18/08/2026
🎉 မေးခွန်းလေးဖြေရုံနဲ့ လက်ဆောင်ရရှိမယ့် အခွင့်အရေး 🎁✨
🎁မင်မင်တို့ Reply ပြန်တဲ့ အဖြေမှန်သူ (၁၀) ဦး ကို
💙 ခေတ်ပညာ ရေဘူး (၁) ဘူး၊📒 Notebook (၁) အုပ်၊ 👕T-shirt အင်္ကျီတစ်ထည်စီ
မေတ္တာလက်ဆောင်အဖြစ် ပေးအပ်သွားမှာဖြစ်ပါတယ်ရှင့်။
အခုတော့...
🤔 နောက်ထပ်ထွက်ရှိမယ့် အတန်းနဲ့ ဘာသာလေးက ဘာလေးဖြစ်မလဲ ဆိုတာကို Comment မှာ ခန့်မှန်းရေးပေးရုံပါပဲ။
📌ဒီအစီအစဥ်လေးမှာ ပါဝင်မယ်ဆိုရင်
✅ ခေတ်ပညာ Tiktok Acc ကို Follow လုပ်ပြီး
✅ Comment မှာ နောက်ထွက်မယ့် အတန်းနဲ့ ဘာသာကို ခန့်မှန်းရေးပေးပါ။
ဒီ Postလေးက TikTok Account ထဲမှာပဲ အကျုံးဝင်မှာမို့ TikTok ကိုအမြန်ပြေးကြတော့နော်🏃💨
https://www.tiktok.com/.pyin.nyar23?_r=1&_t=ZS-98z7CPxnqJZ
ကဲ... 🎊
ဘယ်သူတွေ အဖြေမှန်ပြီး လက်ဆောင်ရမလဲဆိုတာ မင်မင်တို့နဲ့အတူ စောင့်ကြည့်လိုက်ရအောင်နော်။ 💙
#ခေတ်ပညာ #𝐊𝐏𝐍
11/08/2026
✨ The Story of Khit Pyin Nyar ✨
ခေတ်ပညာ စတင်ဖြစ်ပေါ်လာပုံလေးကို ဒီနေ့ ပြောပြပေးချင်ပါတယ်။ 💙
နောက်လထဲမှာ ခေတ်ပညာ စတင်တည်ထောင်ခဲ့တဲ့ အထိမ်းအမှတ်နေ့ ရောက်ရှိတော့မှာဖြစ်လို့ အထူးအစီအစဉ်လေးတွေလည်း ပြင်ဆင်ထားပါတယ်။ ဘာတွေလာမလဲဆိုတာ စောင့်မျှော်အားပေးပေးပါဦးနော်။ ✨
ခေတ်ပညာကို COVID 🦠ကာလအတွင်း စတင်ခဲ့တာပါ။ အဲဒီအချိန်မှာ ကလေးတွေအိမ်မှာနေရင်း အကျိုးရှိစေဖို့ ရည်ရွယ်ပြီး ကဗျာလေးတွေ၊ ပုံပြင်လေးတွေ၊ Origami Art ခေါက်နည်းလေးတွေနဲ့ ပညာပေးအကြောင်းအရာတွေကို မျှဝေပေးခဲ့ပါတယ်။💥💫
အဲဒီလို မျှဝေပေးရင်း မိဘတွေဆီက "ဒီလိုစာအုပ်လေးတွေ ထုတ်ပေးပါလား" 📚ဆိုတဲ့ တောင်းဆိုမှုတွေ ရရှိလာခဲ့ပါတယ်။ အဲဒီအတွက် စာအုပ်လေးတွေကို စတင်ဖန်တီးထုတ်ဝေခဲ့ရာကနေ ဒီနေ့အထိ ခရီးရှည်ကို လျှောက်လှမ်းလာနိုင်ခဲ့တာပါ။✨
ခေတ်ပညာစာအုပ်တွေကို မိဘတွေနဲ့ ကျောင်းတွေက ယုံကြည်ရွေးချယ်ပေးရတဲ့ အကြောင်းရင်းတွေကတော့…🤔
📚 အရည်အသွေးကောင်းမွန်တဲ့ စာအုပ်အတွင်းသား (Quality Printing)
🎨 ကလေးတွေနှစ်သက်တဲ့ အရောင်စုံ ရုပ်ပုံကာတွန်းများ
🧩 သင်ယူရင်း ပျော်ရွှင်စေမယ့် Fun Learning Activities များ
ဒီလိုအချက်တွေကြောင့် မိဘများသာမက 🏫PS နဲ့ IS တွေမှာပါ အသုံးပြုလာကြပြီး လူကြိုက်များတဲ့ ကလေးပညာရေးစာအုပ်တစ်ခု ဖြစ်လာခဲ့ပါတယ်။
ခေတ်ပညာ ဒီနေ့လို အောင်မြင်လာရခြင်းရဲ့ အရေးကြီးဆုံးအကြောင်းရင်းကတော့ စတင်ထုတ်ဝေခဲ့တဲ့နေ့ကစပြီး အခုအချိန်အထိ စဉ်ဆက်မပြတ် ယုံကြည်အားပေးခဲ့ကြတဲ့ Customer တစ်ယောက်ချင်းစီကြောင့်ပဲ ဖြစ်ပါတယ်။🙏🙏
