02/12/2023
ငါရို့ တောင်ကုတ်
ခေတ်ကောင်းလားရာ
ခိခိ
တောင်ကုတ် ပြောနေတာ ဖြစ်မယ်
😂😂😂
မည်သူမဆို အသိညာဏ်ဗဟုသုတ တိုးပွားအရ? ဘယ်သူမဆိုလွတ်လပ်စွာ ဗဟုသုတ အဖြာဖြာ post တင်နိူင်သည်
02/12/2023
ငါရို့ တောင်ကုတ်
ခေတ်ကောင်းလားရာ
ခိခိ
တောင်ကုတ် ပြောနေတာ ဖြစ်မယ်
😂😂😂
13/07/2023
"ပြာယာမခတ်ကြနဲ့"
နွားကလေး...သေတော့ "အမဲသား"တဲ့။
ကြိုက်တဲ့ "လူ" များ...မြိန်ရည်ရှက်ရည် စားလိုက်ကြတာ။
ကြက်ကလေး...သေတော့ "ကြက်သား"
ပါးစပ်ထဲထည့်....ပြုံးပျော်လျှက်။
ဝက်ကလေး.....သေတော့ "ဝက်သား"
ပါးစပ်ထဲထည့် .....ကြည်နူးလျှက်။
လူကလေး...သေတော့......"မသာ"
အခေါင်းထဲထည့်...... ငိုယိုလျှက်
ထားလို့မကောင်းဘူး....ဟဲ့။
အလုပ်ပိုတယ်.....အိမ်ရှုပ်တယ်။
သင်္ချီုင်း...အမြန်ပို့ ကွယ်.....။
"အသုဘ" ရှိက. .အိမ်ပူတယ်။
မသာ...အိမ်ပေါ်က...မဆင်းခင်
ဖိတ်စာရိုက်....အသိမိတ်ဆွေ
လက်လှမ်းမှီသလောက်ပေးလိုက်။
မြန်မြန်ပြီး ..မြန်မြန်နားအေးတယ်။
ပုတ်ပွလာမှ..."လူ"တွေ မလာပဲ နေအုံးမယ်..။
အဲဒါမှ....ဒုက္ခပိုများမယ်တဲ့။
ကဲ...ဘယ်မှာလဲ
တန်ဖိုးရှိတယ်ဆိုတဲ့...."လူသား"
ပညာတွေ.... ငါဘယ်လောက်တတ်တယ်။
ပိုက်ဆံတွေ....ငါဘယ်လောက်ချမ်းသာတယ်။
အာဏာတွေ...ငါ့မှာ ဘယ်လောက်ရှိတယ်။
မာန်တတ်နေကြတာတွေ....အာဏာပြနေတာတွေ
နောက်ဆုံးတော့.....
ဘာအသုံးဝင်တော့.....သေးလဲ...?
ငါ့...အိမ်။ ငါ့...ခြံ။ ငါ့....တိုက်။ ငါ့....လုပ်ငန်း။
ငါဟာ...သခင်။ ငါဟာ...ဘုရင်ဘဲ ဆိုတဲ့
လူသား........အခုတော့
ယူသွားဖို့....နေနေ သာသာ
အိမ်ပူ.....အလုပ်ရှုပ်
ကျက်သရေ.......မရှိတော့တဲ့
အသုဘ(မသာ)ဆိုပြီး
သမုတ်ခံရတာလွဲလို့....ဘာတွေများ
တန်ဖိုးရှိသေးလို့လဲ....?
နောက်ဆုံးတာ့လဲ.......
အုတ်ဂူလေးတောင်.....ထားမရတဲ့ခေတ်မှာ
ခဏတာ မြင်တွေ့ရတဲ့....
ခေါင်းတိုင်အပေါ်က...မီးခိုးပျောက်ကွယ်တာနဲ့
ဘာမှသုံးစားမရတဲ့ ပြာပုံ ဖြစ်သွားရော......
တန်ဖိုးရှိပါတယ်ဆိုတဲ့....လူသား
ဘဝနိဂုံးချုပ်ရတာက..."ပြာပုံ"လေးပဲ
မဟုတ်လား...?
ကဲ......နောက်ဆုံး "ပြာ"ဖြစ်မဲ့အတူတူ
ဘာလို...."ပြာယာခတ်"နေကြ အုံးမှာလဲ.....။
to original uploader
မန်ယူ ရှုံးတာ
ငါအတွက်တော့
အရေးကြီးတယ်
ဘာဖြစ်လဲ
😭😭😭
30/07/2022
ရခိုင်ပြည်ကြီးကို ခေါတ်အဆက်ဆက် ခေါ်ဝေါ်ပုံများ
================================
၁။ အယုဇ္စျုပူရတိုင်း
ကကုဿာန် - ဘုရားသျှင်လက်ထက်၌ အသက်ရှည်ခြင်းကိုအကြောင်းပြု၍ (အယုဇ္ဈုပူရ)တိုင်း ဟုခေါ်ဆိုခြင်းဖြစ်သည်။
၂။ ရမ္မာပူရတိုင်း
ကောဏဂုံ - ဘုရားသျှင်လက်ထက်၌ သာယာဝဖြိုးမှုကိုအစွဲပြု၍ (ရမ္မာပူရ)တိုင်း ဟုခေါ်ဆိုခြင်းဖြစ်သည်။
၃။ ရက္ခပူရတိုင်း
ကဿပ - ဘုရားသျှင်လက်ထက်၌ ရခိုင်လူမျိုးတို့၏ အမျိုးသီလ နှစ်ဌာနကိုစောင့်ရှောက်ကြခြင်းကိုအစွဲပြု၍
(ရက္ခပူရ) တိုင်း ဟုခေါ်ဆိုခြင်းဖြစ်သည်။
၄။ မဟိံသကတိုင်း
ဂေါတမ - ဘုရားသျှင်လက်ထက်၌ ကျွဲနွားတိရစ္ဆာန်ပေါများခြင်းကို အစွဲပြု၍ (မဟိံသက) တိုင်း ဟုခေါ်ဆိုခြင်းဖြစ်သည်။ ဆန်ရေစပါးပေါကြွယ်ဝခြင်းကြောင့် ဓညဝတီတိုင်းဟုလည်းခေါ်ဆိုကြသည်။ အနောက်မဇ္စျိမဒေသ ကိုးတိုင်းကိုးဌာနမှ မဟိံသကတိုင်းဖြစ်ပါသည်။
၅။ ဓညဝတီတိုင်း
မြတ်စွာဘုရားရှင်လေးဆူတို့၏လက်ထက်တော်အခါ၌ ဆန်ရေစပါးပေါကြွယ်ဝကြောင်းကိုအစွဲပြု၍
(ဓညဝတီတိုင်း) ဟုလည်းခေါ်တွင်ခဲ့သည်။
၆။ မဟာဝိဟိကတိုင်း
ဂေါတမမြတ်စွာဘုရားရှင်အလောင်းတော် ရခိုင်ပြည်၌ မဟာဝိဟိကဆင်မင်း ဖြစ်ခဲ့ဖူးသောအကြောင်းကိုအစွဲပြုပြီး ( မဟာဝိဟိကတိုင်း) ဟုခေါ်တွင်ခဲ့သည်။
၇။ ရက္ခင်္ဂ
သီရိလက်ာ(သီဟိုဠ်)ကျွန်း၏ မှတ်တမ်းများတွင် ရခိုင်တို့ကို (ရက္ခဂ်) ဟုရေးသားထားခြင်းခြစ်သည်။
၈။ အာရကန်နိုင်ငံ
ဥရောပအနာက်နိုင်ငံများမှ ရခိုင်ပြည်ကိုခေါ်ဆိုသောနာမည်ဖြစ်သည်။
၉။ ရခိုင်ပြည်
ရက္ခ ဟူသောပါဠိဘာသာစကားဖြစ်ပြီး
(ရက္ခ=အမျိုးသီလကိုစောင့်ရှောက်ခြင်း )ဟုအဓိပ္ပါယ်ရသည်။ မိမိအမျိုးအနွယ်နှင့်သီလကိုစောင့်ရှောက်ကြသောလူမျိုးများနေထိုင်ကြသည့်တိုင်းပြည်ဖြစ်သောကြောင့် အာရက္ခ (ရခိုင်ပြည်)ဟု ခေါ်ဆိုခြင်းဖြစ်သည်။
နောက်ထပ် ရှိပါသေးသောကြောင့်
ဖြည့်စွက်ရေးသား မှတ်ချက်ပေးနိုင်ပါသည်......
