28/09/2025
Acting Vs. Action !
Profession in Procurement, Logistics, Warehousing !
28/09/2025
Acting Vs. Action !
14/06/2025
(Key Performance Indicator) တွေဟာ လုပ်ငန်းရှင်တွေနဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေအတွက်သာမကဘဲ, အဲဒီ KPI တွေထိအောင် (Achieve ဖြစ်အောင်) လုပ်ကြရတဲ့ ဝန်ထမ်းတွေ၊ အဖွဲ့တွေအတွက်လည်း အများကြီးအကျိုးရှိပါတယ်၊
ဝန်းထမ်းတစ်ယောက်ကို မင်းဘာလုပ်နေလဲ မေးရင် ဒီKPIတွေနဲ့ ကိုယ့်ရဲ့ Achievement တွေကို ချပြလိုက်ရုံပါပဲ၊
ဆိုတော့
လုပ်ငန်းတစ်ခုရဲ့ ဌာနစိတ် ဂျာကြီး၊ ဂျာလေးတွေ အနေနဲ့ KPI တွေကို ဘယ်လို ထိရောက်အောင်မြင်အောင် ရေးဆွဲ ရမယ်၊ ဝန်ထမ်းတွေအနေနဲ့ ဒီKPI တွေကို ထိအောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို ဝန်ထမ်းတွေရဲ့ ရှု့ထောင့်ကနေ မျှဝေပေးသွားပါ့မယ်၊
Still Tune! ဆက်လက်စောင့်မျှော်ပေးပါ…
26/05/2025
ကျနော့ မိတ်ဆွေ, Colleague ရဲ့ ပညာဒါနပါဗျ၊
စနေ ၂ ရက် ၊ တစ်ရက် ၂ နာရီ
မန်နေဂျာတစ်ယောက်ရဲ့ နေ့စဉ်စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်မလဲ⁉️
ဒီ 𝐅𝐫𝐞𝐞 𝐂𝐥𝐚𝐬𝐬 ကိုတက်ရောက်ပြီးသင်ဟာ ပိုမိုကောင်းမွန်တဲ့ မန်နေဂျာတစ်ယောက်ဖြစ်လာဖို့ခြေလှမ်းစတင်လိုက်ပါ ✅
မန်နေဂျာတစ်ယောက်အောင်မြင်ဖို Hard Skills (ဥပမာ Excel, Data Analysis) တင်မက Soft Skills နဲ့ Managerial Competencies တွေက အဓိကကျပါတယ် သင့်ရဲ့အနာဂတ်မှာအောင်မြင်တဲ့မန်နေဂျာတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ ဒီ Free Class လေးကို Join ဖိုအကြုံပြုချင်ပါတယ်
𝗘𝘀𝘀𝗲𝗻𝘁𝗶𝗮𝗹 𝗦𝗸𝗶𝗹𝗹𝘀 𝗳𝗼𝗿 𝗠𝗮𝗻𝗮𝗴𝗲𝗿 မှာသင်ကြားပေးသွားမယ့် 𝗟𝗲𝗰𝘁𝘂𝗿𝗲 ကတော့ 𝗨𝗞 နိုင်ငံရှိ 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗼𝗳 𝗡𝗼𝗿𝘁𝗵𝗮𝗺𝗽𝘁𝗼𝗻 မှ 𝗠𝗕𝗔 𝗚𝗿𝗮𝗱𝘂𝗮𝘁𝗲𝗱 တစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံရှိထိပ်တန်း Company တစ်ခုဖြစ်တဲ့ 𝗧𝗲𝗹𝗲𝗰𝗼𝗺 𝗜𝗻𝗱𝘂𝘀𝘁𝗿𝗶𝗮𝗹 တွင် 𝗛𝗲𝗮𝗱 𝗼𝗳 𝗖𝗼𝗺𝗽𝗹𝗶𝗮𝗻𝗰𝗲, 𝗖𝗼𝗻𝘁𝗿𝗮𝗰𝘁𝘀 𝗮𝗻𝗱 𝗖𝗹𝗮𝗶𝗺 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 လုပ်ကိုင်နေသူ အနေနဲ့လူသိများတဲ့ 𝗠𝘀.𝗟𝗶𝗻 𝗟𝗶𝗻 𝗛𝘁𝘄𝗲 ပဲဖြစ်ပါတယ် 👩🏻🎓
အောက်ပါ Link လေးကနေစာရင်းဖြည့်သွင်းပြီးတက်ရောက်နိုင်မှာပဲဖြစ်ပါတယ်
https://forms.gle/uiEkoeHrunn25CULA
လူဦးရေ ၅ ယောက်ပဲထပ်မံလက်ခံတော့မှာမိုအခုပဲစာရင်းပေးသွင်းလိုက်ပါ
𝗗𝗲𝘁𝗮𝗶𝗹𝘀 𝗘𝘃𝗲𝗻𝘁
--------------------------------------------------------------------------
𝗘𝘀𝘀𝗲𝗻𝘁𝗶𝗮𝗹 𝗦𝗸𝗶𝗹𝗹𝘀 𝗳𝗼𝗿 𝗠𝗮𝗻𝗮𝗴𝗲𝗿 ( 𝗙𝗿𝗲𝗲 𝗖𝗹𝗮𝘀𝘀 )
𝗗𝗮𝘁𝗲 - 𝟯𝟭 𝗠𝗔𝗬 𝟮𝟬𝟮𝟱 ( 𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆 ) & 𝟳 𝗝𝗨𝗡𝗘 𝟮𝟬𝟮𝟱 ( 𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆 )
𝗧𝗶𝗺𝗲 - 𝟭:𝟬𝟬 𝗣𝗠 𝘁𝗼 𝟯:𝟬𝟬 𝗣𝗠
𝗟𝗼𝗰𝗮𝘁𝗶𝗼𝗻 - 𝗡𝗼-(47,48,49),𝗣𝗮𝗿𝗮𝗺𝗶 𝗥𝗼𝗮𝗱,𝗶𝗻 𝗳𝗿𝗼𝗻𝘁 𝗼𝗳 𝗦𝗲𝗶𝗻 𝗚𝗮𝘆 𝗛𝗮𝗿(𝗣𝗮𝗿𝗮𝗺𝗶) 𝗦𝗵𝗼𝗽𝗽𝗶𝗻𝗴 𝗖𝗲𝗻𝘁𝗿𝗲,𝗛𝗹𝗮𝗶𝗻𝗴 𝗧𝗼𝘄𝗻𝘀𝗵𝗶𝗽,𝗬𝗮𝗻𝗴𝗼𝗻.
