ပျိုးခင်းလက်

ပျိုးခင်းလက်

Share

Those going to sit for IELTS should join this class asap if you need a higher band score in the exam.

08/06/2026

𝐈𝐄𝐋𝐓𝐒 Band Score မြင့်မြင့်ရဖို့ ဒီနေ့ကစပြီး အကောင်အထည်ဖော်လိုက်ပါ။💪🤗

Reading, Writing, Listening, Speaking (4) Skills လုံးအတွက် ပျိုးခင်းလက်ရဲ့ Test-taking Strategies တွေကြောင့် လိုချင်တဲ့ 𝐈𝐄𝐋𝐓𝐒 Band Score ကတော့ ကိုယ့်ရဲ့လက်တစ်ကမ်းအလိုမှာ ရှိနေမှာအသေအချာပါပဲ။ 🤗

𝐈𝐄𝐋𝐓𝐒 ကို Serious ဖြစ်ဖြစ် လေ့လာချင်သူတွေအတွက် ကိုယ်လိုချင်တဲ့ IELTS Target Score ကိုရရှိစေဖို့ 100% အာမခံ ပေးနိုင်တဲ့ သင်တန်းပါ။

ဒါကြောင့် Study Abroad နဲ့ International အလုပ်အကိုင်အခွင့်အလမ်းတွေမှာ အရေးပါတဲ့ 𝐈𝐄𝐋𝐓𝐒 မှာ Band Score ကောင်းကောင်းရရှိအောင် ပျိုးခင်းလက်နဲ့ အတူ စနစ်တကျ လေ့ကျင့်သင်ယူ ပြင်ဆင်နိုင်ပါပြီ။

ကမ္ဘာကြီးရဲ့ ဘယ်နိုင်ငံကိုရောက်နေရောက်နေ၊ ပျိုးခင်းလက် မှာ 𝐈𝐄𝐋𝐓𝐒 ကို စနစ်တကျ၊ ထိရောက်စွာ Online မှတစ်ဆင့် လေ့လာသင်ယူလို့ရနိုင်ပါတယ်။

📌𝐈𝐄𝐋𝐓𝐒 စာမေးပွဲမှာ Band Score မြင့်မြင့် ရရှိဖို့
ပျိုးခင်းလက်နဲ့ အတူ အခုပဲ ပြင်ဆင်လိုက်ကြရအောင် 😍

သင်တန်းနဲ့ပတ်သက်ပြီး အသေးစိတ်မေးမြန်းလိုပါက 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာလာရောက်မေးမြန်းနိုင်ပါတယ်။

#ပျိုးခင်းလက်

04/06/2026
04/06/2026

ရာဇဝင်တွင်မဲ့ ဆရာတင်ရဲ့ ပျိုးခင်းလက် မှာ
Native Speakers ​တွေများနဲ့ ​ပြောဆိုသင်ယူကြပါစို့။

03/06/2026

Albert Einstein ရဲ့ Meaningful Quote တစ်ခုကို ကျောင်းသူ၊ ကျောင်းသားတွေ အတွက် မျှဝေ ပေးချင်ပါတယ်။

“လူတိုင်းကတော့ ပါရမီရှင်တွေချည်းပါပဲ။ ဒါပေမယ့် ငါးတစ်ကောင်ကို သစ်ပင်တက်နိုင်စွမ်းနဲ့ပဲအကဲဖြတ်မယ်ဆိုရင်၊ အဲဒီငါးက သူ့ကိုယ်သူ အသုံးမကျသူလို့ ယုံကြည်ရင်း ဘဝတစ်လျှောက်လုံး နေသွားရလိမ့်မယ်။”
- Albert Einstein

လူတစ်ယောက်ချင်းစီမှာ မတူညီတဲ့ ပင်ကိုယ်စွမ်းရည်တွေ၊ အားသာချက်တွေ ရှိကြတဲ့အတွက် လူတိုင်းကို စံနှုန်းတစ်ခုတည်း (ဥပမာ- စာမေးပွဲအမှတ်တစ်ခုတည်း၊ အရည်အချင်းတစ်ခုတည်း) နဲ့ လိုက်ပြီး မဆုံးဖြတ်သင့်ဘူးဆိုတာကို ပြောထားတာပါ။

ဒီလိုပါပဲ... အင်္ဂလိပ်စာ လေ့လာတဲ့နေရာမှာလည်း သူများတွေ Grammar ရေရေလည်လည် ရနေတာ၊ Speaking တွေ သွက်သွက်လက်လက် ပြောနေတာကို ကြည့်ပြီး... ကိုယ့်ကိုယ်ကိုယ် ငါးတစ်ကောင်လို သစ်ပင်မတက်နိုင်လို့ ညံ့တယ်လို့ လုံးဝ မတွေးပါနဲ့။

