J-On

J-On The limits of my language are the limits of my world
自分の言語の限界が、自分の世界? Japanese Language Tutor/ Guide
Translator & Interpreter

Shinbun Scholarship 🤩
15/07/2022

Shinbun Scholarship 🤩

Asahi Shinbun Scholarship (သတင်းစာပို့ရင်းကျောင်းတက်ရောက်နိုင်မည့်ပညာသင်ဆု)အတွက်လျှောက်လွှာခေါ်ယူခြင်း။

၂၀၂၃ ခုနှစ် ဧပြီလ အတွက်ခေါ်ယူမည့် သတင်းစာစကော်လားရှစ်အား စိတ်ပါဝင်စားသူများအနေဖြင့် အောက်ဖော်ပြပါအတိုင်း လျှောက်ထားနိုင်မည်ဖြစ်ပါသည်။

လိုအပ်ချက်များ
၁) ဂျပန်ဘာသာ အရည်အချင်း တွင် JLPT (N4) နှင့် အထက် အောင်မြင်ထားသူ၊ Top-J, Nat-test, J-Test (N3) နှင့် အထက် အောင်မြင်ထားသူ (အောင်လက်မှတ်တင်ပြနိုင်ရမည်)

၂) အသက် (၂၆)နှစ်အောက်ရှိသူ

၃) တက္ကသိုလ် ပထမနှစ်နှင့်အထက်အောင်မြင်ထားပြီးသူ

၄) အိမ်ထောင်မရှိသူ

၅) တက်တူး (လုံးဝ) မရှိသူ

ဂျပန်နိုင်ငံသို့ ‌ကျောင်းဗီဇာ (သို့) တခြားသော ဗီဇာများဖြင့် လျှောက်ထားပြီးသူများ၊ COE Rejected ဖြစ်ထားဖူးသူများ လျှောက်ထားခွင့်မရှိပါ။

လျှောက်လွှာလက်ခံကာလ
ဖောင်လက်ခံကာလ- ၁၈.၇.၂၀၂၂ နေ့ မနက် ၁၀နာရီ မှ၂၈.၇.၂၀၂၂ ညနေ ၄နာရီ အထိ

လျှောက်လွှာလျှောက်ထားခြင်း
အောက်ဖော်ပြပါ Google Form အားဖြည့်စွက်၍ ဓါတ်ပုံ (3cm x 4cm) နှင့် ဂျပန်ဘာသာစာမေးပွဲအောင်လက်မှတ် အားပူးတွဲတင်ပြပေးရပါမည်။

https://forms.gle/JGzhhmob3gHe79zx7

လျှောက်ထားပြီးသူများအား Scholarship နှင့်ပတ်သတ်သည့် အသေးစိတ်အစီအစဥ်များအား Google Form တွင်ဖြည့်သွင်းထားသော Gmail များမှတဆင့်သာဆက်သွယ်ပေးပို့သွားမည်ဖြစ်ပါသည်။

MAJA Education Centre
09- 428 613 848

ဂျပန်ဝန်ကြီးချုပ်ဟောင်း Abe Sama ဆုံးသွားပြီဖြစ်ကြောင်းအတည်ပြုလိုက်ပါပြီ 😔🥀
08/07/2022

ဂျပန်ဝန်ကြီးချုပ်ဟောင်း Abe Sama ဆုံးသွားပြီဖြစ်ကြောင်းအတည်ပြုလိုက်ပါပြီ 😔🥀

  Time duration and passing score of JLPT N5 to N1 ကဲ ဒီနေ့တော့ JLPT ဖြေမဲ့ ဖြေဆိုသူတွေအတွက် level တစ်ခုချင်းစီရဲ့ ဖြေရမ...
30/06/2022



Time duration and passing score of JLPT N5 to N1
ကဲ ဒီနေ့တော့ JLPT ဖြေမဲ့ ဖြေဆိုသူတွေအတွက် level တစ်ခုချင်းစီရဲ့ ဖြေရမဲ့section တွေရယ် အချိန်သတ်မှတ်ချက်ရယ် ရမှတ်တွေနဲ့ပတ်သက်ပြီး ဖော်ပြပေးလိုက်ပါတယ် 🤍

1️⃣ Section
🌻 N5, N4, N3- language knowledge vocabulary), language knowledge (grammar)+reading, listening

🌻 N2, N1- language knowledge (vocabulary and grammar)+reading and listening

2️⃣ Time Duration
N5- a total duration of 105 minutes
✔️25 minutes for language knowledge (vocabulary)
✔️50 minutes for language knowledge (grammar)+reading
✔️30 minutes for listening

