DBU International College

DBU International College Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from DBU International College, Education, DBU IC ( Lakeview Tower ), General Aung San Park, Kandawgyi National Park, Nat Mauk Street, Bahan Township, Yangon.

အားဆေး (၁၀) မျိုး စိတ်ဓာတ်ကျတဲ့အခါ ဒီအားဆေး (၁၀)မျိုးကို သောက်ပြီး ခရီးဆက်လျှောက်နိုင်ပါစေ(၁) သူတစ်ပါးရှေ့မှာ ရောက်ရှိနေ...
13/08/2026

အားဆေး (၁၀) မျိုး

စိတ်ဓာတ်ကျတဲ့အခါ ဒီအားဆေး (၁၀)မျိုးကို သောက်ပြီး ခရီးဆက်လျှောက်နိုင်ပါစေ

(၁) သူတစ်ပါးရှေ့မှာ ရောက်ရှိနေတဲ့ သင်ဟာ လမ်းပိတ်သူမဖြစ်စေဘဲ လမ်းပြပေးသူဖြစ်အောင် ကြိုးစားပါ။

(၂) အောင်မြင်မှုဆိုတာ အချိန် နဲ့ နေရာပေါ် မတည်ပါဘူး။ အားကိုးထိုက်သူဖြစ်အောင် ကြိုးစားနေမှ သင်ရဲ့ လုပ်ငန်းခွင်မှာ ယုံကြည်ထိုက်သူဖြစ်လာမှာပါ။ ထာ၀ရ ရပ်တည်နိုင်ဖို့ ကြိုးစားမှုပေါ်မှာပဲ မူတည်ပါတယ်။

(၃) အရှုံးတွေနဲ့တွေ့ချိန် စိတ်ညစ်နေသလား ။ အဲဒီအရှုံးထဲက ရခဲ့တဲ့သင်ခန်းစာတွေဟာ နောက်တစ်ကြိမ်အတွက် အမြတ်တွေပါ။ ဘာကိုမှ စိတ်ဓာတ်မကျပါနဲ့။ အခက်အခဲ ဆိုရင် ရင်ကော့ပြီး ရင်ဆိုင်ပစ်လိုက်ပါ။

(၄) အတင်းပြော ကဲရဲ့မှာကို ကြောက်နေသလား။ ကိုယ့်လိပ်ပြာကိုယ်လုံရင်ပဲ ကျေနပ်စရာမို့ သင့်လမ်းကို သင်ဆက်လျှောက်ပါ။ လမ်းမှာဟောင်သမျှ ခွေးတိုင်းကိုသာ ခဲနဲ့ထုနေမယ်ဆိုရင် သင်သွားချင်တဲ့ ခရီးရဲ့ ပန်းတိုင်ကို ရောက်မှာမဟုတ်တော့ဘူး။

(၅) အဆိပ်ရှိတဲ့သတ္တဝါ၊ ဦးချိုထောင်တဲ့သတ္တဝါ၊ ဆင်ခြင်မှုတရားနည်းပါးသူ ထိုသုံးမျိုးကို တွေ့လျှင် ဝေးဝေးကရှောင်ပါ။ ထိုသုံးမျိုးက သင့်ကို သွေးမျက်ရည်ကျစေနိုင်ပါတယ်။

(၆) လောဘကြီးသူ၊ အယုံလွယ်သူ၊ အားနာတတ်သူ၊ သနားတတ်သူ မဖြစ်အောင် သတိထားစဉ်းစားပါ။ ထိုသူများဟာ လူလိမ်အများဆုံးခံရသူတွေ ဖြစ်ပါတယ်။

(၇) နေချင်သလိုမဖြစ်လို့ ဖြစ်သလိုမနေလိုက်ပါနဲ့။ ရခဲလှတဲ့ ဘဝတစ်ခုကို သင်ကိုယ်တိုင်မှ တန်ဖိုးမထားတတ်ရင် လူဖြစ်ရှုံးလိမ့်မယ်။

(၈) မိမိအလင်းရောင်နဲ့ မိမိဘဝကို ထွန်းလင်းအောင်ကြိုးစားပါ။ ရယူလိုက်ရလို့ ပျော်ရတာထက် ပေးလိုက်ရလို့ ပျော်တဲ့သူကသာ ပျော်ရွှင်မှုအစစ်၊
ပိုင်ဆိုင်မှုအစစ်ဖြစ်တယ်။