အမြဲတမ်း ယုံကြည်ရွေးချယ်ပြီး အားပေးခဲ့ကြတဲ့ Loyal Customers များအားလုံးကို ခေတ်ပညာစာပေမှ အထူးကျေးဇူးတင်ရှိပါတယ်ရှင့်။ 💙
📌 After-sales
ခေတ်ပညာ လေ့ကျင့်ခန်းများမှ သင်ခန်းစာများ၊ မေးခွန်းပုံစံများနှင့် ပတ်သက်၍ သိလိုသည်များ ရှိပါက အချိန်မရွေး မေးမြန်းနိုင်ခြင်း။💙
ထို့အပြင် Production Error (စာမျက်နှာကျော်ခြင်း၊ စာရွက်ပြုတ်ထွက်ခြင်း) ဖြစ်ပေါ်ပါက စာအုပ်အသစ် ပြန်လည်လဲလှယ်ပေးခြင်း။
ခေတ်ပညာကို အစဉ်တစိုက် ယုံကြည်အားပေးတဲ့ မိသားစုဝင်တိုင်းကို အထူးကျေးဇူးတင်ပါတယ်။ 💙
#ခေတ်ပညာ
04/08/2026
"လိုအပ်သူများ ယူလို့ရပါသည်"📚🥰
ခေတ်ပညာ - Khit Pyin Nyar ရဲ့ အလှူလေးပါရှင့်
#ခေတ်ပညာ #လိုချင်တဲ့သူများ
29/07/2026
"ဝါဆိုလပြည့်နေ့" (ဓမ္မစကြာအခါတော်နေ့)
#ခေတ်ပညာ #ဝါဆိုလပြည့်နေ့ #ဓမ္မစကြာအခါတော်နေ့
22/07/2026
📚 Pearson English | Pearson Science | Power Maths 🚀
ကလေးရဲ့ အင်္ဂလိပ်စာစွမ်းရည်၊ သိပ္ပံဆိုင်ရာ တွေးခေါ်နိုင်စွမ်းနဲ့ သင်္ချာအခြေခံကို တစ်ပြိုင်နက်တည်း ခိုင်မာစေချင်ပါသလား?
✨ Pearson English
ကလေးများ၏ Listening, Speaking, Reading, Writing Skills များနဲ့ ကမ္ဘာနှင့်ဆက်သွယ်နိုင်မည့် English Communication Skills
🔬 Pearson Science
စူးစမ်းလေ့လာလိုစိတ်၊ မေးခွန်းထုတ်တတ်မှုနှင့် Critical Thinking Skills များ
➕ Power Maths
သင်္ချာကို နားလည်သဘောပေါက်စွာ သင်ယူနိုင်ရန် Problem Solving Skills နှင့် Logical Thinking Skills များကို မြှင့်တင်ပေးပါသည်။
📣စာအုပ်လေးတွေ မှာယူချင်တယ်ဆိုရင်တော့
📝Page messenger နဲ့ ☎️09880001680, 09767979263ကို အမည်၊ လိပ်စာအပြည့်အစုံ၊ ဖုန်းနံပါတ်ပေးပြီး မှာယူနိုင်ပါပြီရှင့်💁
မြန်မာပြည်အနှံ့ အိမ်အရောက်ငွေချေပို့ပေးပါတယ်ရှင့်။ အိမ်အရောက်ငွေချေမရသော နယ်မြို့များ ငွေကြိုလွှဲ စနစ်ဖြင့် 🚛ကားဂိတ်/ 📬စာတိုက်မှ ပို့ဆောင်ပေးပါတယ်ရှင့်
🌟အမြို့မြို့အနယ်နယ်ရှိ 🛒City Mart, Ocean Supercenter,My Page , စာပေလောကနှင့် စာအုပ်ဆိုင်များမှာ ဝယ်ယူရရှိနိုင်ပါသည်။
https://t.me/khitpyinnyarworkbook
https://youtube.com/?si=XwBwLNI7gre7d_An
https://www.tiktok.com/.pyin.nyar23?_t=8nu4R6KVgff&_r=1
#ခေတ်ပညာ
19/07/2026
"၁၉ ဇူလိုင် မမေ့နိုင်"
"(၇၉)ကြိမ်မြောက် အာဇာနည်နေ့"
၁၉၄၇ခုနှစ်၊ ဇူလိုင်လ ၁၉ရက်နေ့တွင် ကျဆုံးခဲ့သော အာဇာနည်ခေါင်းဆောင်ကြီးများအား ရိုသေစွာ ဦးညွှတ်အလေးပြုပါသည်။ #အာဇာနည်နေ့တို့မမေ့ #၁၉ဇူလိုင်မမေ့နိုင် #ခေတ်ပညာ