့ မိနစ်၃၀​လောက်​စောင့်ရ အဲ့ဒီက​နေ ​ပေ့ချ်ပြန်ချိတ်ဖို့ တစ်ခါထပ်​စောင့်ရနဲ့ ၀င်ပြန်​တော့လဲ စာ​​​တွေဖတ်မရ ကိုယ်တင်ထားတဲ့ပို့စ်​တောင် မမြင်ရဖြစ်​နေပြန်တာမို့ ဆက်သွယ်ရခက်​နေတာမျ်ုးမို့ အနူးအညွတ်တောင်းပန်ပါသည်ရှင်🙏

တီချယ့် social media ac ​တွေ​တော့ အရင်တည်းက တင်​ပေးထားတာမို့ ပြန်လည်ရှာ​ဖွေ စုံစမ်း​မေးမြန်းနိုင်ပါသည်ရှင် တီချယ့်စာတန်းပြုစုမူ​လေးကလဲ ပြီးသ​လောက်ရှိ​နေပါပြီရှင် ဒီလကုန်​လောက် အဆုံးသတ်မှာပါ။ အဲ့ဒီ​နောက်ပိုင်း ပညာ​ပေး စာ​လေး​တွေ မှန်မှန်ပြန်တင်နိုင်​အောင်ရယ် ပညာဓါန အတန်း​လေး​​တွေလဲ ဖွင့်နိုင်​အောင်လဲ ကြိုးစား​ပေးပါမည်ရှင့်🥰

တီချယ့်ဘက်ကလဲ ခုတစ်​လော ကြိုဆိုမူ​ လေးတွေ စာပြန်မူ​တွေ လစ်ဟင်းမူ​တွေ ပျက်ကွက်ခဲ့မူ​တွေများအတွက် အားလုံးပဲ နားလည်​ပေးနိုင်မယ်လို့ ​​မျှော်လင့်ရင်း အနူးအညွတ်​တောင်းပန်အပ်ပါသည်ရှင် 🙏

Note: တီချယ့်ဘက်ကလဲ က​လေးများပညာ​ရေးအတွက် အ​ကောင်းဆုံး​တွေ အမြဲပံ့ပိုး ပေးနိုင်​အောင် ကိုယ်တိုင်လဲ ​စဥ်ဆက်မပြတ် လေ့လာသင်ယူမူ​တွေ လုပ်​​ဆောင်နေသူမို့ အမြဲလို မအား​မလပ် ဖြစ်​နေတတ်ပါသည်ရှင် တီချယ့်အ​နေနဲ့ ဘယ်လိုပင် ပင်ပန်းပါ​စေ ​တော်ရုံအတန်းမပျက်တတ်ပါဘူးရှင် ကိုယ့်ဘက်ကလဲ တာ၀န်​ကြေ​နေဖို့​တော့ အတတ်နိုင်ဆုံးကြိုးစား​ပေးတတ်ပါသည်ရှင် အရမ်း​နေမ​ကောင်း ယိုင်နဲ့​နေမှပဲ ခွင့်ယူပြီး အစားထိုးရက်​လေး​တွေ ပြန်​ပေးတတ်ပါသည်။ စအလုပ်၀င်ကတည်းကလဲ အချိန်ကို အရမ်း​တန်ဘိုးထား လေးစားသူမို့ နောက်ကျတယ်ဆိုတာ အလွန့်အလွန်ရှားပါတယ်ရှင် တစ်ခါတစ်​လေ ရှားပါး ​​နောက်​ဖေးသွား ဘာသွား ​လိုင်းကျမူ​ကြောင့် နောက်ကျခဲ့ရင်လဲ ၁၀မိနစ် ၁၅မိနစ် အလွန်ဆုံးပါပဲရှင် အဲ့ဒီလိုကိစရှိခဲ့ရင်လဲ အချိန် အပြည့်ပြန်​ပေးပါတယ်ရှင် ၁၀မိနစ်​​နောက်ကျရင် ၁၀မိနစ် ၁၅မိနစ်​နောက်ကျရင် ၁၅မိနစ်ပြန်​​ပေးတတ်ပါတယ်ရှင် (​အ​မေးများ ​မေးဖို့ အားနာ​နေ​သောသူများအတွက်)

❣️ " I am a passionate and professional teacher ever.You can trust me 100%." ❣️

By
Tr.Jas

Happy Chinese Lunar New Years.....新年快乐🎉🎉🎉🥳🥳🥳🎁🎁🎁🥰🥰🥰By: Tr.Jas
17/02/2026

Happy Chinese Lunar New Years.....

