Do you know how to call your family members in Burmese? 🤔
ဒီနေ့မှာတော့ ကျွန်မတို့ရဲ့ အနီးကပ်ဆုံးနဲ့ အချစ်ရဆုံးမိသားစုဝင်တွေကို မြန်မာလို ဘယ်လိုခေါ်လဲဆိုတာကိုလွယ်လွယ်ကူကူ လေ့လာကြည့်ကြမယ်နော် ✨
👨👩👧👦 မိဘများ (Parents)
• အဖေ / ဖေဖေ — A phay / Phay phay
(Father)
“ကျွန်မ အဖေက စာအုပ်ဖတ်ရတာ ကြိုက်တယ်။”
My father likes reading books.
•အမေ / မေမေ — A may / May may
(Mother)
“အမေက ဟင်းချက် အရမ်းကောင်းတယ်။”
Mother cooks very well.
👵👴 အဘိုးအဘွားများ (Grandparents)
• အဘိုး — A phoe
(Grandfather)
“အဘိုးက ပုံပြင်တွေ ပြောပြတယ်။”
Grandfather tells stories.
• အဘွား — A phwar
(Grandmother)
“အဘွားကို အရမ်း ချစ်တယ်။”
I love my grandmother very much.
👧👦 မောင်နှမများ (Siblings)
• အစ်ကို — A ko
(Older brother)
“အစ်ကိုနဲ့ အတူတူ ကစားတယ်။”
I play together with my older brother.
• အစ်မ — A ma
(Older sister)
“အစ်မက စာသင်ပေးတယ်။”
My older sister teaches me.
• ညီလေး / မောင်လေး — Nyi lay / Maung lay
(Younger brother)
“ညီလေးက အရမ်း ချစ်စရာကောင်းတယ်။”
My younger brother is very cute.
• ညီမလေး — Nyi ma lay
(Younger sister)
“ညီမလေးက ကျောင်းသွားပြီ။”
My younger sister went to school.
မြန်မာစာကို ပျော်ပျော်ရွှင်ရွှင်
လွယ်လွယ်ကူကူ လေ့လာချင်ရင်တော့
Colour Balloon MyanmarSar ကို Follow လုပ်ထားဖို့ မမေ့နဲ့နော် 💛🎈
နောက် Video မှာ ပြန်တွေ့ကြမယ်။
တာ့တာ 👋✨
Resources For Teaching & Learning By Teacher Ayeyar
“Unlock your potential, embrace learning. We’re here to guide you.” Children's literature
21/05/2026
Phonics သင်ကြားနေတဲ့Teachersတွေတွက်သတင်းကောင်း📣
Phonics အတန်းတွေပြင်ဆင်ရတဲ့ အချိန်တွေကို 80% အထိ လျှော့ချပေးမယ့် Premium Ready-to-Print Resources (Softcopy သီးသန့်လေးတွေနဲ့မိတ်ဆက်ပေးပါရစေ)
ဆရာ/ဆရာမတို့ရေ... တန်းခွဲအသစ်တွေအတွက် Lesson Plan ဆွဲရတာ၊ Worksheet တွေ၊ Slides တွေ တစ်ခုချင်းစီ လိုက်စုရဖန်တီးရတာနဲ့တင် အချိန်တွေ ကုန်ပြီး လူပင်ပန်းနေပြီလား? 🥵
KGမှစပြီး Phonics လုံးဝမသင်ဖူးသေးတဲ့ ကလေးတွေကို အခြေခံကစပြီး ဆွဲဆောင်မှုရှိရှိ သင်ကြားနိုင်ဖို့ Phase 2 မှ Phase 5 အထိ ပြည့်စုံလွန်းတဲ့ Phonics Worksheets & Teaching Materials တွေ အဆင်သင့်ရှိနေပါပြီ။ Worksheet + Ready-made PowerPoint Slides + Teacher Guide (၃) မျိုးလုံး ပါဝင်လို့ သင်ခန်းစာအတွက် ဆရာမတို့ဘက်က ဘာမှထပ်ရှာစရာမလိုဘဲ အတန်းထဲ တန်းဝင်သင်ရုံပါပဲ။ ⏳✨