(၉) မိမိရဲ့ ပျော်ရွင်မှုက သူတစ်ပါးရဲ့ မျက်ရည်တွေ မဖြစ်ပါစေနဲ့။ မလုပ်သင့်မှန်းသိရက်နဲ့ ခဏပျော်ဖို့ကို ဦးစားပေးပြီး လုပ်လိုက်ရင် ပိုစိတ်ဆင်းရဲရလိမ့်မယ်။

(၁၀) သင့်မျက်နှာမှာ အပြုံးတစ်ပွင့် တပ်ဆင်လိုက်ပါ။ အောင်မြင်ခြင်း၊ ပျော်ရွင်ခြင်းတို့အတွက် လှေကားထစ်
တစ်ခုဖြစ်လာပါလိမ့်မယ်။ သင့်ရင်ထဲ ဝမ်းနည်းနာကျင်နေချိန်မှာတောင် ပြုံးနိုင်ခဲ့မယ်ဆိုရင် သင်ဟာ ရင့်ကျတ်သူဖြစ်လာပါပြီ။

သင်သာလျှင်လောက၌ အမြင့်မြတ်ဆုံး

လူတိုင်းရဲ့ ရင်ထဲမှာ ကောင်းတဲ့ စိတ်တစ်လှည့် ဆိုးတဲ့ စိတ်တစ်လှည့် နေထိုင်လှုပ်ရှားပါတယ်။ လောကမှာ စိတ်ကြောင့် အကျိုးမဲ့ ဆင်းရဲဒုက္ခရောက်သလို
စိတ်ကြောင့်ပဲ ကောင်းကျိုးချမ်းသာရတတ်တယ်။

မကောင်းတဲ့ စိတ်ကြီးစိုးရင် အမှားတွေ ထပ်ဆင့်ထပ်ဆင့်လုပ်မိကြပါတယ်။ ဒီလိုအခါမျိုးတွေမှာ စဉ်းစားချိန်တိုးနိုင်ဖို့ဒီစာလေးကို ရေးသားပေးလိုက်ပါတယ်။


ထပ်ဆင့်ဝေမျှပါသည်။

𝐓𝐢𝐧 𝐙𝐚𝐧 𝐊𝐲𝐚𝐰
Founder & Chairman
𝐃𝐁𝐔 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞

❝  လျှောက်ချင်တဲ့လမ်းကို လျှောက်ဖို့အတွက်လျှောက်သင့် လျှောက်ထိုက်တဲ့လမ်းကို လျှောက်ပြီးမှလျှောက်ချင်တဲ့ လမ်းကိုလျှောက်လိ...
12/08/2026

❝ လျှောက်ချင်တဲ့လမ်းကို လျှောက်ဖို့အတွက်
လျှောက်သင့် လျှောက်ထိုက်တဲ့လမ်းကို လျှောက်ပြီးမှ
လျှောက်ချင်တဲ့ လမ်းကိုလျှောက်လို့ရတယ်.. ❞

𝐓𝐢𝐧 𝐙𝐚𝐧 𝐊𝐲𝐚𝐰
Founder & Chairman
𝐃𝐁𝐔 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞

🎓 B.Tech ဘွဲ့ဖြင့် အနာဂတ် အလုပ်အကိုင် အခွင့်အလမ်းများကို ဆုပ်ကိုင်လိုက်ပါ!B.Tech ဘွဲ့ကို ရယူပြီးနောက် အောက်ပါ နည်းပညာဆို...
10/08/2026

🎓 B.Tech ဘွဲ့ဖြင့် အနာဂတ် အလုပ်အကိုင် အခွင့်အလမ်းများကို ဆုပ်ကိုင်လိုက်ပါ!