新年快乐🎉🎉🎉🥳🥳🥳🎁🎁🎁🥰🥰🥰

By: Tr.Jas

14/02/2026

🎨 နွေရာသီပန်းချီသင်တန်း 🎨
———————————————
SUMMER ART CLASS

March + April + May (၃ လပြတ်) အတန်းများကို
စာရင်းပေးလို့ ရနေပါပီရှင့် ❤️❤️❤️

အခြေခံမှ စ၍ စနစ်တကျသင်ကြားပေး တဲ့
Lesson တွေနဲ့အတူ
ကလေးများကလည်း ပျော်ရွှင်စွာ ဖန်တီးရင်း ပန်းချီပညာရပ်ကို လေ့လာထိတွေ့နိုင်မည့် အခွင့်အရေးလေးမို့
ကိုယ့်ရဲ့ သားသားမီးမီးတို့ရဲ့ အားလပ်ရပ်လေးကို
Summer class လေးမှာ အကျိုးရှိရှိ
ဖြတ်သန်းလို့ရပါပီနော် ...🥳

ကျောင်းသားဟောင်းများ၏ Waiting List ကို ဦးစားပေး လက်ခံသွားမည်ဖြစ်ပါသည်ရှင်။

စုံစမ်းလိုပါက ကျောင်းဖုန်း
📞 09 9438 31506
📞 09 9444 416066
သို့မဟုတ် CB မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Art M သို့ လာရောက်ပါရန် ဖိတ်ခေါ်အပ်ပါသည်❤️

Happy Valentine Days' everyone ....🥰မိဘပြည်သူများအားလုံး ဒီ​​နေ့​လေးမှာ ချစ်သူခင်သူ၊ မိသားစု၊ ​သားသမီးနဲ့မိဘ ဆွေမျိုး၊ သ...
14/02/2026

Happy Valentine Days' everyone ....🥰

မိဘပြည်သူများအားလုံး ဒီ​​နေ့​လေးမှာ ချစ်သူခင်သူ၊ မိသားစု၊ ​သားသမီးနဲ့မိဘ ဆွေမျိုး၊ သူငယ်ချင်း၊ မိတ်​​ဆွေများ အားလုံးနဲ့ စစ်မှန်​လှပသော တန်ဘိုးကြီးမား​သော ချစ်ခြင်း​မေတာ တရား​လေး​တွေကို တစ်ဦးနဲ့တစ်ဦး မကွယ်မ၀ှက် ရင်းနီး ​နွေး​ထွေးစွာ ရိုးသားစွာ ​ဖော်ပြရင်း သာယာ​ပျော်ရွင်ကြပါ​စေရှင်

By,
Tr.Jas 👩‍🎓

14/01/2026
အားလုံးပဲ မဂ်လာပါရှင်🥰ဒီ​နေ့ တီချယ် ရှဲမဲ့အ​ကြောင်းအရာ​လေးကို မ​ပြောခင် တစ်ခု ​မေးချင်တာ​လေးက ကိုယ်​့ကို လူတစ်​ယောက်က ၀င...
13/01/2026

