https://m.facebook.com/story.php?story_fbid=117516567234580&id=111213911198179
National University of Arts and Culture - Yangon
National University of Arts and Culture - Yangon The following degrees have been conferred on the graduates for respective academic years.
The University of Culture (Yangon) was established as an advance University by the Fine Arts Department under the Ministry of Culture on 24 September, 1993. Its establishment was intended to develop and propagate the fine arts of Myanmar, to bring out world class Myanmar artistes, and in addition to the State School of Music and Drama and the State School of Fine Arts. The buildings of the Univers
29/05/2021
အနုပညာတက္ကသိုလ် (ရန်ကုန်)မှ CDM ပြုလုပ်သည့် ဆရာ ၃၈ဦးကို အလုပ်ထုတ်လိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်
ဒန်နီ
ရန်ကုန်တိုင်းဒေသကြီး အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် (ရန်ကုန်)မှ CDM ပြုလုပ်သည့် ဆရာ ဆရာမ ၃၈ဦးကို အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း စစ်ကောင်စီက မေ၂၆ရက်စွဲဖြင့် စာပို့ခဲ့ကြောင်း သိရသည်။
အဆိုပါ ထုတ်ပြနကြေညာချက်တွင် ဂီတဌာနမှ ဆရာ ဆရာမ ၁၁ဦး ၊ သဘင်ဌာနမှ ရှစ်ဦး၊ ပန်းချီဌာနမှ လေးဦး၊ ပန်းပုဌာနမှ နှစ်ဦး ၊ ရုပ်ရှင်နှင့် ပြဇာတ်ဌာနမှ သုံးဦး၊ သင်တန်းရေးရာဌာနမှ နှစ်ဦးနှင့် စီမံရေးရာဌာနခွဲမှ ရှစ်ဦးတို့ ကို ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါစာရင်းထဲတွင် မပါရှိသေးသည့် CDMပြုလုပ်နေသည့် ဆရာ ဆရာမများလည်း ရှိသေးကြောင်း သိရသည်။
" ဒါတွေက ကြိုတွေးပြီးသားပါ။နှစ်ပေါင်း ၂၀ ကျော် ဖက်တွယ်လာခဲ့တော့ စိတ်ထဲတမျိုးဖြစ်တာပေါ့။ ပြီးတော့ ဆရာတို့က လူနည်းစုလေ ရင်းနှီးမှုကလွယ်တယ်။ ဒါပေမယ့် ကိုယ်စွန့်လိုက်တာက အသက်စွန့်လိုက်ရတဲ့ သူတွေနဲ့ယှဉ်ရင် ဘာမှမဟုတ် တော့ဘူး ''ဟု အလုပ်ထုတ်ပယ်ခဲ့ရသည့် ဆရာ တစ်ဦးက ပြောသည်။
ထို့အပြင် အလုပ်ထုတ်ပယ်စာနှင့်အတူ Non-CDM ပြန်လုပ်သည့် ဆရာ ဆရာမများကို အလုပ်ပြန်ဝင်ရန် စာထုတ်ပြန်ခဲ့ကြောင်းလည်း သိရသည်။
28/05/2021
04/02/2021
13/12/2020
