02/03/2021
တောင်သူဦးကြီးများအားလုံး မင်္ဂလာပါ ခင်ဗျာ 🙏
ဒီနေ့ကတော့ တောင်သူလယ်သမားနေ့ ဖြစ်ပါတယ်ခင်ဗျာ။ တောင်သူလယ်သမားတွေက နိုင်ငံရဲ့ ကျေးဇူးရှင်တွေပါပဲ။ တောင်သူလယ်သမားတွေသာမရှိရင် ကျွန်တော်တို့အားလုံး အစာမရှိတဲ့နေ့တွေကို ဖြတ်သန်းရမှာပါ။ စိုက်ပျိုးခြင်းရဲ့အရေးပါမှုနဲ့ ရွှံ့ကနေပိုက်ဆံအဖြစ်ပြောင်းနိုင်တဲ့ မှော်ပညာကိုတော့ ကျွန်တော်တို့မမေ့ပါဘူး။ နေ့တိုင်းနေ့တိုင်း အစာစားနေရတယ်ဆိုတာက တောင်သူလယ်သမားတွေကြောင့်ပါပဲ။ အဲ့ကျေးဇူးကိုတော့ ကျွန်တော်တို့ ဘယ်တော့မှ မေ့သွားမှာမဟုတ်ပါဘူးခင်ဗျာ 🙏
28/02/2021
အခုဆိုရင်တော့ ဖေဖော်ဝါရီလက ကုန်ဆုံးသွားပြီဖြစ်ပါတယ်။ နောက်လာမယ့် ၃ လပိုင်း(မတ်လ) မှာတော့ တောင်သူဦးကြီးများ ၊ ကိုယ်စားလှယ်များ နှင့် မြန်မာပြည်သူပြည်သားများအားလုံး ပျော်ရွှင် ကျန်းမာ စိတ်ချမ်းသာကြပါစေ။ ဘေးကင်းကြပါစေ။ သီနှံအထွက်နှုန်းလည်း တိုးပွားကြပါစေလို့ ကျွန်တော်တို့ နေလုံးနီ မိုးသီး ၊ ပုလဲ မြေသြဇာ မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ 🙏
27/02/2021
ငရုတ်မှာ ဘယ်လိုရွက်ဖျန်းအားဆေးတွေ အသုံးပြုသင့်သလဲ
ရွှေ့စိုက်ပြီး ၁၅ရက်သားမှစ၍ အပင်ဟော်မုန်းဆေးဖြစ်သော တင်ပိုနှင့် ကောမက်ထရေ့စ် တို့ကို (၇-၁၀)ရက်ခြားတစ်ကြိမ် ဖျန်းပါ။ ငရုတ်သီးအားကောင်း၍ အလေးချိန်စီးပြီး အထွက်နှုန်းမြင့်မားစေရန် ပန်းစပွင့်ချိန်တွင် ဂိုးလ် ၅၀ အက်စ်စီ၊ ကောမက်အားကောင်း နှင့်ကယ်ဘိုမက်စူပါတို့ကိုလည်းသုံးစွဲပေးပါ။
ငရုတ်အရွက်တစ်ပင်လုံး အဝါရောင်သန်းလာပါက ကလောက်ဒီ ကိုဖျန်းပေးပါ။ ဤသို့အလှည့်ကျဖျန်းပေးခြင်းဖြင့် ငရုတ်သီးပွင့်အားကောင်း၍ အသီးအလေးချိန်စီးခြင်း၊ အရောင်တောက်ပခြင်း၊ ပုပ်ရိခြင်းကင်း၍ ရောင်းပန်းလှပြီး အကျိုးအမြတ်များစွာရရှိပါမည်။
ငရုတ်ခင်းတွင် အသုံးပြုသည့် ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် ရွက်ဖျန်းမြေသြဇာများ ပက်ဖျန်းသည့်အခါတိုင်း ၎င်းတို့၏အာနိသင်ပိုမိုထူးကဲစွာ ရရှိစေရန်အတွက် ဝမ်းဒါးပြန့်ဆေး၊ ကပ်ဆေးကို မဖြစ်မနေ ပူးတွဲအသုံးပြုပါ။
Source : https://www.facebook.com/370411396352674/posts/3713913352002445/
26/02/2021
တပို့တွဲလ ထမနဲပွဲ
