05/10/2023
#ငယ်စဉ်ကတည်းကယခုအချိန်ထိ
တီချယ်ဇွန် ဆိုပြီး ဖြစ်လာအောင်
ရပ်တည်နိုင်အောင်
သင်ကြား ပြသပေးကြသော
သင်ဆရာ၊မြင်ဆရာ၊ကြားဆရာ
အားလုံးတို့၏ဂုဏ်ကျေးဇူးကို
အမြဲထာဝရ ဂါရဝပြုရှိခိုးဦးချလျက်🙏🏻🙏🏻🙏🏻
#ဒီကဗျာလေးဖတ်ရင်းကြိုက်လို့
Copy ယူလာပါတယ်
#ဆရာ/ဆရာမ များ အားလုံး
သက်ရှည် ကျန်းမာ စိတ်ချမ်းသာ
ကြပါစေ🙏🏻🙏🏻🙏🏻
HAPPY WORLD TEACHER'S DAY! 🎉🎉🎉
~~~~~~~~~~~~~~~~~~~~~~~~~
THIS POEM IS DEDICATED TO ALL TEACHERS
I AM A TEACHER...
~~~~~~~~~~~~~~
I May be a School Teacher,
I May be a College Lecturer,
I May be a University Professor !
Behind That Doctor,
It is Me, a Teacher •••
Behind That Engineer,
It is Me, a Teacher ••
Behind That Statistician,
It is Me, a Teacher •••
Behind That Nuclear Physicist,
It is Me, a Teacher•••
Behind That Mathematician,
It is Me, a Teacher •••
Behind That Scientist,
It is Me, a Teacher •••
Behind That Zoologist,
It is Me, a Teacher •••
Behind That Entomologist,
It is Me, a Teacher •••
Behind That Botanist,
It is Me, a Teacher •••
Behind That Economist,
It is Me, a Teacher •••
Behind That Entrepreneur,
It is Me, a Teacher •••
Behind That Lawyer,
It is Me, a Teacher •••
Behind That Political Scientist,
It is Me, a Teacher •••
Behind That Psychologist,
It is Me, a Teacher •••
Behind That Architect,
It is Me, a Teacher •••
Behind That Astrologer,
It is Me, a Teacher •••
Behind That Astronomer,
It is Me, a Teacher •••
I Carry the Light Even though they mostly make Fun of Me by their Uncharitable Jokes •••
But I am a Teacher •••
I don't Qualify for a Bungalow or a Villa nor Earn enough to buy an Expensive House or a Car like Corrupt Officers and Corrupt Politicians.
But Yes, I am a Teacher •••
Some Think or even Say that I have too many Holidays. They never know that I Spend those Holidays either correcting Papers or Planning what and how I am going to Teach when I go back to Blackboard or Whiteboard ...
Because I am a Teacher •••
Sometimes I get Confused and even get Stressed by the Ever-changing Policies over what and how I have to Teach ...
Despite All That, I am a Teacher and I Love to Teach and I am Teaching •••
On Pay-days I don't Laugh as Corrupt Officers and Others do, But by the Next day I Love to come with a Smile to those that I Teach ...
Because I am a Teacher ••
The main Source of My Satisfaction is when I see them Grow. I See them Succeed. I See them having all those Assets. I See them Bravely Face the World and its Challenges. And I Say yes I have Taught in Spite of Living in a World Opened by Google...
Because I am a Teacher ••• Yes I am a Teacher •••
It doesn't Matter how they Look at Me, It doesn't Matter how much more they Earn than I Do.
It Doesn't Matter that they Drive while I Walk because All what they have is through Me, A Teacher ...
Whether they Acknowledge Me or Not ... I am a Teacher ....
[You may forward. this poem to all; and make each Teacher, Lecturer or Professor proud of their care.