25/07/2022
💠 #ဆင်ဖြူတော်💠
➖➖➖➖➖➖➖
သုတေသီ မြင့်ထွန်း
ရှေးမြန်မာမင်းများသည် ဆင်ဖြူတော်များကို အလွန်ပင် အရေးထားခဲ့ကြကြောင်း တွေ့ရှိရသည်။ အိန္ဒိယ၊ မြန်မာ၊ သီဟိုဠ်(သီရိလင်္ကာ)၊ မလေး ဆူးမတြား၊ ယိုးဒယား စသော အာရှတိုက်သားတို့သည် ရှေးအခါက ဆင်များကို အများအပြား သုံးစွဲခဲ့ကြ၏။
ဆင်နှင့်ဆိုင်သော (တိရစ္ဆာန်ဗေဒ) ပညာရပ်များကို သိရှိနားလည်ကြသည့် ဂဇင်ကိစ္ဆ(ဆင်ကုထုံး) ကျမ်းအမျိုးမျိုးတို့ကိုလည်း ရေးသားခဲ့ကြသည်။ ဆင်ကြန်ကျမ်းများတွင် ဆင်ဇာတ်အမျိုးမျိုး၊ ဆင်ဖြစ်ရာဒေသ အမျိုးမျိုး၊ ဆင်ကြန်အင် လက္ခဏာအမျိုးမျိုး၊ အကျိုးအပြစ် အမျိုးမျိုး၊ အသုံးပြုနည်း အမျိုးမျိုးတို့ကို အကျယ်တဝင့် ရေးသားဖော်ပြခဲ့ကြ၏။
ပိဋကတ်ကျမ်းထွက် ဆင်ဖြူတော်များ
--------------------
ပိဋကတ်တော် အဖွင့်များဖြစ်သော ဝိဘင်း အဋ္ဌကထာ၊ မူလပဏ္ဏာသ မဟာသီဟနာဒသုတ်၊ အဋ္ဌကထာ စသည်တို့၌
(၁) ကာဠာဝကဆင်
(၂) ဂင်္ဂေယျဆင်
(၃) ပဏ္ဍရဆင်
(၄) တမ္ဗဆင်
(၅) မိင်္ဂလဆင်
(၆) ဂန္ဓဆင်
(၇) မင်္ဂလဆင်
(၈) ဘေမဆင်
(၉) ဥပေါသထဆင်
(၁၀) ဆဒ္ဒန္တဆင် ဟူသော
ဆင် ၁၀-မျိုးတို့ကို ပြဆိုထား၏။
တဖန် ကာဠာဝကဆင်ကလည်း ဂီရိစရ(တောင်နေဆင်)၊ နဒီစရ (မြစ်နေဆင်)၊ ဝနစရ (တောနေဆင်)၊ စသည်ဖြင့် အမျိုးများစွာ ရှိပြန်သေးသည်ဟု သီဟနာဒသုတ်ဋီကာ စသည်တို့တွင် ပြဆိုထား၏။
ဗေဒင်ကျမ်းထွက် ဆင်ဖြူတော်များ
--------------------
(၁) ဘဒြဆင်
(၂) မန္တဆင်
(၃) မိဂဆင်
(၄) သံကိဏ္ဏဆင်
(၅) မိဿရဆင်
(၆) ကေဒန္တဆင်
(၇) ဒန္တဘင်္ဂဆင်
(၈) ကုဉ္စရဆင်
(၉) ပါသတ္တိဆင် ဟူသော ဗေဒင်ကျမ်းထွက်ဆင် (၉)စီးတွင် ဘဒြဆင်မှာ ဆင်ဖြူတော်မျိုး ဖြစ်သည်။
အရပ် (၇)တောင်ရှိသည်။ အလျား (၉)တောင် ရှိသည်။ လုံးပတ် ၃၀-တောင်ရှိသည်။ တောဝက်ထီးနှင့် တူသော ခြေလေးဖက်ရှိသည်။ ပျားရည်အဆင်းနှင့်တူသော အစွယ်ရှိသည်။ လောက်လေးကိုင်းနှင့်တူသော ကျောကုန်ရိုး ရှိသည်ဟုလည်း ဆို၏။
အခြားတနည်းမှာ
(၁) မဟာကဏ္ဏဆင်
(၂) ဝီသနဆင်
(၃) သီဟဇင်္ဂဆင်
(၄) ဂေါပုစ္ဆဆင်
(၅) ဒန္တိဥက္ခဆင်
(၆) ဧကဒန္တဆင်
(၇) နာဂဌိတဆင်
(၈) သေတဆင်- ဟူသော ဗေဒင်ကျမ်းထွက် ဆင် ၈-စီး ပြဆိုထားသည်။ ထိုအထဲတွင် သေတဆင်သည် ဆင်ဖြူတော်ပင် ဖြစ်၏။
ဆင်ဖြူ ၁၂-မျိုး
----------------
ရိုးရာအစဉ်အလာအရ ဆင်ဖြူ ၁၂-မျိုးဟူ၍ ရှိသေးသည်။ ယင်းတို့မှာ-
၁။ ရတနာသရဖူ ဆင်ဖြူတော် (ငွေသားရောင်ကဲ့သို့ ဦးကင်းဖြူသည်)
၂။ ရတနာပလ္လင် ဆင်ဖြူတော် (ဘုရင်မင်းမြတ်တို့ ထိုင်သည့်နေရာ၌ ဖြစ်သည်)
၃။ ရတနာက တင် ဆင်ဖြူတော် (ဆင်ကတင်သည့် နေရာတွင် ဖြူသည်)
၄။ ရတနာ ကျည်း ဆင်ဖြူတော် (ကိုယ်ပြင်၏ လက်ဝဲလက်ယာ၌ ဖြူသည်)
၅။ ရတနာ ထောက်ရှည် ဆင်ဖြူတော်
(လှည်းဘီးခန့်နံ၏ အပြင်ဘက်၌ ဖြူသည့်ပြင် ခြေထောက်လေးဖက်လည်း ဖြူသည်)
၆။ ရတနာပြာသာဒ် ဆင်ဖြူတော် ( ကုန်းဖြူသည်)
၇။ ရတနာသိမ်း ၁-ဆင်ဖြူတော် (သရက်စေ့မှ ခါးအထိ တံရောက်အရေပါဖြူသည်)
၈။ ရတနာပုံ ဆင်ဖြူတော် (မေးအဆုံး မေးစေ့ဖြူသည်)
၉။ ရတနာဆုပ်ဆင်ဖြူတော် (နှာရုံ နှာဖျားလှထွားဖြူသည်)
၁၀။ ရတနာကြန့် ဆင်ဖြူတော် (ဝမ်းတွင်းကျော်တလျှောက် ဖြူသည်)
၁၁။ ရတနာယပ် ဆင်ဖြူတော် (နားရွက်နှစ်ဖက် ငွေစင်ကဲ့သို့ ဖြူသည်)
၁၂။ ရတနာ ကြန်စုံဆင်ဖြူတော် (တကိုယ်လုံးဖြူသော ဆင်ဖြူတော်)
ထို ဆင်ဖြူတော် ၁၂-မျိုးတို့တွင် ရတနာကြန်စုံ ဆင်ဖြူတော်သာလျှင် ဆင်ဖြူတော်အစစ် ဖြစ်သည်။ ကျန် ၁၁-မျိုးမှာ သာမည အဖြူရောင်ပါရှိ၏။ ဆင်ဖြူဟု ခေါ်ဆိုရခြင်းဖြစ်သည်။ တကိုယ်လုံးဖြူသော ဆင်ပင်ဖြစ်စေကာမူ အမျိုးနိမ့်မြင့် ကွဲပြားလေသည်။ ကြန်အင်လက္ခဏာလည်း ကွဲပြားသေးကြောင်း သတိရမှတ်သားသင့်၏။
ဆင်ဖြူတော်ဆိုင်ရာ စာတမ်းများ
-----------------------
ဆင်ဖြူတော်များ အကြောင်းဆိုင်ရာ စာတမ်းများမှာ…
၁။ စစ်လျှင် ထောင်မှူးရှင်ထွေးညို စပ်ဆိုသော ရွှေစာတိုင် ဆင်ဖြူတော်မော်ကွန်း။
၂။ တွင်းသင်းမင်းကြီး စပ်ဆိုသော ပုဏ္ဍရိက ဆင်တော်မော်ကွန်းနှင့် ဝရသေတဂိရိ ဆင်တော်မော်ကွန်း။
၃။ လက်ဆောင်ယူမှူးရှင် သံကိုယ် စပ်ဆိုသော ရတနာ ပြောင်မွန် ဆင်တော်မော်ကွန်း။
၄။ အတွင်းဝန်ထောက် မောင်ညို စပ်ဆိုသော ရွှေမင်းတုန်း ဆင်တော်မော်ကွန်း။
၅။ ပိဋကတ်တိုက်ဝါး ရမ္မသီရိကျော်ထင် စပ်ဆိုသော ဆဒ္ဒန်ပြောင်ကျော် ဆင်တော်မော်ကွန်း စသည်တို့
