Learn With S.M.A - VVIP English Courses

Learn With S.M.A - VVIP English Courses Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Learn With S.M.A - VVIP English Courses, Language school, No-54-57, 3rd Floor, Daw Thein Tin Road, Mingalartaungnyunt Ts, Yangon.

အချိန် ၂လအတွင်း အင်္ဂလိပ်စကားပြောနည်းအခြေခံများကို တကယ်တတ်‌မြောက်အောင် အာမခံပြီးသင်ပေးနေတဲ့ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသောသင်တန်းဖြစ်ပြီး သင်တန်းကြေးမသွင်းခင် သင်ကြားမှုများကိုချပြထားတဲ့ မြန်မာနိုင်ငံရဲ့ အာမခံချက်အရှိဆုံး တခုတည်းသောသင်တန်းဖြစ်ပါတယ်။

18/08/2026

Learn English From Movies.








Phoneme ဆိုတာ ဘာလဲ?✅✅✅✅✅✅✅✅✅ဒီနေ့တော့ "Phonics" ကိုလေ့လာတဲ့အခါ မကြာခဏကြားရမယ့် စကားလုံးတစ်လုံးအကြောင်း ပြောကြရအောင်။အဲ့ဒ...
18/08/2026

Phoneme ဆိုတာ ဘာလဲ?
✅✅✅✅✅✅✅✅✅

ဒီနေ့တော့ "Phonics" ကိုလေ့လာတဲ့အခါ မကြာခဏကြားရမယ့် စကားလုံးတစ်လုံးအကြောင်း ပြောကြရအောင်။

အဲ့ဒါကတော့ "Phoneme"ဆိုတဲ့စကား လုံးပါပဲ။

ဟုတ်ပါတယ်။

တချို့ဆရာ၊ ဆရာမတွေက Phonics သင်တဲ့အခါ
“Letter ဆိုတာကို သိတယ်၊ Grapheme ဆိုတာလည်း သိပြန်တယ်။ အဲ ဒါပေမယ့် Phoneme က ဘာလဲ?”လို့‌ မေးလိုက်ရင်တော့ "ဟို...ဒီ...ဆိုပြီး နည်းနည်းရှုပ်တတ်ကြပါတယ်။

တကယ်တော့ "Phoneme"ကို အရမ်းခက်ခက်ခဲခဲ မတွေးပါနဲ့။

ကျွန်တော်တို့ ရိုးရိုးလေး စဉ်းစားကြည့်ရအောင်ဗျာ။

"Phoneme ဆိုတာ ဘာလဲ?

"Phoneme" ဆိုတာ စကားပြောတဲ့အခါ ကျွန်တော်တို့ “ကြားရတဲ့” အသံရဲ့ အသေးဆုံးယူနစ်တစ်ခုပါ။အသံရင်းမြစ်တခုရဲ့ အသေးဆုံးအသံလေးပါ။

ဒီနေရာမှာ “ကြားရတဲ့”ဆိုတဲ့ အသုံးကို မှတ်ထားစေချင်ပါတယ်။

ဘာလို့လဲဆိုတော့—

Grapheme ကို ကျွန်တော်တို့ “မြင်တယ်”။
Phoneme ကို ကျွန်တော်တို့ “ကြားတယ်”လို့နားလည်လိုက်ရင် ပွဲပြီးပါတယ်။ပိုရှင်းပြီး ပိုနားလည်သွားအောင် ထပ်ပြောပြပါမယ်။

ဒါကိုသာ သဘောပေါက်သွားရင် Grapheme နဲ့ Phoneme ဘာကွာလဲဆိုတာ အများကြီးရှင်းသွားပါပြီ။

ဥပမာ—

"cat" ဆိုတဲ့

ဒီစကားလုံးကို ကျွန်တော်တို့ရေးတဲ့အခါ
c - a - t ဆိုပြီး စာလုံးတွေကို မြင်ရပါတယ်။

ဒါတွေက "graphemes"တွေပါ။

ဒါပေမယ့် “cat” လို့ အသံထွက်လိုက်တဲ့အခါ

/k/ + /æ/ + /t/

ဆိုတဲ့ အသံ ၃ ခုကို ကြားရပါတယ်။

အဲဒီအသံတစ်ခုချင်းစီက "phoneme" ပဲဖြစ်ပါတယ်။

ဒါကြောင့်—

cat = 3 graphemes + 3 phonemes

လို့ ရိုးရိုးလေး မှတ်ထားလို့ရပါတယ်။

ဒါဆို Phoneme နဲ့ Letter က အတူတူပဲလား? ဆိုတော့

မတူပြန်ပါဘူး။

ဒီနေရာမှာ ဆရာ၊ ဆရာမတွေ အများဆုံးရှုပ်တတ်ကြတာလေးတွေ အသေးစိတ်ကျွန်တော်ထပ်ရှင်းပြပါ့မယ်။