B.Tech ဘွဲ့ကို ရယူပြီးနောက် အောက်ပါ နည်းပညာဆိုင်ရာ အောင်မြင်သော အသက်မွေးဝမ်းကျောင်း လမ်းကြောင်းများကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်-

• 💻 Programmer & Web Developer
• 📊 Business Intelligence & IT Consultant
• 🎧 Information Technology Support Specialist
• 🚀 Tech Entrepreneur

✨ သင့်ဘဝ၏ အောင်မြင်သော အနာဂတ်အတွက် ခိုင်မာသည့် အခြေခံအုတ်မြစ်ကို ဒီနေ့ပဲ စတင် တည်ဆောက်လိုက်ပါ။

☎️ 𝗛𝗼𝘁𝗹𝗶𝗻𝗲: 09 880 948 574, 09 880 948 576

🏢 𝗖𝗮𝗺𝗽𝘂𝘀 𝟏:တိုက်နံပါတ် (၇)၊ မြန်မာ့ဂုဏ်ရည်အိမ်ရာ၊ အထက်ပန်းဆိုးတန်းလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။
🏢𝗖𝗮𝗺𝗽𝘂𝘀 𝟮: Lakeview Tower၊ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံ၊ ကန်တော်ကြီး ပန်းခြံ၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

🦅 အနာဂတ်ဉာဏ်ပညာအလင်း ထွန်းလင်းမယ့် 𝐃𝐁𝐔 𝐈𝐂 🦅

❝ ပြောဆိုဆက်သွယ်ခြင်းက အောက်စီဂျင်လိုပါပဲသူမရှိရင် ကျွန်တော်တို့အားလုံး သေဆုံးသွားနိုင်ပါတယ် ❞ 𝐓𝐨𝐧𝐲 𝐆𝐚𝐬𝐤𝐢𝐧Motivational s...
08/08/2026

❝ ပြောဆိုဆက်သွယ်ခြင်းက
အောက်စီဂျင်လိုပါပဲသူမရှိရင်
ကျွန်တော်တို့အားလုံး သေဆုံးသွားနိုင်ပါတယ် ❞

𝐓𝐨𝐧𝐲 𝐆𝐚𝐬𝐤𝐢𝐧
Motivational speaker and author

ကိုယ့်ရဲ့ပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီးရယူပါ။ လူတွေဟာ သူတို့ရဲ့ ပျော်ရွှင်မှုကို သူများတွေလက်ထဲ ထည့်ထားပြီးတော့ မပျော...
07/08/2026

ကိုယ့်ရဲ့ပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီးရယူပါ။

လူတွေဟာ သူတို့ရဲ့ ပျော်ရွှင်မှုကို သူများတွေလက်ထဲ ထည့်ထားပြီးတော့ မပျော်ရွှင်ကြရဘူးလို့ ညည်းညူကြတယ်။

အခု ကိုယ်မပျော်ရွှင်ရခြင်း အကြောင်းတွေကို စာရင်းချကြည့်ပါ။

၁။ ကိုယ့်ကိုဂရုမစိုက်လို့၊

၂။ ကိုယ့်ကို ရာထူးနေရာမပေးလို့၊

၃။ ကိုယ့်ကို လစာ မတိုးပေးလို့၊

၄။ ကိုယ့်ကို ဆူလွန်း ပြောလွန်းလို့၊

၅။ ကိုယ့်ကို ပြန်မချစ်လို့၊

၆။ ကိုယ့်ကို စကားပြန်မပြောလို့၊

၇။ ကိုယ်ကို နှိမ်ပြီး မခေါ် မပြောကြလို့၊

၈။ ကိုယ့်ကို အထင်အမြင်သေးကြလို့၊

၉။ ကိုယ့်ကို ဦးစားမပေးလို့၊

၁၀။ ကိုယ့်အကြောင်း အတင်းပြောကြလို့၊

၁၁။ ကိုယ့်ကို မလေးမစား ဆက်ဆံကြလို့၊

အစရှိသဖြင့် သူများအပေါ်မှာ မှီခိုနေရတဲ့ ကိုယ့်ရဲ့ မပျော်ရွှင်ခြင်းအကြောင်းအရာတွေက ကုန်တောင်မကုန်နိုင်ပါဘူး။

ကိုယ့်ရဲ့ပျော်ရွှင်မှုကို သူများက ဖန်တီးပေးမှရမယ်ဆိုရင်
ကျွန်တော်တို့ရဲ့ နေ့ရက်အများစုက မပျော်ရွှင်ရခြင်းတွေနဲ့
အဆုံးသတ်ရဖို့များပါတယ်။

ဘာကြောင့်လဲဆိုတော့ လူတွေကလည်း တစ်နေ့တစ်နေ့
ကိုယ့်အပူနဲ့ကိုယ်လှုပ်ရှားနေကြရတာဆိုတော့ ကိုယ်တိုင်လည်း ရုန်းကန်နေရချိန်မှာ တခြားသူတစ်ယောက်ကို နေ့တိုင်းအချိန်တိုင်း ပျော်ရွှင်နေအောင်လုပ်ပေးနိုင်မှာ မဟုတ်
ပါဘူး။

