ALinn - Thit Energized English School

ALinn - Thit  Energized English School

Share

Hi, this is my Energized English School page. You can learn English in this page in natural way.

14/11/2025

မင်္ဂလာပါဗျ။ အလင်းသစ် အားဖြည့်အင်္ဂလိပ်စာသင်တန်းကနေ ကြိုဆိုလိုက်ပါတယ်။
ဒီနေ့မှာတော့ အထာကျကျနဲ့ ပျော်တဲ့အကြောင်းတွေပြောဖို့ idiom (၇) မျိုးကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ပုံပြင်လေးပါ ထည့်ပေးထားလို့ အပျင်းလည်းပြေ ဗဟုသုတလည်းရမယ်လို့ မျှော်လင့်ပါတယ်ဗျ။

🌞 Idioms for Happiness
1. On cloud nine (adjective)
Meaning:
Extremely happy. (အလွန်အမင်း ဝမ်းမြောက်ဝမ်းသာဖြစ်သော)

Example:

When she got the scholarship, she was on cloud nine for days.
ပညာသင်ဆုရလို့ သူ(မ) အရမ်းဝမ်းသာနေတယ်။

I’ve been on cloud nine since I landed my dream job.
ကျွန်တော်အရမ်းလိုချင်ခဲ့တဲ့အလုပ်ကိုရလို့ ကျွန်တော် အရမ်းပျော်နေတယ်။

Maung Maung was still on cloud nine after earning a perfect score last week.
မောင်မောင်က လွန်ခဲ့တဲ့တပတ်က (ပြိုင်ပွဲမှာ) အရမ်းကောင်းတဲ့ ရမှတ်ကို ရခဲ့လို့ ခုချိန်ထိပျော်နေတုန်းပဲ။

2. In seventh heaven (adjective)
Meaning:
In a state of great joy. (အလွန်ပျော်ရွှင်သော)

Example:

After the concert, he was in seventh heaven—it was his dream come true.
ဂီတဖျော်ဖြေပွဲပြီးတဲ့နောက် သူအရမ်းပျော်နေခဲ့တယ်။ သူအိမ်မက်တွေ လက်တွေ့ဖြစ်လာခဲ့ပြီ။

Since they got married, they’ve been in seventh heaven.
လက်ထပ်ပြီးနောက် သူတို့နှစ်ဦး အရမ်းပျော်နေကြတယ်။

When I told my mom she was going to be a grandmother, she was in the seventh heaven.
အမေမြေးချီရတော့မယ်လို့ ပြောလိုက်တော့ ကျွန်တော့်အမေအရမ်းဝမ်းသာသွားတယ်။

3. Over the moon (adjective)
Meaning:
Very pleased or delighted. (အလွန်ပျော်ရွှင်ဝမ်းသာသော)

Example:
I was over the moon when my video went viral.
ကျွန်တော့်ရဲ့ ဗွီဒီယို ပေါက်သွားတော့ ကျွန်တော်အရမ်းပျော်သွားတယ်။

My daughter felt over the moon when she got the first prize in poetry recitation.
ကဗျာရွတ်ပြိုင်ပွဲမှာ ပထမဆုရလို့ ကျွန်တော့်သမီးလေး အရမ်းပျော်နေတယ်။

4. Full of the joys of spring (adjective)
Meaning:
Very happy, energetic, and cheerful. (တက်ကြွ ပျော်ရွှင်နေသော)

Example:
He came to work full of the joys of spring after his vacation.
အပန်းဖြေခရီးထွက်ပြီးနောက် သူအလုပ်ကို တက်ကြွပျော်ရွှင်စွာနဲ့ လာတယ်။

He’s full of the joys of spring today. He must have gotten good news about his exam results.
သူဒီနေ့ အရမ်းပျော်နေတယ်။ သူစာမေးပွဲနဲ့ပက်သက်ပြီး သတင်းကောင်းကြားခဲ့တာဖြစ်လိမ့်မယ်

5. Walking on air (adjective)
Meaning:
Feeling wonderful, as if floating. (ပျော်လွန်းလို့ ခြေနဲ့မြေ မထိတော့။ မိုးမမြင် လေမမြင်ပျော်နေသော)

Example:

She’s been walking on air since she passed her final exams.
အတန်းတင် စာမေးပွဲအောင်လို့ သူ(မ) အရမ်းပျော်နေတယ်။

Her love makes me walking on air.
သူ(မ)ရဲ့ အချစ်ကြောင့် ငါအရမ်းပျော်ရွှင်ရတယ်။

When he proposed, I was walking on air for a week.
သူငါ့ကို ချစ်ခွင့်ပန်တုန်းကဆိုရင် ငါ့မှာ ပျော်လွန်းလို့ တပတ်လောက်ကို မိုးမမြင် လေမမြင် ဖြစ်နေတာ။

6. Like a dog with two tails (adjective)
Meaning:
Extremely happy or excited. (အလွန်ပျော်ရွှင်သော)

Example:

He was like a dog with two tails when he heard he’d been promoted.
ရာထူးတိုးတယ်လို့ သတင်းကြားတော့ သူအရမ်းကို ပျော်သွားတယ်။

Lucy will be like a dog with two tails if she gets into the team.
ဒီအသင်းကိုသာ ဝင်ခွင့်ရခဲ့ရင် လူစီတော့ အရမ်းဝမ်းသားသွားမှာပဲ။

7. Grin from ear to ear (verb)
Meaning:
Smile broadly due to happiness. (ပျော်လွန်းလို့ နားရွက်ချိတ်မတက် ပြုံးသည်။)

Example:

She was grinning from ear to ear after hearing the good news.
သတင်းကောင်းကြားလိုက်ရပြီးနောက် သူ(မ) နားရွက်ချိတ်မတက် ပြုံးနေတယ်။

“We’ve had a fantastic response!” he said, grinning from ear to ear.
သူက နားရွက်ချိတ်မတက်ပြုံးရင်း “ငါတို့ အရမ်းကောင်းမွန်တဲ့ ပြန်ကြားချက် ရထားတယ်” လို့ ပြောလိုက်တယ်။

ကဲ ပုံပြင်လေးဆီ ဆက်သွားလိုက်ကြစို့။

🌻 “The Day That Made My Heart Sing”
🌻 နှလုံးသားမှာ တေးသီသောနေ့

It was a bright Saturday morning, and Mia woke up on cloud nine. After months of hard work, she had finally been chosen as the lead singer for the school music show! 🎤🎶
တခုသော နေခြည်ဖြာတဲ့ စနေနံနက်ခင်းမှာ မီရာ ပျော်ရွှင်စွာနဲ့ နိုးထလာခဲ့တယ်။ လပေါင်းများစွာ ကြိုးစားမှုရဲ့ ရလာဒ်ကြောင့် သူ(မ) ကျောင်းဂီတပွဲမှာ ခေါင်းဆောင်အဆိုတော်အဖြစ် အရွေးခံခဲ့ရပြီလေ။

When she got the message, she was over the moon. She couldn’t stop smiling, twirling around her room like she had just won the lottery. Her mom laughed and said, “I haven’t seen you this happy in ages!”
အကြောင်းကြားစာ ရတုန်းကဆို သူ ပျော်လွန်းလို့ ရူးမတတ်ပဲ။ ပြုံးနေမိတာကိုလည်း တားမရ။ သိန်းထီပေါက်သလို သူ(မ)ရဲ့ အခန်းထဲမှာ ပတ်ချာလှည့် ကခုန်နေမိတယ်။ အမေကတောင် “ သမီး ဒီလောက်ပျော်တာ အမေတခါမှ မမြင်ဖူးဘူး” လို့ ပြောယူရတဲ့အထိပဲ။