တပို့တွဲလပြည့်နေ့မှာ ထမနဲစားရင်းနဲ့ မြန်မာပြည်သူပြည်သားများအားလုံး ပျော်ပျော်ရွှင်ရွှင်နေနိုင်ကြပါစေလို့ ကျွန်တော်တို့ နေလုံးနီ မိုးသီး ၊ ပုလဲ မြေသြဇာမိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ 🙏
25/02/2021
ရွက်ဖျန်းမြေဩဇာ အသုံးပြုရင် ဘယ်လိုအချက်တွေ ဂရုစိုက်ရမလဲ။
ရွက်ဖျန်းမြေသြဇာများကို သီးနှံအစုံတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာခြင်းကြောင့် မိမိတို့ သုံးစွဲသော ရွက်ဖျန်းမြေဩဇာများ အလေ့အလွင့်နည်းစေရန်နှင့် အပင်မှ အပြည့်အဝရရှိစေရန် အောက်ပါတို့ကို အထူးဂရုစိုက်ကြရန် လိုအပ်လာပြီဖြစ်ပါတယ်။
၁) အပူချိန်၊ စိုထိုင်းဆ နှင့် ဖျန်းရမည့်အချိန်
၂) မိုးရွာသွန်းမှု ၊ အစိုဓါတ်
၃) လောင်းရိပ်ကျခြင်း တို့ဖြစ်ပါတယ်။
၁) အပူချိန် စိုထိုင်းဆ နှင့် ဆေးဖျန်းရမည့်အချိန်
မနက်ပိုင်းနှင့် နေအေးချိန်များတွင် အသုံးပြုပါက အရွက်၏ လေရှုပေါက်များမှ တစ်ဆင့် အာဟာရများ ကောင်းစွာဝင်ရောက်နိုင်သောကြောင့် ရွက်ဖျန်းအားဆေးများဖျန်းရာတွင် နံနက် ၉း၀၀ နာရီ မတိုင်မှီနှင့် ညနေ ၄း၀၀နာရီနောက်ပိုင်း တွင် ဖျန်းသင့် ပါ သည်။
နေပြင်းချိန်တွင် အရွက်၏ လေရှူပေါက်များ အလုပ် ကောင်းစွာ မလုပ်သဖြင့်မဖျန်းသင့်ပါ။အပူချိန် ၂၁ ဒီဂရီစင်တီဂရိတ်သည် အပင်မှရွက်ဖျန်းမြေဩဇာများ အကောင်းဆုံး စုပ်ယူနိုင်သော အပူချိန်ဖြစ်သဖြင့် ရာသီဥတု ပူပြင်းသောအခြေအနေများတွင် ဖျန်းခြင်းရှောင်သင့်ပါသည်။ထို့အပြင် ရာသီဥတု ခြောက်သွေ့နေသောအချိန်များတွင် ဖျန်းခြင်းကိုလဲ ရှောင်ရပါမည်။
၂) မိုးရွာသွန်းမှု နှင့် အစိုဓါတ်
ရွက်ဖျန်းအားဆေးဖျန်းပြီး ၂၄ နာရီအတွင်း မိုးမရွာမှသာ ထိရောက်မှုအကောင်းဆုံးဖြစ်နိုင်သည်။ဖျန်းပြီး မကြာမှီမိုးရွာက အာဟာရဓါတ်များ မိုးရေနှင့်အတူရောပါပြီး ဆုံးရှုံးစေနိုင်သောကြောင့်ဖြစ်သည်။ ရွက်ဖျန်းအားဆေးအသုံးပြုရာတွင် မြေဆီလွှာအစိုဓါတ်ကောင်းစွာရှိရန်လည်းလိုအပ်ပါတယ်။ အစိုဓါတ်ကောင်းသောမြေတွင် ရွက်ဖျန်းအားဆေးအားဆေးအသုံးပြခြင်းသည် ခြောက်သွေ့သောမြေတွင် အသုံးပြခြင်းထက် ပိုမိုထိရောက်မှုရှိပါသည်။
၃) လောင်းရိပ် ကျခြင်း
လောင်းရိပ်ကျသောနေရာများတွင် ရွက်ဖျန်းအားဆေးအပေါ်တုံ့ပြန်မှုနည်းလေ့ရှိပါသည်။ ဥပမာ ဖော့စဖိတ်ဓါတ်ကို လောင်းရိပ်မကျသောနေရာများတွင် အရွက်မှပိုမိုစုပ်ယူနိုင်ပါသည်။
Source : https://www.facebook.com/370411396352674/posts/3722047361189044/