ဖြစ်ကြ၏။
မြန်မာဘုရင်များနှင့် ဆင်ဖြူတော်များ
--------------------
ဆင်ဖြူတော်များကို ရှေးမြန်မာမင်းများသည် အလွန်ပင် အရေးထားခဲ့ကြ၏။
ဆင်ဖြူတော် တစီးရလျှင် တစ်စီးရှင်- ဟူ၍ လည်းကောင်း၊
လေးစီးရလျှင် လေးစီးရှင်-ဟူ၍ လည်းကောင်း၊
ငါးစီးရလျှင် ငါးစီးရှင်-ဟူ၍ လည်းကောင်း၊
အများရလျှင် ဆင်များရှင်-ဟူ၍ လည်းကောင်း
ဆင်ဖြူဆင်နီများရှင်-ဟူ၍ လည်းကောင်း အမျိုးမျိုးပင် ဂုဏ်ယူကာ အမည်ခံတတ်ကြ၏။
ပင်းယခေတ် တစီးရှင် သီဟသူ (၆၇၄-၆၈၄)သည် တစ်စီးရှင်-ဟူသော အမည်ကို ခံယူလိုသည်။ ထို့ကြောင့် စမုံမြစ်တွင် မျောပါလာသော ဆင်ဖြူမ (အသေကောင်)ကိုပင် ဆယ်ယူရန် ညှပ်လုပ်ကာ စက်ဖြင့် ထူပြီး ရတနာကတင်၍ စီးတော်မူသည်-ဟု ရာဇဝင်တွင် အထင်အရှား ဆိုထား၏။
ဆင်ဖြူရသော မင်းများကိုလည်း ဆင်ဖြူမရသော မင်းများက ခံ့ညားရိုသေတတ်ကြသည်။ ဥဇနာမင်း (၆၈၄-၇၀၄) သည် ကျော်စွာမင်း (၇၀၄-၇၁၂) အား ဆင်ဖြူငါးစီးရသည်ဟု ကြားသောကြောင့် ညီ,မခေါ်ဖူးဘဲ ညီခေါ်သည်ဟု ဆို၏။
ဟံသာဝတီ မင်းတရားကြီးသည် ယိုးဒယားသို့ စစ်နှစ်ကြိမ် ချီတက်သည်။ ပထမအကြိမ် တက်ခြင်းမှာ ယိုးဒယားတွင် ဆင်ဖြူလေးစီး ရှိသည့်အနက် တစီးတောင်းသည်ကို မရသောကြောင့် ချီတက်ခြင်းဖြစ်သည်ဟု ရာဇဝင်များတွင် ပြဆိုထား၏။
အမြင့်မြတ် အကြီးကျယ်ဆုံး
မြန်မာမင်းများ လက်ထက်တော်အခါက ဆင်များကို ထူးဆင်၊ ထူးဆင်မတော်၊ စီးစုဆင်မတော်၊ စီးတော်ကြီး၊ ရွေးဆင်၊ ဝင်းဆင်၊ ထမ်းဆင်တော်၊ ဝန်ရည်ဆင်တော်၊ မှိန်သစ်ဆင်တော်၊ ကျင်းဆင်၊ ဆင်မင်း စသည်ဖြင့် ခွဲခြားထားသည်။ ထိုအထဲတွင် ဆင်မင်းမှာ အမြင့်မြတ် အကြီးကျယ်ဆုံးဖြစ်၏။
ဆင်အမှုထမ်း
---------------
မြန်မာမင်းများလက်ထက်တော်အခါက ဆင်ဝန်၊ အောက်မားဝန်၊ ဆင်မှူး၊ ဆင်စာချီ၊ ဆင်ကဲ၊ ဆင်တိုင်အမှုထမ်း၊ ရွေလွန်အမှုထမ်း၊ ကျုံးမှူး၊ ယရည်း၊ ဆင်အစီရင်၊ ဆင်ဆေးသမား၊ ဆင်ဆော်၊ ဆင်အမှုထမ်း စသည်ဖြင့် အရာထမ်း၊ အမှုထမ်းများကို စေ့ငအောင်ခန့်ထား စီမံခဲ့ကြောင်း သိရှိရ၏။
ဆင်ဝန်ဖြစ်ထိုက်သူတွင်
(၁) တိရစ္ဆာန်တို့အား သားသမီးကဲ့သို့ သနားချစ်ခင်ခြင်း။
(၂) သင့်တော်သော အစားကို သိခြင်း။
(၃) တိရစ္ဆာန်ဆေးဝါး ကုသရေး၌ လိမ္မာခြင်း။
(၄) ယဉ်ကျေးအောင် ဆုံးမတတ်ခြင်း။
(၅) ဇာတ်အင်္ဂါ လက္ခဏာတို့ကို သိတတ်ခြင်း စသော လက္ခဏာ ၅-ချက် ရှိရမည်ဟုဆို၏။
ထို့ပြင်လည်း ဆဒ္ဒန်ဆင်မင်းဝန် ဟူ၍ လည်းကောင်း၊ ဆင်မင်း၀န်ထောက် ဟူ၍ လည်းကောင်း၊ ဆင်မင်း နာခံ၊ ဆင်မင်းစာရေးကြီး၊ ဆင်မင်းနောက်ထိုင်၊ ဆင်မင်းမြတ်ပို့ စသည်ဖြင့် သီးသန့်ခန့်ထား စီမံကြောင်း ကိုလည်း သိရှိရ၏။
မင်းတုန်းမင်းတရားကြီး လက်ထက်တော်တွင် မောရိယ ပစ္စယနာဂရာဇာ ဆင်မင်းအတွက် ဆင်မင်းဝန်အပြင် လခ-၁၂၀-စား၊ ဆင်မင်းနာခံ လေးဦး လခ ၁၂၀-စား၊ စာရေးကြီး လေးဦး၊ လခ-၃၀၀-စား ဆင်မင်း နောက်တော်ထိုင် ဆယ်ဦး။ ဆင်မင်းနှင့် (ဆင်ဖြူတော်များ) မြတ်ပို့ လခ ၇၅-ကျပ်စား အမှုထမ်း ၇-ဦး စသည်ဖြင့် ရှိခဲ့ကြောင်း သိရ၏။
ဆင်ဖြူတော်အကြောင်း သိကောင်းစရာ
-------------------------
ရှေးမြန်မာမင်းများ လက်ထက်တော်အခါက ဆင်ဖြူတော်ကို ကြိုဆိုသည့် အခမ်းအနားနှင့် အကြောင်းအရာများ၊
ဆင်ဖြူတော်ကို သိမ်းယူသည့် အခမ်းအနားများနှင့် အကြောင်းအရာများ၊
ဆင်မင်းနန်းတော် ဆောက်လုပ်၍ ပုံအကြောင်းအရာများ၊
ဆင်ဖြူတော်များ ကံကုန်လျှင် သင်္ဂြိုဟ်သည့် အခမ်းအနားများ၊
ဆင်ဖြူတော်ကို ခေါင်းဆေးသင်္ကြန်တော် ခေါ်ပုံ အခမ်းအနားနှင့် အကြောင်းအရာများ၊
ဆင်ဖြူတော်ကို တန်ဆာဆင်သပုံ အကြောင်းအရာများကို ရာဇဝင်တော်ကြီးနှင့် ဆိုင်ရာစာတမ်းများတွင် အကျယ်တဝင့် ပါရှိ၏။
ကုန်းဘောင်ခေတ် ဘိုးတော်ဗဒုံမင်းတရားကြီး လက်ထက်တွင် အလွန်ထင်ရှား ကျော်စောသော နိဗ္ဗနပစ္စယနနာဂရာဇာ ဆင်မင်းအကြောင်းနှင့် ဆင်ဖြူတော်မ သီရိမလ္လာမဟာသုဘတ္တာ အကြောင်းများကို ရာဇဝင် ခန်းများနှင့်ဆိုင်ရာ စာတမ်းများတွင် အကျယ်တဝင့် ရေးသားဖော်ပြထား၏။
သုတေသနပြုသင့်
-------------------
အထက်ထော်ပြပါ ဆင်ဖြူတော် အကြောင်းအရာများမှာ မပြည့်စုံသေးပေ။ ဆင်ဖြူတော်အကြောင်း နိဒါန်း မျှသာဖြစ်၏။ ကမ္ဘာပေါ်ရှိ တောတောင်တိုင်း၌ ဆင်များရှိသည် မဟုတ်ပေ။ အာရှနှင့် အာဖရိက တောတောင်များ၌သာ ဆင်များကို တွေ့ကြရသည်။ ယင်းသို့ ဆင်များကို တွေ့ရှိသည့်တိုင်အောင် ဆင်ဖြူတော်မှာ အလွန်ရရှိခဲသော ရတနာတပါးဖြစ်၏။
