Aoi - Japanese Language Class

Aoi - Japanese Language Class Private Class များအတွက် Page cb တွင်စုံစမ်းမေး‌မြန်းနိုင်ပါသည်ရှင်

🍀
03/12/2022

🍀

2022 December JLPT စာမေးပွဲနှင့် ပတ်သက်၍ အထူးသတိပြုရန်

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့တွင် ကျင်းပမည့် JLPT စာမေးပွဲအတွက် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများအား ၁၈.၁၁.၂၀၂၂ ရက်နေ့ နောက်ဆုံးထား၍ ထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။ Online မှ လျှောက်လွှာတင်ထားသူများ အနေဖြင့်လည်း သတ်မှတ်ရက်အထိ Online System မှတစ်ဆင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများအား Download ရယူနိုင်ပြီး၊ အဆိုပါကတ်ပြားများအား Print ထုတ်၍ စာဖြေဌာနသို့ ယူဆောင်လာရမည် ဖြစ်ပါသည်။

အထူးသတိပြုရန်မှာ -

Test Voucher (စာမေးပွဲဖြေဆိုခွင့်ကတ်) နှင့်အတူ အောက်ပါသတ်မှတ်ထားသော သက်သေခံကတ် (မူရင်း) တစ်ခုခု မပါရှိလျှင် “စာမေးပွဲဖြေဆိုခွင့် လုံးဝ မပြုပါ” ကြောင်း ထပ်မံသတိပေးအပ်ပါသည်။

သတ်မှတ်ထားသော သက်သေခံကတ်ပြားများ

(၁) မှတ်ပုံတင် (၁၀ နှစ်ပြည့်ဖြစ်စေ၊ ၁၈ နှစ်ပြည့်ဖြစ်စေ အကျုံးဝင်ပါသည်။)

(၂) ယာဉ်မောင်းလိုင်စင် (က/A ဆိုင်ကယ်လိုင်စင်မှ လွဲ၍ ကျန်ယာဉ်မောင်းလိုင်စင်များ အားလုံး အကျုံးဝင်ပါသည်။)

(၃) နိုင်ငံကူးလက်မှတ်

(၄) မွေးစာရင်း (၁၀ နှစ်အောက် လျှောက်လွှာတင်သူများအတွက်သာ အကျုံးဝင်ပါသည်။)

(၅) ကျောင်းသားကတ်

(၅ - က) အကျုံးဝင်သည့် ကျောင်းသားကတ်အမျိုးအစားများ
၁။ အစိုးရမူလတန်း/အလယ်တန်း/အထက်တန်းကျောင်း ကျောင်းသားကတ်များ
၂။ တက္ကသိုလ်/ကောလိပ် ကျောင်းသားကတ်များ
၃။ ကိုယ်ပိုင်ကျောင်း၊ International Schools နှင့် ဘုန်းတော်ကြီးပညာသင်ကျောင်း ကျောင်းသားကတ်များ

(၅ - ခ) အကျုံးမဝင်သည့် ကျောင်းသားကတ်အမျိုးအစားများ
၁။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၏ အရှေ့စာသင်နှစ်များမှ ကျောင်းသားကတ်များ
၂။ ဘာသာစကားသင်တန်းကျောင်းအပါအဝင် အခြားသင်တန်းကျောင်းများမှ ကျောင်းသားကတ်များ
၃။ တက္ကသိုလ်ဝင်တန်း ယာယီဖြေဆိုခွင့်ကတ်

အသေးစိတ်သိရှိလိုသည်များကို (ရန်ကုန်စာဖြေဌာန - ၀၉-၉၈၆၀၉၃၆၃၇၊ ၀၉-၄၂၈၇၅၆၇၄၆) နှင့် (မန္တလေးစာဖြေဌာန - ၀၉-၂၅၅၁၆၂၅၃၃) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

N4 ကို By one သင်ပေးဖြစ်တဲ့ကျောင်းသားလေး Nat test အောင်သွားပါပြီ 😍
04/11/2022

N4 ကို By one သင်ပေးဖြစ်တဲ့ကျောင်းသားလေး Nat test အောင်သွားပါပြီ 😍

04/11/2022

試験結果 | Exam Results 「日本語NAT-TEST」の結果です。 合格発表 | Exam Results 2022年 8月 August - 2Q 3Q 4Q 5Q 6月 June 1Q 2Q 3Q 4Q 5Q 4月 April - 2Q 3Q 4Q 5Q 2月 February 1Q 2Q 3Q 4Q 5Q 2021年 第6回(12月) 6th. (Dec.) - 2Q 3Q 4Q 5Q 第5回(10月) 5th. (Oct.)...

01/11/2022
31/10/2022

၁၂/ Kanjiမမှတ်(နိုင်) 🥹

29/10/2022

စာမေးပွဲခန်းထဲ Listening ‌နားထောင်နေသောမိမိ 🥲

14/10/2022

🥲🥲

05/10/2022

2022 ခုနှစ် July လတွင် ဖြေဆိုထားသော JLPT စာမေးပွဲအတွက် Certificate များ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း အသိပေးကြေငြာခြင်း
********************************************************************
မင်္ဂလာပါ

2022 ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပခဲ့သော JLPT စာမေးပွဲ၏ Certificate များအား ၁၁.၁၀.၂၀၂၂ ရက်နေ့ (အင်္ဂါနေ့) မှ စတင်ကာ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် အောက်ပါအတိုင်း လာရောက်ထုတ်ယူနိုင်ပြီဖြစ်ပါကြောင်း အသိပေးအပ် ပါသည်။

ရန်ကုန်တွင်လျှောက်လွှာတင်သူများ

နေရာ - MAJA Education Center (MEC)

လိပ်စာ - အမှတ် ၆၈၂/၆၈၃ (က) ဒုတိယထပ် ၊ သစ္စာလမ်းမ၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။ (ပုဏ္ဏမီ မှတ်တိုင်အနီး)

ဖုန်း - 09 428 613 848

အချိန် - 9:30 AM မှ 4:00 PM (12:00 PM မှ 1:00 PM အထိ ထမင်းစားနားခေတ္တပိတ်ပါသည်။)
စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များ ပိတ်ပါသည်။

မန္တလေးတွင်လျှောက်လွှာတင်သူများ

နေရာ - MAJA Office (Mandalay Branch)

လိပ်စာ - ရေလမ်း၊ တိုက် (၁)၊ အခန်း (၆)၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

ဖုန်း - 09 255 162 533

အချိန် - 9:30 AM မှ 4:00 PM (12:00 PM မှ 1:00 PM အထိ ထမင်းစားနားခေတ္တပိတ်ပါသည်။)
စနေ၊ တနင်္ဂနွေ နှင့် အစိုးရ ရုံးပိတ်ရက်များပိတ်ပါသည်။

📌အောင်လက်မှတ် ထုတ်ယူရာတွင် Test Voucher များကို မမေ့မလျော့ ယူခဲ့ပေးပါရန် 📌

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

Address

Yangon

Telephone

+959975799781

Website

Alerts

Be the first to know and let us send you an email when Aoi - Japanese Language Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Aoi - Japanese Language Class:

Shortcuts

Share