As Mia walked to school, the air felt lighter, and even the birds seemed to be singing along with her. She was bursting with joy, and everything around her looked brighter.
မီရာ ကျောင်းကို လမ်းလျှောက်သွားချိန်မှာ သူကိုယ့်သူ လေထဲလွင့်နေလားထင်မိတယ်။ ငှက်ကလေးတွေတောင် သူ့အတွက် သီချင်းတွေ သီဆိုပေးနေသလိုပါ။ သူ့ပတ်ဝန်းကျင်က အရာရာက အရင်ကထက်ပိုမို တောက်ပနေကြတယ်။

At the rehearsal, her friends congratulated her. “You totally deserve it!” said Noah. That made her tickled pink — she’d always dreamed of performing, but never thought it would really happen.
အကြိုလေ့ကျင့်ချိန်မှာ သူငယ်ချင်းတွေက သူ့ကို ချီကျူးနေကြတယ်။ “နင်ဟာ ဒီနေရာနဲ့ တကယ်ကို ထိုက်တန်တဲ့သူပဲ” လို့ နော့ က ပြောတယ်။ သူအရမ်းပျော်ရပါတယ်။ ခုလို စင်ပေါ်မှာ ဖြေဖျော်နိုင်ဖို့ သူအမြဲစိတ်ကူးယဉ်ခဲ့မိပေမဲ့ တကယ်ဖြစ်လာမယ်လို့ သူအိမ်မက်တောင် မက်ရဲခဲ့တာမဟုတ်ပါ။

When Mia sang her first song, her voice echoed beautifully through the hall. The teachers clapped, her friends cheered, and she felt like a million bucks.
မီရာ သီချင်းစဆိုလိုက်ချိန်မှာ သူ့ရဲ့ သာယာတဲ့အသံဟာ ခန်းမတခုလုံးကို ခြုံလွှမ်းသွားတယ်။ ဆရာ ဆရာမတွေက လက်ခုပ်တွေတီးကြ၊ သူငယ်ချင်းတွေက တခဲနက်အားပေးကြတယ်။ သူ့ ပျော်လွန်းလို့ လေမှာ လွင့်မျောနေသလို ထင်မိပါရဲ့။

That night, Mia wrote in her journal,
အဲဒီညမှာ မီရာက သူ့ရဲ့ နေ့စဉ်မှတ်တမ်းထဲမှာ ရေးမှတ်လိုက်တယ်။

“Today made my heart sing. It’s amazing how one dream coming true can fill your whole world with sunshine.” 🌞✨
“ဒီနေ့ ကျွန်မရဲ့ နှလုံးသားမှာ တေးသီချင်းတွေ ပွင့်ဖူးကြတယ်။ အိမ်မက်တွေ တကယ်ဖြစ်လာချိန်မှာ ကမ္ဘာကြီးတခုလုံး တောက်ပလာလိုက်တာ သိပ်အံ့ဩစရာ ကောင်းတာပဲ”

The End.

🍒ရွှင်လန်းချမ်းမြေ့ပါစေ။
🍒Energized English
🍒အလင်းသစ်
🍒အားဖြည့်အင်္ဂလိပ်စာသင်တန်း

08/11/2025

😊မင်္ဂလာပါဗျ။ အလင်းသစ် အားဖြည့်အင်္ဂလိပ်စာသင်တန်းကနေ ကြိုဆိုပါတယ်။
😶နိုင်ရာစားလောက၊ အမြီးကျက် အမြီးစား ခေါင်းကျက်ခေါင်းစား၊ ကိုယ်ကောင်းစားဖို့ဆို ဘနဖူး(မိဘနဖူး) သိုက်တူးမယ့်လူစားဆိုတဲ့ စကားတွေကို ကြားဖူးကြပါဖို့မယ်။ ဒီနေ့မှာတော့ အဲဒီလိုမျိုး အဓိပ္ပါယ်ဆောင်တဲ့ အင်္ဂလိပ် အီဒီယမ်တခုအကြောင်းကို မျှဝေသွားမှာ ဖြစ်ပါတယ်။ ဒီ အီဒီယမ်လေးကို သရုပ်ဖော်ထားတဲ့ ပုံပြင်လေးတခုပါ video ရဲ့ နောက်ပိုင်းမှာ ထည့်သွင်းပေးထားပါတယ်။

🐶dog-eat-dog (adjective)

meaning:
A situation where people will harm or betray others to succeed; a fiercely competitive environment. It describes a situation where everyone is against everyone, like dogs fighting each other.
လူတွေက မိမိအောင်မြင်လိုမှုအတွက် သူတပါးကို ချနင်းဖို့ ဝန်မလေးတဲ့အခြေအနေတခု။ ရက်စက်ကြမ်းကြုတ်လွန်းတဲ့ အပြိုင်အဆိုင် ပတ်ဝန်းကျင်တခု။ ဒီစကားလုံးက လူတိုင်းက တယောက်နဲ့တယောက် ခွေးတွေတကောင်နဲ့တကောင်ကိုက်ခဲတိုက်ခိုက်ကြသလိုမျိုး ပြိုင်ဆိုင်တွန်းတိုက် နေကြတဲ့ အခြေအနေတခုကို ဖော်ပြတာဖြစ်ပါတယ်။

In reality, “dog-eat-dog” describes a world or situation where people are ruthlessly competitive — they will do anything (even harm others) to succeed or survive.
ကိုယ်ကောင်းစာဖို့၊ ကိုယ်အဆင်ပြေဖို့ တခြားသူ ဘယ်လောက်ဒုက္ခရောက်ပါစေ အညှာတာမဲ့ လုပ်ဆောင်ဖို့ ဝန်မလေးတဲ့ ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတဲ့ အခြေအနေကို “dog-eat-dog” ဆိုတဲ့ စကားလုံးက ဖော်ဆောင်တာဖြစ်ပါတယ်။ နိုင်ရာစားလောက၊ အမြီးကျက် အမြီးစား ခေါင်းကျက်ခေါင်းစား၊ ကိုယ်ကောင်းစားဖို့ဆို ဘနဖူး(မိဘနဖူး) သိုက်တူးမယ့် လူစားမျိုး၊ ပတ်ဝန်းကျင်မျိုး စသည် မြန်မာမှုပြုနိုင်မယ်ထင်ပါတယ်။

👉 It’s often used for business, politics, or social life when people care only about their own advantage.
ဒီစကားလုံးကို စီးပွားရေးလောက၊ နိုင်ငံရေးလောကနဲ့ တဖို့(ဘို့)တည်း ကြည့်တတ်တဲ့ လူတွေအကြောင်းကို ဖော်ပြလိုတဲ့အခါမှာ မကြာခဏ အသုံးပြုလေ့ရှိပါတယ်။

📜 5. Origin

The phrase goes back to an old Latin proverb:
“Canis caninam non est” — “A dog does not eat another dog.”

“dog-eat-dog” စကားစုရဲ့ မူလအစက ရှေးလက်တင်ဆိုရိုးစကားတခုဖြစ်တဲ့ “Canis caninam non est - ခနီးစ် ခနီးနမ် နမ်း အက်စ်ထ်” (အနီးစပ်ဆုံးဖြစ်မည်ဟုထင်ရသော အသံထွက်ဖြစ်ပါတယ်) “ခွေးတကောင်က ခွေးတကောင်ကို မစားဘူး) ဆိုတဲ့ စကားဖြစ်ပါတယ်။
* စကားချပ် - ဇာတ်တူသား မစားဘူး ဟု မြန်မာမှုပြုနိုင်မည်ထင်။

That meant dogs were loyal to their own kind.
ခွေးသော်မှ သူ့အမျိုးကို သစ္စာထားတယ်။ ဇာတ်တူသားမစားဟု ဆိုလိုရင်းဖြစ်ပါတယ်။