--------------------------------------------------------------------------
စိတ်ပါဝင်စားတဲ့မည်သူမဆိုအခမဲ့တက်ရောက်နိုင်မှာဖြစ်ပြီး လူဦးရေပြည့်သွားတာနဲ့ Register Form လေးပိတ်သွားမှာပဲဖြစ်ပါတယ်
𝗘𝘀𝘀𝗲𝗻𝘁𝗶𝗮𝗹 𝗦𝗸𝗶𝗹𝗹𝘀 𝗳𝗼𝗿 𝗠𝗮𝗻𝗮𝗴𝗲𝗿 သင်တန်းကို ဘယ်လိုလူမျိုးတွေ တက်ရောက်သင့်လဲ?
✔️ အဖွဲစီမံခန့်ခွဲမှုမှာ ပိုမိုထိရောက်စွာ ဦးဆောင်လိုသူများ
✔️ လက်ရှိစီမံခန့်ခွဲမှုပုံစံကို Upgrade လုပ်ချင်သူများ
✔️ Team Leader/ Supervisor တစ်ယောက်ကနေ Manager အဆင့်ကို တက်လှမ်းဖိုပြင်ဆင်နေသူများ
✔️ ဘွဲရပြီး ပထမဆုံးအလုပ်အတွက် Managerial Skills ပြင်ဆင်လိုသူများ
✔️ ကိုယ်ပိုင်လုပ်ငန်းကို Professional ကျကျ စီမံခန့်ခွဲလိုသူများ
✔️ Cross-functional Team တွေနဲ့အလုပ်လုပ်ရာမှာ Leadership လိုအပ်နေသူများ
✔️ Planning ရဲ့အကျိုးသက်ရောက်ပုံကိုသိချင်သူများ တိုပဲဖြစ်ပါတယ်
"သင့်ရဲ့ 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 𝗣𝗼𝘁𝗲𝗻𝘁𝗶𝗮𝗹 ကို အပြည့်အဝဖော်ထုတ်ဖို ဒီသင်တန်းက အကောင်းဆုံးအစပြုမှုဖြစ်ပါလိမ့်မယ်"
☎️ 𝗛𝗼𝘁𝗹𝗶𝗻𝗲 : 𝟬𝟵𝟳𝟲𝟱𝟰𝟰𝟮𝟵𝟱𝟭, 𝟬𝟵𝟳𝟲𝟱𝟲𝟭𝟯𝟳𝟵𝟰
🏠 𝗔𝗱𝗱𝗿𝗲𝘀𝘀 - 𝗡𝗼-(47,48,49),𝗣𝗮𝗿𝗮𝗺𝗶 𝗥𝗼𝗮𝗱,𝗶𝗻 𝗳𝗿𝗼𝗻𝘁 𝗼𝗳 𝗦𝗲𝗶𝗻 𝗚𝗮𝘆 𝗛𝗮𝗿(𝗣𝗮𝗿𝗮𝗺𝗶) 𝗦𝗵𝗼𝗽𝗽𝗶𝗻𝗴 𝗖𝗲𝗻𝘁𝗿𝗲,𝗛𝗹𝗮𝗶𝗻𝗴 𝗧𝗼𝘄𝗻𝘀𝗵𝗶𝗽,𝗬𝗮𝗻𝗴𝗼𝗻.