N4- a total duration of 125 minutes
✔️30 minutes for language knowledge (vocabulary)
✔️60 minutes for language knowledge (grammar)+reading
✔️35 minutes for listening

N3- a total duration of 140 minutes
✔️30 minutes for language knowledge (vocabulary)
✔️70 minutes for language knowledge (grammar)+reading
✔️40 minutes for listening

N2- a total duration of 155 minutes
✔️105 minutes for language knowledge (vocabulary/grammar)+reading
✔️50 minutes for listening

N1- a total duration of 170 minutes
✔️110 minutes for language knowledge (vocabulary/grammar)+reading
✔️60 minutes for listening

3️⃣ Passing Score

N5- 80/180
N4- 90/180
N3- 95/180
‼️sectionတစ်ခုစီအတွက်ကိုအမှတ်၆၀ပေးထားပြီးတော့ section တစ်ခုစီကို ၁၉မှတ်ရမှအောင်မှာဖြစ်ပါတယ်

N2- 90/180
N1- 100/180
‼️ language knowledge (vocabulary and grammar)+reading sectionအတွက်ကို အမှတ်၁၂၀ပေးထားပြီး ၃၈မှတ်ရဖို့လိုအပ်ပါတယ်။ နောက် listening section အတွက်ကို အမှတ်၆၀ပေးထားပြီး၁၉မှတ်ရမှ အောင်မှာဖြစ်ပါတယ်

မကြာခင် ၇လပိုင်းJLPT ဖြေရတော့မယ်နော် 皆さんドキドキしてるでしょう💓minasan စာတွေကျက်လို့အဆင်ပြေကြရဲ့လား? အခုအချိန်ကစာအသစ်တွေကျက်နေတာထက်...
29/06/2022

မကြာခင် ၇လပိုင်းJLPT ဖြေရတော့မယ်နော် 皆さんドキドキしてるでしょう💓

minasan စာတွေကျက်လို့အဆင်ပြေကြရဲ့လား?
အခုအချိန်ကစာအသစ်တွေကျက်နေတာထက်စာရင် သိပြီးသား ကျက်ပြီးသားလေးတွေကို ပြန်နွှေးနေတာက အကောင်းဆုံးပါပဲနော် 😉
အခုလာမဲ့July စာပေးပွဲဖြေမဲ့ထဲမှာ စာမေးပွဲအတွေ့အကြုံရှိပြီးသားသူတွေကော အခုမှစဖြေမဲ့သူတွေကောပါတဲ့အတွက် မမှားသင့်တာလေးတွေ မလွဲသင့်တာလေးတွေ မရှိရလေအောင် သတိထားစရာလေးတွေနဲနဲပြောပြမယ်နော် 🙇‍♀️

🌻 သေချာတာကတော့ ဒီနေ့ကစပြီးတော့ ညဘက်စောစောအိပ်ကြပါနော် Zzzzz K-Drama တွေနောက်မှကြည့် 🥲 ဒါမှ စိတ်ကြည်ကြည်လေးနဲ့စာတွေသေချာမှတ်နိုင်မှာပေါ့

🌻 ကိုယ်ဖြေရမဲ့ Test Site (စာဖြေဌာန) ကိုသေချာသိထားဖို့လိုတယ်နော်... ဘယ်နေရာမှာရှိတာလဲ ကိုယ့်နေရာနဲ့ဆို ဘယ်လောက်ဝေးတာလဲ ဘာကားစီးရမှာလဲ အစရှိသဖြင့် အခုထဲက သေချာလေ့လာ စဉ်းစားထားရတော့မှာပါ (စာဖြေဌာန မှားရောက်သွားတာတွေက အရင်ကလဲရှိဖူးနေတော့ ထပ်မမှားစေချင်တော့ဘူး) 🥺

🌻နောက်တစ်ချက်က အချိန်- စာဖြေဌာနကိုရောက်ရမည့်အချိန်ထက် ၁နာရီလောက်စောသွားပါနော် (Test Voucherမှာအချိန်ရေးပေးထားပါတယ်)

🌻 နောက် JLPTနေ့ဆိုရင် စာဖြေခန်းက Aircon ရှယ်ဖွင့်ပါတယ်နော် အဲ့တော့ စာမေးပွဲtension နဲ့ကောဆို နဂိုထက်ပိုချမ်းပါတယ် 🥶 အဲ့တာကြောင့် အပေါ်ထပ်လေးသေချာပေါက်ယူသွားပါနော် 🥰

