ShweNote

Call Directions Website Contact the school

ShweNote အခုမှစသုံးမဲ့သူတွေအတွက် တစ်နှစ်စာနဲ့တစ်သက်စာပလန်ဝယ်ယူမယ်ဆိုရင် Special Offer တွေ ပေးနေတာကြောင့် Messenger ကနေ ဆက်သွယ်လို့ရပါတယ်ဗျို့ 📌
(743)

❝ အသက် ၃၀ ကျော် ၄၀ အရွယ်တွေ ဘာကြောင့် အရင်လို မပျော်နိုင်ကြတော့တာလဲ? ❞ကလေးဘဝတုန်းက ဘာအပူအပင်မှ မရှိခဲ့ဘဲ အခု အသက်လေးရလာတ...
19/08/2026

❝ အသက် ၃၀ ကျော် ၄၀ အရွယ်တွေ ဘာကြောင့် အရင်လို မပျော်နိုင်ကြတော့တာလဲ? ❞

ကလေးဘဝတုန်းက ဘာအပူအပင်မှ မရှိခဲ့ဘဲ အခု အသက်လေးရလာတော့မှ ဘာလုပ်လုပ် စိတ်မချမ်းသာဘူး၊ အရာရာကို ပင်ပန်းတယ်လို့ ခံစားနေရပြီလား?
အရင်ကဆို ရယ်စရာလေးတစ်ခုနဲ့တင် ပျော်နေတတ်တဲ့ သူက အခုဆို အပြုံးတွေပျောက်ပြီး "အသက်ကြီးလာလေလေ ပျော်စရာတွေ နည်းလာလေလေ" ဖြစ်နေပြီဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာမှာ အပြောင်းအလဲတစ်ခု စတင်ဖြစ်နေတာပါ။

အထူးသဖြင့် အခုလို အဘက်ဘက်က ကျပ်တည်းနေတဲ့ မြန်မာနိုင်ငံက အခြေအနေတွေကြားမှာ လူလတ်ပိုင်းတွေဟာ မိသားစု ဝန်ထုပ်ဝန်ပိုးတွေ၊ စီးပွားရေး ပူပန်မှုတွေနဲ့ ရှေ့မတိုးသာ နောက်မဆုတ်သာ ပိုဖြစ်လာတတ်ပါတယ်။ ကြွေးဟောင်းဆပ်ရ ကြွေးသစ်ချရတာနဲ့ ဝမ်းရေး ဖိအားတွေကြောင့် "Midlife Crisis" (အသက်လတ်ပိုင်း အကျပ်အတည်း) ကို မြန်မာလူမျိုးတွေ ပိုပြီး ပြင်းပြင်းထန်ထန် ခံစားနေကြရပါတယ်။

စိတ်ပညာမှာဆိုရင် ပျော်ရွှင်မှုဆိုတာ အင်္ဂလိပ်အက္ခရာ U (ယူ) ပုံသဏ္ဍာန်ရှိပါတယ်။ အသက် ၄၀ ကနေ ၆၀ ကြား ဘဝရဲ့ အလယ်ပိုင်းကို ရောက်လာပြီဆိုတာနဲ့ ပျော်ရွှင်မှုတွေက တဖြည်းဖြည်း အောက်ခြေကို ထိုးကျသွားတတ်ပါတယ်။

အဲ့ဒါကြောင့် စိုးရိမ်စိတ် လွန်ကဲခြင်းတာတွေ၊ အာရုံစူးစိုက်မှု ကျဆင်းလာတာတွေ၊ ထိလွယ်ရှလွယ်ဖြစ်တာတွေနဲ့ ကျန်းမာရေးပြောင်းလဲမှုတွေလည်းအများကြီးဖြစ်လာတတ်ပါတယ်။
ဒီတော့ ဒီလို အကျပ်အတည်းကနေ ဘယ်လို ရုန်းထွက်မလဲ?

ဒါတွေကို ဒီအတိုင်း ကြိတ်မှိတ်ခံစားပြီး လျစ်လျူရှုထားမယ်ဆိုရင် စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး ပိုအထီးကျန်လာပါလိမ့်မယ်။ ဒီပြဿနာကို ဖြေရှင်းဖို့

(၁) ရင်ဖွင့်ပါ : တစ်ယောက်တည်း ကြိတ်မခံစားပါနဲ့။ ကိုယ့်ခံစားချက်တွေကို နားလည်ပေးနိုင်တဲ့၊ လမ်းညွှန်ပေးနိုင်တဲ့ မိတ်ဆွေတွေဆီ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပါ။

(၂) အချိန်ဖြုန်းခြင်းကို ရှောင်ပါ : စိတ်ညစ်တာကို အကြောင်းပြပြီး မူးယစ်ဆေး၊ အရက်တွေ သောက်တာမျိုးထက် အားကစား ပြန်လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်တည်ဆောက်ပါ။

