무궁화 - Mugunghwa Korean Language Center

무궁화 - Mugunghwa Korean Language Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 무궁화 - Mugunghwa Korean Language Center, Language school, Yangon.

ကိုရီးယားဘာသာစကား အခြေခံ (၁)လ သင်တန်း (Video Class) Batch 1 မေလ (၂)ရက်နေ့  စမည်။ ဘယ်သူတွေ တက်သင့်လဲ ??? ကိုရီးယားဘာသာစကာ...
27/04/2022

ကိုရီးယားဘာသာစကား အခြေခံ (၁)လ သင်တန်း (Video Class) Batch 1 မေလ (၂)ရက်နေ့ စမည်။

ဘယ်သူတွေ တက်သင့်လဲ ???
ကိုရီးယားဘာသာစကားကို စိတ်ဝင်စားသူတွေ၊ အခြေခံမှစ၍ အသံထွက် မှန်မှန်ကန်ကန် သင်ယူချင်သူတွေ၊ Topik I ဖြေဖို့ ပြင်ဆင်နေသူတွေ (Topik I preparation class ကို ၆ လပိုင်းအတွင်း ဖွင့်ပါမယ်။ အခုလောက်ထဲက Basic တက်ထားမှ မှီမှာပါနော်)၊ ကိုရီးယားသီချင်းတွေ၊ ဇာတ်ကားတွေကို စာတန်းထိုးမပါ ကြည့်ချင်သူတွေ၊ ကိုရီးယားမှာ ကျောင်းသွားတက်ဖို့ စဥ်းစားနေသူတွေ တက်သင့်ပါတယ်။

ဘယ်သူသင်မှာလဲ???
သင်ကြားမယ့် ဆရာမကတော့ YUFL မှ ကိုရီးယားဘာသာအထူးပြုနှင့် ဘွဲ့ရထားပြီး TOPIK 5 လက်မှတ် ကိုင်ဆောင်ထားသူပါ။ လက်ရှိလဲ ကိုရီးယားကုမ္ပဏီမှာ စကားပြန် လုပ်နေပြီး စာသင်နှစ် သက်တမ်း ၃ နှစ်ရှိသူဖြစ်လို့ အခြေခံကစပြီး အသေးစိတ်သင်ကြားပေးသွားမှာပါ။

ဘယ်လိုသင်မှာလဲ ???
လက်ရှိ လျှပ်စစ်မီး အခက်အခဲတွေကြောင့် အားလုံးလဲ အဆင်ပြေအောင် Video Class စီစဥ်ပေးထားပါတယ်။
တစ်နေ့ တစ်ခါ သင်ယူရမယ့် ဗီဒီယိုပို့ပေးသွားမှာပါ။ အိမ်စာကို နောက်မကျအောင် ထပ်ရမှာဖြစ်ပြီးတော့ အသံထွက် အမှန်အမှားကို Voice Mail နဲ့ စစ်ပေးသွားမှာပါ။ အိမ်စာကို (၃)ခါထက်ပိုပြီး နောက်ကျတဲ့သူမှန်သမျှကိုတော့ Gp ထဲမှ ထုတ်ပယ်သွားမှာပါ။ ၂ပတ်တစ်ခါ Zoom နဲ့ သိချင်တာ မေးလို့ရအောင်လဲ စီစဥ်ပေးထားပါတယ်။

ဘာတွေသင်မှာလဲ???
သင်ကြားပေးမယ့် သင်ခန်းစာတွေကတော့
-ဗျည်းများ
- အခြေခံဗျည်း
-ပေါင်းစပ်ဗျည်း
-သရများ
-အခြေခံသရ
-ပေါင်းစပ်သရ
-အသတ်များ
- တစ်လုံးသတ်
-နှစ်လုံးသတ်
-အသံအကူးအပြောင်းများ
-ကိန်းဂဏန်းများ
- နေ့စွဲ၊ နာရီ၊ ရက်၊ လ၊ နှစ်များ
-အခြေခံ သဒ္ဒါ (၇)မျိုး
- 입니다
- 입니까?
- 이/가
- 은/는
- ㅂ니다 / 습니다
- ㅂ니까? / 습니까?
- 이/가 아닙니다 တို့ပဲ ဖြစ်ပါတယ်။

တက်ချင်တယ်။ တက်ဖို့ဘာတွေလိုမလဲ။ သင်တန်းကြေးကရော ???

