14/02/2022
အော်တိုကားတွေပေါ် မှာတွေ့ရမှာက
P R N D 2 L
P က Park၊ N က Neutral သို့မဟုတ် No Gear၊ D က Drive၊ R က Reverse၊ L က Low ဆိုပြီး တွေ့မှာပါ
P ကတော့
အလွယ်ဆုံးနဲ့ အတိုဆုံးပြောရမယ်ဆိုရင်တော့ P က ကားရပ်ထားချိန် ရွေ့မသွားစေဖို့ သုံးတာပါ။ P Position မှာ ဂီယာမောင်းတံထားရင် ကားရွေ့မရတာက ဘာလို့လဲဆိုတော့ အော်တိုဂီယာဘောက်ထဲမှာ ဂီယာမိန်းရှပ် (Output Shaft) ကို Lock လုပ်ထားတဲ့ ပင်နယံ (Pinion) နဲ့ Lock Switch တွေကြောင့်ဖြစ်ပါတယ်။ Lock Switch က ဂီယာမောင်းတံကို P မှ ရွှေ့လိုက်တာနဲ့ Lock အထိန်းဖြုတ်ပေးပါတယ်။ ပြီးရင် P ကို ပြန်ရောက်တာနဲ့ စပရိန်အားကြောင့် အလိုအလျောက် Lock Switch အလုပ်လုပ်ပြီး ရပ်ထားချိန် ကားနေရာမရွေ့အောင် ထိန်းပေးပါတယ်။ ဒါပေမဲ့ အတက်အဆင်းတွေမှာ ကားရပ်ထားရင် လက်ဆွဲဘရိတ် (Parking Brake သို့မဟုတ် Hand Brake) ပါသုံးပါ။ တချို့ကားတွေမှာ Parking Brake ဟာ ခြေနင်းအသေးလေးနဲ့ ဘယ်ဘက်မှာပါတတ်ပါတယ်။ ဂီယာမောင်းတံကို P မှာထားမှ သော့ဖြုတ်လို့ရတဲ့ ကားတွေလည်း ရှိပါတယ်။
N ကတော့
P မှာထားမှ သော့ဖြုတ်လို့ရသလို တချို့ကားတွေကလည်း N ဂီယာမှာထားမှ သော့ဖြုတ်နိုင်တဲ့ ကားတွေလည်း အော်တိုဂီယာကားတွေမှာ ရှိတတ်ပါတယ်။ N ကို နိုင်ငံအလိုက် ဖရီးဂီယာ (No Gear) လို့ သုံးကြပါတယ်။ ဘယ်ဂီယာမှ မဝင်တဲ့အတွက်ကြောင့်ပါ။
R ဂီယာကို မြန်မာနိုင်ငံမှာ ဘက် (Back) ဂီယာလို့ ခေါ်ကြပါတယ်။ Reverse ဂီယာလို့ မခေါ်ကြပါဘူး။ R ဂီယာကို ကားနောက်ဆုတ်ဖို့အတွက် သုံးပါတယ်။
D ဂီယာက အသုံးများပါတယ်
D ဂီယာတွေကို ရှေ့ကိုမောင်းဖို့အတွက် သုံးကြလို့ပါ။
နံပါတ် ၁ ဂီယာကစပြီး အရှိန်အများဆုံးဂီယာအထိ အလိုအလျောက် ကားအရှိန်ကိုလိုက်ပြီး KD (Kick Down Switch)၊ Engine Control Unit(ECU)၊ TPS (Throttle position sensor)၊ Speed Meter Sensor၊ TCU (Transmission Control Unit Box) တွေက Solenoid တွေကို အလုပ်လုပ်စေပြီး ဂီယာချိန်း (Change) ပေး၊ ဒေါင်း (Down) ပေးပါတယ်။ ဂီယာတစ်ခုမဝင်ဘဲ မောင်းနေဆဲ ဂီယာမချိန်း၊ မဒေါင်းပေးပါဘူး။ ဂီယာထည့်ကာ မောင်းနှင်နေချိန် ဖရီး ဖြစ်သွားတယ်မရှိပါဘူး။
ဂီယာနံပါတ် ၁ ကနေ ၃ အထိ ကားအရှိန်လိုက်ပြီး ဂီယာအတင်အချပြုလုပ်ကာ ချိန်းပေး၊ ဒေါင်းပေးပါတယ်။ သိပ်မမြင့်တဲ့တောင်တက်၊ တောင်ဆင်းတွေ၊ Off-Road တွေနဲ့ Sport ကားတွေမှာလည်း သုံးကြပါတယ်။ Sport မောင်းရင် (၃) ဂီယာနဲ့ လီဘာ (Accelerator Pedal) ကို နင်းပြီး ကိုယ်လိုချင်တဲ့ အရှိန်ရောက်မှ (D) ကို ပြောင်းထည့်ပါ။ ECT Power Switch ပါတဲ့ ကားတွေမှာ Sport မောင်းတဲ့အခါ Power မှာထားပြီး မောင်းကြပါတယ်။
ဂီယာနံပါတ် ၁ ကနေ ၂ အထိ ကားအရှိန်လိုက်ပြီး ဂီယာပြောင်းပေးပါတယ်။ မြင့်မားတဲ့တောင်တွေ၊ ကုန်းတွေမှာ အတက်အဆင်းလုပ်တဲ့အချိန်မှာ သုံးပါတယ်။ ပြီးတော့ နှင်းအရမ်းကျတဲ့ နိုင်ငံတွေမှာဆိုရင် နှင်းထဲမှာ မောင်းဖို့အတွက် သုံးကြပါတယ်။
L (Low) ဂီယာတွေကို ရွှံ့ထဲရုန်းတဲ့အခါတွေ၊ အလွန်မြင့်မားတဲ့တောင်တွေကို ဝန်အလေးနဲ့ အတက်အဆင်းလုပ်တဲ့အခါတွေမှာ သုံးပါတယ်။ နံပါတ် ၁ ဂီယာတစ်ချက်တည်းဖြစ်ပြီး ဂီယာမချိန်းတော့ပါဘူး။
အချို့အော်တိုဂီယာတွေမှာ Manual စနစ်နဲ့ မောင်းနှင်နိုင်ဖို့အတွက် ဂီယာမောင်းတံ ဘေးဘယ်ညာမှာ အပေါင်း၊ အနုတ်နဲ့ အကွက်လေးတွေ ပါပါတယ်။ Manual မှာ ထားမောင်းရင် ဂီယာ ၁၊ ၂၊ ၃၊ ၄၊ ၅ သို့ပြောင်းရာမှာ အပေါင်းဘက်ကို တစ်ချက်ချင်းတွန်းပြီး ဂီယာချိန်းပေးရတယ်။ အလိုအလျောက် မချိန်းပါဘူး။ သတ်မှတ်အရှိန်မရှိသေးရင် ၂၊ ၃၊ ၄၊ ၅ မဝင်ပါဘူး။ သူ့သတ်မှတ်အရှိန်ရောက်မှ ဂီယာဝင်တာပါ။ အနုတ်ဘက်ကို တစ်ချက်တွန်းရင် ဂီယာ ၅၊ ၄၊ ၃၊ ၂၊ ၁ ကို တစ်ချက်ချင်း ဒေါင်းပေးပါတယ်။ ဘရိတ်နင်းရင်လည်း သတ်မှတ်အရှိန်အတိုင်း အလိုအလျောက် ဒေါင်းပေးပါတယ်။ Manual နဲ့ မောင်းနိုင်ရင် ဆီစားအနည်းငယ်သက်သာပါတယ်။
ECT ဆိုတာက Electronically Control Transmission ပါ။ ECT Power Switch ရဲ့ အလုပ်လုပ်ပုံက Switch Power On လုပ်ထားရင် Auto Transmission ကို Full Hydraulically ဖြစ်အောင် ဂီယာဘောက်မှာရှိတဲ့ ှSpeed Sensor နဲ့ Throttle Position Sensor၊ ECU၊ ECT တို့ရဲ့ ထိန်းချုပ်မှုနဲ့ Throttle Idle Plate Valve ကို ပုံမှန်ထက် ၁၀ ရာခိုင်နှုန်းကျော်ဖွင့်ပေးပြီး Engine Power နဲ့ Auto Transmission Power ကို အပြည့်အဝဖြစ်အောင် အသုံးချတာပါ။ ဂီယာ ၁၊ ၂ မှာ အလုပ်မလုပ်သေးဘဲ ၃၊ ၄ နဲ့ ၅ (ပါတဲ့ကား) ဂီယာတွေမှသာ အလုပ်လုပ်တာပါ။ အင်ဂျင်စွမ်းရည် အမြင့်ဆုံးနဲ့ ဂီယာစွမ်းရည် အမြန်ဆုံးရအောင် သုံးတာပါ။ ှSport တွေနဲ့ တောင်တက်မှာ သုံးတာပါ။ ဒီဂီယာက ဆီအနည်းငယ် ပိုစားပါတယ်။
အော်တိုဂီယာကို မောင်းမယ်ဆိုရင် ဘယ်ဘက်ခြေထောက်ကို လုံးဝမေ့ထားသင့်ပါတယ်။ ညာဘက် ခြေထောက်တစ်ဖက်တည်းနဲ့ပဲ လီဘာ (Acce- lerator Pedal) နဲ့ ဘရိတ် (Brake Pedal) ကို အသုံးပြုသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လီဘာမှာ KD (Kick Down Switch) လို့ခေါ်တဲ့ ဂီယာအချိန်းအပြောင်းကို အင်ဂျင်အပတ်ရေ (RPM) နဲ့ ထိန်းချုပ်ထားပြီး ဘရိတ်မှာတော့ STP (Stop Light Switch) ရှိနေပါတယ်။ KD မီးကြိုးရော၊ STP မီးကြိုးရော၊ ECU(Engine Control Unit)၊ ECM (Engine Control Module) Box လို့ခေါ်တဲ့ အင်ဂျင်ကွန်ထရိုးဘောက်ထဲကို ဝင်ပါတယ်။