"Letter" ဆိုတာက စာရေးတဲ့အခါ သုံးတဲ့ သင်္ကေတပါ။

"Phoneme"က စကားပြောတဲ့အခါ ကြားရတဲ့ အသံပါ။

ဥပမာပြောရမယ်ဆိုရင်ဗျာ

“b”"ဘီ"

ဒါကို စာလုံးအနေနဲ့ ကြည့်ရင် letter b (ဘီ) ပါ။

ဒါပေမယ့် အဲဒီ letter က ကိုယ်စားပြုတဲ့ အသံကို ပြောရင် /b/ ဖြစ်ပါတယ်။

အဲဒီတော့—

b = letter
/b/ = phoneme

ဆိုပြီး ခွဲခြားစဉ်းစားရပါမယ်။
ဒါပေမယ့် တစ်ခုသတိထားရမှာက

Phoneme တစ်ခုကို "letter တစ်လုံးတည်းနဲ့ပဲ ရေးရမယ်လို့ မဆိုလိုပါဘူး။

ဒီအချက်က အရမ်းအရေးကြီးပါတယ်။

ဥပမာ—

ship

ဒီစကားလုံးကို ကြည့်ပါ။

s - h - i - p

Letter စာလုံး ၄ လုံးရှိပါတယ်။

ဒါပေမယ့် အသံထွက်တဲ့အခါ—

/ʃ/ /ɪ/ /p/

အသံယူနစ်က ၃ ခုသာ ရှိပါတယ်။

ဘာကြောင့်လဲ?

"sh" ဆိုတဲ့ letter နှစ်လုံးက
/ʃ/ (ရှ်) ဆိုတဲ့ phoneme တစ်ခုကိုပဲ ကိုယ်စားပြုနေလို့ပါ။

ဒီဝောာ့ဗျာ

sh = grapheme
/ʃ/ = phoneme

လို့ ခွဲမှတ်လိုက်ရင်ရပြီပေါ့နော့။

ဒါကြောင့် "Grapheme နဲ့ Phoneme အရေအတွက်က အမြဲတမ်း တူနေမှာမဟုတ်ပါဘူး။

နောက်ထပ် စိတ်ဝင်စားစရာတစ်ခုက

တစ်ခါတလေ phoneme တစ်ခုတည်းကို grapheme အမျိုးမျိုးနဲ့ ရေးနိုင်ပါတယ်။ဒါကလည်းတော်တော်လေးစိတ်ဝင်စားစရားပါ ဆရာတို့ ဆရာမတို့

ဥပမာ /eɪ/ အသံကို ကြည့်ပါ။

rain မှာ "..ai.." နဲ့ ရေးထားတယ်။

"day" မှာ "..ay" နဲ့ ရေးထားတယ်။

cake မှာ ကျတော့ "a-e" နဲ့ ရေးထားပြန်တယ်။

ရေးပုံတွေက မတူပါဘူး။

ဒါပေမယ့် အသံကတော့ တူပါတယ်။

ဒီတော့—

ai → /eɪ/
ay → /eɪ/
a-e → /eɪ/

ဆိုပြီး အမျိုးမျိုးဖြစ်‌နေနိုင်ပါတယ်။

ဒီနေရာမှာ ကျွန်တော်တို့ အရင်ပြောခဲ့တဲ့ "Grapheme"အကြောင်းကို ပြန်သတိရဖို့လိုလာပါပြီ။

Grapheme နဲ့ Phoneme ကို ဒီလိုမှတ်ပါ

ကျွန်တော်ကတော့ ဆရာ၊ ဆရာမတွေကို ဒီလိုပဲ မှတ်ထားစေချင်ပါတယ်။

Grapheme = What we SEE

စာရေးထားတဲ့ သင်္ကေတ။

👂 Phoneme = What we HEAR

စကားပြောတဲ့အခါ ကြားရတဲ့ အသံ။

အလွယ်ဆုံးပြောရရင်—

"Graphemes are what we see.