သင်တန်းကြေးကတော့ ၅,၀၀၀ ကျပ်ပါ။ Kpay, Wave Pay နဲ့ လွှဲပေးရမှာပဲဖြစ်ပါတယ်။ (Ph bill လက်မခံပါဘူးရှင့်)

တက်ဖို့အတွက် Faceboook Acc တစ်ခု ရှိဖို့ပဲ လိုအပ်ပါတယ်။ Facebook group ဖွဲ့ပြီး သင်ခန်းစာတွေ တင်ပေးသွားမှာပါ။ (၁)လ အတန်းပြီးသွားလဲ group ဖျက်မှာ မဟုတ်တဲ့အတွက် ၅,၀၀၀ ကျပ်ပေးသွင်းပြီး life long access ရနိုင်မှာပါ။ လိုအပ်တဲ့ ဗီဒီယိုနဲ့ PDF file တွေကိုတော့ Free ပေးသွားမှာပါ။ အိမ်စာထပ်ဖို့ကတော့ messenger group လေး ရှိပါတယ်။

လူအများကြီးနဲ့ မသင်ချင်ဘူး။ သူငယ်ချင်း ၂ ယောက် ၃ ယောက်စုပြီး private ဝိုင်းသင်ချင်တဲ့သူတွေအတွက်လည်း ရှိပါတယ်နော်။ဝိုင်းတစ်ခုမှာ အများဆုံး လူ ၅ ယောက်အထိပဲ လက်ခံပါတယ်။ ဈေးကို cb မှာ စုံစမ်းနိုင်ပါတယ်ရှင့်။

လာမယ့် မေလ (၁၆)ရက်နေ့မှာတော့ အခြေခံတတ်မြောက်ထားပြီးတော့ အသံအကူးအပြောင်း အသံထွက်ရ ခက်ခဲနေသူတွေ၊ အသံမထွက်ရဲသူတွေအတွက် Pronouncation Class (Zoom, Paid class) လေး ဖွင့်ဖို့ ရှိပါတယ်။ Pronounciation Class ကတော့ လူဦးရေ အကန့်အသတ် ရှိမှာမို့ အနားရောက်ရင် အသေးစိတ် ပြန်လည်ကြေညာပေးပါမယ်။ ခုကထဲက ကြိုတင် စာရင်းပေး အပ်ထားချင်ပြီဆိုလဲ ရပါတယ်နော်...

#가나다 #무궁화

Korean Language Basic ဒီဇင်ဘာတန်းခွဲ ကျောင်းအပ်လက်ခံပါပြီ။ ဒီဇင်ဘာတန်းခွဲမှာတော့ ✅ကိုရီးယားဘာသာအခြေခံ တစ်လသင်တန်း✅ Yonse...
30/11/2021

Korean Language Basic ဒီဇင်ဘာတန်းခွဲ ကျောင်းအပ်လက်ခံပါပြီ။

ဒီဇင်ဘာတန်းခွဲမှာတော့
✅ကိုရီးယားဘာသာအခြေခံ တစ်လသင်တန်း
✅ Yonsei Korean Level 1.1 ဆိုပြီး ၂ တန်း ရှိပါမယ်။

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

💁‍♀️ကိုရီးယားဘာသာအခြေခံ တစ်လသင်တန်း
✅သင်တန်းကာလ - တစ်လ
✅သင်တန်းကြေး - ၁၀,၀၀၀ ကျပ်

❓သင်တန်းကာလ တစ်လအတွင်း ဘာတွေသင်ရမှာလဲ။
💁‍♀️- အခြေခံကျတဲ့ ဗျည်း၊ သရ၊ ပေါင်းစပ်သရ
- အသတ်သံ
- အသံအကူးအပြောင်း
- ကိန်းဂဏန်း၊ အချိန်၊နာရီ၊ နေ့ရက်
- အခြေခံ သဒ္ဒါ (၆)မျိုးနဲ့
- ဝေါဟာရပေါင်း (၁၀၀) ကျော် သင်ကြားရမှာပါ။

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

💁‍♀️Yonsei Korean Level 1.1
✅သင်တန်းကာလ - နှစ်လ
✅သင်တန်းကြေး - ၃၀,၀၀၀ ကျပ်

❓သင်တန်းကာလ နှစ်လအတွင်း ဘာတွေသင်ရမှာလဲ။ 💁‍♀️- Yonsei တက္ကသိုလ်မှ ထုတ်ဝေသည့် သင်ရိုးစာအုပ်ကို အသုံးပြုသင်ကြားမှာ ဖြစ်ပြီးတော့
- ဝေါဟာရပေါင်း (၂၀၀)ကျော်
- အခြေခံသဒ္ဒါ အမျိုး (၄၀)နဲ့
- Listening, Reading, Writing, Speaking 4 skills သင်ကြားရမှာပါ။

