Kaung Japanese Language School

Kaung Japanese Language School For Japanese Learners, from basic level to business level.
カウン日本語学校からようこそ~🥰

Okinawa ရဲ့ ထိုင်းစတိုင် ကဖောင်ထမင်း စားလို့ကောင်းလိုက်တာ😍
21/02/2025

Okinawa ရဲ့ ထိုင်းစတိုင် ကဖောင်ထမင်း
စားလို့ကောင်းလိုက်တာ😍

စားလို့ကောင်းတဲ့ Okinawa ခေါက်ဆွဲလေး 😍
19/02/2025

စားလို့ကောင်းတဲ့ Okinawa ခေါက်ဆွဲလေး 😍

Training နဲ့လာပြီး ခုမိအိုင်ကနေ ဘာမှမလုပ်ပေးဘူးဆိုတဲ့သူတွေအတွက်ပါတစ်ချို့တွေက အလွဲသုံးစားလုပ်ခံရတယ်ဆိုတဲ့ သတင်းတွေလဲ ကြာ...
18/02/2025

Training နဲ့လာပြီး ခုမိအိုင်ကနေ ဘာမှမလုပ်ပေးဘူးဆိုတဲ့သူတွေအတွက်ပါ

တစ်ချို့တွေက အလွဲသုံးစားလုပ်ခံရတယ်ဆိုတဲ့ သတင်းတွေလဲ ကြားနေရလို့

Training နဲ့လာရင် နေရာထိုင်ခင်း၊ နေ့စဥ်ဘဝ ၊ ကျန်းမာရေး စတာတွေအဆင်ပြေအောင် ခုမိအိုင်ကနေလုပ်ပေးဖို့ တာဝန်ရှီပါတယ်

ကျန်းမာရေးမကောင်းတာကို ခုမိအိုင်ဘက်ကနေ ဘာမှမလုပ်ပေးနိုင်တာ စတာတွေအတွက် အခုပုံပါရှိ ဖုန်းနံပါတ်ကို သွားရောက်ဆွေးနွေးနိုင်ပါတယ်

စိတ်မကောင်းစွာနဲ့ပဲ ခုမိအိုင်ကလူတွေက ကိုယ့်ခုမိအိုင်က တာဝန်ယူထားတဲ့ အလုပ်သမားတွေမဟုတ်ရင် သွားရောက်ကူညီလုပ်ကိုင်ခွင့်မရှိပါဘူး

တစ်ဘက်က ခုမိအိုင်ကနေ တစ်ခုခုဆို အရေးယူခွင့်ရှိလို့ပါ
အားလုံးပဲ အဆင်ပြေကြပါစေ 🙏

စိတ်မထိန်းနိုင်လို့ပါလို့ 😬
07/02/2025

စိတ်မထိန်းနိုင်လို့ပါလို့ 😬

အိမ်ပေါ်ကနေလှမ်းမြင်ရတဲ့ 富士山❤️
05/02/2025

အိမ်ပေါ်ကနေလှမ်းမြင်ရတဲ့ 富士山❤️

ဒီနေ့တော့ ဂျပန်ကို Work Visa နဲ့လာတယ့်သူတွေအတွက် ပြောပြပေးသွားချင်ပါတယ် အင်တာဗျူးအောင်သွားရင်ပဲ ဖြစ်ဖြစ်၊ အင်တာဗျူးမဖြေရ...
17/01/2025

ဒီနေ့တော့ ဂျပန်ကို Work Visa နဲ့လာတယ့်သူတွေအတွက် ပြောပြပေးသွားချင်ပါတယ်
အင်တာဗျူးအောင်သွားရင်ပဲ ဖြစ်ဖြစ်၊ အင်တာဗျူးမဖြေရသေးခင်ပဲ ဖြစ်ဖြစ်
အောက်ပါအချက်တွေကိုသေချာမေးစေချင်ပါတယ်