21/03/2025
ဒီလိုစာရွက်လေးတွေနဲ့ အလုပ်ရှုတ်ခဲ့ဖူးတယ် ဆိုရင် မိတ်ဆွေဟာ မြန်မာ့ Customs Clearance အတွေ့အကြုံ အနည်းဆုံး ၉ နှစ် ရှိပြီပေါ့
16/03/2025
ျော့သွားပြီး_မှန်ကန်_မြန်ဆန်_အလုပ်တွင်စေတဲ့_5S
5S က ဘာအကျိုးရှိတာလဲ၊ ဘာကောင်းတာလဲ ဆိုတာကို တခွန်းထည်း ပြောရရင်တော့.. အလုပ်တွင် တာပါပဲ။
• 5S ဆိုတဲ့ နည်းပညာဆိုင်ရာ အသုံးအနှုန်းဟာ Toyota ကား ထုတ်လုပ်ရေးက စခဲ့တာပါ။
• လုပ်ငန်းဆောင်တာတွေကို “မှန်ကန်” “မြန်ဆန်” စေဖို့ 5S က အများကြီး အထောက်အကူပြုပါတယ်။
• စက်ရုံ ၊ အလုပ်ရုံတွေ Warehouse တွေသာမကပဲ ရုံးတွေမှာလည်း 5S စနစ်ကို ကျင့်သုံးကြပါတယ်။
5S က အောက်ပါ ဂျပန် စကားလုံး ၅လုံးကို အခြေခံပြီးခေါ်ကြတာပါ,
ကျနော်တော့ မှတ်လို့လွယ်အောင် မြန်မာလို အတိုခေါက်,
“ #ရွေးစု_စီခင်း_သန့်ရှင်း_စံပြု_ထိမ်းသိမ်းမှု_ငါးခု_5S_တာ” ဆိုပြီး မှတ်ထားပါတယ်။
*** ***
ဒီ 5S ကို ဘယ်လိုစပြီး အကောင်အထည်ဖော် ဆောင်ရွက်ရမယ်ဆိုတာကို
ကျနော်တို့နှင့် နေ့စဉ်သွားလေရာ ပါတတ်တဲ့ ပိုက်ဆံအိပ် အထဲက ပစ္စည်းတွေနဲ့ ဥပမာ ပေးချင်ပါတယ်၊….
ကျနော်တို့ရဲ့ပိုက်ဆံအိပ်ကို ဖွင့်ပြီး စ လိုက်ရအောင်... ...
၁။ SEIRI = Sort / Tidiness (ပစ္စည်း တူရာတွေကို ရွေးထုတ်ခြင်း)
ပိုက်ဆံအိပ်ထဲမှာ ရှိနေတဲ့ ၁၀,၀၀၀ တန် က နေ ၅၀ တန်အထိ ငွေစက္ကူတွေ / ဘဏ်ကဒ်တွေ / Name Card တွေ/ မှတ်ပုံတင် နှင့် ယာဉ်မောင်းလိုင်စင် တွေကို ရွေးထုတ်ပြီး တူရာ တူရာ စုထားပါမယ်၊
*
၂။ SEITON = Set / Orderliness (ရွေးထုတ်ထားတဲ့ ပစ္စည်းတွေကို အစီအစဉ် တကျ ထားရှိခြင်း)
ရွေးထုတ်ထားတဲ့ ပစ္စည်းတွေကို အောက်ပါအတိုင်း အစီအစဉ်လိုက် ထားပါမယ်၊
• ၁၀,၀၀၀ တန် ပြီးရင် ၅,၀၀၀ တန်, ၁,၀၀၀ တန် စ သဖြင့် ၅၀ တန် ထိ.. ကြီးစဉ် ငယ်လိုက် ပြန်ထည့်ပါမယ်၊
• ထိုနည်းတူ ဘဏ်ကဒ်တွေ / Name Card တွေ ကိုလည်း “လိုအပ်” တဲ့ အမျိုးအစား နှင့်အရေတွက် ကိုပဲ ပြန်ထည့်ပါမယ်၊
• မှတ်ပုံတင် နှင့် ကားမောင်းလိုင်စင် ကိုတော့ မိမိ မကြာခဏ အသုံးပြုလေ့ရှိတဲ့ ကဒ်ကို.. ပိုက်ဆံအိတ်ရဲ့ ထုတ်လို့ထည့်လို့ အလွယ်ဆုံး အိပ်ကပ်မှာထားပါမယ်
(ဥပမာ - မိမိ က အစိုးရရုံးတွေ ခဏ ခဏသွား နေရတဲ့သူ ဆိုရင် မှတ်ပုံတင်ကို ထုတ်လို့ထည့်လို့ အလွယ်ဆုံး အိပ်ကပ်မှာထားပေါ့ / မိမိက ကား တစ်ချိန်လုံးမောင်း နေတဲ့ သူဆိုရင်တော့ အဲဒီနေရာမှာ ယဉ်မောင်းလိုင်စင် ထားပေါ့)
*
၃။ SEISO = Shine / Cleanliness ( ပစ္စည်းများကို သန့်ရှင်း သပ်ရပ် (ဖုန် / ဆီချေး ကင်းစင်) စွာ ထားရှိခြင်း)
ပထမဦးစွာ မိမိပိုက်ဆံအိပ်၏ အပြင်ပိုင်း အတွင်းပိုင်းကို သန့်ရှင်းရေး အရင်လုပ်ရပါမယ်၊
• ချုပ်ရိုးကြောင်းတွေမှာ ချေး / မှို တွေမရှိအောင် သန့်ရှင်းပါမယ်-
• ငွေစက္ကူတွေ တွန့်ကြေ၊ ခေါက်နေတာ၊ ရေစို(မိုးတွင်းဆို မှိုပါတက်) နေတာ၊
• မှတ်ပုံတင် / ကားလိုင်စင်တွေမှာ စတစ်ကာ တွေရှိနေတာ၊