📚 စနစ်တကျ ခွဲခြားထားတဲ့ Lesson Plan (Total: 20 Lessons)
နိုင်ငံတကာ Standard အတိုင်း Phase အလိုက် သေချာ Curate လုပ်ထားလို့ သင်ရတာ အရမ်းအဆင့်ပြေပါတယ်။
Phase 2 (Lesson 1-5): Pronunciation အခြေခံအသံထွက်များ စတင်လေ့လာခြင်း
Phase 3 (Lesson 6-12): အသံတွဲများနှင့် ပိုမိုကျယ်ပြန့်သော အသံထွက်များ
Phase 4 (Lesson 13-14): Segmenting & Blending နှင့် Consonant အသံတွဲများ
Phase 5 (Lesson 15-20): အဆင့်မြင့် Alternative Spellings နှင့် အသံထွက်များ
✨ Lesson တစ်ခုစီတိုင်းမှာ ဆရာမတို့အတွက် ဘာတွေ အပြည့်အစုံ ပါဝင်လဲဆိုတော့
ဝယ်ယူလိုက်တဲ့ Lesson တိုင်းမှာ ကလေးတွေ ငြီးငွေ့မသွားဘဲ Active ဖြစ်နေစေမယ့် Material (၄) မျိုးစလုံးကို Softcopy အပြည့်အစုံ ရရှိမှာပါ -
✍️ Handwriting Sheets (Double Options): နိုင်ငံတကာကျောင်းတွေမှာ အသုံးများတဲ့ NSW Handwriting ရော VIC Handwriting ပုံစံပါ (၂) မျိုးလုံး အဆင်သင့် ပါဝင်လို့ မိမိကျောင်းရဲ့ Standard အတိုင်း စိတ်ကြိုက် ရွေးချယ် Print ထုတ်နိုင်ပါတယ်။
🔤 Phonics Sheets: ကလေးတွေ အသံနဲ့ စာလုံး (Grapheme-Phoneme Correspondence) လွယ်လွယ်မှတ်မိစေမယ့် ပျော်စရာ Activity များ။
🖥️ Ready-made PowerPoint Slides: Class ထဲမှာ Projector သို့မဟုတ် On Screen ကနေ ပြသပြီး Interactive ဖြစ်ဖြစ် သင်ကြားနိုင်ဖို့ ရုပ်ပြရောင်စုံ Slides များ။
📖 Teacher Guide: သင်ခန်းစာတစ်ခုချင်းစီကို အထိရောက်ဆုံးနဲ့ စနစ်အကျဆုံး ဘယ်လို lesson Delivery လုပ်ရမလဲဆိုတာ လမ်းညွှန်ပေးမယ့် စာအုပ်။
💰 ဈေးနှုန်းနှင့် ဝယ်ယူနိုင်မည့် ပုံစံများ (Softcopy သီးသန့်)
တစ်ခါဝယ်ရုံနဲ့ မိမိသင်တန်း ဒါမှမဟုတ် အတန်းတွေမှာ စိတ်ကြိုက် အကြိမ်ကြိမ် ပြန်လည်အသုံးပြုနိုင်လို့ ရေရှည်အတွက် အရမ်းတန်ပါတယ်။
✨ Individual & Package ပုံစံ
Lesson တစ်ခုချင်းစီ (Individual) - 15,000 MMK
Phase 2 (Package - Lesson 1 to 5) - 65,000 MMK
Phase 3 (Package - Lesson 6 to 12) - 95,000 MMK
Phase 4 + 5 (Package - Lesson 13 to 20) - 115,000 MMK
✨ Book Type Series (စနစ်တကျ တွဲလျက်လေ့လာရန် ဖိုင်တွဲများ)
(ဆရာမတို့ Teaching လုပ်ရတာ ပိုစနစ်ကျစေဖို့ Student Book + Handwriting Book + Teacher Guide Book ဆိုပြီး (၃) မျိုး တွဲလျက် ခွဲခြားပေးထားပါတယ်)
Kindergarten Series A (Phase 2 + 3): Student Book + Handwriting Book + Teacher Guide Book -80,000 MMK