Phonemes are what we hear. ပါပဲ။

ဒီနှစ်ခုရဲ့ ကွာခြားမှုကို သဘောပေါက် နားလည်သွားရင် Phonics ရဲ့ အခြေခံအယူအဆတော်တော်များများကို စတင်နားလည်လာပြီး လွယ်လွယ်ကူကူပြန်သင်ကြားပေးနိုင်မှာပါ။

YLE Teachers တွေအတွက် ဘာကြောင့် အရေးကြီးတာလဲ?

ကလေးတွေကို Phonics သင်တဲ့အခါ
စာလုံးကိုပဲ အလွတ်ကျက်ခိုင်းတာနဲ့ မပြီးပါဘူး။

ကလေးက

မြင်ရမယ် → အသံနဲ့ ချိတ်ဆက်ရမယ် → အသံတွေကို ပေါင်းရမယ် → စကားလုံးကို ဖတ်နိုင်ရမယ်။

ဥပမာဗျာ

c → /k/
a → /æ/
t → /t/

ပြီးတော့—

/k/ + /æ/ + /t/

ဆိုပြီး blend လုပ်လိုက်တဲ့အခါ

"cat"

ဆိုတဲ့ စကားလုံးကို ဖတ်နိုင်လာပါတယ်။

ဒီလို
grapheme ↔ phoneme relationship ကို ကလေးတွေ သေချာနားလည်လာတာက reading development အတွက် အရမ်းကိုအရေးကြီးပါတယ်။

ဒါဆို Phoneme ဘယ်နှခုရှိလဲ?

ဒီမေးခွန်းက ဆရာ၊ ဆရာမတွေ မကြာခဏမေးကြတဲ့ မေးခွန်းတစ်ခုပါ။

English မှာ phoneme အရေအတွက်ကို သတ်မှတ်တဲ့နည်းလမ်းနဲ့ accent အပေါ်မူတည်ပြီး အနည်းငယ်ကွာခြားနိုင်ပါတယ်။

အများအားဖြင့် English ကို သင်ကြားရာမှာ "around 44 phonemes" လို့ ပြောလေ့ရှိကြပါတယ်။

အဲဒီ phonemes တွေကို အကြမ်းဖျင်းအားဖြင့်—

👉Vowel sounds
👉Consonant sounds

ဆိုပြီး ခွဲလို့ရပါတယ်။

ပြီးတော့ vowel sounds တွေထဲမှာ—

✅Short vowels
✅Long vowels
✅Diphthongs

စတာတွေ ပါလာပါတယ်။

ဒီအပိုင်းတွေကိုတော့ နောက်ပိုင်းမှာ တစ်ခုချင်းစီ သီးသန့်ပြောရင် ပိုနားလည်လွယ်ပါလိမ့်မယ်ဆိုတော့ နောက်ထပ်တင်မယ့်ဆောင်းပါးတွေကို မလွတ်တမ်းထပ်ဖတ်ပေးဖို့ တိုက်တွန်းပါရစေ

ဆရာ၊ ဆရာမတွေအတွက် အရေးကြီးဆုံးအချက်

Phonics သင်တဲ့အခါမှာ

Letter → Sound

ဆိုတာကိုပဲ သင်ပေးနေမယ်ဆိုရင် အခြေခံအပိုင်းတစ်ခုတော့ ရပါတယ်။

ဒါပေမယ့် ပိုပြီးနက်နက်ရှိုင်း
ရှိုင်းသွားမယ်ဆိုရင်တော့

Letter → Grapheme → Phoneme → Blend → Word → Reading

ဆိုတဲ့ ဆက်စပ်မှုကို နားလည်ထားဖို့ လိုပါတယ်။

အထူးသဖြင့် YLE ကလေးတွေကို သင်တဲ့အခါ
“ဒီစာလုံးက ဒီအသံထွက်တယ်” လို့ အလွတ်ကျက်ခိုင်းတာထက်

👉“What can you see?”

👉“What sound can you
hear?”

👉“Can you blend the sounds?”

ဆိုပြီး ကလေးကို စဉ်းစားခိုင်းတာက ပိုကောင်းမယ်မဟုတ်လား?