အားလုံးပဲ မဂ်လာပါရှင်🥰
ဒီ​နေ့ တီချယ် ရှဲမဲ့အ​ကြောင်းအရာ​လေးကို မ​ပြောခင် တစ်ခု ​မေးချင်တာ​လေးက ကိုယ်​့ကို လူတစ်​ယောက်က ၀င်တိုက်လိုက်လို့ ကိုယ့်ပစည်း​တွေ ပြုတ်ကျသွားတာကို ပြန်မ​ကောက်​ပေးပဲ မ​တောင်းပန်ပဲ လစ်လျုရူသွားရင် ဘယ်လို ခံစားရမလဲ? ရယ် ​ကိုယ်တိုင်လုပ်လို့ရရက်နဲ့ နေရာကမထပဲ အမြဲတစ်ခုမဟုတ်တစ်ခု ခိုင်း​စေ​နေတတ်တဲ့သူ​တွေ ​တစ်ခုခုဆို မလုပ်တတ် မကိုင်တတ် သူများ အကူအညီပါမှလုပ်တတ်သူ​တွေတွေ့ရင် ဘယ်လို ခံစားရလဲ ? အရင်​မေးပါရ​စေရှင်
​သေချာ​ပေါက် ​ဒေါသထွက်မယ် မ​ကျေမနပ်ဖြစ်မယ် စိတ်ကသိက​အောင့် ဖြစ်မယ် အသက်အရွယ်တစ်ခု​ ​ရောက်​နေတဲ့အထိ independent မဖြစ်လိုွအထင်​သေးမယ် တော့ ဖြစ်မှာ မလွဲမ​သွေပါပဲ​နော်
အဲ့ဒီလိုကိစက ဘာလို့ ဖြစ်လဲဆိုရင် အဲ့ဒီလူမှာ တာ၀န်ယူမူ တာ၀န်ခံမူ responsibility မရှိလို့ရယ် independent မဖြစ်​နေလို့ရယ်ပဲ ဖြစ်ပါတယ်​နော်။ responsibility ဆိုတာကလဲ ​နေရာတိုင်းမှာ သူ့​နေရာနဲ့သူ လိုကိူ လိုအပ်ပါတယ်ရှင် ​လင်​ယောကျာ်း၊ မိန်းမဇနီး၊ မိဘ၊ သားသမီး၊ ဆရာ၊ တပည့် ၊ အလုပ်သမား၊ ဆရာ၀န် သူ့position အလိုက် ကိုယ်ကျရာ​နေရာမှာ ယူရမဲ့ တာ၀န်တွေ သူ့​နေရာနဲ့သူရှိပါတယ်။

ကိုယ့်အလုပ်တာ၀န် ကိုယ့်မိသားစု တာ၀န် ကျရာ​နေရာ တာ၀န် မယူတတ်ရင် ဘာဖြစ်မလဲဆို လူရာမ၀င် လူ့အသုံးမကျ တန်ဘိုးမရှိတဲ့သူဖြစ်သွားနိုင်ပါတယ်။ ​ရောက်တဲ့​​နေရာ ဘယ်သူနဲ့မှ အဆင်မ​ပြေနိုင် social ၀င်မဆန့်နိုင် အလုပ်အကိုင်ပါထိခိုက်နိုင်ပါတယ်​နော် ။ လူ့ပတ်၀န်းကျင်မှာ သဟဇာတ ဖြစ်​အောင်မ​နေနိုင်ပဲ ပတ်၀န်းကျင်ကိူ အကျိုးမပြုသူ ဖြစ်သွားမှာပါ​။

အဲ့ဒီလို မဖြစ်​အောင်ကိုယ့်ရင်​သွေး ​လေး​တွေကို တာ၀န်ယူတတ်မူ တာ၀န်သိတတ်မူ responsibility ​လေး​တွေနဲ့ independent ကိုယ့်​ခြေ​ထောက်​ပေါ်ကိုယ်ရပ်တည်နိုင်အောင် ဘယ်လို ​လေ့ကျင့်တည်​ဆောက်​ပေးကြမလဲဆိုတာ​လေးကို sharing လုပ်​ပေးပါရ​စေရှင်