လူတိုင်းမှာ လေ့လာသင်ယူနိုင်တဲ့ ပုံစံချင်း မတူကြပါဘူး။ ကိုယ့်ရဲ့ ပင်ကိုယ်အရည်အချင်းနဲ့ အရှိန်အဟုန်ကို ယုံကြည်ပါ၊ ပြီးရင် ကိုယ်နဲ့ကိုက်ညီမယ့် လမ်းကြောင်းအတိုင်း ဖြည်းဖြည်းချင်း ကြိုးစားသွားရုံပါပဲ။

အင်္ဂလိပ်စာကို အခြေခံကစလို့ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ စနစ်တကျ တိုးတက်လာအောင် ပျိုးခင်းလက်နဲ့အတူ ကြိုးစားကြည့်နိုင်ပါတယ်။ 💪✨

📥 သင်တန်းနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက Page Chatbox ကနေတစ်ဆင့် အခုပဲ လာရောက် စုံစမ်းမေးမြန်းနိုင်ပါတယ်။
#ပျိုးခင်းလက်

31/05/2026

Native Speaker တစ်ယောက်လို သွက်သွက်လက်လက် ပြောချင်လား...
"Shadowing Technique" နဲ့ တစ်နေ့ကို (၁၅) မိနစ်ပဲ ပုံမှန်လေး လေ့ကျင့်ကြည့်ပါ။

Shadowing ဆိုတာ ကိုယ်လေ့လာနေတဲ့ ဘာသာစကားရဲ့ ပြောတဲ့အသံကို နားထောင်ပြီး၊ အဲဒီအတိုင်း အသံထွက်၊ လေယူလေသိမ်းကအစ အတိအကျ လိုက်ပြောရတဲ့ နည်းလမ်းပါ။

Shadowing Technique နဲ့ English စကားကို ဘယ်လိုပုံစံလေ့ကျင့်ရမလဲဆိုရင် ?

✅ ကိုယ်သဘောကျတဲ့ YouTuber, Video, Podcast ဒါမှမဟုတ် ကိုယ်နှစ်သက်တဲ့ ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခုခုကို ရွေးချယ်ပါ။

✅ Speaker ပြောတာကို ရပ်မပစ်ဘဲ သူပြောသွားတာနဲ့ တစ်ပြိုင်နက်တည်း (သို့) တစ်စက္ကန့်လောက်ပဲ နောက်ကျပြီး Audio နောက်ကနေ လိုက်ပြောကြည့်ပါ။

✅ အသံထွက်၊ အသံအနိမ့်အမြင့် (Intonation)၊ စကားလုံး အလေးအနက် (Stress) နဲ့ လေယူလေသိမ်း၊ အဖြတ်အတောက်ကို Audio အတိုင်း တထေရာတည်း တူအောင် လိုက်ပြောကြည့်ပါ။

ဒီလို ကျင့်ပေးရင်

🌟 ကိုယ့်ရဲ့နားက English အသံတွေနဲ့ ယဉ်ပါးသွားပြီး Speed မြန်မြန်ပြောတာတွေကိုပါ ကောင်းကောင်း နားလည်လာစေမယ်။

🌟 စာအုပ်ကြီးအတိုင်း လေသံမာမာကြီး မဟုတ်ဘဲ Native Speaker တွေလို လေယူလေသိမ်း (Accent) ကအစ သဘာဝကျကျ သွက်လာမယ်။

🌟 Audio နောက်ကနေ လိုက်ပြောနေရတာမို့ မှားမှာကြောက်တဲ့စိတ် ပျောက်သွားမယ်။

တစ်နေ့ကို (၁၀) မိနစ် ကနေ (၁၅) မိနစ်လောက် ပုံမှန်လေး ဇွဲရှိရှိနဲ့ လေ့ကျင့်ပေးသွားမယ်ဆိုရင် သိပ်မကြာခင်မှာပဲ စကားပြောစွမ်းရည်ဟာ သိသိသာသာ တိုးတက်လာနိုင်မှာပါ။

English စကားကို ယုံကြည်မှုရှိရှိ၊ သဘာဝကျကျနဲ့ သွက်သွက်လက်လက် ပြောချင်သူတွေအတွက် "Shadowing Technique" က အရမ်းကို ထိရောက်တဲ့ နည်းလမ်းမို့ ဒီနေ့ပဲ အိမ်မှာနေရင်း စတင် လေ့ကျင့် ကြည့်လိုက်ပါ!✨

