21/10/2022
ဒေဝါလီနေ့နဲ့ပတ်သတ်ပြီး သားသားမီးမီးလေးတွေကိုဲပြောပြချင်တဲ့ ဖေဖေမေမေတို့အတွက်တစ်ဆင့်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်ရှင့်
.......……...........…..............................
ဒီပါဝလီနေ့ (ခေါ်) ဒေဝါလီနေ့ ဆိုသည်မှာ
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
မြန်မာပြည်မှာတော့ ဒေဝါလီနေ့ (Diwali) လို့ လူသိများတဲ့ ပွဲတော်တစ်ခုကို အခြားနိုင်ငံအချို့မှာတော့ ဒီပါဝလီ (Deepavali) လို့ အသုံးများပါတယ်။ အိန္ဒိယနိုင်ငံ တောင်ပိုင်းနဲ့ မြောက်ပိုင်းတို့ရဲ့ အနည်းငယ်ကွဲလွဲတဲ့ အခေါ်ဝေါ်ဖြစ်ပေမယ့် တူညီတာကတော့ ဟိန္ဒူဘာသာဝင်တို့ရဲ့ မီးထွန်းပွဲတော် တစ်ခုပဲဖြစ်ပါတယ်။
.
ဒီပါဝလီနေ့ကို နိုင်ငံအတော်များများမှာ တရားဝင် အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်
ထာပြီး မြန်မာနိုင်ငံမှာလည်း ရုံးပိတ်ရက်အဖြစ် အသိမှတ်ပြုထားသော ရက်တစ်ရက်ဖြစ်သည်။
ဒီပ ရဲ့အဓိပ္ပါယ်က မီးအလင်းရောင်ဖြစ်ပြီး ဒီပဝါလီ ဆိုတာကတော့ ဆီမီးထွန်းညှိပူဇော်ခြင်းလို့ ဆိုပါတယ်။ မီးပူဇော်ခြင်းဖြင့် အလင်းဖြင့် အမှောင်ကို ခွင်းနိုင်သကဲ့သို့ အဆိုးအညံ့တွေရှိခဲ့ပါက ကောင်းခြင်းတို့
ရောက်လာခြင်း၊ လက်မှိုင်ချနေရတဲ့ အခြေနေတွေကို မျှော်လင့်ချက်တွေ ရရှိလာစေခြင်းဆိုတဲ့ အဓိပ္ပါယ်နဲ့ မီးပူဇော်ကြတာဖြစ်ပါတယ်။
ဒါကြောင့်မို့ ဒေပဝါလီညမှာ အိမ်ရှိ ဝင်ပေါက် ထွက်ပေါက် တံခါး၊ ပြတင်းပေါက်နဲ့ အဆောက်အအုံများအနီးပတ်ချာလည်မှာ ဆီမီးထွန်းညှိ ပူဇော်ကြပါတယ်။ ဒီပဝါလီည မရောက်ခင်မှာ ဘာသာဝင်များက အိမ်သန့်ရှင်းခြင်း၊ ကိုယ်လက်သန့်စင်ခြင်းတို့ ပြုလုပ်ပြီး ဒီပဝါလီညကို
ကြိုဆိုကြပါတယ်။
စာရင်းသစ်ဖွင့်ရာတွင်သောအခါ ဒီပါဝလီညက ပူဇော်ပွဲတွင် အသုံးပြုထားသော မှင်အိုးအသစ် ကလောင်အသစ် စာအုပ်အသစ်တို့ကို မင်္ဂလာရှိသောပစ္စည်းများအဖြစ် မှတ်ယူကာ အသုံးပြုကြသည်။ ဒီပါဝလီနေ့တွင်အရောင်းအဝယ်များနားသဖြင့် တစ်နှစ်စာ ပိုက်ဆံများကို ပိုက်ဆံသေတ္တာ
တွင်ထည့်ကာ ကုဝေရနတ်မင်းကြီးထံ အပ်နှံ၍ စောင့်ရှောက်မှု ခံယူသည်။
.