❓ဘယ်နေ့ စသင်မှာလဲ။ ဘယ်နေ့တွေ သင်မှာလဲ။
💁‍♀️အတန်းက ဒီဇင်ဘာ (၁၁)ရက်နေ့ စမှာပါ။ အတန်းချိန်ကတော့ Basic အတန်းက စနေ၊တနင်္ဂနွေ ညနေ (၇-၉)၊ Level 1 ကတော့ စနေ၊တနင်္ဂနွေ ညနေ (၄-၆) ပါ။ သင်တန်းသားဦးရေ ကန့်သတ်ထားတဲ့အတွက် မြန်မြန်အပ်မှ စိတ်ချရမှာနော်။

❓ဘာနဲ့ သင်မှာလဲ။ Textbook ဝယ်ဖို့လိုသလား။ ဘာတွေရှိဖို့လိုအပ်မလဲ။
💁‍♀️တီချယ်နဲ့ Online ကနေ တိုက်ရိုက် Zoom နဲ့ သင်ကြားရမှာပါ။ (Video Record အတန်းမဟုတ်ပါ။)

💁‍♀️သင်မယ့် Textbook က ကျောင်းသားတိုင်းကို PDF File နဲ့ (Free)Share ပေးသွားမှာပါ။ မဖြစ်မနေဝယ်ဖို့ မလိုပါဘူး။ PDF နဲ့ ကြည့်ရတာ အားမရဘူး။ Physical book ကိုင်ကြည့်ရမှ အားရတယ်ဆိုတဲ့သူတွေ ဝယ်ချင်တယ်ဆို ဝယ်လို့ရပါတယ်။ Printed textbook ဝယ်တဲ့ သူတွေကတော့ စာအုပ်ဖိုး extra charges + deli ခ ရှိပါမယ်ရှင့်။

❓သင်တန်းအပ်ဖို့ ဘာတွေလိုအပ်မလဲ။
💁‍♀️သင်တန်းတက်ဖို့ ဆုံးဖြတ်ပြီးပြီ၊ ကျောင်းအပ်တော့မယ်ဆိုရင်တော့ အောက်က Google Form မှာ ဖောင်လေးဖြည့်၊ ငွေလွှဲပြီးတာနဲ့ enroll ဖြစ်ပါပြီ။

Basic Korean အတွက် ဖောင်ကိုတော့ ဒီမှာ ဖြည့်ပါ။ 📩 https://forms.gle/AbGNW9sC8L27iSP37

Yonsei Korean Lvl 1.1 အတွက် ဖောင်ကိုတော့ ဒီမှာ ဖြည့်ပေးပါနော်။
📩https://forms.gle/bEssEjCFnZo8Mu1A9

အသေးစိတ်သိရှိလိုသည်များကို
page- ㅡ@mugonghwakorean2021 ☎️Teacher Mee Mee – 09 977 45 1929 ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

Korean Language Basic နိုဝင်ဘာ တန်းခွဲ ကျောင်းအပ်လက်ခံပါပြီ။ ✅သင်တန်း - ကိုရီးယားဘာသာအခြေခံသင်တန်း ✅သင်တန်းကာလ - စနေ၊ တန...
29/11/2021

Korean Language Basic နိုဝင်ဘာ တန်းခွဲ ကျောင်းအပ်လက်ခံပါပြီ။

✅သင်တန်း - ကိုရီးယားဘာသာအခြေခံသင်တန်း
✅သင်တန်းကာလ - စနေ၊ တနင်္ဂနွေ (၄)ပတ်
✅သင်တန်းကြေး - ၁၀,၀၀၀ ကျပ်