ကိုယ့်ရဲ့ပျော်ရွှင်မှုအတွက်တခြားသူတွေဆီမှာတာဝန်မရှိဘူး။

ကိုယ်တိုင်ပဲတာဝန်ရှိတယ်လို့မြင်လာနိုင်ရင် တခြားသူတွေအပေါ်စိတ်တိုရတာရော၊ ဝမ်းနည်းရတာတွေရော
လျော့နည်းလာပါလိမ့်မယ်။

ကိုယ့်ပျော်ရွှင်မှုအတွက်ကိုယ်တိုင်သာတာဝန်ယူပါ။

တခြားသူတွေလက်ထဲမှာကိုယ့်ပျော်ရွှင်မှုတွေကိုမပေးထားပါနဲ့။

ကိုယ့်ပျော်ရွှင်မှုနဲ့ဝမ်းနည်းမှုတွေကိုကိုယ်တိုင်ဖန်တီးနိုင်ပါတယ်။❤️

Credit: မူရင်းရေးသားသူ
(ငယ်သူငယ်ချင်း မဝင်းဝင်းဆွေ ထံမှ ထပ်ဆင့်ကူးယူဖော်ပြပါသည်။)

𝐓𝐢𝐧 𝐙𝐚𝐧 𝐊𝐲𝐚𝐰
Founder & Chairman
𝐃𝐁𝐔 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞

06/08/2026

🎉 Happy Birthday, Tr. Theint Thinzar! 🌸✨

ယနေ့ကျရောက်သော မွေးနေ့မှစ၍ နောင်နှစ်ပေါင်းများစွာတိုင် ကျန်းမာချမ်းသာပြီး စိတ်ချမ်းမြေ့ပျော်ရွှင်မှုများနှင့်အတူ အောင်မြင်မှုအသစ်များကို အစဉ်အမြဲ ရရှိပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 💐

ဆရာမ၏ စေတနာအပြည့်ဖြင့် မျှဝေပေးနေသော သင်ကြားပို့ချမှုများသည် တပည့်များ၏ ဘဝခရီးလမ်းတွင် အလင်းရောင်တစ်စင်းအဖြစ် အမြဲတမ်း လင်းလက်နေပါစေ။ တပည့်များ၏ ချစ်ခင်လေးစားမှုနှင့် လုပ်ဖော်ကိုင်ဖက်များ၏ ယုံကြည်လေးစားမှုကိုလည်း အစဉ်အမြဲ ရရှိပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

မွေးနေ့မှစ၍ နေ့ရက်တိုင်း ပျော်ရွှင်ချမ်းမြေ့ပြီး ဆန္ဒမှန်သမျှ ပြည့်ဝပါစေ။ 💙

With warmest birthday wishes from all of us at DBU International College. 🎂

𝐓𝐞𝐜𝐡 + 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐚𝐭 𝐃𝐁𝐔𝐈𝐂! 𝐁.𝐓𝐞𝐜𝐡 𝐔𝐩 𝐭𝐨 𝟏𝟎𝟎% 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩! 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲 ရော 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 ပါ တစ်နေရာတည်းမှာ သင်ယူ နိုင်တဲ့  𝐃𝐁𝐔𝐈𝐂...
05/08/2026

𝐓𝐞𝐜𝐡 + 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐚𝐭 𝐃𝐁𝐔𝐈𝐂! 𝐁.𝐓𝐞𝐜𝐡 𝐔𝐩 𝐭𝐨 𝟏𝟎𝟎% 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩!

𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲 ရော 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 ပါ တစ်နေရာတည်းမှာ သင်ယူ နိုင်တဲ့ 𝐃𝐁𝐔𝐈𝐂 ရဲ့ 𝐁.𝐓𝐞𝐜𝐡 𝐌𝐚𝐣𝐨𝐫 ကို 𝐔𝐩 𝐭𝐨 𝟏𝟎𝟎% 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 𝐏𝐫𝐨𝐠𝐫𝐚𝐦 ဖြင့်တက်ရောက်နိုင်ပါပြီ။