ရွှေပြားငွေပြားများကို ဖြန့်ခင်းကာ
လက်ခ်ျမီမယ်တော်အတွက် အခင်းအဖြစ်ပူဇော်သည်။
.
လက်ခ်ျမီမယ်တော်မှ အခင်းအဖြစ် ထိုင်တော်မူသွားသဖြင့် ရွှေငွေရတနာ
များသည် ကျက်သရေမင်္ဂလာပြည့်စုံကာ ဝတ်ဆင်သူများ ကိုင်တွယ်အသုံး
ပြုသူများ၊ မယ်တော်၏ တန်ခိုးတော်ကြောင့် ကျမ်းမာချမ်းသာကာ
ဘေးအန္တရာယ်ကင်းသည်ဟု ယူဆကြသည်။
အရောင်းအဝယ်စီးပွားရေးလုပ်ရာတွင် အသုံးပြုသော ချိန်ခွင်၊ ကတ္တား၊
ကိုက်တံ၊ ပေတံ၊ ပေကြိုး ချိန်ခွင်၊ ပြည်တောင်း၊ တင်းတောင်းများကိုလည်း
သေချာဆေးကြောသန့်စင်ကာ တုလာဒေဝီမယ်တော်ကို ပင့်ဖိတ်ကာ
ပူဇော်အပ်နှံပြီး အရောင်းအဝယ်ကောင်းပါစေကြောင်း အလှူဒါနများစွာ ပြုနိုင်ရပါစေကြောင်း ဆုတောင်းကြသည်။ ပူဇော်ရှိခိုးရာနေရာတွင်လည်း
ညလုံးပေါက် ဆီမီးများထွန်းညှိကာ တစ်ညလုံး ကျမ်းစာများ ရွတ်ဖတ်ကြသည်။
.
ထို့ကဲ့သို့ ညလုံးပေါက် ပူဇော်ကြပြီး ဆီမီးများ ထိန်ထိန်ငြီးအောင် ထွန်းညှိထားသောညဖြစ်သဖြင့် ဒီပဝါလီဟု ခေါ်ဆိုခြင်းဖြစ်သည်။
.
မေတ္တာဖြင့်
ဆရာမင်းသူပိုင် B.A(Psy:)ဗေဒင်နှင့်ယတြာ
…....…………...................................
ဒီပါ၀လီနေ့မြတ်အား ကြေညာခြင်း။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့သည် ဟိန္ဒူဘာသာ၀င်များ၏ အထွဋ်အမြတ်ထားရာ ဒီပါ၀လီပွဲတော်နေ့မြတ်ဖြစ်ပါသည်။
ဒီပါ၀လီညကို တစ်နှစ်ပတ်လုံးတွင် အမှောက်မိုက်ဆုံးညအဖြစ် မှတ်ယူကြပါသည်။
ထိုအမှောင်ထုကို အလင်းရောင်ဖြင့် အနိုင်ယူလိုသောအားဖြင့် ဆီမီးထွန်းညှိပူဇော်သောညမြတ်လည်းဖြစ်ပါသည်။
အမှောင်ထုပေါ် အလင်းရောင် က အနိုင်ယူသည့် သဘောကို ဆောင်ပါသည်။
ထို့ကြောင့် ဒီပါ၀လီသည် အမှောင်ထုအပေါ် အလင်းက အနိုင်ရခြင်း၊ အဓမ္မအပေါ် ဓမ္မက အနိုင်ရခြင်း၊ အတ္တအပေါ် အသိဉာဏ်ပညာက အနိုင်ရခြင်းအား ကိုယ်စားပြုကျင်းပသောနေ့မြတ်ဖြစ်သည်။
ဒီပါ - တောက်ပသောဆီမီး
အ၀လီ - အတန်းရှည်
ဒီပါ၀လီ - ဆီမီးတန်းရှည်ဟု အဓိပ္ပါယ် သက်ရောက်ပါသည်။
မြန်မာနိုင်ငံတော်နှင့်တကွ ကမ္ဘာတစ်ခုလုံးအပေါ်တွင် ဓမ္မတရားကသာ အောင်နိုင်ကြီးစိုးနိုင်ပါစေ။