( ၃) စိတ်ကို Focus လုပ်ပါ : စိတ်ညစ်နေရင် ဘာတရားထိုင်ရမလဲ မတွေးပါနဲ့။ ဘာသာရေးသက်သက် မဟုတ်ဘဲ ပြန့်လွင့်နေတဲ့ စိတ်ကို ကိုယ့်အကြောင်းကိုယ် ပြန်သုံးသပ်နိုင်အောင် တရားထိုင်ပြီး (Meditation) စိတ်ကို ပြန်လည်စုစည်းပါ။

(၄) အလုပ်နဲ့ လက်နဲ့ မပြတ်စေနဲ့ : အလုပ်တွေ ဖိလုပ်ခိုင်းတာ မဟုတ်ပါဘူး။ ကိုယ်ဝါသနာပါရာ၊ ကျန်းမာရေးနဲ့ ညီညွတ်ရာတစ်ခုခုကို အာရုံစိုက်ပြီး လုပ်ဆောင်ပါ။

Midlife Crisis ဆိုတာ လူတိုင်း ကြုံတွေ့ရနိုင်တဲ့ သဘာဝဖြစ်စဉ် တစ်ခုပါ။ အရေးကြီးဆုံးကတော့ ကိုယ့်ရဲ့ စိတ်မှာ ဘာတွေဖြစ်နေလဲဆိုတာကို သေချာနားလည်ပြီး U ကွေ့လေးရဲ့ အပေါ်ကို ဘယ်လို ပြန်တက်မလဲ ဆိုတာပါပဲ။

အသက်ကြီးလာချိန်မှာ ကြုံတွေ့ရတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့ လက်တွေ့ကျကျ ပြန်လည်ကုစားရမယ့် နည်းလမ်းတွေကို အသေးစိတ် သိချင်တယ်ဆိုရင်တော့ "The Happiness Curve" ဆိုတဲ့ စာအုပ်က အကောင်းဆုံး လမ်းပြပေးပါလိမ့်မယ်။

စာထိုင်ဖတ်ဖို့ အချိန်မရှိဘူးဆိုရင်တောင် အလုပ်လုပ်ရင်း၊ ကားစီးရင်း နားကြပ်လေးတပ်ပြီး အလွယ်တကူ နားဆင်နိုင်ဖို့ ShweNote App ထဲမှာ ဒီစာအုပ်ရဲ့ အနှစ်ချုပ်ကို အသံနဲ့ရော၊ စာနဲ့လို့ရပါတယ်။အခုပဲ ShweNote Application ကို ဝင်ရောက်ပြီး ဘဝအတွက် မရှိမဖြစ် လိုအပ်တဲ့ စိတ်ခွန်အားနဲ့ ပျော်ရွှင်မှုတွေကို ပြန်လည် ဖြည့်တင်းလိုက်ပါ။

📌 သတင်းကောင်းအနေနဲ့ကတော့ အခုမှ ရွှေနုတ် သက်တမ်းဝယ်မယ့် User အသစ်တွေ အတွက် တစ်သက်စာဝယ်မယ်ဆိုရင် “Special Offer" ရှိတာကြောင့် အခုပဲ ShweNote page Messenger (သို့်မဟုတ်) 📞 ဖုန်း - 09 940084444 ကို ဆက်သွယ်ပြီး ကိုယ့်ရဲ့ စာဖတ်ခြင်းခရီးစဉ်ကို အရှိန်အဟုန်နဲ့ ပြန်စလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

#သင့်ဖုန်းထဲကဒီဂျစ်တယ်စာကြည့်တိုက်

ကိုယ့်တိုင်းပြည်မှာပဲဖြစ်ဖြစ်၊ နိုင်ငံရပ်ခြားမှာ ရုန်းကန်နေရချိန်မှာပဲဖြစ်ဖြစ် ကိုယ်အယုံကြည်ရဆုံး လူတစ်ယောက်ရဲ့ လှည့်စား...
19/08/2026

ကိုယ့်တိုင်းပြည်မှာပဲဖြစ်ဖြစ်၊ နိုင်ငံရပ်ခြားမှာ ရုန်းကန်နေရချိန်မှာပဲဖြစ်ဖြစ် ကိုယ်အယုံကြည်ရဆုံး လူတစ်ယောက်ရဲ့ လှည့်စားတာကို ခံလိုက်ရဖူးလားဗျ။