🌻 စာမေးပွဲဖြေခွင့်ကဒ် (Test Voucher) နဲ့ မှတ်ပုံတင်ကဒ်၊ စာရေးကိရိယာတွေကို မမေ့အောင်ယူသွားပါနော် ✏️

🌻ဖုန်းပါသွားရင် သေချာပေါက် ပါဝါပိတ်ပြီးအိတ်ထဲထည့်ထားပါနော် အသံလုံးဝမထွက်စေနဲ့ ရှူး 🤐

ကျန်တဲ့ စာမေးပွဲဖြေတဲ့ပုံစံ၊ Time management နဲ့ပတ်သက်ပြီးတော့ Minasan လဲ သိထားပြီးသားဖြစ်မယ်လို့ယုံကြည်ပါတယ်
အဲ့ဒီတော့ စာမေးပွဲဖြေနေစဉ်မှာ စိတ်ကြည်ကြည်လင်လင်ထားပြီး တစ်ခုပြီးတစ်ခု အေးအေးဆေးဆေးနဲ့ဖြေပါ မလောပါနဲ့ မရတာရှိရင် ကွက်လပ်မထားခဲ့ပဲ ထင်တာကိုခြယ်ခဲ့ပါ 🤍

စာမေးပွဲဖြေဆိုသူတွေအားလုံး စိတ်အရမ်းမလှုပ်ရှားပဲ တည်တည်ငြိမ်ငြိမ်နဲ့ အကောင်းဆုံးဖြေဆိုနိုင်ကြပါစေ... 🤍 Listening အတွက်လဲ အသံထစ်တာတွေ background noice တွေမရှိပဲ အဆင်ပြေပြေဖြေဆိုနိုင်ကြပါစေ... လို့J-On JLS မှဆုတောင်းပေးနေပါတယ်နော်
Minasan Good Luck 🍀



ご注意❗️
25/06/2022

ご注意❗️

3.7.2022 ရက်နေ့မှာဖြေဆိုမဲ့ စာမေးပွဲနဲ့ ပတ်သက်ပြီး ဒီအချက်တွေကို ဂရုပြုပေးကြပါနော်....

စာဖြေခန်းထဲသို့ ယူဆောင်ခွင့်ပြုသောပစ္စည်းများ

1. စာမေးပွဲဖြေဆိုခွင့်ကတ်
2. သက်သေခံကတ်ပြားမူရင်း
3. ခဲတံ (No. 2B/ HB), ခဲဖျက်, ချွန်စက်
ဖော်ပြပါပစ္စည်းများမှလွဲ၍ ကျန်ပစ္စည်းများအား စာဖြေခန်းထဲသို့ လုံးဝ(လုံးဝ) ယူဆောင်ခွင့် မပြုပါ။
(ဥပမာ - သောက်ရေဘူး၊ ခဲတံအိတ်၊ ကွန်ပါဘူး၊ တစ်သျှူး စတဲ့ ပစ္စည်းတွေကို ယူဆောင်ခွင့် မပြုပါ။)

စာဖြေခန်းအတွင်းသို့ ယူဆောင်ခွင့်မပြုသောပစ္စည်းများ

1. Mobile Phone, Smart Phone, Smart Watch, Alarm Watch, Pocket Watch & Table clock တွေကို စာဖြေခန်းထဲသို့ ယူဆောင်ခွင့်မပြုပါ။
2. ကျောပိုးအိတ် နှင့် အခြားသော အိတ်များ၊ ပိုက်ဆံအိတ်နှင့် တန်ဖိုးကြီးပစ္စည်းများ ယူဆောင်လာခြင်း ကို ရှောင်ရှားပေးပါ။
***ပျောက်ဆုံးမှုများအတွက် လုံးဝ(လုံးဝ) တာဝန်ယူမည်မဟုတ်ပါ။***

ပါးစပ်နှာခေါင်းစည်း၊ မက်စ် (Mask) မဖြစ်မနေတပ်ဆင်လာရန်၊ လက်ဆေးရန် နေရာနှင့် လက်သန့်ဆေးများကို စာဖြေဌာနတွင် ပြင်ဆင်ပေးထားမည် ဖြစ်ပါသည်။

Test Voucher တွင် ပါရှိသော ခုံနံပါတ်၊ နေရာ၊ အချိန်၊ နေ့ရက် အတိုင်း လာရောက်ဖြေဆိုရပါမည်။ စာဖြေဌာန နေရာသို့ ရောက်ရှိသည့်အခါ ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်ပြီး၊ လမ်းညွှန်ပေးသည့် နေရာများတွင် စာမေးပွဲ ဖြေဆိုရန် စောင့်ဆိုင်းပါ။ ကျောင်းဝင်းပြင်ပတွင် လူစုလူဝေး ဖြစ်ပေါ်စေရန် မပြုလုပ်ပါနှင့်။