• ဆောင်ထား တဲ့ မိမိရဲ့ Name Card တစ်ချို့မှာရေးချစ်ထားတာ / စွန်းထင်းနေတာ၊
စသည်တို့ နှင့် ကင်းစင်ပြီး သန့်ရှင်းသပ်ရပ်နေအောင် ထားရပါမယ်။
ဘာတွေ အကျိုးအမြတ် ရမလဲဆိုတာ အောက်မှာ ပြောပါ့မယ်။
*
၄။ SEIKETSU = Standardize (လုပ်ငန်း လည်ပတ်မှု ဆိုင်ရာ စံနှုန်းများ ထားရှိခြင်း)
အပေါ်က သုံးချက် လုပ်ဆောင်ပြီးတဲ့ အခါ အမြဲတန်း လိုက်နာ ကျင့်သုံးရမည့် Standard Operation Procedure (SOP) တွေထားရှိရပါမယ်၊
SOP ဥပမာ၊
တစ်စုံတစ်ယောက်က Name Card တောင်းတဲ့အခါ - အလွယ်တကူ အိန္ဒြေမပျက် ဆွဲထုတ်နိုင်ရန်အတွက် - (Name Card ကို ညာဘက် လက်နှင့် ဆွဲထုတ်မှာ ဖြစ်လို့)
• ပိုက်ဆံအိပ် ရဲ့ ဘယ်ဘက်ချမ်းတွင် ထည့်ရန်၊
ပိုက်ဆံအိပ်ထဲတွင် ငွေ အကြွေများ / မလိုအပ်သည့် ကဒ်များ နှင့် ပြည့်ဖောင်း ရှုတ်ပွ မနေစေရန် အတွက်
• ၄၀၀၀ နှင့် အောက်ကျသင့်ငွေကို “အကြွေရှိပါက” ၁၀,၀၀၀ တန် မပေးရန်.
• အခြားသူများ၏ Name Card များကို လက်ခံရရှိပါက ဖုန်းနံပါတ်၊ Email စသည်တို့ကို မိမိဖုန်း၌မှတ်သားပြီး ပိုက်ဆံအိပ် အတွင်းထည့်မထားပဲ Name Card Holder ထဲ၌ သိမ်းထားရန်
စသည်ဖြင့် လိုက်နာကျင့်သုံးရမည့် စံနှုံန်းများကို ရေးဆွဲ ချမှတ်ထားရမှာပါ။
*
အထက်ပါ (၄) ချက် နှင့် ပြည့်စုံပြီးရင် ရရှိမည့် အကျိုးအမြတ် (Advantages) တွေကတော့
၁။ မိမိ ပိုက်ဆံအိပ်ကို သူများရှေ့မှာ ထုတ်သည့်အခါ ယုံကြည်ချက် (Confidence) အပြည့်ရှိခြင်း
၂။ ငွေစက္ကူများ အစဉ်လိုက် စီထားသဖြင့် ငွေရှင်းရာတွင် မှန်ကန် မြန်ဆန်ခြင်း (၅၀၀ တန် နှင့် ၅,၀၀၀ တန် မှားပေးမိခြင်းမျိုး မရှိခြင်း)
၃။ Name Card / ဘဏ်ကဒ် / ယာဉ်မောင်းလိုင်စင် တွေကို သတ်သတ် မှတ်မှတ် ထားရှိထားသဖြင့် လူအများရှေ့တွင် ထုတ်ပေးရန် လိုအပ်ပါက ရှာနေစရာ မလိုပဲ စမတ်ကျကျနှင့် မြန်မြန်ဆန်ဆန် ထုတ်ပေးနိုင်ခြင်း၊
၄။ မိတ်ဆွေသစ်များ၊ ဧည့်သည်များရှေ့မှာ ပိုက်ဆံအိတ် တစ်လုံးနှင့် အလုပ်ရှုတ် စရာမလိုပဲရ အိန္ဒြေရရ ပြောဆိုဆက်ဆံနိုင်ခြင်း
စသည့် အကျိုးအမြတ်များ ရရှိမှာ နိုင်ပါတယ်။
*
၅။ SH*TSUKE = Sustain / Discipline ((ကောင်းမွန် သင့်တော်သော စံနှုန်း - လုပ်ငန်းစဉ် များကို) ထမ်းသိမ်း ဆက်လက် ကျင့်သုံးခြင်း)
ကောင်းမွန် သင့်တော်သော စံနှုန်း - လုပ်ငန်းစဉ် များကို) ထိန်းသိမ်း ဆက်လက် ကျင့်သုံးခြင်း ကိုတော့ လုပ်ငန်း အဖွဲ့အစည်း တစ်ခုမှာ လုပ်ဆောင်ရမယ့် အချက်တွေကို ဝေမျှပါ့မယ်. (ပိုက်ဆံအိပ် Porcedure မဟုတ်တော့ပါ )
1. 5S တာဝန်ခံ (Incharge / Champion) များ အလှည့်ကျထားရှိခြင်း
2. ရည်မှန်းချက် နှင့် ရလာဒ် များကို လေ့လာ ဆန်းစစ် သုံးသပ်ခြင်း
3. လိုအပ် သက်ဆိုင်သည့် သင်တန်းများပို့ချခြင်း
4. ရလာဒ်များတိုင်းတာခြင်း နှင့် ဆုပေးခြင်း
