28/06/2023
ဘာသာစကားနဲ့ပတ်သက်ရင်
အရမ်းမြန်မြန်ပြောတက်ချင်တာကိုအများဆုံးတွေ့ရပါတယ်
အဲ့စိတ်ဆန္ဒကြောင့် ဘာသာစကားကို နည်းလမ်းမှန်မှန်မသွားပဲ ဖြတ်ထိုးအမြန်နည်းတွေသွားကြတာကြောင့်
သေချာမတတ်မြောက်ပဲ ပိုကြာကုန်တာပါ
အဓိက က မြန်မြန်ပြောတတ်ချင်တယ်ဆိုတဲ့စိတ်ကို ကြိုးစားတဲ့နေရာမှာ ကိုယ့်ကိုကိုယ်အားပေးတဲ့နေရာမှာ
အသုံးချပြီး ပိုကြိုးစားလိိုက်တာက ကိုယ်သွားချင်တဲ့ပန်းတိုင်ကို မြန်မြန်ရောက်ပါလိမ့်မယ်...
ဆန္ဒ စောပြီး
Level ကျော်ခွတက်တာမျိုးဆိုရင်တော့
တကယ်ကိုသေချာပေါက်မှားသွားပါပြီ....
Level နဲ့ပတ်သက်ပြီး သေချာရှင်းပြပေးပါမယ်ရှင်...
အခြေခံမပိုင်နိုင်သေးဘူးဆိုတဲ့သူတွေက
Basic Level က စကိုစရမှာပါ...
အခြေခံပိုင်နိုင်ဖို့ကတော်တော်အရေးကြီးပါတယ်
Basic Level တက်ပြီးသွားလို့
Tenses တွေအနည်းအကျဥ်းနားလည်လာပြီ....
စာကြောင်းတည်ဆောက်ပုံလေးတွေ သဘောပေါက်လာပြီဆိုရင်
Elementary Level ကိုဆက် joinပါရှင်
Elementary Level တက်ပြီးရင် ကိုယ့်ကိုကိုယ်ပိုသိလာပါလိမ့်မယ်
အရင်ကထက် Tenses တွေပိုသိလာမယ်
Sentence Structures ပိုသေသပ်လာမယ်
Prepositions သုံးပုံသုံးနည်းတွေ ပိုသိလာပါမယ်...အဓိကက ကိုယ်ပြောချင်တဲ့စာကြောင်းတွေမှန်ကန်လာပါလိမ့်မယ်...
ဒီနေရာမှာ Intermediate Level ကို
တန်းတက်လို့ရလားလို့ အမေးများကြပါတယ်... တက်ချင်တက်လို့ရပါတယ်...
(အကောင်းဆုံးကတော့ Pre-Intermediate Level တက်ရင်တော့ပိုကောင်းပါတယ်)
တစ်ယောက်နဲ့တစ်ယောက်စာလိုက်နိုင်ပုံခြင်းမတူတော့
တချို့က Intermediate Level ကို လိုက်နိုင်ကြပါတယ်
မလိုက်နိုင်ခဲ့ရင်လဲ ဘာမှအားငယ်စရာမလိုပါဘူး
Pre-Intermediate Level ကိုဆင်းပါ
အဓိကကပန်းတိုင်ရောက်ဖို့မဟုတ်ပါလား
ဆက်သာလျှောက်ပါ......
Part-(2) ကိုနောက်နေ့တင်ပေးပါ့မယ်ရှင့်...