Ctto
ပုံလေးတွေကတော့ ဒီနေ့ ပီတိကိုစား အားတွေအပြည့်ဖြစ်နေတဲ့ တီချယ်ဇွန် နဲ့ ကျောင်းသားကျောင်းသူတွေရဲ့ Teachers’ Day အမှတ်တရမေတ္တာစာလေးတွေ 💌💌💌
🍀 5.10.2023 🍀
14/07/2023
I have reached 3K followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉
05/05/2023
ကလေးတွေကို မဖြစ်မနေ သင်ကြားပေးရမယ့် လုပ်ဆောင်ရမယ့် အရေးကြီးတဲ့ အချက်တွေ🚨
05/05/2023
မှော်ဘီက မူကြိုအရွယ်ကလေးလေးတစ်ယောက် ကားထဲမှာ ကျန်ခဲ့ ပိတ်မိပြီးတော့ ဆုံးသွားတယ်ဆိုတဲ့ သတင်းဖတ်မိတော့ ကိုယ့်သားသမီးလေးသာဆိုရင်လို့တွေးမိပြီး စိတ်မကောင်းဖြစ်လိုက်တာ။
မဖြစ်သင့်ပဲ ဖြစ်သွားရတဲ့ ဆုံးရှုံးမှုမို့လို့
ကလေးလေးတွေနဲ့အလုပ်လုပ်ရတဲ့သူတွေ
အများကြီး ပိုသတိထားပြီး
ပိုဂရုစိုက်ကြရမှာပါ။
မူကြိုကျောင်းအလုပ်ဆိုတာ ငယ်လွန်းတဲ့အရွယ် ကလေးလေးတွေနဲ့ထိတွေ့ဆက်ဆံရတဲ့အလုပ်ဖြစ်တာကြောင့် အသေးစိတ်တာဝန်ယူရလို့ ပိုပြီးတာဝန်ကြီးပါတယ်။
တကယ်ကို မလွယ်ကူတဲ့အလုပ််
ပေါ့ပေါ့ဆဆလုပ်လို့မရတဲ့အလုပ်ပါ။
အဲ့ဒါကြောင့် ကလေးတွေကို အမြဲမပြတ် သတိထားစောင့်ကြည့်ဖို့ စစ်ဆေးဖို့ အထူးလိုအပ်ပါတယ်။
စာသင်ချိန်တွေမစခင် ကလေးတွေရဲ့ Attendance လုပ်တာ ၊ တကယ်လို့ ကျောင်းသားဘက်က ပျက်ကွက်ခဲ့ရင်လည်း ဖုန်းဆက်ပြီး အကျိုးအကြောင်းလှမ်းမေးတာမျိုးတွေ မဖြစ်မနေကို လုပ်ရပါမယ်။
မိဘတွေအနေနဲ့လည်း ငယ်လွန်းတဲ့ အရွယ်ကလေးလေးတွေပဲဆိုပေမယ့် ဘယ်လိုအခြေအနေဖြစ်လာရင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို အရင်က သင်ကြားမပေးထားမိရင်တောင် အခုကစပြီးကြိုတင်သင်ကြားထားပေးဖို့ လိုပါတယ် ရှင်။
ဥပမာ - တစ်နေရာရာကို သွားခါနီးတိုင်း ဆရာ၊ ဆရာမ သို့မဟုတ် လူကြီးတစ်ယောက်ယောက်ကို အသိပေးပြောပြတတ်ဖို့
ကားဟွန်းတီးတတ်ဖို့ စတဲ့ သင်ကြားပေးထားမှုတွေကိုရုတ်တရက်ကြည့်ရင် ဘာမှမဟုတ်ဘူးထင်ရပေမယ့် အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေတွေကနေ ကာကွယ်နိုင်ပါတယ်။
တန်ဖိုးရှိပြီး အစားထိုးမရတဲ့ မိဘတွေရဲ့
သားသမီးရတနာ ရင်သွေးလေးတွေ
အခုလိုပေါ့ဆမိလို့ ဖြစ်ရတဲ့
အဖြစ်ဆိုးတွေမှ ကင်းဝေးကြပါစေ ရှင်🍀
02/05/2023
We Are Hiring!!