5. အလေ့အကျင့် ဖြစ်သွားစေရန် တစ်ယောက်ချင်းစီ စည်းကမ်းလိုက်နာ၍ စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်း
6. ဖြစ်စဉ်များကို စောင့်ကြည့်လေ့လာခြင်းနှင့်
7. စံနမူနာပြ ဆောင်ရွက်ခြင်းတို့ပါဝင်ပါတယ်။
5S ဟာ လက်တွေ့ ကျင့်သုံး လိုက်နာ ဆောင်ရွက်မယ်ဆိုရင် အစပြုခါစမှာ အနည်းငယ် အားစိုက်ရပေမယ့် လုပ်နေကျသွားရင် ပင်ပန်းမှု မရှိပဲ လုပ်ငန်း ဆောင်ရွက်ရာမှာ Downtime နည်းပြီး တိကျမှု / မြန်ဆန်မှု / သေသပ်မှု / စိတ်ချမ်းသာမှု တို့ကို ရစေမှာ ဖြစ်ပါတယ်၊
Downtime ဆိုသည်မှာ ကုန်ထုတ်စက်ရုံ ပျက်တဲ့ / ပြင်တဲ့အချိန် ကိုပဲ ခေါ်တာ မဟုတ်ပဲ တစ်စုံတစ်ခု / တစ်စုံတယောက် အလုပ်မလုပ်တဲ့ အချိန်၊ အလုပ်မှာ Active မဖြစ်တဲ့ အချိန်ကိုလည်း ခေါ်ကြပါတယ်။
တစ်ချို့ ဂျပန် ကုမ္ပဏီ တစ်ချို့ဆိုရင် ပစ္စည်းတစ်ခု စားပွဲပေါ်ကနေ ကျမ်းပြင်ပေါ်ကြသွားလို့ ကောက်လိုက်တဲ့ အချိန်ကို တောင် Downtime တွက်တဲ့အထဲမှာ ထည့်တွက်တယ်လို့ မှတ်သားဖူးပါတယ်။
အပေါ်က ပိုက်ဆံအိတ် ဥပမာ ကို ကိုးကားပြီး မိမိ နှင့် သက်ဆိုင်ရာ နယ်ပယ်မှာ အသုံးချ (Apply) လုပ်နိုင်ပါတယ်
• ပိုက်ဆံအိတ် မှသည် အလုပ်စားပွဲ (Logistics သမားများ အတွက်တော့ ဖိုင်တွဲတွေပေါ့)
• အလုပ်စားပွဲ မှသည် ရုံးခန်း
• ရုံးခန်း မှသည် Company / Factory / Warehouse / Workshop
• Company / Factory / Warehouse / Workshop မှသည် Corporation ကြီးတစ်ခုလုံး အထိ Apply လုပ်နိုင်ပါတယ်.
5S အကြောင်း ပိုပြီးပြည့်စုံသွားအောင် မိတ်ဆွေတို့လည်း Comment တွေပေးပြီး ဝင်ရောက်ဆွေးနွေးသွားပါဦး
God bless you 🙏
Zarni Oo (Progistics)
https://progistics.blogspot.com/
22/02/2025
ြောင်း_လို_တို_ရှင်း
ဆိုတဲ့ စကားလုံးမူရင်းဟာ ပြင်သစ် စကားလုံးဖြစ်တဲ့ ကနေ ဆင်းသက်လာတာပါ။ စစ်သုံး စကားလုံးပါ၊ စစ်သားတွေ အတွက် နေရာထိုင်ခင်း၊ လက်နှက် ရိက္ခာ စီစဥ်၊ ပို့ဆောင်ပေးတဲ့ လုပ်ငန်းစဉ်ကို Logistics လို့ ခေါ်ပါတယ်။ မြန်မာပြည်မှာတော့ ထောက်ပံ့ ပို့ဆောင်ရေး (ထောက်ပို့) လို့ နာမည်ပေးထားပါတယ်။
ခုခေတ် Logistics လုပ်ငန်းစဉ် ဟာ Transportation တစ်ခုထည်းမဟုတ်တော့ပါ၊
Logistics မှာ “Go” နှင့် “Stop” တိုတို ရှင်းရှင်း မှတ်လို့ရပါတယ်။ Go နှင့် Stop မှာ ဘာတွေပါလဲ ဆိုတာ ပူးတွဲပါပုံမှာ ကြည့်ပါ။
"Go" လုပ်ငန်းစဥ်ထဲမှာ Import / Export Freight, Freight Forwarding က စပြီး ကုန်စည်တွေ၊ အော်ဒါတွေကို Customer ရဲ့ အိမ်အထိပို့ပေးတဲ့ Delivery လုပ်ငန်းစဥ် အထိပါပါတယ်။
Stop လုပ်ငန်းစဥ် ထဲမှာ Warehouse ထဲကို ပစ္စည်းလက်ခံ (Receiving) ကစပြီး Delivery အဖွဲ့ကို ပစ္စည်းထုတ်ပေးလိုက်သည် အထိ ပါဝင်တဲ့ လုပ်ငန်းစဥ်တွေနှင့် ဆက်စပ်အသုံးပြုတဲ့ System များ (Warehouse Management System (WMS), Enterprise Resource Planning (ERP), စသည်ဖြင့်) ပါဝင်ကြပါတယ်။