နောက်ဆုံး တစ်ကြောင်းတည်းနဲ့ မှတ်မယ်ဆိုရင်တော့

Grapheme က စာထဲမှာ ကျွန်တော်တို့ မြင်ရတဲ့အရာ။letter အစုအဝေး။

Phoneme က စကားထဲမှာ ကျွန်တော်တို့ ကြားရတဲ့အရာ။

ဒီနှစ်ခုကြားက ဆက်နွယ်မှုကို ကောင်းကောင်းနားလည်သွားပြီဆိုရင်
Phonics ကို သင်ကြားရာမှာ နောက်တစ်ဆင့်တက်ဖို့ တံခါးတစ်ချပ် ပွင့်သွားပါပြီ။

ဒါကြောင့် Phonics သင်တဲ့ ဆရာ၊ ဆရာမတွေက Phoneme ဆိုတာကို ကိုယ်တိုင်ရှင်းရှင်းလင်းလင်း နားလည်ထားဖို့ အရေးကြီးပါတယ်။

နောက်တစ်ဆင့်မှာတော့—

“Phoneme ဘယ်နှမျိုးရှိသလဲ? Vowel Phonemes နဲ့ Consonant Phonemes ဘာကွာသလဲ?”

ဆိုတာကို ဆက်ပြီး အနားမှာထိုင်ရှင်းပြသလို ဆက်ပြောကြရအောင်ဗျာ။ 😊

Phonics ကို သင်တာဟာ စာလုံးတွေကို အလွတ်ကျက်ခိုင်းတာမဟုတ်ပါဘူး။
ကလေးတွေကို “စာလုံးနဲ့အသံကြားက ဆက်နွယ်မှု” ကို နားလည်အောင် သင်ပေးတာဖြစ်ကြောင်း ဆရာတို့၊ဆရာမတို့ကို သိစေချင်ပါတယ်ခင်ဗျာ။

မကြာခင်မှာဖွင့်လှစ်သွားမယ့် YLE Teachers တွေအတွက်ရည်ရွယ်ထားတဲ့

"How To Teach Phonics for YLE Teachers ရက်တိုသင်တန်းကို တက်ရောက်ချင်တယ်ဆိုရင်တော့

m.me/Learnwithsmavvip

ကနေဖြစ်ဖြစ်

09960768868

09959786786တို့ကိုဖုန်းခေါ်ဆိုဆက်သွယ်ပြီးပဲ ဖြစ်ဖြစ်စာရင်းပေးသွင်းထားနိုင်ပြီဖြစ်ကြောင်း ကြေငြာမောင်းခတ်လိုက်ရပါတယ်ခင်ဗျာ။

U Soe Moe Aung

Licensed Tour Guide
(English)

G-9208

Learn With S.M.A - VVIP English Courses











18/08/2026

လာမယ့် ဖေဖော်ရီလကနေစပြီး English 4 Skills For Kids English Language Class နှင့် Phonics Classများကို စတင်ဖွင့်လှစ်သွားမှာမို့ မိမိကလေးငယ်များအတွက် ကြိုတင်အပ်နှံလိုသူများ စာရင်းပေးသွင်းထားနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

ကိုယ်ပိုင်ကျောင်းများအတွက် English 4 Skills or 2 Skills( Speaking & Listening) ကို အမှန်တကယ် တတ်မြောက်အောင် Learn With S.M.A က Qualified Teachers တွေကိုသာ ခန့်အပ်ပြီး စာသင်နှစ်တနှစ်လုံး သို့မဟုတ် စာသင်နှစ်ဝက် စနစ်တကျလေ့ကျင့်သင်ကြားပေးနေတဲ့ Program များလည်းရှိတာမို့ ကျောင်းတည်ထောင်သူများဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

စိတ်ပါဝင်စားတဲ့ ကိုယ်ပိုင်ကျောင်းတည်ထောင်သူများအနေနဲ့ Private School Program ရဲ့ Director

U Soe Moe Aung

Licensed Tour Guide
(English) ထံဆက်သွယ်ပြီး Program အကြောင်းအသေးစိတ်ဆွေးနွေးမေးမြန်းစုံစမ်းနိုင်ပါတယ်။

09960768868
09959786786

m.me/lLearnwithsmavvip





17/08/2026

သတင်းကောင်းလေးလာပါပြီ
လာမယ့် ဖေဖော်ရီလကနေစပြီး English 4 Skills For Kids English Language Class ကို စတင်ဖွင့်လှစ်သွားမှာမို့ မိမိကလေးငယ်များအတွက် ကြိုတင်အပ်နှံလိုသူများ စာရင်းပေးသွင်းထားနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

လက်ရှိမှာတော့ အလိမ္မာဂုဏ်ရည် ကိုယ်ပိုင်အလယ်တန်းကျောင်း(ဒေါ်သိန်းတင်လမ်း)က ကျောင်းသား၊‌ ကျောင်းသူ သားငယ်၊သမီးငယ်လေးများရဲ့ ကိုယ်ရထားတဲ့ Verb လေး‌တွေကိုပဲ ပြန်သုံးပြီး စကားအဖြစ် သွက်လက်စွာ "Daily Routine"ပြန်ပြောစေတဲ့ အစီစဉ်လေးပဲဖြစ်ပါတယ်။