လူ့ဘဝမှာ ယုံကြည်မှုဆိုတာ ငွေကြေးထက်တောင် ပိုတန်ဖိုးရှိပါတယ်။ ပြည်တွင်းမှာ ကိုယ်နဲ့ အနီးကပ်ရှိနေတဲ့ လုပ်ဖော်ကိုင်ဖက်ပဲဖြစ်ဖြစ်၊ ပြည်ပမှာ ကိုယ်အားကိုးရတဲ့ မိတ်ဆွေပဲဖြစ်ဖြစ်၊ သူတို့က ကိုယ့်ကို လိမ်ညာသွားတဲ့အခါ ဆုံးရှုံးသွားတာက ငွေကြေး၊ အချိန်တွေထက် သူတို့အပေါ်ထားတဲ့ "ယုံကြည်မှု" ပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်အယုံကြည်ရဆုံး လူတွေကပဲ ကိုယ့်ကို အထိနာဆုံးဖြစ်အောင် လုပ်တတ်ကြပါတယ်။

လိမ်ညာခံရလို့ နာကျင်ရတာထက်စာရင်၊ နောက်တစ်ကြိမ် အခက်အခဲကြုံလာတဲ့အခါ "ဒီလူ့ကို ငါအားကိုးလို့ ရပါဦးမလား" ဆိုတဲ့ သံသယဝင်သွားတာက ပိုပြီး ရင်နာစရာကောင်းပါတယ်။ ယုံကြည်မှုဆိုတာ မှန်တစ်ချပ်လိုပါပဲ။ တစ်ခါကွဲသွားရင် ပြန်ဆက်လို့ ရကောင်းရနိုင်ပေမဲ့ အက်ကွဲကြောင်းကြီးကတော့ အမြဲတမ်း ထင်ကျန်နေတတ်ပါတယ်။

ဒါကြောင့် ကိုယ့်ကို လိမ်ညာသွားတဲ့သူတွေအတွက် အချိန်ကုန်ခံပြီး ဝမ်းနည်းမနေပါနဲ့။ ကိုယ့်ဘက်ကနေ ရိုးရိုးသားသားနဲ့ အကောင်းဆုံး ပေးဆပ်ခဲ့ပြီးပြီမို့ နောင်တရစရာ မလိုပါဘူး။ ယုံကြည်မှုကို တန်ဖိုးမထားတဲ့ သူတွေကို ကိုယ့်ဘဝထဲကနေ ရှင်းထုတ်ပြီး၊ ကိုယ့်ရဲ့ ခွန်အားတွေနဲ့ ရဲရဲဝံ့ဝံ့ ရှေ့ဆက်ဖို့ပဲ အာရုံစိုက်လိုက်ဖို့အကြံပေးချင်ပါတယ်ဗျ။

📌 သတင်းကောင်းအနေနဲ့ကတော့ အခုမှ ရွှေနုတ် သက်တမ်းဝယ်မယ့် User အသစ်တွေ အတွက် တစ်သက်စာဝယ်မယ်ဆိုရင် “Special Offer" ရှိတာကြောင့် အခုပဲ ShweNote page Messenger (သို့်မဟုတ်) 📞 ဖုန်း - 09 940084444 ကို ဆက်သွယ်ပြီး ကိုယ့်ရဲ့ စာဖတ်ခြင်းခရီးစဉ်ကို အရှိန်အဟုန်နဲ့ ပြန်စလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

#သင့်ဖုန်းထဲကဒီဂျစ်တယ်စာကြည့်တိုက်

18/08/2026

ပြည်ပရောက်မြန်မာတွေရဲ့ အဓိက အခက်အခဲ ✈️

📌 သတင်းကောင်းအနေနဲ့ကတော့ သက်တမ်းပြန်တိုးမဲ့ User တွေ အတွက် တစ်နှစ်စာနဲ့ တစ်သက်စာဝယ်မယ်ဆိုရင် “Special Offer" ရှိတာကြောင့် အခုပဲ ShweNote page Messenger (သို့်မဟုတ်) 📞 ဖုန်း - 09 940084444 ကို ဆက်သွယ်ပြီး ကိုယ့်ရဲ့ စာဖတ်ခြင်းခရီးစဉ်ကို အရှိန်အဟုန်နဲ့ ပြန်စလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

#သင့်ဖုန်းထဲကဒီဂျစ်တယ်စာကြည့်တိုက်

လစာထုတ်ရက်ရောက်ဖို့ လက်ချိုးရေနေရတယ်။ လစာရလာပြန်တော့လည်း အကြွေးဆပ်ရ၊ ဘေလ်ဆောင်ရနဲ့ ချက်ချင်းပြောင်သွားလို့ စိတ်ညစ်ရပြန်တ...
18/08/2026

လစာထုတ်ရက်ရောက်ဖို့ လက်ချိုးရေနေရတယ်။ လစာရလာပြန်တော့လည်း အကြွေးဆပ်ရ၊ ဘေလ်ဆောင်ရနဲ့ ချက်ချင်းပြောင်သွားလို့ စိတ်ညစ်ရပြန်တယ်။ ကိုယ်လိုချင်တာလေးတစ်ခု ဝယ်သုံးမိရင်တောင် ငါ ပိုက်ဆံတွေ အလဟဿ ဖြုန်းတီးပစ်လိုက်ပြီလား ဆိုတဲ့ နောင်တနဲ့ နှမြောတသဖြစ်ရတာချည်းပဲ။ ဒီလိုမျိုး ငွေကြေးနဲ့ပတ်သက်လာရင် ပူပန်သောကရောက်ရတဲ့ သံသရာထဲမှာ လည်နေတာ စာဖတ်ချစ်သူ သတိထားမိပါသလား။