တီချယ်တို့ နိုင်ငံက မိဘ​တော်များက က​​လေးကို ချစ်ရင် အရမ်းချစ် တုန်​နေ​အောင်ချစ် ဖူးဖူးမူတ် ဘာမှမလုပ်ခိုင်း ​ချီးကအစ ​သေးအဆုံး အကုန်လုပ်​ပေး ​နာနီရှိရင်နာနီနဲ့ အိမ်အကူရှိရင် အိမ်အကူကို ​ရေကအစ ခပ်ခိုင်းတာမျိုး တော်ကြီးတဲ့ထိ ထမင်းကို ပါးစပ်ထဲအ​ရောက် လိုက်ခွံ့​ပေးတာမျ်ုး​တွေ ​ကျောင်းသွားရင် လွယ်အိတ် ခြင်း​တောင်း အကုန်သယ်​ပေးတာ​တွေက ချစ်ခြင်းတလွဲ​လေး​တွေ ​စေတနာလွန်ကဲမူ​လေး​တွေပါ "အစ​ကောင်းမှ အ​နှောင်း​သေချာ" ဆိုတဲ့​ရှေးရိုးစကားအတိုင်း ငယ်​လေးထဲက သူတို့ ​လေး​တွေ အရွယ်နဲ့အညီ တတ်နိုင်တဲ့ အရာ​လေး​တွေကို သူတို့ကို တာ၀န်​ပေးတာ ကိုယ့်အင်အားနဲ့ကိုယ် ရနိုင်သ​လောက် လုပ်ခိူင်း​စေတာ မျိုး​လေး​တွေကို ​ပေးလုပ် စေရပါမယ်။ ဥပမာ ​ကျောင်းလွယ်အိတ် ခြင်း​တောင်း ကိုယ့်ဟာကို သယ်ပါ​စေ။ အရမ်း​လေးတယ်ထင်ရင် နည်းထုတ်မျှပြီး ကိုင်​ပေးလိုက်ပါ ဒါ​ပေမဲ့ သူ့အိတ် သူ့ခြင်း သူ့အတွက်လိုအပ်တဲ့အရာကို သူ့ခွန် သူ့အားနဲ့ရ​အောင် လုပ်ပါ​စေ။​ရေဆာလား ​"မေ​မေခပ်​ပေးပါ မမခပ်​ပေးပါ" မလုပ်​စေပဲ ကိုယ့်ဟာကိူ ထခပ်​​သောက် ပါ​စေ။ ပစည်းတစ်ခုခုကျရင် ကိုယ့်​ကြောင့်ပဲ ကျကျ သူများ​ကြောင့်ပဲကျကျ အမြင်မ​​​​​တော် ပြန်​ကောက် နေရာတကျပြန်ထားပါ​စေ။ ကိုယ့်​ကြောင့် တစ်ခုခု ပျက်စီးဆုံးရူံးရင် တာ၀န်ယူ ​တောင်းပန်တတ်ပါ​စေ ​ဖြေရှင်းနိုင်ပါ​စေ။ တစ်ချို့ ကိစ​တွေကို သူတို့ဟာသူတို့ ​တွေး​ခေါ် ဆုံးဖြတ်ပါ​စေ။ ဖြစ်နိုင်​ခြေ အ​ကျေိုးအ​ကြောင်း​လေး​တော့ ​ပြောပြရှင်းပြ ​ပေးပါ ​ရွေးချယ်တာ သူတို့ကိုယ်သူတို့​ရွေးချယ်ပါ​စေ။ ဖြစ်လာတဲ့ result ကို ကြိုက်သည်ဖြစ်​စေ မကြိုက်သည်ဖြစ်​စေ လက်ခံနိုင်​အောင် ကြိုးစား​ လေ့ကျင့်​ပေးပြီး သင်ယူပါ​စေ။

မိဘ​တော်များက သားသမီး​တွေ မှားသွားမှာ နာကျင်ထိခိုက်သွားမှာ စိုးရိမ်တတ်ကြတာ ဓမာတာပါပဲ။ ဒါ​ပေမဲ့ မိဘများကိုယ်တိုင်လဲ ငယ်ရာက ကြီးလာတာမို့ အမှား​တွေက​နေပဲ သင်ယူ​လေ့လာခဲ့ရတာပါပဲ အဲ့ဒါမှ life skill ​တွေ တက်လာတာပါ။ သား ​ယောကျာ်း​လေး​တွေရဲ့ မိဘ​တွေဆို ပိုလို့​​တောင် သတိထားရမှာပါ အရမ်းဂရုစိုက် နုလွန်းအားကြီးရင် နွဲ့သွားတာ ကိုယ်ရည်ကိုယ်​​သွေးကျတာ ပြသာနာကို ရင်မဆိုင်ရဲတာ risk ယူသင့်တဲ့​နေရာ မယူရဲတာ မျိုးဖြစ်နိုင်သလို အခန့်မသင့်ရင် ဘ၀​ပါပြောင်းသွားနိုင်ပါတယ်​နော်