တချို့သော စာဖြေဌာနများအတွက်သီးသန့်စည်းကမ်းသတ်မှတ်ချက်များအား Email ဖြင့်ထပ်မံပေးပို့ထားပါသည်။ Email ထပ်မံမရရှိသူများမှာ ယခုကြေငြာချက်ပါစည်းကမ်းချက်များအတိုင်းသာဖြစ်ပါသည်။

ဖြေဆိုသူရဲ့ ကိုယ်ရေးအချက်အလက် အမှားပြင်ဆင်ခြင်း

အမည်၊ မွေးသက္ကရာဇ် ပြင်ဆင်လိုပါက ကြီးကြပ်ရေးမှူးဆရာ၊ ဆရာမထံ အသိပေးပြီး စာမေးပွဲပြီးဆုံးသည့်အချိန်တွင် သက်ဆိုင်ရာ ရုံးခန်းသို့ အထောက်အထားအပြည့်အစုံဖြင့် လာရောက်ပြင်ဆင်ပေးပါရန်။

အထူးသတိပြုရမည့် အချက်များ

စာဖြေဌာနနှင့် စာမေးပွဲခန်းများ၌ လက်ကိုင်ဖုန်း၊ လျှပ်စစ်အဘိဓါန်၊ အသံဖမ်းစက်၊ Smart Watch နာရီများ၊ လျှပ်စစ်ပစ္စည်းများ လုံးဝ(လုံးဝ) မယူလာရန် အထူးတားမြစ်ထားပါသည်။ စာဖြေနေစဉ် ဖုန်းရှိနေခြင်း၊ ဖုန်းသံမြည်လာခြင်း၊ ဖုန်း Vibration မြည်လာခြင်းများသည် ပြစ်မူကျူးလွန်စာရင်းထဲ ပါမည်ဖြစ်ပြီး၊ ပြစ်မှုကျူးလွန်သည့် စာဖြေသူ၏ အောင်စာရင်းအား ထုတ်ပေးမည်မဟုတ်၍ အထူးသတိပြုကြပါရန်။

ကျောင်းသားအားလုံး ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ JLPT ကို ရမှတ်အပြည့်နှင့် ဖြေဆိုနိုင်ကြပါစေ။
JLPT စာမေးပွဲကျင်းပရေးကော်မတီ (MAJA)
09- 428 756 746 09- 986 093 637

FYI minasan!
20/05/2022

FYI minasan!

မြန်မာနှစ်သစ် ၁၃၈၄ပြည့်နှစ် နှစ်ဆန်းတစ်ရက်နေ့မှစတင်၍ မြန်မာပြည်သူ၊ပြည်သား အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းမ...
16/04/2022

မြန်မာနှစ်သစ် ၁၃၈၄ပြည့်နှစ် နှစ်ဆန်းတစ်ရက်နေ့မှစတင်၍ မြန်မာပြည်သူ၊ပြည်သား အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများပြည့်စုံနိုင်ကြပါစေကြောင်း J-On Japanese Language School မိသားစုမှ နှစ်သစ်ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင့် 🙇‍♀️




#နှစ်ဆန်းတစ်ရက်နေ့

JLPT form တင်တာမမှီလိုက်တဲ့သူတွေအတွက် Top-J စာမေးပွဲလေးလာပြီနော် 🔔
04/04/2022

JLPT form တင်တာမမှီလိုက်တဲ့သူတွေအတွက် Top-J စာမေးပွဲလေးလာပြီနော် 🔔

もっと覚えよう!ဂျပန်စာသင်နေရင်း အမေးများကြတဲ့ မေးခွန်းလေးတစ်ခု❔『ဂျပန်စာရဲ့ စကားလုံး(kotoba)လေးတွေကိုမှတ်မိလွယ်အောင်ဘယ်လိုကျက်ကြ...
27/03/2022

もっと覚えよう!

