24/01/2022
ကျွန်တော်တို့ Admin teamအနေနဲ့
ဒီရက်ပိုင်းအလုပ်တွေ ရှုပ်နေလို့ ပေ့လေးကို သိပ်မrunဖြစ်ပဲ ဘာမှတောင် သိပ်မတင်မိပါဘူး။ အခုကျွန်တော်တို့ကနေ သတင်းကောင်းတစ်ခု ပြောပြချင်ပါတယ်။ ကျွန်တော်တို့ကနေ အဆင့်မှီ Online Video Lessonsတွေ တင်ထားတဲ့ Premium Telegram Channelသုံးခုကို ဖရီး ဝင်ရောက်ခွင့်ပေးသွားမှာပဲ ဖြစ်ပါတယ်။ Public Channelတွေ ဖြစ်လို့ အချိန်မရွေး မည်သူမဆို အခကြေးငွေ ကုန်ကျမှု မရှိဘဲ ဝင်ရောက် လေ့လာနိုင်ပါတယ်။
အဆင်ပြေတယ်ဆိုရင် သူငယ်ချင်းမိတ်ဆွေတွေပါ လေ့လာနိုင်အောင်ယခုpostလေးကို Like and Shareလေးလည်း လုပ်သွားနိုင်ပါတယ်ဗျ။
--------------------------
English For Beginners: Intensive Spoken English Course (အဂ်လိပ်စကားပြောအခြေခံသင်တန်း)
⬇️⬇️⬇️
https://t.me/SpeakingCourseUdemy
MS Office Courses Bundle : Word, Excel, PowerPoint ( မိုက်ခရိုဆော့ဖ် Word, Excel, PowerPoint အခြေခံသင်တန်း)
⬇️⬇️⬇️
https://t.me/learnxusMS
Graphic Design Bootcamp :
Photoshop, Illustrator, InDesign
(ဂရပ်ဖစ်ဒီဇိုင်းအခြေခံသင်တန်း)
⬇️⬇️⬇️
https://t.me/learnwithustogether
--------------------------
ဒီ courseတွေဟာ udemy လို online teaching websiteကြီး တွေမှာ best-selling courseတွေ ဖြစ်လို့ မကောင်းမှာ မိမိနဲ့မကိုက်မှာ ကိုတော့ စိတ်ပူစရာ လုံးဝမလိုပါဘူး။ course တခုချင်းဆီရဲ့ အကြောင်းအရာတွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။
📝English for Beginners: Intensive Spoken English Course (Udemy/85$)
ဒီ Speaking courseက English speakingစလေ့လာနေပြီး နောက်တဆင့် Intermediate levelကို အချိန်တိုအတွင်း တိုးတက်ချင်သူတွေအတွက် မရှိမဖြစ် courseတစ်ခုဖြစ်ပါတယ်။ 2D animation cartoon တွေနဲ့ သင်ကြားပေးတာဖြစ်တဲ့အတွက် သင်ယူ လေ့လာသူတွေအဖို့ ပျော်စရာကောင်းပြီး မှတ်ရလွယ်ကူစေမှာပါ။ 77 နာရီ ကျော်ရှိတဲ့သင်ခန်းစာတွေကို video ပေါင်း60 နဲ့ အစီအစဉ်တကျသင်ကြားပေးတာဖြစ်တဲ့အတွက် အားတဲ့အချိန်မှာ အဆင်ပြေသလို ဝင်ရောက်လေ့လာနိုင်မှာပါ။
ဒီ course မှာဘာတွေလေ့လာနိုင်မလဲဆိုရင် အသုံးများတဲ့ Englishစာလုံးပေါင်း 1000ကျော်၊ English စကားစုအသုံးပြုပုံတွေ၊ လက်တွေ့ဘဝမှာ ဘယ်လိုအသုံးချလဲဆိုတာတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ အရေးကြီးတဲ့ Grammarအသုံးပြုပုံတွေကိုလည်း Englishစကားပြောလေ့ကျင့်ရင်း သိလာနိုင်ပါတယ်။ Englishလိုစဉ်းစားတတ်လာမယ်။ အခြေခံအဆင့်ကနေ Englishလိုပြေပြေပြစ်ပြစ်ပြောတတ်လာမယ်။ ဒီသင်ခန်းစာတွေပြီးသွားရင် TOEFL, IELTS, GMATစတဲ့ English testတွေအတွက် အဆင်ပြေပြေ ကြိုတင်ပြင်ဆင်နိုင်မယ့်အပြင် ဘာသာစကားအခက်အခဲမပါဘဲ ကမ္ဘာလှည့်ခရီးထွက်နိုင်ပါပြီ။