Grade 1 Series B (Phase 3 + 4): Student Book + Handwriting Book + Teacher Guide Book -95,000 MMK
Grade 2 Series C (Phase 2 + 3): Student Book + Handwriting Book + Teacher Guide Book -105,000 MMK
"All-In-One" Material စုံလင်မှု (ဆရာမတို့ အကြိုက်ဆုံးအချက်)
တခြား Program တွေက Worksheet သီးသန့်ပဲ ပေးတတ်ကြပါတယ်။ Slide လိုချင်ရင် သပ်သပ်ရှာရတယ်၊ သင်ရိုးညွှန်းတမ်း (Teacher Guide) က လည်း သပ်သပ်ဝယ်ရတယ်။
ဆရာမတို့ ဒီPackage မှာက Worksheet + Ready-made PowerPoint Slide + Teacher Guide ဆိုပြီး (၃) မျိုးလုံး တစ်ခါတည်း တွဲလျက်ပါပြီးသားဖြစ်လို့ ဆရာမတွေဘက်က ဘာမှထပ်ရှာစရာမလိုဘဲ အချိန်ကုန် အသက်သာဆုံး ဖြစ်သွားစေပါတယ်။
🎁 Phonics Teachers များအတွက် အထူးလက်ဆောင် (Bonus!)
အနည်းဆုံး Lesson (၅) ခု နှင့်အထက် (သို့မဟုတ်) Phase Package (၁) ခုစာ ဝယ်ယူသူတိုင်းအတွက် 🎁
Phase 2 မှ Phase 5 အထိ Native Speaker (နိုင်ငံခြားသား ဆရာမ) ကိုယ်တိုင် သင်ကြားပေးထားတဲ့ Phonics Training Lesson Videos များကို လုံးဝ (အခမဲ့) မေတ္တာလက်ဆောင် ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။
မိမိကိုယ်တိုင် Accent အတွက် ပြန်လည်လေ့လာရုံတင်မကဘဲ အတန်းထဲမှာ ကလေးတွေကို Native Speaker ရဲ့ အသံထွက်တိုက်ရိုက်ပြသပြီး ပိုမိုစမတ်ကျတဲ့ Class တွေ ဖန်တီးဖို့ပါ အသုံးတည့်လွန်းတဲ့ ဗီဒီယိုတွေမို့ လက်လွတ်မခံသင့်ပါဘူးနော်။ 😍
📩 ဖိုင်လက်ခံရရှိမည့်ပုံစံ -
ဒီ Material တွေဟာ Softcopy သီးသန့် ဖြစ်လို့ မှာယူပြီးတာနဲ့ Email သို့မဟုတ် Viber/Telegram ကနေတစ်ဆင့် ဖိုင်များကို စက္ကန့်ပိုင်းအတွင်း ချက်ချင်း ပေးပို့ပေးမှာ ဖြစ်ပါတယ်။
သင်ကြားမှု Quality ကို မြှင့်တင်ပြီး Phonicsအတန်းအတွက်ပြင်ဆင်ရတဲ့အချိန်တွေကို လျှော့ချဖို့ အခုပဲ Page Messenger ကနေ လှမ်းခဲ့တော့နော် ဆရာမတို့ရေ! 📥✨
Do you know how to say essential adjectives in Burmese? 🤔
ဒီနေ့တော့
မြန်မာစကားပြောတဲ့အခါမှာ မသိမဖြစ် အသုံးများတဲ့
နာမဝိသေသန — Adjectives လေးတွေကို
လွယ်လွယ်ကူကူ ပြောပြပေးသွားမှာပါဖြစ်ပါတယ် ✨
🌸 အခြေအနေပြ (Condition)
• လှတယ် — Hla tal
(Beautiful)
“ပန်းလေးတွေက တော်တော် လှတယ်။”
The flowers are very beautiful.
• ရုပ်ဆိုးတယ် — Yoke soe tal
(Ugly)
“ဒီပုံကြီးက ရုပ်ဆိုးတယ်။”
This picture is ugly.
• သန့်ရှင်းတယ် — Thant shin tal
(Clean)
“အခန်းလေးက သန့်ရှင်းတယ်။”
The room is clean.