23/02/2021
စပါးပင်များတွင် အပင်ရောဂါဖြစ်စေသော သက်ရှိများဖြစ်ကြသည့် မှို၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မိုက်ကိုပလပ်စမာ (Mycoplasma) နှင့် နီမတုတ် (Nematode) တို့ အကြောင်းကို ပိုးမွှားရောဂါပညာရှင်များ၏ ဆင့်ပွားနည်းပညာပေးမှုများဖြင့် စိုက်ပျိုးသူများသိရှိသင့်သလောက် သိလာကြပြီဖြစ်ပါသည်။ နီမတုတ်ရောဂါကလည်း ဖြစ်ပွားမှု အမျိုးမျိုးရှိကြသည်။ ရောဂါဖြစ်စေသည့် သက်ရှိများ တစ်မျိုးနှင့်တစ်မျိုး မတူကြ။ ထို့ကြောင့်လည်း ကာကွယ်မှု၊ နှိမ်နင်းမှုတို့ပြုလုပ်ရာတွင်လည်း မတူကြ။ အားလုံးကို ခြုံငုံပြီး တစ်သမတ်တည်းပြော၍မရ။ ဆက်စပ်မှုရှိသည်မှာ စပါးခင်းထဲကရေ ဖြစ်သည်။ စပါးပင်အမြစ်မှာ အဖု၊ အလုံးဖြစ်သော မြစ်ဖုနီမတုတ်ရောဂါဆိုလျှင် နီမတုတ်မျိုးစိတ်နှင့် စပါးမျိုးကိုလိုက်၍ရောဂါပြလက္ခဏာများ မတူကြ။ စပါးစိုက်ပျိုးသော ဒေသလည်း ရောဂါဖြစ်ခြင်း၊ နည်းခြင်း၊ များခြင်း၊ အမြဲလိုလို ကျ
ရောက်ခြင်းရှိကြသည်။ မြစ်ဖုရောဂါဆိုလျှင် ဧရာ၀တီတိုင်းဒေသတွင် နွေစပါးသတိထားရသည်။ စပါးခင်း ရေပြတ်လျှင်ရောဂါဖြစ်ပွားမှု ပိုများသည်။ ထို့ကြောင့် ရေထည့်ပေးရ၊ ရေလှောင်ပေးရသည်ဆိုသော်လည်း မြစ်ဖုနီမတုတ်မျိုးတစ်မျိုးသည် အခြားမျိုးစိတ်များနှင့်မတူ။ ရေ၀ပ်မှုမခံနိုင်။ ဤတစ်မျိုးကလွဲ၍ ကျန်သည့်မျိုးများ ရေ၀ပ်မှုခံနိုင်ပြန်သည်။ စပါးယူဖရာရောဂါမှာလည်း ဧရာ၀တီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပင်လယ်ကမ်းရိုးတန်းဒေသများ ဂရုပြုရသည်။
ရေငန်စပ်၊ သဲဆန်မြေ ပို၍သတိပြုရသည်။ ရေသည် နီမတုတ်ပြန့်ပွားရေးတွင် အလွန်အရေးကြီးသည်။ မိုးများခြင်း၊ ရေကြီးခြင်း၊ တစ်ခင်းမှတစ်ခင်း စပါးခင်း ရေသွင်းရေထုတ် ဖြတ်ကျော်ပြုလုပ်ခြင်းသည် တစ်ပင်မှတစ်ပင်၊ တစ်ခင်းမှတစ်ခင်း၊
တစ်ကွင်းမှတစ်ကွင်း ကူးစက်ပျံ့နှံ့နိုင်သည်။
စပါးယူဖရာရောဂါမှာ ရေနည်းသောနွေစပါးတွင် ကျရောက်မှုနည်းပါးသွားပြန်သည်။ နီမတုတ်ရောဂါများကို လေ့လာရာတွင်ရေသွင်းရေထုတ် ပြုလုပ်မှု၊ လယ်ထဲရေအနည်းအများ ရေလှောင်ထည့်ထားမှု၊ စပါးစိုက်ပျိုးသောစနစ် (တောင်ယာ၊ ဆည်
ရေသောက်၊ ရေနက်စပါး၊ ယာစပါး စသည်)ကွာခြားမှု၊ မျိုးစေ့ဆောင်စပါးရွက်ဖျားဖြူနီမတုတ်ရောဂါဆိုလျှင် ဆည်ရေသောက်နှင့် ရေနက်စပါးကျရောက်မှု ပိုများသည်။ အချို့သော စပါးခင်းတွင် မျိုးစေ့အသုံးများခြင်း၊ ခပ်စိပ်စိပ်စိုက်ခြင်း၊ ပျိုး