Ms Office Courses Bundle
Udemy
$30
တတိယ တစ်ခုအနေနဲ့ကတော့ MS Office Courses Bundle ဆိုတာလေးနဲ့ မိတ်ဆက်ပေးပါရစေ။
ဒီ Course ထဲမှာ ဘာတွေပါ၀င်လဲဆိုရင်တော့ လုပ်ငန်းခွင်တွေမှာ လိုအပ်တဲ့ Office Software တွေဖြစ်တဲ့ Word , PowerPoint , Excel အစရှိတာတွေ ပါ၀င်ပါတယ်။
- Ms Word မှာ Tools တွေကို အသုံးပြုပုံ
- Ms Excel မှာ Formula/Function တွေကစလို့ Chart/Graph အသုံးပြုပုံ
- MS PowerPoint ကိုအသုံးပြုပြီးတော့ Audience တွေထိမိသွားမယ့် Presentation ပြုလုပ်ပုံ
စတဲ့ Software တွေအားလုံးရဲ့ အခြေခံကနေစပြီး လက်တွေ့ လုပ်ငန်းခွင်မှာ ဘယ်လို အသုံးချရမလဲဆိုတာတွေကို Video Lecture ပေါင်း 100 ခန့်နဲ့ သင်ကြားပေးသွားမှာဖြစ်ပါတယ်။
📝Graphic Design Bootcamp: Photoshop, Illustrator, InDesign (Udemy best-seller/85$)
ဒီ graphic design courseမှာတော့ Adobe Photoshop, Illustratorနဲ့ InDesignတို့ကို အခြေခံကနေစတင်သင်ကြားရမှာဖြစ်ပြီး Graphic designerဖြစ်ချင်တဲ့ လူငယ်ကျောင်းသားကျောင်းသူတွေအတွက် အသင့်တော်ဆုံးcourseတစ်ခုဖြစ်ပါတယ်။ သင်ကြားပေးတဲ့ဆရာကလည်း ထိထိမိမိနဲ့ လိုရင်းတိုရှင်းရှင်းပြတာမို့ ပျင်းစရာကောင်းသွားတာမျိုးမဖြစ်ပါဘူး။ဒါ့အပြင် shortcutတွေအသုံးပြုပြီး မြန်မြန်ဆန်ဆန် အလုပ်လုပ်နိုင်ဖို့ အသုံးများတဲ့shortcut တွေဖော်ပြထားတဲ့ pdf file ပါ တွဲပြီး တင်ပေးထားတာဖြစ်ပါတယ်။ ဒါတွေအပြင် တကယ့်လုပ်ငန်းခွင်မှာ အသုံးများဆုံးအရာတွေဖြစ်တဲ့ လိုဂိုဒီဇိုင်းတွေ၊ စီးပွးရေးကြော်ငြာတွေ၊ လိပ်စာကတ်ပြားတွေ၊ ကြော်ငြာလက်ကမ်းစာစောင်တွေ၊ ဝက်ဆိုဒ်ဇီဒိုင်းတွေ စတဲ့ projectမျိုးစုံပါ သင်ကြားရမှာ ဖြစ်တဲ့အတွက် လက်မလွတ်တမ်း လေ့လာသင့်တဲ့ courseတစ်ခုဖြစ်ပါတယ်။
11/01/2022
Listening နဲ့ Speaking ကို အိမ်မှာ ကိုယ်တိုင် self-study လုပ်ချင်သူတွေအတွက် တော်တော်လေးကောင်းတဲ့ website တစ်ခုကို ပြောပြချင်ပါတယ်။
elllo (English Listening Lesson Library Online) လို့ခေါ်ပါတယ်။
အခမဲ့ free lesson တွေ ၂,၅၀၀ ကျော်ပါတယ်။