ဆင်နှင့်ပတ်သက်၍ ဗေဒင်လာ ဆင် ၃၈၊ ဟေမဝန်နေ ဆင် ၄၄၊ ကျွမ်းဆင် ၈၁-မှစ၍ ဆင်အမျိုးအစားပေါင်း များစွာရှိသည်။ ထို့အပြင်လည်း ရုပ်ပုံနှင့်တကွ ဆင်ကျမ်းများနှင့် ဆင်ဖြူတော်အကြောင်း မူကွဲများစွာလည်း ရှိသေးသည်ဆို၏။
ဆင်ဖြူတော်များအကြောင်းကို ရာဇဝင်များ၌ လည်းကောင်း၊ ဆိုင်ရာစာတမ်းများ၌ လည်းကောင်း၊ ရှေးစာဟောင်း ပေဟောင်းများ၌ လည်းကောင်း ပါရှိသည်များကို စုစည်း၍ ပညာရှင်များက သုတေသနပြုပြီး စာတအုပ် ကျမ်းတစောင်အဖြစ် ပြုစုထားသင့်ပေသတည်း။
ကျမ်းကိုးစာရင်း။ ။
------------------
(၁) ဆရာကြီး ဦးဘိုးမြစ်၏ လောကဟိတရာသီကျမ်း၊(၁၂၆၅-ခုနှစ် တော်သလင်းလတွင် ပုံနှိပ်)
(၂) ဆရာကြီး ဦးသာဂရ စီစဉ်ရေးသားသည့် သုတသန္နိစယမူကျယ်ကျမ်း။
(၃) ဝဏ္ဏကျော်ထင် ဦးသာတင်၏ ဆင်ဖြူတော်ရတနာ (ဆောင်းပါး) ယဉ်ကျေးမှုစာစောင်
အတွဲ ၃၊ အမှတ် ၅၊ ၁၉၅၉-ခုနှစ် အောက်တိုဘာလ။
အားလုံးသတ္တဝါ ချမ်းသာပါစေ။
သုတေသီ မြင့်ထွန်း
(ငွေတာရီမဂ္ဂဇင်း ၂၀၀၃-ခု ဖေဖော်ဝါရီလ)
Saya Win Oo
03/01/2022
Clover leaf☘☘👈
ဗဟုသုတအဖြစ် မျှဝေပေးချင်ပါတယ် ဒီအပင်လေးဟာ ကျမတို့နိုင်ငံမှာ ပေါများတယ် လမ်းဘေးပေါက်တယ် သိပ်တန်ဖိုးမထားကြဘူး
အနောက်တိုင်းမှာတော့ အရမ်း အလေးအနက်ထားကြတယ် တန်ဖိုးထား ဆောင်ကြတယ် ဆုတောင်းကြတယ် ယုံကြည်ကြတယ် ကျမလေ့လာကြည့်ပြန်တော့လည်း အများကြီးပဲ တကယ်ဆိုတာ တွေ့ရပါတယ် အံ့သြစရာအများကြီးတွေ့ရပါတယ်
ကံကောင်းစေတဲ့ဆုတောင်း
ပြည့်စေတဲ့ ချစ်ခြင်းမေတ္တာ
ကျန်းမာခြင်း ချမ်းသာခြင်း ပျော်ရွှင်ခြင်းကို ကိုယ်စားပြုတယ် ပန်းအိုးထဲ ထည့်စိုက်ကြတယ် ပန်းအိုးထိုးတယ် အရွက်အမည်လေးနဲ့ အရာရာ ပြုလုပ်ကြတာ အံ့မခန်းပါ
နိုင်ငံခြားသားတွေက ပြောတိုင်း မယုံတတ်ကြပါဘူး လက်တွေ့သိပ်ဆန်တယ် တကယ်ကို သုတေသန ပေါင်းများစွာနဲ့ လက်တွေ့ စမ်းသပ်ပြီးမှသာ ရလဒ်ကို လက်ခံတတ်ကြသူတွေပါ stickerမှာတောင် ရှိနေတာ အံ့သြစရာပါ သူတို့ ဘယ်လောက် အလေးအနက်ထားကြလဲ🤔🤔
ကျမ လေ့လာထားတာလေး ဗဟုသုတအဖြစ် မျှဝေပေးခြင်းသက်သက်ပါ
ကျမ ချစ်တဲ့သူတွေအားလုံးလဲ ဒီကောင်းချီးတွေနဲ့ပြည့်ကြပါစေ
copy: card
03/01/2022
ဆက်သွယ်ကြည့်လိုက်
လုံး စိတ်ချရတယ်
09458245765
ဗုဒ္ဓဘာသာ
ဒီစာကတော့ လူပုဂ္ဂိုလ်အားလုံးကို ရည်ညွှန်းတာပါ။ ဘာသာရေးဆိုတာ အကဲဆတ်တယ်လို့ ပြောကြပါတယ်။ ဒါပေမယ့်လည်း ဒီစာကိုတော့ တခြားဘာသာဝင်များရော Free thinker ခေါ်တဲ့ ဘာအယူဝါဒမှ လက်ကိုင်မထားပဲ မှန်တာကို လက်ခံမယ်ဆိုတဲ့ အမြင်ရှိတဲ့ ဘယ်ဘာသာဝင်မဆို ဖတ်သင့်ပါတယ်။ ကျနော်ဟာ Free thinker တစ်ယောက်လို့ ပြောနိုင်ပါတယ်။ အခုတော့ ဗုဒ္ဓဘာသာဝင်လို့ သတ်မှတ်နိုင်ပါတယ်။ ပညာကနေ သဒ္ဓါဖြစ်လာခဲ့တဲ့ သူတစ်ယောက်ပါ။ အဲဒါကြောင့်လဲ အသိပညာကို စိတ်ဝင်စားတဲ့ ကိုယ်လိုလူများအတွက် လေ့လာစရာ စဉ်းစားစရာ ဆင်ခြင်စရာ အနေနနဲ့ ရေးတာပါ။
တခြားဘာသာတွေနဲ့ ဗုဒ္ဓဘာသာရဲ့ အဓိက ကွာခြားချက်က တခြားဘာသာတွေမှာ အဆင့်အတန်းခွဲခြားမှု ရှိပါတယ်။ ဆိုလိုတာက မပြောင်းလဲတဲ့ အဆင့်အတန်းသတ်မှတ်ချက်ပါ။ လူတွေထက် ပိုပြီး မြင့်မြတ်တာ ရှိတယ်။ တိရိစ္ဆာန်တွေဟာ လူတွေထက် တဆင့်နိမ့်တာ ဆိုတာမျိုး ယူဆကြပါတယ်။ ပြီးတော့ အဲဒီကိုယ့်ထက် အဆင့်အတန်းမြင့်တဲ့ ပုဂ္ဂိုလ်သတ္တဝါရဲ့ ချယ်လှယ်ခြင်းကို ခံရတယ်လို့ ယူဆကြပါတယ်။ ပြီးတော့ အဲဒီပုဂ္ဂိုလ်ကို ဖားရပါတယ်။ ယုံကြည်ရပါတယ်။ အဲဒီ ပုဂ္ဂိုလ် (God) သတ်မှတ်ထားတာတွေ လိုက်နာရမယ် ဆိုတဲ့ သဘောမျိုး ရှိပါတယ်။
ဗုဒ္ဓဘာသာမှာလဲ ရှိတာပဲ ဘုရား တရား သံဃာ ရှိတာပဲလို အပေါ်ယံ ပြောချင်ပေမယ့် ဗုဒ္ဓဘာသာဟာ (God) မရှိတဲ့ ဘာသာပါ။ ဗုဒ္ဓဘာသာက မြတ်စွာဘုရား ဆိုတာဟာ လမ်းပြသူ သက်သက်ပါ။ သူကိုယ်တိုင်သည်ပင်လျှင် တရားတော်တွေကို ပူဇော်ပြီးနေသွားခဲ့သူပါ။ သမုတိလို့ ခေါ်တဲ့ သမုတ် အမှန်မှာ အဆင့်အတန်း ကွဲပြားမှု ရှိပေမယ့်၊ မပါယ်ပေမယ့် ပရမတ္တသစ္စာ အရိယာသစ္စာမှာတော့ သင်္ခတနဲ့ အသင်္ခတ သာလျှင် ရှိပါတယ်။ အားလုံးဟာ သင်္ခတတရားတွေပါ။ ပုဂ္ဂိုလ်သတ္တဝါ ရှိကို မရှိဘူး ဆိုတဲ့ အနတ္တဝါဒပါ။ မြတ်စွာဘုရားသည်လည်း သင်္ခတမှ အသင်္ခတ ကူးပြောင်းသွားခြင်းပါ။ ကျန်တဲ့ သတ္တဝါတွေ အကုန်လုံးဟာလဲ မြတ်စွာဘုရား ဟောထားခဲ့တဲ့ လမ်းပြခဲ့တဲ့ မဂ္ဂင်ရှစ်ပါး ဆိုတဲ့ အကျင့်ကို ကျင့်မယ်ဆိုရင် မြတ်စွာဘုရားလိုပဲ အသင်္ခတကို ကူးပြောင်း သွားမှာပါ။ သင်္ခတနယ်မှာရော အသင်္ခတနယ်မှာပါ အားလုံးဟာ တန်းတူညီမျှ တရားတွေပါ။ တရားတွေဆိုတဲ့ စကားလုံး အနတ္တဝါဒ ဆိုတာ နဲ့ သင်္ခတ အသင်္ခတ ဆိုတဲ့ စကားတွေကို ရှင်းပြပါမယ်။
