Burma Academy

Burma Academy Burma Academy is a free and inclusive education platform founded by the students for the students

✨တော်လှန်နှစ်သစ်အခါမယအတွက် ဘားမားအကယ်ဒမီရဲ့ ဆုမွန်လွှာ✨ ၂၀၂၅ ခုနှစ်ကို ကုန်လွန်ပြီး‌ ၂၀၂၆ နှစ်သစ်ကို ရောက်ရှိလာခဲ့ပါပြီ။...
01/01/2026

✨တော်လှန်နှစ်သစ်အခါမယအတွက် ဘားမားအကယ်ဒမီရဲ့ ဆုမွန်လွှာ✨

၂၀၂၅ ခုနှစ်ကို ကုန်လွန်ပြီး‌ ၂၀၂၆ နှစ်သစ်ကို ရောက်ရှိလာခဲ့ပါပြီ။ တော်လှန်ရေးကာလ ၅ နှစ်ထဲကို ဝင်လာတဲ့အလျောက် ပိုပြီး အရှိန်အဟုန်ကောင်းလာတဲ့ တော်လှန်ရေးဆီကို ‌ဘားမားအကယ်ဒမီက ကျောင်းသူကျောင်းသားပြည်သူလူထုနဲ့အတူ ရှေးရှုချီတက်‌နေလျက် ရှိပါတယ်။

နှစ်သစ်မှာ တော်လှန်ရေးကို ဆက်လက်တွန်းအားပေးပြီး အရှေ့ကို ရွေ့နိုင်ဖို့နဲ့ အာဏာရှင်တွေ အမြန်ပြုတ်ကျ၊ အမြစ်ပြတ်နိုင်စေဖို့အတွက် အားလုံးမှာ တာဝန်ရှိနေဆဲပါပဲ။ အခုလက်ရှိအချိန်အထိ တော်လှန်ရေးမှာ ဆက်လက်ပါဝင်နေတဲ့ ကျောင်းသူကျောင်းသားတွေအတွက် ၂၀၂၆ ခုနှစ်မှာလည်း ပိုမိုကောင်းမွန်တဲ့ ပညာရေးအကူအညီတွေ ပေးစွမ်းနိုင်ဖို့အတွက် ‌ဘားမားအကယ်ဒမီအနေနဲ့ ဆက်လက်ကြိုးစားနေလျက်ရှိပါတယ်။

၂၀၂၆ နှစ်သစ်မှာ ကျောင်းသူကျောင်းသား ဆရာဆရာမများနဲ့ တော်လှန်ပြည်သူတွေ ကိုယ်စိတ်ကျန်းမာပြီး ဆန္ဒရှိတဲ့ အသိပညာ၊ အတတ်ပညာတွေကို တတ်မြောက်ထူးချွန်ကြပါစေလို့ ဘားမားအကယ်ဒမီက‌ နှစ်သစ်အတွက် ဆုတောင်း‌ပေးလိုက်ပါတယ်။

Burma Academy ဟာ တော်လှန်ရေးအထောက်အကူပြု ပညာရေး Platform တစ်ခုဖြစ်ပြီး တော်လှန်ရေးမှာ အင်တိုက်အားတိုက် ပါဝင်နေတဲ့ တက္ကသိုလ်ကျောင်းသားတွေအတွက် ရည်ရွယ်ပြီး သင်ကြားပေးနေတာကြောင့် Burma Academy က ပို့ချနေတဲ့ သင်ခန်းစာတွေ အကုန်လုံးဟာ အခမဲ့ ဖြစ်ပါတယ်။



📃  ဂျီနီဗာ သဘောတူစာချုပ်နှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ (International Humanitarian Law - IHL) ကို သိရှိနာ...
05/12/2025

📃 ဂျီနီဗာ သဘောတူစာချုပ်နှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ (International Humanitarian Law - IHL) ကို သိရှိနားလည်ပြီး မြန်မာနိုင်ငံ နဲ့ နိုင်ငံတကာလူသားချင်းစာနာမှု ထောက်ထားမှုဥပဒေဆိုင်ရာအခြေအနေများကို လေ့လာသုံးသပ်လာနိုင်စေရန်အတွက် "International Humanitarian Law Training" သင်တန်းကို ဖွင့်လှစ်လိုက်ပါပြီ။

ဒီသုံးရက်တာ သင်တန်းမှာ ပဋိပက္ခများအတွင်း လိုက်နာရမယ့် ဥပဒေ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ၊ လူ့အခွင့်အရေးဆိုင်ရာ အခြေခံသဘောတရား၊ စစ်ရေးပစ်မှတ်သတ်မှတ်ချက် စတဲ့ အကြောင်းအရာတွေကို ပို့ချပေးသွားမှာ ဖြစ်လို့ နိုင်ငံတကာ ဥပဒေအကြောင်း စိတ်ဝင်စားသူတွေ တက်ရောက်သင့်တဲ့ သင်တန်းဖြစ်ပါတယ်။

အဓိက အကြောင်းအရာတွေအနေနဲ့
• လူ့အခွင့်အရေး အယူအဆနှင့် အခြေခံ သဘောတရားများ
• ဂျီနီဗာ သဘောတူစာချုပ် ပေါ်ပေါက်လာပုံနှင့် ပါဝင်သည့် အချက်များ
• နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL) ပါ အခြေခံမူများ
• စစ်သည်တော်ကျင့်ဝတ်များ နှင့် စစ်ရေးပစ်မှတ် သတ်မှတ်ချက်များ
• မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် IHL ဆိုင်ရာ လေ့လာသုံးသပ်ချက်များ တို့ကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

International Humanitarian Law Trainingကို ဒီဇင်ဘာ ၁၄ ရက်ကနေ ၁၆ ရက်နေ့အထိ ၃ရက် ကာလတို သင်ကြားပေးသွားမှာ ဖြစ်ပြီး နေ့စဉ် နေ့လယ် ၁ နာရီခွဲကနေ ၄ နာရီအချိန်အတွင်း တက်ရောက်ရမှာ ဖြစ်ပါတယ်။

လူဦးရေ အကန့်အသတ်ရှိတာမို့ တက်ရောက်လိုတဲ့ ကျောင်းသူကျောင်းသားတွေအနေနဲ့ အောက်ပါ Registration Link ကို ဝင်ရောက်ပြီး လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။

Registration Link - https://tinyurl.com/BA-IntHumanLaw

Burma Academy ဟာ တော်လှန်ရေးအထောက်အကူပြု ပညာရေး Platform တစ်ခုဖြစ်ပြီး တော်လှန်ရေးမှာ အင်တိုက်အားတိုက် ပါဝင်နေတဲ့ တက္ကသိုလ်ကျောင်းသားတွေအတွက် ရည်ရွယ်ပြီး သင်ကြားပေးနေတာကြောင့် Burma Academy က ပို့ချနေတဲ့ သင်ခန်းစာတွေ အကုန်လုံးဟာ အခမဲ့ ဖြစ်ပါတယ်။



Address

No. 14, Inya Road
Yangon
11041

Opening Hours

Monday 10:00 - 19:00
Tuesday 10:00 - 19:00
Wednesday 10:00 - 19:00
Thursday 10:00 - 19:00
Friday 10:00 - 19:00
Saturday 10:00 - 19:00

Alerts

Be the first to know and let us send you an email when Burma Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Burma Academy:

Shortcuts

Share

Category