မြန်မာနိုင်ငံက လက်ရှိအခြေအနေတွေ၊ ကုန်ဈေးနှုန်းတွေကြောင့် ငွေရှာရခက်တာ မှန်ပါတယ်။ ဒါပေမဲ့ စိတ်ပညာ ရှုထောင့်ကနေ သုံးသပ်ကြည့်ရင် တကယ့်ပြဿနာက ငွေပမာဏ မဟုတ်ပါဘူး။ စာဖတ်ချစ်သူ နဲ့ ငွေကြေးကြားက မသိစိတ် (Subconscious) ဆက်ဆံရေး အဆင်မပြေဖြစ်နေတာပါ။

ငွေကြေးဆိုတာ စက္ကူသက်သက် မဟုတ်ဘဲ စွမ်းအင် (Energy) တစ်ခုပါ။ ပိုက်ဆံသုံးတဲ့အခါတိုင်း ညည်းညူပြီး သုံးတာ၊ ရှာတဲ့အခါ မကျေမနပ်နဲ့ ရှာတာတွေက စိတ်ခံစားမှုနဲ့ ဆုံးဖြတ်ချက်ချပုံကို အနုတ်လက္ခဏာပြစေပြီး နောက်ဆုံးမှာ ဝင်လာမယ့် ငွေကြေးတွေကိုပါ အလိုလို တွန်းထုတ်ပစ်တတ်ပါတယ်။ ဒါကို ဂျပန်လူမျိုး စာရေးဆရာ Ken Honda က သူ့ရဲ့ "Happy Money" စာအုပ်ထဲမှာ တိတိကျကျ ထောက်ပြထားပါတယ်။

စာဖတ်ချစ်သူတို့ဆီက ထွက်သွားတဲ့ ငွေတွေ၊ ဝင်လာတဲ့ ငွေတွေဟာ ငိုနေသလား၊ ပျော်နေသလား။ ဒီစာအုပ်က ငွေဘယ်လိုရှာရမလဲဆိုတဲ့ ရိုးရိုးသင်ခန်းစာတွေ မဟုတ်ဘဲ၊ ငွေပေးရတဲ့အခါ ကျေးဇူးတင်စိတ်နဲ့ ပေးတာ၊ လစာရတဲ့အခါ ဝမ်းသာအားရ ကြိုဆိုတာစတဲ့ လက်တွေ့ကျတဲ့ စိတ်ပိုင်းဆိုင်ရာ အလေ့အကျင့်ကောင်း (Habit-building) တွေကို မဟာဗျူဟာကျကျ သင်ပေးသွားမှာပါ။

အဲ့ဒါကြောင့် ငွေကြေးကြောင့် စိတ်ဆင်းရဲရတဲ့ သံသရာကနေ ရုန်းထွက်ချင်တယ်၊ ကိုယ့်ပိုက်ဆံအိတ်ထဲက ငွေကြေးတွေကို အမြဲတမ်း ပျော်ရွှင်နေစေချင်တယ်ဆိုရင်တော့ ဒီ "Happy Money" စာအုပ်ကို မဖြစ်မနေ ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒီစာအုပ်ဖတ်ပြီးရင် စာဖတ်ချစ်သူ ရဲ့ ငွေကြေးစီးဆင်းမှုနဲ့ စိတ်ခံစားချက်ကို အကောင်းဆုံး ပြောင်းလဲပေးနိုင်တာဖြစ်လို့ အခုပဲ ShweNote App ထဲမှာ အသံနဲ့ရော စာနဲ့ပါ သွားရောက်ဖတ်ရှုနားဆင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

📌 သတင်းကောင်းအနေနဲ့ကတော့ အခုမှ ရွှေနုတ် သက်တမ်းဝယ်မယ့် User အသစ်တွေ အတွက် တစ်သက်စာဝယ်မယ်ဆိုရင် “Special Offer" ရှိတာကြောင့် အခုပဲ ShweNote page Messenger (သို့်မဟုတ်) 📞 ဖုန်း - 09 940084444 ကို ဆက်သွယ်ပြီး ကိုယ့်ရဲ့ စာဖတ်ခြင်းခရီးစဉ်ကို အရှိန်အဟုန်နဲ့ ပြန်စလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