ဗုဒ္ဓဘာသာမှာ ပုဂ္ဂိုလ်သတ္တဝါမရှိ အနတ္တဝါဒလို့ ပြောခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ မျက်စိနဲ့ မြင်နိုင်တဲ့ လူတွေ တိရိစ္ဆာန်တွေဆိုတာကို ဘုရားက စမ်းစစ်လေ့လာပြီး သတ္တဝါဆိုတာ အခေါ်အဝေါ်သာဖြစ်ပြီး တကယ်တမ်း အမှန်သည် ရုပ်နာမ် သာလို့ သိခဲ့တာပါ။ ရုပ်ကို လေ့လာတဲ့အခါမှာ ပထဝီ တေဇော ဝါယော အာပေါ ဆိုတဲ့ physical မရှိတဲ့ မဟာဘူတလို့ခေါ်တဲ့ ဓါတ်ကြီးလေးပါး နဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာမို့လို့ ရုပ်ကို တရားအနေနဲ့ ပြောတာပါ။ သိပ္ပံပညာမှာလဲ နောက်ဆုံးတွေ့ရှိထားတာက Matter doesn't really matter ဆိုတဲ့ အတိုင်း ရုပ်ရဲ့ အသေးဆုံး အစိတ်အပိုင်းမှာ physical form မရှိလို့ တွေ့ထားတာနဲ့ သွားကိုက်ပါတယ်။ အဲဒီတော့ ရုပ်သည် တရားသာဆိုတဲ့ ကောက်ချက် ဖြစ်လာပါတယ်။ ထို့အတူပဲ နာမ်ဆိုတာကလဲ အကောင်အထည် ကိုင်ပြစရာ မရှိ ခံစားမှု သဘော၊ သိမှုသဘော၊ မှတ်သားမှုသဘော၊ စေ့ဆော်မှု သဘောသာမို့ တရားတွေလို့ပဲ ပြောရပါတယ်။ ဒါဆို ရုပ်တရားနဲ့ နာမ်တရား သာဖြစ်တယ် ငါသူ ယောက်ျားမိန်းမ ပုဂ္ဂိုလ်သတ္တဝါ မဟုတ် အသက်ဇီဝ မရှိ ဆိုတဲ့ အနတ္တဝါဒ ကို နားလည်မယ် ထင်ပါတယ်။ ရုပ်တရား နာမ်တရား ဆိုတာနဲ့ အနတ္တဝါဒ ဆိုတာကို နားလည်ပြီထင်ပါတယ်။
သင်္ခတနဲ့ အသင်္ခတ ဆိုတာကို ရှင်းပြပါ့မယ်။ အပေါ်မှာ ပြောခဲ့တဲ့ ရုပ်တရား နာမ်တရားတွေရဲ့ ဖြစ်ပျက်နေမှုဟာ ဘာကြောင့်လဲ။ Free thinker အမြင်နဲ့ ပြောရရင် တချို့လူတွေ ချမ်းသာတယ် တချို့ ဆင်းရဲတယ် တချို့ကျန်းမာတယ် တချို့မကျန်းမာဘူး အစရှိသဖြင့် လောကကြီးရဲ့ မဆုံးနိုင်တဲ့ မေးခွန်းတွေကို တခြားဘာသာတွေက လူထက်မြင့်မြတ်သာလွန်တဲ့ (God) ရဲ့အလိုဆန္ဒအတိုင်း ဖြစ်တယ် အဲဒါကို ယုံကြည်ပါလို့ အလွယ်ပြောပေမယ့် ဗုဒ္ဓဘာသာမှာတော့ မြတ်စွာဘုရားက ရိုးရိုးလေး အကြောင်းကြောင့် အကျိုး ဖြစ်နေတာလို့ ရှင်းပြပါတယ်။ အခုဖြစ်နေတဲ့ လူဆိုတဲ့ ရုပ်တရား နာမ်တရားဟာ အကြောင်းကြောင့် ဖြစ်တဲ့ အကျိုးပါ။ တိရိစ္ဆာန်ဆိုတဲ့ ရုပ်တရား နာမ်တရား ဟာလဲ အကြောင်းကြောင့် ဖြစ်တဲ့ အကျိုးပါလို့ ရှင်းပြပါတယ်။ အကြောင်းတရားကြောင့် ဖြစ်တဲ့ အကျိုးတရားကို သင်္ခတလို့ ခေါ်ပါတယ်။ အဲဒီတော့ ရုပ်နာမ်မှာ ဖြစ်တဲ့ လိုချင်မှု ငါသူလို့အထင်လွဲမှု ထောင်လွှားမှု ဆိုတဲ့ အကြောင်းတရားတွေကြောင့် အကျိုးရုပ်နာမ်တွေ မပြီးတမ်းဖြစ်နေတယ်လို့ ဟောခဲ့တာပါ။ ဒီအတွက် သေသွားတယ်ဆိုတာကလဲ အခေါ်အဝေါ်သာ ဖြစ်ပြီး အထက်ပါတရားတွေ ဖြစ်နေတာမို့ မပြီးဆုံးနိုင်ပဲ နောက်ထပ် ဘဝတွေ ဖြစ်ဦးမယ်လို့ ဟောခဲ့ပါတယ်။ သူဘုရားဖြစ်လာတာသည်လည်း အကြောင်းကြောင့် ဖြစ်တဲ့ အကျိုးပဲလို့ တန်းတူညီမျှ ဟောခဲ့ပါတယ်။ သူ့လို ဘုရားဖြစ်ဖို့ ဘယ်လို အကြောင်းတရားတွေ ဖြစ်ခဲ့တယ်လို့လဲ ဟောခဲ့ပါတယ်။ ဒါပေမယ့်လည်း အကြောင်းအကျိုးတွေ မရပ်မနား ဖြစ်ပျက်နေတာဟာ တကယ်တော့ စက်ဆုပ်စရာ အသုံးမကျတာ အမှန်မို့ အကြောင်းအကျိုး ချုပ်ငြိမ်းရာ အသင်္ခတ ဆိုတဲ့ နိဗ္ဗာန်ကိုပဲ တန်းသွားကြဖို့ တိုက်တွန်း အားပေးခဲ့ပါတယ်။ သူ့လို ဘုရားဖြစ်ခြင်း အားဖြင့် သတ္တဝါအများအပြား ကို သူလိုပဲ အသင်္ခတ (နိဗ္ဗာန်) ဆီ လမ်းညွှန်နိုင်တာမို့ ဘုရားဖြစ်ချင်တဲ့ သူများကိုလဲ မကန့်ကွက်ခဲ့ပါဘူး။ တရားကို သိရုံနဲ့ မရ ကျင့်ကြံ အားထုတ်ရတာမို့ တရားကို အနှောက်အယှက် ကင်းကင်း အားထုတ်နိုင်အောင် တရားအဆုံးအမတွေကို သယ်ယူ ပေးနိုင်အောင် ပြန်လည် ဟောပြောပြနိုင်အောင် လုပ်ချင်သူများကိုတော့ တရားအားထုတ်ရာမှာ ဝမ်းစာရှာဖွေရာမှာ အဆင်အပြေဆုံး စည်းကမ်းတွေနဲ့ သတ်မှတ်နေထိုင် ခိုင်းပြီး အဲဒီစည်းကမ်းတွေ လိုက်နာတာကတော့ သံဃာပါ။