Credit - Hindu ဘာသာရေး အသိပညာ
11/09/2022
သားသားမီးမီးတို့အတွက် Fruits & vegetables လေးတွေ
ပါရှင့်
photo crd
10/09/2022
အလုပ်အရမ်းများလို့ စိတ်တိုလွယ်တဲ့မေမေတွေ ဒေါသကို ဘယ်လိုထိန်းမလဲ။
မိခင်နဲ့ဖခင်တောင်မတူပါဘူး။ မိခင်ဖြစ်သူက အိမ်မှုကိစ္စ၊ ကလေးဝေယျာ၀စ္စ၊ လူကြီးဝေယျာ၀စ္စ၊ ငွေကြေးကိစ္စ၊ အလုပ်ကိစ္စ၊ အခြားမိသားစု၀င်တွေကိစ္စ စသဖြင့် မရိုးနိုင်အောင် ဖိစီးမှုမှန်သမျှကို ဦးနှောက်ထဲထည့်နိုင်သူတွေဖြစ်ကြပါတယ်။ အဲဒါကြောင့်လည်း မိခင်ဖြစ်သူက ပိုပြီး ဖိစီးမှုများ၊ အာရုံများတတ်ပြီး စိတ်တိုဒေါသထွက်လွယ်လာတတ်ပါတယ်။ အဲဒီလိုအလုပ်အရမ်းများလို့ စိတ်တိုဒေါသဖြစ်လွယ်တဲ့အခါ သားသမီးတွေကို သတိလက်လွတ်အော်ဟစ်မိတာမျိုး၊ အိမ်ထောင်ရေးမှာ စကားများရတာမျိုး၊ အမေမိဘ မောင်နှမကို မချေမငံပြန်ပြောမိတာမျိုးတွေ မကြာခဏဆိုသလို ဖြစ်လာနိုင်ပါတယ်။ ပြောရရင် စိတ်တိုစိတ်ဆတ်မှုကြောင့် ရန်တွေလိုမိနေတာမျိုးပေါ့။ အဲဒါကြောင့် အဲဒီလို အခြေအနေမျိုးမှာ ကိုယ့်စိတ်ကိုဘယ်လိုထိန်းမလဲဆိုတာလေးကို ဖော်ပြပေးလိုက်ပါတယ်။
၁) ကိုယ့်ကိုကိုယ်သိပါစေ။
ကိုယ့်ကိုကိုယ် နားလည်ဖို့လိုပါတယ်။ ဒီနေ့ အလုပ်တွေအရမ်းများလို့ စိတ်ရှုပ်နေလား၊ အိမ်မှုကိစ္စမှန်သမျှ စုပုံနေတာ ကိုယ်တစ်ယောက်တည်းဒိုင်ခံရှင်းနေရလို့ စိတ်က ဆတ်နေပြီလား။ ကိုယ့်အခြေအနေကိုယ်သိတယ်ဆိုတာနဲ့ ကိုယ့်ကိုကိုယ်ဘာလုပ်ရင် ဘယ်လိုစိတ်ထွက်ပေါက်ရမလဲဆိုတာ နားလည်ဖို့လွယ်ပါတယ်။ ကိုယ်ကတော့ မကြာခင် စိတ်တွေဖိစီးပြီး ပေါက်ကွဲမိတော့မယ်ဆိုတာမျိုးဆိုရင် ကိုယ့်ကိုစိတ်ပြေစေတဲ့အခြေအနေတစ်ခုခုကို လုပ်သင့်တယ်ဆိုတာ သိလာမှာဖြစ်ပါတယ်။
၂) အသက်ကိုခပ်ပြင်းပြင်းရှုလိုက်ပါ။