But in English, the phrase “dog-eat-dog” appeared around the 16th century, ironically describing a world where even dogs betray dogs — meaning loyalty and kindness have disappeared.
သို့ပေမဲ့ (၁၆) ရာစုဝန်းကျင် အင်္ဂလိပ်စာပေမှာ စတင်အသုံးပြုခဲ့တဲ့ “dog-eat-dog” ဆိုတဲ့ စကားကတော့ သစ္စာရှိလှပါတယ် ဆိုတဲ့ ခွေးတွေသော်မှ သစ္စာပျက်ကုန်ကြပြီ။ နောက်ကျော်ဓားနဲ့ထိုးကုန်ကြပြီ။ တနည်း သစ္စာတရားနဲ့ ကြင်နာမှုတွေ ဆိတ်သုန်းကုန်ပြီလို့ ခပ်ထေ့ထေ့ ခပ်ငေါ့ငေါ့ ဆိုလိုရင်းဖြစ်ပါတယ်။

“dog-eat-dog” ဆိုတဲ့ စကားလေးတခွန်းကို အရစ်တွေရှည်ပြီး ပြောပြနေတာကို ခုချိန်ထိ နားထောင်လာပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ပုံပြင်လေးဆီ ဆက်သွာလိုက်ပါမယ်။

🐾 Short Story:
“The Dog-Eat-Dog City”
“မိုးခါးရေမြို့”

The city never slept. Its lights burned all night — like stars that never rested.
ဒီမြို့လေးက ဘယ်တော့မှ မအိပ်။ သူ့အလင်းရောင်နဲ့ ညကို အချိန်ပြည့် မီးမြိုက်ထားတယ်။ ကြယ်တွေ ဘယ်တော့မှ အနားယူလေ့မရှိသလိုပေါ့။

For Leo, a 25-year-old man who had just arrived from his small hometown, those lights meant hope.
လီယိုက ဒီမြို့ကို ရောက်တာ မကြားသေးတဲ့ ၂၅ နှစ်အရွယ် လူငယ်လေးတယောက်ပေါ့။ ဒီမြို့ရဲ့အလင်းရောင်တွေက သူ့အတွက် ကောင်းမွန်တဲ့အနာဂတ် လို့ အဓိပ္ပါယ်ဆောင်နေတယ်။

He dreamed of working hard, earning respect, and sending money home to his mother. She had said with a smile,
“Be kind, Leo. Even in the city, kindness always comes back to you.”
“အလုပ်ကို ကြိုးစားလုပ်မယ်၊ လူတွေရဲ့လေးစားခံရတဲ့ဘဝကို ရယူမယ်၊ မိခင်ဖြစ်သူဆီ ပိုက်ဆံပို့မယ်” ဒါတွေဟာ သူ့ရဲ့ အိမ်မက်တွေပေါ့။ အမေက သူ့ကို ပြောလို့ရှိတယ်။
“လီယိုရေ လူတွေကို ကြင်နာစိတ်ထားပါနော်။ မြို့ကြီးပြကြီးမှာဖြစ်စေအုံး မေတ္တာဆိုတာ ရောင်ပြန်ဟပ်ပါတယ် သားရေ”

He believed her.
အမေရဲ့စကားတွေကို သူ ယုံကြည်တယ်။

🌆 Chapter 1: The Beginning

Leo joined a big company called Bright Corp. On the first day, everyone looked serious — too busy to smile.
He greeted a few people. Some nodded; most didn’t even look up.
Bright Corp ဆိုတဲ့ ကုမ္ပဏီကြီးတခုမှာ လီယို အလုပ်ရတယ်။ အလုပ်ဝင်တဲ့ ပထမဆုံးနေ့။ လူတိုင်းဟာ ပြုံးပြဖို့ အချိန်မရှိလောက်အောင်ကို အလုပ်များနေကြတယ်။

His team leader, Mr. Gray, shook his hand and said,
လီယိုရဲ့အဖွဲ့ခေါင်းဆောင် မစ်စတာ ဂရေးက လီယိုကို လက်ဆွဲနှုတ်ဆက်ရင်း ပြောလိုက်တယ်...

“Welcome, Leo. Just one thing — this is a dog-eat-dog place. If you want to survive, don’t trust anyone.”
“ကြိုဆိုပါတယ် လီယိုရေ။ ဒီကုမ္ပဏီမှာ အလုပ်ဝင်မယ်ဆိုရင် မောင်ရင်သိထားရမယ့် အရေးကြီးတဲ့ ကိစ္စတခုရှိတယ်။ ဒါက နိုင်ရာစားလောကပဲ။ ရှင်သန်ချင်ရင် ဘယ်သူ့ကိုမှ မယုံပါနဲ့။”

Leo laughed nervously. “I’ll just do my best,” he said.
လီယို စိုးထိတ်စိတ်နဲ့ ရယ်မိလိုက်တယ်။
“ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ်ခင်ဗျ”

But he didn’t yet understand what dog-eat-dog really meant.
ဒါပေမဲ့ နိုင်ရာစားလောက ဆိုတဲ့စကားကို သူလုံးဝ နားမလည်နိုင်ခဲ့။

💼 Chapter 2: The Competition
ပြိုင်ပွဲ

At first, Leo worked hard and tried to be kind. He shared credit with others, helped when someone was late, and stayed after hours.
အလုပ်ဝင်စမှာ လီယိုက အလုပ်ကို ကြိုးစားလုပ်ကိုင်တယ်။ တဖက်သားအပေါ်လည်း ကူညီရိုင်းပင်းပါတယ်။ ချီးကျူးစရာတွေကို ချီးကျူးတယ်။ အလုပ်နောက်ကျတဲ့ သူတွေကို ကူညီတယ်။ အလုပ်ကိုလည်း အချိန်ပိုပါဆင်းပြီး လုပ်ပေးပါတယ်။

But soon, he noticed something strange. When he made a good report, someone “accidentally” deleted his file. When he suggested a new idea, another coworker presented it to the boss first. When he stayed honest, others called him naive.
ဒါပေမဲ့ များမကြာမီ သူ ထူးဆန်းတဲ့ကိစ္စတွေကို သတိပြုမိလာတယ်။ သူကောင်းမွန်တဲ့အစီရင်ခံစာတင်လိုက်ရင် တစုံတယောက်က မတော်တဆ သူ့ဖိုင်ကို ဖျက်လိုက်မိတာမျိုး၊ သူက စိတ်ကူးသစ်တွေ အကြံပြုတဲ့အခါ လုပ်ဖော်ကိုင်ဖက်ဖြစ်သူက သူ့ဦးနှောက်ကို ဖောက်စားပြီး သူဌေးဆီကို ဦးအောင်သွားပြောတာမျိုး စတဲ့အရာတွေပေါ့။ သူ ဆက်ရိုးသားနိုင်ဖို့ ကြိုးစားပါတယ်။ လူတွေက သူ့ကို ငနုံ လို့ ဝိုင်းလှောင်ပြောင်ကြတယ်။

At meetings, everyone smiled — but behind those smiles were walls of jealousy.
အစည်းအဝေးမှာဆိုရင် လူတိုင်းက ပြုံးလို့။ ဒါပေမဲ့ ဒီအပြုံးတွေဟာ မနာလိုမှုတွေကို ဖုံးကွယ်ပေးထားတဲ့ နံရံသက်သက်သာ။

Still, Leo held on. He believed good work and kindness would win someday.
လီယိုကတော့ သူ့ယုံကြည်ချက်ကို မဖျောက်။ ကောင်းမွန်တဲ့စိတ်ထားနဲ့ မေတ္တာတရားဟာ တချိန်မှာ တူညီတဲ့ ရောင်ပြန်ဟပ်ရမယ်လို့ သူယုံကြည်တယ်။

🌧️ Chapter 3: The Fall
ကျဆုံးခြင်း

Then came a promotion — one position, many hungry eyes.
ရာထူးတိုးရွေးချယ်ချိန်ရောက်ခဲ့ပြီ။ ရာထူးတိုးတနေရာစာဟာ ဆာလောင်မွတ်သိပ်နေတဲ့ မျက်လုံးများစွာအောက်မှာ ပြားပြားဝပ်။