• ညစ်ပတ်တယ် — Nyit pat tal
(Dirty)
“ဖိနပ်တွေ ညစ်ပတ်နေပြီ။”
The shoes are dirty.
😊 ခံစားချက်ပြ (Feelings)
• ပျော်တယ် — Pyaw tal
(Happy)
“ဒီနေ့ ကျွန်မ အရမ်း ပျော်တယ်။”
I am very happy today.
• ဝမ်းနည်းတယ် — Won ne tal
(Sad)
“သူ့ကိုကြည့်ရတာ ဝမ်းနည်းနေပုံပဲ။”
He or she looks sad.
• ဗိုက်ဆာတယ် — Bite hsa tal
(Hungry)
“အရမ်း ဗိုက်ဆာနေပြီ။”
I’m so hungry.
• ပင်ပန်းတယ် — Pin pan tal
(Tired)
“အလုပ်တွေလုပ်ရတာ ပင်ပန်းတယ်။”
I’m tired from working.
⭐ အရည်အသွေးပြ (Quality)
• ကောင်းတယ် — Kaung tal
(Good)
“ဒီအစားအသောက်က တော်တော် ကောင်းတယ်။”
This food is very good.
• ဆိုးတယ် — Soe tal
(Bad)
“ရာသီဥတုက တော်တော် ဆိုးတယ်။”
The weather is quite bad.
• လွယ်တယ် — Lwal tal
(Easy)
“ဒီစာမေးပွဲက လွယ်တယ်။”
This exam is easy.
• ခက်တယ် — Khet tal
(Difficult)
“မြန်မာစာက သင်ရတာ နည်းနည်း ခက်တယ်။”
Learning Burmese is a bit difficult.
မြန်မာစာကို ပျော်ပျော်ရွှင်ရွှင်
လွယ်လွယ်ကူကူ လေ့လာချင်ရင်တော့
Colour Balloon MyanmarSar ကို Follow လုပ်ထားဖို့ မမေ့နဲ့နော် 💛🎈
နောက် Video မှာ ပြန်တွေ့ကြမယ်။
တာ့တာ 👋✨
🇲🇲 “မေမေ… ဖေဖေ… ဒီစကားကို မြန်မာလို ဘယ်လိုပြောတာလဲ?” ဆိုတဲ့ မေးခွန်းလေးတွေ ပျောက်သွားစေချင်နေသလား…?
ကလေးတွေအတွက် အမြဲတမ်း ဘာသာပြန်ပေးနေရတဲ့ အခက်အခဲတွေကနေ လွတ်မြောက်ချင်ပါသလားရှင် 💭
နိုင်ငံရပ်ခြားမှာ ကြီးပြင်းလာတဲ့ ကလေးတွေအတွက်
မြန်မာစာဆိုတာ ဘာသာရပ်တစ်ခုတည်း မဟုတ်ပါဘူး။
မိသားစုနဲ့ ချိတ်ဆက်ပေးတဲ့ language,
ကိုယ့်လူမျိုးရဲ့ identity ကို မှတ်မိစေတဲ့ language လည်း ဖြစ်ပါတယ် 🌏✨
Colour Balloon Burmese Online Class မှာတော့
ကမ္ဘာတစ်ဝှမ်းရှိ မြန်မာ
သားသားမီးမီးတွေ အတွက်
မြန်မာစာကို ပျော်ပျော်ရွှင်ရွှင်၊ confidence ရှိရှိ
📖 ဖတ်နိုင်
✍️ ရေးနိုင်
💬 ပြောနိုင်အောင်
step by step သင်ကြားပေးနေပါတယ် 🌈
🎯 Burmese Reading
🎯 Writing
🎯 Speaking
🎯 Everyday Conversation Skills
တွေကို Beginner Level ကနေ Advanced Level အထိ