ဂျပန်ပို့ရပြီးရောလုပ်တဲ့ အေဂျင်စီတွေလည်း ရှိလို့ပါ
ဘယ်လိုမျိုးလဲဆိုတော့ Hotel မှာ လုပ်တာကို Work Visa နဲ့ခေါ်တယ်
မြန်မာမှာလည်း ပိုက်ဆံတွေ တနင့်တပိုးပေးရတယ်
ဂျပန်ရောက်တော့ ဘာမှတာဝန်ယူမှူမရှိဘူး နေစရာနေရာအစ မစီစဥ်ပေးတော့ ကာယကံရှင်မှာဒုက္ခတော်တော်ရောက်ပါတယ် ဘာနဲ့တူလဲဆိုတော့ ရန်ကုန်မှာနေစရာမရှိလို့ နယ်ကလာပြီး ဘုန်းကြီးကျောင်းမှာ
နေရတာနဲ့ဆင်တူပါတယ် ဒါပေမယ့် ဂျပန်မှာက ဘုန်းကြီးကျောင်းမရှိပါဘူး အလုပ်မရှိ ဝင်ငွေမရှိရင်တော်တော့်ကို အခြေအနေဆိုးပါတယ်

အဲ့တော့ အနည်းဆုံးတော့ အင်တာဗျူးအောင်တယ်ဆိုတာနဲ့
၁. အိမ်ကိစ္စ ၊ နေစရာကိစ္စကိုမေးပါ (အလုပ်မှာ အဆောင်ရှိမရှိ ၊ မရှိရင် အေဂျင်စီက စီစဥ်ပေးမပေး)
ဒါအရမ်းအရေးကြီးပါတယ် မပေါ့ပါနှင့်

၂. ကိုယ်အလုပ်လုပ်ရမယ့် အလုပ်ရဲ့ လိပ်စာမေးပါ ပြီး Google map မှာ ရှာကြည့်ပါ။
Hotel တော်တော်များများသည် အေးအေးဆေးဆေးနဲ့ Relax လုပ်လို့ရတဲ့နေရာတွေမှာ ရှိတာကြောင့်အလုပ်ကအဆောင်မပေးဘူးဆိုရင် အနီးအနားတဝိုက်မှာ ဘာမှမရှိတာက များပါတယ် ဒါကြောင့် အလုပ်လိပ်စာကို
မဖြစ်မနေ မေးပါ။

၃.ဂျပန်မလာခင် Contact လုပ်လို့ရမယ့် အရာတွေကို မေးထားပါ ရောက်ရောက်ချင်း ဖုန်းမရှိတဲ့အတွက် ဂျပန်မှာ
ဖုန်းဆက်ရတာ တိုင်ပတ်နိုင်ပါတယ် ပြီး ဂျပန်လိုဖုန်းပြောတာ အဆင်မပြေဖြစ်နိုင်ချေ များပါတယ် အဲ့ဒါကြောင့် Line app ကို ဒေါင်းထားပါ Group ဖွဲ့ထားပါ ဂျပန်ကလုပ်ငန်းခွင်က တစ်ယောက်နှင့်ဖြစ်ဖြစ် လုပ်ထားပါ

Line app တစ်ခုထဲနှင့် လုံးဝမလုံလောက်ပါ Viper ဒါမှမဟုတ် Messenger ကနေ Group ဖွဲ့ထားမှသာ စိတ်ချရမှာဖြစ်ပါတယ်
Line app သည် ဂျပန်လူမျိုးတွေ အများဆုံးသုံးတဲ့ App ဖြစ်တဲ့အတွက်ကြောင့် မဖြစ်မနေသုံးတတ်ဖို့လိုအပ်ပါတယ်

ဒါပေမယ့် တစ်ချို့ line acc သည် မြန်မာကနေ ဂျပန်ကိုရောက်တဲ့အချိန် network အပြောင်းအလဲကြောင့် စာပို့ရင်မရောက်တာ ဖြစ်တတ်ပါတယ်
ဒီအချက်တွေသည် ကာယကံရှင်ကိုယ်တိုင် ဂျပန်မလာခင် လုပ်ထားသင့် ၊ check လုပ်ထားသင့်တဲ့ အချက်တွေဖြစ်ပါတယ်
တနည်းပြောရရင် ဂျင်းထည့်မခံရအောင် ၊ ဂျပန်ရောက်ပြီး ဒုက္ခမရောက်အောင် ပြောပြပေးတဲ့အချက်တွေသာ ဖြစ်ပါတယ်
အားလုံးပဲ ကောင်းမွန်သောအနာဂတ်ကို ပိုင်ဆိုင်နိုင်ကြပါစေ 👌

