U Tin Naing Myo

U Tin Naing Myo Korean Language Center

နှစ်သစ်မှာ ကိုရီးယားနိုင်ငံသို့ အလုပ်အကိုင်ဖြင့် သွားရောက်မည့်လူငယ်များအတွက် EPS Topik class ကိုဖွင့်လှစ်လိုက်ပါပြီ။ EPS...
31/01/2023

နှစ်သစ်မှာ ကိုရီးယားနိုင်ငံသို့ အလုပ်အကိုင်ဖြင့် သွားရောက်မည့်လူငယ်များအတွက် EPS Topik class ကိုဖွင့်လှစ်လိုက်ပါပြီ။ EPS စာမေးပွဲကို အချိန်ပေးပြီး သေချာလေ့လာသူတွေ အတွက်သာမက အလုပ်တစ်ဖက်နဲ့ စနစ်တကျ စာလေ့လာချင်သူများအတွက် အတန်းချိန်လေးကို Weekend ဖွင့်လှစ်ပေးထားပါတယ်။

သင်တန်းကာလကြာချိန်မှာ ခြောက်လ ခန့်ဖြစ်ပြီး

သင်တန်းကာလအတွင်း
◇ Basic Class
◇ EPS Part 1
◇ EPS Part 2 တို့ကိုသင်ကြားပေးသွားပါမည်။

ဒါ့အပြင် မေးခွန်းဟောင်းများကိုလည်း စနစ်တကျသင်ကြားပေးပြီး စာမေးပွဲဖြေမည့်နေ့ မရောက်မချင်း Revision , စာကျက်ဝိုင်း နှင့် CBT လေ့ကျင့်ခြင်းတွေကိုပါ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

EPS( Employment Permit System ) အကြောင်းမသိသေးသည့်သူများအတွက် EPS exam ဆိုသည်မှာ ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်လိုသော နိုင်ငံခြားသားများအတွက် ကိုရီးယားနိုင်ငံ၏ လူ့စွမ်းအင်ဖွံ့ဖြိုးမှု့ အဖွဲ့ အစည်းမှ ကျင်းပသော စာမေးပွဲဖြစ်သည်။
မြန်မာနိုင်ငံမှလူများအနေနှင့် နိုင်ငံခြားသို့ အလုပ်ထွက်လုပ်လိုသောအခါ ပုဂ္ဂလိက အေးဂျင့်အဆက်အသွယ်များမလိုပဲ နှစ်နိုင်ငံ တရားဝင် ဆက်သွယ်မှု့ ဖြင့်သွားရောက်လုပ်ကိုင်နိုင်သည်။

အလုပ်သွားရောက်လုပ်ကိုင်ရာတွင် အစိုးရက သတ်မှတ်ထားသော ကုန်ကျစရိတ်ဖြင့်သာ သွားရောက်လုပ်ကိုင်ရမည်ဖြစ်ပြီး အလုပ်သမားအခွင့်အရေး ဥပဒေ အပြည့်အဝရရှိသော system ကောင်းတစ်ရပ်ဖြစ်သည်။

သွားရောက်လုပ်ကိုင်လိုသူများသည်
* အသက် (18)နှစ် မှ (39)နှစ် အတွင်းဖြစ်ရမည်။
* ဆေးစစ်ဆေးရာတွင် ကျန်းမာရေးထောက်ခံချက် အပြည့်အဝ ရရှိသူဖြစ်ရမည်။ (သင်တန်းမတက်ရောက်ခင် ဆေးအရင်စစ်ဆေးစေလိုပါသည်။)
* (ကာလသား,ဆီး,ခန္ဓာကိုယ်အချိုဓာတ် , အသည်းအင်ဇိုင်း , Bပိုး , အဆုတ် , Colourblind) မရှိသူဖြစ်ရပါမည်။

ပညာရေး ကန့်သတ်ချက်မရှိပဲ ကိုရီးယား အရည်ချင်းစစ်စာမေးပွဲ ဖြစ်သည့် EPS Topik စာမေးပွဲဖြေဆို အောင်မြင်ရုံ နှင့် သွားရောက်နိင်သည့်အတွက် သင်တန်းက သင်ကြားပေးသည့် သင်ခန်းစာများကို စနစ်တကျလေ့လာဖို့တော့ လိုအပ်ပါမည်။


သင်တန်းကြေးအနေဖြင့်....

MMK 300,000 သတ်မှတ်ထားပြီး သင်တန်းတက်ရောက်သူများအနေနှင့် Uniform , Basis Book , (EPS part 1 book + part 2 book) and (Old questions-2000) များ ကိုရရှိမည်ဖြစ်ပါတယ်။
သင်တန်းကြေးပေးသွင်းရာတွင် လူတန်းစားပေါင်းစုံ တက်ရောက်နိုင်စေရန်အတွက် အရစ်ကျစနစ်ဖြင့်
တစ်သိန်းခွဲ ၂ ကြိမ် (သို့ ) တစ်သိန်း ၃ ကြိမ် ပေးချေခြင်းကိုလည်း လက်ခံထားပါသည်။

YUFL (BA.Korean) ဘွဲ့ရ ဆရာတစ်ယောက်ဖြစ်သည့်အပြင် EPS စာသင်နှစ် အတွေ့အကြုံရှိသည့် ဆရာကိုယ်တိုင် သင်ကြားပေးမည် ဖြစ်သောကြောင့် ကိုရီးယားစာကို ခုမှစတင်လေ့လာပြီး အလုပ်သွားရောက်လုပ်ကိုင်မည့်သူများ အတွက်လည်း အဆင်ပြေတဲ့သင်တန်းကောင်းတစ်ခုဖြစ်ပါတယ်။

သင်တန်းချိန် ~~~

⏰ 1:00pm - 3:30pm

နေ့ရက် ~~~

📅 Tue, Sat and Sunday.

သင်တန်းစတင် ဖွင့်လှစ်မည့်ရက်မှာ

☆☆ 11-2-2022 ဖြစ်ပြီး
သင်တန်းအပ်လိုသူများအနေနှင့် ကြိုတင်လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။

သင်တန်းများ စုံစမ်းလိုပါက
☎️ - 09 254355505 , 09 799694549

🏠 အမှတ် ( 217 ) B , ဗောဓိညောင်ပင်လမ်း ၊ ဖော့ကန်ရပ်ကွက် ၊ အင်းစိန်မြို့နယ် ( ဖော့ကန် City mark အနီး KBZ Bank ဘေးလမ်း) သို့ Sunday နေ့တိုင်း လာရောက်စုံစမ်းနိုင်ပါတယ်။

Address

No. ( 217 )B, Bawdi Nyaung Pin Street, Phawtkan, Insein
Yangon

Telephone

+959254355505

Website

Alerts

Be the first to know and let us send you an email when U Tin Naing Myo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to U Tin Naing Myo:

Shortcuts

Share