နားလည်လွယ်ကူပြီး အသုံးချနိုင်အောင် သင်ကြားပေးတာမို့ယုံကြည်စိတ်ချစွာ တက်ရောက်နိုင်ပါတယ်ရှင် 💕
👧 Primary Level
🧑 Secondary Level
👩 Adult Burmese Classes
အရွယ်အလိုက် သင့်တော်တဲ့ class များကို ရွေးချယ်တက်ရောက်နိုင်ပါတယ် ✨
🕒 Time Zone အတွက်လည်း စိတ်ပူစရာမလိုပါဘူးရှင်
နိုင်ငံအသီးသီးက students တွေအတွက်အချိန်ညှိနှိုင်းပြီး အဆင်ပြေဆုံးဖြစ်အောင် စီစဉ်ပေးထားပါတယ် 💛
🏡 အိမ်မှာနေရင်း
မြန်မာစာကို ပျော်ပျော်ရွှင်ရွှင် သင်ယူချင်တယ်ဆိုရင်အခုပဲ
Colour Balloon Page Messenger မှာ
လာရောက်စုံစမ်းစာရင်းသွင်းနိုင်ပါပြီ 💌
Colour Balloon Burmese Class ထဲမှာ
အားလုံးနဲ့ ဆုံတွေ့ဖို့ မျှော်လင့်နေပါတယ် 🌈✨
ဒီနေ့ ကျွန်မ မျှဝေခဲ့တဲ့ Early Years Teacher Training class လေးပါ 💛
ကျောင်းစဖွင့်ချိန်မှာ ဘယ်လို Academic Curriculum တွေသင် ပေးလိုက်တယ်ဆိုတာထက် ကလေးတွေ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုက First Priority ပါ
အိမ်က နေ ကျောင်းကို ပျော်ရွှင်စွာသွားလိုတဲ့စိတ်
ကျောင်းကနေ အိမ်ကို ပျော်ပျော်ရွှင်ရွှင်ပြန်သွားတယ်ဆိုတယ် အခြေအနေကို
မိဘတွေ ကိုယ်၌ကလည်း မြင်အောင်ကြည့်ပေးပါ ဘာစာမှလည်း မပါလာဘူး စာမသင်ဘူး ဆိုတာထက် အရေးကြီးတဲ့ Whole child development area တွေအကြောင်းကို ဆရာဆရာမတွေ သေချာနားလည်ကြရဲ့လားဆိုတာက ပို အရေးကြီးပါတယ်
တကယ်တော့ KG / Pre-KG ကလေးတွေကို သင်ပေးတယ်ဆိုတာ
စာသင်ပေးရုံထက် ပိုပါတယ်…
ပထမဆုံး school စတက်တဲ့ ကလေးတစ်ယောက်အတွက်
classroom ဆိုတာ သူတို့အတွက်တော့ ကမ္ဘာအသစ် တစ်ခုကို ရောက်သလိုဖြစ်နေနိုင်ပါတယ်။
ဒါကြောင့် teacher တွေအနေနဲ့ routine တွေ၊ relationship တွေ၊ emotional safety တွေကို နားလည်နိုင်ဖို့ အရမ်းအရေးကြီးပါတယ် 🌱
ဒီ class လေးမှာ
“First Week Success” အတွက်
ကလေးတွေရဲ့ feeling, behaviour, readiness တွေအတွက်
နေ့စဉ် classroom ထဲမှာ ဆရာ ဆရာမ တွေက ဘယ်လို handle လုပ် ပေးရမလဲ ဆိုတာ Scenario Practice အပိုင်းလေးတွေနဲ့အတူ sharing လုပ်ဖြစ်ခဲ့ပါတယ် ✨