ပေးထားတဲ့ lesson တွေ topic တွေဟာ စိတ်ဝင်စားစရာ ကောင်းပြီး အတိုအထွာလေးတွေမဟုတ်ပါဘူး။ တစ်နေ့ကို lesson တစ်ခု ကြေညက်အောင်လေ့လာမယ်ဆိုရင်တောင် ၈ လလောက် လေ့လာဖို့ ကုန်ကြမ်းတွေဖြစ်ပါတယ်။ Native speaker ၂ ယောက်ပြောထားတာကို နားထောင်ရမယ်။ သူတို့ပြောတဲ့ dialogue ရဲ့ စာသား script ကိုလည်းပေးထားတော့ နားထောင်လိုက် ဖတ်လိုက် အခါခါပြန်လေ့ကျင့်နိုင်မယ်။ dialogue ထဲမှာပါတဲ့ expressions and idioms တွေကို နမူနာတွေနဲ့ သပ်သပ်ထပ်ပြီး ရှင်းပြထားတယ်။ Native speaker လေသံနဲ့ fluently ပြောတတ်ချင်သူတွေ headphone နားကြပ်လေးတပ်ပြီး အထပ်ထပ်အခါခါ လေ့လာနားထောင်လို့ အဆင်ပြေပါတယ်။
အောက်မှာပေးထားတဲ့ link ကို နှိပ်လိုက်ပြီး စတင်လေ့လာနိုင်ပါတယ်။
http://www.elllo.org/
04/01/2022
Hello 🙋♂️
ကျွန်တော်တို့ Page ကနေပြီး Ps Essential Course တစ်ခုကို တင်ပေးထားပါတယ်။ ဒါတစ်ခါမှာတော့ ဒီ course လေးကို လေ့လာဖို့အတွက် Software မရှိသေးတဲ့ လူတွေအတွက် Software Link ကို Share ပေးသွားမှာပါ။ Software တွေကို website တွေမှာ သွားပြီး Download သလို အဆင်မပြေမဖြစ်ရအောင် လွယ်လွယ်ကူကူ ဒေါင်းလို့ရမယ့် Google Drive နဲ့ Mega ပေါ် Upload ပေးထားပါတယ်။ Ps Version တွေအများကြီးရှိတဲ့ထဲကမှ
Ps 2021 နဲ့ Ps Cs6 ကို Telegram မှာတင်ပေးထားပါတယ်။
Software Link - https://t.me/learnxus/7
Note : Crack link တွေဖြစ်တဲ့အတွက် Page မှာတင်လို့မရလို့ပါ။
အားလုံးပဲ ကိုယ်ေလ့လာချင်တဲ့ Course တွေရှိရင်လည်း ကျွန်တော်တို့ Page ရဲ့ Cb မှာ Request လုပ်လို့ရပါတယ်။ Feel Free to request ပါ 🙆 ။
Ps Essential Course link - https://t.me/learnxus/5
03/01/2022
Hello Everyone 🙋♂️
ဒီနေ့မှာတော့ ကျွန်တော်တို့က Web Developer အဖြစ် စတင်လိုတဲ့ သူတွေအတွက် အခြေခံ လိုအပ်တဲ့ Course တစ်ခုဖြစ်တဲ့ The Ultimate HTML5 Elements & CSS3 Properties BOOTCAMP ဆိုတာလေးကို Sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ ဒီ course ထဲမှာဘာတွေ သင်ကြားရမလဲဆိုရင်တော့
- Web Development Fundamental
- Tools Setup (Vscode. ..)
- Basic HTML
- Intermediate HTML
- Basic Css
- Intermediate Css
အစရှိတာတွေကို သင်ကြားရမှာဖြစ်ပါတယ်။ ဒီ Course လေးရဲ့ ထူးခြားချက်ကတော့ စာတွေ့ပဲမဟုတ်ပဲ Example လေးတွေနဲ့တကွ သင်ကြားရမှာဖြစ်ပြီး သင်ခန်းစာ တစ်ခုပြီးတိုင်းမှာလည်း Challenge လေးတွေလုပ်ရမှာဖြစ်တဲ့အတွက် Fun Learning ဖြစ်ပါတယ်။
Course link - https://t.me/learnxus/6
https://t.me/learnxus
ဒါကတော့ ကျွန်တော်တို့ Page ရဲ့ Telegram Channel ဖြစ်ပါတယ်။ Page မှာ တင်ပေးမယ့် Free Course တွေအားလုံးကို တစ်စုတစည်းတည်းဖြစ်အောင် TG မှာ တင်ပေးမှာဖြစ်တဲ့အတွက် လိုအပ်တဲ့သူတွေ Join ထားလို့ရပါတယ်။
02/01/2022
Youtuber စလုပ်မယ့်သူတွေအတွက် အဆင်ပြေဆုံး Channel အမျိုးအစား 6 ခု