တရားဆိုတာကတော့ ဒီလို သင်္ခတတွေ မဆုံးနိုင်အောင် ဖြစ်ပျက်နေတဲ့ သံသရာကနေ လွတ်ကင်းအောင် ကျင့်ကြံရတဲ့ သမ္မာဒိဋ္ဌိ ခေါ်တဲ့ အမှန်မြင်ခြင်း၊ သမ္မာ သင်္ကပ္ပခေါ်တဲ့ အမှန်ကြံခြင်း (ဆုံးဖြတ်ခြင်း)၊ သမ္မာဝါယမခေါ်တဲ့ အမှန်ကြိုးစားအားထုတ်ခြင်း၊ သမ္မာသတိခေါ်တဲ့ မှန်ကန်စွာသတိရှိခြင်း၊ သမ္မာသမာဓိ ခေါ်တဲ့ မှန်ကန်စွာ တည်ကြည်ခြင်း၊ သမ္မာအာဇီဝ ခေါ်တဲ့ မှန်ကန်စွာ အသက်မွေးခြင်း၊ သမ္မာ ကမ္မတခေါ်တဲ့ မှန်ကန်သော ကံများသာ ဖြစ်စေချင်း၊ သမ္မာဝါစာ ခေါ်တဲ့ မှန်ကန်သော စကားကိုသာ ပြောဆိုခြင်း ဆိုတဲ့ မဂ္ဂင်ရှစ်ပါးပါ။ ဒီအကျင့် ရှစ်ပါးအားဖြင့် သံသရာက လွတ်ကြောင်း အကျင့်ကောင်းပါ။
ဒီလောက်ဆို ဗုဒ္ဓဘာသာနဲ့ ပါတ်သက်လို့ ဆဝါးမိမယ် ထင်ပါတယ်။ ဘာသာခြားများ Free thknker များရဲ့ မေးခွန်းတွေ ရှိရင် မေးနိုင်ပါတယ်လို့ ပြောရင်း နိဂုံးချုပ်ပါရစေ။
ဓမ္မမိတ်ဆွေများအနေနဲ့ ဒီစာကို ဖတ်ရတာသည် အလှူရှင်များကြောင့် ဖြစ်ပါတယ်။ မိတ်ဆွေများအနေနဲ့ ဒီစာကို သဘောကျတယ် အခြားလူများကိုလဲ ဖတ်စေချင်တယ်ဆိုရင် ကျနော်တို့ဆီဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ ဓမ္မဒါနသည် နိဗ္ဗာန်ကိုလှူသည် မည်၏ ဆိုတဲ့စကားရှိတာမို့ ကုသိုလ်ရဖို့ထက် မဂ်ဉာဏ်ကို ရည်စူးပြီး လှူဒါန်းစေလိုပါတယ်။ နောက်တချက်ကတော့ ဒီပို့စ် တခုထဲမဟုတ်ပဲ page မှာရှိတဲ့ အခြားပို့စ်များကိုလဲ အချိန်ပေးဖတ်စေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
cpoy:crd
&knowledge
07/09/2021
#ကမ္ဘာပျက်ခြင်း
****************
ဂေါတမဗုဒ္ဓဘုရား ပွင့်စဉ် အချိန်တစ်ခုက ဗုဒ္ဓနဲ့ ညီတော်အာနန္ဒာတို့ ဂိဇ္ဈကုဋ်တောင်ကို ရောက်ခဲ့စဉ်က တောင်ခြေက တီထွေးစုကြီးကို သွားမြင်တယ်။ တီထွေးတွေ များလွန်းလို့ အံ့သြပြီး ရှင်အာနန္ဒာက ဘုရားရှင်ကို ဒီ တီထွေးတွေအကြောင်း မေးလျှောက်တယ်။
ခု လူဖြစ်နေသူတွေဟာ လွန်ခဲ့တဲ့ သာသနာနှစ် (၂,၆၀၀)ခန့်က ဂိဇ္ဈကုဋ်တောင်မှာ တီထွေးဘဝနဲ့ အတူ ဆုံခဲ့ဖူးကြတယ်။
ဗုဒ္ဓက ...
❝ ချစ်သား အာနန္ဒာ၊ ဒီ တီထွေးတွေက ငါဘုရား ပရိနိဗ္ဗာန်စံပြီး သာသနာနှစ် (၅,၀၀၀)အတွင်း လူ့ပြည်မှာ လူဖြစ်ပြီး အချို့ ကျွတ်တန်း ဝင်ကြလိမ့်မယ်။
ဒီ တီထွေးတွေ လူဖြစ်တဲ့အချိန်မှာ ရုပ်ဝတ္ထုတွေက နတ်ပြည်အလား တိုးတက်မယ်။ လောဘ၊ ဒေါသ၊ မောဟတွေတော့ အားကြီးမယ်။
အချို့တွေက ငါဘုရားရဲ့ တရားတွေနာပြီး ကျွတ်တန်းဝင်ကြမယ်။ ကျန်လူများကတော့ ဒီ ဂိဇ္စျကုဋ်တောင်ခြေမှာပဲ တီထွေး ပြန်ဖြစ်မယ် ❞ လို့ အရှင်အာနန္ဒာကို ဗုဒ္ဓက ဟောပြ ခဲ့ဖူးတယ်။
ဂင်္ဂါဝါဠု သဲစုမက ပွင့်ပြီးတဲ့ ဘုရားရှင်တွေက သာသနာချန်တာ သိပ်မရှိပါဘူး။ ဂေါတမဘုရားရှင်သာ အခြေအနေ တစ်ခုကြောင့် သာသနာကို ချန်ခဲ့တာ … လူ့သက်တမ်း တစ်သောင်းတုန်းက ဘုရားက ပါရမီပြည့်လို့ ဘုရားဖြစ်ခွင့် ကြုံတယ်။
ပါရမီ ဖြည့်ဘက် သာဝကတစ်ချို့က ပါရမီမပြည့်သေးတာကြောင့် ဘုရားက အချိန် စောင့်ပေး ခဲ့ရတယ်။ ခု ဆုတ်ကပ်ကာလ အသက် တစ်ရာတမ်းရောက်မှ ဘုရားရော သာဝကတွေရော ပါရမီပြည့်ချင်းတူလို့ ဘုရား ဖြစ်ရတယ်။
ဒါပေမယ့် သက်တမ်းတိုလွန်းလို့ ဘုရားက သာဝကအကုန် ချေချွတ်ခွင့် မရခဲ့ပါဘူး။ အဲဒါကြောင့် ဘုရားကိုယ်စား ပူဇော်ဖို့ တရားစာပေနဲ့ စေတီလေးမျိုး ထားခဲ့တယ်။ သာသနာနှစ်(၅,၀၀၀) ပြည့်တဲ့အခါ ဘုရားချန်ထားခဲ့တဲ့ ဓါတ်တော် စေတီတွေက နိမ္မိရုပ်ပွားအဖြစ် စုပြီး တေဇောဓါတ်လောင်မယ်။ ( ဂေါတမဘုရားသာသနာ ကွယ်မယ်ပေါ့။ )
ခု လက်ရှိအချိန်မှာတော့ တီထွေးဘဝတွေကနေ လွတ်အောင် ရုန်းလို့ရတယ်။ ဘုရားကိုယ်စား ရုပ်ပွားတော် ဖူးခွင့် ရတယ်။ ဗုဒ္ဓ ပြောခဲ့တဲ့ စကား၊ ဟောခဲ့တဲ့ တရားတွေကို စာပေအဖြစ် ( ပိဋကတ်သုံးပုံ ) မှတ်တမ်းတင်ထားတာတွေကို ပူဇော်လို့ ရသေးတယ်။
ဗုဒ္ဓ လက်ထက်က ဥပသာလက အမည်ရှိတဲ့ ပုဏ္ဏားကြီး ဟာ ရာဇဂြိုလ်မြို့ကို ရံပတ်ထားတဲ့ တောင်(၅)လုံးထဲက ဂုဇ္စျကုဋ်တောင်ပေါ်ကို တက်သွားပြီး တောင်ထိပ်က မြေပြန့်လေးမှာ သူသေရင် သူ့ကို မြုပ်ဖို့ သားဖြစ်သူကို ပြတယ်။
ပြီးတာနဲ့ တောင်အောက်ကို ပြန်ဆင်းလာတဲ့အခါ ဘုရားရှင်နဲ့ တွေ့တယ်၊ အကျိုးအကြောင်း မေးပြီးတာနဲ့ ဘုရားရှင်ဟာ ❝ လူသေ မမြုပ်ဖူးသေးဘူး ❞ လို့ ပုဏ္ဏားကြီး ယူဆထားတဲ့ နေရာကို လိုက်ကြည့်ပြီး ...
