02/02/2025
JLPT NAT test ရဲ့ Star မေးခွန်းဖြေနည်း!!
ヤホ、မတွေ့ရတာတောင်ကြာပြီနော်။ဒီနေ့ အလစ်တဲစိတ်အေးချမ်းနေလို့ Mojigoiအပိုင်းရဲ့ 問題8 ဖြေနည်းကိုသင်ပေးပါ့မယ်။ အိုင်ကိုယ်တိုင်လည်း N2မှာ 問題8ကို 満点ဖြစ်ခဲ့တာမလို့ကြွယ်ရဲတာပါ ဟဲဟဲ
1.အရင်ဆုံးးဘယ်မှမပြောသေးခင် နံပါတ်၁မှတ်ထားရမှာက 語彙ကြွယ်ရမယ်။ Vocabularyမရရင် ဘာဖြစ်မလဲ။ ဘာမှကိုဆက်မဖြစ်တော့တာ။
2. grammar အခြေခံကိုသိရမယ်။ のရဲ့ အရှေ့နဲ့နောက်မှာ Nounကပ်လိုက်တတ်တာ၊ でဆိုရင် အကြောင်းပြချက် or nounတွေကပ်ပါတတ်တာ၊ にဆိုရင် ရည်ရွယ်ချက်ပြပါတတ်တာ၊ 行きますဆိုတာပါရင် အရှေ့မှာ နေရာပြနာမ်တွေပါတတ်တာ verbတွေက နောက်ဆုံးမှာလိုက်တတ်တာမျိုးစတဲ့တကယ့်အခြေခံလေးတွေကိုအသေးစိတ်သိဖို့လိုပါတယ်။
3.ဆက်သွားမယ်။ * မေးခွန်းတွေရဲ့ ရည်ရွယ်ချက်က Grammarတတ်ကျွမ်းမှုကိုစစ်ဆေးချင်တာဖြစ်တဲ့အတွက် Grammar တွေကို ကြေရပါမယ်။ ဘယ်လိုကြေရမလဲဆိုရင် 使い方တွေကို ဂျပန်လိုလိုက်မှတ်ထားပါ!! ဂျပန် to မြန်မာက N4 လောက်အထိပဲအဆင်ပြေတယ်နော်။ 中級ကနေစပြီး ဂျပန်-ဂျပန်ပဲမှတ်တော့။
3. ဟုတ်ပြီ 語彙လည်းရတယ်၊ Grammar အခြေခံလည်းပ်ိုင်တယ်။ 使い方တွေကိုလည်း ဂျပန်လိုရပြီဆိုရင် ငယ်ငယ်တုန်းက preposition တွေဖြေရင် ရွတ်လို့ကောင်းတာကို ရွေးထည့်တယ်ဆိုတဲ့အကျင့်ဆိုးကြီးကိုပြန်သုံးကြမယ်။
4.Grammar pattern တွေကို ပါးစပ်ထဲစွဲနေအောင်နေ့တိုင်းအသံထွက်ဖတ်ရမယ်။
အလွတ်မကျက်ခိုင်းဘူး။အလွတ်ကျက်ဖို့ဦးနှောက်ကျန်သေးတယ်ဆို Goi သွားကျက်နေ။
ဘယ်လိုရွတ်ရမလဲဆိုရင်
忘れるに限る。
時代の変化にともなって
富士山をはじめ
BLABLAစသဖြင့် ဘယ်လို verbတွေ noun တွေ adjective တွေလိုက်လဲဆိုတာကို မသိစိတ်ထဲစွဲသွားအောင်နေ့တိုင်းရွတ်ပေး၊မရွတ်နိုင်လည်းဖတ်ပေးရမှာပါ။
အဲ့လိုရွတ်မှာစာမေးပွဲခန်းထဲ ရွတ်လို့ကောင်းနေတယ် ထည့်လိုက်မယ်ဆိုတဲ့ နည်းကိုသုံးလို့ရမှာပါ။မဟုတ်ရင်ဖောင်ဖိုးလှူနေရမှာ :3
အခုအိုင့်ရဲ့ Guide ကိုဖတ်ပြီး ဪလွယ်သားလို့လုပ်နေမယ့်အစား သွားလေ့ကျင့်ကြလေ!!!!