--------------------------------------------------------------------------------
အခုလို Social Media တွေ ခေတ်စားလာတဲ့ ခေတ်ကြီးမှာ YouTube ဆိုတာကလည်း ကျွန်တော်တို့ရဲ့ နေ့စဉ်အသုံးပြုတဲ့ App တစ်ခုဖြစ်လာခဲ့ပါတယ်။ သီးချင်းပဲ နားထောင်မလား ၊ Movie/Series Teasers တွေပဲကြည့်မလား ၊ Education videos , Life hack စတဲ့ ကျွန်တော်တို့ သိချင်တာ တော်တော်များများကို YouTube ပေါ်မှာ အလွယ်တကူရှာဖွေလို့ရနိုင်ပါတယ်။
ဒါပေမယ့် YouTube ပေါ်မှာ ကိုယ်လိုတာတွေရှာဖွေနိုင်သလို ကိုယ်ကိုတိုင်ကလည်း ကိုယ်သိတာတွေကို ပြန်လည် Sharing လုပ်ပေးလို့ပါသေးတယ်။ ဒီလို Sharing လုပ်ပေးခြင်းဖြင့် တပါးသူတွေအတွက် အထောက်အကူပြုနိုင်ယုံသာမကပဲ ၀င်ငွေပါ ရနိုင်ပါသေးတယ်။ ကုသိုလ်လည်းရ ၀မ်းလည်း၀ပေါ့ဗျာ ။
ဆိုတော့ ဒီနေ့မှာ YouTube ပေါ်မှာ Channel စထောင်မယ် ၊ ဒါပေမယ့် ဘာ video တွေလုပ်ရမလဲ မသိတဲ့လူတွေအတွက် အဆင်ပြေတဲ့ Channel အမျိုးအစားလေးတွေကို မျှဝေပေးသွားမှာပါ။
1.Entertainment Video
ကိုယ်ဟာသူတပါးကို ဖျော်ဖြေပေးရတာကြိုက်တဲ့ သူတစ်ယောက်ဆိုရင်တော့ ဒီ Channel မျိုးက သင့်အတွက်ပါ။ ဟာသ Video အတိုလေးတွေကို ကိုယ်တိုင်ပဲရိုက်မလား၊ အကြောင်းအရာတစ်ခုခုကိုပဲ တိုတိုနဲ့လိုရင်းဖိမိအောင်ချပြချင်လား အားလုံးကို ပြုလုပ်နိုင်ပါတယ်။
2.Review Video
Review video ဆိုတာတွေက ကျွန်တော်တို့ Invest လုပ်စရာမလိုပဲ စတင်လို့ အမျိုးအစားဖြစ်ပါတယ်။ ကိုယ်နေ့စဉ် အသုံးပြုနေတဲ့ Product လေးတွေကိုပဲ Review လုပ်မလား ၊ ကိုယ့်ကြိုက်တဲ့ Movie/ TV series တွေ ၊ Game တွေကိုယ်ပဲ Review လုပ်မလား ၊ Tech နဲ့ဆိုင်တဲ့ ပစ္စည်းလေးတွေကိုပဲ Review လုပ်မလား အများကြီးပါ။
ကိုယ်အားသန်တဲ့ဘက်ကို ရွေးချယ်ပြီး စတင်လို့ရပါတယ်။ Review videos တွေက YouTube မှာ Top Views ထဲမှာလည်း ပါ၀င်တဲ့ အမျိုးအစားတစ်ခုဖြစ်ပါတယ်။
3.Unboxing Video
ကိုယ်က ပစ္စည်းလေးတွေကို ၀ယ်ပြီး စုဆောင်းတတ်တဲ့လူမျိုးဆိုရင်တော့ ဒီ Channel အမျိုးအစားဟာ သင့်အတွက်ဖြစ်မှာပါ။ ဒီအမျိုးအစားဟာလည်း လူကြည့်များတဲ့ထဲက တစ်ခုပါ။
4.Food Vlogs
အစားအသောက်တွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတဲ့ လူတွေ အတွက် အသင့်တော်ဆုံးပါ။ Delivery ကပဲမှာပြီး အိမ်မှာ မုန့်စားပြမလား ၊ အပြင်ထွက် Restaurant တွေမှာပဲသွားစားမလား ၊ Street Food တွေပဲ မြို့ပတ်စားကြမလား စတာတွေကို YouTube မှာ တင်ပြီးတော့လည်း Channel တစ်ခုကို စတင်နိုင်ပါတယ်။
5.Travel Vlogs