KD မီးရဲ့အလုပ်လုပ်ပုံက လီဘာနင်းချိန် အင်ဂျင်အပတ်ရေပြည့်ရင် မိုင်နှုန်းပြမီတာ (Speed Meter) ရဲ့ထိန်းချုပ်မှု၊ အင်းလက်လေထိန်းတံခါး ဆင်ဆာ (Throttle Position Sensor) တွေရဲ့ ထိန်းချုပ်မှုနဲ့ လိုသလို ဂီယာအချိန်းအပြောင်းလုပ်ပေးပါတယ်။ STP ကတော့ ဘရိတ်နည်းနည်း နင်းလိုက်လို့ ECU ထဲကို မီးဝင်သွားတာနဲ့ အင်ဂျင်အပတ်ရေ တစ်ထောင်အောက်အထိ ဆီဖြတ်ပစ်ပါတယ်။ ထပ်နင်းလိုက်ရင် Speed Meter ရဲ့ တွက်ချက်မှုအရ ဂီယာကို ဒေါင်းပေးပါတယ်။ နောက်ထပ် လုပ်ဆောင်ချက်တစ်ခုက Automatic Transmission Lock Up Torque Converter လုပ်ပြီး ကားရဲ့ မောင်းနှင်နေတဲ့ အော်တိုဂီယာစနစ်ကို အမြန်ဆုံး ရပ်ပစ်တာပါ။ အရှိန်ကိုလိုက်ပြီး ဂီယာကို လိုရင်လို သလို တစ်ချက်ချင်းဒေါင်းပေးပြီး အမြန်လိုအပ်ရင် နံပါတ် ၁ ဂီယာအထိ အမြန်တစ်ခါတည်း ဒေါင်းပေး ပါတယ်။ အခုခေတ်မော်ဒယ်မြင့်ကားတွေမှာတော့ Two Step Break Switch တွေကို သုံးပါတယ်။
ဘယ်ခြေထောက်ကို မေ့ထားပါ
ဒါကြောင့် ဘယ်ဘက်က ဘရိတ်ပေါ်ခြေထောက်တင်ထားပြီး ညာဘက်က လီဘာနင်းနေရင် ကားရဲ့ အင်ဂျင်ထိန်းချုပ်မှုစနစ် အော်တိုဂီယာထိန်းချုပ်မှု စနစ်တွေ ရှုပ်ထွေးကုန်ပြီး ဂီယာရော အင်ဂျင်ပါနာပြီး ပျက်တတ်ပါတယ်။ အော်တိုဂီယာကားတိုင်းလိုလို ဘယ်ဘက်ခြေထောက်တင်ဖို့ကို ဘရိတ်ဘယ်ဘက် အစွန်မှာထားပေးတတ်ပါတယ်။ ဒါကြောင့် အော်တိုဂီယာကားကို မောင်းနှင်ရင် ညာဘက်ခြေထောက် တစ်ချောင်းထဲနဲ့ပဲ မောင်းနှင်ရမယ်လို့ ကားကုမ္ပဏီတွေက အတိအကျညွှန်ကြားထားပါတယ်။ ဒါကြောင့် အော်တိုဂီယာမောင်းမဲ့သူတွေအနေနဲ့ ဘယ်ခြေထောက်ကို မေ့ထားလိုက်ပါ။
ဒီနေရာမှာ ပြဿနာရှိတာက မန်နျူရယ်ဂီယာ မောင်းနေရာကနေ အော်တိုဂီယာပြောင်းမောင်းတဲ့ သူတွေအတွက်ပါ။ မန်နျူရယ်မောင်းတဲ့ သူတွေအနေနဲ့ ဘယ်ခြေထောက်ကို မဖြစ်မနေအသုံးပြုရ (ဘယ်ဘက်က ကလပ်နင်းရ) တဲ့အတွက် အော်တိုဂီယာ မောင်းရင်လည်း ဘယ်ဘက်ကိုသုံးတဲ့အကျင့် ဆွဲကပ်နေတတ်ပါတယ်။ ဒီလိုဆိုရင် ဘယ်ဘက်ကို တတ်နိုင်သမျှ မေ့ထားဖို့လိုပါတယ်။ ညာမောင်းကနေ ဘယ်မောင်းပြောင်းမောင်းရင် တွေ့တတ်တဲ့ အခက်အခဲလိုမျိုးပါပဲ။ ဒီပြဿနာဟာလည်း အော်တိုဂီယာအမောင်းကြာသွားလို့ မေ့မေ့ဖျောက်ဖျောက်နဲ့ ဘယ်ခြေထောက် မသုံးမိတော့ရင် ပျောက်သွားမယ့် အကျင့်တစ်ခုပါပဲ။
အော်တိုဂီယာတွေ အလုပ်လုပ်ပုံ
နောက်တစ်ခုက အော်တိုဂီယာတွေ ဘယ်လို အလုပ်လုပ်လဲကြည့်ရအောင်။ အော်တိုဂီယာတွေက Hydraulically လို့ခေါ်တဲ့ ဆီဖိအားစနစ်နဲ့ကားကို ရွေ့လျားစေတာပါ။ အော်တိုဂီယာဆီပန့် (Oil Pump) မှာ ဖရုံသီး (Converter) အဝင် ဂီယာရဲ့ Input Shaft မှာ ထိုင်ထားပါတယ်။ ဆီမရှိရင် ကလပ်ပလိပ်ပြားတွေကို ဆီနဲ့ ဖိအားမပေးနိုင်လို့ ကားမသွားပါဘူး။ ဆီနည်းနေရင်လည်း ပုံမှန်လောက်ကားမဆွဲပါဘူး။ ဆီများပြန်ရင်လည်း အော်တိုဆီအရမ်းပူပြီး ဂီယာ ကလပ်ပြားလေးတွေ ပျက်တတ်ပါတယ်။ ဂီယာအချိန်း အပြောင်းလုပ်တာကတော့ အပေါ်ကပြောတဲ့အတိုင်း KD မီးရဲ့ ကြိုးက လီဘာနင်းချိန် အင်ဂျင်အပတ်ရေ ပြည့်ရင် မိုင်နှုန်းပြမီတာ (Speed Meter) ရဲ့ထိန်းချုပ်မှု အင်းလက်လေထိန်းတံခါးဆင်ဆာ (Throttle Position Sensor) တွေရဲ့ ထိန်းချုပ်မှုနဲ့ လိုသလို ဂီယာအချိန်းအပြောင်း လုပ်ပေးဖို့ကို ECU Box ကနေ TCU(Transmission Control Unit) ကို D1၊ D2၊ D3၊ D4၊ D5 ဆိုပြီး အမြင့်ဆုံးပါတဲ့ ဂီယာအထိ မီးကြိုးတွေနဲ့ ထိန်းချုပ်အလုပ်လုပ်ပါတယ်။ တချို့မော်ဒယ်မြင့်ကားတွေမှာ CU Control Box နဲ့ အော်တိုဂီယာထိန်းချုပ်မှုစနစ် ပါပါတယ်။ အော်တိုဂီယာတွေမှာ ဆီမကောင်းရင် ဂီယာပျက်တတ်သလို ATF နဲ့ CVT မှားရင်လည်း ဂီယာပျက်တတ်ပါတယ်။ အော်တိုဂီယာနဲ့ CVT(Continuously Variable Transmission) ကို ကျွမ်းကျင်သူတွေဆို ဂီယာအပြင်ပိုင်းနဲ့ ဂီယာမောင်းတံ (Shift Lever) ကို ကြည့်ပြီး ခွဲနိုင်သလို ဆီတိုင်းတံမှာ အော်တိုဆီဆိုရင် ATF လို့ ရေးထားပြီး CVT Gear ဆိုရင် CVT လို့ ခွဲခြားရေးထားပေးပါတယ်။
ဂီယာမောင်းတံ (Shift Lever) ဘယ်လိုသုံးလဲ
အော်တိုဂီယာတွေမှာ OD Button ပါတဲ့ ကားတွေရှိသလို လုံးဝမပါတဲ့ ကားတွေလည်းရှိပါတယ်။ တချို့ကားတွေက ဂီယာမောင်းတံ (Shift Lever) မှာ OD လုံးဝမပါတဲ့ကားတွေပါ။ Shift Lock Button ပါတဲ့ ကားတွေရှိသလို Shift Lock Button လုံးဝမပါတဲ့ကား Shift Lock ကို ကားသော့ထည့်ပြီး သုံးရတဲ့ကားတွေလည်းရှိပါတယ်။ တန်ဖိုးကြီးကားတချို့မှာတော့ လုံးဝမထည့်ထားပါဘူး။ ကားလုံခြုံရေးအတွက် သော့ဖွင့်ပြီး ဘရိတ်နင်းမှ ဂီယာထည့်လို့ရအောင် လုပ်ထားပေးပါတယ်။ ဂီယာမောင်းတံရွှေ့ရာတွင် Release Button လို့ ခေါ်တဲ့ ဂီယာမောင်းတံဘေးကခလုတ်ကို နှိပ်မှ ရွှေ့ပြောင်း ဂီယာထည့်ရတဲ့ ကားတွေရှိသလို Release Button ခလုတ်မပါဘဲ ရွှေ့ပြီးရတဲ့ ဂီယာမောင်းတံတွေလည်း ရှိပါတယ်။ Shift Lock ဆိုတာ အော်တိုဂီယာကားတွေမှာ ဂီယာမောင်းတံကို P Position ကနေ စက်နှိုးပြီး ဘရိတ်မနင်းဘဲ ကျန်တဲ့ ဂီယာတွေကို ထည့်မရအောင် အထိန်းသဘောမျိုး ထည့်ထားပေးခြင်းဖြစ်ပါတယ်။ ဘရိတ်နင်းလိုက်ချိန်မှာ ဘရိတ် (Brake Pedal) နင်းတံအတွင်းဘက်မှာ တပ်ဆင်ထားတဲ့ ဘရိတ်မီးခလုတ် (Brake Pedal Switch) ကတစ်ဆင့် Relay သို့ မီးပေးကာ shift Lock Solenoid ခလုတ်ကို ဖွင့်ပေးပါတယ်။ ဒါကြောင့် ဘရိတ်နင်းမှ ဂီယာမောင်းတံ ပြောင်းလို့ရတာပါ။ ဘရိတ်နင်းပေမယ့် ဂီယာတံ
နေရာပြောင်းမရခြင်းဟာ ဘရိတ်မီးအဝင် Fuse ပြတ်တာ၊ Brake Pedal Switch မကောင်းတာ၊ Shift Lock Solenoid အလုပ်မလုပ်တာတွေကြောင့် ဖြစ်ပါတယ်။
Chit Thu
School-ကားမောင်းသင်တန်း
15/08/2021
ကားအောက်ပိုင်းကြံ့ခိုင်မှုအတွက်
အမြဲတမ်းသတိပြုသင့်သော အချက်များ
======================
ကားရဲ.အကြီးမားဆုံးပြဿနာရယ်လို့ ဆိုလိုက်ရင်
တော်တော်များများ က အင်ဂျင်ပိုင်းဆိုင်ရာ
ဂီယာပိုင်းဆိုင်ရာ ပြဿနာတွေကို ပြေးမြင် တတ်ကြပါတယ်၊
တကယ်တော့ အင်ဂျင်ရောဂါပိုင်းဆိုင်ရာ တွေကဖြေရှင်းရခက်ခဲပြီး
ငွေကုန်ကြေးကျများတဲ့ ရောဂါတွေဖြစ်ပေမယ့်၊
သင့်ကားနဲ့ သင်ရဲ့ အသက် အန္တရာယ်အထိ
အကြီးမားဆုံး ဒုက္ခပေးနိုင် တာကတော့ Suspension ပိုင်းလို့ခေါ်တဲ့