NUAC (Ygn) Positive Centreများအတွက် အလှူငွေများကို အောက်တိုဘာလမှစပြီး ပို့စ်တင်၍ကောက်ခံခဲ့ပါသည်။ ခက်ခဲသည့်ကာလမို့မည်သူတစ်ဦးတစ်ယောက်ကိုမျှ တိုက်ရိုက်အလှူခံခြင်းမပြုခဲ့ပါ။ သည့်အတွက် ပို့စ်အားမြင်တွေ့လိုက်သူအချို့ထံမှ အလှူငွေများကိုသာ ရသလောက်လက်ခံခဲ့ပါသည်။ အလှူငွေရရှိမှုအတိုင်းအတာအရ လူနာများအတွက်လှူဒါန်းပေးနိုင်ရန်မလုံလောက်ပါသဖြင့် ..ပရဟိတကူညီပေးနေကြသော Volunteerများအတွက်သာ လုံလုံလောက်လောက်လှူဒါန်းရန်စီစဉ်ခဲ့ကြပါသည်။ ယင်းအစီအစဉ်အရ ယနေ့တွင် စင်တာတည်ရှိရာကျောင်းတော်တွင်းသွားရောက်၍ စားသောက်ဖွယ်ရာများအပါအဝင် လိုအပ်သောအသုံးအဆောင်အချို့ကိုဆက်သွယ်လှူဒါန်းပေးခဲ့ပါသည်။ အလှူရှင်များအပါအဝင် ကျောင်းတော်သူ/သားအများ ကြည်နူးဝမ်းမြောက်နိုင်ကြပါစေကြောင်းနှင့် ကောက်ခံရရှိသောအလှူငွေများထဲမှ အနည်းသောပိုငွေကို နောင်လိုအပ်သောအလှူအတန်းကိစ္စရပ်များတွင်အသုံးပြုနိုင်ပါရန် မတည်ငွေအဖြစ် ထားရှိပါကြောင်း အသိပေးအပ်ပါသည်။
NUAC Positive Centre များအတွက် အလှူငွေထပ်မံရရှိမှုလေးပါ။
မန္တလေးမှအလှူရှင် ကိုအောင်စည်ထွန်း_ 10,000 ကျပ်
မအေးစုမာ (ဂီတ) _ 5,000 ကျပ်
အလှူရှင်များ ကျန်းမာသုခပြည့်စုံကြပါစေ။
NUAC ရဲ့ Positive Centre များအတွက် NUAC မိသားစုများပါဝင်လှူဒါန်းထားတဲ့ လတ်တလောအလှူငွေကောက်ခံရရှိထားမှုလေးတွေတင်ပြပေးပါမယ်။ အလှူရှင်များအားလုံးကိုလည်း သာဓုခေါ်ပါတယ်။ ဆက်လက်ပြီး ပါဝင်လှူဒါန်းနိုင်ကြဖို့လည်း ဖိတ်ခေါ်ပါတယ်။
အလှူရှင်စာရင်း
***************
1. NUAC Page Admin အဖွဲ့- 85,000
2.နေလင်းအောင်(ပန်းပု)+ မြတ်နှင်းဆီ (ရုပ်ရှင်)_ 30,000
3.တီချယ်ဒေါ်ဝင်းဝင်းထွေး (သဘင်)_ 20,000
4.ထက်အောင်စည် (ဂီတ)_ 30,000
5.ပြည့်ဖြိုးပိုင် (ပန်းပု)_ 8,000
6.ရတနာဦးလှိုင်(သဘင်)_ 30,000
7.ကိုထွန်းထွန်းဝင်း (ပန်းပု)_ 20,000
8.ဟိန်းဇော်လတ် (ပန်းပု)_ 10,000
9.စန်းလဲ့ဝေ (ပန်းပု)_ 10,000
10.အလှူရှင်တစ်ဦး_ 3,000
11.ကျော်ဖြိုးဝေ (ပန်းပု)_ 10,000
🙏NUAC မိသားစုများ ပါဝင်နိုင်ဖို့အစီအစဉ်လေးတစ်ခုပြောပြချင်လို့ပါ။ ခုဆိုရင် ကျောင်းတော်ကြီးရဲ့အဆောင်ကြီးနှစ်ဆောင်ဖြစ်တဲ့ ကံ့ကော်ဆောင်နဲ့ ကုမုဒြာဆောင်တွေမှာ ကိုဗစ်19 Positive လူနာများထားရှိပြီး ကုသရေးစင်တာအဖြစ် လက်ခံထားရှိထားတာ အားလုံးအသိဖြစ်ပါတယ်။
