31/07/2026
အကယ်၍ •••••
အကယ်၍ စစ်အာဏာသိမ်းမှုသာ မရှိခဲ့ရင် ၆ နှစ်အတွင်း ၂၀၂၆ ခုနှစ်ထဲ မိခင်တက္ကသိုလ်ကြီးမှာ အရာထမ်း၊ အမှုထမ်း အိမ်ရာဇုန်ကြီးတခုလုံး ရာနှုန်းပြည့် အကောင်အထည်ဖော် ပြီးစီးနေမှာ ဖြစ်ပါတယ်။
ပါမောက္ခဆရာဆရာမတွေ၊ အရာထမ်းတွေဟာ လျော်ညီတဲ့ နေရာထိုင်ခင်း မရရှိခဲ့ကြသလို အမှုထမ်းဝန်ထမ်းတွေဟာလည်း မည်ကာမတ္တနေရာထိုင်ခင်းတွေမှာ ကျန်းမာရေးနဲ့ မညီညွတ်ဘဲ နွမ်းနွမ်းပါးပါး နေထိုင်နေခဲ့ကြရတာ ကာလရှည်ကြာ ဖြစ်ခဲ့ပါတယ်။ ကောင်းမွန်တဲ့နေရာထိုင်ခင်းဟာ ကောင်းမွန်တဲ့ လုပ်ငန်းခွင် စွမ်းဆောင်ရည်ကို ပံ့ပိုးပေးနိုင်မှာဖြစ်လို့ တက္ကသိုလ်ရဲ့ Campus Master Plan အရ လေးခန်းတွဲ လေးထပ် ဆရာအိမ်ရာ၊ ဝန်ထမ်းအိမ်ရာတွေကို ၂၀၂၁ ခုနှစ်ကစပြီး နှစ်စဉ် အစီအရီ တိုးချဲ့တည်ဆောက်သွားဖို့ အစီအစဉ်တွေ အတညိပြု ချမှတ်နိုင်ခဲ့ပါတယ်။
ဒါတွေဟာ တက္ကသိုလ်ကို ရောက်လာမဲ့ လူငယ်တိုင်းအတွက် အရည်အသွေးပြည့်ဝတဲ့ ပညာရေးစနစ်နဲ့ စီမံခန့်ခွဲမှုကို ပံ့ပိုးပေးမဲ့ ဝန်ထမ်းတွေ တန်းတူရရှိမဲ့ အခွင့်အရေးတွေပါပဲ။