Stop လုပ်ငန်းစဉ်ထဲမှာ ဘာတွေပါလဲ ဆိုတာ အသေးစိတ် သိလိုပါက ကျနော့ရဲ့ Blog တစ်ခု ဖြစ်တဲ့ “Warehousing ဆိုင်ရာ အခြေခံ ဝေါဟာရ၊ အသုံးအနှုန်းများ (Basic Warehousing Terms)”
https://progistics.blogspot.com/ နှင့် အောက်ပါ ဆက်စပ် ဆောင်းပါး၊ Blog များ တွင် ဖတ်ရှုနိုင်ပါတယ်။
ကျနော့ရဲ့ Blog / Page ဟာ Knowledge Sharing (ဗဟုသုတ မျှဝေခြင်း) သက်သက်သာဖြစ်လို့ ပိုမို ပြည့်စုံသွားအောင် မိတ်ဆွေတို့လည်း Comment Box မှာ ဝင်ရောက်ဆွေးနွေးသွားပါဦး။
လွပ်လပ်စွာ Share နိုင်ပါတယ်ဗျ၊ ကော်ပီ တော့ မကူးပါနဲ့လား၊
God Bless You 🙏
Zarni Oo (Progistics)
https://progistics.blogspot.com/
ဆက်စပ် ဆောင်းပါး၊ Blog များ
၁.စကားမပြောသော အမှန်တရားများနှင့် ကခုန်ခြင်း - အပိုင်း ( ၁ )
၂.What is the process of FIFO & LIFO (FIFO & LIFO အကြောင်း)
၃.Warehousing ဆိုင်ရာ အခြေခံ ဝေါဟာရ၊ အသုံးအနှုန်းများ (Basic Warehousing Terms )
၄.Cycle Count Vs. Annual Stock Count ကွဲပြားချက် နှင့် အားနည်းချက်၊ အားသာချက်များ
၅.စတော့ ဘယ်လိုကောက်ကြမလဲ - Stock Count Procedure
၆.ပဲလက် ပေါ် ဂျပ်ပုံး ခွေခြင်း, Carton Stacking Method on Pallet
၇.Brief of Logistics (Logistics အကြောင်း လို၊ တို၊ ရှင်း)
၈.Part (1) Warehouse ထဲက ပစ္စည်းထုတ်ပေးတဲ့အခါ အပြေ (Loose) တွေထုတ်ပေး နေရရင် Stock စစ်တဲ့အခါ လွယ်/ကိုက်အောင် ဘယ်လိုလုပ်မလဲ?
၉. Part (2) Warehouse ထဲက ပစ္စည်းထုတ်ပေးတဲ့အခါ အပြေ (Loose) တွေလည်း ထုတ်မယ်၊ Stock စစ်ရင်လည်း ကိုက်အောင် လုပ်ကြမယ်။
၁၀.ပဲလက် မှိုတက် (Mold On The Pallet)
၁၁.Unloading and Receiving (ပစ္စည်းချခြင်းနှင့် ပစ္စည်းလက်ခံခြင်း)
၁၂.Putaway Process (Warehouse ထဲမှာ ပစ္စည်းများကို သူ့နေရာ နှင့် သူ နေရာချခြင်း)
၁၃.Efficient Picking (မှန်ကန်မြန်ဆန်စွာ ပစ္စည်းကောက်နည်း)
၁၄.Packing and Dispatch Procedure (အော်ဒါပစ္စည်း ထုပ်ပိုးခြင်းနှင့် ထုတ်ပေးခြင်း)
07/02/2025
2020 - (အင်ကိုတမ်း ၂၀၂၀ မှာ ပြောင်းသွားတဲ့ အဓိက အချက်များ)
VPN မလိုပဲ ဖတ်ချင်ရင်တော့ ဒီ link မှာ ဖတ်လို့ရပါတယ်
https://progistics.blogspot.com/2022/02/incoterms-2020.html
(အင်ကိုတမ်း) Incoterms®
Incoterms® ဟာ International Commercial Terms ရဲ့ အတိုခေါက်ဖြစ်ပြီး ICC (International Chamber of Commerce) ကထုတ်ပြန်ထားတဲ့ ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းတွေ ဖြစ်ပါတယ်။
*
Logistics နယ်ပယ်က လူတွေ ကတော့ Incoterms ကို ရင်းနှီးပြီးသားပါ။ အခြားဌာန / နယ်ပယ်က လူတွေ မေးလာခဲ့ရင် အလွယ်တကူ ရှင်းပြလို့ ရအောင် / Seller – Buyer တွေနှင့် ဆွေးနွေးတဲ့ အခါ ကိုးကားလို့ ရအောင် Incoterms 2020 ဇယား ကိုလည်း မျှဝေ ထားပါတယ်။
