29/10/2024
IGCSEဆိုတာ ဆယ်တန်းမအောင်သေးပဲနဲ့ နိုင်ငံခြားမှာ တက္ကသိုလ် ကောင်းကောင်းတက်ချင်တယ်ဆိုသူများ အတွက်
နိုင်ငံတကာ အထက်တန်းအောင်မြင်ကြောင်း အသိအမှတ်ပြုလက်မှတ်ဖြစ်ပါတယ် ။
IGCSE လိုမျိုး နိုင်ငံတကာ အထက်တန်းအောင်မြင်ကြောင်းလက်မှတ်ဖြစ်တဲ့ GED စာမေးပွဲမျိုး နဲ့ တခြား စာမေးပွဲများ လဲ ရှိပါသေးတယ်။
IGCSE အသိမှတ်ပြုလက်မှတ်ရရှိပိုင်ဆိုင်ထားမယ်ဆိုရင် နိုင်ငံခြားတက္ကသိုလ်တွေ တော်တော်များများ ကို ဝင်ခွင့်လျောက်ထားနိုင်မှာပဲဖြစ်ပါတယ် ။
အမှတ်များလေလေ ရွေးချယ်စရာတက္ကသိုလ်များလေလေ ပါပဲ ။
ဒါကြောင့် အမှတ်ကောင်းကောင်းရရှိဖို့ ကအရမ်းအရေးကြီးပါတယ်။
IGCSE စာမေးပွဲကို May ,June,Oct လတွေမှာ ကျင်းပပေးတာဖြစ်လို့ အဲ့လတွေမှာပဲ ဝင်ရောက်ဖြေဆိုနိုင်ပါတယ်။
အချိန်တွေကို အလဟသ အဖြစ်မခံပဲ နိုင်ငံတကာ အထက်တန်းအောင်ကြောင်း အသိမှတ်ပြုလက်မှတ် ပိုင်ဆိုင်ဖို့ အတွက်
သတ်မှတ်ထားတဲ့ စာမေးပွဲလတွေ မတိုင်ခင် ကြိုတင်လေ့လာသင်ယူထားမှ စာမေးပွဲဖြေဆိုနိုင်မှာပဲဖြစ်ပါတယ်။
IGCSE မှာ
🌟Pre IGCSE
🌟IGCSE O Level
🌟IGCSE A Level
ဆိုပြီး အဆင့်သုံးဆင့် လေ့လာသင်ယူနိုင်ပြီး တစ်ဆင့်ချင်းဆီ စာမေးပွဲဖြေဆိုရမှာဖြစ်ပါတယ်။
အဆင့်သုံးဆင့်လုံးအတွက် တစ်နှစ်မှ တစ်နှစ်ခွဲအတွင်း လေ့လာသင်ယူတက်မြောက်ပြီး စာမေးပွဲဖြေဆိုနိုင်ပါတယ်။
စာမေးပွဲကြေးသွင်းပြီး ဖြေဆိုရတာဖြစ်လို့ Self Study လုပ်ပြီးတော့ဖြေနိုင်သလို သင်တန်းကောင်းကောင်းတွေ တက်ပြီး လဲ ဖြေဆိုနိုင်ပါတယ်။
သင်တန်းအပေါ်မူတည်ပြီး သင်တန်းကြေး သိန်းဂဏန်းကနေ ဆယ်ဂဏန်းကျော်ကျော် အထိ ရှိပါတက်ပါတယ်။
Self Study လုပ်တာက အချိန်ကြာနိုင်တာမို့ အကုန်အကျ နည်းချင်တယ်ဆိုရင်ဈေးမရမ်းမကြီးတဲ့ သင်တန်းကောင်းကောင်းတွေ တက်ရောက်သင်ယူသင့်ပါတယ် ။
နိုင်ငံရပ်ခြားမှာ ပညာသင်ယူချင်တယ်ဆိုရင် အချိန်တွေကို အလဟသ အဖြစ်မခံပဲ အခုပဲ IGCSE ကို လေ့လာသင်ယူလိုက်ကြပါ ကလေးတို့ရေ ....
#