ဂျပန်စာသင်နေရင်း အမေးများကြတဲ့ မေးခွန်းလေးတစ်ခု❔

『ဂျပန်စာရဲ့ စကားလုံး(kotoba)လေးတွေကိုမှတ်မိလွယ်အောင်ဘယ်လိုကျက်ကြလဲ』🤔

kotobaမှတ်ပုံမှတ်နည်းနဲ့ပတ်သက်ပြီးတစ်ယောက်နဲ့တစ်ယောက် စာလေ့လာတဲ့ပုံစံကွဲပြားကြတဲ့အတွက် သေချာပေါက်မတူညီကြဘူးပေါ့နော်

ဒီနေ့ ပြောပြပေးမှာက kotaba မှတ်တာနဲ့ ပတ်သက်ပြီး မင်မင်လုပ်ခဲ့တဲ့ နည်းလမ်းလေး ၂ ခုကို ပြောပြချင်ပါတယ်
ဒီနည်းလေး၂ခုက အရမ်းheavyကြီး စာမလုပ်ချင်တဲ့သူတွေ, နေ့တိုင်းအချိန်တစ်ခုပေးပြီးစာလုပ်ရမှာ မအားတဲ့သူတွေအတွက်ပိုအဆင်ပြေပါတယ် 😉
頑張ってくださいね!💛



Minasan, Readingတူတူလေ့လာကြည့်ရအောင်နော်!! 😻
23/03/2022

Minasan,

Readingတူတူလေ့လာကြည့်ရအောင်နော်!! 😻

နာမည်စာရင်းပါကြလား မိနစံ
22/03/2022

နာမည်စာရင်းပါကြလား မိနစံ

N4 form တင်ထားတဲ့ minasan တို့ရေ စာတွေလုပ်နေကြပြီလား?? 🤩 頑張ってくださいね!စာမေးပွဲကြေးသွင်းဖို့ နောက်ဆုံး deadline လေးကို ကြေညာ...
20/03/2022

N4 form တင်ထားတဲ့ minasan တို့ရေ စာတွေလုပ်နေကြပြီလား?? 🤩 頑張ってくださいね!

စာမေးပွဲကြေးသွင်းဖို့ နောက်ဆုံး deadline လေးကို ကြေညာနေပြီနော်

မင်္ဂလာပါရှင်...

JLPT 2022 JULY စာမေးပွဲ N4 Level အတွက် လျှောက်လွှာလက်ခံရရှိသူများစာရင်းအား ရန်ကုန်စာဖြေဌာနအတွက် (14.3.2022) ရက်‌‌နေ့ နှင့် မန္တလေးစာဖြေဌာနအတွက် (11.3.2022) ရက်နေ့များတွင် အသီးသီးကြေငြာပေးခဲ့ပါသည်။

အဆိုပါစာရင်းတွင်ပါရှိသော စာမေးပွဲ‌လျှောက်ထားသူများမှ သတ်မှတ်ငွေပေးသွင်းရက်အတွင်း ‌စာမေးပွဲကြေး ပေးသွင်းထားပြီးသူမှာ၊ ရန်ကုန်စာဖြေဌာနတွင် (6334) ဦးနှင့် မန္တလေးစာဖြေဌာနတွင် (3187) ဦး ဖြစ်ပါသည်။

Invoice No. ကြေငြာထားသည့် စာရင်းတွင်ပါရှိပြီး ငွေပေးသွင်းရန်ကျန်ရှိ‌သော စာ‌မေးပွဲလျှောက်ထားသူများအနေဖြင့် စာမေးပွဲ၀င်ရောက်ဖြေဆိုမည်ဖြစ်ပါက (21.3.2022)ရက်နေ့ နေ့လည် 3နာရီ အချိန်နောက်ဆုံးထားပေးသွင်းရမည်ဖြစ်ပါသည်။

** ယခု‌နောက်ဆုံးသတ်မှတ်ရက်အတွင်း စာမေးပွဲကြေးပေးသွင်းခြင်းမရှိပါက စာမေးပွဲဖြေဆိုခွင့်ရရှိမည်မဟုတ်ကြောင်းနှင့် (26.2.2022) ရက် (17:23:57) နောက်ပိုင်းတွင် လျှောက်လွှာရောက်ရှိလာသူများကို အချိန်အစဉ်လိုက်အတိုင်း ဖုန်းဖြင့်ဆက်သွယ်ကာ စာမေးပွဲဖြေဆိုခွင့်အား လက်ခံသွားမည်ဖြစ်‌ကြောင်း အသိပေးအပ်ပါသည်။ **

စာမေးပွဲကြေးလက်ခံရရှိထားသူစာရင်းအား ခုံနံပါတ်နှင့်တကွ မကြာမီရက်အတွင်းကြေငြာပေးသွားပါမည်။

စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း

Address

Yangon

Alerts

Be the first to know and let us send you an email when J-On posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to J-On:

Shortcuts

Share