ကိုယ်ပိုင်ကျောင်းများအတွက် English 4 Skills or 2 Skills( Speaking & Listening) ကို အမှန်တကယ် တတ်မြောက်အောင် Learn With S.M.A က Qualified Teachers တွေကိုသာ ခန့်အပ်ပြီး စာသင်နှစ်တနှစ်လုံး သို့မဟုတ် စာသင်နှစ်ဝက် စနစ်တကျလေ့ကျင့်သင်ကြားပေးနေတဲ့ Program များလည်းရှိတာမို့ ကျောင်းတည်ထောင်သူများဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

ကလေးတွေရဲ့ ရောက်ရှိနေတဲ့ Level ပေါ်မူတည်ပြီး Group ငါးခုခွဲကာ အရည်အ‌သွေးပြည့်ဝတဲ့ ဆရာ၊ဆရာမအင်အားပြည့်ဝစွာ သုံးပြီး မတတ်မချင်း စနစ်တကျသင်ကြားလေ့ကျင့်ပေးတဲ့ Program ဖြစ်ပါတယ်။

စိတ်ပါဝင်စားတဲ့ ကိုယ်ပိုင်ကျောင်းတည်ထောင်သူများအနေနဲ့ Private School Program ရဲ့ Director

U Soe Moe Aung

Licensed Tour Guide
(English) ထံဆက်သွယ်ပြီး Program အကြောင်းအသေးစိတ်ဆွေးနွေးမေးမြန်းစုံစမ်းနိုင်ပါတယ်။

09960768868
09959786786

m.me/lLearnwithsmavvip














17/08/2026

ရုပ်ရှင်ဇာတ်ကားများထဲမှ တကယ့်အင်္ဂလိပ်စကားများ

16/08/2026

အလိမ္မာဂုဏ်ရည်ကိုယ်ပိုင်အလယ်တန်းကျောင်း(ဒေါ်သိန်းတင်လမ်း၊ကန်တော်လေး၊ရန်ကုန်မြို့)ဆိုတာ ယခုနှစ်မှစတင်၍ဖွင့်လှစ်လိုက်တဲ့ ကျောင်းဖြစ်ပါတယ်။

လာမယ့်စာသင်နှစ်မှာတော့ အလိမ္မာဂုဏ်ရည်အနေနဲ့ တာမွေမြို့နယ်မှာ ကိုယ်ပိုင်အထက်တန်းကျောင်းကြီးတစ်ကျောင်းကို ထပ်မံဖွင့်လှစ်သွားဖို့ပြင်ဆင်နေပါတယ်။

အလိမ္မာဂုဏ်ရည်မှာ မြန်မာကျောင်းသူကျောင်းသားတွေအတွက်ကြီးမားတဲ့ပညာရေးမျှော်မှန်းချက်ကြီးတခု ခိုင်ခိုင်မာမာချမှတ်ထားပါတယ်။အဲ့ဒါကတော့ အလိမ္မာဂုဏ်ရည်မှာတက်ရောက်တဲ့ ကျောင်းသား၊ကျောင်းသူတိုင်း အင်္ဂလိပ်စာ အမှန်တကယ်တတ်မြောက်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။

English 4 Skills ကို ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝတဲ့ ဆရာ၊ဆရာမအင်အားစုတွေကို သီးသန့်ထားရှိပြီး စနစ်တကျ သင်ယူလေ့ကျင့်စေခြင်းဖြစ်ပါတယ်။

International School တက်မှ English စာ၊အင်္ဂလိပ်စကားတကယ်တတ်မှာမဟုတ်ပါဘူး။အလိမ္မာဂုဏ်ရည်မှာ English 4 Skills ကို ဘယ်လိုသင်ကြားလေ့ကျင့်ပေးနေသလဲဆိုတာကို အပတ်စဉ် တနင်္လာ၊အင်္ဂါ၊‌ဗုဒ္ဓဟူး မနက် ၉နာရီကနေ ၁၀နာရီအတွင်း ကျောင်းသားမိဘများကိုယ်တိုင်ကိုယ်ကျ လာရောက်လေ့လာနိုင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