Leo worked all night on a proposal, his best yet. He emailed it to Mr. Gray before midnight.
The next morning, he saw his own words — his entire plan — on another coworker’s slides. No one believed him when he said it was his work.
Mr. Gray only said coldly, “Proof matters more than truth, Leo.”
လီယိုဟာ အဲဒီနေ့တညလုံး လုပ်ငန်းစီမံချက်တွေကို အကောင်းဆုံးကြိုးစားရေးသားပြင်ဆင်ပါတယ်။ ပြီးတော့ မစ်စတာ ဂရေးဆီကို ညသန်းခေါင်မတိုင်ခင် မေးလ်ပို့လိုက်ပါတယ်။
နောက်တနေ့ မနက်ခင်းမှာ သူရဲ့စာအရေးအသားတွေ ပြောရရင် သူ့ရဲ့ လုပ်ငန်းစီမံချက်တခုလုံးကို လုပ်ဖော်ကိုင်ဖက်တယောက်က PowerPoint Slide ပြန်တင်ပြနေတာကို ကြားလိုက်ရတယ်။ အဲဒါတွေအကုန်လုံးကို သူလုပ်ထားတာပါလို့ ပြောပေမဲ့ ဘယ်သူမှ မယုံကြည်ကြဘူး။
မစ်စတာ ဂရေးက အေးတိအေးစက်ပြောလိုက်တယ်။ “လီယို ငါတို့လောကမှာ အမှန်တရားထက် လက်ဆုပ်လက်ကိုင်ပြနိုင်တာက ပိုအရေးပါတယ်”

That day, Leo lost the promotion. His heart broke silently.
လီယိုဟာ ရာထူးတိုးအခွင့်အရေးကို လက်လွှတ်လိုက်ရတယ်။ သူရင်တွေ ကွဲရပါတယ်။

He went home to his small rented room, opened his mother’s old letter, and read:
ငှားထားတဲ့ အခန်းငယ်လေးဆီပြန်ရောက်တော့ သူ့အမေရဲ့ စာဟောင်းလေးကို ပြန်ဖတ်မိတယ်။
“If the world becomes cruel, don’t let it turn your heart cold.”
“သားရေ ကမ္ဘာလောကကြီးက ဘယ်လိုပဲ ရက်စက်ကြမ်းကြုတ်ပါစေ သားရဲ့နှလုံးသားကို အရောင်ဆိုးမခံနဲ့နော်”

Tears fell onto the paper.
စာရွက်ပေါ်ကို မျက်ရည်တွေ သွန်ကျလာပါတယ်။

🌑 Chapter 4: The End
နိဂုံး

Weeks later, Leo stopped smiling. He stopped helping.
အပြုံးတွေ လီယိုဆီမှာ ဆိတ်သုန်းပြီ။ ကူညီခြင်းလည်း နတ္တိ။

He came early, left late, and spoke little. He learned the rules of the city — the dog-eat-dog rules.
အလုပ်ကို စောစောလာ၊ နောက်ကျမှပြန်၊ စကားကို လိုသလောက်ပဲပြော။ ခုဆို မြို့ပြဉပဒေသကို သူကောင်းကောင်းတတ်မြောက်သွားပြီ။ ဘနဖူး သိုက်တူးကြစတမ်း။

The city lights still shone that night — cold, distant, and endless.
ညဟာ သူ့အလင်းနဲ့သူ တောက်ပလင်းဖြာနေတုန်း။ အေးစက် ဝေးလွင့် အဆုံးမဲ့ ...

💔 Moral:
In a dog-eat-dog world, even good hearts can break.
မိုးခါးရေသောက်သူတွေရဲ့ ကမ္ဘာမှာ စိတ်ထားကောင်းသူတွေတောင် မိုးခါးရေ သောက်နိုင်လာတတ်တယ်။

But sometimes, remembering kindness is the only way to save what’s left of your soul.
မေတ္တာတရားလက်ကိုင်ထားခြင်းကသာ သင့်စိတ်ကို ကယ်တင်နိုင်မှာပါ။

🍒ရွှင်လန်းချမ်းမြေ့ကြပါစေ။
🍒Energized English
🍒အလင်းသစ်
🍒အားဖြည့်အင်္ဂလိပ်စာသင်တန်း

01/11/2025

😊မင်္ဂလာပါဗျ
🚙အလင်းသစ် အားဖြည့်အင်္ဂလိပ်စာသင်တန်းမှ ကြိုဆိုလိုက်ပါတယ်။

ဒီနေ့မှာတော့ ချစ်တဲ့အကြောင်းတွေ တဝကြီးပြောဖို့ အချစ်နဲ့ပက်သက်တဲ့ နောက်ထပ် အီဒီယမ် (၅) ခုကို အတူတူလေ့လာကြည့်ကြပါမယ်။

Fun Time လေးလည်းပါပါတယ်ဗျ။

ပထမတင်ပေးခဲ့တဲ့ အချစ်နဲ့ပက်သက်တဲ့ အီဒီယမ် (၅) ခုနဲ့ အခုထပ်တင်ပေးတဲ့ အချစ်နဲ့ပက်သက်တဲ့ နောက်ထပ် အီဒီယမ် (၅) ခုကို ပေါင်းစပ်ထားတဲ့ ပုံပြင်လေးတပုဒ်လည်း ပါပါသေးတယ်။ ဒါကြောင့် အင်္ဂလိပ်စာ ဗဟုသုတလည်းတိုးပွား၊ အပျင်းလည်းပြေစေမှာပါ။

အရမ်းချစ်တတ်သူများ ဆိုရင်တော့ ပုံပြင်နားထောင်ရင်း မပြုံးပဲမနေနိုင် ဖြစ်ကြမှာ အသေအချာပါပဲ။ ကဲ စလိုက်ကြစို့။

💘6. Carry a torch for (someone)
Meaning: To secretly love someone who doesn’t love you back.
💘ကိုယ့်ကိုပြန်မချစ်နိုင်မဲ့သူကိုမှ တိတ်တခိုး ချစ်မိနေတယ်။ (အုံပုန်းချစ်ပဲ ဆိုလေမလား)

Example: He’s been carrying a torch for her since high school.
အထက်တန်းကျောင်းသားဘဝထဲက သူက သူ(မ)ကို အုံပုန်းချစ်လေး ချစ်နေခဲ့တာ။

💍7. Pop the question
Meaning: To propose marriage.
💍လက်ထပ်ခွင့်တောင်းသည်။

Example: He finally popped the question during their trip to Paris.
ပြင်သစ်ကို အလည်အပတ်ခရီးစဉ်မှာ သူက သူ(မ)ကို လက်ထပ်ခွင့်တောင်းလိုက်တယ်။

👰8. Match made in heaven
Meaning: Two people who are perfectly suited for each other.
👰နတ်ရေးတဲ့ ရွှေဖူးစာ။ နတ်ဖက်တဲ့ဖူးစာ။ နေနဲ့လ ရွှေနဲ့မြ။
(TT နဲ့ Lisa😁)

Example: Everyone says they’re a match made in heaven.
သူတို့နှစ်ဉီးကတော့ နတ်ဖက်တဲ့ဖူးစာလို့ လူတိုင်းက ဆိုကြတယ်။

💌9. Tie the knot
Meaning: To get married.
💌လက်ထပ်ထိမ်းမြားသည်။

Example: They’re planning to tie the knot next summer.
လာမယ့်နွေရာသီမှာ လက်ထပ်ကြဖို့ သူတို့စီစဉ်ထားတယ်.