#သင့်ဖုန်းထဲကဒီဂျစ်တယ်စာကြည့်တိုက်

Manager ဖြစ်လာတဲ့အခါ ကိုယ့်အလုပ်ကိုယ်ကောင်းအောင်လုပ်ရုံနဲ့ မလုံလောက်တော့ဘူး။ဝန်ထမ်းဘဝတုန်းက ကိုယ့်အလုပ်ကိုယ် ကောင်းကောင်...
18/08/2026

Manager ဖြစ်လာတဲ့အခါ ကိုယ့်အလုပ်ကိုယ်ကောင်းအောင်လုပ်ရုံနဲ့ မလုံလောက်တော့ဘူး။

ဝန်ထမ်းဘဝတုန်းက ကိုယ့်အလုပ်ကိုယ် ကောင်းကောင်းလုပ်ရင် ပြီးပါပြီ။

ဒါပေမဲ့ Manager ဖြစ်လာတဲ့အခါမှာတော့ ကိုယ်တစ်ယောက်တည်း အလုပ်ပြီးနေလို့ မရတော့ပါဘူး။

ကိုယ့်အဖွဲ့ကလူတွေ အလုပ်ကောင်းကောင်းလုပ်နိုင်အောင် လုပ်ပေးရပါတယ်။

အဲဒီနေရာကစပြီး Manager တစ်ယောက်ရဲ့ အခက်အခဲတွေ စလာတာပါ။

Team Member တွေရဲ့ အခက်အခဲတွေနဲ့ လုပ်ငန်းရဲ့ Target တွေကြားမှာ ညှပ်နေရတတ်သလို၊ ဝန်ထမ်းတွေကိုလည်း Motivation ပေးရတယ်။ Performance မကောင်းတဲ့သူတွေရှိရင်လည်း ဘယ်လိုထိထိရောက်ရောက် ကိုင်တွယ်ရမလဲ စဉ်းစားရပါတယ်။

ပြီးတော့ ဒီနေ့ခေတ် လုပ်ငန်းခွင်တွေမှာ ရာထူးရှိတာနဲ့ လူတွေကို အမိန့်ပေးပြီး လိုက်လုပ်ခိုင်းလို့ မရတော့ပါဘူး။

လူတွေက ကိုယ့် Position ကြောင့်ပဲ လိုက်လုပ်တာမဟုတ်ဘဲ ကိုယ့်ကို ယုံကြည်လို့၊ နားလည်လို့၊ လေးစားလို့ လိုက်လုပ်လာအောင် Influence လုပ်တတ်ဖို့ လိုလာပါတယ်။

ဒါကြောင့် Manager ကောင်းတစ်ယောက်ဖြစ်ဖို့ Management Technique တွေသိရုံနဲ့ မလုံလောက်ပါဘူး။

လူတွေနဲ့ အလုပ်လုပ်တတ်ဖို့ လိုပါတယ်။

နေ့စဉ်ကြုံနေရတဲ့ ပြဿနာတွေရဲ့ တကယ့်အကြောင်းရင်းကို ရှာဖွေတတ်ဖို့၊ Team Member တွေကို Motivation ပေးတတ်ဖို့၊ Performance မကောင်းတဲ့ ဝန်ထမ်းတွေကို ထိထိရောက်ရောက် ကိုင်တွယ်တတ်ဖို့၊ ရာထူးအာဏာကို အားမကိုးဘဲ Influence တည်ဆောက်တတ်ဖို့နဲ့ အထက်လူကြီးတွေနဲ့ ကောင်းမွန်တဲ့ Relationship တည်ဆောက်တတ်ဖို့ဆိုရင် People Skills တွေ လိုအပ်ပါတယ်။

အဲဒီလို ခေတ်သစ်လုပ်ငန်းခွင်မှာ Manager တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ People Skills တွေကို လက်တွေ့ကျကျ လေ့လာချင်တယ်ဆိုရင်တော့ ShweNote App ထဲမှာ အခုပဲ (၆၆၃) အုပ်မြောက်စာအုပ်သစ်အနေနဲ့ တင်ဆက်ပေးလိုက်တဲ့ “The Eight Essential People Skills for Project Management”(ကြုံရဆုံရ မန်နေဂျာဘဝ) ဆိုတဲ့ စာအုပ်ကို မိတ်ဆက်ပေးပါရစေ။

ဒီစာအုပ်က လက်ရှိ Manager တွေအတွက်သာမက Leadership Role ကို တက်လှမ်းဖို့ ပြင်ဆင်နေသူတွေအတွက်ပါ အသုံးဝင်မဲ့ လမ်းညွှန်စာအုပ်တစ်အုပ် ဖြစ်တာမို့

လူတွေကို စီမံခန့်ခွဲတတ်တဲ့ Manager တစ်ယောက်ထက်၊ လူတွေနဲ့အတူ ရလဒ်ဖန်တီးနိုင်တဲ့ Leader တစ်ယောက် ဖြစ်လာချင်တယ်ဆိုရင် ဒီစာအုပ်ကို အသံနဲ့ရောစာနဲ့ပါ ဖတ်ရှုနားဆင်လိုက်ပါ။