သင့်ကား အောက်ပိုင်း ရောဂါတွေပါ။
ဥပမာပြောရရင် အဝေးပြေးလမ်းကြောင်းခရီးသွားဖို့ ရှိတယ်။
ဒါမှမဟုတ် ကားကို မိုင်နှုန်းမြင့် မောင်းတော့မယ်ဆို
ကားအောက်ပိုင်းတွေကို အဲ့ဒါကြောင့် အဓိက စစ်ဆေးကြတာပါ။
ဘာကြောင့်လဲဆိုရင် အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်နေတဲ့ကားတစ်စီးဟာ
အင်ဂျင်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ရုတ်တရက် စက်ထိုးရပ်သွားရင်၊
သင့်ခရီးလမ်းမှာ စိတ်အနှောက်အယှက်ဖြစ်မယ်၊
ယုတ်စွအဆုံး အင်ဂျင်တစ်လုံး လဲလိုက်ရတာကလွဲလို့ ကျန်တာမဖြစ်နိုင်ပါ ။
ဒါပေမယ့် ကားအောက်ပိုင်း Suspensionပိုင်းက ပစ္စည်းတွေ
ပျက်နေတာ သတိမပြုမိလို့ ကားမောင်းနေတုန်း ပြုတ်ထွက်သွားမယ်၊
ကျိုးပဲ့သွား မယ်ဆိုရင် သင့်ကားမှောက်နိုင်ပြီး
သင့်အသက်အန္တရာယ်အထိ ထိခိုက်လာနိုင်ဖွယ်တွေ ရှိပါတယ်။
ဒါကြောင့် သင်နဲ့ သင့်ကားရဲ့ လုံခြုံစိတ်ချရမှု Safety အတွက်
သင်ကိုယ်တိုင် သတိပြုနိုင်တဲ့
ကားအောက်ပိုင်းရောဂါလက္ခဏာတွေကို
အကျဉ်းချုပ်တင်ပြပေးပါ့မယ်။
ကားအောက်ပိုင်း (Suspension )ကို အဓိကအားဖြင့်
အောက်ပါ ပစ္စည်းများဖြင့် ဖွဲ့စည်းထားပါတယ်။
( Tie rod ) တိုင်းရော့
( Tie rod end or Rack End ) မိန်းလုံး
( Ball Joint ) ဘောလ်ဂွိုင့်
( Constant Velocity -CV Joint ) ဒူးဆစ်
(Stabilizer Bar ) နှုတ်ခမ်းမွှေးလိုင်း
(Shock Absorber ) ရှော့ခ်ဘား
(Upper Arm ) အပေါ်လက်ဝါး
(Lower Arm ) အောက်လက်ဝါး
(Coil Spring ) ကွိုင်စပရင်
(Rubber Bushing ) ရာဘာဘွတ်
(Bellows ) သဲကာ
အစရှိတဲ့ အခြေခံပစ္စည်းတွေနဲ့ ဖွဲ.စည်းထားပြီး ကားအမျိုးအစား မော်ဒယ် အမျိုးအစား ထုတ်လုပ်တဲ့ ကုမ္ပဏီပေါ် မူတည်ပြီး အောက်ပိုင်းပစ္စည်း အစိတ်အပိုင်းတွေ အများကြီး ပါဝင်ပါသေးတယ် ။
အဲ့ဒီပစ္စည်းတွေနဲ့ အဓိကတွဲဖက် အလုပ်လုပ်နေတာကတော့
Brake System ဘရိတ်အဖွဲ့အစည်းတွေနဲ့ တာယာတွေပါ ။
(၁) တိုင်းရော့ (Tie rod )နဲ့
မိန်းလုံး(Tie rod end or Rack End) မကောင်းရင်
ဘယ်လို ရောဂါလက္ခဏာတွေ ပြမလဲ
တိုင်းရောနဲ့ မိန်းလုံးမကောင်းရင်ဖြစ်တတ်တဲ့
ထင်ရှားတဲ့ လက္ခဏာ ကတော့
သင်ကားကို အရှိန်ဖြည်းဖြည်းနဲ့ မောင်းနေတဲ့အခါမျိုး
ဒါမှ မဟုတ် ကားကို ရုတ်တရက် ထောင့်ချိုးကွေ့ လိုက်တဲ့အခါမျိုးမှာ
အရှေ့ဖက်အစွန်းဆုံးဆီကနေ ဒုတ် ဒုတ် မြည်သံထွက်လာမယ်။
လာထုနှက်တဲ့ အသံမျိုး ထွက်နေမယ်ဆိုရင်
သင့်ကားရဲ့ တိုင်းရော့နဲ့ မိန်းလုံးတွေ ချို့ယွင်းနေပါပြီ။
နောက်တစ်ချက် က သင်ကားမောင်းနေ တဲ့အချိန်၊
ကားဘရိတ်အုပ်လိုက်တဲ့ အချိန်မှာ
ကားက တဖက်ဖက်ကို ဆွဲနေမယ်။
ဒါ့အပြင် ကားတာယာတွေက အတွင်းဖက်ကိုဖြစ်စေ
အပြင်ဖက်ကိုဖြစ်စေ ဘက်မညီမမျှ စားသွားမယ်ဆိုရင်လည်း
အဲ့ဒါ တိုင်းရော့နဲ့ မိန်းလုံးမကောင်းတဲ့ရောဂါလက္ခဏာပါ။
တိုင်းရော့နဲ့ မိန်းလုံးဆိုတာကတော့ ကားအောက်ပိုင်းမှာ
ပျက်စီးမှု အများဆုံး ပစ္စည်းပါ။
တိုင်းရော့ ကျိုးပိုင်းလို့၊ပြုတ်ထွက်လို့ တောင်တက်တို့
အဝေးပြေးတို့မှာ အသက်အန္တရာယ် ကြုံရတဲ့အထိ
ဒုက္ခရောက်ရတဲ့ ကားတွေရှိဖူးပါတယ် ။
ဒီတော့ အခုဖော်ပြထားတဲ့ ရောဂါ လက္ခဏာလေးတွေ
တွေ.ရင် မြင်ရင် ကြားရင် ကြီးကြီးမားမား ပျက်စီးမှု မဖြစ်ခင်
ဝပ်ရှော့သွားပြီး တိုင်းရော့နဲ. မိန်းလုံးကို အသစ်လဲတန်လဲ ၊
Press ခုံမှာနင်းပြီး ပြန်သုံးတန်သုံးဖို့ လိုအပ်နေပါပြီ။
(၂) Ball Joint မကောင်းရင်
ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ
Ball Joint မကောင်းရင် ဖြစ်တတ်တဲ့ လက္ခဏာတွေက
သင့်ကား အောက်ဘက်ထောင့်ဆီကနေ
တစ်ချက်တစ်ချက်၊ အသံခပ်မျှဉ်းမျှဉ်း ထုနှက်သံမျိုးတွေ ထွက်တတ်တယ်။ အထူးသဖြင့် လမ်းအတိမ်းအ စောင်း ဖြစ်နေတဲ့နေရာတွေတို့
ချိုင့်ခွက်တွေထဲတို့ မှာ မောင်းလိုက်ရင်
အဲဒီအသံက ထွက်လာတယ်ဆိုရင်
အဲဒါ Ball Joint မကောင်းတဲ့ လက္ခဏာပါပဲ ။
ပြောရရင် သံကိုတူနဲ့ ထုတဲ့ အသံမျိုးနဲ့ဆင်ပါတယ် ။
Ball Joint က သင့်ကားဘီးရဲ့ ဘယ်ညာအကွေ့အထိန်းတွေမှာ
အဓိကထိန်းပေးထားတာမို့၊ Ball Joint မကောင်းဘူးဆိုတာနဲ့
သင့်ကားစတီယာရင် ( Steering ) ကို လာပြီး
သက်ရောက်မှုတွေ ရှိလာပါမယ်။
ဖြစ်လာနိုင်တာကသင့်ကားစတီယာရင်
မာပြီးလှည့်ရတာ ခက်သွားမယ်၊ ဒါမှမဟုတ် အရမ်းပေါ့ရွှတ်ပြီး
ထိန်းရခက်သွားမယ်။ လမ်းအဖြောင့်မောင်းနေရင်းက
အနိမ့်ပိုင်းကို ဆင်းလိုက်ရင် သင့်စတီယာရင် လက်ကိုင်ခွေကို
လာတိုးတာမျိုးတွေဟာ Ball Joint မကောင်းခြင်းရဲ့
ရောဂါ လက္ခဏာတွေပါ။ အခြားရောဂါလက္ခဏာ ကတော့
တိုင်းရောမိန်းလုံးတို့လိုပဲ တာယာအတွင်းအပြင်
မညီမညာစား သွားတာမျိုးပါပဲ ။
(၃) (Constant Velocity -CV Joint )
ဒူးဆစ် မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ
ဒူးဆစ်လက္ခဏာကတော့ သိသာထင်ရှားပါတယ်။
သင့်ကား ဘယ် ကိုဖြစ်ဖြစ် ညာကိုဖြစ်ဖြစ် ကွေ့လိုက်လို့
တစ်ခုနဲ့တစ်ခု ကြိတ်ဝါးနေ သလို * ကလစ်ကလစ်
တောက်တောက်တောက် တက်တက်တက် * အသံတွေ ထွက်လာတယ်။ ကွေ.တိုင်း အဲ့ဒီလို အသံတွေထွက်နေ တယ်ဆိုရင်
အဲ့ဒါ ဒူးဆစ်မကောင်းတဲ့လက္ခဏာတစ်ရပ်ပါ။
နောက် ဒူးဆစ်ဘောတွေကို ထိန်းထားတဲ့
ကလစ် ပြုတ်ထွက်တာမျိုးဆိုရင်တော့ ကားကဂီယာ
ဘယ်လိုထိုးထိုး ဂီယာဖရီးလို ဖြစ်နေတတ်ပါတယ်။
မနေ့ကပဲ ကားတစ်စီ းဒူးဆစ်ဘောကိုထိန်းထားတဲ့ကလစ်ပြုတ်ပြီး
ဝပ်ရှော့ကို ကြိုးနဲ့ ဆွဲလာရပါ သေးတယ်။
(၄) Shock bar , Coil Spring , Struts မကောင်းရင်
ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ
ဒီအပိုင်းတွေ မကောင်းရင်ပြတဲ့ လက္ခဏာတွေက
သိသာထင်ရှားပါတယ်။
အထူးသဖြင့် လမ်း အနိမ့်အမြင့် မညီမညာဖြစ်တဲ့နေရာတွေ ၊
ဒါမှမဟုတ် ချိုင့်ခွက်တွေထဲ မောင်းတယ်ဆိုရင်
ညိမ့်ညော ညင်သာမှု မရှိတော့ဘဲ
အောက်ဘက်ကနေ ပြင်းထန်စွာ လာစောင့်နေတာမျိုးတွေကို