💘10. Have eyes only for (someone)
Meaning: To love only one person and ignore others.
💘မင်းမှမင်းပဲ..🎼🎶 မင်းမှမင်းပဲ 🎵🎶..။ မင်းကလွဲရင် ကျန်တာဖွဲနဲ့ဆန်ကွဲ။

Example: He has eyes only for his wife, even after all these years.
နှစ်တွေ ဒီလောက်ကြာငြောင်းခဲ့ပေမဲ့ သူကတော့ သူ့ဇနီးပဲ မိန်းမထင်နေတာဗျို့။
(သူ့မိန်းမကိုပဲ ချစ်တယ်။ တခြားဘယ်မိန်းမမှ စိတ်မဝင်စားဘူးပေါ့ဗျာ။)

ကဲ ပုံပြင်လေး စလိုက်ကြရအောင်

“A Match Made in Heaven”
“နတ်ရေးငယ်တဲ့ ရွှေဖူးစာ”

When Jake first met Emma at the art fair, it was 💚love at first sight. Her smile 💚took his breath away, and from that moment, he was 💚head over heels in love.
ဂျိတ်ခ်ဟာ ပန်းချီပြပွဲတခုမှာ အမ်မာနဲ့ ဆုံတွေ့ခဲ့ချိန်မှာ 💚မြင်မြင်ချင်းဆိုသလို ချစ်မိသွားပါတယ်။ သူ(မ)ရဲ့ အပြုံးလေးကို မြင်လိုက်တဲ့အခါ 💚အသက်ရှုဖို့တောင် သူ မေ့သွားခဲ့ရတယ်။ သူ 💚အရမ်းကို ကြွေသွားပါတယ်။

He tried to hide his feelings, but everyone could tell that Emma was 💚the apple of his eye. He only 💚had eyes for her, even when other girls tried to 💚flirt with him.
သူ့ခံစားချက်တွေကို ဖုန်းကွယ်ဖို့ ကြိုးစားပေမဲ့ လူတိုင်းက သူ အမ်မာကို 💚 စွဲစွဲလမ်းလမ်းဖြစ်နေတာကို ပြောနိုင်လောက်အောင် ဖုန်းဖိမရဖြစ်နေပါတယ်။ သူ့ကို 💚ရေလာမြောင်းပေးလုပ်သူ မိန်းကလေးတွေရှိပေမဲ့ သူကတော့ 💚အမ်မာတယောက်သာ ရင်ထဲရောက်နေပါတော့တယ်။

At first, Emma didn’t notice him much, but Jake never gave up. He truly 💚had a soft spot for her—her kindness, her laugh, even the way she talked about her dreams.
အစပိုင်းတော့ အမ်မာက သူ့ကို သတိတောင် မထားမိပေမဲ့ ဂျိတ်ခ်က လုံးဝ လက်မလျှော့ခဲ့ပါဘူး။ သူ(မ)ရဲ့ ကြင်နာတတ်တာတွေ၊ ရယ်သံလေးတွေ၊ သူ(မ)ရဲ့ စိတ်ကူးအိမ်မက်အကြောင်းတွေ ပြောတဲ့ဟန်ပန်လေးတွေကအစ သူက 💚ရူးရူးမူးမူး စွဲလမ်းနှစ်သက်နေပါပြီ။

For months, he 💚carried a torch for her, too shy to say how he felt. Finally, one evening, under the city lights, he gathered his courage and 💚popped the question:
“Would you be my girlfriend?”
လပေါင်းများစွာ ဂျိတ်ခ်က အမ်မာကို 💚တိတ်တခိုးလေးပဲ ချစ်နေခဲ့ရပါတယ်။ သူဖွင့်ပြောဖို့ အရမ်းကို စိုးရိမ်မိနေလို့ပေါ့။ မမျိုသိပ်နိုင်တော့တဲ့အချိန် တခုသော ညနေခင်းရဲ့ မြို့ပြမီးရောင်တွေနဲ့အတူ သူသတ္တိမွေးပြီး အမ်မာကို 💚ချစ်ခွင့်ပန်ခဲ့ပါတယ်။
“ငါတို့ချစ်သူတွေ့ဖြစ်ခွင့်ရနိုင်မလား"

Emma smiled and said yes. Everyone who knew them said they were 💚a match made in heaven. A year later, they 💚tied the knot in a small garden, surrounded by family and friends.
အမ်မာက ရှက်ပြုံးလေးတပွင့်နဲ့အတူ ခေါင်းညိတ်ခဲ့တယ်။ (သူပျော်ပြီပေါ့) သူတို့အကြောင်းကို သိတဲ့သူတိုင်းက 💚နေနဲ့လ ရွှေနဲ့မြလို့ လိုက်ဖက်ပါပေတယ် လို့ ချီးမွမ်းကြတယ်။ ချစ်သူသက်တမ်း တနှစ်ကြာပြီးနောက် ဉယျာဉ်ငယ်တခုရဲ့အလယ်မှာ မိဘဆွေမျိုးသူငယ်ချင်းတွေ ခြံရံလို့ သူတို့ 💚လက်ထပ်ခဲ့ကြတယ်။

And from that day on, they’ve been living proof that real love stories don’t just happen in movies — they’re written in hearts that dare to dream. 💍
အချစ်စစ်ဆိုတာ ရုပ်ရှင်တွေ ဝတ္တုတွေထဲမှာတင်ရှိတာမဟုတ်ဘဲ ချစ်ခြင်းမေတ္တာကို နှစ်နှစ်ကာကာ ယုံကြည်ပြီး လက်တွေ့လုပ်ဆောင်ဝံ့တဲ့ သတ္တိရှိသူတွေအတွက် လက်တွေ့ဘဝမှာလည်း ဖြစ်နိုင်တယ်ဆိုတာကို သူတို့နှစ်ဦးက သက်သေထူခဲ့ပါတယ်။

(They’re written in hearts that dare to dream. Meaning: True love stories are not only found in movies — they happen in real life, in the hearts of people who believe in love and have the courage to follow their dreams.)

27/10/2025

😊မင်္ဂလာပါဗျ

🚙အလင်းသစ် အားဖြည့်အင်္ဂလိပ်စာသင်တန်းမှ ကြိုဆိုလိုက်ပါတယ်။

ဒီနေ့မှာတော့ ချစ်တဲ့အကြောင်းတွေ တဝကြီးပြောဖို့ အချစ်နဲ့ပက်သက်တဲ့ အီဒီယမ် (၅) ခုကို အတူတူလေ့လာကြည့်ကြပါမယ်။

💞 Idioms for “Love”

💛1. Head over heels (in love)
Meaning: Deeply and completely in love.
🛴အရမ်းကို ကြွေဆင်းပြီး သူမှသူပဲ ဖြစ်နေတဲ့အချစ်မျိုးပေါ့။

Example:
🍒He’s head over heels in love with Lisa.
သူတော့ လီဆာကို အရမ်းကို ကြွေဆင်းနေပြီ။

💜2. The apple of someone’s eye
Meaning: Someone who is very precious and loved deeply.
💕အရမ်းတန်ဖိုးထားပြီး ချစ်မြတ်နိုးရတဲ့သူ။ အသည်းကျော်လေး။

(ဒီ အသုံးက သားသမီးလေးတွေ၊ မိသားစုဝင်တွေရဲ့ အကြောင်းပြောတဲ့နေရာမှာ ပိုပြီးအသုံးများပါတယ်။ ချစ်သူချင်း၊ ဇနီးမောင်နှံချင်း ပြောတဲ့အခါမှာလည်း သုံးလေ့ရှိတယ်။ အရမ်းတန်ဖိုးထားရတဲ့ ပစ္စည်းတွေကို ပြောတဲ့အခါမှာလည်း အသုံးပြုတာ အရမ်းနည်းသော်လည်း သုံးလေ့သုံးထရှိပါတယ်။)

Example:
🍒His daughter is the apple of his eye.
သူ့သမီးက သူ့ရဲ့ အသည်းကျော်လေးဗျ။

🍒the apple of his eye, and he can’t stop talking about her.
သူက ဇနီးဖြစ်သူက သိပ်ချစ်တာဗျ။ ပါးစပ်ဖျားကနေကို မချဘူးဗျာ။