📥 သင်တန်းနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက Page Chatbox ကနေတစ်ဆင့် အခုပဲ လာရောက် စုံစမ်းမေးမြန်းနိုင်ပါတယ်။

#ပျိုးခင်းလက်

29/05/2026

❝ကိုယ်တိုင်ပြောရင် မဝံ့ရဲဘူး၊ စကားလုံးတွေ ထစ်နေတယ်❞ ဆိုတဲ့သူတွေ Confidence အပြည့်နဲ့ ရဲရဲဝံ့ဝံ့ ပြောရဲလာစေဖို့ ပျိုးခင်းလက်ရဲ့ 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐂𝐥𝐚𝐬𝐬 က စောင့်ကြိုနေပါတယ်။ 🚀

သူများပြောတာ နားလည်တယ်၊ စာအုပ်ထဲမှာလည်း ရေးတတ်တယ်... တကယ်တမ်း အင်္ဂလိပ်လို ပြောတော့မယ်ဆိုရင် ဘာလို့ ရင်တုန်ပြီး စကားလုံးတွေ ပျောက်ကုန်တာလဲဆိုရင်
Confidence ရှိရှိနဲ့ စကားပြောထွက်စေမယ့် Speaking Patterns တွေ မရှိသေးလို့ပါ။ 🥺

𝐖𝐞𝐞𝐤𝐞𝐧𝐝 တိုင်းမှာရှိတဲ့ 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐂𝐥𝐚𝐬𝐬 မှာ ဆိုရင်

✅ နေ့စဉ်ဘဝမှာ အမှန်တကယ် အသုံးချရမယ့် စကားပြောပုံစံများကို လက်တွေ့သင်ကြားပေးသလို

✅ စကားပြောရင် ဘယ်ကစပြောရမလဲ မသိတဲ့သူတွေအတွက် အလွယ်တကူ ကောက်သုံးရုံပဲဖြစ်တဲ့ Pattern များကို စနစ်တကျ လေ့ကျင့်ပေးသွားမှာပါ။

အမှားပါမှာ မကြောက်ဘဲ စိတ်ကြိုက် English စကားပြော လေ့ကျင့်နိုင်ဖို့ဆို
ပျိုးခင်းလက်ရဲ့ 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐂𝐥𝐚𝐬𝐬 ကို 𝐉𝐨𝐢𝐧 ဖြစ်အောင်သာ 𝐉𝐨𝐢𝐧 လိုက်ပါ။

🛑 Class Schedule 🛑
📅 Days: Every Saturday & Sunday

⏰ Time: 4:00 PM – 6:00 PM (MMT)

📥 Speaking Class နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက Page Chatbox ကနေတစ်ဆင့် အခုပဲ လာရောက် စုံစမ်းမေးမြန်းနိုင်ပါတယ်။

#ပျိုးခင်းလက်

26/05/2026

အချိန် (၃) လအတွင်းမှာ အင်္ဂလိပ်စာအခြေခံကို စနစ်တကျနဲ့ ပိုင်ပိုင်နိုင်နိုင် လေ့လာမလား?

Grade 12 ပြီးလို့ အိမ်မှာတင် အချိန်တွေ အလဟဿ ကုန်ဆုံးမယ့်အစား... တက္ကသိုလ်တက်ရင်ပဲဖြစ်ဖြစ်၊ အလုပ်ခွင်ဝင်ရင်ပဲဖြစ်ဖြစ် မရှိမဖြစ်လိုအပ်မယ့် "အင်္ဂလိပ်စာအခြေခံ" ကို ကြိုတင်ပြင်ဆင်ထားလိုက်ပါ။

ဆရာတင်ဝင်း ကိုယ်တိုင် သင်ကြား ပေးမယ့် 𝐋𝐞𝐯𝐞𝐥-𝟏 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐂𝐥𝐚𝐬𝐬 မှာ

🌟 𝐙𝐨𝐨𝐦 မှ တဆင့် တစ်ပတ် (4) ချိန် 𝐟𝐚𝐜𝐞-𝐭𝐨-𝐟𝐚𝐜𝐞 သင်ကြားပေးသွားမှာပါ။
🌟 ဆရာ ကိုယ်တိုင် တစ်ဦးချင်းစီရဲ့ လိုအပ်ချက်ကို အသေးစိတ် စနစ်တကျ Feedback ပေးသွားမှာ ဖြစ်ပါတယ်။
🌟 လူနည်းနည်းနဲ့ ထိထိရောက်ရောက် သင်ကြားလိုတဲ့အတွက် သင်တန်းသားဦးရေကို အကန့်အသတ်နဲ့ပဲ လက်ခံပေးသွားမှာပါ။

⚠️ လုံးဝ (လုံးဝ) သတိပြုရန်
"စာ တကယ်လိုက်လုပ်နိုင်ပြီး သင်တန်းတက်ရက် မှန်မှန်တက်နိုင်မယ့်သူတွေသာ သင်တန်းအပ်ပေးဖို့ တောင်းဆိုပါရစေခင်ဗျာ။ တကယ် တတ်မြောက်စေချင်လွန်းလို့ပါ!"