ထောင်စိုက်နှင့် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးမှုလည်း ဖြစ်ပွားတတ်ကြသည်။ စပါးပြီး စပါးဆက်တိုက်စိုက်ခြင်းထက် စပါးအပြီး ပဲ၊ နှမ်း၊ နေကြာ သီးထပ်သီးလှည့်စိုက်ခြင်း ပြုလုပ်ကြရသည်။ ကန့်ဓာတ်ချို့တဲ့မှု၊ နိုက်ထရိုဂျင်ဓာတ်မြေသြဇာ အသုံး
ပြုမှုများခြင်း၊ ပိုတက်စီယမ်ဓာတ်မြေသြဇာ အသုံးပြုမှုနည်းပါးခြင်း (စပါးယူဖရာရောဂါ ပိုဖြစ်သည်။) နီမတုတ်ရောဂါအလိုက်စပါးခင်းထဲ ရေအနည်း၊ အများထား သိုလှောင်ခြင်း၊ ရေသွင်းရေထုတ် ပြုလုပ်ခြင်းကလည်း ဂရုပြုရပါသည်။ တူညီသော
ကာကွယ်နှိမ်နင်းမှုကမျိုးသန့်စိုက်ပါ။ ပေါင်းမြက်ရှင်းပါ။ သီးလှည့်စိုက်ပါ။ ဓာတ်မြေသြဇာများကို အချိုးကျထည့်ပါ။ စိုက်ခင်းထဲက သီးနှံပင်အ
21/02/2021
တောင်သူဦးကြီးများအားလုံး မင်္ဂလာရှိသောနေ့လေး ဖြစ်ပါစေခင်ဗျာ🙏🏼
၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီ (၂၁) ရက်နေ့တွင် တင်ဆက်ပေးထားသော ၁၀ ရက်မိုးလေဝသခန့်မှန်းချက်☀️⛅️🌧
ဘင်္ဂလားပင်လယ်အော် 🌊
ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့် ထူထပ်နိုင်ပြီး တခြားဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်ရှိနိုင်ပါသည်။
မိုးအခြေအနေ ⛈️
ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် မိုးရွာသွန်းမှုများနိုင်ပါသည်။ နေပြည်တော် ၊ စစ်ကိုင်းတိုင်းအပေါ်ပိုင်း ၊ မကွေး ၊ ပဲခူး ၊ ရန်ကုန် ၊ ဧရာဝတီ ၊ တနင်္သာရီ ၊ ချင်း ၊ ရခိုင် ၊ ကယား ၊ ကရင် နှင့် မွန်ပြည်နယ်တို့တွင် မိုးရွာသွန်းမှု နည်းနိုင်ပြီး စစ်ကိုင်းတိုင်းအောက်ပိုင်း ၊ မန္တလေး ၊ ကချင် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် ပုံမှန်မိုးရွာသွန်းနိုင်ပါသည်။
ကချင် နှင့် ရှမ်းပြည်နယ်တို့တွင် မိုးရွာသွန်းမှု (၂) ရက်ခန့်အထိ ခန့်မှန်းထားပြီး နေပြည်တော် ၊ စစ်ကိုင်း ၊ မန္တလေး ၊ မကွေးတို့တွင် မိုးရွာသွန်းမှု (၁) ရင်ခန့်အထိခန့်မှန်းထားပါသည်။ ပဲခူး ၊ ရန်ကုန် ၊ ဧရာဝတီ ၊ တနင်္သာရီ ၊ ချင်း ၊ ရခိုင် ၊ ကယား ၊ ကရင် နှင့် မွန်ပြည်နယ် တို့တွင်တိမ်အသင့်အတင့် ဖြစ်ပေါ်နိုင်ပါသည်။
ညအပူချိန် 🌃