📌 သတင်းကောင်းအနေနဲ့ကတော့ အခုမှ ရွှေနုတ် သက်တမ်းဝယ်မယ့် User အသစ်တွေ အတွက် တစ်သက်စာဝယ်မယ်ဆိုရင် “Special Offer" ရှိတာကြောင့် အခုပဲ ShweNote page Messenger (သို့်မဟုတ်) 📞 ဖုန်း - 09 940084444 ကို ဆက်သွယ်ပြီး ကိုယ့်ရဲ့ စာဖတ်ခြင်းခရီးစဉ်ကို အရှိန်အဟုန်နဲ့ ပြန်စလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

#သင့်ဖုန်းထဲကဒီဂျစ်တယ်စာကြည့်တိုက်

❝ အတန်းပညာနဲ့ အသိပညာဆိုတာ ကွဲပြားနေတဲ့ အရာနှစ်ခုပါ ❞တကယ်တော့ ပညာဆိုတာ ကျောင်းသင်ခန်းစာတွေမှာတင် ပြီးသွားတာ မဟုတ်ပါဘူး။ န...
18/08/2026

❝ အတန်းပညာနဲ့ အသိပညာဆိုတာ ကွဲပြားနေတဲ့ အရာနှစ်ခုပါ ❞

တကယ်တော့ ပညာဆိုတာ ကျောင်းသင်ခန်းစာတွေမှာတင် ပြီးသွားတာ မဟုတ်ပါဘူး။ နေ့စဉ် ဘဝမှာ အမှားအမှန်ကို တိတိကျကျ ခွဲခြားနိုင်ပြီး၊ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်တဲ့ "အသိပညာ " ကမှ အဓိက ကျတာပါ။

ဒီလိုမျိုး အသိပညာရှိသူတွေဟာ
(၁) စီးပွားရေးမှာ အောင်မြင်ကြတယ်
ယုံကြည်မှုရှိရှိ လမ်းကြောင်းအသစ်တွေကို တိုးချဲ့နိုင်သလို၊ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေကို ဖန်တီးနိုင်ပါတယ်။

(၂) ဆုံးဖြတ်ချက် ပြတ်သားကြတယ်
ကိုယ်ပိုင် အတွေးအခေါ် ရှိတဲ့အတွက် အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ တွေဝေမနေဘဲ ယုတ္တိဆန်ဆန် ဖြေရှင်းတတ်ကြပါတယ်။

ဒါကြောင့် အနာဂတ်မှာ ပါးနပ်တဲ့ High-Status Person တစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့ဆိုရင် ကျောင်းစာအုပ်တွေအပြင် စီးပွားရေး၊စီမံခန့်ခွဲမှု၊ သမိုင်းနဲ့ အတ္ထုပ္ပတ္တိဆိုင်ရာ အသိပညာတွေကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးထားဖို့ လိုပါတယ်။

အခုလို အနာဂတ်အတွက် လိုအပ်မယ့် ကမ္ဘာကျော် စာအုပ်အနှစ်ချုပ်ပေါင်း (၇၀၀) နီးပါးကို ShweNote App ထဲမှာ အသံနဲ့ရော စာနဲ့ ဖတ်ရှုနားဆင်ဖို့တိုက်တွန်းချင်ပါတယ်။

📌 သတင်းကောင်းအနေနဲ့ကတော့ အခုမှ ရွှေနုတ် သက်တမ်းဝယ်မယ့် User အသစ်တွေ အတွက် တစ်သက်စာဝယ်မယ်ဆိုရင် “Special Offer" ရှိတာကြောင့် အခုပဲ ShweNote page Messenger (သို့်မဟုတ်) 📞 ဖုန်း - 09 940084444 ကို ဆက်သွယ်ပြီး ကိုယ့်ရဲ့ စာဖတ်ခြင်းခရီးစဉ်ကို အရှိန်အဟုန်နဲ့ ပြန်စလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

#သင့်ဖုန်းထဲကဒီဂျစ်တယ်စာကြည့်တိုက်

17/08/2026

ကိုယ့်ရဲ့အေးချမ်းနေတဲ့စိတ်လေး မပူလောင်စေဖို့ 👇

📌 သတင်းကောင်းအနေနဲ့ကတော့ သက်တမ်းပြန်တိုးမဲ့ User တွေ အတွက် တစ်နှစ်စာနဲ့ တစ်သက်စာဝယ်မယ်ဆိုရင် “Special Offer" ရှိတာကြောင့် အခုပဲ ShweNote page Messenger (သို့်မဟုတ်) 📞 ဖုန်း - 09 940084444 ကို ဆက်သွယ်ပြီး ကိုယ့်ရဲ့ စာဖတ်ခြင်းခရီးစဉ်ကို အရှိန်အဟုန်နဲ့ ပြန်စလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