14/01/2025

ဒီနေ့ကတော့ တကယ့်နေ့ပါပဲ
ဂျပန်မှာရောက်နေတဲ့ မိန်းကလေးတွေ
အနေနဲ့ လူအမျိုးမျိုး စိတ်အမျိုးမျိုး မို့
သတိထားသင့်ပါတယ်

ကာယကံရှင်နဲ့ပတ်သက်ပြီး ဘာမှမပြောလိုပေမယ့်
အဲ့တာနဲ့ပတ်သက်ပြီး ကိုယ့်မြန်မာလူမျိုးတွေသည်
နိုင်ငံမျိုးစုံကလူတွေဆီမှာ အထင်သေးခံရတတ်ပါတယ်
(အထူးသဖြင့် မိန်းကလေးတွေ)

အထူးသဖြင့် ရိသဲ့သဲ့လုပ်တဲ့သူတွေမရှိလောက်ဘူးဆိုပေမယ့်
ရိသဲ့သဲ့လုပ်ခံရတဲ့အခါ သည်းခံနိုင်တဲ့လူတွေရှိသလို
သည်းမခံနိုင်တဲ့သူတွေလဲ ရှိပါတယ်

ဒါနဲ့ပတ်သက်ပြီး ဂျပန်မှာတွေ့ရများတဲ့ Harassments 4 ခု ပြောပြချင်ပါတယ်

1. セクシャルハラスメント (sexual harassment)
2. パワーハラスメント (power harassment)
3. モラルハラスメント (moral harassment)
4. アカデミックハラスメント (academic harassment)

အကုန်လုံးကို အားလုံးပြောစရာမလိုပါဘူး
ဥပမာ အတိုကောက် セクシャルハラスメント ဆိုရင် セクハラ
လောက်ပဲ ပြောရင် သဘောပေါက်ပါတယ်

ဒီစကားလုံးတွေမှာ အဓိပ္ပါယ်ကြီးကြီးမားမားတွေရှိလို့ မိမိပါးစပ်ကနေတော့
ပြစ်စလက်ခတ် မပြောသင့်ကြောင်းပါ

အားလုံးပဲ ကောင်းမွန်သော အနာဂတ်ကို ပိုင်ဆိုင်နိုင်ကြပါစေ 🙏

ဂျပန်သွားမယ်ဆို တစ်ခုပဲ မအကြပါနဲ့လို့ 😢-------------------------------------------------------ယန်းအရွက်အတုတွေ လဲမိတယ်ဆို...
22/08/2024

ဂျပန်သွားမယ်ဆို တစ်ခုပဲ
မအကြပါနဲ့လို့ 😢

-------------------------------------------------------
ယန်းအရွက်အတုတွေ လဲမိတယ်ဆိုတဲ့ကိစ္စတွေ့ရလို့
ယန်းသုံးနေကျသူဆိုရင်တော့ ကိုင်ကြည့်တာနဲ့ အစစ်လား ဘုရားကန်တော့တဲ့ နေရာမှာသုံးတဲ့ အတုလား ခံစားမှုကနေသိနိုင်ပေမယ့် မသုံးဖူးသေးတဲ့ သူတွေအတွက် ယန်းအတုအစစ်ခွဲနည်းလေးကို ပြောပြပေးချင်ပါတယ်။

ယန်း‌အရွက်မှာဆိုရင် အလည်တည့်တည့်က ဘဲဥပုံအဝိုင်းမှာ ထည့်ထားတဲ့ပုံရိပ် နဲ့ 3Dပုံရိပ် hologram ကို ရှုထောင့်ပြောင်းကြည့်ပြီး ခွဲခြားလို့ရပါတယ်။

✅ယန်းအရွက်ကို အလင်းမှာ ‌ထောင်ကြည့်မယ်ဆိုရင် အလည်တည့်တည့်က ဘဲဥပုံအဝိုင်းမှာ ထည့်ထားတဲ့ လူပုံစံ ပုံရိပ်မှာဆိုရင် လူရဲ့ ဆံပင် မုတ်ဆိတ် အရေးအကြောင်းစတာတွေကို တခုချင်းစီအထိ အသေးစိတ် ပြတ်ပြတ်သားသား မြင်တွေ့ရပါတယ်။