အင်းစိန်မြို့နယ် အောင်ဇေယျအိမ်ရာတွင် ဖွင့်လှစ်မည့် Great Future Pre School & Education Center နှင့် လက်တွဲလုပ်ကိုင်ရန် အောက်ပါရာထူးများကို ဖိတ်ခေါ်ပါသည်။
* Class Teacher - (2) posts
- ဘွဲ့ရဖြစ်ရပါမည်။
- မူကြိုအရွယ်ကလေးငယ်များအား class teacher အဖြစ် စာသင်ကြားသည့် အတွေ့အကြုံ အနည်းဆုံး (2) နှစ်ရှိရပါမည်။
- ECCD Certificate ရှိရပါမည်။
- Montessori Certificate ရှိသူ(သို့) Montessori နည်းဖြင့်ဖွင့်လှစ်သောကျောင်းတွင် တာ၀န်ထမ်းဆောင်ဖူးသူဖြစ်ပါက ပိုကောင်းပါသည်။
- လုပ်ငန်းခွင်တွင် လုပ်ဖော်ကိုင်ဖက်များ၊ ကျောင်းသားမိဘများနှင့် ပူးပေါင်းဆောင်ရွက်မှုအားကောင်းသူ ဖြစ်ရပါမည်။
- ကလေးငယ်များကို စိတ်ရှည်သည်းခံတတ်ပြီး ကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်သူဖြစ်ရပါမည်။
* Assistant Teacher (2) posts
- ဘွဲ့ရ (သို့) ဘွဲ့မရသေးပါကလည်း လျှောက်ထားနိုင်ပါသည်။
- Assistant Teacher အဖြစ် အတွေ့အကြုံရှိပါက ပိုကောင်းပါသည်။
-သင်ကြားရေးနှင့်ပက်သတ်၍ Class teacher ကို ကူညီထောက်ပံ့နိုင်ရပါမည်။
- ကလေးငယ်များကို စိတ်ရှည်သည်းခံတတ်ပြီး ကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်သူဖြစ်ရပါမည်။
- ကျောင်းမှ အခါအားလျော်စွာ လိုအပ်၍ပေးအပ်သော training များကို တက်ရောက်နိုင်ရပါမည်။
Salary - Negotiable
* Subject Teachers (Maths/English) - (2) posts (Part-time)
- သက်ဆိုင်ရာဘာသာရပ်တွင် ဘွဲ့ရရှိသူဖြစ်ရပါမည်။
- သင်ကြားရေးဆိုင်ရာ Certificate/Diploma (eg. CELTA/TESOL/TKT) များရရှိထားပါက ပိုကောင်းပါသည်။
- Cambridge English/ Maths ကိုသင်ကြားနိုင်သူဖြစ်ရပါမည်။
- International သင်ရိုးသင်ကြားဖူးသည့်အတွေ့အကြုံ ရှိရပါမည်။
- ကျောင်းသားများအတွက် လိုအပ်သည့် lesson plans/assessments and tests များကို အသုံးပြု၍ သင်ကြားပေးနိုင်ရပါမည်။
- ကျောင်းသားများ၏ မတူညီသောလိုအပ်ချက်များကို နားလည်၍ စိတ်အားထက်သန် တက်ကြွစွာ ရေရှည်လက်တွဲလုပ်ကိုင်နိုင်သူဖြစ်ရပါမည်။
Salary- Negotiable
လျှောက်ထားလိုပါက 12.5.2023 နေ့ကို နောက်ဆုံးထား၍ [email protected] သို့ CV Form ပေးပို့လျှောက်ထားနိုင်ပါသည်။
Great Future
Pre School & Education Center
🍀 Teacher Zune Page မှ Job Vacancy တွေကိုအခကြေးငွေယူပြီး ချိတ်ဆက် လုပ်ဆောင်ပေးခြင်းမဟုတ်ဘဲ မေတ္တာဖြင့် ကူညီပေးခြင်းဖြစ်ပါတယ်ဆိုတာလေးကို အသိပေး ပြောပြချင်ပါတယ် ရှင်။ 🍀
.💗
29/04/2023
မနေ့က Teacher Zune Page messenger မှာ ရုတ်တရက် error ဖြစ်နေလို့ ပို့ထားတဲ့ message များကို ဝင်ကြည့်လို့မရသလို ချက်ချင်း reply ပြန်ဖို့လည်း အဆင်မပြေဘူး ဖြစ်နေပါတယ် ရှင်။