#သင့်ဖုန်းထဲကဒီဂျစ်တယ်စာကြည့်တိုက်

17/08/2026

ဖုန်းစွဲလမ်းနေပြီလားဆိုတာ ဒီအချက်တွေနဲ့စစ်ပါ 📞

📌 သတင်းကောင်းအနေနဲ့ကတော့ သက်တမ်းပြန်တိုးမဲ့ User တွေ အတွက် တစ်နှစ်စာနဲ့ တစ်သက်စာဝယ်မယ်ဆိုရင် “Special Offer" ရှိတာကြောင့် အခုပဲ ShweNote page Messenger (သို့်မဟုတ်) 📞 ဖုန်း - 09 940084444 ကို ဆက်သွယ်ပြီး ကိုယ့်ရဲ့ စာဖတ်ခြင်းခရီးစဉ်ကို အရှိန်အဟုန်နဲ့ ပြန်စလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

#သင့်ဖုန်းထဲကဒီဂျစ်တယ်စာကြည့်တိုက်

❝ မနက်စောစောထရုံနဲ့ အောင်မြင်ပြီလား? ❞တကယ်တော့ ဒါဟာ အိပ်ရေးပျက်ခံပြီး စောစောထခိုင်းတာ မဟုတ်ပါဘူး။ နံနက်ခင်း စောစောပိုင်း...
17/08/2026

❝ မနက်စောစောထရုံနဲ့ အောင်မြင်ပြီလား? ❞

တကယ်တော့ ဒါဟာ အိပ်ရေးပျက်ခံပြီး စောစောထခိုင်းတာ မဟုတ်ပါဘူး။ နံနက်ခင်း စောစောပိုင်းမှာ ကိုယ့်ရဲ့ ဦးနှောက်စွမ်းအားကို အပြည့်အဝ အသုံးပြုနိုင်ဖို့ပါပဲ။
စာရေးဆရာ Robin Sharma (ရော်ဘင်ရှာမာ) က မနက် ၅ နာရီကနေ ၆ နာရီကြား အချိန်ကို "အောင်မြင်မှု၏ အချိန် (Victory Hour)" လို့ တင်စားထားပါတယ် ။

အကြောင်းကတော့ မနက်ခင်း စောစောပိုင်းမှာ ပတ်ဝန်းကျင်ရဲ့ အနှောင့်အယှက် မရှိဘဲ တိတ်ဆိတ်နေချိန်မှာ ကျွန်တော်တို့ရဲ့ ဦးနှောက်က စိတ်ကို တည်ငြိမ်စေတဲ့ Beta Waves နဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို မြင့်တက်စေတဲ့ Theta Waves တွေကို အမြင့်ဆုံး ထုတ်လုပ်ပေးလို့ပါပဲ။
ဆိုတော့ တစ်နေ့တာလုံးကို တက်တက်ကြွကြွ အလုပ်လုပ်နိုင်မဲ့ မနက်ခင်းမှာလုပ်ရမဲ့ အလေ့အကျင့်(၃)ခုအကြောင်းပြောပြမယ် ။

၁။ စိတ်ငြိမ်အောင် တရားထိုင်ပါ။
မနက်နိုးနိုးချင်း ဦးနှောက်ဟာ ဘာမှ မထည့်ရသေးတဲ့ ခွက်လို ဗလာဖြစ်နေချိန်မှာ ဘာအကြောင်းမှ အရင်မတွေးဘဲ တရားထိုင်ပြီး မနက်ခင်းကို အေးချမ်းစွာ စတင်ပါ။

၂။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ။
မနက်ခင်း အိပ်မှုန်စုံမွှား ဖြစ်တာကို ဖျောက်ဖျက်ဖို့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလုပ်ပေးခြင်းက တစ်နေ့တာလုံးကို လန်းဆန်းစေပါတယ်။

၃။ ဦးနှောက်စွမ်းအား မြင့်နေချိန် တစ်ခုခု လေ့လာပါ
အတွေးတွေ ရှင်းလင်းနေချိန်မှာ မိနစ် ၂၀ လောက် အသစ်တစ်ခုခု လေ့လာခြင်းဟာ ပုံမှန်အချိန်မှာ ၃ နာရီလောက် ထိုင်လေ့လာတာထက် ပိုပြီး မှတ်မိလွယ်ပါတယ်။

ဒီတော့ မိနစ် ၃၀ တည်းနဲ့ စာအုပ်တစ်အုပ်လုံးရဲ့ အကြောင်းအရာတွေ၊ ဗဟုသုတတွေကို လေ့လာချင်တယ်ဆိုရင်တော့ ShweNote ကကူညီပေးနိုင်ပါတယ်။
ဒီနေ့ ပြောပြခဲ့တဲ့ အချက်တွေအပြင် တခြားအောင်မြင်ရေးနည်းလမ်းကောင်းတွေကို စာရေးဆရာ Robin Sharma (ရော်ဘင်ရှာမာ) ရဲ့ The 5 AM Club ဆိုတဲ့ စာအုပ်ကို ShweNote App ထဲမှာ အသံနဲ့စာနဲ့ပါ ဝင်ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ် ။