သိသာထင်ရှားစွာ ခံစားရပြီဆိုရင်တော့
အဲ့ဒါ Shock bar , Coil Spring , Struts တို့
မကောင်းတဲ့ လက္ခဏာရပ်ပါ ။
ရှော့ဘားတွေ မကောင်းတဲ့ လက္ခဏာ နောက်တစ်မျိုးက
သင့်ကားကိုယ်ထည်တစ်ခု
လုံးကို ပြင်းပြင်းထန်ထန် ယိမ်းနွဲ.စေတတ်ပါတယ်။
နောက်တစ်မျိုး ကလည်း တချို့ရှော့ဘားမှာဆိုရင်
ဆီတွေ ယိုကျတာတို့၊ ရှော့ဘားကေ အောက်ကို ကျပြီး
အပေါ်ကို ပြန်ကန် မတက်တော့တာမျိုးတွေကို လည်း
မြင်တွေ.နိုင်ပါတယ်ခမျာ။
(၅) ကားတဖက်ဖက်ကိုဆွဲနေတဲ့ ရောဂါလက္ခဏာပြရင်
ကားတဖက်ဖက်ကို ဆွဲနေတဲ့ရောဂါလက္ခဏာပြရင်
ဖြစ်နိုင်တာတွေက တာယာလေနည်းနေတာ ၊ တာယာလေပေါင်
တစ်ဖက်နဲ့တစ်ဖက်မညီတာဖြစ်တတ်ပါတယ် ။
တာယာလေပေါင် အရင်စစ်ဆေး ရပါမယ်။
အခုနောက်ပိုင်းတချို့မော်ဒယ်မြင့် ကားတွေမှာတော့
တာယာ လပေါင်မညီရင် ဒက်ဘုတ်မှာ လေပေါင်မညီတာကိုပြတဲ့
မီးလင်း ပါတယ်။ တာယာတစ်ဖက်ဖက်စားနေတာ ဖြစ်နိုင်ပါတယ်၊
တာယာ တစ်ဖက်ဖက်မညီမညာ စားနေလား၊
ရှေ.နောက်ဘေး သေချာ စစ်ဆေးရပါမယ်။
မညီမညာဖြစ်နေရင် ဘာကြောင့်ဖြစ်တယ်စစ်ဆေးပြီး
အသစ်လဲတန်လဲရပါမယ်။ ကားအလိုင်းမင့် (Alignment)
မညီမညာ ဖြစ်တာမျိုးလည်းဖြစ်တတ်ပါတယ်။
အလိုင်းမင့်ချိန်ဆိုင်တွေမှာ သေချာစစ်ဆေးသင့်ပါတယ်။
တိုင်းရော့တို့ မိန်းလုံးတို့ မကောင်း တာလည်းဖြစ်တတ်ပါတယ် ။
ကားအောက်ပိုင်းပြုပြင်ရေ းဆိုင်တွေမှာ ပြုပြင်သင့်ပါတယ်။
(၆) Brake မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြမလဲ
ဘရိတ်နင်းရတာထိုင်းနေမယ်၊ ကပ်နေမယ် (ဝါ) လျောနေမယ်၊
ဘရိတ်အုံတွေအရမ်းပူနေမယ်၊ ဘရိတ်ကလစ်နဲ့
ဘရိတ်ဒရမ်နဲ့ ပွတ်တဲ့ ဂျစ်ဂျစ်ဂျစ်ဆိုတဲ့ ရောဂါလက္ခဏာပြရင်
Break Pads တွေ ကုန်နေတာ၊ ဘရိတ်ပစ်စတင်တွေ ဂျမ်းဖြစ်နေတာ၊
ဘရိတ်ရူးလျော့နေတာ၊ ပင်တွေ သံချေးတက်ပြီး
ကိုက်နေတာတွေဖြစ်နိုင်ပါတယ်။
(၇) Steering မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြမလဲ
စတီယာရင် လှည့်ရတာချော်နေမယ်၊ သင်စတီယာရင်ကို
လှည့်တဲ့ အခါဖြစ်စေ၊ လှည့်ထားတဲ့ အတိုင်းလေး ထိန်းတာတဲ့အခါဖြစ်စေ၊
စတီယာရင်က ချော်ထွက်နေမယ် ဒါမှမဟုတ် လှည့်ဖို့ ခက်ခဲနေမယ် ဆိုရင် Steering Fluid နည်းနေတာဖြစ်နိုင်တယ်၊
Steering Belt ကြိုးလျော့နေတာ ဒါမှမဟုတ်
ပွန်းစားနေတာဖြစ်နိုင်ပါတယ်. Steering Pump
မကောင်းတာလည်းဖြစ်နိုင်ပါတယ်၊
Steering Pump က O ring ပျက်ပြီး ဆီယိုနေတာလည်းဖြစ်နိုင်ပါတယ်။
ဒါတွေက ကားတစ်စီးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့
အခြေခံအောက်ပိုင်း ရောဂါလက္ခဏာရပ်တွေပါ၊
အခြားခြားသော ကားအောက်ပိုင်းရောဂါ တွေ
အများကြီး ကျန်ရှိပါသေးတယ်၊ မြန်မာနိုင်ငံမှာက
လမ်းမကောင်း တာရယ်၊ နောက် Used ကားတွေသာများတာကြောင့်
ကားအောက်ပိုင်း ရောဂါတွေကတော့ အဖြစ်များဆုံးရောဂါတွေလို့လည်း
ဆိုနိုင်ပါတယ်။ တချို့ကားတွေမှာဆို ဒူးဆစ်တို့ မိန်းလုံးတို့
ဘောဂွိုင့် တိုက်ရော့တို့ကို အုပ်ထားတဲ့ သဲကာလေးပေါက်တာကို
မလဲတာကနေပြီးအဲ့ဒီ အရာတွေ ကြားထဲမှာနေရမယ့်
အမဲဆီတွေ အပြင်ထွက်ပြီး ၊ အထဲမှာ မရှိရမယ့်
သဲတွေ ဖုန်တွေ ရွှံ.တွေက
အထဲဝင်ကာ အောက်ပိုင်းဆက်စပ် ပစ္စည်းတွေကို
ပျက်စီးစေတာလည်း မကြာခဏဆိုသလို တွေ့မြင်ရ ပါတယ် ။
အောက်ပိုင်းကလင့်တွေ ၊ Bushing တွေ မကောင်းတာေ ကြာင့်လည်း အထက်က ရောဂါတွေဖြစ်နိုင်ပါသေးတယ်။
နောက်တစ်ခုက အထက်ပါရောဂါတွေက
တစ်ခုခြင်းဖြစ်နိုင်သလို ၊ နှစ်ခုကနေ အကုန်လုံး စုပေါင်းပြီးလည်း
ဖြစ်နိုင်ပါတယ်။ ကားပေါ် တက်လိုက်လို့ အောက်ပိုင်းဆီကနေ
သံစုံတီးဝိုင်းသံတွေ ကြားနေရ ရင်တော့
သင့်ကားအောက်ပိုင်း တော်တော်များများ ပျက်စီးယို ယွင်းနေပြီဆိုတာ သတိပြု သင့်ပါတယ်။ စစဖြစ်ခြင်း ရောဂါလက္ခ ဏာတွေ
သတိမမူဘ ဲမပြုပြင် မထိန်းသိမ်းရင်
အောက်ပိုင်း အခြား ဆက်စပ်ပစ္စည်းတွေကိုပါ
လိုက်ပျက်စီးစေပြီးအနည်းဆုံး တာယာ စားသွားတာ၊
ကားမောင်းရတာ မငြိမ်တော့ဘဲ အသံတွေထွက်လာတာ ကနေ
အဆိုးဝါးဆုံး သင့်အသက်အန္တရာယ်ထိအောင် ထိခိုက်စေမှာပါ။
ဒါကြောင့်သင့်ကားအောက်ပိုင်းကနေမူမမှန်တဲ့
အသံတွေ တုန်ခါမှုတွေ ကို သတိထားပြီး
ရောဂါလက္ခဏာပြပြီဆိုတာနဲ့ သင်နဲ့ သင့်ကား
ဘေးအန္တရာယ် ကင်းရှင်းရေး လုံခြုံရေးအတွက်
ကားအောက်ပိုင်းဆိုင်ကိုစစ်ဆေးအကြံပြုတင်ပြလိုက်ပါတယ်။
မိတ်ဆွေများ အားလုံး အစဥ်ပြေကြပါစေ။
မူရင်း စားရေးသူအား ခရက်ဒစ်ပေးပါသည်။
School-ကားမောင်းသင်တန်း
📲📲📲09.971679787/09.250154499
04/08/2021
Augustလအတွက်သင်တန်းသားသစ်များစတင်လက်ခံနေပါပြီ။
# promotionဈေးနှုန်း180000ကျပ်(သင်မောင်းလိုင်စင်)အပြီးအစီးဖြင့်သာဆက်လက်သင်ကြားပေးနေပါသည်။
#အခုလိုအချိန်ခါသမယမှာသင်တန်းတတ်ရောက်သင်ကြားသောcustomerမိတ်ဟောင်းမိတ်သစ်များကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်🙏🙏🙏🙏
#တချို့customerများအနေဖြင့်လည်းသင်တန်းတတ်မည်ဆိုပြီးမှအေကြာင်းအမျိုးမျိုးကြောင့်မတတ်ဖြစ်ခဲ့ပါကလည်းကြိုတင်၍cbမှဖြစ်စေphမှဖြစ်စေcancelနိုင်ပါသည်။🙅🙅🙅
သင်တန်းဆရာသွားရောက္မှcancelလုပ်ခြင်းမပြုလုပ်ရန်ကြိုတင်အသိပေးပါရစေရှင်။
သင်တန်းသား/သူအများနှင့်ဆက်ဆံရတဲ့အတွက်နားလည်ပေးစေချင်ပါတယ်ရှင်။🙏🙏🙏🙏🙏
Schoolကားမောင်းသင်တန်းမှမိတ်ဟောင်းမိတ်သစ်များအားလုံးစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေရှင်။
#သင်တန်းကြေးပေးသွင်းရာတွင်ငွေသားနှင့်ပေးေချဖို့အဆင်မပြေပါက
KBZ Pay/Wave Payတို့ဖြင့်ပေးချေနိုင်ပါသည်။✔️✔️✔️
School-ကားမောင်းသင်တန်း
#မိုးအေးအေးမှာလုံခြုံစိတ်ချစွာကားမောင်းသင်ပါ၊🚗🚗🚗
#သင်တန်းစုံစမ်းအပ်နှံလိုပါက
📲📲📲09.250154499/09.971679787
Cbမှလည်းစုံစမ်းအပ်နှံနိုင်ပါသည်။
သင်တန်းလိပ်စာ
No.159/Aung Dhamma Yeik Thar St.Hlaing Tsp.