ကိုယ်စိတ်က တင်းကြပ်နေပြီ…..အဲဒီ့အချိန်မှာ ကလေးက တခုခုကို အမေးအမြန်းထူနေတာမျိုး ဒါမှမဟုတ် အမျိူးသားလုပ်သူက အလုပ်တွေတန်းစီပြီးလာခိုင်းနေတာမျိုး စသဖြင့်တခုခုလုပ်နေတယ်ဆိုရင် သေချာပါတယ်။ သင်ထိုလူအပေါ် သင့်ရဲ့တင်းကြပ်မှုတွေအကုန်ပေါက်ကွဲတော့မှာပါ။ အဲလို လက်မတင်အချိန်လေးမှာ သင့်ကိုယ်သင်ရိပ်စားမိနေတယ်ဆိုရင်တော့ သတိအနေအထားနဲ့ အသက်ကို ခပ်ပြင်းပြင်းရှုသွင်း၊ ရှုထုတ်လုပ်ကြည့်လိုက်ပါ။ မိနစ်ပိုင်းလောက် ခဏတဖြုတ် အသက်ခပ်ပြင်းပြင်းရှုသွင်းရှုထုတ်လုပ်လိုက်တဲ့အခါမှာ သင့်စိတ်တွေပြေလျော့သွားပါလိမ့်မယ်။
၃) ရေတစ်ခွက်လောက်သောက်လိုက်ပါ။
သင့်ကလေးက သင့်အခြေအနေကို နားမလည်ဘဲ မေးခွန်းတွေချည်း ဆက်တိုက်လာမေးနေတယ်ဆိုပါတော့။ ခဏလေး ဘာမှပြန်မပြောမိအောင်ထိန်းပြီး ရေတစ်ခွက်လောက် သောက်ချလိုက်ပါ။ အဲဒါက သင့်တင်းကြပ်မှုတွေကို အာရုံပြောင်းသွားစေပါတယ်။ ဒါမှမဟုတ်လည်း သင့်တင်းကြပ်နေတာတွေ၊ စိတ်တိုဒေါသထွက်နေတာတွေ အားလုံး ရေနဲ့မြောသွားပါလိမ့်မယ်။
၄) တစ်ယောက်တည်းဆိတ်ဆိတ်နေကြည့်လိုက်ပါ။
သင့်ကိုတခုခုလာပြောတာနဲ့ သင်ကစတင်ပြီး ဒေါသတကြီးအော်ဟစ်မိတော့မယ်ဆိုရင် အသံတိတ်လေးခဏတဖြုတ် နေကြည့်လိုက်ပါ။ ခဏတဖြုတ်လောက်ပဲဖြစ်ဖြစ် တစ်ယောက်တည်း ငြိမ်ငြိမ်လေးထိုင်နေလိုက်တာမျိုး၊ ခဏတဖြုတ် မှေးနေလိုက်တာမျိုး ဘယ်သူနဲ့မှ စကားမပြောဘဲ ဆိတ်ဆိတ်နေကြည့်လိုက်ပါ။ အဲဒီ့အချိန်လေးမှာ သင့်စိတ်တွေတည်ငြိမ်သွားပါလိမ့်မယ်။
၅) ပွေ့ဖက်ထားလိုက်ပါ။
ကလေးကို သင့်ရဲ့ဖိစီးမှုတွေကြားထဲကနေ အော်ဟစ်မိတော့မယ်ဆိုရင် အရင်ဆုံးမအော်ခင်ကလေးကို ခဏလောက်ဖက်ထားလိုက်ပါ။ ဘာဆိုဘာမှမပြောဘဲ ကလေးကိုဖက်ထားလိုက်ခြင်းက ကလေးနဲ့သင့်ကို နွေးထွေးမှုဖြစ်ပေါ်စေပြီး ဒေါသတကြီးပေါက်ကွဲချင်နေတဲ့စိတ်တွေလည်း အနည်ထိုင်သွားပါလိ့မ်မယ်။
မိခင်တွေက ပိုပြီးလည်း စိတ်ဖိစီးမှုကို ခံရပြီး ပိုပြီးလည်း တာ၀န်များအလုပ်များတဲ့သူမို့ ပိုပြီးလည်း စိတ်တိုဒေါသထွက်လွယ်ပါတယ်။ အဲဒီလိုပါပဲ….စိတ်တိုဒေါသထွက်ပြီးတိုင်းလည်း သနားမိ၊ စာနာမိ၊ အားနာမိတဲ့စိတ်တွေနဲ့ စိတ်မကောင်းဖြစ်၊ ယူကြုံးမရဖြစ်နေတတ်တာလည်း မိခင်တွေပါပဲ။ အဲဒါကြောင့် အလုပ်များတတ်တဲ့မေမေတွေ စိတ်ဖိစီးမှုတွေကြောင့် ဒေါသထွက်လွယ်၊ စိတ်ဆိုးလွယ်နေတယ်ဆိုရင် အထက်က အချက်လေးတွေလိုက်လုပ်ကြည့်လိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။