🍒That guitar is the apple of his eye.
ဒီဂီတာလေးက သူ့အရမ်းမြတ်နိုးရတဲ့အရာဗျ။

💖3. Fall for someone
Meaning: To start feeling romantic love for someone.
💘တစုံတဦးကို စတင်ချစ်မိသွားတယ်။

Example:
🍒I think I’m starting to fall for him.
ငါသူ့ကို ချစ်မိနေပြီထင်တယ်။

🍒She fell for him the moment he smiled at her.
သူမက သူ့ရဲ့ အပြုံးကို မြင်မြင်ချင်း ချစ်မိသွားတယ်။

💝4. Love at first sight
Meaning:
Falling in love immediately upon meeting someone.
🤍မြင်မြင်ချင်း ချစ်မိတယ်။

Example:
🍒It was love at first sight when they met at the airport.
သူတို့နှစ်ဦးဟာ လေဆိပ်မှာ တဦးကိုတဦး မြင်မြင်ချင်း ချစ်မိသွားတယ်။

💚5. Have a soft spot for (someone)
Meaning:
To feel affection or fondness for someone.
💌တစုံတရာကို တစုံတယောက်ကို သနားတတ်တဲ့စိတ်၊ ကြင်နာတတ်တဲ့စိတ် ရှိတယ်လို့ ဆိုလိုပါတယ်။ (ဒီနေရာမှာ သမီးရည်းစားချစ်ခြင်းကို မဆိုလိုပါဘူး။ ဒါပေမဲ့ ရေးသားတဲ့ အကြောင်းအရာပေါ်မူတည်ပြီးတော့ ပြောင်းလဲယူဆလို့တော့လည်း ရပါတယ်။)

Example:
🍒She has a soft spot for kind, funny people.
သူမက ကြင်နာတတ်ပြီး ပျော်ပျော်နေတတ်တဲ့လူတွေကိုဆိုရင် သဘောကျတယ်။

🍒Yuqi has a soft spot for stray animals and always feeds them.
အူဂီက ပိုင်ရှင်မဲ့တိရစ္ဆာန်လေးတွေကို သနားကြင်နာတတ်ပြီး အမြဲအစာကျွေးလေ့ရှိတယ်။

🍒I’ve always had a spot for superheroes movies.
ကျွန်တော်က လူစွမ်းကောင်းရုပ်ရှင်တွေဆို အရမ်းကြိုက်တယ်။

🍒Most teachers have a spot for hardworking students.
ဆရာအများစုက ကြိုးစားတဲ့ကျောင်းသားတွေဆိုရင် သဘောကျတတ်တယ်။

🍒ရွှင်လန်းချမ်းမြေ့ကြပါစေ
🍒Energized English
🍒အလင်းသစ်
🍒အားဖြည့်အင်္ဂလိပ်စာသင်တန်း

Photos from ALinn - Thit  Energized English School's post 22/10/2025

🍒မင်္ဂလာပါဗျ။ အလင်းသစ် အားဖြည့်အင်္ဂလိပ်စာသင်တန်းမှ ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ အင်္ဂလိပ်စာကို စတင်လေ့လာနေသူတွေ အနည်းငယ် ရောထွေးတတ်တဲ့ Present Perfect Tense အကြောင်းကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်။

🌼The Present Perfect Tense is an English verb tense used to connect the past with the present. It describes an action or situation that started in the past and is either still continuing or has a result in the present.

Present Perfect Tense ကို အတိတ်မှာ စတင်ခဲ့ပြီး လက်ရှိပစ္စုပ္ပန်မှာ ဆက်လက်ဖြစ်ပျက်နေဆဲ အကြောင်းအရာများကို ဖော်ပြတဲ့အခါ၊ ဒါမှမဟုတ် အတိတ်မှာ ဖြစ်ပျက်ခဲ့ပြီး လက်ရှိအချိန်ထိ ရလာဒ်ကျန်ရှိနေသော အကြောင်းအရာများကို ဖော်ပြတဲ့အခါမှာ အသုံးပြုလေ့ရှိပါတယ်။

😊အောက်မှာ အသေးစိတ်ကို ဆက်လက်ရှင်းပြပေးပါမယ်။

🍋‍🟩Formation (တည်ဆောက်ပုံ)

🍒I/We/You/They/ plural subjects + have + past participle (V3) (plural = အရေအတွက် တခုထက်ပိုသော)

🍒He/She/It/ singular subjects + has + past participle(V3) (singular = တခု၊ တကောင်၊ တယောက် စသော အရေအတွက်)

😊Present Perfect Tense ကို ရေးတတ်ဖို့ဆိုရင် အပေါ်မှာ ဖော်ပြထားတဲ့ တည်ဆောက်ပုံကို မှတ်မိထားဖို့လိုပါလိမ့်မယ်။ I/We/You/They/ plural subjects တွေရဲ့နောက်မှာ have + past participle (V3) ကို အသုံးပြုရမှာဖြစ်ပြီး He/She/It/ singular subjects တွေရဲ့နောက်မှာ has + past participle(V3) ပုံစံကို အသုံးပြုရမှာ ဖြစ်ပါတယ်။

😊● The Past Participle (V3) is the form of the verb typically ending in -ed for regular verbs (e.g., played, finished) and having a unique form for irregular verbs (e.g., seen, written, gone).

Regular verbs တွေမှာ ဆိုရင် Past Participle (V3) ဟာ -ed နဲ့ အဆုံးသတ်ပြီး irregular verbs တွေမှာတော့ Past Participle (V3) ဟာ တခုနဲ့တခု မတူညီတာကြောင့် အလွတ်ရအောင် ကျက်မှတ်ထားဖို့ လိုပါလိမ့်မယ်။ (ကျက်ရလွယ်အောင် irregular verbs တွေကို ဓာတ်ပုံထည့်ပေးထားပါတယ်။)

🍋‍🟩အခု အသုံးပြုပုံတွေကို လေ့လာကြည့်ကြစို့

🌼Common Uses

The Present Perfect is used for:

🥑1. Action that happened at an unspecified time before now (We don’t say when the action happened.).

အတိတ်မှာဖြစ်ပျက်ခဲ့သော အကြောင်းအရာတခုကို (yesterday, last year စသည့်) တိကျသော အချိန်ကို ဖော်ပြခြင်းမရှိပဲ ပြောသောအခါမှာ အသုံးပြုပါတယ်။ ဉပမာ စာကြောင်းလေးတွေကို ကြည့်လိုက်ကြစို့။

🌻○ Example:

🍒I have visited Thailand.
ကျွန်တော် ထိုင်းနိုင်ငံကို အလည်အပတ်သွားခဲ့ဖူးတယ်။

🍒She has watched that movie before.
သူ (မ) ဒီရုပ်ရှင်ကို ကြည့်ဖူးတယ်။

🥑2. Experiences up to the present: To talk about things you have or haven't done in your life, without specifying exactly when.

အတွေ့အကြုံတွေကို ပြောချင်တဲ့အခါ အသုံးပြုပါတယ်။ ဒီလိုပြောတဲ့အခါ တိကျတဲ့အချိန်ကို ဖော်ပြခြင်းမရှိပါဘူး။ (နံပါတ် ၁ နဲ့ အသုံးပြုပုံဆင်တူပါတယ်။) ကွာခြားတာတခုက ever, never ကို ထည့်သွင်းပြောလေ့ ရှိပါတယ်။ ပြုလုပ်ဖူးတယ်ဆိုရင် ever ကို အသုံးပြုပြီး ပြုလုပ်ဖူးခြင်းမရှိရင် never ကို ထည့်သွင်းအသုံးပြုပါတယ်။

🌻○ Example:

🍒I have ever been to Japan.
သူ ဂျပန်နိုင်ငံကို ရောက်ဖူးတယ်။

🍒She has never tried this spicy noodle.
သူ(မ) ဒီခေါက်ဆွဲအစပ်ကို တခါမှ မစားဖူးဘူး.