#အလိမ္မာဂုဏ်ရည်ကိုယ်ပိုင်ကျောင်း
#အလိမ္မာဂုဏ်ရည်
#ရန်ကုန်မြို့






15/08/2026

အလိမ္မာဂုဏ်ရည် ကိုယ်ပိုင်အလယ်တန်းကျောင်းနဲ့ Learn With S.M.A ရဲ့ Private School English 4 Skills Program စတင်အကောင်အထည်ဖော်ဖြစ်ခဲ့တဲ့ တတိယမြောက်ရက်သတ္တပတ်တုန်းက ရလာဒ်လေးတွေပဲဖြစ်ပါတယ်။

ကိုယ်ရထားတဲ့ English Verbs လေးတွေနဲ့ တနေ့တာလုပ်ဆောင်ချက်လေးတွေကို အတန်းရှေ့ထွက်ပြောခိုင်းစေပါတယ်။

ဒီလိုလုပ်ခိုင်းခြင်းဖြင့် ကျောင်းသားကျောင်းသူ တ‌ဦးချင်းစီရဲ့ Public Speaking Ability ကို အလွန်တိုးတက်စေပြီ ငါတို့လုပ်နိုင်တယ်ဆိုတဲ့ မိမိကိုယ်ကိုယ်ယုံကြည်မှုကို တိုးပွားစေပါတယ်။

စာနဲ့ စကားကြား ဘာကွာခြားသလဲဆိုတာကို သင်ပေးစရာကိုမလိုပဲ ကလေးတွေကိုယ်တိုင်သိမြင်နားလည်သွားပါတယ်။

ကိုယ်ပိုင်ကျောင်းတည်ထောင်ထားသူတွေအနေနဲ့ မိမိတို့ကျောင်းမှာ English 4 skills အမှန်တကယ်တတ်မြောက်စေချင်တယ်ဆိုရင် Learn With S.M.A Private School 4 Skills Program ကို ပူးပေါင်းအကောင်အထည်ဖော်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

U Soe Moe Aung

Licensed Tour Guide
G-9208

09960768868
09959786786








15/08/2026

အလိမ္မာဂုဏ်ရည် ကိုယ်ပိုင်အလယ်တန်းကျောင်းက သားသားရဲ့ ကိုယ်ရတဲ့ Verb လေး‌တွေကိုပဲ ပြန်သုံးပြီး စကားအဖြစ်ပြန်ပြောတာ ချစ်ဖို့ကောင်းနေရော 😘

ကိုယ်ပိုင်ကျောင်းများအတွက် English 4 Skills or 2 Skills( Speaking & Listening) ကို အမှန်တကယ် တတ်မြောက်အောင် Learn With S.M.A က Qualified Teachers တွေကိုသာ ခန့်အပ်ပြီး စာသင်နှစ်တနှစ်လုံးစာသင်ကြားလေ့ကျင့်ပေးနေတဲ့ Program လေးပဲဖြစ်ပါတယ်။

ကလေးတွေရဲ့ ရောက်ရှိနေတဲ့ Level ပေါ်မူတည်ပြီး Group ငါးခုခွဲကာ အရည်အ‌ သွေးပြည့်ဝတဲ့ ဆရာ၊ဆရာမအင်အားပြည့်ဝစွာ သုံးပြီး မတတ်မချင်း စနစ်တကျသင်ကြားလေ့ကျင့်ပေးတဲ့ Program ဖြစ်ပါတယ်။

စိတ်ပါဝင်စားတဲ့ ကိုယ်ပိုင်ကျောင်းတည်ထောင်သူများအနေနဲ့ Private School Program ရဲ့ Director

U Soe Moe Aung

Licensed Tour Guide
(English) ထံဆက်သွယ်ပြီး Program အကြောင်းအသေးစိတ်ဆွေးနွေးမေးမြန်းစုံစမ်းနိုင်ပါတယ်။

09960768868
09959786786

m.me/lLearnwithsmavvip










Address

No-54-57, 3rd Floor, Daw Thein Tin Road, Mingalartaungnyunt Ts
Yangon
11211

Opening Hours

Monday 10:00 - 21:00
Tuesday 10:00 - 21:00
Wednesday 10:00 - 21:00
Thursday 10:00 - 21:00
Friday 10:00 - 21:00
Saturday 10:00 - 21:00
Sunday 10:00 - 21:00

Telephone

+959887788761

Alerts

Be the first to know and let us send you an email when Learn With S.M.A - VVIP English Courses posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Learn With S.M.A - VVIP English Courses:

Shortcuts

Share