အပေါ်က Channel လိုပါပဲ ၊ အစားအသောက်ထက် ခရီးထွက်ရတာတွေကို ပိုပြီး ဝါသနာပါတဲ့လူတွေအတွက်ပါ။ ကိုယ်ဘယ်နေရာကို သွားတယ် ၊ ဒီဒေသမှာ ဘာတွေထွက်တယ် စတာတွေနဲ့ပတ်သက်တဲ့ အမျိုးအစားတစ်ခုပါ။
6.Educational Videos
စာသင်ရတာကို ကြိုက်နှစ်သက်တဲ့ လူတွေ အကောင်းဆုံးပါ။ ကိုယ်တတ်မြောက်ထားတဲ့ အရာတွေကို သူတပါးတွေ အတွက်ပါ Sharing လုပ်းပေးရတာဟာ စိတ်ကြည်နူးမှုလည်းရပါတယ်။
Note : အနေနဲ့ကတော့ ကျွန်တော်တို့ Myanmar မှာ ဒီလို Channel မျိုးမှာ အားနည်းနေပါသေးတယ်။ တချို့သော Language အခက်အခဲရှိတဲ့သူတွေအတွက်က YT ပေါ်က video တွေကို လေ့လာရတာမှာ အဆင်မပြေမှုတွေရှိနေနိုင်ပါတယ်။ အဲါအတွက် ဒီလို Channel မျိုးေတွကို ဝိုင်း၀န်း အားပေးကြဖို့လိုပါတယ်။
7..Game walkthrough/Skills Explanation/Montages
Gamer တွေအတွက်ကတော့ ကိုယ်ဆော့ထာတားတဲ့ Gameplay Video တွေကို YT ပေါ်တင်ပြီးတော့ ငွေရှာနိုင်ပါတယ်။ Gameplay တွေမှ မဟုတ်ဘဲ ကိုယ်ရဲ့ အမိုက်စား ပြကွက်ေတွ ၊ ဘယ် Skill တွေကို ဘယ်လိုသုံးရမယ် ၊ ဘယ် Boss ကို ဘယ်လို သတ်ရမယ် စတာတွေကို Sharing လုပ်ပေးရတာမျိုးတွေဖြစ်ပါတယ်။
ဒါတွေကတော့ အဆင်ပြေမယ့်အမျိုးအစားလေးတွေပဲ ဖြစ်ပါတယ်။ တခြားသောဟာတွေလည်း များစွာရှိပါတယ်။ တစ်ခုပြောချင်တာက Channel တစ်ခုစလုပ်ဖို့အတွက် Content တင်မကပဲ တကယ်ဖြစ်မြောက်အောင် လုပ်ချင်စိတ်လည်း လိုအပ်ပါတယ်။ ဖြစ်ပါ့မလား တွေးနေတာထက် လုပ်ဖြစ်ေအာင်သာလုပ်လိုက်ပါ။ အချိန်တစ်ခုမှာ အားလုံးအဆင်ပြေသွားပါမယ်။ စာဆုံးအောင် ဖတ်ပေးကြလို့ ကျေးဇူးပါ။
01/01/2022
Developer လုပ်ဖို့ စဉ်းစားထားတဲ့ သူတွေအတွက် အကောင်းဆုံး လုပ်ငန်းခွင် ၃ မျိုး
1.Mobile Developer
တိုးတက်နေတဲ့ IT ခေတ်ကြီးထဲမှာ Mobile Phone တွေရဲ့ အခန်းကဏ္ဍက တော်တော်လေးကို အရေးပါတဲ့ နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ အရင်က Camera ရိုက်ဖို့ ၊ Social App တွေသုံးဖို့ ၊ တစ်ဦးနဲ့ တစ်ဦးဆက်သွယ်ဖို့ပဲ Mobile Phone တွေကို အသုံးပြုခဲ့ပေမယ့် နောက်ပိုင်းမှာ Phone တစ်လုံးရှိရုံနဲ့တင် တော်တော်များများကို ပြုလုပ်နိုင်တာတွေအထိကို တိုးတက်ခဲ့တာပါ။ ဒီလို အရေးပါမှုတွေနဲ့ အတူ Mobile Developer တွေဟာလည်း Demand များတဲ့ Career တစ်ခုဖြစ်လာခဲ့ပါတယ်။
2.Software Developer
ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ Phone တွေ Pc တွေမှာ Software တွေဟာ မရှိမဖြစ်ပါ။ ခေတ်ရေစီးကြောင်းနဲ့ အတူ Software အသစ်အသစ်တွေဟာလည်း နေ့စဉ်နဲ့မျှ ထွက်ပေါ်လာနေပါတယ်။ ဒီအတွက်ကြောင့် လုပ်ငန်းရှင်တွေ အနေနဲ့လည်း အပြိုင်အဆိုင် Software အသစ်တွေကို ထုတ်ဖို့ ကြိုစားနေကြတဲ့ အတွက်
Software Developer တွေဟာလည်း လူအများ သဘောကျတဲ့ Career တစ်ခုဖြစ်လာခဲ့ပါတယ်။