30/10/2024
N2 reading tips
ဖြေဖူးသမျှ စာမေးပွဲ ၃ခုရှိတယ်။ JLPT/NAT Test/ J test အဲ့အထဲမှာမှ Reading အခက်ဆုံးက NAT test နဲ့ J Jest လို့ပြောရမယ်။ JLPTလည်းမလွယ်ပါဘူး။ ဒါပေမယ့် NAT test ရဲ့ ဂယက်နဲ့ ယှဉ်လိုက်ရင် ပျော်စရာကြီး။ Paper တစ်ခုလုံး Reading ဖြစ်ပေးပါလားဆိုပြီးတောင် ထကချင်သွားလိမ့်မယ်။ J test ကတော့ မထင်ရင်မထင်သလို Grammar pattern တွေပြောင်းလှည့်ပြီး Reading ထဲပညာတွေပေးတတ်တယ်🥲
Reading အမှတ်ကောင်းချင်ရင်ဘာတွေလိုအပ်လဲ
1. goiလိုအပ်တယ်!
2. goiလိုအပ်တယ်!
3. Vocabulary ကြွယ်ဖို့လိုအပ်တယ်!
ဝေါဟာရမသိဘဲနဲ့ စာဘယ်လိုမှမဖတ်တတ်ဘူးလေ။ သဒ္ဓါမသိတာလည်းဆိုးပေမယ့် ဝေါဟာရမသိရင် ဘာမှကိုဖတ်လို့မရဘူး။ အဲ့ဒါကြောင့် goiတွေ kanji တွေကိုလွယ်လွယ်ပေါ့ပေါ့လေးမတွေးဘဲ Reading မှာပါလိုအပ်ပါတယ်ဆိုတဲ့စိတ်လေးသွင်းကြည့်ပါ။
အိုကေ နောက်တစ်ခုက JLPT reading ဖြေပြီဆိုတာနဲ့ ကိုယ့်ရဲ့ ဦးနှောက်ကြီးကိုလွင့်ပစ်လိုက်။ ကိုယ့်ဦးနှောက်ကြီးရှိနေရင် စာရေးသူအမြင်တွေ စာပိုဒ်ရဲ့ဆိုလိုရင်းတွေထက် ကိုယ့်အမြင်တွေပဲပါနေလိမ့်မယ်။ အဲ့တော့ Reading section စပြီဆိုတာနဲ့ ဦးနှောက်ကိုလွင့်ပစ်လိုက်။
ပြီးရင်မေးခွန်းကိုအရင်ပြေးဖတ်။ မေးခွန်းပြီးတာနဲ့ စာပိုဒ်တစ်ခုလုံးကို ပထမဆုံးscanning အရင်ဖတ်လိုက်။ ( မေးခွန်းထဲက နေရာလေးတွေရောက်ရင် Underline ဖြစ်ဖြစ်တားလိုက်ပေါ့)
မသိတဲ့စာလုံးပါသွားလည်းမပြာသွားနဲ့။ နောက်အပိုဒ်တွေလည်းဆက်တိုက်မသိတာတွေပဲပါမှာ။
ပြီးရင်နောက်တစ်ခါ အချောဖတ်။ အချိန်သိပ်မယူနဲ့နော်။ Reading တစ်ပုဒ်ကို ၅မိနစ်ထက်ပိုမယူနဲ့။ အချောဖတ်ပြီးတာနဲ့ အဖြစ်နိုင်ဆုံးအဖြေကို ရွေး။ ဘာမှ Overthinking မဖြစ်နဲ့။ တခါတလေဆို စာကြောင်းလိုက်ကြီးကို Grammar ပြောင်းပြီး အဖြေမှာပြန်ထည့်ထားတတ်တယ်။ လွယ်လွယ်နဲ့အဖြေတွေ့ရင် ငါများမှားသွားသလားဆိုပြီးမလောင်ဘဲ တော်လိုက်တဲ့ငါအဖြေတန်းသိတယ်ဟယ်ဆိုပြီး Confidence ရှိရှိဝိုင်းလာခဲ့။
စာရေးဆရာရဲ့ အမြင်ကိုမေးရင် နောက်ဆုံးအပိုဒ်၊ရှေ့ဆုံးအပိုဒ်ဖတ်ရတယ်။ (....)ရဲ့ဆိုလိုရင်းဆိုရင် စာကြောင်းရှေ့နောက်မှာ အဖြေရှာရတယ်ဆိုတာလောက်တော့ သိတယ်မလား🥹
နောက်ပြီး ပေးထားတဲ့ အဖြေ၄ခုထဲက ဘယ်တစ်ခုက အပေါ်ကစာပိုဒ်ထဲပါလာလဲဆိုတာမျိုးမေးရင်လေ တိုက်ရိုက်ပါတာကိုပဲယူ။