𝐆𝐄𝐃 နဲ့ 𝐆𝐫𝐚𝐝𝐞 𝟏𝟐 အောင်ထားသူတွေအတွက် 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐀𝐠𝐞 ရဲ့ ထိပ်တန်း 𝐂𝐚𝐫𝐞𝐞𝐫 ကို တက်လှမ်းဖို အကောင်းဆုံး အခွင့်အရေးကြီး ရောက်ရှိလို လာပါပြီ! 🌐⚡️

𝐒𝐏𝐄𝐂𝐈𝐀𝐋 𝐒𝐂𝐇𝐎𝐋𝐀𝐑𝐒𝐇𝐈𝐏 𝐇𝐈𝐆𝐇𝐋𝐈𝐆𝐇𝐓𝐒 🎓✨
💰 𝐔𝐩 𝐭𝐨 𝟏𝟎𝟎% 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭
⚡️𝐋𝐈𝐌𝐈𝐓𝐄𝐃 𝐒𝐄𝐀𝐓𝐒 𝐎𝐍𝐋𝐘!

☎️ 𝗛𝗼𝘁𝗹𝗶𝗻𝗲: 09 880 948 574, 09 880 948 576

🏢 𝗖𝗮𝗺𝗽𝘂𝘀 𝟏:တိုက်နံပါတ် (၇)၊ မြန်မာ့ဂုဏ်ရည်အိမ်ရာ၊ အထက်ပန်းဆိုးတန်းလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။
🏢𝗖𝗮𝗺𝗽𝘂𝘀 𝟮: Lakeview Tower၊ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံ၊ ကန်တော်ကြီး ပန်းခြံ၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

🦅 အနာဂတ်ဉာဏ်ပညာအလင်း ထွန်းလင်းမယ့် 𝐃𝐁𝐔 𝐈𝐂 🦅

📸Exam Day Moments | DBUIC BBA & BTech Students Block Course Final Exam ကို အောင်မြင်စွာ ဖြေဆိုပြီးမြောက်ခဲ့ကြသည့်  BBA န...
04/08/2026

📸Exam Day Moments | DBUIC BBA & BTech Students

Block Course Final Exam ကို အောင်မြင်စွာ ဖြေဆိုပြီးမြောက်ခဲ့ကြသည့် BBA နှင့် BTech ကျောင်းသူ/ကျောင်းသားများ၏ စာမေးပွဲဖြေဆိုနေသည့် အမှတ်တရ ပုံရိပ်များကို မျှဝေပေးလိုက်ရပါတယ်။

ကျောင်းသူ/ကျောင်းသားများ၏ ရှေ့ဆက်ရမည့် အနာဂတ်ခရီးလမ်းတိုင်းတွင် အောင်မြင်မှုပေါင်းများစွာ ဆွတ်ခူးနိုင်ပါစေကြောင်း DBUIC မှအသိအမှတ်ပြု ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

🦅 အနာဂတ်ဉာဏ်ပညာအလင်း ထွန်းလင်းမယ့် 𝐃𝐁𝐔 𝐈𝐂 🦅

🔥 𝐁𝐁𝐀 တက်မယ်ဆို 𝐃𝐁𝐔 𝐈𝐂 မှာတက် !𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 လည်းရ၊ 𝐅𝐮𝐭𝐮𝐫𝐞 လည်းလှ! 😉💼𝐆𝐄𝐃 & 𝐆𝐫𝐚𝐝𝐞 𝟏𝟐 အောင်ထားသူတွေအတွက် အနာဂတ်အတွက် အကောင်း...
03/08/2026

🔥 𝐁𝐁𝐀 တက်မယ်ဆို 𝐃𝐁𝐔 𝐈𝐂 မှာတက် !

𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 လည်းရ၊ 𝐅𝐮𝐭𝐮𝐫𝐞 လည်းလှ! 😉💼

𝐆𝐄𝐃 & 𝐆𝐫𝐚𝐝𝐞 𝟏𝟐 အောင်ထားသူတွေအတွက် အနာဂတ်အတွက် အကောင်းဆုံး ခြေလှမ်း! 🌐🌟

🎓 𝐒𝐏𝐄𝐂𝐈𝐀𝐋 𝐒𝐂𝐇𝐎𝐋𝐀𝐑𝐒𝐇𝐈𝐏 𝐇𝐈𝐆𝐇𝐋𝐈𝐆𝐇𝐓𝐒

💰 အထူး 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩𝐬
⚡️ 𝐋𝐈𝐌𝐈𝐓𝐄𝐃 𝐒𝐄𝐀𝐓𝐒 𝐎𝐍𝐋𝐘!
💡 𝐃𝐁𝐔𝐈𝐂 မှာ 𝐁𝐁𝐀 တက်ရင် ဘာတွေရမလဲ?
✔️ 𝐏𝐫𝐚𝐜𝐭𝐢𝐜𝐚𝐥 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐒𝐤𝐢𝐥𝐥𝐬 & 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩
✔️ 𝐆𝐥𝐨𝐛𝐚𝐥 𝐂𝐚𝐫𝐞𝐞𝐫 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐢𝐞𝐬