ဒါ့အပြင် ရောင်းတဲ့သူ (Seller) က စျေးဖွင့်တဲ့အခါ Incoterms ပေါ်လိုက်ပြီး စျေးကွာတတ်ပါတယ်။
Procurement, Purchasing ဌာန ကလည်း အခြားနိုင်ငံက ပစ္စည်းမှာတဲ့အခါ ဝယ်စျေးနှုန်း နှင့် ဝယ်သူဘက်ကယူရမယ့် Risk ကို ချင့်ချိန် စဉ်းစား တွက်ချက်ဖို့ဆိုရင် Incoterms ဟာ အရေးပါ ပါတယ်။
*
Incoterms 2010 ကို ၂၀၁၉ အထိ အသုံးပြုခဲ့ပါတယ်။
အခု Incoterms 2020 မှာ အဓိကပြောင်းလည်း (Update လုပ်) ထားတဲ့ Terms ၂ ခု အကြောင်းကို မျှဝေပါ့မယ်။
*
1. New Incoterms® DPU Replaces DAT
(DAT ကို DPU နှင့် အစားထိုး ထားပါတယ်)
အရင်က DAT (Delivered at Terminal) ကို DPU (Delivered at Place Unloaded) ဆိုပြီး ပြောင်းထားပါတယ်။ DAT က “Terminal” ဆို တဲ့ ဝေါဟာရ က “ဘယ် Terminal ထိ အကျုံးဝင်တာလဲ / ဘယ်နေရာထိ Delivery လုပ်ပေးရမှာလဲ စသည်ဖြင့် ရောင်းသူ - ဝယ်သူ အငြင်းပွားစရာ / မရှင်းမလင်း ဖြစ်ခဲ့တဲ့ အတွက် DPU နှင့် အစားထိုးလိုက်တာပါတဲ့။
Term အသစ်က DPU (Delivery at Place Unloaded) - ပစ္စည်းချရမယ့်နေရာထိ ပို့ပေးရမယ် လို့ ဆိုလိုပါတယ်။ ပစ္စည်းချရမယ့်နေရာက ဘယ်နေရာဖြစ်ဖြစ် အကျုံးဝင်ပါတယ် တဲ့။ (သဘောတူ ညှိနိုင်းထားတဲ့ အာမခံတွေ, ပို့ဆောင်ရေးစရိတ်တွေ အားလုံးပေါ့)
*
2.Different level of insurance cover between CIF and CIP
(CIF နှင့် CIP တွင် အာမခံ အကျုံးဝင်မှု ကွဲပြားခြားနားပုံ)
Incoterms တွေ အထဲမှာ CIF (Cost, Insurance and Freight) နှင့် CIP (Carriage And Insurance Paid) (၂) မျိုးမှာသာ Seller ဘက်မှ Insurance မဖြစ်မနေ ဝယ်ရတာဖြစ်ပါတယ်။
Incoterms 2020 မှာတော့
CIF Term ရဲ့ Insurance ပုံစံ က မပြောင်းပါဘူး၊ ထုံးစံအတိုင်း ကန့်သန့်ချက်တွေနဲ့ တစ်ချို့Riskတွေကို Cover မဖြစ်ပါဘူး ။
CIP Term ရဲ့ Insurance ကတော့ အလုံးစုံအာမခံ ဖြစ်ပါတယ်။
ပုံထဲမှာ အသေးစိတ် ကြည်.နိုင်ပါတယ်။
*
အခြား Terms တွေရဲ့ Seller နဲ့ Buyer တာဝန်ယူရမယ့် ကျခံရမယ့် အပိုင်းတွေကိုလည်း ပုံထဲမှာ လေ့လာနိုင်ပါတယ်။
ကျနော့ရဲ့ Page ဟာ Knowledge Sharing (ဗဟုသုတ မျှဝေခြင်း) သက်သက်သာဖြစ်လို့ ပိုမို ပြည့်စုံသွားအောင် မိတ်ဆွေတို့လည်း Comment Box မှာ ဝင်ရောက်ဆွေးနွေးသွားပါဦး။
လွပ်လပ်စွာ Share နိုင်ပါတယ်ဗျ၊ ကော်ပီ တော့ မကူးပါနဲ့လား 😊
VPN မလိုပဲ ဖတ်ချင်ရင်တော့ ဒီ link မှာ ဖတ်လို့ရပါတယ်
https://progistics.blogspot.com/2022/02/incoterms-2020.html
God Bless You 🙏
Zarni Oo ( )
https://progistics.blogspot.com/
18/01/2025
မျက်နှာများတဲ့ ကွန်တိန်နာ 🚢
23/08/2024
ကျန်းမာတော်မူကြပါစခင်ဗျာ…အိုဟုတ်ပေါင် …
how we delivery orders nationwide blah blah blah
30/07/2024
မိုးရာသီ Pallet တွေမှိုတက်နေလား၊ ဘာကြောင့်တက်လဲ၊ ဘယ်လိုရှင်းမလဲ၊ ဘယ်လိုကာကွယ်မလဲ၊...