ဥပမာ မောင်မောင်က ထမင်းစားတယ်၊ ထမင်းစားပြီး အိပ်သွားတယ်။ အိပ်ပျော်သွားလို့ အိမ်စာမပြီးဘူး ။ မနက်မှသိတယ်
ဆိုတာကိုပေးထားပြီး အောက်မှာမေးရင်
၁။မောင်မောင်ကျောင်းမှာဒုက္ခရောက်တော့မယ်
၂။မောင်မောင် အမေက ဟင်းချက်ကောင်းလို့မောင်မောင်က အများကြီးစားမိတယ် ဆိုတဲ့ ဆက်စပ်တွေးရင်မှန်နိုင်ပေမယ့် တိုက်ရိုက်မပါတာတွေဆိုပယ်လိုက်။ RLA မဟုတ်ဘူး ။ Critical thinking မေးနေတာမဟုတ်ဘူး။ Understanding ကိုမေးနေတာ။
ဘယ်လိုမှဖတ်ဖို့ အချိန်မမှီတော့ရင် scanning (အကြမ်းဖတ်) ဖတ်ပြီးတာနဲ့ လူမိုက်လုပ်ပြီး အောက်ကအဖြေတွေထဲ စာပိုဒ်ထဲခဏခဏပါပြီး ဖြစ်နိုင်ချေရှိတယ်လို့ ထင်တဲ့အဖြေကိုယူလိုက်။ အိုင်လည်း Person A B အပြန်အလှန်ငြင်းတဲ့ ကောက်ချက်ချတဲ့ဆောင်းပါးပုံစံ Reading ကိုအဲ့လိုပဲဖြေလာတာ။ အိုင်ဖြေတုန်းက Stressနဲ့ပတ်သက်ပြီး အခြေအတင်ပြောတာထင်တယ်။ အဲ့မှာ A နဲ့ Bအဆိုထဲ တူတာဘာရှိလဲမေးတော့ အိုင်အကြမ်းဖတ်ခဲ့တဲ့ဟာကို Recall လုပ်ပြီး Aက ကျန်းမာရေး B က ဦးနှောက်နဲ့ပတ်သက်တာကိုပြောတာဖြစ်လို့အောက်ကအဖြေထဲ ပြန်ရှာလိုက်တာ။
မဖြေခင်တစ်ရက်မှာအိပ်ရေးဝဝအိပ်။ ဘာစာအုပ်မှကိုင်မနေနဲ့။ စာမေးပွဲခန်းထဲမဝင်ခင်ချိုတာ တစ်ခုခုစားသွား။ ပြီးရင် အရှေ့ပိုင်းတွေမှာ အချိန်မဖြုန်းဘဲ Reading ကိုရသလောက်အချိန်ယူ။ အပုဒ်တွေကို ဇကာကွက်လိုဖောက်မဖြေနဲ့။ မေးခွန်းတွေကို ဗလာမချန်ခဲ့နဲ့။
December JLPT ဖြေနိုင်ပါစေ
မဟုတ်လည်း NAT Test ပေါ့ :3
Good Luck
21/07/2024
皆さん、こんにちは🫂
7月7日のJLPTはどう? 皆さんは高点で合格しますように。。
အက်မင်တို့ရောဖြေနိုင်လားမေးရင်တော့,,,,ဒီဇင်ဘာအတွက်ပိုက်ဆံပြန်စုနေပြီလေ(◔‿◔)
ဆိုတော့ ဒီနေ့မှာ N2 grammarစာအုပ်ထဲ စိတ်ကင်ဆာအပေးဆုံး 限りgrammarလေးတွေကို ရှင်းပြထားပါတယ်။ part 1 /2/3ဆိုပြီးရှင်းပြမှာမို့လို့ဒီနေ့ကတော့ ၅ခုပါပဲ။ okay! Let's gooooooo
05/07/2024
JLPT နီးလာတဲ့အက်မင်တို့ အဖြစ်
11/05/2023
間奏曲 (かんそうきょく)
တစ်ခန်းရပ်တေးသွား
いとけない顔のうへに、降リはじめの雨が、ぽたっと落ちた。
နုပျိုသည့်မျက်နှာထက်၀ယ် အရှုံးပေးစမိုးရေစက်က ပေါက်ကနဲကျဆင်းခဲ့သည်။
百合の少女の眼瞼の縁に、露の玉が一つ、あらはれた。*
လီလီပန်းပျိုလေး၏ မျက်ခွံစွန်း၀ယ် ဆီးနှင်းရည်တစ်စက် ခိုဟီးနေခဲ့၏။
春の祭りの街の上に空から石が降って来た
人がみんなとび退いた。