3.Web Devloper
Web Developer ဆိုတာကတော့ ယနေ့ခေတ်မှာ Demand အများဆုံး Position တစ်ခုပါ။ ခေတ်ရေစီးကြောင်းပြောင်းလဲမှုနဲ့အတူ Digital Marketing တွေခေတ်စားလာပြီး အရာရာဟာ Website တွေပေါ်မှာ ရလာပါတယ်။ Website တွေကနေ ရုပ်ရှင်ပဲကြည့်မလား ၊ ဈေးပဲဝယ်မလား ၊ ကိုယ့်ရဲ့ လုပ်ငန်းတွေကိုပဲ ကြော်ညာမလား အားလုံးလုပ်ဆောင်နိုင်ပါတယ် ။
Web Devloper Position မှာတော့
Front-End
Back-End
Full-Stack ဆိုးပြီး Position တွေပြန်ကွဲပါသေးတယ်။
နောက်ပိုင်း ပိုစ့်တွေမှာ Position တစ်ခုချင်းစီ အလိုက်ကို ဘယ်လိုတွေ လေ့လာရမလဲ ဆိုတာတွေကို Sharing လုပ်ပေးသွားမှာဖြစ်တဲ့ အတွက် ကျွန်တော်တို့ Page လေးကို Like and Share လုပ်သွားကြပါအုံး။
30/12/2021
How to become a Graphic Designer ?
အားလုံးပဲ မဂ်လာပါ။ ဒီကနေ့မှာတော့ ကျွန်တော်တို့ Page ကနေပြီးတော့ Graphic Designer တစ်ယောက်ဖြစ်ချင်တဲ့သူတွေ ၊ ဖြစ်အောင် ကြိုးစားနေတဲ့ သူတွေအတွက် ဆောင်ရန်ရှောင်ရန်လေးတွေနဲ့ လေ့လာရမယ့်အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။
အစဦးဆုံးအနေနဲ့ကတော့
Graphic Designer တစ်ယောက်ဆိုတာ ဘာလဲဆိုတာကို အရင်ဆုံး တိုတိုတုပ်တုပ် ရှင်းပြချင်ပါတယ်။
Graphic Designer ဆိုတာက ကိုယ်ဖော်ပြချင်တဲ့ အချက်အလက်တွေကို Visual နည်းအရဖော်ပြပေးနိုင်တဲ့ သူတွေကို ပြောချင်တာပါ။အရှင်းဆုံးပြောရရင် ပျင်းဖျို့ကာင်းတဲ့ ဒေတာအချက်အလက်တွေကို ပုံလေးတွေနဲ့ လှလှပပ ဖော်ပြတာကို ပြောချင်တာပါ။
Graphic Design ကိုဘယ်နေရာတွေမှာ အသုံးချနိုင်လဲ ?
-----------------------------------------------------------------------------------
အခုလို လျှင်လျှင်မြန်မြန်နဲ့ တိုးတက်နေတယ့်ခေတ်ကြီးမှာ နေရာတော်တော်များများမှာ Graphic Designer တွေကို အသုံးပြုထားတာကို တွေနိုင်ပါတယ်။ အခြေခံအကျဆုံး Product တွေရဲ့ ကြော်ညာတွေ Logo, Poster, Restaurant တွေက Food Menu တွေ ၊ သင်လမ်းလျှောက်နေရင်း ပတ်၀န်းကျင်မှာ တွေ့ရတတ်တဲ့ Billboard ကြီးတွေက ကြော်ညာတွေက စလို့ Software UI/UX , Website Design စတဲ့နေရာတွေထိမှာပါ Graphic Design တွေကို မြင်ေတွ့နိုင်ပါတယ်။
ဘာတွေလေ့လာရမလဲ ?
Graphic Designer ကောင်းတစ်ယောက်ဖြစ်ဖို့အတွက်ဆိုရင် သင်ဟာလိုအပ်တဲ့ အခြေခံအချက်လေးတွေကစပြီး လေ့လာဖို့လိုပါတယ်။
1.Basic Shapes
2.Typography
3.Layer
4.Lighting
5.Poster Design အစရှိတဲ့ ဒီဇိုင်းသမားတိုင်း သိထားရမယ့် အချက်အလက်ကို ပြည့်စုံအောင်သိထားဖို့လိုအပ်ပါတယ်။
Softwares for Graphic Design ?