နေပြည်တော် ၊ စစ်ကိုင်းတိုင်းအောက်ပိုင်း ၊ မန္တလေး ၊ မကွေး ၊ ပဲခူး ၊ ရန်ကုန် ၊ ဧရာဝတီ ၊ ရှမ်းပြည်နယ်တောင်ပိုင်း နှင့် ကယားပြည်နယ်တို့တွင် ဖေဖော်ဝါရီလ၏ ပုံမှန်အပူချိန်ထက် ၁.၅ ဒီဂရီစင်တီဂရိတ်မြင့်နိုင်ပြီး စစ်ကိုင်းတိုင်းအပေါ်ပိုင်း ၊ တနင်္သာရီ ၊ ကချင် ၊ ရှမ်းပြည်နယ်မြောက်ပိုင်း နှင့် အရှေ့ပိုင်း ၊ ချင်း ၊ ရခိုင် ၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ် တို့တွင် ဖေဖော်ဝါရီလ၏ ညအပူချိန် ပုံမှန်အတိုင်း ရှိသွားနိုင်ပါသည်။
မြူအခြေအနေ 🌁
စစ်ကိုင်း ၊ ဧရာဝတီ ၊ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် တို့တွင် (၅) ရက်မှ (၇) ရက်ခန့် မြူဆိုင်းနိုင်ပြီး နေပြည်တော် ၊ မန္တလေး ၊ မကွေး ၊ ပဲခူး ၊ ရန်ကုန် ၊ တနင်္သာရီ ၊ ချင်း ၊ ရခိုင် ၊ ကယား ၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ် တို့တွင် (၂) ရက်မှ (၄) ရက်ခန့်မြူဆိုင်းမည်ဟုခန့်မှန်းထားပါသည်။
Source: Department of Meteorology and Hydrology (Myanmar)
19/02/2021
ယူရီးယားဓာတ်မြေသြဇာက အခြားနိုက်ထရိုဂျင်ဓာတ်မြေသြဇာတွေထက် ဘာတွေသာလွန်တာလဲ 🤔
(၁) ယူရီးယားက နိုက်ထရိုဂျင်မြေသြဇာတွေမှာ ဈေးအသက်သာဆုံးနှင့်နိုက်ထရိုဂျင် ပါဝင်မှုအများဆုံး (၄၆%) ဖြစ်ပါတယ်။
(၂) ယင်းသည် ပေါက်ကွဲပစ္စည်းမဟုတ် မီးလောင်လွယ်ပစ္စည်းမဟုတ်ပါ။
(၃) သာမန်အခြားနိုက်ထရိုဂျင်မြေသြဇာများနှင့် နှိုင်းစာရင် တည်ငြိမ်မှုရှိတယ်။ အစိုပျံနှုန်းနည်းတယ်။
(၄) ယူရီးယားက ပတ်ဝန်းကျင် ပျက်စီးမှုအနည်းဆုံးဖြစ်စေသော မြေသြဇာ ဖြစ်ပါတယ်။
(၅) အမိုးနီးယားဆာလ်ဖိတ်ကဲ့သို့သော ဓာတ်မြေသြဇာများထက်စာလျှင် အက်ဆစ်(ငရဲမီး)ဖြစ်ပေါ်မှုနည်းပါတယ်။
(၆) ယူရီးယားကို ရွက်ဖျန်းမြေသြဇာ အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။
အဲ့ဒါကြောင့် နေလုံးနီ မိုးသီး၊ပုလဲ မြေသြဇာကို အခုပဲဝယ်ယူလိုက်ပါ😉
☎️09882507523 ကိုရုံးချိန်အတွင်းဖုန်းဆက်ပြီးဆက်သွယ်မေးမြန်းလို့ရပါတယ်နော်👍🏼
17/02/2021
နွေစပါးမှာ ဖြစ်ပွားနိုင်သော မှိုရောဂါများ
**************************************
မိုးရာသီ စိုက်ပျိုးတဲ့ စပါးခင်းတွေမှာ စိုစွတ် မိုးများမှုကြောင့် စပါးပင်တွေမှာ မှိုကြောင့်ဖြစ်တဲ့ အပင်ရောဂါကျတတ်တယ်။
နွေစပါးကတော့ နွေပူပူ၊ နေပူပူမှာ စိုက်တဲ့စပါးပင်မို့ မှိုရောဂါကျတာ နည်းပါးနိုင်တယ်လို့ထင်မှတ်ကြရင် မှားပါလိမ့်မယ်။