အဲ့ဒါကြောင့် အရေးတကြီး သိချင်တာ မေးချင်တာများ ရှိခဲ့ရင် comment မှာ မေးထားလို့ရပါတယ် ရှင်။
သို့မဟုတ် Teacher Zune Page မှာ ပေးထားတဲ့
ဖုန်းနံပါတ်ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ် ရှင်။ 🍀
28/04/2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက်အောက်ပါဝန်ထမ်းများ
အားထပ်မံခေါ်ယူအပ်ပါသည် 📣
လာမည့်ပညာသင်နှစ်တွင်ထူးထက်ကျော် ကိုယ်ပိုင်မူလတန်းကျောင်း၌ တာဝန်ထမ်းဆောင်ရန် အောက်ပါအရည်အချင်းနှင့်
ပြည့်စုံသူများအလိုရှိပါသည်။
📍မူလတန်းပြဆရာမ (Main Teacher)
-ဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရမည်။
-မူလတန်းသင်ကြားရေးလက်မှတ် Green Card ရှိရမည်။
-စာသင်ကြားရေးအတွေ့အကြုံရှိပြီး မူလတန်း စနစ်သစ်သင်ရိုးကိုပိုင်နိုင်စွာသင်ကြားနိုင်ရမည်။
-ကလေးချစ်တတ်ပြီး စိတ်ရှည်ရမည်။
🍀🍀🍀🍀🍀🍀🍀
📍မူလတန်းပြဆရာမ (Assistant Teacher)
-စာသင်ကြားခြင်းကိုစိတ်ပါဝင်စားပြီး သင်ယူလိုစိတ်ရှိရမည်။
- မူလတန်းသင်ကြားခြင်းအတွေ့အကြုံရှိရမည်။
-ကျောင်းမှအခါအားလျော်စွာပြုလုပ်
သည့်Trainingများကိုတက်ရောက်နိုင်သူဖြစ်မည်။
-ကလေးချစ်တတ်ပြီး စိတ်ရှည်ရမည်။
🍀🍀🍀🍀🍀🍀🍀
📍English 4 Skills Teacher
-young learners သင်ကြားရေးအတွေ့အကြုံရှိရမည်။
-MA(Eng)/BA(Eng)/TKT/ELT ဦးစားပေးမည်။
-စာသင်ကြားစဥ် Eng ဘာသာစကားဖြင့်သာကလေးများနှင့် communicate လုပ်ရမည်။
-ကလေးများအတွက်ထိရောက်သောသင်ခန်းစာပြင်ဆင်မှုများရေးဆွဲနိုင်ရမည်။
-ကလေးချစ်တတ်ပြီးစိတ်ရှည်ရမည်။
🍀🍀🍀🍀🍀🍀🍀
📍International Science /STEM education & International Maths Teacher
- International curriculum များနှင့်ရင်းနှီးပြီး ကလေးများနှင့်သင့်လျော်သော သင်ရိုးများပြင်ဆင်ရေးဆွဲနိုင်ရမည်။
- International ကျောင်းများတွင် ဖော်ပြပါဘာသာရပ်များကို သင်ကြားဖူးသူဖြစ်ရမည်။
- ဘွဲ့တစ်ခုခုရရှိထားသူဖြစ်ရမည်။
-ကလေးချစ်တတ်ပြီးစိတ်ရှည်ရမည်။
🍀🍀🍀🍀🍀🍀🍀
🔺️ အထက်ပါအရည်အချင်းများနှင့်ပြည့်စုံသူများအနေဖြင့်
မိမိတို့၏CV form နှင့်အတူ လိုအပ်သောစာရွက်စာတမ်းအပြည့်အစုံဖြင့် (29.4.2023) စနေနေ့ နံနက်(၁၁)နာရီတွင်
လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။
(interview တစ်ခါတည်းရှိပါမည်)🔺️
အမှတ် 24/25/26/27 ရာဇဓိရာဇ်လမ်း၊ ၉ ရပ်ကွက်၊ အရှေ့ဒဂုံ (၇/၈ လမ်းဆုံ အနီး)
09887689774
09887689775
09887689776
♦️ Teacher Zune Page မှ Job Vacancy တွေကိုအခကြေးငွေယူပြီး ချိတ်ဆက် လုပ်ဆောင်ပေးခြင်းမဟုတ်ဘဲ မေတ္တာဖြင့် ကူညီပေးခြင်းဖြစ်ပါတယ်ဆိုတာလေးကို အသိပေး ပြောပြချင်ပါတယ် ရှင်။ ♦️
.