နွေဦးပွဲတော်လမ်းထက်၀ယ် ကောင်းကင်ထက်မှကျောက်စရစ်မိုး ရွာသွန်းလာခဲ့သည်။
ပွဲလာပရိသတ်အပေါင်း ထွက်ပြေးတိမ်းရှောင်ခဲ့ပြီ။
いとけない顔の上に、
雨が一つ、落ちた。
နုပျိုသည့်မျက်နှာထက်တွင် မိုးရေတပေါက် ကျဆင်းလာခဲ့လေတော့သည်။
中原中也
Nakahara Chuuya
百合-Yuri လီလီပန်း
少女-おとめ ( မိန်းမပျိုလေး)
*ဒီဘက်ခေတ်မှာ しょうじょနဲ့အသုံးပိုများသွားပါပြီ*
*あらはれたက အခုခေတ်မှာ はအက္ခရာအစား わနဲ့ပြန်ရေးထားပါတယ်*
04/05/2023
Kanjiတွေမေ့မှာစိုးလို့ အိုင်ကျက်နေရင်း ဝှီးကနဲ ပေ့ဂ်ျဆီပြေးလာတာ။
"寺" radical လေးပါတဲ့ N2-5 lvl က kanji လေးတွေပါ။
14/04/2023
Takoboto က သင်္ကြန်တွင်းကြီး ဘာတွေပြနေတာတုန်း🤌
09/03/2023
夏の日の歌
နွေနေ့ရက်၏တေးသီချင်း
青い空は動かない、
ကောင်းကင်ပြာသည် မရွေ့လျား
雲片一つあるではない。
တိမ်အစုံသည်လည်း တစ်စုတည်း ရှိမနေ။
夏の真昼の静かには
နွေရာသီမွန်းတည့်ချိန်၏ တိတ်ဆိတ်တွင်
タールの光も清くなる。
ကတ္တရာလမ်း၏ရောင်ပြန်သည်လည်း ကြည်လင်နေခဲ့။
夏の空には何かがある、
နွေရဲ့ကောင်းကင်ယံမှာ တစ်စုံတစ်ခုရှိနေပါလား
いちらしく思はせる何かがある
တစ်နေရာရာကိုလွမ်းမောသတိရစေတဲ့ တစ်စုံတစ်ခုရှိနေပါရော့လား။
焦げて図太い向日葵が
လောင်ကျွမ်းနေတဲ့ မာနကြီးကြီး နေကြာပန်းတွေလည်း
田舎の駅には咲いている。
မြို့စွန်တစ်နေရာရဲ့ ဘူတာရုံမှာ ပွင့်လန်းနေကြလေပြီ။
上手に子供を育てゆく、
ကလေးငယ်ကို ၀င့်ကြွားကျွမ်းကျင်စွာ ထိန်းကျောင်းလာရင်း
母親に似て汽車の汽笛は鳴る
မိခင်သဏ္ဍာန်ရထား၏ မီးခိုးတိုင်မှ အသံထွက်လာ၏။
山の近くを走る時。
တောင်အနီးတဝိုက်ပြေးဆွဲမည့် အချိန်ပင်။
山の近くを走りながら、
တောင်အနီးတဝိုက်ပြေးဆွဲပြီးနောက်
母親に似て汽車の汽笛は鳴る
မိခင်သဏ္ဍာန် ရထား၏ မီးခိုးတိုင်မှ အသံထွက်ပေါ် လာပါလေတော့သည်။
中原中也(1907-1937)
Pic crd
25/02/2023
Katakana နဲ့ရေးရတာအရမ်းခက်တယ်ဆိုရင် Kanji နဲ့လည်းရေးလို့ရတယ်နော်😔💖
03/02/2023
ဂျပန်စာအရမ်းလွယ်ပါတယ်။
သူတို့ပြောတဲ့လွယ်တဲ့ ဂျပန်စာ:
26/01/2023
○○から○○を作る/作ります。
○○で○○を作る/作ります。
ဒါလေးကတော့ N4/5လောက်မှာ ပါတဲ့ Grammar လေးပါ။
作る/作ります(ထုတ်လုပ်သည်/ပြုလုပ်သည်)
○○から作る/作ります ဒါမှမဟုတ်○○で○○を作る/作ります。
(တစ်စုံတစ်ခုကို (ကုန်ကြမ်း)ကနေ/ဖြင့် ပြုလုပ်သည်/ထုတ်လုပ်သည်)
でနဲ့ からကိုဘယ်လိုခွဲသုံးကြမလဲဆိုတာလေးကို ဒီနေ့ရှင်းပြပေးပါမယ်နော်။
အလွယ်မှတ်မယ်ဆိုရင်