04/08/2021
ကားလေအိတ်နဲ့ပတ်သက်ပြီး သိထားသင့်သောအရာများ
ကားများတွင် လိုက်ပါစီးနင်းသူများ အသက်အန္တရာယ်ကင်းရှင်းစေရန် လေအိတ်စနစ်ကို ၁၉၈၀ ပြည့်နှစ်များအတွင်း တပ်ဆင်အသုံးပြုခဲ့ပါတယ်။ အသက်ပေါင်းများစွာကို ကယ်တင်ပေးခဲ့ပေမဲ့ တစ်ခါတလေ ကလေးငယ်များ ၊ ခါးပတ်မပတ်ထားသူများကို ထိခိုက်ဒဏ်ရာ ရစေခဲ့ပီး အသက်ဆုံးရှုံးမှု အချို့လည်း ဖြစ်စေခဲ့ကြောင်းသိရပါတယ်။
ဒါ့ကြောင့် ပညာရှင်များက အားနည်းချက်များကိုပြင်ဆင်ပီး ၂၀၀၄ ခုနစ်လောက်ကစပီး ပိုမိုစိတ်ချရတဲ့ လေအိတ်စနစ်ကို တပ်ဆင်အသုံးပြုခဲ့ကြပါတယ်။ ရှုပ်ထွေးလှတဲ့ ဆင်ဆာစနစ်များ အသုံးပြုပီး တိုက်ခိုက်မိတဲ့အပေါ်မူတည်ပီး လေအိတ်ပွင့် ရမဲ့ အနေအထားကိုဆန်းစစ်ကာ လေအိတ်ကိုပွင့်စေမှာဖြစ်ပါတယ်။
လေအိတ်ပွင့်စေရန် အဓိက ထိန်းချုပ်ပေးမည့် အရာမှာ ကားကွန်ပျူတာစနစ် ACU Airbag Control Unit ပါပဲ။ အာရုံခံစနစ်များက ပေးပို့တဲ့ ဆစ်ဂနယ်များကို တွက်ချက်ပီး လေအိတ်ပွင့်သင့်/မသင့် ဆုံးဖြတ်မှာဖြစ်ပါတယ်။ တိုက်ခိုက်မှုပြင်းအား၊ ထိုင်ခုံပေါ်ရှိ လူ၏အလေးချိန်၊ ထိုင်ခုံအနေအထား၊ ခါးပတ် ပတ်/မပတ် အပေါ် မူတည်ပီး လေအိတ်ပွင့်သင့်တဲ့ အကောင်းဆုံးပုံစံ ကိုပွင့်စေမှာဖြစ်ပါတယ်။
ကျွန်တော်တို့ အတော်များများ ထင်နေကြတာကတော့ ကားထိခိုက်မှုဖြစ်ပါက လေအိတ်ပွင့်မှာပဲလို့ ယူဆကြတယ်။ အမှန်တော့ ရှေ့တည့်တည့်က တိုက်ရင်တောက် ခါးပတ် ပတ်ထားလို့ စိတ်ချရတဲ့ အနေအထား ဆိုရင် လေအိတ်မပွင့်တတ်ပါဘူး။ ခါးပတ်က အဓိက အသက်ကယ်စနစ်ဖြစ်ပီး လေအိတ်က အရံအသက်ကယ်စနစ်(SRS- Supplemntal Restraint System) လို့ ခေါ်ခြင်းဖြစ်ပါတယ်။
လေအိတ်နဲ့ ပတ်သက်ပီး ဒွိဟ ဖြစ်နေကြတာကတော့ ခါးပတ်ပတ်မှ ပွင့်မှာလားပေါ့။ စာတော်တော်များများရှာဖတ်လိုက်တော့ မှားပါတယ်တဲ့။ ခါးပတ်မပတ်လည်း လေအိတ်ပွင့်ပါတယ်တဲ့။ ကားမှာတပ်ဆင်ထားတဲ့ Impact Sensor ကို လုံလောက်တဲ့ တိုက်ခိုက်မှုအား နဲ့ တိုက်လိုက်ရင် လေအိတ်ပွင့်ပါတယ်တဲ့။ အထက်ကပြောခဲ့တဲ့ ဆင်ဆာတွေက ဆစ်ကနယ်တွေပေါ်မူတည်ပီး ပွင့်သင့်တဲ့ လေအိတ်တွေပွင့်မှာဖြစ်ပါတယ်။ အခုနောက်ပိုင်းကားတွေမှာ လေအိတ်တွေက နေရာအမျိုးမျိုး မှာတပ်ဆင်ထားပီး အခေါ်အဝေါ်ကလည်းကွဲပြားပါတယ်။
လေအိတ်ပွင့်စေရန် အဓိက ထိန်းချုပ်ပေးမည့် အရာမှာ ကားကွန်ပျူတာစနစ် ACU Airbag Control Unit ပါပဲ။ အာရုံခံစနစ်များက ပေးပို့တဲ့ ဆစ်ဂနယ်များကို တွက်ချက်ပီး လေအိတ်ပွင့်သင့်/မသင့် ဆုံးဖြတ်မှာဖြစ်ပါတယ်။ တိုက်ခိုက်မှုပြင်းအား၊ ထိုင်ခုံပေါ်ရှိ လူ၏အလေးချိန်၊ ထိုင်ခုံအနေအထား၊ ခါးပတ် ပတ်/မပတ် အပေါ် မူတည်ပီး လေအိတ်ပွင့်သင့်တဲ့ အကောင်းဆုံးပုံစံ ကိုပွင့်စေမှာဖြစ်ပါတယ်။
လေအိတ်တွေဘယ်လောက်ပဲများအောင် တပ်ထာပါစေ၊ အဓိက ကတော့ ခါးပတ်ပါပဲ။ ခါးပတ် မပတ်ထားပါက လေအိတ်ကြောင့် အသက်ပင် ဆုံးရှုံးနိုင်ချေရှိပါတယ်။အခုနောက်ပိုင်းကျွန်တော်တို့နိုင်ငံကိုလည်း ကားကောင်းတွေဝင်ရောက်စီးနင်းနေကြပီဖြစ်တဲ့အတွက် ခါးပတ်၊ လေအိတ် စနစ်တွေကလည်း ကောင်းမွန်နေပါပြီ။
အောက်ပါအချက်လေးတွေ လိုက်နာကြရင်ဖြင့် အသက်အန္တရာယ် ထိခိုက်မှု လျော့နည်းပပျောက်မှာဖြစ်ပါတယ်…
၁။ ကားမောင်း/စီးရင် အမြဲတမ်းခါးပတ်ပတ်ပါ။
၂။ လူကြီးများအတွက် လေအိတ်ကာဗာနဲ့ ရင်ဘတ်ဟာ အနည်းဆုံး ၁၀ လက်မ အကွာမှာရှိသင့်ပါတယ်။
၃။ ၁၂အောက် ကလေးများကို နောက်ခန်းထိုင်ခုံမှားတွင်သာထိုင်စေသင့်ပီး ကလေးထိုင်ခုံများတပ်ဆင်ပေးပါက ပိုကောင်းပါတယ်။
၄။ ဒိုင်ခွက် မှာရှိတဲ့ လေအိတ်နှင့် ခါးပတ် အချက်ပြစနစ်များကောင်းမကောင်းစစ်ဆေးပါ။ (မီး မှိတ်တုပ်မှိတ်တုပ်ဖြစ်နေပါက မကောင်းပါ။ ကျွမ်းကျင်တဲ့အလုပ်ရုံပြပီး ပြုပြင်ပါ)။
https://www.facebook.com/106713977798223/posts/345310893938529/
မူရင်းရေးသားသူအား လေးစားစွာ Credit ပေးပါတယ်။
School-ကားမောင်းသင်တန်း
Knowledge
📲📲📲09.971679787/09.250154499
Cbမှလည်းမေးမြန်းစုံစမ်းနိုင်ပါသည်။
04/08/2021
*** ရေတိုင်ကီအဖုံး ( Pressure Cap ) ***
🚌 ကားရေတိုင်ကီများ၏ ရေဖြည့်ပေါက်တွင် pressure cap ခေါ် အအေးခံစနစ်၏ ဖိအားကို မြှင့်တင်ပေးရန် အဖုံးတစ်ခု တပ်ဆင်ထားသည်။ Radiator cap ဟုလည်း ခေါ်လေ့ရှိသည်။
☑ Pressure cap ကို ရေတိုင်ကီပေါ်တွင် လည်းကောင်း၊ expansion tank ဟုခေါ်သော ပလတ်စတစ် ရေတိုင်ကီအသေးလေး ပေါ်တွင်လည်းကောင်း တပ်ဆင်လေ့ရှိသည်။
⃣ ရေတိုင်ကီများတွင်
downflow radiator နှင့်
crossflow radiator ဟူ၍ အမျိုးအစား နှစ်မျိုးရှိသည်။
☑ Downflow radiator များကို ၁၉၉၅ ရှေ့ပိုင်းထုတ်သော ယာဉ်များတွင် အတွေ့ရများသည်။ Downflow radiator များတွင် coolant သည် ရေတိုင်ကီ၏ အပေါ်မှဝင်ပြီး အပေါ်မှအောက်သို့ စီးဆင်းကာ ရေတိုင်ကီ၏ အောက်ဘက်မှပြန်ထွက်သည်။
☑ Crossflow radiator တွင် coolant သည် ရေတိုင်ကီ၏ ဘေးတစ်ဖက်မှဝင်ပြီး အခြားတစ်ဖက်သို့ ကန့်လန့်ဖြတ်စီးဆင်းသည်။ ခေတ်ပေါ်ယာဉ်များတွင် crossflow radiator အသုံးများသည်။ Crossflow radiator များတွင် expansion tank ပါဝင်လေ့ရှိပြီး pressure cap ကို ၎င်း tank ပေါ်၌ တပ်ဆင်လေ့ရှိသည်။