❓သင်တန်းကာလ တစ်လအတွင်း ဘာတွေသင်ရမှာလဲ။
💁🏻‍♀️- အခြေခံကျတဲ့ ဗျည်း၊ သရ၊ ပေါင်းစပ်သရ
- အသတ်သံ
- အသံအကူးအပြောင်း
- ကိန်းဂဏန်း၊ အချိန်၊နာရီ၊ နေ့ရက်
- အခြေခံ သဒ္ဒါ (၆)မျိုးနဲ့
- ဝေါဟာရပေါင်း (၅၀) ကျော် သင်ကြားရမှာပါ။
သင်တန်းပြီးဆုံးတာနဲ့ စာလုံးလေးတွေ ဖတ်နိုင်၊ ရေးနိုင်ဖို့ အာမခံပါတယ်။ (ကိုယ်တိုင် စာတော့လိုက်လုပ်ဖို့ လိုပါတယ်။) Extra activities အနေနဲ့ YouTube ဗီဒီယိုတွေ၊ သင်ထောက်ကူ Flashcard တွေနဲ့ပါ သင်ကြားပေးသွားမှာပါ။

❓ဘယ်နေ့ စသင်မှာလဲ။ ဘယ်နေ့တွေ သင်မှာလဲ။
💁🏻‍♀️အတန်းက နိုဝင်ဘာ (၆)ရက်နေ့ စမှာပါ။ အတန်းချိန်က တစ်ပတ်ကို စနေ၊တနင်္ဂနွေ (၂)ရက် ဖြစ်ပြီးတော့ တစ်ရက် (၂)နာရီပါ။ Course တစ်ခုလုံးအတွက် အတန်းချိန် (၁၈)နာရီ တိတိ သင်ကြားရမှာပါ။
Basic အတန်းအတွက် တန်းခွဲ (၃)ခု ရှိပြီးတော့ မိမိအဆင်ပြေရာ အချိန်ကို ရွေးပြီးတက်လိုရပါတယ်။ သင်တန်းသားဦးရေ ကန့်သတ်ထားတဲ့အတွက် မြန်မြန်အပ်မှ စိတ်ချရမှာနော်။

❓ဘာနဲ့ သင်မှာလဲ။ Textbook ဝယ်ဖို့လိုသလား။ ဘာတွေရှိဖို့လိုအပ်မလဲ။

💁🏻‍♀️Online ကနေ Zoom နဲ့ Group လိုက် သင်မှာဖြစ်ပြီးတော့ သိချင်တာမေးတာတွေ၊ Homework တွေကတော့ Telegram မှာ Group ဖွဲ့ပြီးတော့ မေးဖြေလုပ်သွားမှာပါ။
💁🏻‍♀️သင်မယ့် Textbook က ကျောင်းသားတိုင်းကို PDF File နဲ့ (Free)Share ပေးသွားမှာပါ။ မဖြစ်မနေဝယ်ဖို့ မလိုပါဘူး။ PDF နဲ့ ကြည့်ရတာ အားမရဘူး။ Physical book ကိုင်ကြည့်ရမှ အားရတယ်ဆိုတဲ့သူတွေ ဝယ်ချင်တယ်ဆို ဝယ်လို့ရပါတယ်။ Printed textbook ဝယ်တဲ့ သူတွေကတော့ စာအုပ်ဖိုး extra charges + deli ခ ရှိပါမယ်ရှင့်။

❓သင်တန်းအပ်ဖို့ ဘာတွေလိုအပ်မလဲ။
💁🏻‍♀️သင်တန်းတက်ဖို့ ဆုံးဖြတ်ပြီးပြီ၊ ကျောင်းအပ်တော့မယ်ဆိုရင်တော့ အောက်က Google Form မှာ ဖောင်လေးဖြည့်ပေးပါနော်။ ဖောင်ဖြည့်ပြီးတာနဲ့ ငွေသွင်းဖို့အကောင့်ကို messenger မှာ လာတောင်းပြီး ငွေလွှဲပြီးတာနဲ့ enroll ဖြစ်ပါပြီ။

https://docs.google.com/forms/d/1pQwTJbTk8h8jYuyB1uEjALzsEl1spjci-I844BAmB9M/edit

❓သင်တန်းစဖွင့်တာဆိုတော့ Discount plan မရှိဘူးလား။
💁🏻‍♀️သိပ်ရှိတာပေါ့။ သူငယ်ချင်း (၃)ယောက် လာအပ်ရင် (၂)ယောက်စာပဲ ပေးရမယ့် (၂+၁) အစီအစဥ်ရှိပါတယ်။ သူငယ်ချင်း (၃)ယောက် တန်းခွဲတစ်ခုထဲ အတူတူတက်ရမှာဆိုတော့ သူငယ်ချင်းလေးတွေ ခေါ်ပြီး မြန်မြန်လာအပ်ထားလိုက်တော့နော်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when 무궁화 - Mugunghwa Korean Language Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share