အရမ်းလဲ ဖိလို့ မရ ချုပ်လို့မရသလို မိဘအလိုတစ်ခုတည်း တစ်ချက်လွတ်အမိန့်​တွေနဲ့လဲ ဆက်ဆံ ပုံသွင်းလို့မရပါ။ သူတို့ ခံစားချက်နဲ့ ​​​ရွေးချယ်ချင်တဲ့အရာ​လေး​​တွေအတွက်လဲ အချိိန်​ပေး နား​ထောင်​ပေး ​ဆွေး​နွေး အကြံ​ပေး​တော့ လုပ်​ပေးရမှာပါ။ ​သူတို့အကြိုက်လုပ်ချင်ရာလုပ် လွတ်​ပေးလိုက်ပြန်ရင်လဲ ​သေချာ​ပေါက် တလွဲ​​​တွေဖြစ်လာမှာပါ cause and effect သင်ယူ​လေ့လာမူ​​တွေ gap ဖြစ်ကုန်မှာပါ အ​​တွေ့အကြုံမှတစ်ဆင့် သင်ယူ​လေ့လာမူကလဲ cause and effect step by step ဘာ့​ကြောင့် ဘယ်လို​တွေ ဖြစ်သွားလဲ ဆိုတာ သိဦးမှ အကျိုးရှိမှာပါ။ ဥပမာ သားတို့သမီးတို့ plan A က​တော့ ဒီလို​လေး​တွေရှိတယ် ဘာဖြစ်နိုင်တယ် plan B က​တော့ ဒီလို​လေး​တွေရှိတယ် သားတို့သမီးတို့ လုပ်လိုက်ရင် ဘယ်လို result ​တွေ ရလာနိုင်မလဲ ဘယ်လို ​​
မျှော်လင့်ထားလဲ? အဲ့ဒီလိုမဖြစ်လာရင်​ရော ဘယ်လို cover ပြန်လုပ်မလဲ? ဘာလုပ်မယ်စိတ်ကူးထားလဲ​? ပေါ့ ​မေးခွန်း​လေး​တွေ​မေးရင်း ​ဖြေရင်း သူတို့ကို အကြို စိတ်ကူးယဥ် စဥ်းစားတွေး​ခေါ် အ​ဖြေရှာ ဆုံးဖြတ်ပါ​စေ။ အဲ့ဒီလို ​လေ့ကျင့်​ပေးမူက က​လေး အသက်ကြီးမှ ​လေ့ကျင့်​ပေးလို့ ရမှာ​ပေါ့ တီချယ်ရယ်လို့ ​ပြောစရာရှိလာပါမယ်။ မဟုတ်ပါဘူး သူ့အရွယ်နဲ့အညီ သက်ဆိုင်ရာ အတိုချုပ်အလွယ်​မေးခွန်း​လေး​​​တွေ ရှိပါတယ်။ ဥပမာ ၃နှစ်က​လေးဆို ပန်းသီးနဲ့ ဌက်​ပျောသီး ဘာ​ရွေးမလဲချ​ပေးလိုက်ရင် သူစားဖူးတဲ့ဟာဆို သူသိမယ် မစားဖူးတာဆို ကိုယ်က ​ပြောပြရမှာပါ ဥပမာ ဒါက​တော့ ချဥ်တယ် ချိုတယ် ဘာကြိုက်လဲ ​ရွေး​ပေါ့ အဲ့ဒီလို သူတို့မသိတဲ့ အ​ရေးကြီး information ၁ချက်၂ချက်​လောက်က​​​တော့ ​ပေးရမှာပါ။ ကျန်တာသူ့ဟာသူ ဆုံးဖြတ်​ရွေးချယ်​ပေါ့ အဲ့ဒီလိုမျိုး​လေ့ကျင့်​ပေးလို့ရပါတယ်။