တကယ်ကောင်းတဲ့ learning ဆိုတာ
ကလေးတွေ safe ဖြစ်တယ်လို့ ခံစားရတဲ့အချိန်က စတာပါပဲ 💛
"မြန်မာစာသင်ယူရတာ ပျော်စရာကောင်းတယ်ဆိုတာ သိပြီးပြီလား? 🤔✨
အခုဆို TikTok မှာ လူကြိုက်များနေတဲ့ 'Say the name on beat' Game လေးကို မြန်မာစာနဲ့ ကစားကြည့်ကြမယ်! 🎶 တက်ကြွလှုပ်ရှားတဲ့ သီချင်းသံစဉ်နဲ့အတူ မြန်မာစာလုံးလေးတွေကို မှန်အောင် ရွတ်ဆိုရင်း ပျော်ပျော်ပါးပါး လေ့ကျင့်လို့ ရပါတယ်နော်။ 🤗
သင်ယူမှုဆိုတာ စာအုပ်ထဲမှာပဲ ရှိတာမဟုတ်ပါဘူး! 📚
ဆရာမနဲ့ ကျောင်းသူလေးတို့ အတူတူ ပျော်ပျော်ပါးပါး ကစားနေကြတဲ့ ဒီ Game လေးမှာ မြန်မာစာရဲ့ ဗျည်းနဲ့ စကားလုံးလေးတွေကို သီချင်းစီးချက်နဲ့အညီ မှန်အောင်ပြောရတာ စိန်ခေါ်မှုရှိသလို အရမ်းလည်း ပျော်ဖို့ကောင်းပါတယ်! 🤩🎤
မြန်မာစာကို ခေတ်မီတဲ့ နည်းလမ်းလေးတွေနဲ့လွယ်လွယ်ကူကူ သင်ယူချင်တယ်ဆိုရင်တော့
Colour Balloon (မြန်မာစာ) သင်တန်းလေးကို သတိရလိုက်ပါနော်။ ❤️"
ကလေးတွေအတွက်လည်း စိတ်ဝင်စားစရာကောင်းသလို၊ အခြေခံမြန်မာစာ လေ့ကျင့်ချင်သူတွေအတွက်လည်း အထောက်အကူပြုစေမှာပါ။ အတူတူ လိုက်ကစားကြည့်
ရအောင်! 👇"
🌿 Adult Learners (အရွယ်ရောက်ပြီးသူများ) သည်ဘာသာစကား သင်ယူရာတွင် ဘာသာစကားရှိသဒ္ဒါစည်းမျဉ်းများကို ဆင်ခြင်နားလည်နိုင်စွမ်း မြင့်မားကြပြီး
မိခင်ဘာသာစကားနှင့်ကွာခြားမှုများကို နှိုင်းယှဉ်၍ သင်ယူနိုင်စွမ်းရှိကြပါတယ်။
ထို့ပြင် logic နှင့် reasoning ကို အသုံးပြုကာ
စနစ်တကျ လေ့လာတတ်ကြပြီးသင်ယူရာတွင်လည်း ရည်မှန်းချက်တစ်ခုဆီ ရှိနေတတ်ကြသည်။
အထူးသဖြင့် စာမေးပွဲ၊ အလုပ်အကိုင် သို့မဟုတ် ဆက်သွယ်ရေးအတွက် သို့မဟုတ် ဘာသာစကားဖလှယ်လိုခြင်း စသဖြင့်
ရည်မှန်းချက်အခြေပြုပြီး (goal-oriented) ဖြင့်သင်ယူလေ့ရှိကြပါတယ်။
ဒါကြောင့် အရွယ်ရောက်ပြီးသူများလည်း
Colour Balloons Burmese Class မှာ
အဆင်ပြေစွာ တက်ရောက်သင်ယူနိုင်ပါပြီနော် 😊
🎥 ဒီနေ့ video မှာတော့—
👉 အမြဲတမ်း
👉 တစ်ခါတစ်လေ
👉 ညတိုင်း
👉 နေ့တိုင်း
👉 မကြာခဏ
ဆိုတဲ့ နေ့စဉ်အသုံးပြုသော စကားလုံးများ ကိုအတူလေ့လာသွားကြရအောင်နော် ✨
မြန်မာစာ သင်ရင် နေ့ရက်တွေ မဖြစ်မနေ သိရမလား?