⃣ အအေးခံစနစ်တွင် ဖိအားတစ်ပေါင် (1psi) တိုးလာတိုင်း အရည်ဆူမှတ် ၁.၆ ဒီဂရီ စင်တီဂရိတ်ခန့် မြင့်တက် လာလေ့ရှိသည်။
• ရိုးရိုးရေသည် ပင်လယ်ရေမျက်နှာပြင် အခြေအနေ၌ ၁ဝဝ ဒီဂရီစင်တီဂရိတ်တွင် ရေဆူပြီး၊
• antifreeze ၅ဝ ရာခိုင်နှုန်းနှင့် ရေ ၅ဝ ရာခိုင်နှုန်း ရောထားသော coolant သည် ၁ဝ၃ ဒီဂရီ စင်တီဂရိတ်တွင် အရည်ဆူသည်။
အင်ဂျင် ထုတ်လုပ်သူများသည် အအေးခံစနစ်၏ ဖိအားကို ၁၃ ပေါင်မှ ၁၈ ပေါင် (13 >18 psi) အထိ မြှင့်တင်ထား လေ့ရှိသည်။ ၎င်းဖိအားရရှိစေရန် pressure cap ကို အအေးခံစနစ်တွင် တပ်ဆင် အသုံးပြုထားပြီး ဖိအားတန်ဖိုးကို pressure cap ၏ အပေါ်တွင် ဖတ်ရှုနိုင်သည်။
psi သို့မဟုတ် bar သို့မဟုတ် kPa တန်ဖိုးဖြင့် ဖေါ်ပြလေ့ ရှိသည်။
(1 bar = 14.5 psi, 1 bar = 100 kPa, 1 kPa = 0.145 psi)
🚀Antifreeze ၅ဝ ရာခိုင်နှုန်းနှင့် ရေ ၅ဝ ရာခိုင်နှုန်း ရောထားသော coolant သုံးထားသော အအေးခံစနစ်တွင် ဖိအား ၁၅ ပေါင် (15 psi) ရှိသော pressure cap ကိုသုံးထားပါက ၎င်း coolant ၏ အရည်ဆူမှတ်သည် ၁၂၈ ဒီဂရီ စင်တီဂရိတ်ခန့်ထိ မြင့်တက်လာစေမည်။ ပင်လယ်ရေမျက်နှာပြင် အမြင့်ထက် ပေ ၁ဝဝဝ မြင့်တက်သွားတိုင်း အရည်ဆူမှတ်သည် ဝ.၅ ဒီဂရီခန့် နိမ့်ကျသွားလေ့ ရှိသည်ကိုလည်း သတိပြုပါ။
📌 အရည်ဆူမှတ် မြင့်လာခြင်းကြောင့် အင်ဂျင်တစ်လုံး၏ လည်ပတ်ရန် အကောင်းဆုံး အပူချိန် (optimum operating temperature) ဖြစ်သော ၉ဝ-၉၃ ဒီဂရီ စင်တီဂရိတ် ကြားတွင် coolant ဆူပွက် လာမည်ကို ပူစရာမလိုဘဲ လည်ပတ်နိုင်မည်။ Coolant ၏ အရည်ဆူမှတ် မြင့်လာခြင်းကြောင့် အင်ဂျင်မှအပူကို ပို၍စုပ်ယူသယ်ဆောင် နိုင်လာစေပြီး ရေတိုင်ကီအတွင်း ဖြတ်သန်းချိန်တွင် ပြင်ပလေဖြင့် အအေးခံရာ၌ အပူကူးပြောင်းမှု ပိုမိုကောင်းမွန်စေနိုင်သည်။ အကြောင်းမှာ အပူကူးပြောင်းခြင်း နိယာမအရ coolant နှင့် ပြင်ပလေ၏ အပူချိန် ကွာခြားချက် များလေလေ အပူကူးပြောင်းမှုနှုန်း ကောင်းလေလေ ဖြစ်သော ကြောင့်ဖြစ်သည်။
🚙 အအေးခံစနစ်၏ ဖိအားကိုမြှင့်တင်လိုက်ခြင်းဖြင့် ရေလည်အုံ (water pump) ၏ efficiency ကိုလည်း ပို၍ မြင့်တက် လာစေသည်။ အအေးခံစနစ်ကို ဖိအား ပေးမထားပါက ရေလည်အုံ၏ efficiency အပြည့်မရဘဲ ရေလည်အုံ အဝင်နေရာ၌ အလွယ်တကူ အရည်ဆူနိုင်ပြီး cavitation ဖြစ်စေနိုင်သည်။
☑ Cavitation ဆိုသည်မှာ coolant အရည်ဆူပါက လေပူပေါင်းများ ဖြစ်ပေါ်လာပြီး ၎င်းလေပူပေါင်းများ အအေးခံစနစ်အတွင်း စီးဆင်းသွားရာမှ အအေးခံစနစ် အတွင်း၌ ပေါက်ကွဲခြင်းကို cavitation ဟုခေါ်သည်။
🚀 Cavitation ကြောင့် ရေလည်အုံများ၊ စလင်ဒါလိုင်နာများ၌ ကျောက်ပေါက်မာကဲ့သို့ အပေါက်ငယ်လေးများဖြစ်ပေါ် စေပြီး အချိန်ကြာ လာသောအခါ စလင်ဒါလိုင်နာများ ပေါက်၍ မီးလောင်ခန်းအတွင်းသို့ အအေးခံရည်များ ပေါက်ဝင်လာသည် အထိ ဖြစ်နိုင်သည်။
ထို့ကြောင့် အအေးခံစနစ်တွင် သင့်တော် မှန်ကန်သော pressure cap ကို ရွေးချယ်၍ မှန်ကန်စွာ တပ်ဆင်အသုံးပြု သင့်သည်။
📅 Pressure cap တွင်
• pressure valve,
• pressure spring,
• vacuum valve နှင့်
• sealing rings များ စသည်တို့ ပါဝင်သည်။
📅 Pressure valve ကို ၎င်း၏ နောက်ဘက်ရှိ pressure spring ဖြင့် ဖိထားခြင်းဖြင့် ရေတိုင်ကီကို လုံအောင်ပိတ်ထား သည်။ အအေးခံစနစ်၏ ဖိအားသည် pressure spring ၏ဖိအားကို ကျော်လွန်လာပါက pressure valve ပွင့်ပြီး coolant တချို့သည် ရေတိုင်ကီ၏ ရေပြန်ပိုက် မှတစ်ဆင့် expansion tank ခေါ် recovery tank ဟုခေါ်သော ပလတ်စတစ် ရေတိုင်ကီ အသေးလေးဆီသို့ စီးဆင်းသွား စေခြင်းဖြင့် အအေးခံစနစ်၏ မြင့်တက်လာသော ဖိအားကို လျော့ကျစေသည်။
📌 အအေးခံစနစ်၏ ဖိအားသည် pressure spring ၏ဖိအားထက် နည်းသွားပါက စပရင်၏ တွန်းအားကြောင့် pressure valve ပြန်လည် ပိတ်သွားပြီး အအေးခံစနစ်၏ လိုအပ်သော ဖိအားကို ထိန်းသိမ်း စေသည်။
📅 Pressure valve ၏ အလယ်တည့်တည့်တွင် vacuum valve ကို တပ်ဆင်ထားသည်။ အအေးခံစနစ်ပြန်လည် အေးသွားပြီး အအေးခံစနစ်၏ ဖိအားသည် ပြင်ပလေထု၏ ဖိအားထက် နည်းသွားပါက vacuum valve ပွင့်၍ expansion tank မှ coolant များ ရေတိုင်ကီ ထဲသို့ပြန်လည် စီးဆင်း ဝင်ရောက် စေသည်။
Credit -
၀ိုင်ကေတီ (စက်မှု)
School-ကားမောင်းသင်တန်း🚙🚙🚗
Knowledge
📲📲📲09.971679787/09.250154499
Cbမှလည်းမေးမြန်းနိုင်ပါသည်။
31/07/2021
ကားမောင်းသင်မယ်ဆိုလုံခြုံစိတ်ချမှု/နည်းစနစ်တကျနဲ့စေတနာထားသင်ကြားပေးတာDriving School-ကားမောင်းသင်တန်းလေးပါ။🚗🚗🚗
ွက်လည်းသင်တန်းကြေး(သင်မောင်းလိုင်စင်)အပြီးအစီးကိုJulyလDiscountဈေးနှုန်း180000ကျပ်ဖြင့်သာဆက်လက်သင်ကြားပေးပါမည်။✔️✔️✔️
🚦Driving School ကားေမာင်းသင်တန်းလေးမှမိတ်ဟောင်းမိတ်သစ်များအားလံုးcovid-19ကပ်ရောဂါဆိုးကြီးမှအားလုံးလွှတ်မြောက်၍စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ။🙏🙏🙏
***သင်တန်းစုံစမ်းမေးမြန်းလိုပါက
Cbမှဖြစ်စေ
📲📲📲 09.971679787/09.250154499ဖြင့်ဆက်သွယ်စုံစမ်း၍အသေးစိတ်မေးမြန်းနိုင်ပါတယ်။
# # School-ကားမောင်းသင်တန်း
23/07/2021
ကားတစ်စီးမောင်းနှင်တော့မည်ဆိုလျှင်...