တီချယ်ဆို တူ​တွေ တူမ​တွေ ​​တော်များ သူတို့မိဘ​တွေ​ပြောရင် နားမ၀င်ဘူး တီချယ်​ပြောရင် ခဏ​လေးနဲ့ နားလည် လက်ခံကြတာများတယ်။ သူတို့​လေး​တွေ ဘာ​ပြောလဲဆိုရင် ​မေ​မေက အဲ့ဒီလို မ​ပြောပြဘူးတဲ့ ရှင်းပြ ဆုံးမရင်လဲ အများကြီးဘာ​တွေ​ပြောမှန်း မသိဘူးတဲ့
တစ်ခုထပ်​ပြောချင်တာက က​လေးကို ဆုံးမရာမှာလဲ အများကြီး အရှည်ကြီး​တွေ​ပြောလို့ မရပါ။ က​လေးက အူထွက်ပြီး နားငြီးတယ် ဘာမှ နားထဲမ​ရောက်​တော့ နားမလည်​တော့ဘူးဖြစ်သွားတတ်ပါတယ်။ လိုတိုရှင်းပုံစံကို က​လေး သူ့အရွယ်နဲ့ သူ နားလည်နိုင်​လောက်မဲ့ ပုံစံနဲ့ပဲ​ပြောပြရှင်းပြရမှာပါ ဥပမာ - ကာတွန်းကားကြည့်တဲ့အရွယ်ဆို ကာတွန်းကားထဲက character တစ်ခုခုနဲ့ နိူင်းယှဥ်​ပြောပြလဲရပါတယ် သူတို့လက်လှမ်းမီ နားလည်နိုင်​လောက်မဲ့ အရာ​တွေကို ပုံသက်​သေထား​ ပြောပြလို့ရပါတယ်​နော်

အချုပ်​ပြောရရင် က​လေးများက အရမ်းနုနယ်သလို absort လဲ အရမ်းမြန်ပါတယ်။ လူကြီး​တွေသာ နည်းမှန် လမ်းမှန် လမ်းပြ​လေ့ကျင့်​ပေးနိုင်ရင် အရမ်းကို တန်ဘိုးရှိ​တောက်ပလာမဲ့ ကြယ်ပွင့်​လေး​တွေဖြစ်လာမှာပါရှင်
အဲ့ဒါ​ကြောင့် ကြယ်ပွင့်​လေး​​တွေကို ပိုမိုလင်းလက်​တောက်ပလာ​အောင် ကြယ်ပွင့်​ကောင်း​လေး​တွေ အများကြီး​မွေးထုတ် ​လေ့ကျင့် ​ပေးနိုင်ကြပါ​စေလို့ ဆုမွန်​ကောင်း​တောင်း​ပေးရင်း ဒီ​နေ့ရှဲတဲ့အစီအစဥ်​လေးကို ဒီမှာပဲ ရပ်နားလိုက်ပါရ​စေရှင်

​နေ့စဥ်​နေ့လည် ထမင်းစား နားချိန်တိုင်း က​လေးများအတွက် လိုအပ်မယ်ထင်တဲ့ ဗဟုသုတ​လေး​တွေ ခုကစပြီး ရှဲ​ပေးသွားပါမယ်ရှင် စဥ်ဆက်မပြတ်​လေ့လာနိုင်ကြပါ​စေရှင်

​ ချစ်ခြင်းများစွာဖြင့်
က​လေးများအတွက် အမြဲရပ်တည်​ပေး​နေမဲ့

By
👩‍🎓Tr.Jas

ဟယ်လို အားလုံးပဲ မဂ်လာပါရှင်🥰edit: all full classနှစ်သစ်မှာ အင်နာဂျီ အသစ်နဲ့ ​ပျော်ရွင်​အေးချမ်း အဆင်​ပြေမူအ​ပေါင်း ခ​ညေ...
08/01/2026

ဟယ်လို အားလုံးပဲ မဂ်လာပါရှင်🥰edit: all full class
နှစ်သစ်မှာ အင်နာဂျီ အသစ်နဲ့ ​ပျော်ရွင်​အေးချမ်း အဆင်​ပြေမူအ​ပေါင်း ခ​ညောင်းကြပါ​စေရှင် 🙏
ဒီနှစ်သစ်အတွက် ပထမဆုံး ပြန်ဖွင့်ဖြစ်မဲ့ အတန်း​လေး​တွေက​တော့ လာမဲ့လ February 2026 ထဲမှာ စတက်ရမှာဖြစ်ပါတယ်ရှင်🤗

👶 For 6 to 8 yrs old
🏆 Eng 4skills + Grammar Level 1 (online)
⏰ Sat&Sun (️1-2pm)
💰Registration fees - 30,000
Course fees (350,000 for 4 months)
Material fees - +++
Edit:Full class