စပါးတွေပိုမိုထွက်ဖို့ မိုးရာသီ စပါးစိုက်တာအပြင် နွေရာသီ နွေစပါးစိုက်တာကို ၁၉၉၂ ခုနှစ်မှာ ရေရရှိအောင် စီမံပြီး ၈၂၁
ဧကဖြင့် စတင်စိုက်ပျိုးခဲ့ပါတယ်။ မိုးစပါးစိုက်ချိန်က မေလမှ စက်တင်ဘာလကုန်၊ နွေစပါးစိုက်ချိန်က အောက်တိုဘာလ
မှ ဧပြီလကုန်ဆိုပြီး မိုးစပါး၊ နွေစပါး သတ်မှတ်ခဲ့ကြပါတယ်။ နွေစပါးက နေရောင်ခြည်ပိုရပြီး ရေလည်းပြည့်စုံအောင်ရကြ
ရင် မိုးစပါးထက်ပိုထွက်တော့ စိုက်ပျိုးမှုဧကဟာ နှစ်စဉ်အတိုးပဲ ရှိလာပါတော့တယ်။ နွေစပါးကမိုးစပါးထက်လည်း အပင်
အာဟာရဓာတ်စုပ်ယူစားသုံးမှု ပိုများပါတယ်။ ဒါကြောင့် စပါးပင်ရဲ့အမြစ်တွေ ပိုပြီးဖြစ်ထွန်းတယ်။ နိုက်ထရိုဂျင်နဲ့
အမိုင်နိုအက်စစ်တွေလည်း ပိုရတယ်။ ဒါကြောင့် အပင်ရောဂါ ဖြစ်နိုင်မှုကလည်း ပိုများနိုင်တယ်။ ရာသီဥတုကလည်း နေ့
ပိုင်းပူပေမဲ့ ညဘက်မှာ အပူချိန်နိမ့်တာ၊ စိုထိုင်းဆများတာ၊ ဆောင်းကြွင်းဆောင်းကျန် နှင်းဖွဲလေးများ မနက်ပိုင်းကျန်
တာတွေက အပင်ရောဂါ ဖြစ်ပွားမှု၊ ကူးစက်ပျံ့နှံ့မှုကို လွယ်ကူစေတယ်။ အားပေးနိုင်တယ်။ သတိပြုရမဲ့ ရောဂါက စပါးကုပ်ကျိုးရောဂါ ဖြစ်ပါတယ်။ ဒီရောဂါဟာ မှိုကြောင့်ဖြစ်တဲ့ရောဂါ ဖြစ်တယ်။
အပင်ငယ်စဉ်ရော အပင်ကြီး စပါးနှံထွက်တဲ့အထိရောဂါကျနိုင်တယ်။ အပင်ငယ်စဉ်ကျရင်အကုန်ပျက်စီးတယ်။ အထူးသဖြင့် အပင်ကြီး အနှံထွက်မှ ကျရောက်ရင် အဆစ်ကျိုး၊ စပါးနှံနဲ့ဆက်ထားတဲ့ ကုပ်ကျိုးမယ်၊ ရောဂါကျစပါးနှံမှာ အဆန်မတည်တော့ဘဲ အဆန်ချောင်၊ ဖြူဖြူဖွေးဖွေး အနှံတွေဖြစ်လာမယ်။ ပုလဲဓာတ်မြေသြဇာ တစ်မျိုးတည်း ကျွေးထားရင် ရောဂါပိုဆိုးတာပေါ့။ ကုပ်ကျိုးရောဂါက မိုးစပါးထက် နွေစပါးမှာ ပိုဖြစ်တတ်တယ်။ ရေသွင်းစိုက်ခင်းထက် ကြဲခင်းတိုက်ရိုက် မျိုးစေ့ချ စပါးခင်းပိုမိုဖြစ်နိုင်တယ်။ ရာသီဥတုအေးတဲ့ ဒေသတွေနဲ့ မိုးများတဲ့ ဒေသတွေက နွေစပါးခင်းတွေ ပိုပြီး သတိပြု ကာကွယ်နှိမ်နင်းကြသင့် တယ်။ ရောဂါကျတဲ့ စပါးခင်းတွေမှာ ပုလဲဓာတ်မြေသြဇာကို လုံး၀မထည့်ဘဲ ပိုတက်စီယမ်ဓာတ်မြေသြဇာကိုသာ တစ်ဧက တစ်အိတ်ခွဲနီးပါးလောက် ထည့်တာ။ ကောက်ရိုးကို မီးရှို့ပြာချပြီး ရတဲ့ပြာကို တစ်တင်း လောက်ထည့်တာ ပြုလုပ်နိုင်တယ်။ နောက်ပိုင်းမှာ ရောဂါသက်သာအောင် ကုပ်ကျိုးရောဂါ ဖြစ်မှုအားပေးတဲ့
အပူချိန်ရှိမဲ့ကာလကိုရှောင်ပြီး စိုက်ကြတော့တယ်။