ယာဉ်မောင်းသူတိုင်း သိသင့်သည့်အချက်များကို ဖော်ပြပေးလိုက်ပါတယ်ရှင်..
🚘🚘🚘🚘🚘
🚨 ကားတစ်စီးကို မောင်းနှင်တော့မယ်ဆိုရင် ကားဒက်ဘုတ် ဒိုင်ခွက် (car dashboard Indicator) ထဲမှာပါတဲ့...
မီးတွေအကြောင်းနဲ့ အချက်ပြမီတာတွေကို သိပြီးမှ ကားတစ်စီးကို စတင်မောင်းနှင်သင့်ပါတယ်...
⛔ မနက်ပိုင်း (သို့) ကားတစ်စီး စတင် မောင်းနှင်တော့မယ် ဆိုရင်...
ကားပေါ်တက်ထိုင်ပြီး စက်နိုးခြင်းကို အရင်မလုပ်သင့်ပါဘူးခင်ဗျာ...
🔆 ကားစက်မနိုးခင် အဂျၤင်စက်ခန်းအဖုံးကိုဖွင့်၍...
📌ရေတိုင်ကီနှင့် ရေပြန်ဗူးရေ ရှိ/မရှိ...
📌အဂျၤင်ဝိုင်ဆီ လျော့/မလျော့...
📌ဘရိတ်ဆီ ရှိ/မရှိ...
📌ကလပ်ဆီ ရှိ/မရှိ(Manual gear)...
📌အော်တိုဆီ ရှိ/မရှိ(Auto & CVT gear)...
📌ပါဝါဆီ ရှိ/မရှိ (EPS-Electronic Power Steeringများတွင်ဆီမပါပါ)
စတာတွေကို နေ့စဉ်တိုင်းတာ စစ်ဆေးသင့်ပြီး...
တစ်လတစ်ခါလောက် ဘက္ထရီအက်ဆစ် ရှိ/မရှိကိုပါ စစ်ဆေးသင့်ပါတယ်...
🌟 စစ်ဆေးစဉ်မှာ သတိထားရမှာက ရေတိုင်ကီရေနဲ့ ရေပြန်ဗူးရေဟာ ၁ လီတာ လောက်နီးပါး နေ့စဉ်လျော့နေရင်...
အဂျၤင်ရေလိုင်း ပုံမှန်မဟုတ်လို့ ဝပ်ရှော့မှာ သွားရောက်စစ်ဆေးသင့်ပါတယ်...
📌 အင်ဂျင်ဝိုင်မကြာခဏ လျော့နေခဲ့ရင်လည်း
အဂျၤင်ဝိုင်ဟာ အွိုင်းစီးတွေက ယိုစိမ့်မှု့ရှိလို့လား...
ဆိုတာကို စစ်ဆေးပြီး...
အဂျၤင်မှာ ယိုစိမ့်ခဲ့ရင်ဖြစ်စေ... ယိုစိမ့်မှု့မတွေ့ခဲ့ရင်ဖြစ်စေ...
ကားရပ်ထားသောနေရာအောက်တွင် ဆီကွက်များ တွေ့နေရပါက...
ဝပ်ရှော့မှာ သွားရောက်ပြသ စစ်ဆေးရမှာ ဖြစ်ပါတယ်...
အဂျၤင်ဝိုင်ကို သတ်မှတ်ကီလိုတွင် လဲရပါမည်...
နိုင်ငံတကာတွင် မော်တော်ကားငယ်များ၏
အဂျၤင်ဝိုင်သက်တမ်းကို နာရီချိန်ဖြင့်သတ်မှတ်ခြင်း၊
လ၊နှစ်၊စသော အချိန်အတိုင်းအတာဖြင့် သတ်မှတ်ခြင်းမရှိဘဲ...
မောင်းနှင်သော ကီလိုမီတာ အတိုင်းအတာဖြင့်သာ.
သတ်မှတ်လဲလှယ်ကြပါသည်...
ကားပိတ်သောမြို့များတွင်လည်း သတ်မှတ်ကီလိုအတိုင်း သုံးနိုင်ပြီး...
အဂျၤင်ဝိုင်၏ သက်တမ်းကို အဂျၤင်မှကားအား ဝန်ရုန်းရသော
(Engine Loading) အတိုင်းအတာ ဖြင့်သတ်မှတ်ထားခြင်းဖြစ်ပါသည်...
အဂျၤင်ဝိုင်လဲချိန်တွင် လေစစ်မကောင်းပါက...
လေစစ်အသစ်လဲရမည် ဖြစ်သလို...
အဂျၤင်ဝိုင်စစ်ကိုပါ တစ်ပါတည်းလဲမှသာ သတ်မှတ်ကီလိုအပြည့် သုံးနိုင်မည်ဖြစ်ပါသည်...
အဂျၤင်ဝိုင်အား Base Oil ပေါ်မူတည်ကာ အမျိုးအစားသုံးမျိုး သတ်မှတ်ထားပါသည်...
® (၁)Convenational Oil
ရိုးရိုးအဂျၤင်ဝိုင်သည် အဂျၤင်ဝိုင်ထဲတွင်
ဂရိတ်အနိမ့်ဆုံး ဖြစ်ပြီး အများဆုံး ကီလို(၄၀၀၀/၅၀၀၀)သာ...
အသုံးပြုနိုင်ပါသည်...
® (၂)Semi Synthetic/ Synthetic Oil သည်ဒုတိယတန်းစားဖြစ်ကာ
ကီလို (၇၀၀၀/၈၀၀၀) အထိအသုံးပြုနိုင်ပါသည်...
® (၃)Full Synthetic Oil သည် အကောင်းဆုံး အဂျၤင်ဝိုင်အမျိုးအစားဖြစ်ကာ...
ကီလို(၁၀၀၀၀/၁၃၀၀၀) အထိအသုံးပြုနိုင်ပါသည်...
Full Synthetic Oil သည် ဆာဖာပါဝင်မှု့ အနိမ့်ဆုံးဖြစ်သည့်အပြင်...
ဆီမော်လီကျူးများသည် တစ်ညီတည်း ဖြစ်သောကြောင့်...
အင်ဂျင်သန့်ရှင်းစေကာ ပွန်းစားမှု့အနည်းဆုံးဖြစ်၍...
အင်ဂျင်သက်တမ်း ပိုမိုကြာရှည်စေပါသည်...
✳ အခြားအင်ဂျင်ဝိုင် ၂ မျိုးထက် ၂ ဆ ပိုမိုမောင်းနှင်ရသည့်အပြင်...
ကားအဂျၤင်သံပိုမို ညက်ညောစေပါသည်...
အခြားအမျိုးအစား အဂျၤင်ဝိုင်များ ၂ ခါ လဲလှယ်ရချိန်တွင်...
တစ်ခါသာ လဲလှယ်ရသဖြင့် အဂျၤင်ဝိုင်လဲလှယ်ခ တစ်ကြိမ် နှင့် ဆီစစ်ဖိုး တစ်ကြိမ်သက်သာကာ...
အသုံးပြုရသော ကီလိုနှင့်တွက်ကြည့်ပါက...
အခြားအင်ဂျင်ဝိုင်များနှင့် ဈေးနှုန်းမှ သိပ်မကွာတော့သည့်အပြင်...
ပိုမိုကောင်းမွန်သော ဆီကိုသုံးရသည့်အပြင်...
ဆီလဲချိန် အချိန်ကုန်တစ်ခါ သက်သာပါသည်...
🔆အသုံးပြုရမည့် အင်ဂျင်ဝိုင်အမျိုးအစားများမှာ...
Recommed ပေးထားသော အဂျၤင်ဝိုင်အမျိုးအစား များသာသုံးရသော ကားများရှိသလို...
လက်ရှိအသုံးပြုနေသော ဒေသ၏အပူချိန်နှင့် အဂျၤင်၏အသုံးပြုပြီးသော
ကီလိုနှင့် အခြေအနေပေါ်မူတည်ကာ ပြောင်းလဲအသုံးပြုရသောကြောင့်...
💯နားလည် တတ်ကျွမ်းသော အတွေ့အကြုံရှိသော မက္ကင်းနစ်များနှင့်...
ဘယ်ဂရိတ်ကိုအသုံးပြုသင့်ကြောင်း ဆွေးနွေးတိုင်ပင်သင့်ပါသည်...
(ဥပမာ...Toyota Probox 1/2 NZ အဂျၤင်များတွင် 0w 20 ကိုသာ...
အသုံးပြုရန်ညွှန်ကြား ထားပါသည်။ ဂျပန်ပြည်တွင်း၌ အဆိုပါဆီဂရိတ်ကို...
အသုံးပြု၍ရသော်လည်း မြန်မာပြည်၏ ပူသောဒေသများတွင်...
0w 20 ဆီအား ပရိုဘောက်အဂျၤင်ထဲ ထည့်သုံးကာ ခရီးဝေးတစ်ဆက်တည်း...
ကီလို ၄၀၀ ခန့်မောင်းနှင်ပြီးလျှင် အဂျၤင်ဝိုင် ၁ လီတာ ခန့်ပျောက် ပျောက်သွားသည်ကို တွေ့ရပါသည်။
အဆိုပါကားမှာ ကီလိုမှာလည်း တစ်သိန်းကျော် နေသည့်ပြင်...
မြန်မာပြည်၏ ရာသီဥတုမှာ ပူသောကြောင့် 10w 40 ဂရိတ်ထည့်သုံး လိုက်မှသာ အဂျၤင်ဝိုင်မပျောက်တော့ပေ)
🔯 ဘရိတ်ဆီလျော့နေခဲ့ရင်တော့
• ဘရိတ်ဆီယိုစိမ့်မှု့မရှိပါက...
ဘရိတ်ရှုးပါး နေလို့ဖြစ်ပြီး ဝပ်ရှော့သွားရောက်ကာ...