でကိုတော့ 材料လို့ခေါ်တဲ့ ကုန်ကြမ်းပစ္စည်းကိုဖော်ပြချင်တယ်၊ကုန်ကြမ်းကို မျက်စိနဲ့ထင်ထင်ရှားရှားမြင်ရတယ်ဆိုတဲ့ ကိစ္စတွေမှာအသုံးပြုပြီး からကိုတော့ ကုန်ကြမ်းပစ္စည်း材料ပျောက်သွားရင်သုံးပါတယ်။
例文လေးပြရမယ်ဆိုရင်
木でつくえを作る。
(သစ်သားဖြင့် စားပွဲကိုပြုလုပ်သည်)
ဒီစာကြောင်းမှာဆိုရင် စားပွဲခုံကြီးကိုမြင်လိုက်တာနဲ့ ဟာ ဒီစားပွဲက သစ်သားနဲ့လုပ်ထားတာပါလားဆိုပြီးတန်းမြင်ယောင်လာတဲ့အတွက် သစ်သားဆိုတဲ့ 材料ကိုေဖာ်ပြချင်တဲ့အတွက် で作るကိုအသုံးပြုပါတယ်။
နောက်ထပ် 例文ကတော့
ワインはブドウからつくる。
စပျစ်သီးဖြင့်ဝိုင်ပြုလုပ်သည်။
ဒီစာကြောင်းမှာဆိုရင် စပျစ်သီးဆိုတဲ့ 材料ကပျောက်သွားပြီး ウィンဆိုတာကအသစ်ပေါ်လာတဲ့အတွက် からကိုသုံးထားပါတယ်။
ဆိုတော့ အလွယ်မှတ်မယ်ဆို ingredients ကိုအလုံးအထည်လိုက်ကြီးမြင်ရရင် でသုံး အလုံးအထည်လိုက်သိသိသာသာကြီးမမြင်ရတော့ရင် からသုံးပါ💖
28/11/2022
こんにちは 皆さん
ဒီနေ့ ပြောပြပေးမဲ့အကြောင်းအရာကတော့
တချို့စာလုံးတွေကို ဘယ်လိုခွဲခြားသုံးသင့်လဲဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။
「まち」ဆိုတဲ့စကားလုံးမှာ「街」နဲ့「町」ဆိုတဲ့ kanjiရေးနည်း ၂မျိုးရှိပေမဲ့ ဒီ၂မျိုးကို ဘယ်လိုမျိုးခွဲခြားသုံးကြမလဲ။
「まち」ကို kanjiနဲ့ ရေးတဲ့အခြေအနေမှာ ဘယ်လိုအဓိပ္ပါယ်မျိုးဖြစ်ဖြစ် 「町」လို့ ရေးတာက အခြေခံဆန်တဲ့ပုံစံပါ။
ခြွင်းချက်အနေနဲ့ပြောရရင် လူတွေစုဝေးပြီး ဖွံ့ဖြိုးစည်ပင်နေတဲ့လမ်းကြောင်းဆိုတဲ့ အဓိပ္ပါယ်မျိုးနဲ့「まち」လို့ ပြောချင်တဲ့ အခြေအနေမှာ「街」လို့ရေးလည်းအဆင်ပြေပါတယ်။
သေချာပေါက် ဒီအဓိပ္ပါယ်နဲ့「町」လို့ရေးလည်း မမှားပေမဲ့ နေ့စဉ်အသုံးမှာတော့「街」လို့ရေးတဲ့ကိစ္စတွေ များပြားပါတယ်။
ဒါ့အပြင်「商店街」「繁華街」「地下街」「街道」အစရှိတဲ့ 「街」ကိုအသုံးပြုတဲ့ ဝေါဟာရတွေမှာ လူတွေစုဝေးပြီး ဖွံ့ဖြိုးစည်ကားနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါဝင်နေတာများပါတယ်။
စည်ကားတဲ့လမ်း၊ ဈေးဆိုင်တွေအများကြီးရှိပုံပေါ်တဲ့နေရာတွေဆီ သွားတဲ့အချိန် 「街」ကို အသုံးပြုနိုင်တယ်လို့ မှတ်ထားလို့ရပါတယ်။
商店街 (しょうてんがい)- ဈေးဆိုင်တန်း
商店街 - မြို့လယ်ခေါင်၊ စီးပွားရေး အရောင်းအဝယ်တန်း
地下街 (ちかがい)- မြေအောက်ဈေးတန်း
街道( かいどう) - အဝေးပြေးလမ်း၊ လမ်းကြောင်း
ဒီနေ့အတွက်တော့ဒီလောက်ပါပဲ စိတ်ဝင်စားစရာအကြောင်းတွေ သိချင်ရင် like and share လုပ်ပေးကြပါဦးနော်