အခုအခါ မိုးစပါးမှာလည်း မိုးလယ်ကာလ မိုးရွာတာနည်းလာရင် စပါးကုပ်ကျိုးရောဂါ ဖြစ်လာတာကို ဧရာ၀တီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်မှာ တွေ့လာရပြီ။ နွေစပါးမှာ ပျိုးခင်းက စိုက်ခင်းရွှေ့စိုက်ချိန် ရောဂါပိုကျနိုင်တယ်။ ဘာကြောင့်ဒီလိုဖြစ်ရသလဲ လေ့လာတော့ အပင်ကို လိုတာထက်ပိုပြီး စိပ်စိပ်စိုက်ကြလို့။ ပျိုးပင်ကိုစိုက်ရာမှာ မြေထဲနက်နက် ထိုးထည့်စိုက်လို့ဆိုတာတွေ တွေ့လာရတယ်။ နွေစပါး စိုက်ရင် ကုပ်ကျိုးရောဂါခံနိုင်တဲ့ စပါးမျိုးတွေစိုက်ပါ။ ရေသွင်းစိုက်ခင်းဆိုရင် စိုက်ခင်းထဲ ရေမပြတ်စေဘဲ လုံလောက်တဲ့ပမာဏ ထည့်ထားပါ။ ပုလဲဓာတ်မြေသြဇာတစ်မျိုးတည်းမထည့်ဘဲ ဖော့စပရပ်နဲ့ ပိုတက်စီယမ် ဓာတ်မြေသြဇာများကိုလည်း အချိုးကျထည့်ပေးပါ။ စပါးစေ့ကို မစိုက်
ခင် မျိုးစေ့တစ်ပြည်ကို မှိုသတ်ဆေးမှုန့် ဟင်းစားဇွန်းတစ်ဇွန်းနဲ့ လူးနယ်စိုက်ပျိုးပါ။ ရောဂါကျရင် မှိုသတ်ဆေးပက်ဖျန်း
ပါ။ ရောဂါဖြစ်စေတဲ့မှိုဟာ စပါးရိုးပြတ်နဲ့မြက်တွေမှာ ခိုအောင်းနားခိုတတ်ပါတယ်။ပေါင်းရှင်းပါ။ စပါးရိတ်ပြီးရင် ရိုးပြတ်
ကိုဖယ်ရှင်းစုပုံ မီးရှို့ပါ။ ပျိုးခင်းကစပြီး ရောဂါတွေ့နိုင်ပါတယ်။ စပါးရွက်တွေမှာအစက်အပြောက်တွေ ပြလာပါတယ်။
စပါးခင်း အနှံထွက်ချိန်ကျတော့ အနှံမှာ ရောဂါ၀င်ရင် စပါးနှံအောက်က ကုပ်မှာ အညိုကွက် တွေ့ပါတယ်။ နို့ရည်မတည်ခင်ရောဂါကျရင် နို့ရည်ဆက်မတည်တော့ဘဲအဆန်မတည်တဲ့အနှံ ဖြစ်တော့တာပါပဲ။
သတိပြု ကာကွယ်နှိမ်နင်းရမှာက အပင်မှိုရောဂါ ဖြစ်ပါတယ်။ ဒါက အများဆုံးတွေ့ရတဲ့ နွေစပါးရဲ့မှိုရောဂါဖြစ်ပါတယ်။
စပါးရွက်ဖုံးတွေပုပ်တာကလည်း မှိုရောဂါပါပဲ။ မိုးများတဲ့ဒေသတွေမှာ ဖြစ်ပွားမှုပိုများတယ်။ ဒီဇင်ဘာလမှာ မိုးရွာရင် ပတ်၀န်းကျင် အစိုဓာတ်တွေများ၊ ဥတုကလည်းအေးတော့ရောဂါဖြစ်ရင် ပြန့်ပွားမှုများလာတယ်။ လေပြင်းကျတာပါဆိုပြီးဖြစ်ရင်တော့ ပျက်စီးပြီ။ ဒီမှာလည်း ဓာတ်မြေသြဇာ အသုံးပြုရာမှာကြိုက်တဲ့ ပုလဲလို နိုက်ထရိုဂျင်ဓာတ်မြေသြဇာတွေများများသုံးပြီး ပိုတက်စီယမ်ဓာတ်မြေသြဇာ အသုံးနည်းလို့ကတော့ ရောဂါပိုဖြစ်လာတယ်။ ယှဉ်တွဲဖြစ်လာနိုင်တာက ရွက်ဖုံးပုပ်ရောဂါနဲ့ ရွက်ဖုံးခြောက်ရောဂါတွေဖြစ်တော့ ရာသီဥတုက မှိုအကြိုက်ဖြစ်လာရင် ကိုယ့်စပါးခင်းကို နေ့စဉ်စစ်ဆေးမှ လက်ဦးအောင် ကာကွယ်နှိမ်နင်းနိုင်မှာပါ။ မှိုရောဂါတွေဟာ အရွက်၊ ရွက်ဖုံးနဲ့အနှံတွေမှာ အစင်းတွေ၊ အကွက်တွေ၊ အပြောက်တွေ၊ ပုပ်တာတွေ၊ ခြောက်တာတွေ ဖြစ်လာတယ်။ နွေမှာ စပါးစိုက်တာမို့မိုးရွာချိန်စိုက်တဲ့ မိုးစပါးလောက်