VPN မလို၊ ဒေတာသိပ်မစားပဲ (၃) မိနစ်ပဲအချိန်ပေးဖတ်ရင် ရပါပြီ။
ပဲလက် မှိုတက် (Mold On The Pallet) Supplychain, supply chain, logistics, logistic, warehouse, procurement, shipping, logistics consultant, supplychain class trainer
23/07/2024
VPN မလို Internet Data သိပ်မကုန်ပဲ ဖတ်လို့ရမယ့် Logistics ဗဟုသုတ အပြည့်ပါတဲ့ Progistics Blog
ကျနော့်ရဲ့ Page မှာရှိတဲ့ ဆောင်းပါးတွေကို Google Blog မှာရေးထားတာဖြစ်ပြီး Link ကို ဖွင့်ဖတ်ရင် VPN မလိုပါဘူး။ Video file မဟုတ်တဲ့အတွက် Data လည်း သိပ်မကုန်ပါဘူး။
ပုံတွေကိုလည်း သက်ဆိုင်ရာ ခေါင်းစဉ်အောက်မှာ ထည့်ထားလို့ အလွယ်တကူ ကိုးကားနိုင်ပါတယ်။
Progistics Blog မှာ process အားလုံးကို အသေးစိတ်ရေးထားတဲ့အတွက် စာရှည်ပေမယ့် လုပ်ငန်းစဉ် တစ်ခုလုံးကို ထဲထဲဝင်ဝင်နားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ Logistics မိတ်ဆွေတစ်ယောက် ရေးထားတဲ့ Review အောက်ကပုံမှာ ကြည့်ပါ။
Blog ကို progistics.blogspot.com/ မှာ တိုက်ရိုက်ဝင်ကြည့်နိုင်ပြီး Logistics & Warehousing, Shipping, Supply Chain ဆိုပြီး အုပ်စုသုံးခု ခွဲရေးထားပါတယ်။
ကျနော့် Blog / Page တွေဟာ ဗဟုသုတ မျှဝေခြင်းသာဖြစ်လို့ လွတ်လပ်စွာ Share နိုင်ပါတယ်ဗျ၊ ကော်ပီတော့ မကူးပါနဲ့လား။
God Bless You 🙏
Zarni Oo (Progistics)
22/07/2024
Delivery Processes (Planning, Scheduling and Delivering)
ဒီအခန်းမှာ ဖော်ပြမယ့် Sales Order Delivery Process တွေဖြစ်တဲ့ ပစ္စည်းမပို့ခင် ပြင်ဆင်ခြင်း၊ လမ်းကြောင်းဆွဲခြင်း နှင့် ပို့ရမယ့် အချိန်ဇယားကို စီစဉ်ခြင်းတို့တွင် လုပ်ဆောင်ရမည့်အဆင့်များစွာ ပါဝင်ပါတယ်။ အဲဒီလုပ်ငန်းစဉ်တွေကို ထိရောက်မှုရှိစေရန် နဲ့ Customer ရဲ့စိတ်ကြေနပ်မှုရရှိစေရန်အတွက် Warehouse Dispatch Team က ပို့ရမယ့် ပစ္စည်းတွေကို Delivery Team က လက်ခံပြီးတာနှင့် အောက်ပါအချက်တွေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။
1. လိုအပ်သော အချက်အလက်များကို စုဆောင်း စီစစ်ခြင်း
2. Sales Order များကို အုပ်စုခွဲခြင်း
3. ပို့ဆောင်ရန်လမ်းကြောင်း (Delivery Route) များကို အတိုဆုံးနှင့်အ မြန်ဆုံးဖြစ်အောင် ဆွဲခြင်း
4. Delivery Schedule (ပို့ဆောင်မှုအချိန်ဇယား) သတ်မှတ်ခြင်း
5. ဆွဲထားတဲ့ Delivery Schedule များ အဆင်ပြေ၊ မပြေ စောင့်ကြည့်ခြင်းနှင့် ၊ ပြင်ဆင်ခြင်း
6. Delivery ကားပေါ်ကို ပို့စရာပစ္စည်းများတင်ခြင်း လုပ်ငန်းစဉ်
6.1 နောက်ဆုံးပို့ရမယ့်ပစ္စည်းကို အရင်ဆုံးတင်ပါ။
6.2 ပစ္စည်းများ၊ ဂျပ်ပုံးများကို Delivery ကားပေါ်မှာနေရာချခြင်း
အရွယ်အစားနှင့် ပုံသဏ္ဍာန်
ပစ္စည်းအလေးချိန်
Fragile Items
7. Delivery ကားပေါ်မှ ပစ္စည်းများကို လက်ခံမည့်သူ (Customer) ထံသို့ ချ/လွှဲပြောင်း ပေးခြင်း
နိဂုံး
Sales Order Delivery Process ကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ပါက အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်ပေးခြင်း၊ လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်များကို လျှော့ချပေးခြင်း၊ Customer များရဲ့ စိတ်ကျေနပ်မှုကို မြှင့်တင်ပေးခြင်း စတဲ့ ကောင်းကျိုးတွေ ရရှိမှာဖြစ်ပါတယ်။ သင့်တော်မှန်ကန်သောကိရိယာများ၊ စက် / ယာဉ်များနှင့် နည်းစနစ်များကို အသုံးပြုခြင်းဖြင့် Delivery လုပ်ငန်းစဉ်ကို ချောမွေ့စေပြီး စိန်ခေါ်မှုအမျိုးမျိုးကို ထိရောက်စွာ ကိုင်တွယ်နိုင်မှာဖြစ်ပါတယ်။
အချက်တစ်ခုချင်းစီရဲ့ အသေးစိတ်ကိုတော့ အောက်က Link မှာ VPN မလိုပဲ ကြည့်နိုင်ပါတယ်။
Delivery Processes (Planning, Scheduling and Delivering) Supplychain, supply chain, logistics, logistic, warehouse, procurement, shipping, logistics consultant, supplychain class trainer