မေမေတို့ဖတ်ဖို့မှတ်ဖို့ ဗဟုသုတ ကလေးကျန်းမာရေး feeling
09/09/2022
Hello
Future Dream Pre School မှ
October လမှစ၍ Half-day တန်းခွဲအသစ်များ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါတယ်ရှင့်
International သင်ရိုးများကိုအရည်အချင်း ပြည့်ဝသော ဆရာ၊ဆရာမ များ အဆင့်မှီသင်ထောက်ကူများ အသုံးပြုပြီး သင်ကြားပေးသွားမည်ဖြစ်ပါတယ်ရှင့်။
ပထမဆုံးအပ်နှံသည့် ကလေးသုံးဦးအား 3month+1month(free) promotion လေးရှိပါတယ်ရှင့်🎉
ယခုအချိန်ကာလ တွင် မိဘများအတွက် ကျောင်းလခကို အသက်သာဆုံးသောလခနှင့် သားသားမီးမီး လေးများ အား International အဆင့်မှီ ပညာရေးသင်ကြားပေးနိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါတယ်ရှင့်
No registration fee
အသက် 4နှစ်မှ 7နှစ်အတွင်းရှိကလေးများအတွက်
အထူးရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါတယ်ရှင့်
International သင်ရိုး နှင့် မြန်မာသင်ရိုးပူးတွဲပါသော သင်တန်းလေးဖြစ်ပါတယ်ရှင့်
ကလေးများ၏ အသက်အရွယ်အလိုက်
Oxford English 4 skills(Reading, Writing, Speaking, Listening) 🔡🔠
Mathematics (Singapore curriculum)
Science (Cambridge curriculum)🌍
Critical Thinking❔❓
Physical exercise🏋
Dancing 💃
Arts and crafts 🎨
Music 🎧🎼🎤
ဒါတွေအပြင်
Myanmar
Moral
ဘာသာရပ်များပါပူးတွဲသင်ကြားပေးမည်ဖြစ်ပါတယ်ရှင့်
တစ်ဝိုင်းလျှင် -7 ယောက်သာလက်ခံသင်ကြားပေးမည်ဖြစ်ပါသည်။
အဓိက အချက်ကတော့ ကလေးငယ်များ ပျော်ပျော်ရွှင်ရွှင်ဖြင့် စာသင်ကြားနိုင်ရန်
တွေးခေါ်မှုစွမ်းရည် ပေါင်းသင်းဆက်ဆံမှုစွမ်းရည် လေ့လာမှတ်ယူနိုင်မှုစွမ်းရည်များကို အဓိကတိုးတက်စေရန် ရည်ရွယ်၍ သင်ကြားပေးမည်ဖြစ်ပါသည်။
ကလေးများ၏ လစဥ်တိုးတက်မှုမှတ်တမ်းများအား မိဘများကိုလစဥ်အသိပေးမည်ဖြစ်ပါသည်ရှင့်။
Address-သြဘာလမ်း ၊ကျောက်မြောင်းကြီးရပ်ကွက်၊တာမွေမြို့နယ်။
More details-09946654244