တကယ်တော့… သိဖို့ လိုပါတယ် 😊
ဘာကြောင့်လဲဆိုတော့
ဘာသာစကားတစ်ခုကို သင်တာဆိုတာ—
နေ့စဉ် အသုံးပြုနိုင်မယ့် စကားလုံးတွေကို
ရင်းနှီးကျွမ်းဝင်လာအောင် လေ့လာမှသာ
ပိုပြီး လွယ်ကူစွာ တတ်မြောက်နိုင်ပါတယ်။
ဒါကြောင့်ပဲ ကျွန်မတို့
🌱 Natural Approach (သဘာဝနည်း) နဲ့ သင်ကြားတဲ့အခါအသုံးများတဲ့ စကားလုံးတွေကနေ စတင်ပါတယ်။
ဒါဆိုရင်…
📅 ဒီနေ့တော့ Tr Eh Eh နဲ့အတူ
နေ့ရက်တွေ (Days of the Week in Burmese) ကို
လေ့လာကြရအောင်နော် 😊
Do you need to know the days of the week when learning Burmese?
Actually… yes, you do 😊
Because learning a language is about becoming familiar with words you can use in daily life,
which makes it much easier to learn. That's why the 🌱 Natural Approach begins with high-frequency vocabulary.
So today…
📅 let’s learn together with Tr Eh Eh,
Days of the Week in Burmese 😊
20/04/2026
🎈 သားသားမီးမီးတို့ရဲ့ မြန်မာစာအရည်အချင်းကို Colour Balloon နဲ့အတူ မြှင့်တင်လိုက်ရအောင်! ✨
မိဘတို့ရေ... ကလေးတွေကို အိမ်မှာ မြန်မာစာသင်ပေးရတာ ပျင်းနေမှာ စိုးရိမ်နေပါသလား?
ဆရာမတို့ရေ... အတန်းထဲမှာ သင်ကြားတဲ့အခါ ပိုမိုသက်ဝင်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ မြန်မာစာသင်ထောက်ကူတွေ ရှာနေပါသလား?
Colour Balloon မြန်မာစာသင်တန်း မှ ကိုယ်တိုင်စိတ်တိုင်းကျ ရေးဆွဲထုတ်လုပ်ထားပြီးသင်ကြားပေးနေတဲ့ Grade 1, 2, 3 (အခြေခံပညာ) အဆင့်လိုက် Chapter အလိုက် အပြင် Chapter End Test များပါဝင်ပြီး Test လုပ်နိုင်မယ့်Worksheet များကို အခုပဲ Softcopy (PDF & PowerPoint) အနေနဲ့ ဝယ်ယူရရှိနိုင်ပါပြီ။ 😍
ဘာတွေပါဝင်မလဲ? 📚
✅ လက်ရေးလှလေ့ကျင့်ခန်းများ: ကလေးတို့ရဲ့ လက်ရေးလေးတွေ စနစ်တကျနဲ့ လှပလာစေဖို့ အဆင့်လိုက် လေ့ကျင့်ခန်းများ။
✅ ရုပ်ပုံဖော် ပုံပြင်သင်ခန်းစာများ: နားထောင်ရုံတင်မကဘဲ မျက်စိထဲမြင်အောင် ပုံဖော်ထားတဲ့ ပုံပြင်လေးတွေနဲ့ သင်ယူနိုင်မှာပါ။
✅ အပြန်အလှန်သင်ယူမှု (PowerPoint): အတန်းထဲမှာဖြစ်ဖြစ်၊ အိမ်မှာ Zoom နဲ့ သင်တာပဲဖြစ်ဖြစ် အသုံးပြုရလွယ်ကူပြီး ကလေးတွေ မျက်တောင်မခတ်တမ်း ကြည့်မယ့် PowerPoint Slide များ။
✅ ဖန်တီးမှုပါဝင်သော Worksheet များ: ရိုးအီမနေဘဲ ဆေးရောင်ခြယ်ရင်း၊ ပဟေဠိဖြေရင်း မြန်မာစာကို တတ်မြောက်စေမယ့် ကိုယ်ပိုင်ဒီဇိုင်းများ။
ဘာကြောင့် Softcopy ကို ဝယ်သင့်တာလဲ? 🤔
• အကြိမ်ကြိမ် Print ထုတ်နိုင်ခြင်း: တစ်ခါဝယ်ထားရုံနဲ့ မိမိလိုအပ်သလောက် Print ထုတ်ပြီး ထပ်ခါတလဲလဲ လေ့ကျင့်ပေးနိုင်ပါတယ်။