17/04/2023
🌻မြန်မာနှစ်သစ် အချိန်အခါသမယမှစ၍🌻
🌿ဘေးဘယာဟူသမျှ ဝေးကွာပြီး
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
🌿စီးပွါးဥစ္စာများတိုးတက်ပွါးများကြပါစေ။
🌿 ကြံစည်အားထုတ်ပြုလုပ်သမျှ အစစ အရာရာအထူးအဆင်ပြေ တိုးတက်အောင်မြင်ကြပါစေ။
🌿ကောင်းကျိုးလိုအင်ဆန္ဒမှန်သမျှပြည့်ဝကြပါစေ ရှင်။
ချစ်ခြင်းများစွာဖြင့်
🍀 17.4.2023 🍀
11/04/2023
ဆရာ ၊ ဆရာမတစ်ယောက်အနေနဲ့ တီချယ်ဇွန်ကျောင်းသားကျောင်းသူတွေကို ပညာသင်ကြားပေးတဲ့အခါ စာတတ်အောင် စာတော်အောင်ပဲ ဘယ်တော့မှ မသင်ပေးပါဘူး။ တီချယ်ဇွန် သင်ကြားပေးရမယ့် English ဘာသာရပ် ၊ English 4 skills / Language Skills တွေအပြင် အဓိကအရေးကြီးတဲ့
🍀 လူစိတ်ရှိအောင် ၊
🍀 လူပီသအောင် ၊
🍀 စောင့်ထိန်းရမယ့် လူ့ကျင့်ဝတ်နဲ့စည်းကမ်း၊
🍀 ကိုယ်ချင်းစာတရား ၊
🍀 လူ လူချင်း ညှာတာထောက်ထား စာနာဖေးမမှု၊
🍀လူအချင်းချင်း လေးစားချစ်ခင်မှု ၊
🍀 ဓမ္မနဲ့အဓမ္မ ၊
🍀ဟီရိဩတပ်ပတရား၊
🍀အကြောင်း အကျိုး ၊
🍀 အကောင်း အဆိုးတွေကို
သေချာသိနားလည်အောင်
လက်တွေ့လိုက်နာကျင့်သုံးတတ်တဲ့
မျိုးဆက်သစ် လူကောင်းလူတော်တွေ ဖြစ်အောင်
အရင်ကထက် အများကြီး အများကြီး ပိုသတိထားပြီး
အကောင်းဆုံး ကြိုးစားသင်ကြားပေးသွားပါမယ်။
ကိုယ်တွေရဲ့ နောက်မျိုးဆက်က အများထိခိုက်နစ်နာပျက်စီးစေမယ့် အလုပ်မှန်သမျှကို ရှောင်ကြဉ်နိုင်ပြီး အများကောင်းကျိုးဖြစ်စေမယ့်ကိစ္စတိုင်းကို
ဉာဏ်ပညာရှိရှိနဲ့ ဆောင်ရွက်နိုင်တဲ့ လူကောင်းလူတော်တွေပဲ ဖြစ်စေရမယ်။❤️
အဲ့ဒါကြောင့် လက်ဦးဆရာဖြစ်တဲ့ မိဘတွေ ၊
ဒုတိယမိဘတွေဖြစ်တဲ့ ဆရာ ၊ ဆရာမတွေ ၊ ကာယကံရှင် ကျောင်းသားကျောင်းသူတွေ အကုန် အတူတူ ပူးပေါင်းပါဝင် သင်ကြားသင်ယူကြပြီး လူသားဆန်တဲ့ လူပီသတဲ့ လူကောင်းလူတော်များစွာကို ပြုစုပျိုးထောင်ပေးနိုင်ကြမယ် ၊ ပိုကောင်းတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ကြမယ်လို့ ယုံကြည်မျှော်လင့်ရင်း
ချစ်ခြင်းမေတ္တာများစွာဖြင့်
’s_commitment
01/04/2023
တီချယ်ဇွန်ကို April Fool ဆိုပြီး KPay ထဲ ပိုက်ဆံလွှဲမပေးချင်ကြဘူးလား ဟင် 😁😁😁