လေးဘီးလုံး ဘရိတ်ရှုး ပါး/မပါးနဲ့... ဆက်သုံးလို့ ရ/မရ စစ်ဆေးရမှာဖြစ်ပါတယ်...
ဘရိတ်ရှုးပါတာကြောင့် ဘရိတ်ဆီလျော့တာ ဆိုရင်တော့...
ဘရိတ်ရှုးလဲပြီးသော အချိန်မှသာ သတ်မှတ်ဆီအပေါ်မှတ်(Maximum) ထိသာ...
ဘရိတ်ဆီပြန်ဖြည့်ရမှာ ဖြစ်ပါသည်...
သတ်အမှတ်အပေါ်မှတ်ထက် ပိုဖြည့်မိပါက...
ဘရိတ်ရှုးပါးသွားချိန်တွင် ဆီမှတ်မလျော့သဖြင့်...
ရှုးပါးသွားမှန်း မသိနိုင်တော့ပါ...
♉ ကလပ်ဆီလျော့နည်းနေခဲ့ရင်လည်း
• ကလပ်အပေါ်ပန့်အိုးနဲ့ အောက်အိုး ပစ္စတင်ဝါရှာတွေယိုစိမ့်မှု့...
ရှိနေတာကြောင့် ဝပ်ရှော့မှာ သွားရောက်စစ်ဆေးရမှာဖြစ်ပါတယ်...
ဘရိတ်ဆီ/ကလပ်ဆီကိုတော့ ဆီဖြည့်တဲ့ အဖုံးမှာရေးထားတဲ့
🔘DOT 3/4
(DOT-Department of Transportation) နံပါတ်တူတာနဲ့...
အရောင်တူတာကို ထည့်ရမှာဖြစ်ပါတယ်...
အရောင်မတူ DOT နံပါတ်မတူခဲ့တာထည့်သုံးရင်
ဘရိတ်ပန့်ထဲက ရော်ဘာဘရိတ်ဝါရှာလေးတွေ သက်တမ်းပိုတိုပြီး
ဘရိတ်ဝါရှာ ပျက်စီးလွယ်ပါတယ်...
♎ အော်တိုဆီတွေကတော့ စစ်ဆေးတဲ့အခါမှာ အရမ်းညစ်ပတ်နေရင်...
ကီလိုမပြည့်သေးလည်း လဲရမှာဖြစ်ပါတယ်...
အော်တိုဆီဟာ ကီလို (၃၀၀၀၀/၃၅၀၀၀) အထိသာအများဆုံးသုံးသင့်ပါတယ်...
© ဆီဖိအားဖြင့်အသုံးပြုသော ပါဝါစတီယာရင်များတွင်...
ဆီမရှိပါက ကားလက်ကိုင် စတီယာရင်အလွန်လေးသောကြောင့်...
ပါဝါဆီကိုလည်း စစ်ဆေးသင့်ပါသည်...
⛪ဒီလိုစစ်ဆေးပြီးလို့ အဂျၤင်စက်နိုးပြီး ၁ မိနစ်လောက်ကြာချိန်မှာ...
Parking Brake ဆွဲထားခဲ့ရင် အဝိုင်းပုံမီးအနီလေးနဲ့...
ထိုင်ခုံခါးပတ်ကြိုး(Safety Belt) မီးအနီလေးကလွဲလို့ ဘာမီးမှ မလင်းရတော့ပါဘူး...
➿Parking Brake မီးကလည်း Parking Brake ဖြုတ်လိုက်ရင် မလင်းတော့ပါ...
ခါးပတ်ကြိုးမီးကလည်း ခါးပတ်ကြိုးထည့်ပြီးလျှင် မလင်းတော့ပါ...
အသက်ကယ်ခါးပတ်ကြိုးဟာ ခရီးနီးရော ခရီးဝေးပါ...
မပတ်မဖြစ် ပတ်ထားသင့်ပါတယ်...
ဒါကြောင့်မို့ ကားစထွက်ချိန်မှာ ဒိုင်ခွက်ထဲမှာ ဘယ်မီးမှ မရှိတော့ပါဘူး...
အော်တိုဂီယာဆိုရင်တော့ ဂီယာမီး(Gear position light)လင်းနေရပါမယ်...
🌟 မောင်းနှင်နေချိန် မသိမဖြစ်သိရမယ့် မကြည့်မဖြစ်ကြည့်ရမယ့် မီတာဒိုင်ခွက်တွေကတော့...
မသိမဖြစ်သိရမယ့် မီးတွေကတော့...
အဂျၤင်ချက်မီး (Engine check warning light) အဝါ/အနီ ရှိပါသည် အဂျၤင်မမှန်၍ လင်းခြင်း ဖြစ်ပါသည်...
နီးစပ်ရာ ဝပ်ရှော့တွင်ပြသရပါမည်...
🚨 အဂျၤင်ဝိုင်မီး(Oil pressure warning light) ဆီခွက်ပုံမီးအနီလေးလင်းလာပါက...
• အဂျၤင်ဝိုင် လုံးဝမရှိသလောက်ဖြစ်သောကြောင့် လုံးဝ ဆက်မမောင်းသင့်ပါ...
အဂျၤင်ဝိုင်ဖြည့်ပြီးမှ စစ်ဆေးပြီးမှ ဆက်မောင်းသင့်ပါသည်...
⁉ နီးစပ်ရာဝပ်ရှော့တွင် အဂျၤင်ဝိုင်လျော့ ရခြင်း အကြောင်းအရင်းအား မဖြစ်မနေ စစ်ဆေးရပါမည်...
🚨ဘက်ထရီမီး (Battery charging warning light)
• ဘက္ထရီပုံမီးအနီလေးလင်းနေပါက...
ခရီးဝေး ဆက်မမောင်းသင့်ပါ... ဘက္ထရီအားမဝင်သဖြင့် လမ်းတွင် စက်ရပ်သွားမည်ဖြစ်ပါသည်...
နီးစပ်ရာ ဝါယာရိန်းဆိုင်တွင်ပြသစစ်ဆေးရပါမည်...
🚨ဘရိတ်မီး (Break warning light) အဝိုင်းပုံမီးအနီလေးလင်းလာပါက...
• ဘရိတ်ဆီမရှိ၍သော်လည်းကောင်း... ဘရိတ်စနစ် ချို့ယွင်းချက်ရှိ ၍သောလည်းကောင်း ဖြစ်သောကြောင့်...
ဘရိတ်ဆီမရှိပါက ဆီဖြည့်ပြီး မီးမလင်းတော့ပါက... ဆက်လက်မောင်းနှင်နိုင်ပါသည်...
ဆီဖြည့်ပြီး မီးလင်းနေပါက သတိဖြင့်ဖြည်းဖြည်းမောင်းကာ နီးစပ်ရာဝပ်ရှော့တွင်စစ်ဆေးပြုပြင်ရပါမည်...
🚨ရေအပူချိန်မီးအနီလေး (Engine overheating warning light) လင်းလာပါကလည်း ဆက်မမောင်းသင့်ပါ...
စက်ရပ်ထားပြီး အဂျၤင်အေးချိန်မှ ရေတိုင်ကီရေဖြည့်ကာ ဆက်မောင်း၍ နီးစပ်ရာဝပ်ရှော့တွင်ပြသရပါမည်...
အဂျၤင်ပူနေချိန် ရေတိုင်ကီအဖုံးအား လုံးဝမဖွင့်ရပါ... ဖွင့်ပါက ရေပူများတွန်းကန်ထွက်လာကာ...
မျက်နှာနှင့် ခန္ဓာကိုယ်အပူလောင်တတ်ပါသည်...
🚨လေအိတ်မီး/SRS မီး (Airbag warning light) အနီရောင်လေး လင်းလာပါက မောင်း၍ရပါသည်...
သို့သော် အန္တာရာယ်ဖြစ်ချိန်တွင် လေအိတ်က လူကို ကာကွယ်မပေးတော့ပါ...
ဝပ်ရှော့တွင်သွားရောက်ပြုပြင်သင့်ပါသည်...
🚨 တံခါးမီး (Open Door warning light) ကားတံခါးပွင့်နေသည်ပုံစံ မီးအနီလေး လင်းလာပါက...
• ကားအား ချက်ချင်းရပ်တန်းကာ ကားတံခါးများကို စစ်ဆေးပြီး ပြန်ပိတ်ကာ မီးငြိမ်းမှ...
ဆက်လက်မောင်းနှင်ရပါမည်...
🚨 ABS မီး (Antilock breaking system warning light) မီးအဝါလေးလင်းလာပါက ဆက်လက်မောင်းနှင်၍...
ရပါသည်...
သို့သော် အချိန်ရသည်နှင့် ဝပ်ရှော့တွင် စစ်ဆေးပြုပြင်သင့်ပါသည်...
🚨 ကားမောင်းနှင်နေစဉ် မီးအနီရောင်လင်းလာပါက ခေတ္တရပ်ထားကာ...
နားလည်တတ်ကျွမ်းသောသူ(သို့) ဝပ်ရှော့ကို ဖုန်းဆက်ကာ ပြသသင့်ပါသည်...
ထိုသူတို့မှ ဆက်လက်မောင်းနှင်ရန် မသင့်ဆိုပါက... ကားအား ဝပ်ရှော့သို့...
ယူသွားကာ စစ်ဆေးပြုပြင်ပြီးမှ ဆက်လက်မောင်းနှင်အသုံးပြုရပါမည်...
® ကားမောင်းနှင်နေစဉ် မီးအဝါရောင်လင်းလာပါက...
ဆက်လက်မောင်းနှင်ကာ နီးစပ်ရာဝပ်ရှော့တွင်ပြသရမည်ဖြစ်ပါတယ်ခင်ဗျာ...
® ဒါကြောင့် ကားနဲ့ ပတ်သက်တဲ့ သတိပေး အချက်ပေးမီးတွေကို
တင်ပေးလိုက်ပါတယ်ခင်ဗျာ...
မိတ်ဆွေများ ဘေးအန္တာရာယ်ကင်းရှင်းစွာဖြင့် မောင်နှင်နိုင်ကြပါစေခင်ဗျာ...
Credit》》
ကိုတိုး(အွန်လိုင်းကားဝပ်ရှော့)
School-ကားမောင်းသင်တန်း
09.250154499/09.971679787