❝ ပုဏ္ဏားကြီး၊ သင် ယခုညွှန်ပြသော နေရာ၌ " ဥပသာလက " ဟူသော အမည်ဖြင့် သင်၏ အလောင်းကောင်ပေါင်း တစ်သောင်းလေးထောင်တိတိ မီးသဂြိုလ်လောင်ကျွမ်း မြုပ်နှံခဲ့ဖူး လေပြီ။ ❞
လောက မြေအပြင်၌ လူသေကောင်ပုတ် မမြုပ်ဖူးသော နေရာဟူ၍ မရှိပေ။ တောင်ပေါ်က သုံးပေ၊ ခြောက်ပေ နေရာ ကွက်လပ်လေးမှာတောင် အလောင်းကောင်ပေါင်း " ဥပသာလက " အမည် တစ်ခုတည်းနဲ့တင် တစ်သောင်းလေးထောင် မြုပ်နှံပြီးသွားပြီ ဆိုတော့ တခြားနာမည်နဲ့၊ တခြား မြေပြန့်နေရာတွေမှာ ဘယ်လောက်ထိ သေခဲ့၊ မြှပ်နှံခဲ့မယ် ဆိုတာ သတိသံဝေဂ ယူသင့်ပါတယ်။
🌸 ကမ္ဘာပျက်တာနဲ့ ပတ်သက်ပြီး တပည့်တော်မ သိချင်ပါတယ် ဘုရား။ ယခုကမ္ဘာဟာ ဘဒ္ဒကမ္ဘာလို့ ဆိုပါတယ်။ ကမ္ဘာပျက်တာက ဘယ်လိုမျိုး ဖြစ်တာလည်း ဘုရား။ ဘာကြောင့် ကမ္ဘာပျက်ရတယ် ဆိုတာကိုလည်း သိချင်ပါတယ် ဘုရား။🙏🙏🙏
❝ ကမ္ဘာပေါင်းများစွာ ဖြစ်ပေါ် ခဲ့ပါတယ်။ ကမ္ဘာပေါင်းများစွာ ပျက်ခဲ့ပါတယ်။ ရေတွက်လို့ မရပါ။ ကမ္ဘာဟာ ရေတွက်လို့ မရသလို သတ္တဝါတစ်ယောက်ရဲ့ ဘ၀ဟာလည်း ရေတွက်လို့ မရအောင် များပြား လှပါတယ်။
ဘုရားတွေပွင့်တယ် ဆိုတာ သူ့ကမ္ဘာနဲ့သူ ပွင့်တာကို ပြောတာပါ။ ဒီ ဘဒ္ဒကမ္ဘာမှာ ဘုရား(၅)ဆူ ပွင့်ပြီး မပြီးမချင်း၊ ကမ္ဘာက မပျက်ပါဘူး။ ကမ္ဘာပျက်ပုံရယ် ဘာကြောင့် ပျက်ရတယ် ဆိုတာရယ်ကို ပေါင်းပြီး ဖြေပါမယ်။
တစ်ချိန်မှာ ဒီကမ္ဘာကြီးဟာလည်း ပျက်သုန်း လိမ့်မယ်။
မီး – ရေ – လေ တို့ကြောင့် ကမ္ဘာ ပျက်ရမယ်။
ကမ္ဘာပျက်တဲ့အခါမှာ မီးကြောင့် ပျက်တာလည်း ရှိတယ်၊ ရေကြောင့် ပျက်တာလည်း ရှိတယ်၊ လေကြောင့် ပျက်တာလည်း ရှိတယ်။
မီးကြောင့် (၇)ကြိမ်တိုင်တိုင် ပျက်ပြီးတဲ့အခါ (၈)ကြိမ်မြောက်တိုင်း၊ (၈)ကြိမ်မြောက်တိုင်းမှာ ရေကြောင့် ကမ္ဘာကြီး ပျက်ရ ပြန်တယ်။
ဒီနည်းအတိုင်း မီးကြောင့် (၇)ကြိမ်, ရေကြောင့် (၁)ကြိမ်၊ မီးကြောင့် (၇)ကြိမ်, ရေကြောင့် (၁)ကြိမ် ဆိုတဲ့ ဓမ္မတာအတိုင်း ကမ္ဘာကြီး ပျက်လာလိုက်တာ (၆၄)ကြိမ် ပြည့်တဲ့အခါ လေကြောင့်တစ်ခါ ကမ္ဘာကြီး ပျက်ရပြန်တယ်။
ဒါကြောင့် ဒီကမ္ဘာကြီးဟာ မီးကြောင့် ပျက်တဲ့အခါလည်း ပျက်တယ်၊ ရေကြောင့် ပျက်တဲ့အခါလည်း ပျက်တယ်၊ လေကြောင့် ပျက်တဲ့အခါလည်း ပျက်တယ်။
လိုချင်တဲ့ လောဘဓါတ်တွေ လူသားတွေရဲ့ သန္တာန်မှာ အားကြီး လာရင် ကမ္ဘာလောကကြီး အငတ်ဘေး ဆိုက်တယ်။
လောဘဓါတ်ဟာ ဒီထက်ပို၍ အားကြီးလာမယ် ဆိုရင် ကမ္ဘာလောကကြီးဟာ မီးလောင်ပြီး ပျက်စီး သွားရတယ်။ ကမ္ဘာဖျက်မီး လောင်ရင် မြေကြီးပါမကျန်အောင် လောင်ကျွမ်းတဲ့အတွက် အပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ပြည်(၆)ထပ်၊ ဗြဟ္မာဘုံ(၂၀)ထဲက ပထမစျာန် ဗြဟ္မဘုံ (၃)ဘုံ ပါသွားတယ်။
🔥 မီးကြောင့် ပျက်တဲ့အခါ ကာမ (၁၁)ဘုံနှင့် ရူပါ၀စရဗြဟ္မာ့ပြည်ထဲက ပထမစျာန် (၃)ဘုံအထိ အကုန်လုံး ပျက်ပါတယ်။
စိတ်ဆိုးတဲ့၊ အမျက်ထွက်တဲ့၊ ရန်ငြိုးဖွဲ့တဲ့ ဒေါသဓါတ်တွေဟာ လူသားရဲ့သန္တာန်မှာ အားကြီးလာရင် ကမ္ဘာလောကကြီးက လက်နက်ဘေး(စစ်ပွဲဘေး) ဆိုက်တယ်။ စစ်ပွဲမှန်သမျှဟာ ဒေါသကြောင့် ဖြစ်ရတာချည်းပါ။
💧 ရေကြောင့် ကမ္ဘာပျက်ပြီဆိုရင် အပ္ပါယ်(၄)ဘုံ၊ လူ့ဘုံ၊ နတ်ဘုံ၊ ပထမစျာန် ဗြဟ္မဘုံ(၁၁ )ဘုံ ရူပါ၀စရဗြဟ္မာ့ပြည်ထဲက ဒုတိယစျာန်(၃)ဘုံအထိ အကုန်လုံး ပျက်တယ်။
ဒီထက် ဒေါသဓါတ်တွေ များလာမယ် ဆိုရင် ကမ္ဘာလောကကြီးဟာ ရေတွေ လွှမ်းမိုးပြီး ပျက်စီး သွားရတယ်။
အမှန်ကို မသိတဲ့၊ တွေဝေတဲ့ မောဟဓါတ်တွေ လူသားတွေရဲ့ သန္တာန်မှာ အားကြီးလာမယ် ဆိုရင် ကမ္ဘာလောကကြီး ဟာ ရောဂါဘေးတွေ ဆိုက်တယ်။ ကပ်ရောဂါတွေဟာ မောဟဓါတ်ကြောင့် ဖြစ်လာတာပါ၊
ဒီထက် မောဟဓါတ်တွေ အားကြီးလာမယ် ဆိုရင် ကမ္ဘာလောကကြီးဟာ လေတွေ လွှမ်းမိုးပြီး ပျက်စီး သွားရပါတယ်။
💨 လေကြောင့် ကမ္ဘာပျက်ပြီ ဆိုရင် အပါယ်(၄)ဘုံ၊ လူ့ဘုံ၊ နတ်ဘုံ၊ ပထမစျာန် ဗြဟ္မာဘုံ (၃)ဘုံ၊ ဒုတိယစျာန် ဗြဟ္မာဘုံ(၃)ဘုံ၊ တတိယစျာန် ဗြဟ္မာဘုံ (၃)ဘုံ ထိ ပျက်စီး သွားပါတယ်။
ချစ်သားရဟန်းတို့ …
အကြင်အခါ ကာလ၌ မဟာသမုဒ္ဒရာကြီးသည် ခန်းခြောက်၍ သွားပေ၏။ အထူးထူး, အပြားပြား ခန်းခြောက်၍ သွားပေမည်။ ထိုကဲ့သို့သော အချိန်အခါမျိုးသည် ကမ္ဘာပျက်ခါနီးပြီ ဆိုတဲ့ အချိန်ကာလတစ်ခုသို့ ဆိုက်ရောက်လာပြီ။
ဆိုကြစို့ ..