Adobe Photoshop
Adobe Illustrator
Adobe InDesign
Software တွေများစွာရှိတဲ့ အထဲကမှာ Ps - Photoshop ကလူကြိုက်အများဆုံးပါ။
Photoshop ကိုဘယ်လို လေ့လာရမလဲ ? Recommend Course for Photoshop ?
ဟုတ်ကဲ့ပါ Photoshop ကို Basic ကစပြီးလေ့လာဖို့အတွက် ကျွန်တော်တို့ Page မှာ Free sharing လုပ်ပေးထားတဲ့ Photoshop Essential Course တစ်ခုရှိပါတယ်။
Link တွဲပေးထားပါမယ်။
Photoshop Essential Course
https://www.facebook.com/104671080909931/posts/660535765323457/
နောက်ပိုင်းမှာလည်း ကျွန်တော်တို့ Page ကနေ Self-Learning Tips တွေ ၊ Online course တွေကို sharing လုပ်ပေးသွားမှာမလို့ Page လေးကို Like and Follow လုပ်ထားဖို့ အကြံပြုချင်ပါတယ်။
27/12/2021
အားလုံးပဲ မင်္ဂလာပါခင်ဗျာ။
အခုကျွန်တော်တို့ Learn with usကနေ ကျောင်းသားလူငယ်၊ လူရွယ်တွေအတွက် တနေ့တာရဲ့ အားနေ၊ပိုနေတဲ့အချိန်ကလေးတွေကို အကျိုးရှိရှိ အသုံးချနိုင်စေဖို့ အွန်လိုင်းပေါ်ကနေ Englishစာအလွယ်တကူ လေ့လာနိုင်တဲ့ YouTube channelကလေးတွေကို ပြောပြချင်ပါတယ်။
YouTubeမှာကတော့ အခုလိုလေ့လာနိုင်တဲ့channelပေါင်းများစွာရှိတဲ့ အထဲကနေ ကျွန်တော်တို့ရဲ့ favoriteလည်းဖြစ် Beginner တွေအတွက် လေ့လာရလည်း လွယ်ကူစေမယ့် channelတချို့ကို ဖော်ပြသွားပါမယ်။ channel linkလေးတွေပါ တွဲပေးထားတာမို့ တခါတည်း ဝင်ကြည့်နိုင်ပါတယ်။
- English Addict with Mr Duncan
Mr.Duncanဆိုတဲ့ဆရာက သူ့ရဲ့Channelကိုအသုံးချကာ ကမ္ဘာတဝှမ်းက Englishစာလေ့လာနေသူတွေကို သင်ကြားပေးနေတာဖြစ်ပြီး အခွင့်သင့်သလိုlive sessionတွေနဲ့ပါ သင်ကြားပေးလေ့ရှိပါတယ်။ ဒီ channelကို ကြည့်မယ်ဆိုရင် သင့်အတွက်များစွာ အထောက်အကူ ပြုမှာ ဖြစ်ပြီး video တွေဟာလည်း လေ့လာရတာ ပျင်းစရာကောင်းတာမျိုးမရှိပါဘူး။ သာမန် ဆရာတွေသင်သလို ခက်သယောင်ထင်ရတဲ့စိတ်ညစ်စရာ Grammarတွေ ကို focusလုပ်တာမဟုတ်ဘဲ လက်တွေ့မှာ languageကို ဘယ်လိုသုံးတယ်၊ ပြောတယ်ဆိုတာကို သေချာပြောပြရှင်းပြတဲ့ channel ဖြစ်ပါတယ်။
YouTube link - https://youtube.com/misterduncanchina
- Easy English
ဒီchannelကတော့ YouTubeပေါ်မှာbeginnerတွေအတွက် အကောင်းဆုံးစတင်လေ့လာဖို့ကောင်းတဲ့channelတွေထဲကတခုဖြစ်ပြီး videoတိုင်းမှာလည်း နေ့စဉ်ကြုံတွေ့နေရတဲ့ လက်တွေ့ဘဝအခြေအနေတွေကို စကားပြောနေတဲ့ပုံစံတွေ အပြုအမူတွေနဲ့ သေချာ ရှင်းပြထားပါတယ်။ လမ်းပေါ်မှာ ကြုံရာသူတွေနဲ့ စကားပြောရင်း ရိုးရှင်းတဲ့မေးခွန်းတွေမေးရင်းကနေ လူအမျိုးမျိုးဆီက အသံထွက်ပုံတွေ စကားလုံးအသုံးပြုပုံတွေကို ဒီ channelကနေ လေ့လာနိုင်ပါတယ်။
YouTube link -
https://youtube.com/c/EasyEnglishVideos
- BBC Learning English