မှိုရောဂါတွေ မကျနိုင်ဘူးလို့ ထင်မှတ်မထားကြပါနဲ့။ မိုးအကုန် ဆောင်းအကူးကာလနဲ့ ဆောင်းအကုန် နွေအကူးမှာ
ရာသီတွေ ကူးပြောင်းသလို ရာသီဥတုလည်း မိုးရွာ၊နေပူ ပြောင်းလဲလာတတ်လို့ နွေစပါးမှာလည်း မှိုရောဂါတွေဟာ မိုး
စပါးလိုပဲ ဖြစ်ပွားတတ်ပါသေးတယ်။
- ကိုရဲ(စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများ ဂျာနယ်
အတွဲ(၂၉) အမှတ်(၄၃၀)၊ ဇန်နဝါရီ ၁၈ - ၂၄၊ ၂၀၂၁ ခုနှစ်
Source : https://m.facebook.com/story.php?story_fbid=3670450196402473&id=258491340931726
14/02/2021
🎉🎊🎉🎊🎉
ကယ်… ကျွန်တော်တို့ပဟေဠိ ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ထားသူအားလုံးစောင့်မျှော်နေကြတဲ့နေ့လေးရောက်လာပါပြီ။ ဒီနေ့တော့ကျွန်တော်တို့အဖြေမှန်နှင့်အတူမဲပေါက်သူ (၃) ဦးကိုလဲကြေညာပေးသွားမှာဖြစ်ပါတယ်။ ဒီတော့.... အားလုံးအဆင်သင့်ဖြစ်ကြပြီလား??
အဖြေမှန်ကတော့ - (ခ) ယင်ဖြူ ဖြစ်ပါတယ်ခင်ဗျာ။ အဖြေမှန်ရသွားသောသူတွေအားလုံးကိုဂုဏ်ယူပါတယ် 👏🏼👏🏼
😲😲ကယ်ပိုပြီးတော့စိတ်လှုပ်ရှားစရာကောင်းတဲ့အပိုင်းရောက်လာပါပြီ၊မဲပေါက်သူ ၃ ဦးကတော့...
(၁) Aye Thet
(၂) Yamin Phyu
(၃) Aung Myo Ko
ကျွန်တော်တို့မဲပေါက်သူ (၃) ဦးကိုတော့ ဒီပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ရန်လိုအပ်တဲ့ အချက် (၃) ချက် လဲပြည့်စုံပြီး အဖြေလဲမှန်သောသူ (၃) ဦးကိုရွေးချယ်ပေးလိုက်ပါတယ်။ဆုလက်ခံရရှိဖို့အတွက် Messenger မှာ လာ "hi" ပေးပါဦး။ နောက်အခေါက်တွေလဲကံစမ်းခွင့်ပေးဦးမှာနော်။ စောင့်မျှော်နေကြပါ။🤩🤩🤩
13/02/2021
ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၆) နှစ်ပြည့်မွေးနေ့ကို ကျွန်တော်တို့ နေလုံးနီ မိုးသီး၊ပုလဲ မြေသြဇာ မိသားစုမှ လေးစားစွာဂုဏ်ပြုအပ်ပါတယ် ခင်ဗျာ🙏
12/02/2021
ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ၂၀၂၁ ခုနှစ်တွင် ကျရောက်သော (၇၄) ကြိမ်မြောက် ပြည်ထောင်စုနေ့ကို နေလုံးနီမိသားစုမှ တောင်သူဦးကြီးများနှင့် မြန်မာပြည်သူပြည်သားများ အားလုံးနှင့်အတူ လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုလိုက်ပါသည်။