14/03/2023
တစ်ခါတစ်လေကြရင်
ကိုယ့်ရဲ့ personal problems
တွေရှိတတ်ပါတယ်။ ထိုအရာတွေ
ကိုကိုယ့်ကိုယ် မဖြေရှင်းချင်တဲ့အခါ
ကြီးတဲ့အရာတစ်ခုဟာ သေးတာက
နေ ပပျောက်သွားမဲ့အစား
ပိုပိုပြီးကြီးလာခဲ့ပါတယ်။
ထိုအခြေအနေတွေကြောင့် ကိုယ်နဲ့ပဲ
ဆိုင်တဲ့ problems တွေက ပိုပိုကြီး
လာတာနဲ့အမျှ တစ်ပါးသူကိုပါ
တက်ရောက်စေပါတယ်။
ကိုယ်ဖြေရှင်းရမဲ့အရာတစ်ခုက
တစ်ခြားသူကြောင့် ဖြစ်တယ်ဆိုပြီး
ခံယူလိုက်တဲ့အခါ
'သူသာမရှိရင် အဆင်ပြေလာမှာပဲ'
ဆိုတဲ့ ခံယူချက်ကို အစပြုလာကြတယ်။
ထိုအခါ ကိုယ့်အပေါ်မှာ တကယ်တန်း
ချစ်တဲ့သူတွေကို မကောင်းမြင်
တဲ့စိတ် ၀င်လာတဲ့အတွက်ကြောင့်
ထိုသူကို စွန့်လွတ်ချင်လာပါတယ်။
နောက်ဆုံး ကိုယ်တကယ်ဖြစ်ချင်တဲ့
ဆန္ဒကို ရပြီ....
ထိုသူ ကိုယ့်ရဲ့ ဘ၀မှာ မရှိတော့ဘူး...
ဒါပေမဲ့ problems တွေက ကြီးမြဲကြီး
နေဆဲပါပဲ...
ဘာပဲဆုံးရှုံးလိုက်ရလဲဆိုတော့
LOVE ပါပဲ။
LOVEဆိုတာ ပြန်ရဖို့ခက်တဲ့ အပြင်
ပြန်တည်ဆောက်ဖို့လဲ ခက်တဲ့ အရာ
တစ်ခု ဖြစ်တဲ့အတွက်ကြောင့်
လွယ်လွယ်နဲ့ ရတဲ့ အရာတစ်ခု
မဟုတ်ပါဘူး။
LOVE ဆိုတဲ့စကားလုံးလေးကြောင့်
မကောင်းတဲ့ အခြေအနေတွေကို
အကောင်းဖြစ်အောင်
ပြန်လုပ်နိုင်ခဲ့ပါတယ်။
အခုတော့.... ရှိတဲ့ problems တွေကို
တူတူကျော်လွှားဖို့ LOVE မရှိတော့တာ
ကြောင့် ဖြေရှင်းဖို့ပိုပြီး ခဲရင်းသွားပါတယ်။
ဘာလို့လဲဆိုတော့ ကိုယ့်ကို ထောက်ပံ့
ပေးမဲ့ support မရှိတော့လို့ပါ....