အလွန်ကြီးကျယ်နေတဲ့၊ ရေထုထည် များပြားနေတဲ့ မဟာ သမုဒ္ဒရာကြီးတွေဟာ နေတွေ (၁)စင်းပြီး (၁)စင်း၊ (၁)စင်းပြီး (၁)စင်း ထွက်လာရာမှ နေ(၅)စင်းလောက် ထွက်လာပြီဆိုရင် မဟာသမုဒ္ဒရာရေတွေ အားလုံး ခန်းခြောက်သွားတယ်။ အဲဒီလို အချိန်အခါမျိုးဟာ တစ်ချိန်မှာ ကြုံကြ ရလိမ့်မယ်။
သံသရာခရီး မဆုံးသေးရင်တော့ မိမိတို့ကလည်း လူ့ဘ၀မှာပဲ တည်ရှိနေကြသေးတယ် ဆိုရင် ဒီဒုက္ခက မိမိတို့ ရင်ဆိုင် ကြရမည့် ဒုက္ခတစ်ခု ဖြစ်ပါတယ်။
နေ(၅)စင်း ထွက်လာလို့ မဟာသမုဒ္ဒရာရေတွေ ခန်းခြောက်သွားတဲ့ အချိန်အခါ ကာလတစ်ခု တစ်နေ့ ဖြစ်ပေါ်လာလိမ့်မယ်။ အဲဒီ အချိန်အခါမျိုးမှာသော်လည်း အဝိဇ္ဇာ နီ၀ရဏတရားက ပိတ်ဖုံး၊ ကာဆီးထားအပ်တဲ့ တဏှာတည်းဟူသော သံယောဇဉ်ကြိုးရဲ့ ရစ်ပတ်နှောင်ဖွဲ့မှုကို ခံနေရတဲ့ ဒီသတ္တဝါတွေရဲ့ သံသရာ၀ဋ်ဆင်းရဲ ဒုက္ခကြီးဟာ ကုန်ဆုံးသွားလိမ့်မယ် လို့ ငါဘုရား မဟောဘူး။
အဲဒီလို ကမ္ဘာကြီး ပျက်နေတာလည်း အန္တရကပ်ပေါင်း (၆၄)ကြိမ်လောက်ပဲ အချိန်ကာလ ကြာညောင်းပါတယ်။ ( သံ၀ဋ္ဋကပ် = ပျက်ဆဲကပ်လို့ ခေါ်ဆိုပါတယ်၊ ပရမာဏုမြူခန့် အမှုန်ကလေးတွေတောင် မကျန်ရအောင် အားလုံး ပျက်သွားတယ်။ )
ပျက်သွားပြီးတဲ့အခါ ဘာမျှမရှိဘဲ လဟာပြင် အတိုင်း တည်နေတာလည်း အန္တရကပ်ပေါင်း (၆၄)ကြိမ်လောက်ပဲ အချိန်ကာလ ကြာညောင်းပါတယ်။ သံ၀ဋ္ဋဌာယီကပ်လို့ ခေါ်ဆိုပါတယ်။ အပျက်အတိုင်း တည်နေတဲ့ ကပ်ပါ ပဲ။
တစ်ခါ ကမ္ဘာပြုမိုး ရွာတဲ့ အချိန်အခါက စပြီး နေ, လ, နက္ခတ်တာရာတွေ ထွက်လာတဲ့ အချိန်အထိ ကမ္ဘာကြီး တည်လာတာလည်း အန္တရကပ်ပေါင်း (၆၄)ကြိမ်လောက်ပဲ အချိန်ကာလ ကြာညောင်းပါတယ်၊ ဝိ၀ဋ္ဋကပ်လို့ ခေါ်တယ်။ ကမ္ဘာတည်နေဆဲ ကပ်ပါ ပဲ။
နေ, လ, နက္ခတ်တာရာတွေ ထွက်တဲ့ အချိန်အခါကစပြီး ကမ္ဘာကြီးပျက်တဲ့ အချိန်အထိ ကမ္ဘာကြီး တည်နေတာလည်း အန္တရကပ်ပေါင်း (၆၄)ကြိမ်လောက်ပဲ ကြာညောင်းပါတယ်၊ ဝိ၀ဋ္ဋဌာယီကပ်လို့ ခေါ်ဆိုပါတယ်။ တည်ပြီးအတိုင်း ဆက်လက် တည်ရှိနေတဲ့ ကပ်ပါပဲ။
ခုပြောခဲ့တဲ့ သံ၀ဋ္ဋ, သံ၀ဋ္ဋဌာယီ, ဝိ၀ဋ္ဋ, ဝိ၀ဋ္ဋဌာယီ လို့ ခေါ်တဲ့ ကပ်(၄)ကပ်ကို တစ်ကမ္ဘာလို့ ခေါ်ဆိုပါတယ်။
ဗြဟ္မာဘုံ ( ၁၁ )ဘုံ ကတော့ မီး၊ ရေ၊ လေ ဘာပဲဖျက်ဖျက် မပျက်ဘဲ ကျန်ခဲ့ပါတယ်။
ကမ္ဘာလောကမှာ လူ, စဖြစ်တယ် ဆိုတာ အဲဒီ ကျန်ခဲ့တဲ့ ဗြဟ္မာဘုံ ( ၁၁ )ဘုံက ဗြဟ္မာတွေ ဗြဟ္မာသက်ကုန်လို့ သေပြီး လူ့ဘ၀ ရောက်ရာကနေ စကြတာပါပဲ။
အကျဉ်းချူပ်လိုက်ရင်တော့ ဘာကြောင့် ကမ္ဘာ ပျက်ရတာလဲ ဆိုရင် လူသားတွေရဲ့ သန္တာန်မှာ ဖြစ်ပေါ် လာတဲ့ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ ကိလေသာတွေကြောင့်ပါ ပဲ။ ဒါကြောင့် လောဘကုန်ဖို့အတွက် ဒါန များများပြု … ဘာ၀နာ ပွါးပါ … ဝိပဿနာတရား နာကြားပါ၊ ရှုပါ။
ဒေါသကုန်ဖို့ အတွက် မေတ္တာဘာ၀နာ အမြဲ ပွါးပါ။
မောဟကုန်ဖို့ အတွက် ရဟန္တာဖြစ်တဲ့ အထိ ဝိပဿနာတရားကို နာကြား ရှုပွါးပါ။ ❞
ဘယ် ဆက်ရမလဲ ?
~~~~~~~~~~~~~
အဝိဇ္ဇာနီ၀ရဏ ပိတ်ဖုံး ခံနေရတဲ့ သတ္တဝါတွေအဖို့ တဏှာတည်းဟူသော သံယောဇဉ်ကြိုးဖြင့် ရစ်ပတ်နှောင်ဖွဲ့ ခံနေရတဲ့ ဒီသတ္တဝါတွေအဖို့ ရှေ့သံသရာခရီးက ဆီးကြို နေပါတယ်။
❝ န တွေဝါဟံ ဘိက္ခဝေ အဝိဇ္ဇာနီ၀ရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ သန္ဓာ၀တံ သံသရတံ ဒုက္ခဿ အန္တကိရိယံ ၀ဒါမိ။ ❞ 🙏🙏🙏
❝ ဘိက္ခဝေ ချစ်သားရဟန်းတို့ ...
ထိုကဲ့သို့သော အချိန်ခါမျိုး၌ သော်လည်းပဲ အဝိဇ္ဇာ နီ၀ရဏတရားသည် ပိတ်ဖုံးကာဆီး အပ်ကုန်သည်ဖြစ်၍၊ တဏှာတည်းဟူသော သံယောဇဉ်ကြိုးက ရစ်ပတ် နှောင်ဖွဲ့ထားအပ်ကုန်သည် ဖြစ်သောကြောင့် ထိုဘ၀မှ ဤဘ၀, ဤဘ၀မှ ထိုဘ၀သို့ တပြောင်းပြန်ပြန် ကျင်လည်ကျက်စား ပြေးသွား၍ နေကြရကုန်သော ...
တစ်ခုသော ဘ၀၌လည်းပဲ ထပ်ကာထပ်ကာ ကျင်လည်ကျက်စား ပြေးသွား၍ နေကြရကုန်သော သတ္တဝါတို့၏ သံသရာ ၀ဋ်ဆင်းရဲ ဒုက္ခ၏ အဆုံးအပိုင်းအခြား ပြုခြင်းကို ငါဘုရားသည် ဟောတော် မူသည်သာလျှင်တည်း။ ❞
&knowledge
Cred :
#ဦးမြင့်ခိုင်, & SAI MYO WIN
https://www.facebook.com/sai.myowin.731
04/09/2021
မြန်မာနိုင်ငံမှာ
ဒီလိုတော်တဲ့ ပန်းချီဆရာတစ်ယောက်ရှိတာ ဂုဏ်ယူစရာပါ...😍
လေးစားရပါသော
ဆရာ ကြည်လှိုင်အောင် 👨🏻🎨
ဖိုတို ခရက်ဒစ်
&knowledge
31/08/2021
#ပြီးစီးမှုများနဲ့အချောသတ်လေပြီ... ရခိုင်ပြည် မအီမြို့
မြောက်ဦးဆရာတော်ကြီး၏ သက်တော် ၆၂နှစ်ပြည့်မွေး နေ့အတွက် မအီမြို့ရတနာ့မာရ်အောင်ကျောင်းတွင်တည် ထား ကိုးကွယ်နေသည့် ကျောက်ကို ထွင်းထုထားသော လျှောင်းတော်မူဘုရားအား မအီ နယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ဘုရားရေသပ္ပါယ်ပေးခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်ခြင်းများကို မနေ့ကပြု
လုပ်ခဲ့ကြပါသည်..
#မကြာမီပင် ကြည်ညိုသပ္ပါယ်စွာ ဖူးတွေ့နိုင်ကြတော့
မည်ဖြစ်ပါကြောင်း သတင်းစကားကောင်းကို မျှဝေတင်
ပြပေးလိုက်ရပါသည်... ။
#မအီခြေတော်ရာ ဘုရားကြီး