🙏ကျန်းမာရေးဝန်ဆောင်မှုအရ ပုံမှန်ဆေးရုံဆေးခန်းမှာထားရှိတယ်ဆိုရင်တောင် ဝိုင်းဝန်းပံ့ပိုးရမယ့်အပိုင်းတွေများစွာရှိတာ..ကျောင်းတစ်ကျောင်းကို ဆေးရုံတစ်ခုအဖြစ်ဖန်တီးထားရတယ်ဆိုတာ လိုအပ်ချက်များစွာရှိမှာပါ။ တို့တွေရဲ့ကျောင်းတော်ကြီးကိုရောက်လာတဲ့အနယ်နယ်အရပ်ရပ်က ဝေဒနာရှင်တွေအတွက်ရော၊ တာဝန်ယူကုသပေးကြတဲ့ကျန်းမာရေးဝန်ထမ်းတွေအတွက်ရော၊ ပရဟိတကူညီကြတဲ့ volunteerတွေအတွက်ရော လိုအပ်ချက်တွေများစွာရှိနေမှာ မလွဲမသွေပါ။ ဒီအတွက် NUACမိသားစုတွေစုပြီးတတ်နိုင်သလောက်လေး လှူဒါန်းကူညီကြရအောင်ပါနော်။
🙏ခုချိန်မှာ လူတိုင်းအခက်အခဲကိုယ်စီနဲ့မို့ ဘယ်ရွေ့ဘယ်မျှ၊ ဘယ်သူဘယ်ဝါရယ်လို့ အမည်တပ်အလှူမခံပါဘူး။ တတ်နိုင်သလောက်လေး ရသလောက်လေးနဲ့တစ်ထောင့်တစ်နေရာမှာ ဝင်ကူကြတာပေါ့နော်။
🙏အခု အရင်ဆုံးအနေနဲ့ NUAC Page Adminအဖွဲ့က မတည်ငွေ ၁၀၀၀၀၀ (တစ်သိန်းကျပ်) ထူထောင်ထားရှိပါတယ်။ လှူဒါန်းလိုသူများအနေနဲ့ အောက်ပါအကောင့်နံပတ်များထဲက အဆင်ပြေတဲ့ဆီဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ အလှူရှင်စာရင်းများကိုလည်း ဆက်လက်ဖော်ပြပေးသွားပါမယ်။
💗CB Bank - Hanyi Phyo
0131600100003085
💗AYA Bank -Hsu Latt Toe Hla
0075201010036973
💗YOMA Bank - Hanyi Phyo
9503190004810604
💗Wavepay - Saw Aung Htet Zin
09786296025
💗KBZPay - Than Than Naing
09421094282
💗CBPay - Than Than Naing
09421094282
06/10/2020
28/09/2020
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၊ အမှတ်(၂၆)
ရပ်ကွက် ၊ အမျိုးသားယဥ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)တွင် အရန်အဖြစ်ဆောင်ရွက်ထားရှိမည့် Quarantine Center တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်
နေခြင်းတို့ကို မြို့နယ် COVID-19 ကော်မတီနာယကများ ၊ ကော်မတီဥက္ကဌနှင့်ကော်မတီဝင်များ ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ၊ မြို့နယ်
မီးသတ်ဦးစီးဌာနသန္ဓေ/အရန်တပ်ဖွဲ့ဝင်များ ၊ အုပ်ချုပ်ရေး တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
#
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
26 Aung Zeya Road, South Dagon, Yangon Division
Yangon
11431
Opening Hours
| Monday | 00:00 - 23:59 |
| Tuesday | 00:00 - 23:59 |
| Wednesday | 00:00 - 23:59 |
| Thursday | 00:00 - 23:59 |
| Friday | 00:00 - 23:59 |
| Saturday | 00:00 - 23:59 |
| Sunday | 00:00 - 23:59 |