⏳ 𝐀𝐮𝐠 𝟓ရက်မတိုင်ခင် အမြန်ဆုံး 𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫 လုပ် ထားလိုက်တော့နော်!

☎️ 𝗛𝗼𝘁𝗹𝗶𝗻𝗲: 09 880 948 574, 09 880 948 576

🗨️ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿: http://m.me/dbuinternationalcollege

🏢 𝗖𝗮𝗺𝗽𝘂𝘀 𝟏: တိုက်နံပါတ် (၇)၊ မြန်မာ့ဂုဏ်ရည်အိမ်ရာ၊ အထက်ပန်းဆိုးတန်းလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။
🏢 𝗖𝗮𝗺𝗽𝘂𝘀 𝟮: Lakeview Tower၊ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံ၊ ကန်တော်ကြီး ပန်းခြံ၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

🦅 အနာဂတ်ဉာဏ်ပညာအလင်း ထွန်းလင်းမယ့် 𝐃𝐁𝐔 𝐈𝐂 🦅

သူတို့ရွေးချယ်ခဲ့တဲ့ DBU IC၊ သူတို့ပြောပြတဲ့အတွေ့အကြုံ │ 𝑩𝑩𝑨  💯✨🎓 DBU IC ရဲ့ 𝑩𝑩𝑨 (International Business Management) မှာ...
02/08/2026

သူတို့ရွေးချယ်ခဲ့တဲ့ DBU IC၊ သူတို့ပြောပြတဲ့အတွေ့အကြုံ │ 𝑩𝑩𝑨 💯✨

🎓 DBU IC ရဲ့ 𝑩𝑩𝑨 (International Business Management) မှာတက်ရောက်နေကြတဲ့ ကျောင်းသူလေးတွေပြောပြတဲ့ ဘာကြောင့် DBU IC ကိုရွေးချယ်ခဲ့ကြတာလဲ?

🎯 ကမ္ဘာ့အဆင့်မီ ပညာရေး၊ နိုင်ငံတကာ အခွင့်အလမ်းတွေနဲ့ အနာဂတ် Career Goal တွေဆီ အရောက်လှမ်းနိုင်ဖို့ DBU IC က အမြဲအသင့် ရှိနေပါတယ်။ 🌟

⏳ လက်မလွှတ်သင့်တဲ့ အထူးသတင်းကောင်း !
ဩဂုတ်လ (၅) ရက်နေ့အထိပဲ ရရှိနိုင်မယ့် အထူး Scholarship အစီအစဉ်ကို အမြန်ဆုံး စာရင်းပေးသွင်းလိုက်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ 🏃‍♂️💨

☎️ 𝗛𝗼𝘁𝗹𝗶𝗻𝗲: 09 880 948 574, 09 880 948 576
🗨️ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿: http://m.me/dbuinternationalcollege

🏢 𝗖𝗮𝗺𝗽𝘂𝘀 𝟏: တိုက်နံပါတ် (၇)၊ မြန်မာ့ဂုဏ်ရည်အိမ်ရာ၊ အထက်ပန်းဆိုးတန်းလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။
🏢 𝗖𝗮𝗺𝗽𝘂𝘀 𝟮: Lakeview Tower၊ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံ၊ ကန်တော်ကြီး ပန်းခြံ၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

🦅 အနာဂတ်ဉာဏ်ပညာအလင်း ထွန်းလင်းမယ့် 𝐃𝐁𝐔 𝐈𝐂 🦅

Address

DBU IC ( Lakeview Tower ), General Aung San Park, Kandawgyi National Park, Nat Mauk Street, Bahan Township
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959421007001

Alerts

Be the first to know and let us send you an email when DBU International College posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to DBU International College:

Shortcuts

Share