🛑 Class Schedule 🛑
⏳ Duration: 3 Months
🗓️ Starting Date: June 17, 2026 (Wednesday)
📅 Days: Every Wednesday, Thursday, Saturday, Sunday
(တစ်ပတ် ၄ ရက်)
⏰ Time: 4:00 PM – 6:00 PM (MMT)
✨ သင်တန်းတက်ရောက်လိုပါက Page ရဲ့ Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းပြီး Registration ပြုလုပ်နိုင်ပါပြီ။ အတန်းမစခင် အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါ။

#ပျိုးခင်းလက်

24/05/2026

အင်္ဂလိပ်စာကို စနစ်တကျ လေ့လာချင်ပေမယ့် ဘယ်ကစရမှန်းမသိ ဝေခွဲမရ ဖြစ်နေလား?

𝐋𝐞𝐯𝐞𝐥 တိုင်းအတွက် အခြေခံအုတ်မြစ်က အရေးကြီးဆုံးမို့ အခြေခံကနေ 𝐒𝐭𝐞𝐩-𝐛𝐲-𝐒𝐭𝐞𝐩 စနစ်တကျ သင်ကြားပေးမယ့် 𝐋𝐞𝐯𝐞𝐥 - 𝟏 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐥𝐚𝐬𝐬 အတန်းသစ်ကို ဖွင့်လိုက်ပါပြီ 📣

ဒီသင်တန်းပြီးရင် ဘာတွေ တိုးတက်လာမလဲ❓
✅ International Phonetic Alphabet အခြေခံကအစ Word stress၊ Intonation အဆုံး Native ကျကျ ထွက်တတ်လာမယ်။
✅ စကားပြောနဲ့ Writing မှာ မရှိမဖြစ်လိုအပ်တဲ့ Parts of speech နဲ့ Tenses တွေကို အပိုင်ရလာမယ်။
✅ 𝐙𝐨𝐨𝐦 နဲ့ တိုက်ရိုက် 𝐅𝐚𝐜𝐞 𝐭𝐨 𝐅𝐚𝐜𝐞 သင်ကြားပေးတာမို့ ဆရာမကို တိုက်ရိုက် မေးမြန်းသင်ယူနိုင်မယ်။

📌 သင်တန်းအကြောင်းအရာအသေးစိတ်
💻 Platform: Zoom
Level : Level - 1
Starting Date : 8ᵗʰ June 2026
🕒 Time : 10AM to 12PM (Monday & Tuesday)
Conversation Class : 4PM to 6PM (Saturday & Sunday)

📍𝐋𝐢𝐦𝐢𝐭𝐞𝐝 (15) 𝐒𝐞𝐚𝐭𝐬
ကျောင်းသားများကို Quality အပြည့်နဲ့ စနစ်တကျ သင်ကြားပေးချင်တာဖြစ်လို့ လူဦးရေ အများကြီး လက်မခံဘဲ သင်တန်းသား အရေအတွက်ကို (၁၅) ယောက်သာ လက်ခံသင်ကြား ပေးသွားမှာပါ။

June ( 8 ) ရက်နေ့ မှာ အတန်းစမှာ ဖြစ်လို့ လူဦးရေ မပြည့်သွားခင် အမြန်လေး လာအပ်လို့ရပါသေးတယ်။

သင်တန်းကြောင်းအသေးစိတ်နှင့် သင်တန်းအပ်နှံရန်အတွက်
📥 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ( သို့မဟုတ် )
📞 +95 9 431 69975 ( 𝐕𝐢𝐛𝐞𝐫 ) ကနေ စုံစမ်းနိုင်ပါတယ်။

#ပျိုးခင်းလက်

Photos from ပျိုးခင်းလက်'s post 23/05/2026

ပို​ပျော်၊ပို​တော်​စေဖို့
ပျိုးခင်းလက် ရဲ့
The Conversational English Class ကိုတက်ကြစို့။

စုစု​ပေါင်း (၅၇)​ယောက်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon
၃၁၂

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 15:00 - 17:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00