👶 For 3 to 5 yrs old
🏆Phonic level 1 ( online)
⏰️Sat &Sun ( 9-10am)
💰Registration fees - 30,000
Course fees - 350,000 for 4 months
Material fees - +++
Edit: ( full class)

👶 For 4 to 6 yrs old
🏆English foundation 1 (online)
⏰️ Sat &Sun ( 2-3pm)
💰Registration fees - 30,000
Course fees - 350,000 for 4 months
Material fees - +++
Edit: ( full class)

တီချယ့်ဆီမှာ Class အားလုံးကို international standard နဲ့အညီ ဆရာမတစ်​ယောက် တပည့်
၅​ယောက်နူန်းပဲ လက်ခံပြီး ​သေချာ ဂရုတစိုက် ထိထိ​ရောက်​ရောက် ​လေ့ကျင့်သင်ကြား​ပေးတာမို့ learning target goal ကိုလွယ်ကူ လျင်မြန်စွာ တတ်​မြောက်သွားမှာ မလွဲမ​သွေပါပဲရှင် တီချယ့်သင်ပုံသင်နည်း​လေး​​တွေက​တော့ သက်ဆိုင်ရာ phonic ,grammar နဲ့ 4skills ​လေး​တွေမှာ အများသူငါ​တွေလို သင်ပုံနဲ့ မတူ အနည်းငယ် ကွဲပြားနိုင်ပါတယ်ရှင်😊

တီချယ်က​တော့ Eng စကားလုံး အသစ်တစ်လုံးကအစ စသင်တာနဲ့အသံထွက်​ရော အဓိပါယ်ပါ ​​သေချာသတိထားပြီး တစ်​ယောက်ချင်းစီကို ​သေချာနားလည်​အောင် ​လေ့ကျင့်​ပေးသလို grammar ​ရော writing ပါ တစ်​ယောက်မှ မလွတ်​စေရ​အောင် ​သေချာ အာရုံထား ဂရုတစိုက် ​လေ့ကျင့်​ပေးပါတယ်။ အိမ်စာ​တွေလဲ​ပေးသလို သင်ထားပြီးသမျှကိုလဲ အမြဲ ပြန်​မေးတတ်သလို review လဲ ပြန်ပြန် သွားတတ်ပါတယ်ရှင်🤭

တီချယ်က​တော့ "Practice Makes Perfect" ဆိုတဲ့ စကားအတိုင်း Learning goal မှာ well practice ရ​​အောင် အဓိက အရည်အ​သွေးကို ဦးစား​ပေးပြီး အရည်အချင်းအစစ်အမှန်​တွေကြီးပဲ တိုး​လာအောင် ပံ့ပိုး​ကူညီ ထရိန်းပေးသွားမှာပဲ ဖြစ်ပါတယ်ရှင်

​နောက်တစ်ခု တီချယ်ရဲ့ အလုပ်အ​ပေါ်ထားတဲ့ role တစ်ခုက​တော့ တီချယ်တာ၀န်ယူ သင်​ပေး​နေတဲ့အတန်းအားလုံး ​တော်ရုံ စာသင်ချိန် မပျက်တတ်သလို ​အတန်းချိိန်လဲ နောက်မကျတတ်ပါဘူးရှင် ကိစကြီးငယ်ရှိလို့ ​နောက်ကျရင်လဲ အချိန်ပိုပြန်​ပေးတတ်သလို ​နေမ​ကောင်းလို့ ပျက်ရင်လဲ public holiday ​တွေမှာ အားလုံးအဆင်​ပြေမဲ့အချိန် အစား ပြန်​ပေးပါတယ်​နော် 🤗 အတန်းပျက်တဲ့ တပည့်တွေကိုလဲ zoom video file ပြန်ပို့​ပေးပါတယ်ရှင် (​မေးတဲ့သူများအတွက် ​ဖြေ​ပေးထားပါတယ်​နော်).

By
👩‍🎓Tr.Jas

HaPpY hApPy NeW yEaR to you everyone .......🥰May your all dream come true in this new year ...🙏By🧕Tr.Jas
01/01/2026

HaPpY hApPy NeW yEaR to you everyone .......🥰

May your all dream come true in this new year ...🙏

By
🧕Tr.Jas

Address

50th Street
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959978573190

Website

Alerts

Be the first to know and let us send you an email when Education by Jas posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category