🍋‍🟩Once, twice, three times, many times, so far, up to now, until now, before စတဲ့ စကားလုံးတွေနဲ့လည်း တွဲဖက်အသုံးပြုလေ့ရှိပါတယ်။ ဒီလိုရေးတဲ့အခါမှာ ever, never ကို ထည့်သွင်းလေ့မရှိပါဘူး။

🌻Example:

🍒I have traveled to Italy three times.
ကျွန်တော် အီတလီနိုင်ငံကို သုံးကြိမ်ရောက်ခဲ့ဖူးတယ်။

🍒She hasn’t failed any test until now.
ခုချိန်ထိ သူ(မ) စာမေးပွဲတခါမှ မကျဖူးဘူး။

🥑3. Unfinished actions or situations that started in the past and continue to the present: Often used with for (to show a period of time) or since (to show a starting point in time).

အတိတ်မှာ စတင်ပြုလုပ်၊ ဖြစ်ပျက်ခဲ့ပြီး လက်ရှိအချိန်ထိ ပြုလုပ်နေဆဲ၊ ဖြစ်နေဆဲ၊ မှန်ကန်နေဆဲ အကြောင်းအရာကို ပြောချင်ရင် အသုံးပြုပါတယ်။ for, since တို့နဲ့ တွဲဖက်အသုံးပြုလေ့ရှိပြီး for ကို (to show a period of time) ကြာချိန်ကို ဖော်ပြရန် အသုံးပြုပြီး since (to show a starting point in time) ကိုတော့ စတင်ချိန်ကို ဖော်ပြချင်တဲ့အခါ အသုံးပြုပါတယ်။

🌻○ Example:

🍒They have lived here for ten years. (They started living here ten years ago and are still living here.)
သူတို့ ဒီမြို့မှာနေထိုင်တာ ဆယ်နှစ်ရှိပြီ။ (ခုချိန်ထိလည်း နေထိုင်နေဆဲ)

🍒I have known her since high school. (I met her in high school and still know her.)
ကျွန်တော် သူနဲ့မိတ်ဆွေဖြစ်တာ အထက်တန်းကျောင်းသားဘဝကတည်းကပဲ။ (ခုချိန်ထိလည်း ခင်မင်နေဆဲ)

🍋‍🟩(စကားချပ်။ ။ ဒီအသုံးပြုပုံက present simple ရဲ့ အချက်အလက်ကို ပြောဆိုတဲ့အခါ အသုံးပြုပုံနဲ့ တူပါတယ်။ ကွာခြားတာက ကြာချိန်နဲ့ စတင်ချိန်ကို ထည့်သွင်းပြောဆိုလိုတဲ့အခါ present perfect ကို အသုံးပြုပြီး ကြာချိန်နဲ့ စတင်ချိန်ကို ထည့်သွင်းပြောဆိုခြင်းမရှိတဲ့အခါ present simple ကို အသုံးပြုပါတယ်။

🌻ဉပမာ -
🍒I live in Mandalay. မန္တလေးမှာ နေထိုင်ခဲ့တဲ့ အချိန်ကာလကို ထည့်မပြောဘူး။ ဒါကြောင့် present simple ပဲ သုံးတယ်။

🍒I have lived in Mandalay for 45 years. မန္တလေးမှာ နေထိုင်ခဲ့တဲ့ အချိန်ကာလကို ထည့်သွင်းပြောတယ်။ ဒီလိုအခြေအနေမှာ present perfect ကိုပဲ သုံးသင့်တယ်။)

🥑4. Completed actions in the recent past that have a result in the present: Often used with adverbs like just, recently, already or yet.

မကြာသေးသော ကာလအပိုင်းအခြားတခုမှာ ဖြစ်ပျက်ခဲ့ပြီး လက်ရှိပစ္စုပ္ပန်မှာ အကျိုးရလာဒ် ဖြစ်ပေါ်တဲ့ အကြောင်းအရာကို ပြောချင်တဲ့အခါ just, recently, already စတဲ့ adverbs တွေနဲ့ တွဲဖက် အသုံးပြုလေ့ရှိပါတယ်။

🌻○ Example:

🍒I have lost my keys. (The action of losing is complete, and the result is that I can't get into the house now.)

ကျွန်တော် သော့ပျောက်သွားတယ်။ 🍋‍🟩(သော့ကို ရှာမတွေ့လို့ အိမ်ထဲမဝင်နိုင်တဲ့ အခြေအနေပေါ့။ တကယ်လို့ ဒီနေရာမှာ present perfect ကို သုံးတာမဟုတ်ဘဲ past simple ကို သုံးပြီး “I lost my keys.” လို့သာ ရေးခဲ့ရင် သော့ပျောက်သွားခဲ့တယ်။ ဒါပေမဲ့ အဲဒီပြဿနာကို သော့အသစ်ဝယ်လိုက်တာမျိုးနဲ့ပဲဖြစ်ဖြစ် ဖြေရှင်းလိုက်ပြီးပြီ ဆိုတဲ့ သဘော သက်ရောက်ပါတယ်။ ဖြည့်စွက်ပြောရရင် ဒီနေရာမှာ present perfect ဟာ လက်ရှိအချိန်မှ ရရှိထားတဲ့ ရလာဒ်ကို အဓိက ဖော်ညွှန်းချင်တာ ဖြစ်ပြီး past simple ကတော့ အတိတ်မှာ ဒီလိုတော့ ဖြစ်ခဲ့ပါတယ် ဆိုတာကိုသာ အဓိက ရည်ညွှန်းချင်တာဖြစ်ပါတယ်။)

🍒The mail has just arrived. (It arrived a moment ago, and the mail is here now.)
စာအခုပဲ ရောက်လာတယ်။

🍒I haven’t finished my homework yet.
ကျွန်တော် အိမ်စာ မပြီးသေးဘူး။

🍋‍🟩just, recently ကို မကြာသေးခင်က ဖြစ်ခဲ့တယ် ဆိုတဲ့ အဓိပ္ပါယ်မျိုးနဲ့ အသုံးပြုလေ့ရှိပါတယ်။

🍋‍🟩already ကို တော့ တစုံတယောက်က မလုပ်ရသေးဘူး၊ မဖြစ်ပျက်သေးဘူးလို့ ထင်နေပေမဲ့ လုပ်ဆောင်ပြီးသား၊ ဖြစ်ပျက်ပြီးသား အခြေအနေမျိုးကို ပြောချင်ရင် သုံးလေ့ရှိပါတယ်။

🍒A: I think Lisa will arrive at 10 a.m.
(A က လီဆာ မရောက်သေးဘူးလို့ ထင်နေတယ်)

🍒B: She’s already arrived here. (she’s = she has)
🍋‍🟩(B က ရောက်နေပြီဆိုတဲ့အကြောင်းပြန်ပြောတယ်။ A က မရောက်သေးဘူး ထင်နေချိန်မှာ ရောက်နှင့်ပြီးသား ဖြစ်နေလို့ already ကို ထည့်သုံးလိုက်တယ်။)

🍒I thought the meeting would start at 9, but it’s already started. (it’s = it has)
(အစည်းအဝေးကို ကိုးနာရီထိုးမှ စမယ်ထင်ထားပေမဲ့ သူထင်ထားတာထက်စောပြီး အစည်းအဝေးက စတာဖြစ်လို့ already ကို ထည့်သုံးတယ်။)

🍋‍🟩Yet ကိုတော့ မလုပ်ရသေးဘူး၊ မဖြစ်ပျက်သေးဘူးဆိုတဲ့ သဘောမျိုးပြောချင်တဲ့အခါမှာ အသုံးပြုပါတယ်။