British Englishကို သေချာလေ့လာချင်ရင်တော့ ဒီchannelက သင့်ကိုစောင့်ကြိုနေမှာပါ။ သင်ခန်းစာ တခုချင်းစီက မတူတဲ့ပုံစံတွေအသုံးပြုပြီး ထိထိရောက်ရောက် လေ့လာနိုင်အောင် သင့်ကိုကူညီပေးပါလိမ့်မယ်။
ဒီchannelမှာ ကျွန်တော်တို့လို non-english speakerတွေအတွက် ကောင်းမွန်တဲ့ resourcesများစွာရှိပြီး ကလေးတွေအတွက်လည်း လေ့လာလို့အဆင်ပြေတဲ့ သင်ခန်းစာတွေပါ ရှိပါတယ်။
YouTube link -
https://youtube.com/c/bbclearningenglish
- Jennifer ESL
ဒီchannelပိုင်ရှင် Jenniferဆိုတဲ့ ဆရာမကတော့ စိတ်ရှည်ရှည်နဲ့ သေချာရှင်းပြပြီးAmerican Englishကို
ပုံမှန် video lessonတွေ live session တွေကနေ သင်ကြားနေပါတယ်။ဒီကသင်ခန်းစာတွေမှာ Writing, Speaking, Listening, Reading, Pronunciation, Vocabulary, Grammarစတဲအရာတွေ အပြင် American cultureတချို့ပါ ပါရှိတာမို့ Beginner လေ့လာသူတွေအတွက် စုံလင်တယ်ပြောလို့ရပါတယ်။
YouTube link -
https://youtube.com/c/Englishwithjennifer
ဒီpostလေးက Englishစာစတင်လေ့လာမယ့်သူတွေ တိုးတက်အောင်ကြိုးစားနေတဲ့သူတွေ ကျောင်းသားလူငယ်တွေ အတွက် အကူအညီဖြစ်မယ်လို့မျှော်လင့်မိပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။
Adios!!
26/12/2021
Hello Everyone 🙋♂️
ပထမဆုံးအနေနဲ့ Sharing လုပ်ပေးချင်တာကတော့
Adobe Certified Instructor တစ်ယောက်ဖြစ်တဲ့
Dan Scott ကိုယ်တိုင်သင်ကြားပေးထားတဲ့ Photoshop Essential Course ဖြစ်ပါတယ် ။ ဒီ Course ထဲမှာဘာတွေသင်ကြားရမလဲဆိုရင်တော့
- Basic Shapes
- Layer
- Typography
- Retouching
- Color changing
- Lighting
- Background Removing
- Poster Design Basic , etc ...
စတဲ့ Graphic Designer တစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ Tools/ Features တွေအတော်များများကို လက်တွေ့ Project 20 ခန့်လောက် ဆရာနဲ့အတူ လိုက်လုပ်ပြီး သင်ကြားရမှာဖြစ်ပါတယ် ။
Course Link - https://t.me/learnxus/5
နောက်လည်း အလျဉ်းသင့်သလို free coursesလေးတွေ တင်ပေးအုန်းမှာမို့ like and shareလေး လုပ်သွားဖို့ တောင်းဆိုချင်ပါတယ်။
26/12/2021
အားလုံးဘဲမဂ်လာပါ။
ဒီခက်ခဲနေကြတဲ့ ကာလကြီးမှာ ကျောင်းတွေတက္ကသိုလ်တွေပိတ်ထားလို့ အိမ်မှာအချိန်ကုန်နေရတဲ့ ကျောင်းသားလူငယ်တွေ၊ အလုပ်အကိုင်အဆင်မပြေလို့ အနားယူနေရတဲ့ လူငယ်လူရွယ်တွေအတွက် အားနေတဲ့အချိန်ကလေးတွေမှာ အကျိုးမရှိ မဖြစ်ရလေအောင် ကျွန်တော်တို့ pageကနေပြီးတော့ Online coursesတွေ Online classes တွေကို Sharingလုပ်သွားမှာ ဖြစ်လို့ page လေးကို Like and follow လုပ်ပြီး Get notificationကို ဖွင့်ထားလိုက်ဖို့ ပြောချင်ပါတယ်။
Adios!!