✅ဒါ့အပြင် ယန်းအရွက်ရဲ့ ညာဘက်အခြမ်းမှာ ရှိတဲ့လူပုံရဲ့ ဘယ်ဘက်ပုခုံး (အရွက်ကို မျက်နှာချင်းဆိုင်ထားကြည့်ရင် ညာဘက်အခြမ်း) အနားတဝိုက်မှာ

- ယန်းတစ်သောင်းတန်ဆိုရင် ဒေါင်လိုက် အချောင်း ၃ ချောင်း၊
- ယန်းငါးထောင်တန်ဆိုရင် ဒေါင်လိုက် အချောင်း ၂ချောင်း၊
- ယန်းတစ်ထောင်တန်ဆိုရင် ဒေါင်လိုက် အချောင်း ၁ ချောင်း ကို အလင်းဖောက်ပြီး ပြတ်သားစွာ မြင်ရပါလိမ့်မယ်။

✅ဒါ့အပြင် ယန်းအရွက်ရဲ့ ဘယ်ညာ အောက်ထောင့်တွေမှာရှိတဲ့အမှတ်အသားတွေကနေလည်း ခွဲခြားနိုင်ပါတယ်။

- ယန်းတစ်သောင်းတန်ဆိုရင် L ပုံစံအမှတ်အသား(ညာဘက်ကတော့ L ပြောင်းပြန်ပုံစံ)」၊

- ယန်းငါးထောင်တန်ဆိုရင် ကြီးမားတဲ့အဝိုင်းပုံစံ「●」အမှတ်သားတစ်ခု ၊

- ယန်းတစ်ထောင်တန်ဆိုရင် အလျားလိုက်တုတ်ချောင်းပုံစံ「―」အမှတ်သားတစ်ခုပါဝင်ပါတယ်။

အဲ့အမှတ်အသားတွေက အမြင်အာရုံချို့ယွင်းနေသူများအတွက် ထည့်သွင်းပေးထားတာမို့ အဲ့နေရာလေးတွေကို လက်ချောင်းထိပ်လေးနဲ့ ထိတွေ့ကြည့်မယ်ဆိုရင် ပုံမှန် မျက်နှာပြင်ထက် သိသိသာသာ ဖောင်းကြွနေမှုကို ခံစားသိခြင်းအားဖြင့်လည်း ခွဲခြားလို့ရပါတယ်။

✅ဒါ့အပြင် ယန်းအရွက်ရဲ့ အရှေ့ခြမ်း ဘယ်ညာထောင့်တွေမှာရှိတဲ့ 「10000」「5000」「1000」စတဲ့ ကိန်းဂဏန်းတွေနေရာကို ထိကြည့်မယ်ဆိုရင်လည်း မသိမသာ ဖောင်းကြွမှုလေးတွေရှိနေတာကိုတွေ့ရပါလိမ့်မယ်။ အနောက်ဘက်က ကိန်းဂဏန်းတွေမှာတော့ အဲ့လို ဖောင်းကြွမှုမျိုး မရှိပါဘူး။

Crd - May Myat Mon Sensei (Mei JLC)

အိမ်နဲ့ဝေးပြီးတဲ့နောက်အရာရာသည်းခံတက်လာတယ်အစားအသောက် ဂျီးများတဲ့ကျနော်ဟင်းမကောင်းလည်း စားနေရပြီအိမ်ပြန်ချင်တယ်လို့ တွေးတိ...
12/08/2024

အိမ်နဲ့ဝေးပြီးတဲ့နောက်
အရာရာသည်းခံတက်လာတယ်
အစားအသောက် ဂျီးများတဲ့ကျနော်
ဟင်းမကောင်းလည်း စားနေရပြီ
အိမ်ပြန်ချင်တယ်လို့ တွေးတိုင်း
မင်းမှာဘာရှိလဲလို့ ကိုယ့်ကိုကိုယ်
ပြန်မေးမိတယ်

11/08/2024

ထိုင်းမှာ ဆောက်လုပ်ရေးလုပ်သားအဖြစ် အလုပ်လုပ်ကိုင်နေပြီး
Street Boxing ဝင်ထိုးရာမှ ဆုပါရရှိသွားသော မြန်မာအလုပ်သမားလေး 😘

タイで建設業で職人として働きながらボクシングも頑張っているミャンマー人。。💖

Address

Myo Thit 1 Street
Yangon
11211

Telephone

+959770456319

Website

Alerts

Be the first to know and let us send you an email when Kaung Japanese Language School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share