• နေရာမရွေး သင်ယူနိုင်ခြင်း: ဖုန်း၊ Tablet သို့မဟုတ် Laptop ထဲမှာ အလွယ်တကူ သိမ်းထားပြီး အချိန်မရွေး ပြသသင်ကြားနိုင်ပါတယ်။
• ငွေကုန်ကြေးကျ သက်သာခြင်း: မူရင်း Softcopy ရှိထားတဲ့အတွက် ကလေးအများကြီးကို သင်ကြားရမယ့် ဆရာမတွေအတွက် ပိုမိုတွက်ချေကိုက်ပါတယ်။
နမူနာ (Sample) လေ့လာကြည့်ရှုရန် 🧐
အရင်ဆုံး Sample လေးတွေကို ကြည့်ပြီးမှ စိတ်ကြိုက်ဝယ်ယူနိုင်အောင် Drive Link လေးကို အောက်မှာ ပေးထားပါတယ်ရှင်။
🔗 Sample Drive Link ကို နှိပ်ပြီး ကြည့်ရှုရန်: https://drive.google.com/drive/folders/1e1AI9UWE6mna17PTavg4ECR1zVlRiPwW
✨ Colour Balloon ရဲ့ ရည်ရွယ်ချက်က မြန်မာစာကို ကလေးတွေအတွက် "ဝန်ထုပ်ဝန်ပိုး" မဟုတ်ဘဲ "ပျော်ရွှင်စရာ" ဖြစ်စေဖို့ပါ။
📩 ဝယ်ယူလိုပါက သို့မဟုတ် အသေးစိတ်စုံစမ်းလိုပါက Page Messenger မှတစ်ဆင့် ဆက်သွယ်နိုင်ပါပြီရှင်။
#မြန်မာစာ
"တန်ခူးလေရူး သုန်သုန်ဖြူးလို့၊ အတာတန်ခူး ရောက်ပြန်ပြီ" ဆိုတဲ့အတိုင်း ကျရောက်လာတဲ့ မြန်မာ့နှစ်သစ်ကူး အခါသမယမှာ Colour Balloon(မြန်မာစာ) မိသားစုဝင် ဆရာမများမှ နှစ်သစ်ဆုတောင်းစကားလေးတွေ ပါးလိုက်ပါတယ်ရှင်။🙏🌼
နှစ်ဟောင်းက အညစ်အကြေးတွေ အတာရေနဲ့ ဆေးကြောသန့်စင်ပြီး နှစ်သစ်မှာကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။🌼💦
သင်္ကြန်တွင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အနားယူရင်း ဆရာမတို့ရဲ့ ဆုတောင်းစကားလေးတွေကို နားဆင်ပေးပါဦးရှင်။ မကြာခင်မှာ ပြန်လည်ဆုံတွေ့ကြမယ့် သင်တန်းရက်တွေမှာလည်း စိတ်သစ်ကိုယ်သစ်နဲ့ ပညာဗဟုသုတတွေ အတူတူရှာဖွေကြမယ်နော်။🎈
#မြန်မာသင်္ကြန် #နှစ်သစ်ဆုမွန်ကောင်း
နှစ်သစ်မင်္ဂလာပါ 💦✨
မြန်မာနှစ်သစ်အခါသမယတွင်
ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်းနှင့် အောင်မြင်မှုများမိသားစုတိုင်းတွင် ပြည့်စုံကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည် 🙏
သားသားး မီးမီးများလည်း
ပညာပြည့်ဝ နှလုံးသားလှပြီး
မိမိတိုရဲ့ ဘာသာစကားနှင့် ယဉ်ကျေးမှုများကိုတန်ဖိုးထား ချစ်မြတ်နိုးနိုင်ကြပါစေ 🌱လို့
🎈 Colour Balloons မိသားစု မှ
နွေးထွေးစွာ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
Colour Balloon(မြန်မာစာ)
Tik tok Page
https://www.tiktok.com/?_r=1&_t=ZS-95Pw5TwzX0v
#မြန်မာသင်္ကြန်
#နှစ်သစ်ဆုတောင်း
#စကားပြောသင်တန်း
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
No(468), Bominyaung Road, 42 Ward North Dagon Township
Yangon
11191