🍒They haven’t left yet. (သူတို့ အခုချိန်ထိ မပြန်ကြသေးဘူး)

🥑5. Result of a past action visible in the present

အတိတ်မှာ ဖြစ်ပျက်ခဲ့ပြီး ရလာဒ်ကို ခုချိန်မှာ မြင်တွေ့နိုင်တဲ့ကိစ္စရပ်တွေမှာ သုံးပါတယ်။ နံပါတ် (၄) ရဲ့အသုံးပြုပုံနဲ့ဆင်တူပေမဲ့ ဒီလို အဓိပ္ပါယ်နဲ့ သုံးတဲ့အခါ just, recently, already, yet စကားလုံးတွေကို ထည့်သုံးလေ့ နည်းပါတယ်။)

🌻○ Example:

🍒I’ve broken my leg. (I’ve = I have)
ကျွန်တော် ခြေကျိုးသွားတယ်။ (😎ခုချိန်မှာ ကျောက်ပတ်တီးလေးနဲ့ ဖြစ်မှာပေါ့)

🌻Key Adverbs
Common adverbs used with the Present Perfect:
● Just: A short time ago. (She has just left.)
● Already: Sooner than expected. (I have already eaten lunch.)
● Yet: In negative sentences and questions (meaning 'up to now'). (He hasn't called me yet. / Have you finished yet?)
● Ever: At any time (in questions). (Have you ever been skydiving?)
● Never: At no time (in statements). (I have never failed a test.)
● For and Since (as mentioned above).

🌻🌼စာကြွင်း။ ။ present perfect tense အပါအဝင် အသုံးများတဲ့ tense (၈) မျိုးလောက်ကို ကျွန်တော်ရဲ့ ဒီ အလင်းသစ် အားဖြည့်အင်္ဂလိပ်စာသင်တန်း (ALinn-Thit Energized English) မှာ ၂၀၂၂ လောက်တုန်းက ရေးသားမျှဝေခဲ့ပြီးဖြစ်ပါတယ်။ ခုပြန်ရေးတော့ အရင်တုန်းကနဲ့ မတူတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ အသက်အရွယ်၊ ခံစားချက်နဲ့ အတွေ့အကြုံကွာခြားသွားလို့ဖြစ်မယ်ထင်ပါတယ်။ ကျန်တဲ့ tense တွေကို လည်း ဆက်ပြီးရေးသွားပါအုံးမယ်။ ကျွန်တော်အသစ်ရေးလို့ မပြီးခင်မှာ အရင်တုန်းက စာတွေလည်း ပြန်ရှာဖတ်လို့ ရပါတယ်။ မှတ်ချက်လေးတွေ ပေးသွားလို့လည်း ရပါတယ်ဗျ။

🍒ရွှင်လန်းချမ်းမြေ့ကြပါစေ
🍒Energized English
🍒အလင်းသစ်
🍒အားဖြည့်အင်္ဂလိပ်စာသင်တန်း

17/10/2025

😊မင်္ဂလာပါခင်ဗျ။ ဒီနေ့မှာတော့ လူမှုကွန်ရက်ပေါ်မှာ လတ်တလော လူသုံးများနေတဲ့ အင်္ဂလိပ် အီဒီယမ် (၅) ခုအကြောင်းကို မျှဝေသွားမှာ ဖြစ်ပါတယ်။
Today, we’re learning some trending English idioms people use right now — especially on social media!

🍟ကဲ စလိုက်ကြစို့။
Let’s dive in! 🚀

💡 Idiom 1: Go Viral
Meaning: Become very popular quickly (especially online).
🥗ရုတ်ချည်းဆိုသလို (အထူးသဖြင့် အင်တာနက်စာမျက်နှာတွေမှာ) လူသိများ နာမည်ကြီးလာတယ်၊ ရေပန်းစားလာတယ် လို့ ဆိုလိုပါတယ်။ (ခေတ်စကားနဲ့ဆို “ပေါက်သွားတယ်” ပေါ့)

Example: “Her dance video went viral overnight!”
သူမရဲ့ အကဗွီဒီယိုဟာ တညတည်းနဲ့ ပေါက်သွားတယ်။

💡 Idiom 2: Jump on the Bandwagon
Meaning: To join a trend because everyone else is doing it.
🍵ရေပန်းစာနေတဲ့ကိစ္စတခုကို လိုက်လုပ်တယ် လို့ဆိုလိုပါတယ်။ (ငါးပွက်ရာ ငါးစာချတယ် လို့ပဲ ဆိုရမလား?)

Example: “I wasn’t into K-pop, but I jumped on the bandwagon after watching BTS!”
ကျွန်တော်က အရင်ကဆို ကေပေါ့ပ် (ခေတ်ပေါ်ကိုရီးယားသီချင်းတွေ) ကို စိတ်မဝင်စားဘူးဗျ။ ဒါပေမဲ့ BTS သီချင်းတွေ နားထောင်ပြီးတဲ့နောက်မှာ ကေပေါ့ပ်နဲ့ ပက်သက်ရေပန်းစားနေတာမှန်သမျှ အကုန်လိုက်လုပ်တော့တာပဲဗျို့။

💡 Idiom 3: Make a Splash
Meaning: To attract a lot of attention or make a strong impression.
🌮အာရုံစိုက်မှုတွေ အကြီးအကျယ် ရသွားတယ်လို့ ဆိုလိုပါတယ်။ ဂယက်ရိုက်သွားတယ်ပေါ့။

Example: “Her first YouTube video made a splash!”
သူ့ရဲ့ ပထမဆုံး YouTube video က လူတွေရဲ့ အာရုံစိုက်ခြင်းကို အကြီးအကျယ်ရသွားပါတယ်။

💡 Idiom 4: Break the Internet
Meaning: To cause massive attention online.
🫕အင်တာနက်စာမျက်နှာတွေပေါ်မှာ လူတွေရဲ့ အာရုံစိုက်မှုတွေ အကြီးအကျယ် ဖြစ်သွားစေတယ်လို့ ဆိုလိုပါတယ်။

Example: “That celebrity’s post totally broke the internet!”
အဲဒီ celebrity တင်လိုက်တဲ့ အကြောင်းအရာတခုက အင်တာနက်စာမျက်နှာတွေပေါ်မှာ လူတွေရဲ့ အာရုံစိုက်မှုတွေ အကြီးအကျယ်ဖြစ်သွားစေပါတယ်။

💡 Idiom 5: Clap Back
Meaning: To respond sharply or confidently to criticism.
🍰ပြစ်တင်ဝေဖန်မှုတွေကို ပါးပါးနပ်နပ် ယုံကြည်ချက်ရှိရှိ တုန့်ပြန်လိုက်တယ်လို့ ဆိုလိုပါတယ်။

Example: “When someone insulted her accent, she clapped back with humor!”
သူမစကားဝဲတဲ့အကြောင်းကို တယောက်ယောက်က ပုတ်ခတ်ပြောဆိုလာတဲ့အချိန်တိုင်း သူမက ဟာသလေးနှောပြီး ပါးပါးနပ်နပ် တုန့်ပြန်လေ့ရှိတယ်။

😊ဘယ် idiom ကို အနှစ်သက်ဆုံးဆိုတာကို မှတ်ချက်လေးတွေ ပေးသွားကြပါအုံးခင်ဗျ။
Which idiom did you like best? Tell me in the comments!

🍵ခုလို အင်္ဂလိပ်သင်ခန်းစာလေးတွေကို အပတ်စဉ်လေ့လာနိုင်ဖို့ like, share, and subscribe လုပ်ပေးသွားကြပါအုံး။
Don’t forget to like, share, and subscribe for more easy English lessons every week.

😊ရွှင်လန်းချမ်းမြေ့ကြပါစေ။
အလင်းသစ် အားဖြည့်အင်္ဂလိပ်စာသင်တန်း
ALinn-Thit Energized English

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00