📌 သတင်းကောင်းအနေနဲ့ကတော့ အခုမှ ရွှေနုတ် သက်တမ်းဝယ်မယ့် User အသစ်တွေ အတွက် တစ်သက်စာဝယ်မယ်ဆိုရင် “Special Offer" ရှိတာကြောင့် အခုပဲ ShweNote page Messenger (သို့်မဟုတ်) 📞 ဖုန်း - 09 940084444 ကို ဆက်သွယ်ပြီး ကိုယ့်ရဲ့ စာဖတ်ခြင်းခရီးစဉ်ကို အရှိန်အဟုန်နဲ့ ပြန်စလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

#သင့်ဖုန်းထဲကဒီဂျစ်တယ်စာကြည့်တိုက်

❝ သူများကို ဂရုမစိုက်ခင် ကိုယ့်ကိုယ်ကိုယ် အရင် ဂရုစိုက်ပါ❞ကိုယ့်ကိုယ်ကိုယ် ဘယ်လို ဂရုစိုက်လဲလို့ မေးလိုက်ရင် အားလုံးက အပ...
17/08/2026

❝ သူများကို ဂရုမစိုက်ခင် ကိုယ့်ကိုယ်ကိုယ် အရင် ဂရုစိုက်ပါ❞

ကိုယ့်ကိုယ်ကိုယ် ဘယ်လို ဂရုစိုက်လဲလို့ မေးလိုက်ရင် အားလုံးက အပြင်ပန်း ခန္ဓာကိုယ်ကို ဂရုစိုက်တယ်လို့ပဲ ပြေးမြင်ကြတယ် ။ တကယ်တော့ ခန္ဓာကိုယ် ကျန်းမာဖို့ လိုသလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာနေဖို့ကလည်း ပိုပြီး အရေးကြီးပါတယ်။

အဲ့တော့ ကိုယ့်စိတ်ကို အေးချမ်းအောင် ဘယ်လိုလုပ်ကြမလဲဆိုရင်
ကိုယ့်ဘဝထဲကို ကိုယ်နဲ့မဆိုင်တဲ့ အမှိုက်တွေ မထည့်ပါနဲ့ ၊ အားနာတတ်တဲ့ စိတ်ကြောင့် မပင်ပန်းပါစေနဲ့။

ပြီးတော့ ကိုယ်လျှောက်နေတဲ့လမ်း ၊ ကိုယ်ရွေးချယ်လိုက်တဲ့ဆုံးဖြတ်ချက်တွေကို နောင်တကင်းကင်းနဲ့ အကောင်းဆုံးဖြတ်သန်းပါ ။
နောက်ဆုံးအနေနဲ့ကတော့ အခက်အခဲတွေကြုံလာရင် အတွေးလွန်ပြီးလောင်မနေဘဲ အဖြေရှာပါ ။

အခုလိုမျိုး လုပ်ငန်းခွင်မှာရော၊ ပြင်ပဘဝမှာပါ ကိုယ့်အကြောင်းကိုယ် သိပြီး ကိုယ့်စိတ်ကိုယ် ကိုင်တွယ်နိုင်ဖို့က အရေးကြီးပါတယ် ။
အဲ့လိုမျိုးကိုင်တွယ်နိုင်ဖို့ဆိုရင်လဲ ShweNote App ထဲက စိတ်ပညာနဲ့ပတ်သတ်တဲ့စာအုပ်တွေကို အသံနဲ့ရော စာနဲ့ပါ ဖတ်ရှုနားဆင်ဖို့ တိုက်တွန်းချင်ပါတယ် ။

📌 သတင်းကောင်းအနေနဲ့ကတော့ အခုမှ ရွှေနုတ် သက်တမ်းဝယ်မယ့် User အသစ်တွေ အတွက် တစ်သက်စာဝယ်မယ်ဆိုရင် “Special Offer" ရှိတာကြောင့် အခုပဲ ShweNote page Messenger (သို့်မဟုတ်) 📞 ဖုန်း - 09 940084444 ကို ဆက်သွယ်ပြီး ကိုယ့်ရဲ့ စာဖတ်ခြင်းခရီးစဉ်ကို အရှိန်အဟုန်နဲ့ ပြန်စလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

#သင့်ဖုန်းထဲကဒီဂျစ်တယ်စာကြည့်တိုက်

Address

No. 36(C), Sabel Myaing Chan Street, Yankin Township
Yangon
1111

Alerts

Be the first to know and let us send you an email when ShweNote posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to ShweNote:

Shortcuts

Share

Category